မိစ္ဆာဂိုဏ်းမှ စောင့်နေသူ
Vol. 48 Ch. 691
“အချိန် တစ်ရက်တောင် ကုန်တော့မယ်။ သူတို့က အဲ့ဒီ အကာအကွယ်လွှာထဲက ထွက်ရော ထွက်လာနိုင်ကြဦးမှာလား...”
မိစ္ဆာဂိုဏ်းမှ အရိပ်သံတမန်တစ်ဦးသည် မြို့ထဲတွင် စောင့်ဆိုင်းလျက်ရှိ၏။
အကြီးအကဲရန်အား ဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်ရန် ဂိုဏ်းချုပ် ဖန်းယုမှ သူ့အား စေလွှတ်လိုက်ခြင်းလည်း ဖြစ်သည်။
ထိုနေရာတွင် ပြဿနာ အနည်းငယ်တော့ ရှိနေခဲ့၏။
သူသည် အကြီးအကဲရန်နှင့် ယခုအချိန်ထိ တွေ့ဆုံခွင့်ပင် မရသေးပေ။
သူသည် အကာအကွယ်လွှာအား ဖြတ်ကျော်ဝင်ရောက်၍ မရနိုင်သလို တစ်ရက်နီးပါး ကုန်လွန်သွားသည့်တိုင် အာရန်မှာလည်း ယခုအချိန်ထိ ထိုအထဲမှ ထွက်မလာသေးပေ။
“အကြီးအကဲရန်က တကယ်ပဲ သက်လုံးအတော်ကောင်းတဲ့လူပဲ”
သူသည် ထိုကိစ္စအား တွေးလိုက်မိသဖြင့် ခေါင်းကုတ်မိလိုက်သည်။
ဤကြန့်ကြာမှုနှင့် ပတ်သက်၍ ဂိုဏ်းချုပ်အား မည်သို့ ပြန်ပြောရမည်ကိုပင် သူ မသိတော့ချေ။
တိုက်ကြီးများအကြား ဤကဲ့သို့ ပြင်းထန်သည့် စစ်ပွဲများ ဖြစ်ပွားနေချိန်တွင် အကြီးအကဲရန်သည် မဟာအကြီးအကဲရှုယင်နှင့်အတူ ချစ်ကြည်နူး တစ်တီတူးနေကြသည်ဟု ဂိုဏ်းချုပ်အား ပြန်ပြောရမည်လား....။
ဤကဲ့သို့ သတင်းစကားမျိုးသည် ဂိုဏ်းထံသို့ မည်သည့်နည်းနှင့်မျှ ပြန်မပို့သင့်ကြောင်း သူ၏ ပင်ကိုယ်အသိစိတ်မှ အလိုအလျှောက် သတိပေးလျက်ရှိ၏။
အကယ်၍ ဤကိစ္စကြောင့်ဖြင့် အကြီးအကဲရန်ဆိုသူအား ပြစ်မှားမိပါက ဂိုဏ်းချုပ်ကိုယ်တိုင်ပင် သူ့အား ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။
သူသည် ဂိုဏ်း၏ အတွင်းစည်းအရိပ်အဖွဲ့ဝင်တစ်ဦး ဖြစ်လာသည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သို့သော် အချိန်အကြာကြီး ပျောက်ကွယ်နေခဲ့သော်လည်း ဂိုဏ်းအတွင်း၌ အကြီးအကဲရန်၏ အရေးပါမှုသည် လွန်စွာ ကြီးမားနေဆဲ ဖြစ်ကြောင်း သူ့အနေနှင့် သိထားပြီးဖြစ်လေသည်။
အကြီးအကဲရန်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခွန်အားကြီးမားသူတစ်ဦး ဖြစ်ပြီး ဤစစ်ပွဲအတွင်း၌ သူ၏ တန်ဖိုးသည် ပိုမို၍သာ မြင့်တက်လာပေလိမ့်မည်။
ထို့ပြင် ဤအကြီးအကဲရန်ဆိုသူသည် အနောက်ဘက်တိုက်ကြီးမှ စစ်သင်္ဘောတစ်စင်းကိုပင် ယူဆောင်လာနိုင်ခဲ့သည် မဟုတ်ပါလား...။
ဆိုလိုသည်မှာ အနောက်ဘက်တွင်လည်း ပဋိပက္ခများ ပြီးဆုံးလုနီးပါး ဖြစ်သွားပြီဖြစ်ရကာ သူတို့အနေဖြင့် အကူအညီများ ပိုမို ရရှိနိုင်တော့မည် ဖြစ်လေသည်။
လူတိုင်းသည် အနက်ရောင် အမိုးခုံးပုံသဏ္ဍာန် အကာအကွယ်လွှာအတွင်းမှ အကြီးအကဲရန် ပြန်လည် ထွက်ပေါ်လာမည့်အချိန်ကို စောင့်မျှော်နေကြချိန်တွင် အဓိကပုဂ္ဂိုလ်အကြီးအကဲရန်မှာမူ စနစ်သိုလှောင်ခန်းအတွင်းမှ ထုတ်ယူထားသော ကုတင်ပေါ်တွင် ဇိမ်ကျကျ လဲလျောင်းလျက်ရှိ၏။
သူ၏ ခန္ဓာကိုယ်၌လည်း အဝတ်ဟူ၍ မြူတစ်မှုန်စာပင် ရှိမနေခဲ့ပေ။
ထို့ပြင် လွန်စွာလှပသော အမျိုးသမီးတစ်ဦးသည် သူ၏ လက်မောင်းတစ်ဖက်ပေါ်တွင် ခေါင်းအုံးလျက် အနားယူနေသည်။
သူမသည် ဤအခိုက်အတန့်ကို အပြည့်အဝ အပိုင်သိမ်းထားလိုသကဲ့သို့ အာရန်၏ မျက်နှာအား တိတ်တိတ်လေး ငေးကြည့်နေခဲ့သည်။
နာရီပေါင်းများစွာ ကြာမြင့်ခဲ့သော လှုပ်ရှားမှုများကြောင့် သူမ၏ နှလုံးခုန်နှုန်းများ မြန်ဆန်နေဆဲ ဖြစ်သော်လည်း သူမ၏ ကျန်လက်တစ်ဖက်ကို အာရန်၏ ရင်ဘတ်ပေါ်သို့ တင်ထားခဲ့သည်။
“ကိုယ်တို့ ထွက်ကြမလား။ တခြားလူတွေ ကိုယ်တို့ကို စောင့်နေကြလောက်ပြီ” ဟုပြောရင်း အာရန်၏ လက်ချောင်းများက ရှုယင်၏ ဆံနွယ်များအား နားရွက်နောက်သို့ ညင်သာစွာ သပ်တင်ပေးလိုက်၏။
“သူတို့ ထပ်စောင့်နေပါစေ”
ရှုယင်၏ လက်သည် အာရန်၏ ရင်ဘတ်ပေါ်မှ အောက်သို့ တဖြည်းဖြည်း လျှောဆင်းသွားပြီး တစ်စုံတစ်ရာအား ဆုပ်ကိုင်လိုက်သည်။
“ကျွန်မ ဗိုက်ဆာနေတုန်းပဲ”
ရှုယင်သည် ထထိုင်လိုက်သော်လည်း သူမ ဆုပ်ကိုင်ထားသော အရာအား ယခုအချိန်ထိ လွှတ်မပေးသေးပေ။
ထို့ပြင် ထိုလက်တစ်ဖက်အား ညင်သာစွာ လှုပ်ရှားပေးနေရင်းဖြင့်ပင် သူမ၏ ဦးခေါင်းသည် အောက်ဘက်သို့ တဖြည်းဖြည်းချင်း ဆင်းသွားခဲ့၏။
“အင်း.... သူတို့ ခဏလောက် ထပ်စောင့်ရလို့လဲ ဘာမှမဖြစ်ပါဘူးလေ”
ထို့နောက် အာရန်သည် မျက်လုံးများကို ပြန်လည်မှိတ်ထားလိုက်ပြီး ရှုယင်၏ နူးညံ့သော နှုတ်ခမ်းဖူးဖူးလေးများဆီမှ ထပ်မံ ရရှိလိုက်သော အထိအတွေ့အား ကျေနပ်စွာ ခံယူနေလိုက်သည်။
အတိတ်တုန်းကဆိုလျှင် ထိုမိန်းကလေးသည် သူ့ထက် ပိုမိုသန်မာခဲ့ဖူးလေသည်။ ထိုအချိန်များ၌ သူမသည် သူ့အား အရုပ်ကြိုးပြတ်ဖြစ်သည်အထိ ဆက်ဆံသည့် အခိုက်အတန့်များ ရှိခဲ့ဖူး၏။
သို့သော် ယခုအခါတွင်မူ တစ်ရက်တာနီးပါး ကြာမြင့်သည့်တိုင် သူသည် အနည်းငယ်မျှပင် မောပန်းခြင်း မရှိသေးပေ။
ဤသို့ဖြင့် အာရန်တစ်ယောက် ထိုကုတင်ပေါ်မှဆင်းပြီး အဝတ်အစားများ ပြန်လည် ဝတ်ဆင်ချိန် မတိုင်မှီအထိ နောက်ထပ် ဆယ်နာရီခန့်ထပ်မံ အချိန်ဖြုန်းခဲ့သေး၏။ ဤတစ်ကြိမ်တွင်မူ ရှုယင်တစ်ယောက် မည်သို့မျှ တောင့်မခံနိုင်တော့ပဲ ကုတင်ပေါ်တွင်ပင် ပိုးလိုးပက်လက်လန်၍ ကျန်ရစ်ခဲ့ရရှာလေတော့သည်။
သူမ၏ နှလုံးခုန်သံများသည် ယခင်အတိုင်း မြန်ဆန်နေဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်၌မူ ခွန်အားဟူ၍ အနည်းငယ်မျှပင် ကျန်ရှိမနေတော့သည့်ပုံပင်။
သို့သော် သူမ၏ နှုတ်ခမ်းထက်တွင်မူ ကျေနပ်အားရသော အပြုံးတစ်ခု အချိန်အတော်ကြာအထိ ထပ်မံ၍ တည်ရှိနေခဲ့သည်။
အာရန်သည် သူမအား အထက်ကမ္ဘာမှ ယူဆောင်လာခဲ့သော ခွန်အားဖြည့်ဆေးရည် တစ်ပုလင်းအား ပေးရန် စဉ်းစားလိုက်မိသော်လည်း ထိုသို့ ပေးလိုက်မိပါက သူမသည် သူ့အား ကုတင်ပေါ်သို့ ထပ်မံ၍ ဆွဲခေါ်သွားမည်ကိုလည်း စိုးရိမ်မိလိုက်ပြန်သည်။
ထိုမိန်းကလေးသည် သူ့အား ရူးရူးမူးမူးပင် ချစ်မြတ်နိုးနေသည်။
သူမသည် သူ့အနားမှ တစ်စက္ကန့်လေးပင် ထပ်မံ၍ ဝေးကွာချင်ပုံမရပေ။
ဤသို့ဖြင့် အာရန်သည် အဝတ်အစားများ ပြန်လည်ဝတ်ဆင်လိုက်ပြီးနောက် ကုတင်ပေါ်တွင် ခြေပစ်လက်ပစ် မှေးစက်လျက်ရှိသော ရှုယင်၏ နံဘေးနားတွင် ပြန်ထိုင်လိုက်၏။
“ကျွန်မ ရှင့်ကို... ပြောမပြတတ်အောင်ပဲ စိတ်ပူနေခဲ့တာ” ဟု ရှုယင်သည် ရုတ်တရက် လေသံတိုးတိုးဖြင့် အာရန်အား ပြောလိုက်သည်။
“ဘာကို စိတ်ပူတာလဲ”
“ရှင် ဘယ်တော့မှ ပြန်မလာတော့မှာကိုပေ့ါ။ ပြီးတော့ ရှင်က ကျွန်မထက် အဖက်ဖက်က ပိုသာတဲ့မိန်းကလေးတစ်ယောက်ကို ရှာတွေ့သွားပြီး ကျွန်မကို ထာဝရ ထားခဲ့မှာကို ကောပဲ”
သူမသည် ပြောရင်းဖြင့် အာရန်၏ လက်တစ်ဖက်အား အားဖြင့်ကိုင်ထည့်လိုက်သည်။
ထို့နောက် ထိုလက်ကိုပင် သူမ၏ ပါးပြင်ပေါ်သို့ တင်လိုက်ကာ အာရန်၏ အနွေးဓာတ်အား ခံစားကြည့်နေလိုက်၏။
“ကျွန်မ တစ်ချိန်လုံး ကြောက်လန့်နေခဲ့ရတာ...”
အာရန်သည် တစ်စုံတစ်ရာ ပြောရန် ပါးစပ်ဟလိုက်မိသည်။
သို့သော် ကံမကောင်းစွာဖြင့် သူသည် ပြန်ပြောရန် စကားလုံးကို ရှာမတွေ့ခဲ့ပေ။ သူမထံသို့ စောစော ပြန်မလာနိုင်ခဲ့သည့်အတွက် တောင်းပန်ကြောင်း ပြောရန် သူ စဉ်းစားလိုက်မိသည်။
ထို့ပြင် သူ့အား မည်သည့်အရာက ကြန့်ကြာနေစေခဲ့သည်ကိုလည်း ရှင်းပြချင်နေမိသည်။
သို့သော် သူသည် နောက်ဆုံးတွင်မူ မည်သည့်အရာကိုမျှ မပြောဖြစ်ခဲ့ပေ။
သူသည် သူမအား သည်အတိုင်း တိတ်ဆိတ်စွာဖြင့်သာ စိုက်ကြည့်နေခဲ့မိသည်။
“အော်.. ဟုတ်သားပဲ။ ဂိုဏ်းချုပ်က ရှင် ပြန်ရောက်နေတာကို သိနေလောက်ရောပေါ့။ သူတို့ ကြိုဆိုပွဲတောင် ပြင်ဆင်ထားပြီးလောက်ပြီ။ ကျွန်မတို့ ပြန်သင့်ပြီထင်တယ်”
ရှုယင်သည် အာရန်၏ တိတ်ဆိတ်နေမှုကို မေးခွန်းထုတ်ခြင်း မပြုခဲ့ဘဲ တွန့်ဆုတ်စွာဖြင့်ပင် သူ၏ လက်အား ပြန်လွှတ်ပေးခဲ့သည်။
ထို့နောက် သူမ၏ ခန္ဓာကိုယ်အား အော်ရာဖြင့် သန့်စင်မှုအချို့ပြုလုပ်လိုက်ပြီးနောက် အဝတ်အစားများကို ပြန်လည်ကာ ဝတ်ဆင်လိုက်၏။
...
ဤသို့ဖြင့် နောက်ဆုံးတွင် မြို့တံတိုင်းအနီးရှိ အနက်ရောင် အကာအကွယ်လွှာလေးသည် ပြန်လည်ပျက်ပျယ်သွားခဲ့ရကာ အတွင်း၌ နာရီသုံးဆယ်နီးပါး အချိန်ကုန်ဆုံးခဲ့သော လူသားနှစ်ဦး အပြင်သို့ ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။
ဂိုဏ်းချုပ်မှ စေလွှတ်လိုက်သော သံတမန်သည် အကြီးအကဲရန် ထွက်ပေါ် လာမည့်အချိန်ကို လွတ်သွားမည် စိုးသဖြင့် အကာအကွယ်လွှာ ဘေးနားတွင် ထိုင်ခုံတစ်လုံး ချပြီး စောင့်ဆိုင်းနေခဲ့လေသည်။
အကာအကွယ်လွှာ စတင်ပျောက်ကွယ်လာသည်ကို မြင်လိုက်သည့် အခိုက်အတန့်တွင် သူသည် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်လိုက်မိသည်။
နောက်ဆုံးတော့ ထိုနှစ်ယောက် ပြန်ထွက်လာကြလေပြီ...။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှုယင်၏ ဘေးတွင် ယှဥ်တွဲ လျှောက်လာသူသည် အကြီးအကဲရန် အမှန်ပင် ဖြစ်ကြောင်း သူ အတည်ပြုလိုက်နိုင်၏။
“အကြီးအကဲရန်... ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”
ဂိုဏ်းကိုယ်စာလှည်သည် လေးစားစွာဖြင့် အာရန်အား ကြိုဆိုနှုတ်ဆက်လိုက်သည်။
“ဂိုဏ်းချုပ်က အကြီးအကဲကို ကြိုဆိုဖို့ ကျုပ်ကို စေလွှတ်လိုက်တာပါ”
ရှုယင်အား ပြသခဲ့သော အာရန်၏ အပြုံးသည် ထိုအရိပ်သံတမန်၏ ရှေ့တွင်မူ ရှိမနေတော့ပေ။
၎င်းက ထိုသံတမန်၏ အမြင်တွင် အာရန်၏ မျက်နှာပေါ်၌ ခံစားချက် အရိပ်အယောင်တစ်ခုတစ်လေမျှ မရှိသော အတိတ်က ကြောက်မက်ဖွယ် နတ်ဆိုးအကြီးအကဲ တစ်ဦးအဖြစ် မြင်လာစေခဲ့၏။
“အတော်ပဲ ကျုပ်လဲ ဂိုဏ်းကို ပြန်ဖို့ ရည်ရွယ်ထားတာ” အာရန်သည် ခေါင်းကို တစ်ချက်သာ ညိတ်ပြလိုက်သည်။
ထို့နောက် ရှုယင်၏ လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်လျက်ပင် အာရန်သည် မြို့ပြင်၌ ချန်ထားရစ်ခဲ့သော သန့်စင်ဧကရာဇ်၏ လေသင်္ဘောဆီသို့ ပြန်လည် ပျံသန်းသွားခဲ့သည်။
ထိုလေသင်္ဘောကို မိစ္ဆာဂိုဏ်းမှ လူများ စောင့်ကြပ်နေကြသော်လည်း မည်သူမျှ သင်္ဘောပေါ်သို့ တက်ရောက်ဝံ့ခြင်း မရှိပေ။
ထို့အတူ မည်သူမျှလည်း သင်္ဘောပေါ်မှ ဆင်းမလာခဲ့ကြပေ။
အာရန်သည် သင်္ဘောပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် အရာအားလုံးသည် သူ ထားခဲ့သည့်အတိုင်း ရှိနေသေးကြောင်း သေခြာစေရန် ထပ်မံင စစ်ဆေးလိုက်သည်။ သူ၏ အကာအကွယ်လွှာသည် အမှန်တကယ် အလုပ်ဖြစ်ခဲ့ပုံရလေသည်။
“သူတို့က သိပ်တော့မညံ့ကြဘူးပဲ။ ကောင်းတယ်”
ထိုစဥ်က အာရန်သည် သင်္ဘောအား အလျင်စလို ထားရစ်ခဲ့ရခြင်းဖြစ်သော်လည်း မမျှော်လင့်ထားသော အခြေအနေများအတွက် ကြိုတင် ပြင်ဆင်ထားရန်မူ မမေ့လျော့ခဲ့ပေ။
သူ၏ ခွင့်ပြုချက်မရှိဘဲ သင်္ဘောပေါ်မှ ဆင်းသွားသူ သို့မဟုတ် သင်္ဘောပေါ်သို့ တက်ရောက်ရန် ကြိုးစားသူ မည်သူမဆို သေဒဏ်သင့်မည်ဟု သူကိုယ်တိုင် ကြေငြာထားခဲ့သည် မဟုတ်ပါလာ...။
ထိုလေသင်္ဘောအား ထိုးဖောက်ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အင်အားအဆမတန်ဖြင့် တိုက်ခိုက်ခြင်းတစ်နည်းသာ ရှိပေလိမ့်မည်။
သို့သော် သူတို့သည် အရှေ့တိုက်ကြီးတွင် ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် မိစ္ဆာဂိုဏ်းမှ အကြီးအကဲတစ်ဦးဟုယူဆရသူနှင့်အတူ ရောက်ရှိလာသော မဟာမိတ်ဖြစ်သည့် အနောက်ဘက်တိုက်ကြီးမှ လေသင်္ဘောတစ်စင်းအား တိုက်ခိုက်ရန် ကြိုးစားခြင်းသည် လွန်စွာတုံးအသူများသာ လုပ်ဆောင်မည့် အရာမျိုး ဖြစ်လေသည်။
ဤသို့ဖြင့် သင်္ဘောပေါ်သို့ ပြန်ရောက်ပြီးနောက် အာရန်သည် ဂိုဏ်းချုပ်၏ သံတမန် နောက်သို့ လိုက်ပါကာ မိစ္ဆာဂိုဏ်း၏ ဌာနချုပ်တည်နေရာသို့ လိုက်ပါသွားခဲ့၏။
ဤသို့ဖြင့် မိစ္ဆာဂိုဏ်း၏ အဝင်ဝသို့ရောက်သောအခါ မမျှော်လင့်ထားသော အံ့သြစရာ ကောင်းလောက်အောင်ပင် ရင်းနှီးသော ပုံရိပ်လေးတစ်ခုအား အာရန်တစ်ယောက် မြင်တွေ့လိုက်ရသည်။
တစ်စုံတစ်ယောက်သည် သူ၏ပြန်အလာကို စိတ်အားထက်သန်စွာဖြင့် ထိုနေရာ၌ရပ်၍ အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ဟန်ပင်။