← Chapters

အရှေ့တိုက်ကြီး

Vol. 48 Ch. 688

အရှေ့တိုက်ကြီး

Vol. 48 Ch. 688

အာရန်သည် အနောက်ဘက်တိုက်ကြီးအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်၏။

သူသည် သန့်စင်ပရောဟိတ်မ၏ ပုန်ကန်မှုအား ကိုယ်ပိုင်အင်အားဖြင့် တားဆီးနိုင်ခဲ့သည်။

ဤသို့ဖြင့် အာရန်တစ်ယောက် အနောက်ဘက်တိုက်ကြီး၏ ဇာတ်လိုက်ဖြစ်သူကိုပါ သတ်ဖြတ်နိုင်ခဲ့လေသည်။

ထိုဖြစ်၍ သူသည် ဤကမ္ဘာရှိ ဇာတ်လိုက်သုံးဦးတိတိကို သတ်ဖြတ်ခဲ့ပြီးဖြစ်ရာ တောင်ဘက်တိုက်ကြီးမှ ဇာတ်လိုက်တစ်ဦးတည်းသာ အဆုံးသတ်ပေးရန် ကျန်ရှိနေတော့၏။

အာရန်သည် လက်ရှိသူ့အတွက် ခြိမ်းခြောက်နိုင်သည့်အရာ အားလုံးကို ဖြေရှင်းပြီးဖြစ်သဖြင့် အိမ်ဟု ခံစားရသော ဤကမ္ဘာပေါ်ရှိ တစ်ခုတည်းသော နေရာသို့ နောက်ဆုံးတွင် ပြန်သွားနိုင်ခဲ့ပြီ ဖြစ်လေသည်။

သူ့အား စောင့်မျှော်နေကြမည့် မိန်းကလေးများစွာရှိနေသည့် မိစ္ဆာဂိုဏ်းဆီသို့ နောက်ဆုံးတွင် အာရန်တစ်ယောက် အကြီးအကဲရန်အဖြစ် ပြန်လာနိုင်တော့မည် ဖြစ်၏။

သူသည် သန့်စင်ဧကရာဇ်၏ နေရာအား တာဝန်ယူရန် ကိုယ်ပွားတစ်ခု ထားရစ်ခဲ့သော်လည်း သူ၏ မူလအကြီးအကဲရန်အဖြစ်နေရာမှာမူ ယခုတိုင် လစ်လပ်နေခဲ့ရသည်။

ပြောရမည်ဆိုလျှင် ဤကမ္ဘာအတွင်း အကြီးအကဲရန်သည် ရုတ်တရက်ကြီး လေထဲတွင် အစအနရှာမတွေ့အောင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်နေခဲ့သည်။

လူအများက သူ့အား သေဆုံးသွားပြီဟု ယူဆသွားကြလျှင်ပင် သူ့အနေနှင့် မေးခွန်းထုတ်ခွင့်ရှိမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူသည် မည်သည့် သတင်းစကားမျှ ချန်မထားခဲ့သောကြောင့် ဖြစ်လေသည်။

သူ ဂိုဏ်းသို့ ပြန်ရောက်သွားသောအခါ မည်သို့သော တုံ့ပြန်မှုများကို မြင်တွေ့ရမည်အား တွေးမိရင်းဖြင့် စိတ်ထဲတွင် အတော်လေးစိတ်လှုပ်ရှားနေမိခဲ့သည်။

သူ မိစ္ဆာဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်၏။

ထိုနေရာတွင် သူ တွေ့ချင်နေသောသူများစွာ ရှိနေပြီး အထူးသဖြင့် သူ မြတ်နိုးတန်ဖိုးထားရသူများပင်။

ယခုအခါ သူသည် ယခင်နှင့်လားလားမျှ မဆိုင်အောင် ပိုမို သန်မာလာပြီ ဖြစ်သောကြောင့် သူ၏ ရန်နစ်ခရိုလိုင်းအဖြစ် အစစ်အမှန် ပုံစံကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

သို့သော်လည်း အာရန်သည် ပြဿနာအချို့အား ရင်မဆိုင်လိုသေးသောကြောင့် အကြီးအကဲရန်အဖြစ် မျက်နှာကိုသာ အသုံးပြုခဲ့သည်။

သူသည် စစ်ပွဲအတွင်း၌ ပျက်စီးခြင်းမရှိဘဲ အကောင်းအတိုင်း ကျန်ရစ်ခဲ့သော သန့်စင်အင်ပါယာ၏ လေသင်္ဘောကြီးတစ်စင်း ပေါ်သို့ တက်ရောက်လိုက်ပြီး အရှေ့တိုက်ကြီးဆီသို့ စတင်ခရီးနှင်လိုက်သည်။

ထို့ပြင် အာရန်သည် သံကြိုးများနှင့် ချည်နှောင်ခံထားရသော လူငယ်တစ်ဦးကိုလည်း သူနှင့်အတူ ခေါ်ဆောင်လာခဲ့သေး၏။

ထိုလူငယ်သည် သေဆုံးသည့် အကြိမ်တိုင်းတွင် အံ့အားသင့်လောက်အောင် အဆမတန် သန်မာလာနိုင်စွမ်းရှိသော်လည်း ဤသံကြိုးများကိုမူ မချိုးဖျက်နိုင်ခဲ့ပေ။

လူငယ်သည် လွတ်မြောက်ရန် ကျိုးစား ရုန်းကန်နေရင်းဖြင့် သူ၏ မျက်နှအမူအရာသည် မယုံကြည်နိုင်မှုများစွာဖြင့် အကြိမ်ကြိမ် ပြောင်းလဲနေခဲ့သည်။

ဤသံကြိုးများသည် နှင်းပျိုဖြူနန်းတော်သခင်မ၏ သံကြိုးများ ဖြစ်နေကြောင်းကို လူငယ်အနေနှင့် မည်သို့မျှ သိနိုင်မည်မဟုတ်ပေ။

အကယ်၍ အာရန်ကိုယ်တိုင်သည်ပင် ဖွင့်ထွက်ရန် သော့ဆိုသည့်အရာ မရှိဘဲ ဤသံကြိုးများကို ချိုးဖျက်နိုင်မည်မဟုတ်လျှင် ထိုလူငယ်အတွက်မူ ပို၍ပင် မဖြစ်နိုင်ပေ။

အာရန်သည် ရိုကင်ဆိုသူ လူငယ်လေးအား ဘာမျှ မပြောဘဲ သည်အတိုင်းသာ ပစ်ထားလိုက်သည်။

အစေခံတစ်ဦးမှတဆင့် အစားအစာ လာပို့သည်မှလွဲ၍ မည်သူမျှ ထိုလူငယ်အနားသို့ မည်သူမျှ ချဉ်းကပ်ခွင့် မရှိပေ။

ပထမ ရက်အနည်းငယ်အတွင်း ထိုလူငယ်သည် အခြေအနေများကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။

သူသည် စကားတစ်ခွန်းမျှ မဆိုခဲ့ဘဲ အာရန်အနေနှင့် သူ့ထံမှ မည်သည့်အရာများ လိုချင်နေကြောင်း တွေးတောနေမိခဲ့သည်။

စနစ်၏ လျှို့ဝှက်ချက်များကို သိရှိနေသော ထိုလူ အာရန်၏ အကြောင်းကိုလည်း သူ့အနေနှင့် စပ်စုချင်နေမိ၏။

အာရန်က သူ့ထံသို့ အရင်ဆုံး ချဉ်းကပ်လာလိမ့်မည်ဟုလည်း သူ ထင်မှတ်ထားခဲ့သည်။

အာရန်သည် သူ့အား တစ်စုံတစ်ရာ လိုအပ်နေသေးသောကြောင့်သာ အသက်ရှင်ခွင့် ပေးထားခြင်း ဖြစ်မည်ဟုလည်း ယူဆထားသည်။

ထို့ပြင် အာရန်အနေနှင့် သူ့အား သတ်၍ မရနိုင်သည့်အတွက်လည်း လာမည့် ဆွေးနွေးပွဲများတွင် သူ့ဖက်မှ အသာစီးရနိုင်လိမ့်မည်ဟု ယုံကြည်နေမိ၏။

အနည်းဆုံးတော့ ထိုအရာများသည် သူ၏ ကြိုတင် ခန့်မှန်းချက်များ ဖြစ်လေသည်။

သို့သော် အမှန်တကယ်တွင်မူ အာရန်သည် သူ့အား ခေါ်ယူညှိနိုင်ခြင်း မရှိခဲ့သည့်အတွက် သူ၏ ယုံကြည်ချက်များသည် တဖြည်းဖြည်း ပြိုလဲလာခဲ့သည်။

သူသည် နေ့စဥ်ရက်ဆက် စကားပြောဖော်ပင် မရှိဘဲ သည်အတိုင်း ပစ်ပယ်ထားခြင်းကိုသာ ခံနေခဲ့ရသည်။

သုံးရက်မြောက်နေ့ နောက်ပိုင်းတွင်မူ သူသည် ထိုတိတ်ဆိတ်နေမှုအား ဆက်လက်၍ သည်းမခံနိုင်တော့ပေ။

ထို့ပြင် သူ့တွင် အာရန်နှင့် ပတ်သက်ပြီး သိချင်စိတ်များလည်း ပိုမို၍ ပြင်းပြလာခဲ့၏။

ထိုသို့ သူ့အား ထိုသို့ လူများနှင့် ဝေးဝေးတွင် ထားကြောင့် သူ၏ သိလိုစိတ်များ ပိုမိုပြင်းပြကာ စိတ်ထဲတွင်လည်း ရှုပ်ထွေးမှုများ ပိုမိုဖြစ်ပေါ်လာခဲ့ရသည်။

လေးရက်မြောက်နေ့တွင်မူ သူသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ အစာ လာပို့သော အစေခံအား အော်ဟစ်ပြောလိုက်မိသည်။

“မင်းတို့ရဲ့ သခင်ဆီ ငါ့ကို ခေါ်သွားပေးစမ်း။ ငါ သူ့ကို စကားပြောချင်တယ်”

အစေခံသည် ထိုလူငယ်၏စကားကို လျစ်လျူရှုထားလိုက်ကာ သူတာဝန်ရှိသည့်အတိုင်း စားစရာများကို ချထားပေးပြီးနောက် နားမကြားသူ တစ်ဦးကဲ့သို့ သည်အတိုင်း မေးမြန်းခြင်းမရှိ လှည့်ထွက်သွားခဲ့၏။

သို့သော် အမှန်မှာမူ ထိုအစေခံသည် ရိုကင် ရှေ့၌ ကိုယ်အမူအရာဖြင့် ထုတ်ဖော် ပြသခဲ့ခြင်းမျိုး မရှိသော်လည်း အာရန်ထံသို့မူ သတင်းစကားတစ်ခုအား ပို့ဆောင်ပေးခဲ့သည်။

အာရန်သည် ထိုဖြစ်ရပ်အတွက် အနည်းငယ်မျှပင် အံ့သြခြင်း မရှိခဲ့ပေ။ သူသည် ထိုအစား တစ်ချက် ပြုံးလိုက်သည်။

“နောက်ထပ် ရက်နည်းနည်းလောက် ဒီအတိုင်း ဆက်လျစ်လျူရှုထားလိုက်ဦး။ ငါက သူ့ကို လိုအပ်တာထက် သူက ငါ့ကို ပိုလိုအပ်တယ်ဆိုတာ သဘောပေါက်သွားတဲ့အခါ သူခုထက်ပိုပြီး ရိုးကျိုးလာလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ ပြင်ဆင်မှုတွေ မပြီးမချင်းတော့ သူက အသက်ရှင်နေရဦးမှာပါ”

ဤသို့ဖြင့် ခြောက်ရက်မြောက်နေ့တွင် အာရန်လိုက်ပါလာသော လေသင်္ဘောကြီးသည် အရှေ့တိုက်ကြီးထဲသို့ ချင်းနင်း ဝင်ရောက်လာခဲ့ပြီး ထိုနေရာတလျှောက်တွင် ငရဲတမျှ ဖြစ်ပျက်နေသည့်အရာများကို တွေ့မြင်လိုက်ရသည်။

ဤနေရာသည် တောင်ဘက် နယ်စပ်နှင့် ဝေးကွာလွန်းနေဆဲဖြစ်သော်လည်း လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများစွာမှာ ပျက်စီးနေခဲ့ပြီ ဖြစ်၏။

ဤနေရာသည် စစ်မြေပြင်တစ်ခုအဖြစ်သို့ ဤမျှ လျင်မြန်စွာ မရောက်ရှိခဲ့ သင့်သော်လည်း ပျက်စီးဆုံးရှုံးမှုများက ထိုသို့မဟုတ်ကြောင်း အဓိပ္ပါယ် ဖော်ဆောင်ပေးခဲ့ပြီးဖြစ်သည် မဟုတ်ပါလား....။

မြို့တစ်မြို့ဆိုလျှင် အကောင်းအတိုင်းရှိသည့်အရာဟူ၍ သာမန် သစ်သားပြား တစ်ချပ်တစ်လေပင် ကျန်ရစ်ခဲ့ခြင်း မရှိတော့ပေ။

ယင်းအစား နေရာတစ်ခုလုံးတွင် ကြီးမားသော တွင်းနက်ကြီး တစ်ခုသာ ကျန်ရစ်ခဲ့တော့၏။

အကယ်၍ အာရန်သာ ကြိုမသိထားခဲ့လျှင် ထိုနေရာ၌ မြို့ကြီးတစ်မြို့ ရှိခဲ့ဖူးသည်ဟုပင် မည်သည့်နည်းနှင့်မျှ ခန့်မှန်းမိမည် မဟုတ်ပေ။

အမှန်စင်စစ် ဤမြို့သည် အတိတ်က သူ ခေတ္တခဏ ဝင်ရောက်နေထိုင်ခဲ့ဖူးသော မြို့များထဲမှ တစ်မြို့လည်း ဖြစ်လေသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် တိုက်ကြီး၏ အတွင်းပိုင်းရှိ မြို့အများစုမှာမူ ထိုမြို့များကဲ့သို့ ပျက်စီးခြင်းမျိုး မရှိကြသေးပေ။

သူရဲကောင်းအကယ်ဒမီ၏ တိုက်ခိုက်မှုအား တန်ပြန် ဟန့်တားနိုင်သော သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ခံစစ်များကဲ့သို့ ကုန်းမြေငယ်များစွာလည်း ရှိနေဆဲပင်။

ဤကဲ့သို့ အခြေအနေမျိုးတွင် တောင်ဘက်တိုက်တွင်လည်း ဆုံးရှုံးမှု မရှိဟု မဆိုလိုပေ။

သူတို့သည် အရှေ့တိုက်ကြီးသို့ စစ်တပ်များ စေလွှတ်လိုက်သကဲ့သို့ မိစ္ဆာဂိုဏ်းသည်လည်း တောင်ဘက်တိုက်ရှိ မြို့ရွာများအား ဖျက်ဆီးရန် အားကောင်းသော စစ်တပ်အချို့ကို စေလွှတ်ထားခဲ့သည်။

ထိုနှစ်ဖက်လုပ်ရပ်များသည် စစ်မြေပြင်အား ကွဲပြားသော အကျိုးဆက်များ ဖြစ်ပွားစေခဲ့ပြီး ကြီးမားသော တိုက်ပွဲကြီး တစ်ခုတည်းဖြင့် ပြီးဆုံးသွားနိုင်မည့် စစ်ပွဲအား ပိုမို၍ ကြံ့ကြာစေခဲ့သည်။

မည်သည့်ဘက်ကမျှ တိုက်ပွဲအတွင်း ပေးဆပ်မှုကြီးကြီးမားမားဖြင့် မတိုက်ခိုက်လိုခဲ့ကြပေ။

သို့သော် အာရန် ရရှိထားသော သတင်းအချက်အလက်များအရ အရှေ့တိုက်ကြီးသည် သဘာဝကျစွာပင် တောင်ဘက်တိုက်ကြီးထက် ပိုမို ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေခဲ့ရလေသည်။

သူ့အတွက် တစ်ခုတည်းသော သတင်းကောင်းမှာ သူ ဂရုစိုက်ရသူများ ယခုအချိန်အထိ အသက်ဆက်လက် ရှင်သန်နေသေးခြင်းပင်။

သူတို့သည် မိစ္ဆာဂိုဏ်းတွင် ဘေးကင်းစွာ နေထိုင်လျက်ရှိနေကြပြီး နောက်ဆုံးအဓိက ခံစစ်စည်းအတွင်း အတူတကွ တည်ရှိနေကြခြင်းလည်း ဖြစ်လေ၏။

“ရန်သူတွေ လာနေပြီ စစ်တိုက်ဖို့ ပြင်ကြ”

အာရန်သည် မိစ္ဆာဂိုဏ်းသို့ ဝင်ရောက်ရန် စိတ်စောနေချိန်တွင် သူ၏ နတ်ဘုရား အာရုံတွင် အဝေးတစ်နေရာမှ အော်ဟစ်ညာသံပေးမှုတစ်ခုအား ကြားလိုက်ရသည်။

အာရန်သည် ထိုညာသံပေးရာနေရာသို့ လှည့်ကြည့်လိုက်ရာ သူတို့ သင်္ဘောဘက်သို့ ချိန်ရွယ်ထားသော ကြီးမားသည့် အမြောက်ကြီး တစ်ခုအား မြင်တွေ့လိုက်ရ၏။

“သူတို့က ငါ့ကို ရန်သူနဲ့ မှားသွားတာထင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြင်ဆင်မှုနဲ့ နိုးကြားတက်ကြွနေမှုကတော့ မဆိုးဘူးလို့ ယူဆရမှာပဲ”

အာရန်သည် သူတို့၏ တိုက်ခိုက်မှုအား အကဲခတ်ရန် စောင့်ဆိုင်းနေခဲ့ပြီး အချိန်ကြာမြင့်စွာ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့သော အရှေ့တိုက်ကြီးရှိ ခံတပ်မြို့များ၏ တိုက်ခိုက်နိုင်စွမ်းကိုလည်း စမ်းသပ်ကြည့်လိုနေခဲ့၏။

ထိုအမြောက်ကြီးများကို ဝိညာဉ်ကျောက်တုံးများစွာဖြင့် ဖြည့်တင်ထားခြင်းဖြစ်ပြီး ၎င်းဆီမှ ပြင်းထန်သော အဖျက်စွမ်းအားများကိုလည်း အာရန်အနေနှင့် အာရုံခံမိလိုက်သည်။

“ဒါက ရတနာခန်းမက ဖန်တီးခဲ့တဲ့ လက်နက်အသစ်တစ်မျိုးပဲ ဖြစ်ရမယ်။ ငါမရှိတဲ့အချိန် သူတို့က ဒီအရာကို အပြီးသတ်နိုင်ခဲ့ရုံတင်မကဘူး မြို့တွေကိုပါ ဖြန့်ဝေပေးထားသေးတာလား။ အဲ့ဒီ ကလေးမလေးက တကယ်ကို ပါရမီရှင်တစ်ယောက်လို့ ခေါ်နိုင်တာပဲ”

အာရန်သည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်ပြီး ဓားတစ်လက်အား ဆင့်ခေါ်လိုက်သည်။

အမြောက်ဆံအလင်းတန်းကြီးသည် လေသင်္ဘောကြီးဆီသို့ တောက်ပသော အလင်းတန်းကြီး တစ်ခုအလား လွင့်ထွက်လာခဲ့၏။

ထိုအချိန်တွင် အာရန်သည် သင်္ဘော၏ အရှေ့သို့ သွားရောက်၍ ရပ်နေလိုက်သည်။

“ဒီတိုက်ခိုက်မှုက မဟာအကြီးအကဲ တစ်ယောက်ရဲ့ တိုက်ခိုက်မှုလောက်နီးပါး ပြင်းထန်နေတာပဲ။ မဆိုးပါဘူး”

အာရန်သည် ဓားအား သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်ပြီး အမြောက်ဆံ အလင်းတန်းအား ဓားချက်တစ်ချက်တည်းဖြင့် နှစ်ပိုင်း ပိုင်းဖြတ်ကာ ဖျက်ဆီးပစ်လိုက်သည်။

မြို့ရိုးခံတပ် အတွင်းရှိ အစောင့်များသည် ထိုနေရာမှာပင် ကြက်သေသေ သွားကြသည်။

သူတို့ထဲမှ တစ်ဦးသည် မှင်သက်နေရာမှ မိစ္ဆာဂိုဏ်းမှ ဤနေရာအတွက် တာဝန်ကျသည့် အထူး အစောင့်အရှောက်အား သတိပေးရန် ပြေးသွားခဲ့သည်။

ကျန်သူများမှာ နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ပြင်ဆင်လိုက်ကြသည်။

သူတို့သည် ဝိညာဉ်ကျောက်တုံးများ ဆုံးရှုံးမည့်အရေးကိုပင် ဂရုမစိုက်ကြတော့ဘဲ အသဲအသန် ပြင်ဆင်နေကြချိန်တွင် မိုင်ပေါင်းများစွာကို ခြေလှမ်းတစ်လှမ်းတည်းဖြင့် ဖြတ်ကျော်ကာ လူရိပ်တစ်ခုသည် သူတို့ရှေ့သို့ ရောက်ရှိလာခဲ့။

“ဝိညာဉ်ကျောက်တုံးတွေကို အလကား ဖြုန်းတီးတာ ဒီလောက်ဆို လုံလောက်ပြီ ထင်တယ်”

ထိုရောက်လာသူသည် ဓားတစ်လက်ဖြင့် အမြောက်အား ချိန်ရွယ်ထားလိုက်သည်။

All Chapters