မုဆိုး လေးယောက်..
Vol. 47 Ch. 701
အရိပ်တွေထွက်ခွာသွားပြီး မကြာခင်မှာပဲ..ဆန်နီ နဲ့ သူတို့ကြားထဲက ဆက်နွယ်မူက ဖြည်းဖြည်းချင်း မှေးမှိန်လာခဲ့တယ်..။သူတို့က တည်ရှိနေကြတုန်းပဲ ဆိုတာကို ဆန်နီ ပြောနိုင်ပေမယ့်..အဲ့ထက်ပိုပြီးတော့ ပြောနိုင်ခြင်း မရှိတော့ပါဘူး..။ပျော်ရွှင်နေတဲ့ အရိပ် ၊ ကျောချမ်းဖွယ် အရိပ် တွေနဲ့ ဆက်သွယ်မူကလည်း ဒီအတိုင်းပါပဲ..။အရိပ်ထိန်းချုပ်မူ ရောက်နိုင်တဲ့ လေးကီလိုမီတာခန့် အပြင်ကို ရောက်သွားတဲ့အချိန်မှာတော့..ဆန်နီက သူတို့ ဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင်တွေကို မြင်နိုင်စွမ်း ပျောက်ကွယ်သွားခဲ့တယ်.။။
သူတို့က တစ်နေရာရာမှာ ရှိနေကြသေးတယ် ဆိုတာကို သူ ခံစားနိုင်တယ် ဆိုပေမယ့်လည်း အဲတာ အကုန်ပါပဲ..။သူ့ရဲ့ အရိပ် သုံးခုထဲက နှစ်ခုနဲ့ ရုတ်တရက် အဆက်အသွယ်ပြတ်တောက်သွားတဲ့ အချိန်မှာတော့ သူက လက်တစ်ဖက်နဲ့ မျက်လုံးတစ်လုံး ဆုံးရှုံးသွားသလိုတောင် ခံစားလိုက်ရပါတယ်..။ဒါက ဆန်နီကို အတော်လေး မသက်မသာ ဖြစ်စေခဲ့တယ်..။
သစ္စာရှိတဲ့ အရိပ်တွေ မရှိတော့တာကြောင့် သူ့ရဲ့ ခွန်အားတွေ လျော့ကျသွားယုံတင်မကပဲ..သူ့ရဲ့ အခြေအနေကိုပါ သနားစရာ အဖြစ်ပြောင်းသွားစေပါတယ်..။သူက အရိပ်တွေ အတွက်လည်း စိုးရိမ်နေရသေးတာပါ..။အရင်တုန်းကလည်း သူတော်စင်ကို တစ်ယောက်တည်း အမဲလိုက်လွှတ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့တယ်ဆိုပေမယ့် ဆန်နီက ဘယ်တုန်းကမှ ဒီလိုမလွှတ်ခဲ့ပေ..။သူတို့က အတူတူ ရှိနေမှ ပိုပြီး သန်မာကြတာပါ..
အရိပ်တွေက သူတို့ရဲ့ သခင်နဲ့ အဝေးမှာ ရှိမနေသင့်ကြပါဘူး..
သို့ပေမယ့် အခုတော့ ရွေးချယ်စရာ မရှိတော့ပေ..။ချိန်းအရှင်သခင် သုံးယောက်က ဘယ်အချိန်လာပြီး တိုက်ခိုက်ကြမလဲ ဆိုတာကို သူ မသိပေမယ့် အဲဒီအချိန်က သိပ်မဝေးတော့လောက်ပါဘူး..။နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမူ မတိုင်ခင်မှာ ဆန်နီက နတ်ဆိုး အဆင့်ကို တက်ရောက်ထားဖို့ လိုအပ်ပါတယ်..။
..ဘာပဲဖြစ်ဖြစ် နစ်ဖီက တိုင်းရန့် အဆင့်ကို ရောက်နေခဲ့ပါပြီ..။သူမကို အချိန်အကြာကြီး ရှေ့မှာ ကျော်တက်နေအောင် ထားထားတာက ကောင်းမွန်တဲ့ အရာမဟုတ်ပေ..။
သူ သက်ပြင်းချလိုက်ပြီး တစ်ဖက်ကို လှည့်ကာ အခန်းဆီကို ပြန်လျောက်သွားလိုက်ပါတယ်..။သုန်မုန်နေတဲ့ အရိပ်ကလည်း နောက်ကနေ လိုက်လာခဲ့ပြီး ..သူ့ရဲ့ သူငယ်ချင်းတွေ ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းမူတွေ ပေါ်မလာအောင် ကြိုးစားထိန်းချုပ်နေခဲ့ပါတယ်..။
အရိပ်တွေက ထွက်သွားကြပြီ ဆိုပေမယ့် ဆန်နီမှာ လုပ်စရာတွေ အများကြီး ရှိနေတုန်းပါပဲ..။သူက တိုက်ပွဲဝင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပါ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်..။
နောက်ထပ် ရက်အနည်းငယ် ကြာတဲ့အထိ ဘာမှထူးထူးခြားခြား ဖြစ်ပျက်မလာခဲ့ပေ..။ဆန်နီက ကိုင်နဲ့ အတူ မြားပစ်လေ့ကျင့်တာ ၊ ကတ်စီနဲ့အတူ ဓားသိုင်းလေ့ကျင့်တာ ၊ ပြီးတော့ အယ်ဖီနဲ့ အတူ လှံအသုံးပြုနုည်းကို ကျွမ်းကျင်အောင် လေ့ကျင့်လေ့ရှိပါတယ်..။ကျန်တဲ့ သုံးယောက်ကလည်း သူတို့ အလုပ်နဲံ သူတို့ အလုပ်ရှုပ်နေခဲ့ကြတယ်..။
မကြာခနဆိုသလိုပဲ..သူတို့လေးယောက်က မြင့်မြတ်နယ်မြေကနေ စွန့်ခွာပြီး..အမဲလိုက်ထွက်ကြကာ..သူတို့ရဲ့ အဖွဲ့လိုက် တိုက်ပွဲဝင်တဲ့နည်းစနစ်တွေကို စမ်းသပ်လေ့ရှိပါတယ်..။သူတို့ရဲ့ သေးငယ်တဲ့ ခရီးစဉ်တွေကနေတဆင့် ဆန်နီက အပိုင်းအစ တစ်ချို့ကို ထပ်မံရရှိခဲ့တယ်..။
ညဘက်အချိန်မှာတော့..သူက ရက်လုပ်မူတွေကို ဆက်လက်လေ့ကျင့်လေ့ရှိပါတယ်..။သို့ပေမယ့် သူက လုံလောက်အောင် အိပ်စက်အနားယူဖို့အတွက်လည်း သေချာဂရုစိုက်ရပါသေးတယ်..။နောက်ဆုံး တိုက်ပွဲအတွင်းမှာ ပင်ပန်းနွမ်းနယ်နေတာက ကောင်းမွန်တဲ့ အရာတော့ မဟုတ်ပါဘူး..။
ရက်အနည်းငယ် ကြာပြီးတဲ့နောက်..ဆန်နီ အိပ်ယာပေါ်မှာ လဲလျောင်းနေတုန်ုးမှာပဲ အခိုက်အတန့်ရဲ့ တီးတိုး အသံက သူ့နားထဲကို ဝင်ရောက်လာခဲ့တယ်..။
( သင်က ကျရှုံးမူအဆင့် မွန်းစတား , ရက်စက်သော သတ်ဖြတ်သူကို သတ်နိုင်ခဲ့သည် )
( သင့်ရဲ့ အရိပ်ပိုသန်မာလာခဲ့ပါပြီ…)
ဆန်နီ မတ်တတ်ထရပ်လိုက်ပြီး အမှောင်ထုကို စိုးရိမ်စွာ ထကြည့်လိုက်တယ်..။ဘယ်တစ်ယောက်လဲဆိုတာကို သူ မသိပေမယ့်..သူတို့ထဲက တစ်ယောက်ကတော့ သားကောင်ကို ရှာတွေ့သွားတဲ့ ပုံပါပဲ..။သူတို့က ဒဏ်ရာ ရသွားခဲ့ကြလား ဆိုတာကိုတောင် သူမသိခဲ့ပေ..။သူသိတဲ့ တစ်ခုတည်းသောအရာကတော့..သူ့ရဲ့ အရိပ်တစ်ခုက အနိုင်ရရှိခဲ့ပြီး..မဖျက်ဆီးခံခဲ့ရဘူး ဆိုတာပါပဲ..။
ပထမဆုံး သတ်ဖြတ်မူပြီးတဲ့နောက်မှာတော့ အရိပ်အပိုင်းအစတွေက သူ့ ဝိဉာဉ်ထဲကို စတင်ပြီး ရောက်ရှိလာခဲ့တယ်..။သူ့ရဲ့ အမြုတေ အသစ်ဖန်တီးမယ့် အကြံဉာဏ်က မဖြစ်နိုင်တဲ့ အရာတစ်ခုလို့ မထင်ရတော့ပါဘူး..။
အဲ့အချိန်မှာတော့ ဆန်နီ လုပ်နိုင်တာက လုပ်စရာရှိတာကို ဆက်လုပ်နေဖို့ပါပဲ..။
နှစ်ပတ်ဆက်တိုက် ရက်လုပ်မူတွေကို လေ့ကျင့်ပြီးသွားတဲ့ နောက်မှာတော့..သူက အနီရောင် အဆောက်အဦးမှာ ရရှိခဲ့တဲ့ မှတ်သားမူ ၂၉ ခု ထဲက ၂၈ ခုကို ဖျက်ဆီးနိုင်ခဲ့ပြီလို့ ဂုဏ်ယူစွာ ပြောနိုင်ခဲ့ပါပြီ..။ကျန်ရှိနေတဲ့ တစ်ခုတည်းသော အရာကတော့ အရိူးပုလွေပါပဲ..။သို့ပေမယ့် အနည်းဆုံးတော့ ဒါက သူ အသုံးပြုနေတဲ့ မှတ်သားမူတွေ ဆုံးရှုံးသွားမယ့် အရေးကို ကယ်တင်ပေးပါတယ်..။
မှော်စွမ်းအား ကူးပြောင်းမူတွေကို အစောပိုင်းအောင်မြင်ပြီးသွားတဲ့ နောက်မှာတော့..ဆန်နီက ဒီအရာကို လုပ်ရတာဟာ သူ ထင်ထားသလောက် မလွယ်ဘူး ဆိုတာကို သိလာခဲ့ရတယ်..။ကောင်းပြီလေ ဒီအရာက အစကတည်းက လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး..။သို့ပေမယ့် အခုချိန်မှာတော့..ရက်လုပ်ဖို့အတွက် ပုံစံခွက်ထက် ပိုပြီး စဉ်းစားရမယ့် အရာတွေ ရှိနေသေးတယ် ဆိုတာကို နားလည်ခဲ့ပါတယ်..။
မှော်စွမ်းအား ထည့်သွင်းမူနဲ့ ပတ်သက်လာတဲ့အချိန်ကြရင်..မှတ်သားမူ တစ်ခုစီတိုင်းက ဝင်ဆံ့နိုင်တဲ့ အတိုင်းအတာ ပမာဏ ဆိုတာ ရှိပါတယ်..။မှော်စွမ်းအားက ပိုပြီး အားကောင်းလေလေ..ရက်လုပ်မူမှာ ထားရှိထားရမယ့် ဖိအားက ပိုပြီး များပြားလေပါပဲ..။ဒါကို တောင့်ခံနိုင်ဖို့ အတွက် ဆိုရင်..ရက်လုပ်မူတွေထဲမှာ..အဓိက ပင်တိုင် တစ်ခုကို ထည့်သွင်းဖို့လိုအပ်ပြီး..ဒီ ပင်တိုင်တွေက အဆီအနှစ် ကြိုးတွေကို ဆက်သွယ်ပေးထားကြပါတယ်..။
ဆန်နီက ဒီ ပင်တိုင်တွေကို ဝိဉာဉ်အမြုတေကနေ ဖန်တီးထားခဲ့တယ်..။သူက ပိုမြင့်တဲ့ အမြုတေအမျိုးအစားကို အသုံးပြုလေလေ…မှတ်သားမူရဲ့ အဆင့်သတ်မှတ်ချက်က မြင့်လေလေဖြစ်ပြီး ဝင်ဆံ့နိုင်မူလည်း ပိုများပါတယ်..။အမြုတေရဲ့ အဆင့်ကလည်း အရေးပါတဲ့ အခန်းဂဏ္ဍကနေ ပါဝင်ပါတယ်..။ရက်လုပ်မူတွေမှာက..ဝင်ဆံ့နိုင်မူ အပြင်..သူတို့ရဲ့ ခံနိုင်ရည် အတိုင်းအတာဆိုတာကလည်း ရှိနေပါသေးတယ်..။
မှော်စွမ်းအားတွေက ပိုအားကောင်းလာတဲ့ အချိန်မှာ ကြိုးတွေ နဲ့ ပင်တိုင်ကို ဖိအားတွေ သက်ရောက်စေတာကြောင့်..ကြိုးတွေရော ပင်တိုင်ရောက ဒီအရာတွေကို ခုခံနိုင်ဖို့ အတွက် လုံလောက်တဲ့ အဆင့်တစ်ခုမှ ရှိနေရပါလိမ့်မယ်..။ထပ်ပြောရရင် အားနည်းတဲ့ မှော်စွမ်းတွေကပဲ..မှတ်သားမူရဲ့ ကိုယ်ပိုင် ဝိဉာဉ်စွမ်းအင် စုပ်ယူနိုင်စွမ်းနဲ့ အလုပ်လုပ်နိုင်စွမ်း ရှိကြတာပါ..။တစ်ခြား အရာတွအားလုံးကတော့..ကိုင်ဆောင်သူရဲ့ ဝိဉာဉ်ကနေ အဆီအနှစ်တွေ ထည့်သွင်းပေးတဲ့ အချိန်ကြမှအလုပ်လုပ်တာ အမှန်ပါပဲ..။
..သို့ပေမယ့် ဒါအကုန်မဟုတ်သေးပေ..။
မှတ်သားမူတွေက ဝင်ဆံ့နိုင်အား နဲ့ ခံနိုင်ရည်အား ဘယ်လောက်ပဲ ရှိနေပါစေ..မှော်စွမ်းအား အားလုံးကို ထည့်သွင်းလို့ မရနိုင်ဘူး ဆိုတာကို ဆန်နီ ခက်ခက်ခဲခဲ နဲ့ တွေ့ရှိခဲ့ပါတယ်..။တစ်ချို့တွေက ရိုးရှင်းစွာပဲ တစ်ခုနဲ့ တစ်ခု ကိုက်ညီခြင်း မရှိကြပါဘူး..။မှတ်သားမူတွေရဲ့ နာမည် နဲ့ သူတို့ရဲ့ သဘာဝက ဒီ အခန်းဂဏ္ဍမှာ ပါဝင်ကြလိမ့်မယ်ဆိုတာ သူ သံသယရှိပါတယ်..။
သူက ( အသံထည်ဝါမူ ) မှော်စွမ်းအားကို ငွေရောင် ခေါင်းလုံးထဲကိုထည့်သွင်းနိုင်ခဲ့ပြီး..သာမန်ကျောက်တုံးကိုလည်း..သူ ကြားထားတဲ့ အသံအတိုင်း ပြန်ပြောနိုင်တာ အပြင် ဆန်နီ ရဲ့ အတွေးတွေကိုပါ ပြောနိုင်အောင် လုပ်နိုင်ခဲ့ပါတယ်..။ဒီပြောင်းလဲမူတွေက မှတ်သားမူတွေရဲ့ မူလစွမ်းရည်တွေကို ပြောင်းလဲနိုင်ခြင်း ရှိခဲ့ကြတယ်..။ဒါက အသစ်အဆန်းကြီး ကို လုံးဝ ပြောင်းပစ်လိုက်တာမျိုး မဟုတ်ပါဘူး..။သူတို့ရဲ့ သဘောသဘာဝ တွေက အချင်းချင်း ရှုပ်ထွေးချင်း မရှိကြပေ..။
သို့ပေမယ့် သူက ဒီအရာနဲ့ ဆင်တူတာမျိုးတွေ လုပ်ကြည့်တဲ့အချိန်မှာတော့ ရလာဒ်က ကြောက်စရာ ကောင်းခဲ့တယ်..။အကာအကွယ် အတွက် ဖန်တီးထားတဲ့ မှတ်သားမူတစ်ခုထဲကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ မှော်စွမ်းအားတွေ ထည့်လိုက်မယ်ဆိုရင် ချက်ချင်း ပျက်ဆီးသွားပါလိမ့်မယ်..။
မှတ်သားမူတွေရဲ့ စစ်မှန်တဲ့ သဘောတရားတွေကို နားလည်ဖို့ဆိုတာက လွယ်ကူတဲ့ အရာတစ်ခု မဟုတ်ပေ..။ဉပမာအနေနဲ့ စိတ်ရှည်သော လက်စားချေသူက ဒိုင်းကာ တစ်ခုဖြစ်ပြီးသူ့ရဲ ရည်ရွယ်ချက်က သခင်ဖြစ်သူကို ကာကွယ်ပေးရမှာပါ..။ပြီးတော့ ဒါတောင်မှ ဒီ ဒိုင်းကာက တိုက်ပွဲအတွင်းမှာ ဖျက်ဆီးအားပြင်းတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါသေးတယ်..။ဒီတော့ ဆန်နီ အနေနဲ့ ဘယ်လိုမှော်စွမ်းအားတွေကို ဘယ်နေရာကို ထည့်သွင်းရမလဲဆိုတာကို ဖမ်းဆုပ်နိုင်ဖို့အတွက်တောင် မှတ်သားမူတွေ အများကြီး ဖျက်ဆီးပစ်ခဲ့ရပါတယ်..။
အဖြေက တစ်ချိန်လုံး သူ့ရဲ့ မျက်စိအောက်တင် ရှိနေခဲ့တယ်..။မှတ်သားမူတွေရဲ့ နာမည်တွေက သူတို့ရဲ့ သဘောသဘာဝ လျို့ဝှက်ချက်တွေကို ထိန်းသိမ်းထားခဲ့တာပါ..။သူက ဒီအရာကို အပြည့်အဝ နားမလည်သေးပေမယ့်..မှတ်သားမူ တစ်ဒါဇင်လောက်ကို ပျက်ဆီးသွားအောင် လုပ်ပြီးတဲ့နောက်မှာတော့..ဆန်နီက ဘယ်နေရာကို ထားရမလဲ ဆိုတာကို ယျေဘုယျအားဖြင့် အလိုလျောက်သိနေခဲ့ပါပြီ..။
ဒါက သိပ်မများဘူး ဆိုပေမယ့်..တစ်ခုခုတော့ တစ်ခုခုပဲ..။
…..
အိပ်မက်ဆိုးထဲကို ရောက်ပြီး ငါးလပြည့်တဲ့နေ့မှာတော့ ဆန်နီက ရင်းနှီးတဲ့ ကျွန်းတစ်ခုမှာ ရောက်နေခဲ့တယ်..။သူ နဲ့ သိပ်မဝေးတဲ့နေရာမှာတော့..သစ်ပင်တွေရှိတဲ့ တောအုပ်တစ်အုပ်ရှိနေခဲ့ပါတယ်..။အမှော်ထုတွေက သူတို့ရဲ့ ပင်စည်တွေမှာ အပြည့်အဝ ရှိနေခဲ့ကြတယ်..။
သစ်တောက သူ အနာဂတ်မှာ မြင်ခဲ့ရတဲ့ ပုံစံနဲ့တော့ မတူညီပါဘူး..။အနာဂတ်မှာတုန်ုးက သစ်ပင်တွေက တွန့်လိမ် ၊ ကွေးကောက်ပြီး..အနက်ရောင်အဖြစ် ပြောင်းလဲနေခဲ့ကြတာပါ..။သို့ပေမယ့် ဒီနေရာမှာတော့ ဖိနိုပ်မူ အားဆိုတာ မပေါ်လာခဲ့သေးပေ..။ပြီးတော့ သစ်တောတွေကလည်း မတ်မတ် ရှိနေတုန်းပါပဲ..။
သို့ပေမယ့် ဝံပုလွေတွေကတော့ အနည်းနဲ့အများ အတူတူသာ ရှိနေခဲ့တယ်..။
အိပ်မက်ဆိုးသားရဲတွေက ကလေးတစ်ယောက်ရဲ့ အရွယ်အစားလောက်ရှိပြီး သံမဏိလို ကြမ်းတမ်းတဲ့ အမွှေးတွေနဲ့ ကြောက်စရာကောင်းတဲ့ အစွယ်တွေ ရှိနေခဲ့တယ်..။သူ့ရဲ့ မေးရိုးတွေက လူသားတစ်ယောက်လောက်ကို ဝါးစားဖို့အတွက်တောင် အဆင်ပြေလှပါတယ်..။အရိုးနဲ့ အကာအကွယ်တွေကို ဝါးစားလောက်အောင် သန်မာတဲ့ သတ္တဝါတွေ…။
ကြီးမားတဲ့ သားရဲကြီး သူ့ဆီကို ခုန်ဝင်လာတဲ့ အချိန်မှာတော့ ဆန်နီက ရှောင်တိမ်းလိုက်ပြီး အယ်ဖီအတွက် သတ္တဝါကြီးကို တိုက်ခိုက်ခွင့်ရအောင လုပ်ပေးလိုက်တယ်..။သူမရဲ့ လက်သီးက သားရဲအပေါ်ကို ရောက်သွားတဲ့ အချိန်မှာတော့ သားရဲက အသံတစ်ချို့ ထွက်ပြီး နောက်ပြန်လန်ကျသွားခဲ့ပါတယ်..။တစ်စက္ကန့်အကြာမှာတော့ မြားတစ်ချောင်းက အပေါ်ဘက်ကနေ ရောက်လာခဲ့ပြီး..ဝံပုလွေ အမြီးကို ဖောက်ဝင်စေကာ မြေကြီးမှာ စိုက်သွားအောင် လုပ်ထားခဲ့တယ်..။ဓားပျံတစ်ချောင်းကလည်း လေထဲမှာ ပျံဝဲနေပြီး တစ်ကောင်ပြီးတစ်ကောင်ကို လိုက်လံ ထိန်းချုပ် ပေးနေပါသေးတယ်..။
အယ်ဖီက ဝံပုလွေ အနားမှာ ပေါ်လာခဲ့ပြီး သူမရဲ့ လူမဆန်တဲ့ ခွန်အားနဲ့ အော်ဟစ်ကာ ထိုးချပြီး ထိန်းထားလိုက်တယ်..။
“လာစမ်းပါ ..ဒီခွေးသားက သန်မာတယ်..။တကယ်သန်တာ....”
ဆန်နီက သူမကို အကြာကြီး မစောင့်ဆိုင်းခိုင်းခဲ့ပေ..။သူက ချက်ချင်း ရှေ့ကို တက်သွားခဲ့ပြီး ရက်စက်သောမြင်ကွင်းနဲ့ သတ္တဝါရဲ့ မျက်လုံးတွေ ကြားထဲကို ထိုးချလိုက်ပါတယ်..။ချက်ချင်းဆိုသလိုပဲ..သားရဲ ရဲ့ ရူးသွပ်မူတွေက မှိန်ကျသွားခဲ့ပြီး..ပျောက်ကွယ်သွားခဲ့တယ်..။
အခိုက်အတန့်ရဲ့ တီးတိူးအသံကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ဆန်နီ သက်ပြင်းချလိုက်ပါတယ်..။
( သင်က ကျရှုံးမူအဆင့် မွန်းစတား , ကြောက်လန့်စေသော ဝံပုလွေကို သတ်လိုက်ပါပြီ…)
( သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ )
ဒါပေါ့ သူက ဝံပုလွေတစ်ကောင်ကို သတ်ဖို့အတွက် အဖွဲ့သားတွေရဲ့ အကူအညီကို လိုအပ်နေတာ မျိုးတော့ မဟုတ်ပါဘူး..။သူ့အတွက်တော့ ဒီသားရဲတွေက အမဲလိုက်ဖို့အတွက် အတော်လွယ်ကူပါတယ်..။
..သို့ပေမယ့် နောက်ထပ်ဖြစ်လာမယ့် အခြေအနေတွေအတွက် သူက အဖွဲ့သားတွေရဲ့ အကူအညီကို လိုအပ်ခဲ့တာပါ..။
ဆန်နီက အချက်အလက်ဇယားကို ထုတ်ဖော်လိုက်ပြီး ရင်းနှီးတဲ့ စာသားတွေကို ဖတ်ကြည့်လိုက်တယ်..။
အရိပ်အပိုင်းအစ - ( ၃၀၀၀ / ၃၀၀၀ )
သူ ကိုယ့်ကိုကို ပြင်ဆင်ထားလိုက်တယ်..။တစ်ခနအကြာမှာတော့ အခိုက်အတန့်ရဲ့ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပါတယ်..။
( သင့်အရိပ်က စွမ်းအားတွေနဲ့ စီးဆင်းနေခဲ့ပါပြီ )
သူ့အတွက် နတ်ဆိုး တစ်ကောင်အဖြစ်ကို ကူးပြောင်းရတော့ မယ့်အချိန်ပဲ…