အခန်း (၁၃၀)
Vol. 13 Ch. 130
စားပွဲပေါ်တွင် သွေးများ စင်ဟပ်သွားပြီး တောက်ပသော အနီရောင် ပန်းပွင့်များအလား ပွင့်လန်းသွားသည်။ ရှန်းရှန့် စားသောက်ဆိုင်၏ ခန်းမဆောင်ကြီးတစ်ခုလုံး သေမင်းတမျှ တိတ်ဆိတ်သွားပြီး တိုက်မုပိုင်၏ အံကြိတ်ညည်းတွဲသံကိုသာ ကြားရတော့သည်။
လူအများ၏ အံ့အားသင့်နေသော အကြည့်များသည် ဝတ်ရုံဖြူနှင့် လူငယ်ဆီသို့ ရောက်ရှိနေသည်။ သူ၏ တိုက်ခိုက်မှုမှာ ရက်စက်လွန်းလှသည်။ ပို၍ ထိတ်လန့်စရာကောင်းသည်မှာ သူသည် ဝိဉာဉ်စွမ်းအားကိုပင် အသုံးမပြုခဲ့ခြင်းပင်။ ကျိုးလွယ်လှသော ဝါးတူတစ်စုံဖြင့် ဝိဉာဉ်ဘိုးဘေးအဆင့်ရှိသူ၏ လက်ဖဝါးကို ထိုးဖောက်ရုံသာမက လက်မအနည်းငယ်ထူသော သစ်သားစားပွဲကိုပါ ဖောက်ထွက်သွားစေခဲ့သည်။
ဤသည်မှာ သူကိုယ်တိုင် ဖန်တီးထားသော ဓားကွက်များနှင့် ဓားလမ်းစဉ်ကို အပတ်တကုတ် ကျင့်ကြံထားခြင်း၏ ရလဒ်ပင်။ သာမန် ဝိဉာဉ်ဆရာများ (သို့မဟုတ်) ဖုန့်ဟောက်သုံ့လော် များပင်လျှင် ဝိဉာဉ်ကွင်းကို ဆင့်ခေါ်ပြီးမှ ဝိဉာဉ်စွမ်းရည်ကို သုံးနိုင်သော်လည်း၊ ဓားလမ်းစဉ်၏ စတုတ္ထအဆင့်သို့ ရောက်ရှိနေသော လီကျယ်ရှန်းအတွက်မူ မြင်သမျှ အရာအားလုံးမှာ ဓားပင် ဖြစ်သည်။
“တောက်”
တိုက်မုပိုင်၏ မျက်လုံးများ နီမြန်းလာကာ လည်ချောင်းထဲမှ သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ သူသည် ဤမျှအထိ အရှက်ခွဲခံရဖူးခြင်း မရှိချေ။ သူသည် စားပွဲတွင် စိုက်ဝင်နေသော ဘယ်ဘက်လက်ကို ဂရုမစိုက်တော့ဘဲ ညာဘက်လက်ချောင်းများကို ကားထုတ်လိုက်ရာ ကျားမွေးများ ဖုံးလွှမ်းလာသည်။ ထို့နောက် လီကျယ်ရှန်း၏ ဦးခေါင်းနောက်ဘက်သို့ အားကုန်လွှဲ၍ ရိုက်ချလိုက်တော့သည်။
နင်ရုံရုံက စိုးရိမ်တကြီး သတိပေးလိုက်သည်။
“အစ်ကိုကျယ်ရှန်း...”
တိုက်မုပိုင်၏ ကျားလက်ဝါးသည် လီကျယ်ရှန်း၏ ဦးခေါင်းနောက်ဘက် တစ်ပေခန့်အကွာသို့ ရောက်ရှိလာပြီး လေဖိအားကြောင့် လီကျယ်ရှန်း၏ ဆံပင်များ လွင့်ပျံသွားသည်။ ထိုအရေးကြီးသော အချိန်တွင်မှ လီကျယ်ရှန်းသည် လှုပ်ရှားလိုက်သည်။ သူသည် နောက်သို့ လှည့်ပင်မကြည့်ဘဲ လက်ညှိုးနှင့် လက်ခလယ်ကို ဓားသဏ္ဌာန် ပူးလိုက်ကာ နောက်သို့ ထိုးနှက်လိုက်သည်။
ရွှပ်---
လျှပ်စီးများ ဝန်းရံနေသော ဓားချီတစ်ခုသည် သူ၏ လက်ထိပ်မှ ထွက်ပေါ်လာပြီး တိုက်မုပိုင်၏ ကျားလက်ဝါးကို ထိုးဖောက်သွားပြန်သည်။ တိုက်မုပိုင် အော်ဟစ်ရန် ပြင်လိုက်စဉ်မှာပင် လီကျယ်ရှန်းက တိုက်မုပိုင်၏ လည်ပင်းကို လှမ်းဖမ်းလိုက်ပြီး အားဖြင့် လွှဲပစ်လိုက်ရာ တိုက်မုပိုင်မှာ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။
တိုက်မုပိုင်သည် ရုန်းထရန် ပြင်လိုက်သော်လည်း လီကျယ်ရှန်း၏ ညာဘက်ခြေထောက်က ဒူးခေါက်ကွေးကို အားဖြင့် ကန်ချလိုက်သဖြင့်
ဂွပ်---!
အရိုးကျိုးသံနှင့်အတူ တိုက်မုပိုင်သည် ဒူးထောက်လျက်သား ဖြစ်သွားရသည်။
တိုက်မုပိုင်သည် နာကျင်မှုနှင့် ဒေါသကြောင့် မျက်နှာကြီး နီမြန်းလျက် ခေါင်းမော့ကြည့်ရန် ပြင်လိုက်စဉ်
“ငါက မင်းကို ခေါင်းမော့ဖို့ ခွင့်ပြုလို့လား”
လီကျယ်ရှန်း၏ လေသံမှာ အေးစက်လှသည်။ သူသည် ညာဘက်ခြေထောက်ဖြင့် တိုက်မုပိုင်၏ ခေါင်းကို အားဖြင့် နင်းချလိုက်ရာ တိုက်မုပိုင်၏ နဖူးမှာ ကြမ်းပြင်နှင့် ဆောင့်မိပြီး သွေးချင်းချင်းနီသွားတော့သည်။ လီကျယ်ရှန်းကမူ ဘာမှမဖြစ်သကဲ့သို့ လက်ဖက်ရည်ကို အေးအေးဆေးဆေး ငုံ့သောက်နေ၏။
“ဝိဉာဉ်ဆရာ ပြိုင်ပွဲရဲ့ စည်းကမ်းအရ... ပြိုင်ပွဲဝင်တွေဟာ တစ်ဦးချင်း ရန်ငြိုးအတွက် အသက်သေဆုံးတဲ့အထိ တိုက်ခိုက်လို့ မရဘူး” လီကျယ်ရှန်းက ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်ပြီး တိုက်မုပိုင်၏ နားနားတွင် တိုးတိုးလေး ပြောလိုက်သည်။
“ဒါပေမဲ့ တိုက်မုပိုင်... မင်းသာ နည်းနည်းလေး ထပ်လှုပ်ရင် ငါမင်းကို အခုချက်ချင်း သတ်ပစ်မယ်။ လောင်းမလား”
လီကျယ်ရှန်း ခြေထောက်ကို ဖယ်လိုက်သော်လည်း တိုက်မုပိုင်မှာ တစ်လက်မမျှ မလှုပ်ရဲတော့ချေ။ သူသည် လီကျယ်ရှန်း၏ အေးစက်သော အကြည့်အောက်တွင် အေးခဲနေသကဲ့သို့ ခံစားနေရသည်။
“မုပိုင်” “ခေါင်းဆောင်တိုက်”
ထန်စန်းနှင့် အခြားသူများက လှမ်းအော်ကြသည်။ ထန်စန်းသည် လီကျယ်ရှန်း၏ စွမ်းရည်ကို မြင်သောအခါ ပထမဆုံးအကြိမ်အဖြစ် ရွယ်တူချင်းအပေါ်တွင် စိုးရိမ်ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
“ဓားဝိုင်...” ထန်စန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ငါတို့က နင့်ကို အရက်သောက်ဖို့ ဖိတ်တာပဲ၊ နင်က ဘာလို့ ဒီလောက် ရက်စက်ရတာလဲ။ နင်က အမှားအမှန် မခွဲခြားဘဲ တိုက်ခိုက်ခဲ့တာဆိုတော့ ငါတို့ဘက်က အဖွဲ့လိုက် ကလဲ့စားချေတာကိုတော့ အပြစ်မတင်နဲ့တော့”
စကားဆုံးသည်နှင့် သူသည် ပိုင်ရှန်းရှန်းကို အချက်ပြလိုက်သည်။ ပိုင်ရှန်းရှန်းသည် ထန်ဆန်း၏ အလိုကျ လီကျယ်ရှန်း၏ စွမ်းရည်ကို စမ်းသပ်ရန်အတွက် လျှပ်စီးပမာ မြန်ဆန်သော အရှိန်ဖြင့် လီကျယ်ရှန်းထံသို့ ပျံဝင်သွားတော့သည်။ သူမ၏ ဝိဉာဉ်ကွင်း သုံးကွင်းလုံး လင်းလက်လာပြီး ပုံရိပ်ယောင်များစွာဖြင့် ထောင့်ပေါင်းစုံမှ တိုက်ခိုက်ရန် ပြင်လိုက်သည်။
လီကျယ်ရှန်းကမူ မျက်တောင်ပင် မခတ်ချေ။ ပိုင်ချန်ရှန်း၏ လက်ထိပ်လေးသည် လီကျယ်ရှန်း၏ အဝတ်အနားသတ်ကို ထိရန် အနည်းငယ်သာ လိုတော့သည့် အချိန်တွင်
ဝုန်း---!
ကောင်းကင်မှ မီးတောက်များ ကျဆင်းလာသည်။ ပြင်းထန်သော မီးတောက်ဥက္ကာခဲကြီးတစ်ခုသည် လီကျယ်ရှန်း၏ ရှေ့တွင် ဝုန်းခနဲ ကျရောက်လာပြီး ပိုင်ရှန်းရှန်းကို နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။