ဖန်ဆင်းခြင်းနယ်ပယ်၏စွမ်းအား
Vol. 22 Ch. 216
ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး၏လေထုမှာ ရုတ်တရက် ဖိစီးလေးလံလာပြီး မုန်တိုင်းတစ်ခု စတင် ဖြစ်ပေါ်လာတော့မည့်အလား၊ ကောင်းကင်ကြီး ပြိုကျလာတော့မည့်အလား ဖြစ်နေပေသည်။
ရှန်းချန်ကောသည် သူ၏လက်များကို နောက်ပစ်ကာ ရပ်နေလေသည်။
သူ၏အဝတ်အစားများမှာ နှင်းခဲကဲ့သို့ ဖြူဖွေးနေပြီး လူ့ပြည်သို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးကဲ့သို့ အစွန်းအထင်း ကင်းစင်နေချေ၏။
သူသည် လေထဲတွင် လွင့်မျောနေသကဲ့သို့ အနှောင်အဖွဲ့ကင်းသောအမူအရာ ရှိပြီး ထူးခြားဆန်းပြားနေပေသည်။
သို့သော် ဤအခိုက်အတန့်တွင်...
လေမတိုက်သော်လည်း သူ၏ဝတ်ရုံဖြူမှာ တလွင့်လွင့် လှုပ်ရှားနေလေသည်။ သူ၏အင်္ကျီလက်စများ လှုပ်ခါသွားသည်နှင့်အမျှ ထူထဲသော အရှိန်အဝါတစ်ခု သူ၏ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းမိုးတော့မည့်အလား ဖြစ်နေချေသည်။
"ဘာကိစ္စများ ရှိလို့ ဒီကို ရောက်လာကြတာလဲ..." ရှန်းချန်ကော၏မျက်လုံးများ အေးစက်နေပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။
သူ၏နက်ရှိုင်းသော မျက်ဝန်းများသည် ဝတ်ရုံနက်ဝတ် အဘိုးအိုကို စူးစိုက်ကြည့်နေချေ၏။
ဝတ်ရုံနက်ဝတ် အဘိုးအိုမှာ ရှေ့ဆုံးတွင် ရပ်နေပြီး လူ ရှစ်ဦး၏ခေါင်းဆောင်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
"ခေါင်းဆောင်... ဒါက သူတော်စင်နတ်ဘုရား ကျောင်းတော် က လူတွေပါ..." ဘေးနားရှိ ကျန်းလျိုယွီက တီးတိုး သတိပေးလိုက်လေသည်။
ခေါင်းဆောင်သည် ဤလူများ၏အကြောင်းကို မသိဘဲ မလိုအပ်သောနားလည်မှုလွဲမှားခြင်းတွေ ဖြစ်မှာကို သူ စိုးရိမ်နေခြင်း ဖြစ်ပေသည်။
သူတော်စင်နတ်ဘုရားကျောင်းတော်သည် ပြင်ပနယ်မြေတွင် ကောင်းကင်ယံရှိနေမင်းကြီးကဲ့သို့ ထင်ရှားကျော်ကြားပြီး မဟာပျက်စီးခြင်းနယ်မြေတစ်ခုလုံးတွင် ထင်ရှားလှပေသည်။
သူတို့ကို မကြောက်သောသူ ဘယ်သူ ရှိပါမည်နည်း။
ကြီးမြတ်သော သူတော်စင်နတ်ဘုရား ဆယ်ပါးလုံးသည် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြပေသည်။
သူတို့၏အာဏာစက်သည် စကြဝဠာကို တုန်လှုပ်စေပြီး သာမန်လူသားများ၏ကမ္ဘာကို အထက်စီးမှ ငုံ့ကြည့်နေကြသူများ ဖြစ်ကြချေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူတော်စင်နတ်ဘုရားကျောင်းတော်၏ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရားသည် ကိုယ်တိုင်လှုပ်ရှားခဲ့ပြီးနောက် ကျောင်းတော်၏ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေသည်။
သံသယများ အားလုံး ပျောက်ကွယ်သွားပြီး သူတို့၏ကြောက်မက်ဖွယ် ကောင်းမှုမှာ ထင်ရှားသွားခဲ့လေသည်။
"ဪ... သူတော်စင်နတ်ဘုရားကျောင်းတော်က မိတ်ဆွေတွေပဲ။ ခင်ဗျားတို့အကြောင်း ကြားနေရတာ ကြာပါပြီ..." ထိုစကားကို ကြားသောအခါ ရှန်းချန်ကော အနည်းငယ် ပြုံးလိုက်လေသည်။
သူ၏အပြုံးသည် နွေဦးလေပြေကဲ့သို့ နူးညံ့ပြီး လူများကို အလွန် သက်တောင့်သက်သာ ခံစားရစေချေ၏။
တကယ်တော့ သူသည် မကြာသေးမီကမှ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့ခြင်း ဖြစ်သဖြင့် သူတော်စင်နတ်ဘုရားကျောင်းတော် ဆိုသည်မှာ မည်သည့် အင်အားစု၊ မည်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း မသိရှိပေ။
ဤသည်မှာ သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။
သို့သော် ထိုအချက်က သူ၏ဟန်ဆောင်မှုကို အနည်းငယ်မျှ အနှောင့်အယှက် မဖြစ်စေခဲ့ချေ။
ရှန်းချန်ကော၏နူးညံ့သိမ်မွေ့သော သဘောထားနှင့် လေသံကို မြင်သောအခါ သူတော်စင်နတ်ဘုရားကျောင်းတော်မှ ခေါင်းဆောင်ဖြစ်သူ ဝတ်ရုံနက်ဝတ် အဘိုးအို ပြုံးလိုက်လေသည်။
"ဝတ်ရုံနက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်သစ်က လူငယ်လေးတစ်ယောက်လို့ ကောလာဟလတွေ ကြားထားတာ။ ဒီနေ့ တွေ့ရတော့မှ တကယ့်ကို ဂုဏ်သတင်းနဲ့ လိုက်ဖက်ပြီး အနာဂတ်မှာ ထင်ရှားကျော်ကြားမယ့်သူ ဖြစ်လာမှာ အသေအချာပဲလို့ တွေးမိတယ်..."
ဝတ်ရုံနက်ဝတ်အဘိုးအို ပြုံးလိုက်ပြီး သူ၏ မျက်နှာထား အနည်းငယ် ပျော့ပျောင်းသွားသဖြင့် ဖိစီးလေးလံနေသော လေထုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
မိုးရွာပြီးနောက် ကောင်းကင်ကြီး ကြည်လင်သွားသကဲ့သို့၊ ကမ္ဘာလောကကြီး တောက်ပလှပသွားသကဲ့သို့ ဖြစ်သွားချေ၏။
သူ၏အမည်မှာ လျိုစန်းလန်ဖြစ်ပြီး သူတော်စင်နတ်ဘုရားကျောင်းတော်၏ (၁၀) ပါးမြောက် သူတေယ်စင်နတ်ဘုရား ဖြစ်ပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က တိုက်ခိုက်ခဲ့သူမှာ သူပင် ဖြစ်ချေ၏။
"ဟူး..."
ဖိစီးလေးလံသော လေထု ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် ကျန်းလျိုယွီ သက်ပြင်းချလိုက်ပြီး တင်းမာနေသော စိတ် အနည်းငယ် လျော့ပါးသွားလေသည်။
ထို့နောက် သူသည် ရှန်းချန်ကောကို လေးစားအားကျစွာ ကြည့်လိုက်လေသည်။
သူ၏ရင်ထဲတွင် ကြည်ညိုလေးစားစိတ်များ ဖိတ်ဖိတ်ယိုနေပေသည်။
မျှော်လင့်ထားသည့်အတိုင်း ခေါင်းဆောင်သည် ခံစစ်အနေအထားမှ တိုက်စစ်အနေအထားသို့ ချက်ချင်း ပြောင်းလဲနိုင်ပြီး မုန်တိုင်းကို အပြီးတိုင် ဖျောက်ဖျက်ပစ်နိုင်ခဲ့ပေသည်။
ခေါင်းဆောင်သည် ဤနေရာသို့ ရောက်ရှိပြီးကတည်းက အပြင်မထွက်ခဲ့ကြောင်း သူ ကောင်းစွာ သိထားသည် ဖြစ်ရာ သူတော်စင်နတ်ဘုရားကျောင်းတော် အကြောင်းကို မည်သို့ ကြားဖူးနိုင်ပါမည်နည်း။
"ခင်ဗျားတို့အားလုံး အဝေးကလာတဲ့ ဧည့်သည်တွေပဲ။ အထဲဝင်ပြီး စကားပြောကြရအောင်..." ရှန်းချန်ကော၏မျက်လုံးများတွင် အပြုံးရိပ်များ သန်းနေလေသည်။
သူသည် အလွန် ယဉ်ကျေးပြီး လက်ကို အသာအယာ မြှောက်ကာ ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်လေသည်။
သူသည် မိမိကိုယ်ကို ပြိုင်ဘက်ကင်းသည်ဟု ယုံကြည်ပြီး ဤသူတော်စင်နတ်ဘုရားကျောင်းတော် ဆိုသူများကို မကြောက်သော်လည်း မဟာပျက်စီးခြင်းနယ်မြေသို့ ရောက်ရှိခါစ ဖြစ်သဖြင့် သူ၏အခြေခံအုတ်မြစ်မှာ မခိုင်မာသေးချေ။
ရွေးချယ်စရာ မရှိသည့် အဆုံးမှသာပင် သူလည်းရန်သူ အများအပြား မဖန်တီးလိုပေ။
ပြင်ပနယ်မြေတွင် သူ့ကို မကောင်းသော ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်နေသူ အများအပြား ရှိသော်လည်း သူ၏ခွန်အားကို ကြောက်ရွံ့ကြသဖြင့် မဆင်မခြင် မလုပ်ရဲကြချေ။
အင်မော်တယ်လမ်း၏အပြင်ဘက်တွင် သူသည် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ပေသည်။
မကြာသေးမီကလည်း ချွေ့ယွီခန်းမ ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့ပြီး နာမည်ကြီးနေလေသည်။
သို့သော် ဤသည်မှာ သူ၏အထောက်အထား မပေါ်သေးသည့် အခြေအနေအောက်တွင်သာ ဖြစ်ပေသည်။
အကယ်၍ ဝတ်ရုံနက်အဖွဲ့အစည်း၏ခေါင်းဆောင်သစ်မှာ အင်မော်တယ်လမ်းကို လျှောက်လှမ်းခဲ့သူ ဖြစ်ကြောင်း ပြင်ပလူများ သိရှိသွားပါက သွေးစွန်းသောမုန်တိုင်းကြီး တိုက်ခတ်လာမည် ဖြစ်ပြီး ငြိမ်းချမ်းမှု ရှိတော့မည် မဟုတ်ချေ။
"အထဲထိ ဝင်စရာ မလိုပါဘူး..." လျိုစန်းလန်၏ မျက်နှာထားမှာ တည်ကြည်လေးနက်သွားပြီး အသံနက်ကြီးဖြင့် ပြောလိုက်လေသည်။
"ဒီနေ့ ကျုပ် လာခဲ့တာက ခင်ဗျားကို စည်းရုံးဖို့ပဲ။ ဝတ်ရုံနက်အဖွဲ့အစည်းကို ဦးဆောင်ပြီး သူတော်စင်နတ်ဘုရားကျောင်းတော်နဲ့ ပူးပေါင်းပါလို့ ဖိတ်ခေါ်ချင်တယ်။ အဲဒီအချိန်ကျရင် ဝတ်ရုံနက်အဖွဲ့အစည်းက သူတော်စင်နတ်ဘုရားကျောင်းတော်ရဲ့ ပံ့ပိုးမှုကို ရရှိပြီး နယ်မြေချဲ့ထွင်နိုင်မယ်။ ပတ်ဝန်းကျင်က အဆုံးမဲ့ နယ်မြေတွေကို အုပ်စိုးနိုင်လိမ့်မယ်..."
လျိုစန်းလန်၏လေသံမှာ တည်ငြိမ်နေလေသည်။
သူသည် "ဖိတ်ခေါ်ချင်တယ်" ဟူသော စကားလုံးကို သုံးပြီး အလွန် ယဉ်ကျေးဟန် ပေါက်နေသော်လည်း သူ၏အသံထဲတွင် ငြင်းဆန်၍ မရနိုင်သော အာဏာစက် ပါဝင်နေချေ၏။
ဖိတ်ခေါ်မှု တစ်ခု ဖြစ်သော်လည်း အမိန့်တစ်ခုနှင့် ပိုတူနေပေသည်။
ဤသည်မှာ သူတော်စင်နတ်ဘုရားကျောင်းတော်ပင် ဖြစ်ချေသည်။ မြင့်မြတ်ပြီး အစွမ်းထက်ကာ ပြိုင်ဘက်ကင်းသော အာဏာရှင်ဆန်မှုပင် ဖြစ်လေသတည်း။
လျိုစန်းလန် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။
သူနှင့်အတူ ပါလာသော လူအနည်းငယ်၏ မျက်နှာများတွင် မာန်မာန ထောင်လွှားသော အမူအရာများ ရှိနေကြချေ၏။
ရှန်းချန်ကောသည် ဤစကားကို ကြားပြီးနောက် အလွန် စိတ်လှုပ်ရှားသွားမည် ဖြစ်ပြီး ခေါင်းညိတ် သဘောတူလိမ့်မည်ဟု သူတို့ ထင်မှတ်နေကြပေသည်။
နောက်ဆုံးတွင် အင်အားစုတိုင်း သူတော်စင်နတ်ဘုရား ကိုယ်တိုင် ဖိတ်ကြားခြင်းကို ခံရရန် အရည်အချင်း မပြည့်မီကြချေ။
ဤ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အခွင့်အရေးသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို မနာလို ဝန်တို ဖြစ်စေရန် လုံလောက်လှပေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် သူတော်စင် နတ်ဘုရားကျောင်းတော်မှ ဖြစ်ကြသောကြောင့်ပင်။
သို့သော် လျိုစန်းလန်ကမူ ထိုသို့ မထင်ချေ။ ကောလာဟလများသာ မှန်ကန်ပါက ဤလူသည် ချွေယွီခန်းမ ခေါင်ဆောင်းကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သဖြင့် သူ၏ အင်အားကို လျှော့တွက်၍ မရနိုင်ပေ။
ဤကဲ့သို့သော လူတစ်ဦးသည် အလွန်ပါရမီရှိသည်ဟု ပြောနိုင်လေသည်။ အကယ်၍ သူသာ အင်အားစု တစ်ခုခုနှင့် ပူးပေါင်းလိုပါက မြင့်မြတ်မင်းဆက်သို့ အဘယ်ကြောင့် မသွားခဲ့သနည်း။
ထိုသို့ သွားမည့်အစား မဟာပျက်စီးခြင်းနယ်မြေ၏အပြင်ဘက်ရှိ သာမန် အဖွဲ့အစည်းတစ်ခု ဖြစ်သော ဝတ်ရုံနက်အဖွဲ့အစည်း၏ ခေါင်းဆောင် ဘာကြောင့် ဖြစ်လာရသနည်း။
ဤမျှ ငယ်ရွယ်သော အရွယ်ဖြင့် ယန်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ပါရမီကို ပြောပြနေစရာပင် မလိုတော့ချေ။
အချိန်ပေးလိုက်ပါက သူသည် သေချာပေါက် ဖန်ဆင်းခြင်းနယ်ပယ် သို့ ရောက်ရှိမည့်သူ ဖြစ်ပေသည်။
မြင့်မြတ်မင်းဆက်သည် ထိုကဲ့သို့သော လူတစ်ဦးကို ငြင်းပယ်လိမ့်မည် မဟုတ်ချေ။
သို့သော် သူ ထိုသို့ မလုပ်ခဲ့ပေ။ သူသည် တစ်စုံတစ်ယောက်၏လက်အောက်တွင် မနေလိုကြောင်း သိသာထင်ရှားလှပေသည်။
လျိုစန်းလန် မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
ဤလူသည် အလွန် လျှို့ဝှက်ဆန်းကြယ်လွန်းလှချေ၏။ သူသည် ဘာမှမရှိသော နေရာမှ ရုတ်တရက် ပေါ်ထွက်လာသကဲ့သို့ပင်။
သူသည် ငယ်ရွယ်သော်လည်း သူ၏ခွန်အားမှာတော့ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ချွေ့ယွီခန်းမ ခေါင်းဆောင်ကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခြင်းက သူ၏ အင်အားကို သက်သေပြနေချေ၏။
ဤမျှ ငယ်ရွယ်သော အရွယ်တွင် ထိုကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်ထားခြင်းမှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော အခွင့်အရေး တစ်ခုခု ရရှိထားသောကြောင့် ဖြစ်တန်ရာ၏။
အကယ်၍ ဤလူသည် သူတော်စင်နတ်ဘုရားကျောင်းတော်နှင့် ပူးပေါင်းရန် သဘောတူပါက လမ်းညွှန်မှုဆိုသော ခေါင်းစဉ်အောက်တွင် ကံကြမ္မာ၏လျှို့ဝှက်ချက်များကို ရယူခွင့် ရှိပေလိမ့်မည်။
သို့မဟုတ်ပါက သူ ငြင်းဆန်ခဲ့လျှင် လျှပ်စီးကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်ပြီး ကြီးပြင်းမလာခင် သတ်ဖြတ်ပစ်ရပေမည်။
ရှန်းချန်ကောသည် အချိန်အတော်ကြာအောင် ပြန်မဖြေခဲ့ချေ။
သူတော်စင်နတ်ဘုရားကျောင်းတော်မှ လူများ၏ မျက်လုံးများထဲရှိ မာန်မာနများ ပျောက်ကွယ်သွားပြီး မကျေနပ်မှုများ အစားထိုး ဝင်ရောက်လာလေသည်။
သူတို့အားလုံး ရှန်းချန်ကောကို အေးစက်စွာ ကြည့်နေကြချေ၏။
ဒီလူက တွေဝေနေတာလား။ဘာကို တွေဝေနေတာလဲ။
သူတို့၏အမြင်တွင် ဤသို့ တွေဝေနေခြင်းသည် သူတို့နှင့် သူတော်စင်နတ်ဘုရားကျောင်းတော်ကို အကြီးမားဆုံး စော်ကားလိုက်ခြင်းပင် ဖြစ်လေသည်။
လေထုသည် ချက်ချင်းပင် ပြန်လည် ဖိစီးလေးလံလာပြန်လေသည်။ လေထုမှာ အေးခဲသွားသကဲ့သို့ ဖြစ်နေပြီး ဓားများ ဆွဲထုတ်ထားသကဲ့သို့ တင်းမာနေချေ၏။
လောကကြီး တစ်ခုလုံး လေးလံသော အခြေအနေသို့ ကျရောက်သွားလေသည်။
ရှန်းချန်ကောသည် သူ၏နှလုံးသားကို တိုက်ခိုက်လာသော အေးစက်သည့် အငွေ့အသက်ကို သဘာဝကျစွာ ခံစားလိုက်ရပေသည်။
ဤလူများသည် သူ၏တွေဝေနေမှုအပေါ် အလွန် မကျေမနပ် ဖြစ်နေကြကြောင်း သိသာထင်ရှားလှပေသည်။
သူတို့သည် ဒေါသထွက်လုနီးပါး ဖြစ်နေကြချေပြီ။
လူတိုင်း၏အေးစက်သော အကြည့်များအောက်တွင် ရှန်းချန်ကော ရုတ်တရက် ခေါင်းမော့လိုက်ပြီး တောက်ပစွာ ပြုံးလိုက်လေသည်။
"ကောင်းပြီလေ... ကျုပ် သဘောတူတယ်"
ထိုစကားကို ကြားသောအခါ ကျန်းလျိုယွီ၏ မျက်နှာတွင် စိတ်လှုပ်ရှားသော အမူအရာ ပေါ်လာလေသည်။
ယနေ့အချိန်တွင် သူတော်စင်နတ်ဘုရားကျောင်းတော်သည် ကောင်းကင်ရှိ နေမင်းကြီးကဲ့သို့ ထင်ရှားသည်။
၎င်း၏ဂုဏ်သတင်းသည် ကြီးမားခမ်းနားပြီး မဟာပျက်စီးခြင်းနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
မည်သူက မသိဘဲ ရှိပါမည်နည်း။
အနာဂတ်တွင် သူတော်စင်နတ်ဘုရားကျောင်းတော်သည် မြင့်မြတ်မင်းဆက်ကို စိန်ခေါ်ပြီး သူတော်စင်ဘုရင် ကို ပလ္လင်ပေါ်မှ ဆွဲချကာ နေရာယူရန် ရည်ရွယ်ထားသည်ဟု ကောလာဟလများ ထွက်ပေါ်နေပေသည်။
ထိုအချိန်ကျလျှင် သူတို့သည် သူတော်စင်နတ်ဘုရားကျောင်းတော်နှင့် ပူးပေါင်းပြီးနောက် ဝတ်ရုံနက်အဖွဲ့အစည်း၏ဂုဏ်သရေ အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည် ဖြစ်ချေသည်။
သူတော်စင်နတ်ဘုရားကျောင်းတော်မှ လူများ၏ မျက်နှာအမူအရာများလည်း အနည်းငယ် ပျော့ပျောင်းသွားပြီး သူတို့၏မျက်လုံးများထဲရှိ အေးစက်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
လျိုစန်းလန် တစ်ယောက်သာ မျက်မှောင်ကြုတ်နေလေသည်။
ဤလူ၏အပြုအမူသည် တစ်ခုခု မှားယွင်းနေသလို ခံစားရစေချေ၏။
အမှန်ပင် တည်ငြိမ်လွန်းနေသည်။
ဤလူ၏အဖြေသည် အလွန် တည်ငြိမ်လွန်းနေသဖြင့် လူများကို အလွန် ထူးဆန်းသည်ဟု ခံစားရစေပေသည်။
ယခုကိစ္စက ဤမျှထိရိုးရှင်းမည် မဟုတ်ကြောင်း သူ ဝေဝါးဝေဝါး ခံစားနေရလေသည်။
မျှော်လင့်ထားသည့်အတိုင်းပင်။
ရှန်းချန်ကောသည် ပြုံးနေဆဲ ဖြစ်ပြီး ပါးစပ်ဟကာ ပြောလိုက်လေသည်။
"သူတော်စင်နတ်ဘုရားကျောင်းတော်နဲ့ ပူးပေါင်းဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..."
"ဒါပေမဲ့... ကျုပ် ပူးပေါင်းမယ် ဆိုရင်တော့ ကျုပ်က ပထမ သူတော်စင်နတ်ဘုရား ဖြစ်ရမယ်"
ဝုန်း
ဝုန်း
ရှန်းချန်ကော၏တည်ငြိမ်သော အသံသည် ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ လူတိုင်း၏နားထဲတွင် ပေါက်ကွဲသွားလေသည်။
ကောင်းကင် ပြိုကျပြီး မြေကြီး ကွဲအက်သွားသကဲ့သို့ပင်။
ကျန်းလျိုယွီ၏မျက်နှာ ချက်ချင်း ဖြူဖပ်ဖြူရော ဖြစ်သွားလေသည်။
သူ၏စိတ်ထဲတွင် အတွေးတစ်စသာ ရှိတော့သည်။
သွားပြီ... အကုန်ပြီးသွားပြီ။ဝတ်ရုံနက်အဖွဲ့အစည်းတော့ သွားပါပြီ။
လျိုစန်းလန်၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။
သူသည် ရှန်းချန်ကောကို စူးစိုက်ကြည့်ပြီး "မင်း အခု ဘာပြောလိုက်တာလဲ..." ဟု မေးလိုက်လေသည်။
သူ စကားပြောလိုက်သည်နှင့် သတ်ဖြတ်လိုသော အရှိန်အဝါများ လေထုထဲတွင် ပြည့်နှက်သွားချေ၏။
အေးစက်သော သတ်ဖြတ်လိုစိတ်ကြောင့် ကမ္ဘာလောက၏အပူချိန် ကျဆင်းသွားလေသည်။
သူ့နောက်မှ လူများအားလုံး၏မျက်နှာထားများ မဲမှောင်သွားကြကုန်၏။
သူတို့၏မျက်လုံးများသည် အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များ ကမ္ဘာလောကကို လွှမ်းခြုံသွားလေသည်။
"ကျုပ် ပြောလိုက်တာက... အကယ်၍ ကျုပ် သူတော်စင်နတ်ဘုရားကျောင်းတော်နဲ့ ပူးပေါင်းမယ် ဆိုရင်... ကျုပ်က ပထမဆုံး သူတော်စင်နတ်ဘုရား ဖြစ်ရမယ်လို့ ပြောတာ"
ရှန်းချန်ကော ခေါင်းမော့လိုက်ပြီး သူ၏မျက်နှာပေါ်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာလေသည်။
သူသည် လျိုစန်းလန်ကို တည့်တည့်ကြည့်ပြီး ထပ်ပြောလိုက်လေသည်။
"ကောင်လေး... မင်း တော်တော် ရောင့်တက်နေပါလား"
"ပထမဆုံး သူတော်စင်နတ်ဘုရား ဆိုတာ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ကွ။ မင်းက ထိုက်တန်တယ်လို့ ထင်နေတာလား..."
"မင်းက ဝတ်ရုံနက်အဖွဲ့အစည်း ခေါင်းဆောင် ဖြစ်ပြီး ချွေ့ယွီခန်းမ ခေါင်းဆောင်ကို သတ်ခဲ့ရုံနဲ့ မဟာပျက်စီးခြင်းနယ်မြေတစ်ခုလုံးကို လွှမ်းမိုးနိုင်ပြီး
လူတွေကို အထက်စီးက ဆက်ဆံနိုင်မယ် ထင်နေတာလား..."
ရှန်းချန်ကော၏မျက်နှာထားလည်း မာထန်သွားလေသည်။
သူ၏မျက်လုံးများ စူးရှနေပြီး "ကျုပ်တို့ လမ်းကြောင်းချင်း မတူရင် လက်တွဲလို့ မရဘူးလေ... ပြန်ကြတော့" ဟု အေးစက်စွာ ပြောလိုက်လေသည်။
"လူကြီးမင်းတို့... ကျေးဇူးပြုပြီး ပြန်ကြပေတော့"
ဤသည်မှာ ထွက်သွားရန် အမိန့်ပေးလိုက်ခြင်းပင် ဖြစ်ချေသည်။
ရှန်းချန်ကောလည်း အလွန် မကျေမနပ် ဖြစ်နေလေသည်။
ဤ သူတော်စင်နတ်ဘုရားကျောင်းတော်သည် အလွန် အာဏာရှင်ဆန်လွန်းလှပေသည်။
ထို့အပြင် သူတော်စင်နတ်ဘုရား ကိုယ်တိုင် လာရောက်ဖိတ်ကြားသည်အထိ သူ တန်ဖိုးရှိသည်ဟု သူ မယုံကြည်ချေ။
ရှေးလူကြီးများ ပြောသလိုပင် ပုံမှန်မဟုတ်သော ကိစ္စများတွင် တစ်ခုခု မှားယွင်းနေတတ်ပေသည်။
ဤလူများသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် လာပြီး လှည့်ကွက်တစ်ခုခု ကြံစည်နေကြခြင်း ဖြစ်တန်ရာ၏။
"ကောင်လေး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတော်စင်နတ်ဘုရား ကိုယ်တိုင် ဘာလို့ လှုပ်ရှားခဲ့လဲ ဆိုတာ မင်း သိလား..."
"ကျုပ် မသိဘူး... သိလည်း မသိချင်ဘူး..." ရှန်းချန်ကော၏အသံမှာ အေးစက်နေလေသည်။
နှစ်ဖက်စလုံး ဟန်ဆောင်မျက်နှာဖုံးများ ကွာကျသွားပြီ ဖြစ်ရာ သူလည်း ယဉ်ကျေးနေစရာ အကြောင်း မရှိတော့ချေ။
သူသည် ရန်သူများ မဖန်တီးချင်သော်လည်း မည်သူ့ကိုမျှသူ့ခေါင်းပေါ် တက်ပြီး အမိန့်ပေးစေခိုင်းခွင့် ပြုမည် မဟုတ်ပေ။
"ဥက္ကာပျံနန်းတော် ရဲ့ နန်းတော်သခင်ကလည်း မင်းလိုပဲ မာနကြီးပြီး အာဏာရှင်ဆန်ခဲ့တယ်။ သူ့ရဲ့ အင်အားကို ယုံကြည်ပြီး ဖိတ်ခေါ်မှုကို လစ်လျူရှုခဲ့တယ်။နောက်ဆုံးတော့ သူလည်း သူတော်စင်နတ်ဘုရားရဲ့လက်ဝါးချက် တစ်ချက်တည်းနဲ့ ပျက်စီးသွားခဲ့ရတယ်..."
"မင်း ဒီအဘိုးကြီးကို နိုင်မှသာ သူတော်စင်နတ်ဘုရား နေရာမှာ ထိုင်ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်..."
ဝုန်း...
လျိုစန်းလန်၏ဝတ်ရုံသည် လေထဲတွင် တဖျက်ဖျက်လွင့်သွားပြီး သူ၏ကျယ်ပြန့်သော အရှိန်အဝါသည် ကြယ်တာရာ ပင်လယ်ကဲ့သို့ လှိုင်းထလာလေသည်။
သူသည် အလွန် ဒေါသထွက်သွားပြီး လက်ဝါးကို မြှောက်ကာ တိုက်ရိုက် ရိုက်ချလိုက်လေသည်။
သူ၏လက်ဝါးစွမ်းအားအောက်တွင် ကောင်းကင် ပြိုကျပြီး မြေကြီး ကွဲအက်သွားလေသည်။
နေနှင့် လ တို့ပင် မှေးမှိန်သွားရလေသတည်း။