← Chapters

အခန်း (၁၂၃)

Vol. 13 Ch. 123

အခန်း (၁၂၃)

Vol. 13 Ch. 123

တော်ဝင်တိုက်ပွဲဒုတိယအသင်းသည် ရှီလိုင်ခဲ့အဖွဲ့ကို အထင်အမြင်သေးစွာ ကြည့်နေကြသည်။ သူတို့၏ စွမ်းအားကို ခဏဖယ်ထားလျှင်ပင် အသွင်အပြင်ချင်းမှာ များစွာ ကွာခြားလှ၏။ တော်ဝင်ဒုတိယအသင်းသား ခုနစ်ဦးမှာ ရွှေဖျော့ရောင် ဝတ်စုံများပေါ်တွင် ငွေရောင်ကြယ်ပွင့်များ ဝင်းလက်နေကာ မြင့်မြတ်သောအရှိန်အဝါ ရှိသော်လည်း၊ ရှီလိုင်ခဲ့အဖွဲ့မှာမူ ရွံရှာဖွယ်ကောင်းသော အစိမ်းပုပ်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

ရန်သူများ၏ အထင်သေးသော အကြည့်များကို ခံစားရသောအခါ တိုက်မုပိုင်က သူ၏ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ကာ “ဒုတိယအသင်းရော ပထမအသင်းရော အမြင်ကပ်ဖို့ ကောင်းတာချင်း အတူတူပဲ။ ခဏနေရင်တော့ မင်းတို့ ငါ့မျက်လုံးကိုတောင် စေ့စေ့ကြည့်ရဲမှာ မဟုတ်တော့ဘူး” ဟု ပြောလိုက်သည်။

ထိုစဉ် ဒိုင်လူကြီး၏ အသံ ဟိန်းထွက်လာသည်။

“ခြေစစ်ပွဲ ပထမဆုံးပွဲစဉ်ကို တရားဝင် စတင်ပါပြီ”

ဝုန်း---

စကားဆုံးသည်နှင့် တိုက်မုပိုင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဝိဉာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

“သူငယ်ချင်းတို့... ဝိဉာဉ်ကွင်းတွေကို ထုတ်လိုက်ကြ၊ ကျားဖြူ အသွင်ပြောင်းခြင်း”

တစ်ပြိုင်နက်တည်းမှာပင် တော်ဝင်ဒုတိယအသင်းသားများလည်း သူတို့၏ ဝိဉာဉ်ကွင်းများကို ထုတ်ဖော်လိုက်ကြရာ စင်မြင့်ထက်တွင် ဝိဉာဉ်ကွင်းများ တစ်ခုပြီးတစ်ခု တောက်ပလာတော့သည်။ ပရိသတ်များမှာလည်း အံ့အားသင့်စွာဖြင့် ဟစ်အော်ကြကုန်၏။ စင်မြင့်ပေါ်တွင် တိုက်မုပိုင်နှင့် ရှောင်ဝူတို့မှာ အာရုံစိုက်ခြင်း အခံရဆုံးဖြစ်ပြီး၊ သူတို့၏ ခြေရင်းတွင် အဝါရောင်နှစ်ကွင်းနှင့် ခရမ်းရောင်နှစ်ကွင်း ဝှေ့ယမ်းနေသည်။ ထန်စန်းနှင့် ပိုင်ရှန်းရှန်းတို့မှာ အဝါနှစ်ကွင်း၊ ခရမ်းတစ်ကွင်းနှင့် အဆင့် ၃၀ ကျော် ဝိဉာဉ်အကြီးအကဲများ ဖြစ်ကြသည်။ နင်ရုံရုံနှင့် အော်စကာတို့မှာလည်း အကောင်းဆုံး စီစဉ်ထားသော ဝိဉာဉ်ကွင်း သုံးကွင်းစီ ရှိကြသည်။

ရှီလိုင်ခဲ့ နတ်ဆိုးလေးများထဲတွင် ကျူးကျူးချင်း တစ်ဦးတည်းသာ ဝိဉာဉ်ကွင်း မထုတ်ဘဲ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေ၏။ ဤအမည်မသိ အသင်းတွင် အဆင့် ၄၀ ကျော် ဝိဉာဉ်ဘိုး‌ဘေးနှစ်ဦး ပါဝင်နေသည်ကို မြင်ရသောအခါ ပရိသတ်များမှာ စိတ်လှုပ်ရှားစွာ အားပေးကြတော့သည်။

စင်မြင့်အောက်ရှိ တပ်စု စုဝေးရာ နေရာတွင် ဖုန်းရှောင်ထျန်းနှင့် ဟော့ဝူရွှမ်းတို့မှာ မျက်နှာပျက်သွားကြသည်။ အဆင့် ၄၀ ကျော် နှစ်ဦးပါသော အသင်းမှာ ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လီကျယ်ရှန်း ဘေးတွင် ရပ်နေသော ဒူဂူယန်က နှုတ်ခမ်းဆူကာ “ဒါပဲလား” ဟု မေးလိုက်သည်။

လီကျယ်ရှန်းက သူမကို ကြည့်ကာ မချိပြုံး ပြုံးလိုက်မိသည်။ ‘သွေးငန်း၏ အနမ်း’ ဆေးမြက်ကို စားသုံးထားသော ဒူဂူယန်အတွက် ရှိလိုင်ခဲ့အဖွဲ့၏ ဝိဉာဉ်အဆင့်မှာ အမှန်တကယ်ပင် သာမန်ကာလျှံကာသာ ဖြစ်နေတော့သည်။

သို့သော် ဤအဆင့်များမှာ လီကျယ်ရှန်း ခန့်မှန်းထားသည့်အတိုင်းပင်။ ‘ရေခဲနှင့် မီး ယင်ယန်‌ရေကန်’ မှ အခွင့်အရေးများ ဆုံးရှုံးခဲ့ရသဖြင့် မူရင်းဇာတ်လမ်းတွင် အဆင့် ၄၄ ရှိသော တိုက်မုပိုင်မှာ အဆင့် ၄၀ သာ ရှိတော့သည်။ ထန်စန်း၊ နင်ရုံရုံနှင့် အော်စကာတို့မှာ အဆင့် ၄၀ မပြည့်သေးပေ။ အစားထိုးဝင်လာသော ပိုင်ရှန်းရှန်းကိုမူ ပြောနေရန်ပင် မလိုတော့ချေ။ မူရင်းတွင် ဆေးမြက်မစားသော ရှောင်ဝူတစ်ဦးတည်းသာ အဆင့် ၄၀ တွင် ရှိနေဆဲ ဖြစ်သည်။ ရှီလိုင်ခဲ့ ခုနစ်ယောက်ထဲတွင် ဆေးမြက်စားခွင့်ရခဲ့သူ ကျူးကျူးချင်း တစ်ဦးတည်းသာ တိုက်မုပိုင်ထက်ပင် အဆင့်မြင့်နေပေလိမ့်မည်။ ဆိုရလျှင် ရှီလိုင်ခဲ့အဖွဲ့၏ စုစုပေါင်း တိုက်ခိုက်ရေးစွမ်းရည်မှာ မူရင်းထက် များစွာ အားနည်းသွားခဲ့ပြီ ဖြစ်သည်။

VIP စင်မြင့်ပေါ်တွင် ရွှယ်ယဲ့ဧကရာဇ်က ခေါင်းညိတ်ကာ “မဆိုးဘူး” ဟု ချီးကျူးသော်လည်း၊ ဘုန်းတော်ကြီး ဆားလပ်စ်ကမူ ဘာမှမပြောဘဲ ပြုံးနေရုံသာ ရှိသည်။ သူတို့အမြင်တွင် ရှီလိုင်ခဲ့အဖွဲ့မှာ နင်ဖုန်းကျစ် ချီးကျူးခဲ့သလောက် အစွမ်းမရှိဟု ထင်နေကြခြင်းပင်။ နင်ဖုန်းကျစ်ကမူ တည်ငြိမ်စွာ ပြုံးနေသည်။ သူသည် ထန်စန်း၏ တိုက်ပွဲကို ထိန်းချုပ်နိုင်စွမ်းမှာ လူငယ်တစ်ဦးနှင့် မတူဘဲ အလွန် ရင့်ကျက်သည်ကို ယုံကြည်နေသည်။

“ကြည့်ပါဦး၊ စပြီ”

“အမြန်” ထန်စန်းက အမိန့်ပေးလိုက်သည်။ ကျူးကျူးချင်းမှလွဲ၍ ကျန်ခြောက်ဦးမှာ ချက်ချင်း လှုပ်ရှားလိုက်ကြသည်။

“ဘုံ၇ဆင့်ပြသာဒ်... ပထမအဆင့် - ခွန်အား၊ ဒုတိယအဆင့် - အလျင်၊ တတိယအဆင့် - ဝိဉာဉ်စွမ်းအား”

နင်ရုံရုံ၏ လက်ဖဝါးပေါ်မှ မျှော်စင်လေးမှာ တောက်ပလာပြီး အလင်းတန်း သုံးခုမှာ သူမ၏ အဖွဲ့ဝင်များပေါ်သို့ ကျရောက်သွားသည်။ တစ်ခဏချင်းမှာပင် အစွမ်းမြှင့်တင်မှုများ ရရှိသွားကြသည်။

တိုက်မုပိုင်သည် တောင်ပေါ်မှ ဆင်းလာသော ကျားသစ်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ ရှေ့သို့ ပြေးထွက်သွားသည်။ သူ၏ တတိယဝိဉာဉ်ကွင်းမှာ ခရမ်းရောင်အလင်းများ တောက်ပလာပြီး

“တတိယဝိဉာဉ်စွမ်းရည် ကျားဖြူ အသွင်ပြောင်းခြင်း”

ပိုင်ရှန်းရှန်းသည်လည်း ဝိဉာဉ်ကွင်း သုံးကွင်းစလုံးကို တစ်ပြိုင်နက် လင်းထိန်စေကာ ကောင်းကင်သို့ ပျံတက်သွားပြီး ဒုတိယတော်ဝင်အသင်းသားများဆီသို့ ငုပ်လျှိုးဆင်းလာသည်။ ဤသို့ စွမ်းအားအပြည့်ဖြင့် စတင်တိုက်ခိုက်မှုကြောင့် ဒုတိယတော်ဝင်အသင်းမှာ အငိုက်မိသွားရသည်။

ထန်ဆန်းကလည်း သူတို့အား အခွင့်အရေး မပေးပေ။

“တတိယဝိဉာဉ်စွမ်းရည် - ပင့်ကူအိမ် ချည်နှောင်မှု”

သူ၏ လက်ဖဝါးမှ ထွက်ပေါ်လာသော ငွေပြာရောင် အလင်းလုံးမှာ လေထဲတွင် ပြန့်ကားသွားပြီး အဆိပ်ပြင်းသော ပင့်ကူအိမ်ကြီးအဖြစ် တော်ဝင်ဒုတိယအသင်းသား ငါးဦးကို ဖုံးလွှမ်းသွားသည်။ အဆိပ်ကြောင့် သူတို့၏ ခန္ဓာကိုယ်များမှာ ထုံကျဉ် တောင့်တင်းသွားရ၏။

ထိုအချိန်တွင် တိုက်မုပိုင်နှင့် ပိုင်ရှန်းရှန်းတို့၏ တိုက်ကွက်များ ရောက်ရှိလာသည်။ တိုက်မုပိုင်၏ ကျားလက်သည်းများအောက်တွင် အရိုးကျိုးသံများ၊ အော်ဟစ်သံများနှင့်အတူ သွေးများ စင်ထွက်ကုန်သည်။ ပိုင်ရှန်းရှန်းကလည်း တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ရှောင်ဝူမှာမူ ရန်သူ့အဖွဲ့၏ အနောက်ဘက်ရှိ ထောက်ပံ့သူထံသို့ နေရာကူးပြောင်းခြင်းဖြင့် ရောက်ရှိသွားကာ သူမ၏ နူးညံ့သော တိုက်ကွက်များဖြင့် တစ်ချက်တည်းနှင့် သတိလစ်သွားစေခဲ့သည်။

ဆယ်စက္ကန့်အတွင်းမှာပင် တော်ဝင်ဒုတိယအသင်းသား ငါးဦးမှာ လဲကျသွားကာ ကျန်နှစ်ဦးမှာလည်း တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားကြတော့သည်။ ရှီလိုင်ခဲ့အဖွဲ့မှာ လျှပ်စီးကဲ့သို့ မြန်ဆန်သော တိုက်ကွက်ဖြင့် တော်ဝင်ဒုတိယအသင်းကို အပြတ်အသတ် အနိုင်ယူလိုက်ခြင်းပင်။ တစ်ကွင်းလုံးတွင် အားပေးသံများ ဟိန်းထွက်သွားတော့သည်။

စင်မြင့်အောက်တွင် ယွီရှောင်ကန်းက တည်ငြိမ်စွာ ကြည့်နေသော်လည်း သူ၏ တင်းတင်းဆုပ်ထားသော လက်သီးများမှာ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။

“ငါပြောခဲ့သားပဲ... ဝိဉာဉ်ဆရာပြိုင်ပွဲဟာ မင်းတို့တစ်တိုက်လုံးမှာ နာမည်ကြီးဖို့ အစပျိုးခြင်းပဲ။ ငါ ယွီရှောင်ကန်း သင်ပေးထားတဲ့ တပည့်တွေဟာ တစ်တိုက်လုံးကို တုန်လှုပ်စေရမယ်”

ရှီလိုင်ခဲ့အဖွဲ့၏ စွမ်းဆောင်ရည်ကြောင့် အခြားအသင်းများမှာလည်း မျက်နှာပျက်ကုန်ကြသည်။ ဒူဂူယန်က လီကျယ်ရှန်းကို တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း လီကျယ်ရှန်းက နှုတ်ခမ်းတွင် လက်တင်ကာ တားလိုက်သည်။ သူ၏ အကြည့်မှာ စင်မြင့်ပေါ်သို့ ရောက်နေ၏။

စင်မြင့်ပေါ်တွင် ထန်စန်းသည် အောင်ပွဲခံ အော်ဟစ်သံများကြား၌ တည်ငြိမ်နေသည်။ ထိန်းချုပ်ရေးစနစ် ဝိဉာဉ်ဆရာတစ်ဦးအနေဖြင့် သူသည် အရာအားလုံးကို မိမိလက်ထဲတွင် ရှိနေသည့် ခံစားချက်ကို နှစ်သက်သည်။

‘အရင်ဆုံး ဒုတိယအသင်းကို ဖြုတ်မယ်၊ ပြီးရင် ပထမအသင်း အလှည့်ပဲ’

ရုတ်တရက် ထန်စန်း၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ သူ၏ အကြည့်မှာ လူအုပ်ကြားကို ဖြတ်သန်းကာ ဝတ်ရုံဖြူနှင့် လူငယ်ကို အတိအကျ ရှာတွေ့သွားသည်။ တစ်ဖက်လူကလည်း သိနေသည့်အလား ထန်စန်းကို စေ့စေ့ပြန်ကြည့်နေ၏။

“ငါ့ကို ကြည့်နေတာလား”

“ဒါဆိုရင်... ငါ နင့်ကို ပြစ်ဒဏ်လေး ပေးရမှာပေါ့”

ထန်ဆန်း၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ လက်သွားသည်။

“ခရမ်းရောင်မိစ္ဆာမျက်လုံး ခရမ်းရောင် အဆုံးစွန် နတ်ဘုရားအလင်း”

သူ၏ မျက်ဝန်းမှ ခရမ်းရောင် အလင်းတန်းများမှာ သက်တန့်တစ်ခုကဲ့သို့ လီကျယ်ရှန်းထံသို့ တိုးဝင်သွားသည်။

“မျက်လုံးသိုင်းလား” လီကျယ်ရှန်း၏ နှုတ်ခမ်းတွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။

“နိမ့်ကျတဲ့ မျက်လုံးသိုင်းတစ်ခုနဲ့ အဆုံးစွန်သော ထက်မြက်မှုရှိတဲ့ စတုတ္ထအဆင့် ဓားသိုင်းသမားကို ချောင်းကြည့်ရဲအောင် ဘယ်သူက နင့်ကို သတ္တိပေးလိုက်တာလဲ”

လီကျယ်ရှန်း၏ စိတ်ကူးထဲတွင် လေထုမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ သူ၏ အကြည့်အတွင်း၌ ထင်ယောင်ထင်မှား လေဓား အမြောက်အမြား ပေါ်ထွက်လာသည်။ ဟင်းလင်းပြင်မှာ တုန်ခါသွားကာ မျက်စိဖြင့် မြင်နိုင်သော ဂယက်ထသံများ ဖြစ်ပေါ်လာတော့သည်။ လီကျယ်ရှန်း၏ အကြည့်မှာ ရုတ်တရက် စူးရှသွားကာ အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်းရှိသော ထိုလေဓားများသည် ထန်စန်း၏ ခရမ်းရောင် အလင်းတန်းများနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ကြတော့သည်။

All Chapters