← Chapters

အခန်း (၁၂၈)

Vol. 13 Ch. 128

အခန်း (၁၂၈)

Vol. 13 Ch. 128

ကျူးကျူးချင်းသည် လီကျယ်ရှန်း၊ သူ၏သူငယ်ချင်းများ နှင့် ရှီလိုင်ခဲ့အဖွဲ့တို့၏ ဆက်ဆံရေးကို ပြန်တွေးကြည့်မိသည်။ သူမ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ရှောင်ဝူသာ လိုက်လာခဲ့လျှင် အခြေအနေမှာ သိပ်အဆင်ပြေမည် မဟုတ်ပေ။

သူမသည် ရှောင်ဝူကို ကြည့်ကာ ခေါင်းခါပြလိုက်ရင်း

“ရှောင်ဝူ... ငါက ရှန်းရှန့် စားသောက်ဆိုင်ကို သွားမလို့၊ နင်ကတော့...”

စကားမဆုံးခင်မှာပင် ရှောင်ဝူ၏ လှပသော မျက်နှာလေးတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာသည်

“အို~~ နားလည်ပါပြီရှင်။ ကျူးချင်းက ဓားဝိုင်ကို သွားတွေ့မလို့ပေါ့ ဟုတ်လား။ ဒါဆိုရင်တော့ ငါမလိုက်တော့ပါဘူး~~”

“သွားစမ်းပါ”

ကျူးကျူးချင်း၏ ပါးပြင်လေးများ နီမြန်းသွားကာ မောင်းထုတ်လိုက်သော်လည်း ရှောင်ဝူ၏ စကားကို ငြင်းဆိုခြင်း မရှိခဲ့ပေ။

ကျူးကျူးချင်း၏ ပုံရိပ်လေးမှာ စင်္ကြံအဆုံးတွင် ပျောက်ကွယ်သွားသည်။ ထိုစဉ် တိုင်လုံးတစ်ခု၏ အရိပ်ထဲမှ တိုက်မုပိုင်သည် မျက်နှာပျက်လျက် ထွက်လာခဲ့သည်။ သူသည် ဝေးရာသို့ ထွက်ခွာသွားသော ကျူးကျူးချင်းကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်ပြီးနောက် ထန်စန်း၏ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

“ဓားဝိုင် ဘယ်မှာလဲဆိုတာ ငါသိပြီ။ သူက ကျူးကျူးချင်းနဲ့ တိတ်တဆိတ် တွေ့ဖို့ သွားနေတာ၊ သူတစ်ယောက်တည်း ဖြစ်နေမှာပဲ”

ထန်ဆန်းက လက်ဖက်ရည်ခွက်ကို အသာအယာ ပွတ်သပ်နေရင်း “အားလုံးကို ခေါ်လိုက်” ဟု ဆိုကာ ခဏရပ်ပြီးမှ ဆက်ပြောသည်။

“ငါတို့က ပြဿနာရှာဖို့ သွားတာမဟုတ်ဘူး။ ရှီလိုင်ခဲ့က လူအင်အားသုံးပြီး အနိုင်ကျင့်တယ်လို့ အပြောမခံချင်ဘူး။ ငါတို့က ညီအစ်ကို ဓားဝိုင်ကို သွားနှုတ်ဆက်ရုံတင်ပါ”

“နင်က ဘာကောင်မို့လို့လဲ၊ လီကျယ်ရှန်း... နင်မရှိရင် ငါ နင်ရုံရုံက မရှင်သန်နိုင်တော့ဘူးလို့ ထင်နေတာလား၊ နင်နဲ့ စကားတစ်ခွန်း ထပ်ပြောမိရင် ငါ့နာမည်ကို...”

နင်ရုံရုံသည် မျက်ရည်များ ဝဲလျက် ဟိုတယ်ထဲသို့ ပြေးဝင်လာသည်။ စိတ်ဓာတ်ကျနေသော သူမသည် တံခါးဝတွင် ရပ်နေသော ထန်စန်း၊ တိုက်မုပိုင်နှင့် အော်စကာတို့ကိုပင် သတိမထားမိဘဲ ကျော်သွားခဲ့သည်။

နင်ရုံရုံ၏ အခြေအနေကို မြင်သောအခါ အော်စကာ၏ ရင်ထဲတွင် တင်းကျပ်သွားပြီး အပြေးအလွှား လိုက်သွားသည်။

“ရုံရုံ... ဘာဖြစ်လို့လဲ၊ ဘယ်သူ နင့်ကို အနိုင်ကျင့်လိုက်တာလဲ”

နင်ရုံရုံသည် အော်စကာကို မြင်လိုက်တိုင်း ရှီလိုင်ခဲ့ကို စတင်ဝင်ရောက်စဉ်က သူ၏ မုတ်ဆိတ်ဗရပွနှင့် ညစ်ညမ်းသော လေသံဖြင့် ဝက်အူချောင်းရောင်းနေသည့် ပုံရိပ်ကိုသာ ပြန်မြင်ယောင်မိသည်။ ထိုညစ်ညမ်းလှသော ဝိဉာဉ်စွမ်းရည်မှာ အော်စကာအပေါ် ထားရှိသည့် သူမ၏ အမြင်ကို အောက်ဆုံးသို့ ဆွဲချခဲ့ခြင်းပင်။

အကယ်၍ သူမသည် စစ်မှန်သော ‘ကျောက်စိမ်းရတနာ’ (လီကျယ်ရှန်း) ကို မမြင်ဖူးခဲ့လျှင် တစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ လွန်ခဲ့သော နှစ်နှစ်ကဂိုဏ်း၏ တောင်ကုန်းပေါ်တွင် ဆင်းရဲဒုက္ခရောက်နေချိန်မှာပင် လခြမ်းကွေးလေးကဲ့သို့ တောက်ပနေခဲ့သည့် ထိုဝတ်ရုံဖြူနှင့် လူငယ်၏ မာန်မာနကို မြင်ဖူးထားသည့်အတွက် အော်စကာမှာ သူမအတွက် နှိုင်းယှဉ်စရာပင် မရှိတော့ချေ။

‘ဘာလို့... ငါ ဘာလို့ သူ့အကြောင်းကိုပဲ ထပ်တွေးနေမိတာလဲ’

ဤအတွေးက နင်ရုံရုံကို ပို၍ ဒေါသထွက်စေသည်။ သူမသည် နှုတ်ခမ်းလေးကို သွေးထွက်မတတ် ကိုက်ထားမိ၏။

“ရုံရုံ... ဘယ်သူ နင့်ကို စိတ်ဆိုးအောင် လုပ်တာလဲ ပြောပြလေ၊ ငါ...”

“သွားစမ်း” နင်ရုံရုံက လက်သီးကျစ်ကျစ်ဆုပ်ကာ အော်စကာကို အော်ဟစ်လိုက်ပြီးနောက် တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်တော့သည်။

အော်စကာမှာ မှင်တက်ကျန်ရစ်ခဲ့သည်။ အတန်ကြာမှ ခါးသက်သက် အပြုံးတစ်ခုဖြင့် ခေါင်းခါလိုက်မိသည်။

“နင်ရုံရုံရဲ့ မင်းသမီးလေး စိတ်ကတော့...”

တိုက်မုပိုင်က မျက်မှောင်ကြုတ်ကာ တစ်ခုခု ပြောရန် ပြင်သော်လည်း အော်စကာက တားလိုက်သည်။

“ရုံရုံ့ကို အဲဒီလို မပြောပါနဲ့၊ လူတိုင်းမှာ စိတ်မကြည်တဲ့နေ့ ရှိတတ်တာပဲ”

ထန်စန်းသည် အခန်းထဲမှ ထွက်လာကြသော ပိုင်ရှန်းရှန်းနှင့် ရှောင်ဝူတို့ကို ကြည့်ကာ “အားလုံး စုံပြီဆိုရင် သွားကြစို့” ဟု ဆိုသည်။

ရှောင်ဝူက နှုတ်ခမ်းကို ဖိကိုက်ထားပြီး ထန်စန်းကို ကြည့်ကာ “တတိယအစ်ကို... ဓားဝိုင်က ရှန်းရှန့် စားသောက်ဆိုင်မှာ ရှိနေတာကို ဘယ်လိုသိတာလဲ” ဟု မေးရင်း စိုးရိမ်တကြီးဖြင့် ဆက်ပြောသည်။

“ခြေစစ်ပွဲက ပြီးသွားပြီ၊ ဓားဝိုင်က ဒီမြို့မှာ နာမည်ကြီးနေတာလေ။ ငါတို့တွေ အုပ်စုလိုက်သွားပြီး သူ့ကို ဝိုင်းတိုက်ကြမလို့လား”

ထန်ဆန်း၏ မျက်ခုံးများ တွန့်သွားသည်။

“ရှောင်ဝူ... နင် ဘာလို့ ဓားဝိုင်ဘက်က ကာကွယ်ပေးနေတာလဲ။ ငါ ဘယ်တုန်းက အုပ်စုလိုက် ဝိုင်းတိုက်မယ်လို့ ပြောလို့လဲ”

ရှောင်ဝူက မျက်လွှာချလိုက်ကာ

“ငါက ဓားဝိုင်ဘက်က ကာကွယ်ပေးနေတယ်လို့ အစ်ကို ထင်နေတာလား”

“တော်ကြစမ်းပါ၊ မငြင်းကြနဲ့တော့”

တိုက်မုပိုင်က ရှေ့သို့ လှမ်းထွက်လာကာ အေးစက်စွာ ပြောလိုက်သည်။

“ဓားဝိုင်က စားသောက်ဆိုင်မှာ ရှိနေတော့ ငါတို့က သွားလို့မရဘူးလား၊ အဲဒီဆိုင်က သူ့ဆိုင်မို့လို့လား”

စကားဆုံးသည်နှင့် နင်ရုံရုံ၏ တံခါးမှာ ပွင့်လာပြီး မျက်ရည်များ စိုစွတ်နေသော မျက်ဝန်းများဖြင့် ထွက်လာသည်။

“ငါလည်း လိုက်မယ်”

ရှန်းရှန့် စားသောက်ဆိုင်

“အိုဟို၊ သခင်လေး ဓားဝိုင် ပါလား”

“သခင်လေး ဆိုင်ကို မလာတာ ကြာပြီနော်”

ဆိုင်အကူလေးသည် ဝတ်ရုံဖြူနှင့် လူရိပ်ကို မြင်သည်နှင့် ဝမ်းသာအားရ ပြေးလာကြိုသည်။ သူသည် လီကျယ်ရှန်းကို ကြည့်ကာ မထိန်းနိုင်သော လေးစားမှုများဖြင့် အရိုအသေပေးလိုက်၏။ လွန်ခဲ့သော တစ်လကမှ သူ သိလိုက်ရသည်မှာ ဆိုင်သို့ ခဏခဏ လာတတ်ပြီး မုန့်ဖိုး ခပ်များများ ပေးတတ်သည့် ဤသခင်လေးမှာ မြို့တော်၏ နာမည်ကျော် ‘ဓားဝိုင်’ ဖြစ်နေခြင်းပင်။

“သခင်လေး ပေးခဲ့တဲ့ ရွှေဒင်္ဂါးတွေကြောင့် ကျွန်တော်တောင် မိန်းမရနေပြီဗျ”

လီကျယ်ရှန်းသည် ဆိုင်ထဲသို့ ဝင်လာရင်း ထိုစကားကို ကြားသော် ပြုံးလိုက်ကာ “ဒါဆိုရင် မင်းရဲ့ မင်္ဂလာဆောင် အရက်ပွဲကို ငါ့ကို ဖိတ်ရမှာပေါ့” ဟု ပြောလိုက်ရာ ဆိုင်အကူလေးမှာ ပြုံးဖြဲဖြဲဖြင့် အဖန်ဖန် ခေါင်းညိတ်တော့သည်။

စားသောက်ဆိုင်အတွင်း၌ စားသောက်ဖွယ်ရာ ရနံ့များနှင့် လူသံများမှာ ဆူညံပွက်လောရိုက်နေသည်။ လီကျယ်ရှန်း ပေါ်လာသည်နှင့် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

“သခင်လေး ဓားဝိုင် လာပြီဟေ့”

ချက်ချင်းပင် တစ်ဆိုင်လုံးရှိ စားသောက်နေသူများမှာ ဝမ်းသာအားရ နှုတ်ဆက်ကြတော့သည်။

“သခင်လေး... ဗိုလ်လုပွဲမှာ ငါတို့ ထျန်းဒိုမြို့အတွက် ချန်ပီယံဆု ယူလာပေးပါဦး”

“သခင်လေး... ထျန်းဒိုရဲ့ နံပါတ်တစ် ဓားသမား ဘယ်တော့ ဖြစ်လာမလဲ”

လီကျယ်ရှန်းက ပြုံးလျက် လက်အုပ်ချီကာ အားလုံးကို ပြန်လည် နှုတ်ဆက်လိုက်သည်။ စားသောက်နေသူများကလည်း ဓားဝိုင်ကို သူတို့နှင့်အတူ စားပွဲတစ်ခုတည်းတွင် မထိုင်ခိုင်းရဲကြသဖြင့် လမ်းဖယ်ပေးကာ “သခင်လေး... အပေါ်ထပ်ကို ကြွပါ” ဟု ဝိုင်းအော်ကြသည်။

လီကျယ်ရှန်းသည် ဒုတိယထပ်ရှိ သီးသန့်အခန်းသို့ တက်လာခဲ့သည်။ သူသည် စတုတ္ထထပ်ရှိ အလွန်မြင့်မားသော အခန်းများထက် လူသံများ ဆူညံနေသည့် ဒုတိယထပ်ကို ပို၍ နှစ်သက်သည်။

တံခါးကို တွန်းဖွင့်လိုက်သောအခါ ရင်းနှီးသော မျက်နှာများ မြင်တွေ့လိုက်ရသည်။

“ငါ့အတွက် မက်မွန်သီး” ဟော့ဝူက လက်လှမ်းလိုက်သည်။

ဒူဂူယန်နှင့် ယဲ့လင်းလင်းတို့ကလည်း “ငါတို့လည်း လိုချင်တယ်” ဟု အပြိုင်အဆိုင် အော်ကြသည်။

ဖုန်းရှောင်ထျန်း၊ ဟော့ဝူရွှမ်း၊ ဖုန်းပုယွီ၊ ယွီထျန်းဟန် တို့ကလည်း အရက်ခွက်များကို ကိုင်လျက် လီကျယ်ရှန်းကို ဝိုင်းလိုက်ကြသည်။

“အစ်ကိုကျယ်ရှန်း... နင် နောက်ကျတယ်နော်၊ သောက်စမ်း... အကုန်သောက်စမ်း”

လီကျယ်ရှန်းသည် သူငယ်ချင်းများကို ကြည့်ကာ ပြုံးရယ်လျက်

“ဟေ့! မင်းတို့တွေကတော့...”

အရက်သောက်ချိန် အတန်ကြာပြီးနောက် အားလုံးမှာ ပျော်ရွှင်စွာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိနေကြသည်။ ထိုအချိန်မှာပင် ထန်စန်း၊ တိုက်မုပိုင်၊ အော်စကာ၊ ပိုင်ရှနရှန်း၊ နင်ရုံရုံနှင့် ရှောင်ဝူ—တို့ ခြောက်ဦးသည် ရှန်းရှန့် စားသောက်ဆိုင်သို့ ရောက်ရှိလာကြတော့သည်။

All Chapters