အပြန်လမ်း..
Vol. 47 Ch. 703
ဆန်နီက သူ့ရဲ့ တိုးတက်လာတဲ့ ခန္တာကိုယ်ကို အထိုင်ကျအောင် လုပ်ပြီးတဲ့ အချိန်မှာတော့..အရိပ်တွေကို ပြန်ရုတ်သိမ်းလိုက်တယ်..။သူက အရိပ်တွေအနေဲ့ အမြုတေထဲကို ချက်ချင်း ဝင်ရောက်သွားကြမယ်လို့ ထင်ထားခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ကြံ့ကြာမူလေးတွေ ရှိနေခဲ့သေးတယ်..။ကြည့်ရတာတော့ သူက သူတော်စင် ၊ အိပ်မက်ဆိုး နဲ့ ဝိဉာဉ်မြွေတို့ ပြန်ရောက်လာတဲ့ အချိန်ထိ စောင့်ရဦးမယ့်ပုံပါပဲ..။
ပြီးတဲ့နောက်မှာတော့..ပျော်ရွှင် နေတဲ့ အရိပ် နဲ့ ကြောက်စရာ အရိပ်တို့ကလည်း..သူ့ဆီကို ပြန်လာနေခဲ့ကြပါပြီ..။သူတို့က မျှော်လင့်ချက်နိုင်ငံတော်ကြီးထဲမှာ ကျွန်းတစ်ကျွန်းပြီးတစ်ကျွန်း ဖြတ်သန်းရင်း ပြန်လာနေခဲ့ကြတယ်..။သူတို့က အတော်လေးကို လျင်မြန်ပြီး ပုန်းကွယ်နိုင်စွမ်းတွေ ရှိကြတာကြောင့် ဆန်နီအနေနဲ့ စိတ်ပူနေဖို့ မလိုအပ်ပါဘူး..။အရိပ်တွေ က သူတို့ သခင်ရှိနေတဲ့ အရပ်ကို ခံစားနိုင်စွမ်းရှိကြတယ် ဆိုတာကိုလည်းသူက သိထားပြီးသားပါ..။
ဆန်နီဟာ အရိပ်ခြေလှမ်းကို လေ့ကျင့်တဲ့ အချိန်မှာ..သုန်မုန်နေတဲ့ အရိပ်နဲ့ အတော်ဝေးတဲ့ အကွာအဝေးတွေအထိအောင် ရောက်သွားခဲ့ဖူးတာကြောင့်..ဒီ အကြောင်းကို သိထားခဲ့ပါတယ်..။အဲလိုဖြစ်တဲ့ အချိန်ဆိုရင်..အရိပ်က ပုံမှန်ထက်ပိုပြီး ဒေါသထွက်လွယ်ကာ..သူ ရှိနေတဲ့ အရပ်ကို အလျင်အမြန်ပဲ ပြန်လာခဲ့တာပါ..။
ဆန်နီက ဒီအရာကို သေချာစေဖို့အတွက် မတော်တဆဖြစ်စဉ်ကို အကြိမ်အနည်းငယ် ကြိုးစားကြည့်တဲ့အချိန်မှာ အရိပ်ရဲ့ စိတ်ခံစားချက်တွေက ပိုပြီးတောင် ဆိုးဝါးလာခဲ့ပါတယ်..။သို့ပေမယ့် ရလာဒ်အနေနဲ့ သူတို့တွေက ေဝးကွာသွားတဲ့ အချိန်မှာတောင် အရိပ်တွေက သူတို့ရဲ့ သခင် ဘယ်နေရာမှာ ရှိနေလဲဆိုတာ တစ်နည်းနည်းနဲ့ ခံစားနိုင်ကြကြောင်း သူ နားလည်ခဲ့ပါတယ်..။
ပြီးတော့ အရိပ်တွေအကြောင်း ပြောမှပဲ…
အသစ်ရောက်လာတဲ့ မောက်မာတဲ့ အရိပ်ဟာ..သံသယဖြစ်စရာမလိုအောင်ပဲ..သူ့ကိုယ်သူ အရာအားလုံးထက် သာလွန်နေတဲ့ သဘောထားမျိုးနဲ့..ရဲရင့်စွာ ပြုမူနေခဲ့ပါတယ်..။ဆန်နီ တိတ်တဆိတ် ခေါင်းခါယမ်းလိုက်ပြီး မောက်မာနေတဲ့ အရိပ်ကို သူ့ရဲ့ ခန္တာကိုယ်ပေါ်မှာ ရစ်ပတ်ဖို့အတွက် ညွှန်ကြားလိုက်တယ်..။သူက ဆန်နီ ပြောတဲ့ အတိုင်း လိုက်လုပ်ခဲ့ပါတယ်..။သိုပေမယ့် ဒီလိုမလုပ်ခင်မှာတော့..သူ့အနေနဲ့ ဒီလိုနိမ့်ကျတဲ့ လုပ်ရပ်မျိုးကို လုပ်သင့်တဲ့ အရာ မဟုတ်ဘူးဆိုတာကို ဖော်ပြသလိုမျိုး ဆန်နီကို စိုက်ကြည့်ခဲ့ပါသေးတယ်..။
အဖွဲ့သားတွေက သူတို့သတ်ထားကြတဲ့ သတ္တဝါတွေဆီကနေ ဝိဉာဉ်အမြုတေ တွေကို ထုတ်ယူပြီးပြီ ဖြစ်တာကြောင့်..သူတို့အနေနဲ့ ဒီကျွန်းပေါ်မှာ ထပ်နေစရာ အကြောင်း မရှိတော့ပါဘူး..။သူတို့က မြင့်မြတ်နယ်မြေဆီကို ပြန်လာခဲ့ကြပြီး..ညနေခင်းအချိန်မှာပဲ ပြန်ရောက်လာခဲ့ကြပါတယ်..။
လမ်းတစ်လျောက်မှာတော့..ဆန်နီက သူ့ရဲ့ ခန္တာကိုယ်အသစ်နဲ့ အသားကျဖို့ ကြိုးစားနေခဲ့ရတဘ်..။အသစ်မွေးဖွားလာတဲ့ အရိပ်က အရပ်ပိုရှည်ပြီး..ပိုအားကောင်းတယ် ဆိုတာ သေချာပေမယ့်..ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေခဲ့ပါတယ်..။ဒီ ကြီးမားတဲ့ ခန္တာကိုယ်ကို သူက နောက်ထပ်တစ်ကြိမ် ပြန်ပြီး လေ့လာရတော့မှာပါ..။ဒီအံ့ဩသင့်မူက သူ အိပ်မက်ဆိုးထဲ စရောက်ခါစ အချိန်ကလောက် မကြီးမားပေမယ့်..ဆန်နီ အနေနဲ့ အခြေအနေသစ်တွေ အတွက် တိုက်ပွဲနည်းစနစ် အသစ် နဲ့ စိတ်နေစိတ်ထားတွေကို ချိန်ညှိဖို့ လိုအပ်နေခဲ့တာ အမှန်ပါပဲ..။
အိပ်မက်ဆိုးသားရဲတွေကို တစ်နေ့လုံး အမဲလိုက်ကြတဲ့ အပြင် ..ကောင်းကင်ချိန်းကြိုးတွေကနေ ခရီးသွားရင် ပင်ပန်းနေခဲ့ကြတဲ့ သူတို့လေးယောက်ဟာ..အိပ်ခန်းတွေဆီကို အသီးသီးသွားပြီး လူခွဲလိုက်ကြတယ်..။ဆန်နီ သူ့အခန်းကို ရောက်တဲ့ အချိန်မှာတော့..သူ့အတွက် အနည်းငယ်သေးနေတဲ့ အိပ်ယာပေါ်မှာ လဲလျောင်းလိုက်တယ်။ပြီးတာနဲ့ မျက်နှာပျက်ကို အချိန်အနည်းငယ်လောက်ကြာအောင် စိုက်ကြည့်နေခဲ့ပါတဘ်..။
ဒီနေ့မှာတော့..အချိန်တိုအတွင်းအောင်မြင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့တဲ့ အရာတစ်ခုကို သူက ပြီးမြောက်အောင်မြင်နိုင်ခဲ့တာပါ..။သူက လေးခုမြောက် အရိပ်အမြုတေကို ဖန်တီးပြီး နတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့တယ်..။အခုဆိုရင် သူက ခါတိုင်းထက်ပိုပြီး သန်မာလာခဲ့ပါပြီ..။သူက အားကောင်းတဲ့ အရိပ်အပိုသုံးခု ၊ လက်နက်တိုက်ထဲက အားကောင်တဲ့ မှတ်သားမူတွေ နဲ့ မှော်စွမ်းအား နဲ့ ရက်လုပ်မူ အသိပညာတွေကိုတောင် ပိုင်ဆိုင်ထားခဲ့ပါသေးတယ်..။
အမှန်တော့ ဆန်နီက နိုးထမူအဆင့်ထဲမှာ သူ့လောက်အားကောင်းတဲ့ လူတစ်ယောက် ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလို့တောင် သံသယဖြစ်မိပါတယ်..။ဒါပေါ့..မော်ဒရက်တော့ မပါပါဘူး..။အနည်းဆုံးတော့ အိပ်မက်ကမ္ဘာထဲမှာ လမ်းပျောက်နေတဲ့ နစ်ဖီကလည်း..နိုးထသူတစ်ယောက် ဖြစ်မလာခဲ့သေးပေ..။
ပြီးတော့ ဒါတောင်မှ..သူ့ရဲ့ စွမ်းအားတွေက..ရောက်ရှိလာတော့မယ့် အရာအတွက် လုံလောက်မူရှိရဲ့လား ဆိုတာကို သူ သံသယ ဖြစ်မိပါတယ်..။
ပြီးတော့ တကယ်လို့ သူသာ အိပ်မက်ဆိုးကို ကျော်ဖြတ်အောင်မြင်သွားမယ်ဆိုရင် သူ့ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ပြီး..အုပ်စိုးသူတွေရဲ့ အကြည့်တွေကို ရှောင်ရှားဖို့ဆိုတာက ဖြစ်နိုင်ပါဦးမလား..
ဒီအတွေးတွေ က နိုပ်စက်နေခဲ့တာကြောင့် .ဆန်နီဟာ အချိန်အတော်ကြာအောင် အိပ်မပျော်နိုင်ဖြစ်နေပြီးကာမှ..နောက်ဆုံးမှာတော့ အိပ်ပျော်သွားခဲ့ပါတယ်..။
မနက်ခင်းရောက်လာတဲ့ အချိန်မှာတော့..သူက မျက်လုံးတွေကို ဖွင့်လိုက်တဲ့အချိန်မှာ ကွဲပြားမူကို ချက်ချင်းခံစားလိုက်ရတယ်..။သူ့ရဲ့ နှလုံးသားက တစ်နည်းနည်းနဲ့ သက်သောင့်သက်သာ ရှိနေသလို..ပြီးပြည့်စုံနေသလို ခံစားနေခဲ့ရပါတယ်..။
သူ အိပ်ပျော်နေစဉ်အတွင်းမှာတော့ သူ့ရဲ့ အရိပ်တွေက ပြန်ရောက်နေခဲ့ကြပါပြီ..။
…
ကံကောင်းချင်တော့ မစ်ရှင်တွေ လုပ်ဆောင်နေတုန်းမှာ သုံးယောက်စလုံး အသက်ရှင်နိုင်ခဲ့ကြတယ်..။သို့ပေမယ့်..ထိခိုက်ဒဏ်ရာ မရပဲ နဲ့တော့ မဟုတ်ပါဘူး..။အိပ်မက်ဆိုး နဲ့ ဝိဉာဉ်မြွေတို့က ဒဏ်ရာတွေ အများကြီး ရရှိခဲ့တာကြောင့် ..သူ့ရဲ့ အမြုတေထဲမှာ ပြန်လည် အားဖြည့်နေခဲ့ရပါတယ်..။သူတော်စင်ကလည်း ဒဏ်ရာတစ်ချို့ ရရှိခဲ့ပေမယ့် အများကြီး မဟုတ်ခဲ့ပေ..။
သူမကို အရိပ်တစ်ခုက ကူညီထားခဲ့တာမျိုး မရှိခဲ့ပေမယ့်..တိတ်ဆိတ်သော စစ်သည်တော်ဟာ ကျန်တဲ့ နှစ်ယောက်ထက်ပိုပြီး အခြေအနေကောင်းနေခဲ့တယ်..။ကောင်းပြီလေ..ဒါက အံ့ဩစရာတော့ မဟုတ်ပါဘူး..။အထူးသဖြင့် သူမက အရမ်းကို မာကျော ကြံ့ခိုင်တဲ့..စွမ်းရည်တွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်..။
ထပ်ပြောရရင် သူတော်စင်ကတော့ သူတော်စင်ပါပဲ..။ဘာပဲဖြစ်ဖြစ်..သူမက တစ်ခြား အရိပ်တွေထက်ပိုပြီး ပြန်ကောင်းလာခဲ့မှာပါ..။
ပျော်ရွှင်နေတဲ့ အရိပ် နဲ့ ကြောက်စရာ အရိပ်တို့ကလည်း ပြန်ရောက်နေခဲ့ကြတယ်..။အခုချိန်မှာတော့ သူတို့က သူငယ်ချင်းအသစ်ကို စိုက်ကြည့်နေခဲ့ကြပါတဘ်..။အစကတော့ သူတို့က စိတ်လှုပ်ရှားပျော်ရွှင်သွားခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့..စိတ်အနှောက်အယှက် ဖြစ်လာခဲ့ကြတယ်..။မောက်မာတဲ့ အရိပ်ကတော့ သူတို့ရဲ့ အကြည့်တွေကို ဂရုမစိုက်ပဲ..သူတို့တွေ မရှိသလို မသိကျိုးကျွံပြုထားခဲ့ပါတယ်..။တစ်ခါတစ်ရံမှာတော့ သူတို့ကို အထင်သေးတဲ့ အကြည့်တွေနဲ့ ပြန်ကြည့်နေခဲ့တယ်..။
‘ ဘယ်လို အကျင့်စရိုက်မျိုးလဲ..’
ဆန်နီ ပြုံလိုက်ပြီး..အရိပ်သုံးခုကို သူ့ရဲ့ ခန္တာကိုယ်အပေါ်မှာ ရစ်ပတ်ပေးဖို့ ညွှန်ကြားလိုက်တယ်..။သူက မြေကြီးပေါ်မှာ သုန်မုန်နေတဲ့ အရိပ်ကိုသာ ထာထားလိုက်ပါတယ်..။
နောက်ဆုံးမှာတော့..သူက ပုံမှန်အတိုင်းခံစားလိုက်ရပြီး..အိပ်ယာကနေ ထကာ..ကိုယ်လက်ဆေးကြောလိုက်ပါတယ်..။ယင်းနောက် နိုတစ်ဆီကို ထွက်သွားလိုက်တယ်..။
သူတို့ကြားမှာ ဆွေးနွေးစရာတွေ အများကြီးပါပဲ..။
သို့ပေမယ့်..သူ မှော်ဆရာကို မြင်တဲ့အချိန်မှာတော့ ပျော်စရာ စကားတွေတောင် ကင်းမဲ့သွားခဲ့ပါတယ်..။
နိုတစ်က သဘော်ပျံပေါ်မှာ မဟုတ်သလို..ကျွန်းရဲ့ အစွန်းမှာ ရုပ်ထုလုပ်နေတာလည်း မဟုတ်ခဲ့ပေ..။အဲဒီအစား အထွတ်အထိတ်အဆင့် မှော်ဆရာက..သူ့ရဲ့ ခြံဝန်းထဲမှာသာ ရှီနေခဲ့ပါတယ်..။သစ်သားတံခါးတွေက ပွင့်နေခဲ့ပြီး သဘော်သား အရုပ်တွေကလည်း ဆန်နီကို တစ်ချက်ကလေးတောင် လှည့်မကြည့်ပဲ ဝင်ခွင့်ပေးခဲ့ကြတယ်..။
မှော်ဆရာ ရဲ့ ခြံဝန်းအတွင်းပိုင်း အပြင်အဆင်က နောက်တစ်ကြိမ် ပြောင်းလဲနေခဲ့ပြန်ပါပြီ..။
ကြမ်းပြင်က..အက်ကွဲ..ပျက်ဆီးနေခဲ့ပြီး..ကျောက်တုံးအပိုင်းအစတွေက အပေါ်ကို ထိုးတက်နေခဲ့တယ်..။ဒါက အောက်ကနေ တစ်ခုခုက တိုးထွက်ဖို့ ကြိုးစားနေခဲ့သလိုပါပဲ..။အဝိုင်းပုံစံ ရူးစ်တွေက ပျက်ဆီးနေခဲ့ကြကာ..အဆီအနှစ်တွေတစ်ခုမှ မရှိသလို ဗလာကျင်း ဖြစ်နေခဲ့ပါတယ်..။
သို့ပေမယ့် အဲတာက ဆန်နီကို ကြောက်ရွံ့စေတဲ့အရာ မဟုတ်ပါဘူး..။
သူ့ကို ထိပ်လန့်စေတဲ့ အရာက..နိုတစ်က ခါတိုင်းသူ့ရဲ့ အလေ့အကျင့်တစ်ခုလိုမျိုး ..ဝိုင်ခွက်တစ်ခွက်ကို ကိုင်ဆောင်ထားခြင်း မရှိတော့ပဲ..လဖက်ရည်တစ်ခွက်ကို ကိုယ်တိုင်ဖျော်နေခဲ့တာပါ..။ထပ်ပြောရရင်..သူက စိုးရိမ်ပူပန်မူကင်းစွာပဲ ပေါ့ပေါ့ပါးပါး နဲ့ လေချွန်နေခဲ့ပါသေးတယ်..။
ဆန်နီ အေးခဲသွားခဲ့တယ်..။
‘အိုး..ခရက်…’
သူတို့ တွေ့ပြီး မကြာခင်မှာပဲ..မှော်ဆရာက သူ့ကို ဘာပြောခဲ့လဲ…
…ဓားတွေကို စုဆောင်းမယ် , ဆင်စွယ်ရောင်မြို့ ၊ အနီရောင် အဆောက်အဦး တို့နဲ့ စစ်ပွဲဆင်နွဲမယ် , ချိန်းအရှင်သခင် တွေအားလုံးကို သတ်မယ် , အလင်းနတ်ဘုရားကို ဆန့်ကျင့်မယ် , နတ်ဘုရားတွေ အားလုံးကို ဆန့်ကျင်ပြီး..မျှော်လင့်ချက် ကို အကျဉ်းထောင်ကနေ လွှတ်ပေးမယ်…ပြီးတော့..လဖက်ရည်တစ်ခွက်သောက်မယ်…။
သို့ပေမယ့်..အဲ့နောက်မှာတော့..နိုတစ်က..သူ့အနေနဲ့ လဖက်ရည်ကို အရင်သောက်ထားသင့်တယ် ဆိုပြီးစကားကို ပြန်ပြင်ပြောခဲ့ပါတယ်..။
ဆန်နီ တံတွေးကို မြိုချလိုက်ပြီး…
‘ဒါက စနေပြီပဲ…’