← Chapters

နေမင်း ရဲ့ တမန်တော်..

Vol. 47 Ch. 705

နေမင်း ရဲ့ တမန်တော်..

Vol. 47 Ch. 705

နိုတစ် သက်ပြင်းချလိုက်ပြီး..သူ့ရဲ့ ခွက်အလွတ်ကို စားပွဲပေါ်တင်လိုက်ကာ မတ်တတ်ထရပ်လိုက်ပါတယ်..။သူက ပိုချည်ဝတ်ရုံကို အပေါ်ကို ခေါက်တင်လိုက်ပြီး ခေါင်းကို ခါယမ်းကာ ပြုံးလိုက်တယ်..။ပြီးတာနဲ့..ကျောက်တိုင်ကြီးပေါ်က ကျောက်သားမျက်နှာပြင်ပေါ်ကို ဖြတ်လျောက်သွားလိုက်တယ်..။

ဆန်နီကတော့..ထိပ်လန့်တုန်လှုပ်မူတွေ အပြည့်နဲ့ သူ့နောက်ကနေ မလွတ်တမ်းလိုက်သွားခဲ့တယ်..။သို့ပေမယ့်..မှော်ဆရာကို သူ ပထမဆုံးပြောလိုက်တဲ့ စကားက ချိန်းအရှင်သခင်တွေ လွှတ်လိုက်တဲ့ တမန်တော်နဲ့ ဘာမှ သက်ဆိုင်နေခြင်း မရှိခဲ့ပါဘူး..။

“ဉပစာ ဆိုတာက..တင်စားပြောဆိုမူတစ်ခုပဲလေ…အာ..ဉပမာပေးပြီး ပြောသလိုပဲပေါ့..”

နိတစ်က သူ့ကို အံ့ဩသင့်စွာ ကြည့်လိုက်တယ်..။

“ပြောရရင် မင်းရဲ့ စိတ်တည်ငြိမ်မူက လေးစားလောက်တယ်..ဆန်းလပ်စ်..။ဒါပေမဲ့ အခုချိန်မှာ ဒါက အရေးကြီးတယ်လို့ မင်းက ထင်နေတာလား..။အခု လာတော့…ငါ့တို့ရဲ့ ဧည့်သည်က မြင့်မြတ်နယ်မြေအထိ ရောက်မလာခင် ..ငါတို့ကသွားတွေ့မှ ရမယ်..”

မှော်ဆရာက သူတို့နဲ့ တူညီတဲ့ အမြင့်မှာ ရှိနေတဲ့ သဘော်ပျံကို လက်ညိုးညွှန်ပြပြီး ပြောလိုက်တာပါ..။ဆန်နီက အနက်ရောင် တောင်ပံကို ထုတ်ဖော်ပြီး..ပြောလိုက်တယ်..။

“အာ..မဟုတ်ဘူးလေ..အရေးကြီးတယ်လို့ မထင်ပါဘူး..။ဒါပေမဲ့ ကျွန်တော်တို့က တမန်တော်နဲ့ ဒီမှာဘာလို့ တွေံလို့မရတာလဲ..။မဟုတ်ဘူး..ခနလေး…တကယ်လို့ သူက မြင့်မြတ်နယ်မြေကိုတောင် ရောက်မလာသေးဘူးဆိုရင် ကျွန်းကြီးက ဘာလို့ လှုပ်နေတာလဲ..”

နိုတစ် ပုခုံးတွန့်လိုက်ပြီးမှ လေထဲကို ပျံတက်သွားကာ သဘော်ပျံဆီကို သွားလိုက်တယ်..။သူက ဒီလိုပျံသန်းဖို့အတွက် ဘယ်လို နည်းလမ်းတွေကို အသုံးပြုလိုက်တာလဲ ဆိုတာကိုတော့ ဆန်နီလည်း မသိပါဘူး..။သူ သိနိုင်တာဆိုလို..သူက အပေါ်ကို ခုန်လိုက်ပြီး..ရှေ့ကို ရွေ့လျားသွားခဲ့တာပါပဲ..။

မှော်ဆရာက သူ့ကို ကြည့်လိုက်ပြီး..သုန်မုန်စွာ ပြောလိုက်တယ်..။

“ငါတို့က တမန်တော်နဲ့ ဒီမှာတွေ့မယ်ဆိုရင် ငါ့ရဲ့ လှပတဲ့ မြင့်မြတ်နယ်မြေက ..ကောင်းပြီလေ..ထိခိုက်မူတွေ ဖြစ်သွားမှာပေါ့..။ဒီလိုတော့ အဖြစ် မခံနိုင်ဘူး..။ကျွန်က ဘာလို့ လှုပ်နေရတာလဲ ဆိုတာကိုတော့ ငါတို့ မကြာခင်တွေ့ရလိမ့်မယ်..”

မကြာခင်မှာပဲ သူတို့က သဘော်ကုန်းပတ်ပေါ်ကို ရောက်သွားခဲ့တယ်..။သဘော်သား အရုပ်တွေက..ရွက်တိုင်တွေကို လွင့်ပြီး..ထွက်ခွာဖို့အတွက် ပြင်ဆင်နေခဲ့ကြပါပြီ..။ကတ်စီ..ကိုင် နဲ့ အယ်ဖီတို့လည်း ဒီမှာရှိနေခဲ့ကြတယ်..။သူတို့ကြည့်ရတာ..သူတို့မရောက်ခင်လေးတင်ပဲ..ရောက်လာခဲ့ကြတဲ့ ပုံပါပဲ..။

ဆန်နီ သူတို့ကို ကြည့်ပြီး တိတ်တဆိတ်မေးခွန်းထုတ်လိုက်တယ်..။အယ်ဖီက ရိုးရှင်းစွာပဲ ကတ်စီကကို မျက်စ ပစ်ပြလိုက်ပါတယ်..။သူတို့ရဲ့ တုန်ပြန်မူတွေက ဘာလို့ လျင်မြန်နေရတာလဲ ဆိုတဲ့ ဆန်းကျယ်မူက အခုဆိုရင်..အလွယ်တကူပဲ ဖြေရှင်းပြီးသွားခဲ့ပါပြီ..။

မှော်ဆရာက..အချိန်ဖြုန်းမနေတော့ပဲ..သဘော်ရဲ့ ပဲ့ကိုင်တဲ့ နေရာဆီကို ဦးတည်သွားလိုက်တယ်..။ပြီးတာနဲ့ မာလိန်မှူးနေရာ ဆီမှာ နေရာဝင်ယူလိုက်ပါတယ်..။ဒီနေရာမှာက..သဘော် လေပေါ်မှာ ပျံသန်းဖို့အတွက် ထိန်းချုပ်တဲ့နေရာပါ..။ရှေးဟောင်း သဘော်ကြီးက ထိန်းချုပ်မူတွေ ပြုလုပ်ဖို့အတွက်..စတီယာတိုင်တွေတော့ ရှိမနေသေးပါဘူး..။အဲဒီအစား သဘော်က..အစွန်းမှာ တပ်ဆင်ထားတဲ့ တက်မ နှစ်ချောင်းကိုသာ အားထားနေခဲ့ရပါတယ်..။

တက်မတွေရဲ့ ကြားထဲမှာတော့..ရူးစ်နစ် စက်ဝိုင်းတစ်ခုကို ဖန်တီးထားခဲ့တယ်..။နိုတစ်က အထဲကိုဝင်လိုက်ပြီး..အတွင်းပိုင်းမျက်နှာပြင်ပေါ်မှာက ကွေးညွှတ်နေတဲ့နေရာတစ်ခုမှာ သက်သောင့်သက်သာရှိစွာမှီထိုင်လိုက်ကာ တက်မ တွေပေါ်မှာ လက်တင်လိုက်တယ်..။ခနအကြာမှာတော့..စက်ဝိုင်းက သိမ်မွေ့တဲ့ အလင်းတန်းတွေ တောက်ပလာခဲ့ပါတယ်..။

သဘောပျံက ရုပ်ပိုင်းဆိုင်ရာ အပြင် ဝိဉာဉ်အဆီအနစ်တွေ နဲ့ပါ ထိန်းချုပ်နေခဲ့ရတာပါ..။သဘော်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေတဲ့..မမြင်ရတဲ့ စွမ်းအားလှိုင်းတွေ ရှိနေခဲပြီး..အဓိက ကုန်းပတ်ပေါ်မှာ ပေါက်ရောက်နေတဲ့ လှပတဲ့ သစ်ပင်ကြီးရဲ့ အမြစ်တွေ ဆီကို ဦးတည်နေခဲ့ကြတယ်..။

ကံကောင်းချင်တော့ သစ်ပင်ကြီးက..သဘော် လေပေါ်မှာပျံသန်းဖို့အတွက် လိုအပ်တဲ့ အဆီအနှစ် ပမာဏကို ထုတ်လွှတ်ပေးထားတဲ့ အတွက်ကြောင့် မာလိန်မှူးကို အဆီအနှစ်တွေ ထည့်သွင်းစရာ မလိုအပ်ခဲ့ပါဘူး..။မဟုတ်ရင် ကတ်စီ အနေနဲ့ အနာဂတ်အချိန်မှာ ဒီသဘော်ကို မောင်းနှင်နိုင်မှာ မဟုတ်ပေ..။သို့ပေမယ့် မောင်းနှင်သူ အနေနဲ့..သဘော်ရဲ့ အရှိန်ကို ထိနန်းချုပ်ပြီး..ဗဟိုချက်မအဖြစ် ရှိနေဖို့ လိုအပ်ပါသေးတယ်..။ဒီအရာကိုတော့ နိုးထသူတွေပဲ လုပ်ဆောင်နိုင်မှာပါ..။

ဒါမှမဟုတ် အထွတ်အထိပ် အဆင့် တစ်ယောက်ပေါ့..။

နိုတစ်က သူ့ရဲ့ကိုယ်ပိုင် အဆီအနှစ်တွေကို ထည့်သွင်းပြီး..သူ့ရဲ့ ဝိဉာဉ်နဲ့ ရှေးဟောင်းသဘော်ကြီးကို ဆက်သွယ်လိုက်ကာ စတင်ရွေ့လျားစေလိုက်တယ်..။ပြီးတာနဲ့ ရွက်လွင့်ခြင်းနဲ့အတူပဲ အရှိန်ကို မြင့်တင်လိုက်ပါတယ်..။မှော်ဆရာက ပေါ့ပါးတဲ့ အပြုံးလေးနဲ့ တက်မကို ကိုင်ထားခဲ့ပြီး…ကတ်စီကို ကြည့်လိုက်တယ်..။

“ကျရှုံးမူသံစဉ်..မိန်းကလေး..မင်းက ငါ ဒီသဘော်ကို ထိန်းချုပ်တာကို ကြည့်ချင်နေတာမလား..။မာစတာတစ်ယောက်က ဘယ်လိုထိန်းချုပ်သလဲ ဆိုတာကို မင်းကြည့်ဖို့ အခွင့်အရေးရသွားပြီပေါ့..။အမှန်အတိုင်းပြောရရင်..ဒီ မျော်လင့်ချက်နိုင်ငံတော်မှာ ငါ့ထက် ကျွမ်းကျင်တဲ မာလိန်မှူး ဆိုတာ ရှိမှာ မဟုတ်တော့ဘူး..။ဆိုးတာက ငါတို့ရဲ့ ပျံသန်းမူက ကြာမှာ မဟုတ်ဘူးလေ..”

သူ ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး..မျက်မမြင် မိန်းကလေးကို နောင်တရတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။ယင်းနောက် ရှက်ရွံ့စွာ လည်ချောင်းကို ရှင်းလိုက်ပြီး..

“ကောင်းပြီလေ…အာ…”ကြည့်တယ်..’ ဆိုတဲ့စကားကို ငါ မသုံးလိက်သင့်ဘူး..ဟင်..”

ကတ်စီ တစ်ခနလောက် တိတ််ဆိတ်နေပြီးကာမှ..ပုံမှန်အတိုင်းပဲ ပြောလိုက်တယ်..။

“ကျွန်မ အသားကျနေပါပြီ..။စိတ်မပူပါနဲ့..”

မိန်းမပျိုလေးက သဘော်ပျံကို အမှန်တကယ် စိတ်ဝင်စားနေမှန်းသိနေတာကြောင့် ဆန်နီက သူတို့နှစ်ယောက်ကို ထားခဲ့လိုက်ပြီး ဘေးဘက်ကို လျောက်သွားလိုက်တယ်..။ပြီးတာနဲ့ အဝေးကို သုန်မုန်စွာ ကြည့်လိုက်ပါတယ်..။

တမန်တော်က မြင့်မြတ်နယ်မြေကို ဘာလို့ လှုပ်စေတာလဲ ဆိုတာကို နိုတစ်က မပြောခဲ့ပေမယ့်..ဆန်နီက သိထားပြီးပါပြီ..။ကျွန်းတွေ အားလုံးကို ကောင်းကင်ချိန်းကြိုးတွေက ဆက်သွယ်ထားခဲ့တာကြောင့်..သန်မာတဲ့ လှုပ်ခတ်မူတွေက ပတ်ဝန်းကျင်ကို လှိုင်းလုံးတွေအဖြစ် ရောက်သွားနိုင်ပါတယ်..။မေးခွန်းကတော့..ဘယ်လို အရာကများ ပတ်ဝန်းကျင်ကျွန်းတွေအထိ‌ ရောက်လောက်အောင်..လှုပ်ခတ်မူတွေ ဖြစ်စေခဲ့တာလဲ ဆိုတာပါပဲ..။

ဖြစ်နိုင်တာကတော့..ကြီးမားတဲ့ သံမဏိ ရုပ်ထုကြီးကပဲ ဒီလိုလုပ်နိုင်ပါလိမ့်မယ်..။

သူ အံကိုကြိတ်ထားခဲ့ပြီး..

‘ချိန်းအရှင်သခင်တွေရဲ့ တမန်တော်…ဒါက ဟာသလား..။တမန်တော်က ချိန်းအရှင်သခင်တွေထဲက တစ်ယောက်ဖြစ်လာနိုင်တယ် ဆိုတဲ့ အချက်ကိုတော့ နိုတစ်က ထည့်မပြောခဲ့ဘူး..”

မြင့်မြတ်နယ်မြေကို ထိခိုက်ပျက်ဆီးမခံနိုင်လို့ သူတို့က တမန်တော်ကို တစ်ခြားနေရာမှ တွေ့ရမယ် ဆိုတာကရော ဘာကို ဆိုလိုတာလဲ..။ဒါက ရိုးရှင်းနေတာပဲ မဟုတ်ဘူးလား..။တမန်တော်တွေက ဘာအတွက်လဲ…သူတို့က စကားလုံးတွေကိုပဲ လာပို့ပေးတာ မဟုတ်ဘူးလား..။

သဘော်ပျံရဲ့ အောက်ဘက်မှာ ကျွန်းတွေ အများကြီးကိုဖြတ်သန်းပြီးတဲ့နောက်မှာတော့..သူက ရုတ်တရက် ရင်းနှီးတဲ့ အရာတစ်ခုကို မြင်တွေ့လိုက်ရတယ်..။ဒါပေါ့..ဒီဘက်ခေတ်မှာတော့ ဒါက ကွဲပြားမူတွေ ရှိပါတယ်..။

သံလက်ဝါးကျွန်းက ပုံမှန်အတိုင်းပဲ ကြီးမားနေဆဲဖြစ်ပြီး နူးညံ့တဲ့ မြက်ခင်းတွေ နဲ့ဖုံးအုပ်ထားခဲ့တယ်..။သိုပေမယ့်..အနာဂတ်ကာလမှာ ကျိုးပဲ့နေခဲ့ကြတဲ့ ရှေးဟောင်းကျောက်တိုင်ကြီးများက အခုချိန်မှာတော့ အကောင်းအတိုင်း ရှိနေတုန်းပါပဲ..။ဒါက ဗဟိုတူ စက်ဝိုင်းသုံးခု အဖြစ် ဖွဲ့စည်းနေခဲ့တယ်..။အပေါ်ကနေ ကြည့်တဲ့ အချိန်မှာတော့..သူတို့က ကြီးမားတဲ့ နေနာရီ ဒါမှမဟုတ် လနာရီ နဲ့တောင် တူညီနေခဲ့ပါသေးတယ်..။

ပြီးတော့ ဒါပေါ့..ကျွန်းရဲ့ အလယ်မှာရှိနေတဲ့ သံလက်ဝါးကြီးကတော့ ရှိမနေခဲ့သေးပါဘူး..။ဒီတော့ ကျွန်းရဲ့ နာမည်ကလည်း သံလက်ဝါးကျွန်းလို့ မခေါ်ါနိုင်သေးပေ..။

အနည်းဆုံးတော့ အခု မဟုတ်သေးဘူး..။

ဆန်နီ ရုတ်တရက် ကြက်သီးမွှေးညှင်းထသွားခဲ့တယ်..။

သို့မေပယ့် သူက ထပ်ပြီး တွေးတောဖို့အချိန်မရှိတော့ပါဘူး..။ဘာလို့လဲဆိုတော့ အဲ့အချိန်မှာပဲ တစ်ခြားတစ်ခုခုက သူ့ရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့လို့ပါ..။

မိုးသောက်ချိန် မြူတွေဆိုင်းနေတဲ့ ကြားထဲက..သူ့အနေနဲ့ အနီးအနားက ကျွန်းတွေကို တွေ့မြင်နေခဲ့ရတယ်..။လတ်တလောမှာတော့ ဒီကျွန်းတွေက သူတို့ထက် ပိုမြင့်တဲ့ နေရာမှာ ရှိနေခဲ့ကြတာပါ..။ဒီကျွန်းတွေက ရှုတ်တရက် လှုပ်ခတ်နေခဲ့ရင်း..လူသားပုံစံ ပုံရိပ်သေးသေးလေးက..ကျွန်းရဲ့ အစွန်းကနေ ခုန်ချလာတာကို တွေ့လိုက်ရတယ်..။

ဒါမှမဟုတ်..အကွာအဝေးကြောင့် သူက ဒါကို သေးငယ်တယ်လို့ ထင်နေခဲ့ရတာပါ..။

သူ့ဘေးနားမှာရှိနေတဲ့ကိုင်က စိတ်တင်းကြပ်သွားတာကို ဆန်နီ ခံစားလိုက်ရတယ်..။

နေရောင်က..သူ့ရဲ သံမဏိမျက်နှာပြင်ပေါ်မှာ ကျရောက်နေတုန်းမှာပဲ..ဒီပုံရိပ်က .မယုံနိုင်လောက်အောင် ဝေးကွာတဲ့ အကွာအဝေးကို ခုန်ကျော်လိုက်ပါတယ်..။ဒါက ဖြည်းဖြည်းချင်း‌ ရွေ့လျားနေတယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့..အရာဝတ္တုရဲ့ အရွယ်အစားကြောင့် ထင်ယောင်ထင်မှားဖြစ်နေခဲ့တယ်ဆိုတာ ဆန်နီ သိထားပြီးသားပါ..။

ပြီးတော့ တစ်ခနချင်းအတွင်းမှာပဲ ဒီပုံရိပ်က အမှန်တကယ်ကို ပိုပိုကြီးမားလာခဲ့တယ်..။သူ့ရဲ့ သံမဏိ ပုံရိပ်ကလည်း ပိုပိုပြီး နီးကပ်လာခဲ့ပါတယ်..။

ဒီ လူကောင်ကြီးဟာ..ကီလိုမီတာ အချို့ကို လှမ်းခုန်ကူးရင်း..သံလက်ဝါးကျွန်းရဲ့ မျက်နှာပြင်ပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်..။ဒီသက်ရောက်မူကြောင့် တစ်ကျွန်းလုံးကို ယိုင်နဲ့ပြီး တုန်လှုပ်သွားစေခဲ့တယ်..။ကောင်းကင်ချိန်းကြိုးတွေက..ကျယ်လောင်တဲ့ ဆူညံသံနဲ့အတူပဲ လေထဲမှာ ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားခဲ့ပါတယ်..။

ဒီ အရာကြီးကတော့ ဖြစ်ပေါ်လာတဲ့ သက်ရောက်မူတွေကို လုံးဝဂရူမစိုက်ပဲ..ခံစားချက်မဲ့စွာနဲ့ ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်တယ်..။

သူက သဘော်ပျံ ရှိနေတဲ့အရပ်ကို ကြည့်နေခဲ့တာပါ..။သူ့ရဲ့ လှပတဲ့ သံမဏိမျက်နှာပေါ်မှာတော့ ဘာခံစားချက်မှ ရှိမနေခဲ့ပေ..။အဲဒီအစား..သူ့ရဲ့ ပြောင်လက်နေတဲ့ မျက်နှာပေါ်မှာ နေ နှစ်စင်းကိုသာ ရောင်ပြန်ဟပ်နေခဲ့ပါတယ်..။

နေမင်းသားက ..နိုတစ်ဆီကို သတိပေးစကား..ပေးပို့ဖို့အတွက် ရောက်လာခဲ့ပါပြီ..။

အပိုင်း ( ၇၀၅ ) ပြီး၏။

All Chapters