← Chapters

လဖက်ရည်တစ်ခွက်.

Vol. 47 Ch. 704

လဖက်ရည်တစ်ခွက်.

Vol. 47 Ch. 704

ဆန်နီက သူ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့ဩသင့်နေတုန်းမှာပဲ..နိုတစ်ဟာ လဖက်ရည်ကြိုနေတာ ပြီးဆုံးသွားခဲ့တယ်..။ယင်းနောက်သူက ပယင်းရောင် လဖက်ရည်တွေကို..လှပတဲ့ ကြွေခွက်ထဲကို လောင်းထည့်လိုက်ပါတယ်..။ယင်းနောက် မှော်ဆရာက ခွက်ကို သူ့မျက်နှာနားကို ကပ်လိုက်ပြီး..မွေးကြိုင်တဲ့ ရနံ့ကို ရူသွင်းလိုက်ကာ..စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်ပါတယ်..။

ယင်းနောက်သူက မထင်မှတ်ထားတဲ့ ဧည့်သည်ကို သတိထားမိလိုက်တာကြောင့် ဆန်နီကို ကြည့်ပြီး ပြုံးလိုက်တယ်..။

“ဆန်းလပ်စ်..ဘယ်လောက်အံ့ဩဖို့ကောင်းလဲ..။ခနလေး..မင်းက တစ်ခုခု ပြောင်းလဲနေသလိုပဲ..”

မှော်ဆရာက စိတ်ရှုပ်ထွေးတဲ့ အမူအရာနဲ့ အနည်းငယ် စိတ်ဝင်စားသွားခဲ့တယ်..။သူက အရိပ်နတ်ဆိုးကို သေချာစေ့စေ့စပ်စပ် ကြည့်ပြီးကာမှ ရုတ်တရက် တောက်ပသွားခဲ့ပါတယ်..။

“အိုး…အဲတာက မင်းရဲ့ ဦးချိုပဲ…။မင်းရဲ့ ချိုက ဘယ်တုန်းက ကျိုးသွားတာလဲ..”

‘တကယ်လား..သူက အဲတာကိုပဲ သတိထားမိတာလား..’

ဆန်နီဟာ..အင်မော်တယ်ရဲ့ လက်ထဲက သာမန်ကျောက်တုံးကို စိုက်ကြည့်လိုက်ပြီး ထူးကဲသော ကျောက်တုံးကို ဆုပ်ကိုင်ထားခဲ့တယ်..။သူက စကားပြောဖို့အတွက် မှတ်သားမူကို ဆုပ်ကိုင်ထားဖို့ မလိုအပ်ပါဘူး..။သို့ပေမယ့်..ဆန်နီဟာ အတွေ့အကြုံအရ တစ်ခုခုကို ကိုင်ထားဖို့ လိုအပ်တယ်လို့ ခံစားနေခဲ့ရတယ်..။

သူက အသက်ကို ဂရုတစိုက် ရူသွင်းလိုက်ပြီး..ကျောက်တုံးကို ဆုပ်ကိုင်ကာ..အက်ကွဲစွာ ပြောလိုက်ပါတယ်..။

“..ချားလစ် ဘုရားကျောင်းမှာတုန်းကလေ…။ခင်ဗျား…ခင်ဗျားက..လဖက်ရည်သောက်နေတာပဲ..”

နိုတစ်က တစ်ခနလောက် တွေဝေနေပြီးကာမှ..သူ့ရဲ့ ခွက်ကို ကြည့်ကာ ပြုံးလိုက်တယ်..။

“ဘယ်လောက်တောင် သတိထားတတ်တဲ့ ရှာဖွေတွေ့ရှိမူလဲ..။လာ..ဒီလိုကောင်းမွန်တဲ့ လဖက်ရည်မျိုးကို အေးမသွားစေနဲ့..”

ဒီလိုပြောပြီးတာနဲံ..မှော်ဆရာက တစ်ဖက်ကို လှည့်ပြီး..ဂေဟာ ရဲ့ အတွင်းပိုင်းကို ဦးတည်သွားလိုက်ပါတယ်..။ပြီးတော့ ဆန်နီကို နောက်ကနေ လိုက်လာဖို့အတွက် အချက်ပြလိုက်တဘ်..။လဖက်ရည်အိုးကတော့ သူ့ရဲ့ ပုခုံးနားမှာ လေပေါ်ပျံသန်းရင်း လိုက်ပါလာခဲ့ပါတယ်..။

သို့ပေမယ့် ဆန်နီ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တဲ့ အချိန်မှာပဲ..နိုတစ်က ရုတ်တရက်လှည့်လာခဲ့ပြီး..သူ့ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်လာခဲ့တယ်..။

“အဲတာက…အာ…ကြည့်ရတာ နည်းနည်း ထူးဆန်းသလိုမျိုး ခံစားရရင်..မနင်းမိစေနဲ့… အမှန်တော့..ဒီတိုင်း လုံးဝ မလှုပ်ရှားနဲ့တော့..။ငါတို့က တစ်ခုခု ဖြစ်လာတာမျိုး မဖြစ်စေချင်ဘူးမလား..ဟုတ်တယ်နော်..”

အဲ့အချိန်မှာပဲ အခန်းက နောက်ထပ်တစ်ကြိမ် လှုပ်ခတ်လာခဲ့ပြီး..ကြမ်းပြင်ပေါ်မှာ ပိုမိုများပြားတဲ့ အက်ကွဲကြောင်းတွေ ပေါ်ထွက်လာခဲ့တယ်..။ဆန်နီ အောက်ကို သုန်မုန်နေတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး..သက်ပြင်းချလိုက်ပါတယ်..။ယင်းနောက် အရိပ်ခြေလှမ်းကို အသုံးပြုကာ မှော်ဆရာနဲ့ အနားကို သွားလိုက်တယ်..။

“ဘာလို့လဲ..အောက်မှာ ဘာရှိနေလို့လဲ..”

နိုတစ် ပြုံးလိုက်ပြီး..

“အိုး..ဘာမှမဟုတ်ပါဘူး..။ဒီတိုင်း..အာ..မိတ်ဆွေဟောင်းတစ်ယောက်ဆီက အမှတ်တရ တစ်ခုပဲ..။အဲတာကို မစိုးရိမ်နဲ့..”

သို့ပေမယ့် ဆန်နီကတော့ အ မှန်တကယ် စိုးရိမ်မိပါတယ်..။သူက အရူးတစ်ယောက် မဟုတ်ပါဘူး..။ကျယ်ပြန့်တဲ့ အဝိုင်းပုံစံ ရူးစ်တွေ ၊ မှော်ဆရာဖြည့်တင်းပေးနေတဲ့ အဆီအနစ်တွေ ၊ ရှေးဟောင်းကျောက်တုံးက စုပ်ယူလိုက်တဲ့ သွေးတွေကို ကြည့်ခြင်းအားဖြင့်..မြေကြီးထဲမှာရှိတဲ့ အမှောင်ထုထဲမှာ ကြောက်စရာ တစ်ကောင်ကောင်ကို ဖမ်းဆီးထားတာ ဒါမှမဟုတ် မွေးမြူထားတာဖြစ်နိုင်ပါတယ်..။

သို့ပေမယ့်..သူက ဘာမေးခွန်းမှ မမေးပဲ..နိုတစ်နောက်ကနေ လိုက်သွားတာကသာ ပိုကောင်းလိမ့်မယ်လို့ တွေးမိလိုက်တယ်..။နိုတစ်က…ကျောက်တုံးလှေကားတွေကနေတဆင့် အခန်းရဲ့တစ်ခြားတစ်ဖက်ကို ခေါ်ဆောင်သွားခဲ့ပါတယ်..။

လှေကားတွေကို အသုံးပြုရင်းပဲ..သူတို့က ကျောက်တိုင်ကြီးတွေရဲ့ ထိပ်ကို ရောက်သွားခဲ့ကြပြီး..ထည်ဝါတဲ့ သစ်သားစားပွဲ ပေါ်မှာ ထိုင်လိုက်ကြတယ်..။မှော်ဆရာက ထိုင်ခုံမှာ မှီကာ ထိုင်လိုက်ရင်း.. မျှော်လင့်ချက် နိုင်ငံတော်ရဲ့ အသက်ရူမှားလောက်ဖွယ် ရူခင်းတွေကို ကြည့်လိုက်..လဖက်ရည်လေးသောက်လိုက် လုပ်နေခဲ့ပါတယ်..။သူ့ရဲ အမူအရာကတော့ အတော်လေးကို စိတ်ကျေနပ်နေခဲ့တယ်..။

ဆန်နီဟာ..နိုတစ် စိတ်ခံစားမူ ကျေနပ်အောင် တစ်ခနလောက် တွေဝေနေပြီးကာမှ မေးလိုက်တယ်..။

“အဲတာက စနေပြီပေါ့..ဟုတ်တယ်မလား..။တစ်ခြားချိန်းအရှင်သခင် တွေက..လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေကြပြီ..”

မှော်ဆရာက နောက်ထပ်တစ်ငုံသောက်လိုက်ပြီး..သက်ပြင်းချကာ..ပေါ့ပါးတဲ့လေသံနဲ့ ပြောလိုက်ပါတယ်..။

“အိုး..အမှန်ပဲ…သူတို့ရဲ့ တမန်တော်က ရက်အနည်းငယ် အတွင်းရောက်လာလိမ့်မယ်လို့ ငါထင်တယ်..။ဒီတော့..မင်းလည်း ခနလောက်တော့ စိတ်အပန်းဖြေသင့်တယ်..။လဖက်ရည်ကို သေချာသောက်..။အချိန်အတော်ကြာတဲ့ အထိ မင်းက ဒီလို ငြိမ်းချမ်းမူမျိုးနောက်တစ်ကြိမ် ခံစားရတော့မှာ မဟုတ်ဘူး ဆန်းလပ်စ်..။ဒါမှမဟုတ် မင်းရဲ့ နောက်ဆုံးသော ငြိမ်းချမ်းမူတောင် ဖြစ်သွားနိုင်တယ်..”

ဆန်နီ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။အရေးကြီးတဲ့ မေးခွန်းပေါင်းများစွာကတော့ သူ့ရဲ့ ခေါင်းထဲမှာ ဖိအားပေးနေခဲ့ကြပါတယ်..။သို့ပေမယ့် သူက ခေါင်းကို ခါယမ်းပြီး အတွေးတွေကို မောင်းထုတ်ကာ..လဖက်ရည်တစ်ခွက်ကို ငှဲ့လိုက်တယ်..။စားပွဲပေါ်မှာ ထားထားတဲ့ နူးညံ့တဲ့ ခွက်ကလေးက သူ့ကို စောင့်မျှော်နေတဲ့ အတိုင်းပါပဲ..။

သူတို့နှစ်ယောက်စလုံးက အချိန်အတော်ကြာအောင် စကားမပြောခဲ့ကြပေ..။သူတို့က ဒိတိုင်း လဖက်ရည်သောက်ပြီး..လှပတဲ့ မြင်ကွင်းတွေကို ငြိမ်းချမ်းစွာ ခံစားနေခဲ့ကြပါတယ်..။

အဆုံးသတ်က နီးလာပြီဖြစ်ပေမယ့် မြင့်မြတ်နယ်မြေမှာရှိနေတဲံ ကမ္ဘာကြီးကတော့..ငြိမ်သက်ပြီး..နွေးထွေးနေဆဲပါပဲ..။

အတော်ကြာပြီးတဲ့နောက်မှ နိုတစ်က သက်ပြင်းချလိုက်ပြီး..အတိတ်ကို လွမ်းဆွတ်တဲ့ လေသံနဲ့ ပြန်ပြောလာခဲ့ပါတယ်..။

“ငါက ဒါကို သတိရနေမိတော့မယ် ထင်တယ်..”

ယင်းနောက် သူက ဆန်နီကို ကြည့်ကာ..သိချင်စိတ်အပြည့်နဲ့ မေးလိုက်ပါတယ်..။

“ငါ့ကို ပြောပါဦး ဆန်းလပ်စ်..မင်းက ဘာလို့ဒီမှာရောက်နေတာလဲ..။ငါ့လိုလူမျိုးက မျှော်လင့်ချက်ကို လွတ်မြောက်အောင် လုပ်ပေးတာက အံ့ဩစရာမဟုတ်ဘူးလေ..။ဒါပေမဲ့..မင်းလို အရိပ်မျိုးကရော ဘာလို ဒိလိုမျိုး ကြိုးစားရတာလဲ..။စွန့်စားမူက ဘယ်လောက်တောင် များလဲဆိုတာကိုတော့ မင်း သိမှာပါ..”

ဆန်နီ တစ်ခနလောက်ကြာအောင် ငြိမ်သက်နေခဲ့ပြီးကာမှ သက်ပြင်းချလိုက်တယ်..။

“အမှန်အတိုင်းပြောရရင်..ကျွန်တော်လည်း မသိတော့ဘူး..။ကျွန်တော် သိခဲ့ဖူးတယ် ဒါမှမဟုတ် အနည်းဆုံး..ကိုယ့်ကိုကို သိတယ်လို့ထင်ခဲ့ဖူးတယ်..။ကျွန်တော်က အလိုရမ္မက်ကြီးတဲ့ လူတစ်ယောက်လေ..။တစ်ခြားလူတွေထက် သန်မာဖို့အတွက်..ကံတရားချိန်းကြိုးတွေကနေ လွတ်မြောက်ချင်ခဲ့မိတယ်..။ပြီးတော့ ဖြစ်နိုင်တာက..ဖြစ်နိုင်တာက ဒီအလိုဆန္ဒတွေက ရှိနေတုန်းပဲ..။ဒါပေမဲ့ ဒီကျိန်စာသင့်နယ်မြေကို ရောက်လာပြီး ဖုန်မှုန့်တွေလို နင်းချေခံလိုက်ရတဲ့ အချိန်မှာတော့ အရာအားလုံးက သိပ်ပြီး မရှင်းလင်းတော့ဘူးလေ..။ပြီးတော့ ကျွန်တော်ရဲ့ အလိုဆန္ဒတွေက..ရုတ်တရက် အားနည်းသွားသလိုပဲ..”

သူ ရပ်တန့်လိုက်ပြီးကာမှ..အောက်ကိုကြည့်ကာ ထပ်ပြောလိုက်တယ်..။

“ဒါမှမဟုတ်..ကျွန်တော်ကိုယ်တိုင်ကပဲ..ချို့တဲ့ နေတာ ဖြစ်နိုင်တာပဲ..။ပြီးတော့..လမ်းပျောက်နေခဲ့တာ..”

နိုတစ်က သူ့ကိုကြည့်ကာ လဖက်ရည်တစ်ငုံသောက်လိုက်တယ်..။ပြီးတာနဲ့ သိချင်တဲ့ အပြုံးနဲ့ အတူပဲ မေးလိုက်ပါတယ်..။

“မင်းက ကိုယ့်ကိုကို ဘာတွေ ချို့တဲ့နေတယ်လို့ ထင်လို့လဲ..။ပြီးတော့ ဘယ်လို လမ်းပျောက်တာမျိုးကို ပြောတာလဲ..”

ဆန်နီ ချက်ချင်းပြန်မဖြေခဲ့ပေ..။သူက အားနည်းချက်ကနေ ဖြစ်ပေါ်လာတဲ့ ဖိအားကို ဝိဉာဉ်ထဲမှာ ဖြစ်တည်လာခွင့်ပေးထားခဲ့တယ်..။ယင်းနောက် အပြုံးလေးနဲ့ ပြန်ပြောလိုက်ပါတယ်..။

“..ကျွန်တော်က ဘယ်လိုသိမှာလဲ..။တကယ်လို့သာ အဖြေကို သိနေမယ်ဆိုရင်..ဘယ်လိုဖြစ်ပြီး ဒီလို ခံစားရမှာလဲ..ဟုတ်တယ်မလား.”

သူ ရယ်မောလိုက်ပြီးမှ မေးလိုက်တယ်..။

“ခင်ဗျား..အိုဒက်ဆေး ဆိုတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ ဒဏ္ဍာရီ အကြောင်းကို ကြားဖူးလား..”

နိုတစ်က အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီးမှ..ခေါင်းခါယမ်းလိုက်တယ်..။

“အဲ့ငနဲကို ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး..။တကယ်ပဲ အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်လား..။ဟမ့်..ငါတောင်မသိတဲ့ တတိယတန်းစား..သူရဲကောင်းတစ်ယောက်က မင်းအတွက် အထင်ကရ တစ်ယောက်ဖြစ်နေတာ အတော်ထူးဆန်းတာပဲ..”

ဆန်နီ ပြုံးလိုက်ပြီးမှ ပြောလိုက်တယ်..။

“ကျွန်တော်ရဲ့ သူငယ်ချင်းတစ်ယောက်က အဲဒီသူရဲကောင်းအကြောင်းကို ပြောပြခဲ့တာ..။အိုဒက်ဆေးက အိမ်နဲ့အဝေးမှာ ဆယ်နှစ်လောက်နေခဲ့ရတယ်..။သူက ဝေးကွာလွန်းတဲ့ ကုန်းမြေမှာ စစ်ပွဲတစ်ပွဲတိုက်ခိုက်နေခဲ့ရတာ..။ပြီးတော့..သူ့ရဲ့ အိမ်ပြန်လမ်းကို ရှာဖွေဖို့အတွက် ဆယ်နှစ်လောက်အချိန်ပေးခဲ့ရတယ်..။သူက သူငယ်ချင်းတွေ အားလုံးကို ဆုံးရှုံးခဲ့ရတယ် ၊ မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတယ် ၊ ဆိုးဝါးတဲ့ မွန်းစတား တွေ ၊ အန္တရာယ်တွေဥို ကြုံတွေ့ခဲ့ရတယ်လေ..။ဒါပေမဲံ သူက ဘယ်တော့မှ လက်မလျော့ခဲ့ဘူး..။နောက်ဆုံးမှာတော့..သူက အိမ်ကို ပြန်နိုင်ခဲ့တယ်..။အီတာကာ ..ကိုပေါ့..”

သူ့အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး..စိတ်တွေလွင့်ပါးနေတဲ့ အမူအရာအဖြစ် အစားထိုးသွားခဲ့ပါတယ်..။အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်မှ ဆန်နီက သက်ပြင်းချလိုက်ပြီး..

“…ကျွန်တော်လည်း တစ်ခါတစ်လေ အိုဒက်ဆေးလိုပဲ ခံစားနေရတယ်..။ဝေးကွာတဲ့ ကုန်းမြေပေါ်မှာ လမ်းပျောက်နေခဲ့တာ..။သူနဲ့ မတူတဲ့ အချက်က..ကျွန်တော်မှာ ပြန်ဖို့အတွက် အိမ်မရှိဘူး..။ကျွန်တော်က ကိုယ့်ကိုကို ကယ်တင်ဖို့ ၊ သူငယ်ချင်းတွေကိုအသက်ရှင်သန်အောင် ထားဖို့ နဲ့ ရိုင်းစိုင်းတဲ့ သားရဲတစ်ကောင်ထက် အနည်းငယ်ပိုသာအောင် ရှင်သန်ဖို့ကလွဲပြီး ဘာရည်ရွယ်ချက်မှ မရှိဘူး..။တကယ်လို့ တစ်စုံတစ်ယောက်က သွားစရာနေရာတောင် ရှိမနေခဲ့ဘူးဆိုရင်ရော..သူ့ကို လမ်းပျောက်နေတယ်လို့ ပြောနိုင်ပါဦးမလား..”

နိုတစ်က လဖက်ရည်တစ်ငုံသောက်လိုက်ပြီး..ခနလောက်စဉ်းးစားနေခဲ့တယ်..။ယင်းနောက် အတွေးနက်စွာပဲ…

“ငါသိပြီ..ငါနားလည်ပြီ…။ဒီတော့ မင်းမှာ ချို့တဲ့နေတာက အိမ်တစ်အိမ်ပဲ..။ဒါကြောင့်ပဲ မင်းက မျှော်လင့်ချက်ကို လွတ်မြောက်လာအောင် လုပ်ပေးချင်နေတာ..။အိမ်တစ်လုံးရဖို့အတွက်တဲ့လား..။ခနလေး..ဆန်းလပ်စ် ..မင်းက ဆင်စွယ်ရောင် တာဝါကို လိုချင်တယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူးနော်..”

ဆန်နီဟာ သောက်လက်စ လဖက်ရည်တောင် သီးသွားခဲ့တယ်..။ယင်းနောက် မှော်ဆရာကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး..

“ဘာကိုလဲ…မဟုတ်ဘူး…ကျွန်တော်ပြောချင်တာ အဲလိုမဟုတ်ဘူး..။အိမ်ဆိုတာက ဉပစာ တစ်ခုပဲလေ..အင်မော်တယ် အရူးရဲ့…”

နိုတစ်က အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီးမှ မျက်နှာသေနဲ့ …မေးလိုက်တယ်..။

“ဉပစာ ဆိုတာက ဘာကိုပြေတာလဲ..”

ဆန်နီ သူ့ကို တစ်ခနလောက် စိုက်ကြည့်နေခဲ့ပြီးကာမှ..နှာခေါင်းရှုတ်လိုက်ပြီး ပြန်ဖြေဖို့ ပါးစပ်ဟလိုက်တယ်..။

သို့ပေမယ့် သူပြန် မဖြေခင်နိုင်မှာပဲ..ကျယ်လောင်တဲ့ ချိန်းကြိုးရိုက်ခတ်သံက လေထဲကနေတဆင့် ပျံ့နှံလာခဲ့ပါတယ်…။ယင်းနောက်..သူတို့အောက်မှာရှိနေတဲ့ မြင့်မြတ်နယ်မြေတစ်ခုလုံး တုန်လှုပ်သွားခဲ့တယ်..။

မဟုတ်ဘူး..ဒီကျွန်းက လှုပ်သွားတာ..။ကျွန်းတစ်ခုလုံးကိုက လှုပ်ခတ်သွားခဲ့တာပါ..။

ဆန်နီ အေးခဲသွားခဲ့ပြီး..စိုးရိမ်နေတဲ့ လေသံနဲ့မေးလိုက်ပါတယ်..။

“ဘယ်..ဘယိလိုသောက်ကျိုးနဲတွေ ဖြစ်ကုန်တာလဲ…”

နိုတစ်က လဖက်ရည်ကို တည်ငြိမ်စွာ ကုန်အောင်သောက်လိုက်တယ်..။ပြီးတာနဲ့မျက်လုံးတွေကို မှိတ်ထားရင်း အရသာကို တစ်ခနလောက် ခံစားနေခဲ့ပါတယ်..။ယင်းနောက် အနောက်ဘက်ကို ကြည့်လိုက်ပြီး..

“အဲတာက သူတို့ရဲ့ တမန်တော် ဖြစ်မယ်ထင်တယ်..။သူ့က ငါထင်ထားတာထက်ကို ပိုစောပြီး ရောက်လာတာပဲ..။အာ..ဘယ်လောက်တောင် စိတ်ရှုပ်စရာလဲ..။ငါတို့က လဖက်ရည် တစ်အိုးကုန်အောင် တောင် မသောက်ရသေးတာကို..”

All Chapters