← Chapters

ဒုတိယအကြိမ်

Vol. 48 Ch. 690

ဒုတိယအကြိမ်

Vol. 48 Ch. 690

“ဘာတွေ ဖြစ်သွားတာလဲ”

မြို့တော် အစောင့်များသည် နေရာမှာပင် တွေဝေငေးမောကာ ရပ်နေခဲ့မိခဲ့ကြသည်။

သူတို့ မြင်တွေ့ခဲ့ရသောမြင်ကွင်းအား သူတို့ကိုယ်တိုင်ပင် မယုံနိုင်အောင်လည်း ဖြစ်နေခဲ့ကြ၏။

မဟာအကြီးအကဲသည် ကျူးကျော်သူအား မသတ်ရုံသာမကဘဲ ရူးသွပ်နေသော ချစ်သူတစ်ဦးကဲ့သို့ နမ်းရှိုက်ရန်ပင် ကြိုးစားနေခဲ့သည်။

မကြာမီမှာပင် သူတို့နှစ်ဦးသည် အကာအကွယ်လွှာတစ်ခု အတွင်းတွင် ဝင်ရောက်၍ ၎င်းတို့မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအရာက အစောင့်များ၏ အတွေးအချို့ကိုပင် အရိုင်းဆန်သွားစေခဲ့၏။ ထိုအကာအကွယ်လွှာအတွင်းတွင် လက်ရှိမည်သည့်အရာများ ဖြစ်ပျက်နေသနည်း။

ထိုမက်မောဖွယ် အနမ်းများ၏ နောက်ကွယ်တွင် မည်သည့်အရာများ ဆက်ဖြစ်လာနိုင်မည်နည်း။

သူတို့ထဲမှ အများစုမှာ ထိုအရာကို ခန့်မှန်းမိလိုက်ကြသော်လည်း လက်တွေ့တွင်မူ ယုံကြည်ရန်ခက်ခဲနေဆဲပင်...။

“ငါ့ကိုတစ်ချက်လောက် ဆိတ်ပေးပါဦး ငါ့ကို ဒီအိပ်မက်ကနေ နိုးအောင်လုပ်ပေးပါလား”

အစောင့်တစ်ဦးသည် ထိုသို့ပြောလိုက်ရုံသာ ရှိသေးသော်လည်း တစ်စုံတစ်ဦးက သူ၏ ပါးတစ်ဖက်အား ပြင်းပြင်းထန်ထန် ဆွဲဆိတ်လိုက်သောကြောင့် သူ၏ ဆန္ဒသည် အမှန်တကယ် ပြည့်ဝသွားခဲ့၏။

“အား မင်းက သောက်ရူးပဲ။ ငါ့မျက်နှာက အရေပြားတွေ ကွာကျလုနီးပါးအထိ လုပ်စရာလိုလို့လား”

အစောင့်သည် နာကျင်စွာ ညည်းတွားလိုက်ပြီး သူ့အား ဆွဲဆိတ်လိုက်သူ၏ ဦးခေါင်းအား ပြန်ရိုက်လိုက်သည်။

“ဒီလူက ကျူးကျော်သူ မဟုတ်နေဘူးဆိုရင်ကော။ ဒီလိုဆို ငါတို့အနေနဲ့ တခြား ဖြစ်နိုင်ခြေ တစ်ခုကို စဉ်းစားသင့်တယ် မဟုတ်ဘူးလား။ နောက်ထပ်ဖြစ်နိုင်ချေ တစ်ခုကတော့ သူလည်း မိစ္ဆာဂိုဏ်းကလူပဲ။ ဒါကြောင့် မဟာအကြီးအကဲက သူ့ကို သိနေတာပေါ့”

“ဟမ်... ငါလည်း မိစ္ဆာဂိုဏ်းက အကြီးအကဲ အများစုကို မြင်ဖူးပါတယ်။ ဒါပေမဲ့ ဒီလူကိုတော့ ငါ တစ်ခါမှ မမြင်ဖူးပါဘူး”

“မင်းက အကုန်လုံးကို မြင်ဖူးတယ်လို့ သေချာလို့လား။ ဒီစစ်ပွဲတစ်လျှောက်လုံး ပျောက်နေပြီး ဘယ်တုံးကမှ ပေါ်မလာဘူးတဲ့ အကြီးအကဲတစ်ဦး ရှိနေသေးတယ် မဟုတ်လား”

“မင်း ပြောနေတာက...” အစောင့်များသည် ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိလိုက်ပြီး မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။

သူတို့ မမြင်ဖူးသော အကြီးအကဲတစ်ယောက် အမှန်တကယ်ပင် ရှိနေခဲ့၏။

ထိုအကြီးအကဲသည် အတိတ်က နတ်ဆိုးအကြီးအကဲ ဟူသော ဂုဏ်ပုဒ်နှင့်အတူ နာမည်ကျော်ကြားခဲ့သူ တစ်ဦးလည်း ဖြစ်လေသည်။

သူသည် မိစ္ဆာဂိုဏ်းအားတိုက်ခိုက်ရန် ပူးပေါင်းကြံစည်ခဲ့သော တိုက်ကြီးအတွင်းမှ အစွမ်းထက် ဂိုဏ်းပေါင်းများကို တစ်ကိုယ်တော် ချေမှုန်းပစ်ခဲ့သူ ဖြစ်၏။

ထို့ပြင် နောက်ထပ် ထိုအကြီးအကဲအား နတ်ဆိုးအကြီးအကဲဟု သတ်မှတ်ရသည့် သူနှင့် ပတ်သက်သည့် ဇာတ်လမ်းပေါင်းများစွာသည်လည်း ရှိနေသေးသည်။

ထိုအထဲမှ အစစ်အမှန်ဟု ယူဆထားကြသော ဇာတ်လမ်းတစ်ပုဒ်မှာ ထိုအကြီးအကဲသည် သူ၏ ရန်သူများအား ပြစ်ဒဏ်ပေးသည့်အနေဖြင့် ၎င်းတို့၏ သွေးသားများအား ပြန်လည် စားသောက်လေ့ရှိသည် ဆိုသောအချက်ပင်...။

မိစ္ဆာဂိုဏ်းမှ အကြီးအကဲ တစ်ဦးအား ပြစ်မှားမိခြင်းသည် သေလမ်းသို့ ဖြတ်လမ်းမှ သွားခြင်းဖြစ်ကြောင်း လူတိုင်း သိထားကြသည်။

သို့သော် မိစ္ဆာဂိုဏ်း အကြီးအကဲများ အားလုံးထဲတွင်မှ အကြီးအကဲရန် တစ်ယောက်မှာမူ အခြားသူများအား အမှန်တကယ် ကြောက်ရွံ့တုန်လှုပ်စေသူ တစ်ဦး ဖြစ်လေသည်။

သူသည် သူ၏ ရန်သူများအပေါ် ရက်စက်ရုံသာမကဘဲ နှာဘူးအကြီးစား တစ်ယောက်ဟုလည်း နာမည်ကျော်ကြားသေး၏။

အနည်းဆုံးတော့ ကောလဟာလများက သူ့ကို ထိုသို့ ပုံဖော်ထားကြသည်။

ဤကောလဟာလမှာ မည်သည့်အရာမှ စတင်ခဲ့သည်ကို မည်သူမျှ မသိသော်လည်း အကြီးအကဲရန်သည် သူ၏ တပည့်များအဖြစ် လှပသော မိန်းကလေးများကိုသာ ရွေးချယ်လေ့ရှိပြီး သူတို့၏ ခန္ဓာကိုယ်များဖြင့် ကစားလေ့ရှိသည်ဟု ပြောစမှတ်တွင်ခဲ့ပြီးဖြစ်သည်။

ယခုဤမြို့ထဲသို့ ကျူးကျော်ဝင်ရောက်လာသော ထိုလူသည်လည်း မဟာအကြီးအကဲ ရှုယင်ကဲ့သို့ မိန်းမမျိုးကိုပင် သူ၏ ရင်ခွင်ထဲသို့ သက်ဆင်းသွားအောင် ပြုလုပ်နိုင်စွမ်းရှိသူဖြစ်လေသည်။

ထိုအချက်အလက်များအရ ၎င်းကျူးကျော်သူသည် အကြီးအကဲရန်မှလွဲ၍ အခြားမည်သူများ ဖြစ်နိုင်ဦးမည်နည်း...။

“အကြီးအကဲရန်ရဲ့ အချက်အလက်တွေကို ငါလဲ နည်းနည်းတော့ ကြားဖူးထားတယ်။ အခု ပြန်စဉ်းစားကြည့်လိုက်တော့ ခုတစ်ယောက်နဲ့ နဲနဲတူနေသလိုပဲ။ အဲ့ဒါ သူပဲ ဖြစ်ရမယ်။ နောက်ဆုံးတော့ အကြီးအကဲရန် ပြန်လာပြီပေ့ါ”

“အဲ့ဒါသာ အမှန်ဆိုရင် ဒီစစ်ပွဲမှာ ငါတို့ကို ကူညီပေးမယ့် နောက်ထပ် အစွမ်းထက်တဲ့ ခေါင်းဆောင်တစ်ယောက် ထပ်ရောက်လာပြီလို့ဆိုရမှာပေ့ါ။ သူရဲကောင်း အကယ်ဒမီက ကောင်တွေတော့ ဒီတစ်ခါ သေချာပေါက် မျက်ဖြူဆိုက်သွား ကြတော့မှာပဲ ဟား..ဟား...ဟား...”

မိနစ်အနည်းငယ်သာ ရှိသေးသော်လည်း အကြီးအကဲရန် ပြန်ရောက်လာပြီဟူသော သတင်းသည် မြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့၏။

သူသည် အော်ရာအမြောက်များ၏ တိုက်ခိုက်မှုအား လွယ်ကူစွာ ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း ကံကောင်းစွာဖြင့် ထိုသူသည် သူတို့ဘက်တွင် ရှိနေခဲ့သည်။

ထိုအရာက အရေးအကြီးဆုံးပင်မဟုတ်ပါလား....။

....

“ရန် ပြန်ရောက်လာပြီလား”

ထိုသတင်းသည် မိစ္ဆာဂိုဏ်းချုပ်ထံသို့လည်း အလျှင်အမြန်ပင် ရောက်ရှိသွားခဲ့သည်။ ဖန်းယုသည် ထိုသတင်းကြားလိုက်သည်နှင့် လွန်စွာ ပျော်ရွှင်အံ့သြသွားခဲ့ရသည်။

ထိုနာမည်ကို သူမ မကြားရသည်မှာ အချိန်အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အကြီးအကဲရန်သည် မိစ္ဆာဂိုဏ်းသို့ ပြန်ရောက်လာဦးမည် မဟုတ်‌သေးသည့်အကြောင်း သူမအား အသိပေးခဲ့သည်။ သူသည် အရေးကြီးသော တာဝန်အချို့ကို ထမ်းဆောင်ရန် ကျန်ရှိနေသေးသည်ဟုလည်း ဆိုခဲ့သည်။

သူမသည် ထိုကိစ္စအား လအနည်းငယ်ခန့်သာ ကြာမည်ဟု ထင်မှတ်ခဲ့သော်လည်း နှစ်အ‌တော်ကြာသွားသည်အထိ ထိုလူသည် ပြန်မလာခဲ့သလို သူ၏ တပည့်များကိုပင် သည်အတိုင်းပစ်ထားခဲ့လေသည်။

ဂိုဏ်းထဲရှိ လူအချို့ကမူ အကြီးအကဲရန်သည် စစ်ပွဲအားကြောက်ရွံ့၍ ထွက်ပြေးသွားခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြသည်။

သူ့အား သူရဲဘောကြောင်သူတစ်ဦးဟုပင် ခေါ်ဝေါ်လာခဲ့ကြပြီး နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ထိုဂုဏ်သတင်းသည် အကြီးအကဲများကြားတွင် အခိုင်အမာ ဖြစ်တည်လာခဲ့၏။

အရှေ့တိုက်ကြီးမှ ပြည်သူများအတွက် အကြီးအကဲရန်သည် မဟာအကြီးအကဲကိုပင် ရင်ဆိုင်နိုင်သော ကြောက်မက်ဖွယ်ကောင်းသူ တစ်ဦး ဖြစ်သည်။

သို့သော် မိစ္ဆာဂိုဏ်း အကြီးအကဲ အများစုအတွက်မူ သူသည် စစ်ပွဲမှ ထွက်ပြေးသွားသော သူရဲဘောကြောင်သူ တစ်ဦးသာ ဖြစ်လေသည်။

အာရန် ထွက်ပြေးသွားသည် ဆိုသော ဇာတ်လမ်းများကို လုံးဝ မယုံကြည်သူ လူနည်းစုသာ ရှိနေခဲ့သည်။

ထိုအထဲမှ တစ်ဦးမှာ ဖန်းယုကိုယ်တိုင် ဖြစ်လေသည်။

သူမသည် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးလည်း ဖြစ်၏။

သူမ မည်မျှပင် ကြိုးစား၍ မေ့ပျောက်စေကာမူ အာရန်အနေနှင့် သူ၏အသက်ကိုပင် ပဓာနမထားဘဲ သူမအား မည်သို့ ကယ်တင်ခဲ့သည်ဆိုသည့် အတိတ်မှမြင်ကွင်းများကို သူမအနေနှင့် မည်သို့မျှမေ့ပစ်နိုင်မည်မဟုတ်ပေ။

အကယ်၍ သူသာ သူမအား စွန့်ပစ်လိုခဲ့လျှင် ထိုစဥ်က သူမ၏ လက်စွပ်ကို ယူပြီး နောက်ထပ် ဂိုဏ်းချုပ် တစ်ဦးဖြစ်လာနိုင်ခွင့် ရှိခဲ့ဘူးသော်လည်း သူသည် သေလုမျောပါး ဖြစ်နေချိန်တွင်ပင် သူမအား ကာကွယ်ရန်အတွက်သာ ရွေးချယ်ခဲ့သည်။

သူမအတွက် ဘိုးဘေးအကြီးအကဲများကို ရင်ဆိုင်ခဲ့စဉ်ကပင် သူ့၌ ကြောက်ရွံ့သည့် အမူအရာ မြူတစ်မှုန်ပင် မရှိခဲ့ပေ။

ထိုကဲ့သို့သော လူမျိုးသည် ဤကဲ့သို့ သာမန် စစ်ပွဲတစ်ခုကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။

သူသည် သေခြင်းတရားကို ကြောက်ရွံ့တတ်သူ တစ်ဦးလော....။

သူ၏ အတိတ်မှ လုပ်ရပ်များက ထိုအရာကို သက်သေပြခဲ့ပြီး ဖြစ်သည်မဟုတ်ပါလား...။

ထို့ပြင် သူမ၏ နှလုံးသားအတွင်းနက်နက်တွင် သူ့အား ယုံကြည်ချင်စိတ် ဖြစ်ပေါ်စေသော သိမ်မွေ့သည့် ခံစားချက်တစ်ခုလည်း ရှိနေသေးသည်။

“သူ ပြန်လာပြီလား...”

အကယ်၍ အခြားအကြီးအကဲများသာ ဤနေရာတွင် ရှိနေလျှင် သူတို့ သည် ဖန်းယု၏ ပုံစံအားမြင်တွေ့ပြီးနောက် လွန်စွာ အံ့အားသင့်သွားကြပေလိမ့်မည်။

သူတို့သာ မကဘဲ သူမကိုယ်တိုင်ပင် မှန်ထဲကြည့်လိုက်မိလျှင် အံ့အားသင့်မိသွားပေလိမ့်မည်။

သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာနေခဲ့ပြီး ၎င်းက လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဘယ်တုံးကမှ မဖြစ်ပေါ်ခဲ့ဘူးသော ရှားပါး မြင်ကွင်းတစ်ခုလည်း ဖြစ်လေ၏။

သူမသည် သာမန်တွင် ပြုံးရယ်ခဲသူတစ်ဦး ဖြစ်သော်လည်း ယခုအချိန်တွင်မူ ကမ္ဘာပေါ်တွင် အလှပဆုံး အပြုံးတစ်ခုအား ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်နေခဲ့သည်။

မကြာမီ သူမသည် အာရန်အား ဘေးကင်းစွာဖြင့် ဂိုဏ်းသို့ ချက်ချင်း ခေါ်ဆောင်လာရန် အရိပ်အစောင့်များထံ သတင်းစကား ပါးလိုက်လေသည်။

....

ထိုအချိန်တွင် သူရဲကောင်းအကယ်ဒမီ၌လည်း သေးငယ်သော ဂယက်ရိုက်မှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

အကယ်ဒမီ၏ ကျောင်းအုပ်သစ် ညွှန်ကြားချက်အရ ကံကြမ္မာကို ဟောကိန်းထုတ်ရန် ကြိုးစားနေသူ တစ်ဦး ရှိနေခဲ့သည်။

သူ ကြိုးစားလိုက်တိုင်း ဆုံးရှုံးမှုများစွာ ရှိနိုင်သော်လည်း သူတို့ အနိုင်ရမည်ဆိုသော အဖြေတစ်ခုကိုသာ အမြဲတစေ ရခဲ့သည်ချည်းဖြစ်၏။

သို့သော် ရုတ်တရက် ထိုကံကြမ္မာသည် ပိုမို ဝေဝါးပြီး ရှုပ်ထွေးလာခဲ့သည်။

သူသည် ရှင်းလင်းသော ပုံရိပ်ကို မရရှိနိုင်ရုံသာမက ကံကြမ္မာသည်ပင် လုံးဝ ပြောင်းပြန် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့အနေဖြင့် အောင်မြင်ရမည့်အစား ဤစစ်ပွဲကို ဤနေရာတွင်သာ မရပ်တန့်ပါက နှစ်ဖက်စလုံး အပြန်အလှန် ပျက်စီးခြင်းငါးပါးဆိုက်သွားကြမည့် ရလဒ်ကိုသာ ရရှိခဲ့၏။

ထို့ပြင် ကံကြမ္မာမြစ်ထဲတွင် သာမန်လူသားနှင့် မတူသော ဝေဝါးသည့် ပုံရိပ်တစ်ခုကိုပင် မြင်တွေ့လိုက်ရသေးသည်။

“ငါ ဒီကမ္ဘာကို ကမ္ဘာကူးရောက်လာကတည်းက ကံကြမ္မာက ဒီလိုမျိုး ရုတ်တရက် ပြောင်းလဲသွားတာ ဒါ ဒုတိယအကြိမ်ပဲ”

All Chapters