ဖုံးကွယ်ထားသော အမှန်တရား ပေါ်ပေါက်လာခြင်း
Vol. 22 Ch. 217
ဘုန်း
ဘုန်း
လျိုစန်းလန်၏ပြင်းထန်ပြီး ကျယ်ပြန့်သော အရှိန်အဝါသည် ရေကာတာကျိုးပျက်ပြီးနောက် လှိုင်းထန်သော ကြယ်တာရာ ပင်လယ်ကဲ့သို့ လှိမ့်ထွက်လာလေသည်။
လောကကြီး ဟိန်းဟောက်မြည်ဟိန်းပြီး ဟင်းလင်းပြင်ကြီး ပေါက်ကွဲသွားသဖြင့် မြင်ကွင်းမှာ ကြောက်မက်ဖွယ် ကောင်းလှချေ၏။
ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူများသည် အလွန် စွမ်းအားကြီးမားကြပေသည်။
သူတို့သည် မဟာပျက်စီးခြင်းနယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နေကြပြီး ခုန်ပျံကျော်လွှားကာ အင်မော်တယ်အဖြစ်သို့ အဆင့်တက်နိုင်ကြသူများ၊ အင်မော်တယ်တာအို သို့ ခြေချနိုင်သူများ ဖြစ်ကြပေသည်။
ယခုအချိန်တွင် လျိုစန်းလန်သည် လေထဲတွင် ရပ်နေလေသည်။ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး၏စွမ်းအားကို အတားအဆီးမရှိ ထုတ်လွှတ်လိုက်ရာ လောကကြီး တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဝတ်ရုံနက်အဖွဲ့အစည်း တစ်ခုလုံးကို ဖိအားပေးလိုက်လေတော့သည်။
ဝတ်ရုံနက်အဖွဲ့သားများသည် ကောင်းကင်ဘုံ၏ အာဏာစက်ကဲ့သို့သော ဖိအားကို ခံစားလိုက်ရပြီး ထိတ်လန့်တုန်လှုပ်နေကြချေ၏။
"ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူကြီးပါလား..."
"ဘယ်သူလဲ... ဝတ်ရုံနက်အဖွဲ့အစည်းကို ဘာလို့ ရုတ်တရက် တိုက်ခိုက်တာလဲ..."
"ဝတ်ရုံနက်အဖွဲ့အစည်းတော့ သွားပါပြီကွာ..."
အချို့က ကြောက်လန့်တကြား ဖြစ်နေကြပြီး အချို့က ငိုကြွေးနေကြကာ အချို့မှာမူ မျှော်လင့်ချက် ကင်းမဲ့နေကြချေသည်။
ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကို မည်သူက ခုခံနိုင်ပါမည်နည်း။
ဝတ်ရုံနက် အဖွဲ့သားများသာ ထိုသို့ ဖြစ်နေကြခြင်း မဟုတ်ပေ။
ထိုအချိန်တွင် ဝတ်ရုံနက်အဖွဲ့ ပိုင်နက်၏မိုင်ပေါင်း တစ်ထောင်အတွင်းရှိ မရေမတွက်နိုင်သော လူများသည် ကြောက်လန့်တကြား ဖြူဖပ်ဖြူရော ဖြစ်သွားကြပြီး ဝတ်ရုံနက်အဖွဲ့အစည်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြလေသည်။
ဖိအားများ ပျံ့နှံ့သွားသည်နှင့်အမျှ လောကကြီး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားလေသည်။
ကျယ်လောင်သော မြည်ဟီးသံများသည် အဆုံးမရှိ ပေါ်ထွက်လာပြီး ကမ္ဘာကြီး ပြိုကျကာ ကောင်းကင်ကြီး ကွဲအက်သွားတော့မည့်အလား ဖြစ်နေသဖြင့် သူတို့ကို ကြောက်လန့်တကြား တုန်လှုပ်စေခဲ့ချေသည်။
"ဒီအရှိန်အဝါက ဖန်ဆင်းခြင်းနယ်ပယ် ဖြစ်တည်မှုဆီကပဲ..."
"အဲဒါ... ဝတ်ရုံနက်အဖွဲ့ ရှိတဲ့ နေရာပဲ"
"အဲဒါ သူတော်စင်နတ်ဘုရားကျောင်းတော် ရဲ့ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရားပဲ။လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဥက္ကာပျံနန်းတော် ကို အစွမ်းထက်တဲ့ လက်ဝါးချက်နဲ့ ဖျက်ဆီးပစ်ခဲ့တဲ့သူလေ။ အလောင်းတောင် မကျန်ခဲ့ဘူး..."
"သူတော်စင်နတ်ဘုရားကျောင်းတော်က ဝတ်ရုံနက်အဖွဲ့အစည်းကို စတင် တိုက်ခိုက်လိုက်ပြီပဲ..."
အချို့က ကြောက်ရွံ့သော မျက်လုံးများဖြင့် ဝတ်ရုံနက်အဖွဲ့ အစည်းရှိရာဘက်သို့ ကြည့်လိုက်ကြလေသည်။
အမဟာပျက်စီးခြင်းနယ်မြေ၏အပြင်ဘက်တွင် ဝတ်ရုံနက်အဖွဲ့အစည်းပိုင်နက်အနီးရှိ အင်အားစု အားလုံးသည် ထိုဖိအားကို ခံစားလိုက်ရလေသည်။
၎င်းသည် ကောင်းကင်ကို လွှမ်းခြုံထားပြီး ကျယ်ပြောလှသော လောကကြီးကို ဖုံးအုပ်ထားသကဲ့သို့ ရှိပေသည်။
ဝုန်း...
ကောင်းကင် ပြိုကျပြီး မြေပြင်ကွဲအက်သွားသကဲ့သို့၊ လေနှင့် တိမ်တိုက်များ အရောင်အဆင်း ကင်းမဲ့သွားသကဲ့သို့ ဖြစ်သွားလေသည်။
လျိုစန်းလန်၏ခန္ဓာကိုယ်သည် ကောင်းကင်ယံရှိ နေမင်းကြီးကဲ့သို့ တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေပြီး ၎င်း၏စွမ်းအားသည် စကြဝဠာကို လွှမ်းခြုံသွားလေသည်။
ဘုန်း
မိုးနှင့်မြေကြားတွင် မရေမတွက်နိုင်သော လူများ၏နှလုံးသားကို တုန်လှုပ်စေသော အသံနက်ကြီး ပေါ်ထွက်လာလေသည်။
သူတို့ ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ တစ်ဘဝလုံး မေ့မရနိုင်မည့် မြင်ကွင်းကို မြင်လိုက်ရချေသည်။
ကောင်းကင်ယံတွင် နတ်ဘုရားများကဲ့သို့သော ပုံရိပ်နှစ်ခု ထိပ်တိုက်တွေ့နေကြပေသည်။
လက်မြှောက်လိုက်ရုံဖြင့် အဆုံးမဲ့သော အလင်းရောင်များ လှိုင်းထွက်လာပြီး ဟင်းလင်းပြင်ကြီး ကွဲအက်ကာ ကောင်းကင်နှင့် မြေကြီး နေရာပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားလေသည်။
"အဲဒါ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရားပဲ"
"ဟိုလူကရော ဘယ်သူလဲ။ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရားနဲ့ လက်ရည်တူတိုက်ခိုက်နိုင်တယ် ဆိုတော့..."
"ငါ မမှားဘူးဆိုရင်... အဲဒီလူက ဝတ်ရုံနက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်သစ် ဖြစ်လောက်တယ်"
ဝတ်ရုံနက်အဖွဲ့အစည်း၏အပြင်ဘက်တွင် အင်အားစု အသီးသီးမှ လူများ ဆူညံပွက်လောရိုက်သွားကြကုန်၏။
သူတို့ မြင်တွေ့လိုက်ရသည်ကို မယုံကြည်နိုင် ဖြစ်နေကြချေသည်။
ဤသည်မှာ သူတို့၏နားလည်မှုနှင့် စိတ်ကူးစိတ်သန်းများကို မှောက်လှန်ပစ်လိုက်ခြင်းပင် ဖြစ်လေသည်။
ဝတ်ရုံနက်အဖွဲ့အစည်း၏ခေါင်းဆောင်သစ်သည် ဤမျှ ကြောက်စရာ ကောင်းသည်လော။
သူနှင့် တိုက်ခိုက်နေသူမှာ အထွတ်အထိပ်တွင် အမှန်တကယ် ရပ်တည်နေသော ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ၊ သူတော်စင်နတ်ဘုရား ကျောင်းတော်၏ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား ဖြစ်ပေသည်။
ဝတ်ရုံနက် အဖွဲ့သားများလည်း အလွန် တုန်လှုပ်သွားကြချေသည်။
သူတို့သည် ကောင်းကင်သို့ မော့ကြည့်ပြီး ရှန်းချန်ကော၏မြင့်မားသွယ်လျသော ပုံရိပ်ကို စိုက်ကြည့်နေမိကြလေသည်။
သူသည် ထူးခြားဆန်းပြားသော အရှိန်အဝါ ရှိပြီး မျိုးဆက်တစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသူ ဖြစ်ပေသည်။
ဤအခိုက်အတန့်တွင် သူတို့၏မျက်လုံးထဲ၌ ထိုပုံရိပ်သည် နတ်ဘုရားတစ်ပါးကဲ့သို့ ခမ်းနားထည်ဝါနေချေ၏။
သူသည် ရဲရင့်ပြီး သူ၏အရှိန်အဝါသည် ကောင်းကင်ဘုံကို တုန်လှုပ်စေလေသည်။
ဤအချိန်ကျမှသာ သူတို့သည် ဘာမှမရှိသော နေရာမှ ရုတ်တရက် ပေါ်ထွက်လာသော ဤခေါင်းဆောင်သစ်ကို အမှန်တကယ် အသိအမှတ်ပြုလိုက်ကြလေတော့သည်။
"ဖန်ဆင်းခြင်းနယ်ပယ် ဆိုတာလည်း ဒီလောက်ပါပဲလား..." လေထဲတွင် ရှန်းချန်ကော၏မျက်လုံးများ စူးရှထက်မြက်နေပြီး လျှပ်စီးကြောင်းကဲ့သို့ ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေလေသည်။
သူ မော့ကြည့်ပြီး ဟိန်းဟောက်လိုက်လေသည်။
"ငါ့ရဲ့ ဓားချက်ကို ခံစားကြည့်စမ်း"
"ရွှမ်း..."
သူ လက်ချောင်းကို မြှောက်ပြီး ကောင်းကင်သို့ ညွှန်လိုက်လေသည်။
သူ၏လက်ချောင်းထိပ်ရှိ မဟာကပ်ဘေးဓား (မူရင်းတွင် တစ်ခါမှမမြင်ဖူးသော Divine Transformation Sword ဖြစ်နေတယ်) သည် တောက်ပနေချေ၏။
(ထီးပဲဟေ့ ထီးလိုပဲခဏခဏပြောင်းရေးနေလိုက် လိုက်ပြင်နေရတာခေါင်းပါပေါက်တော့မယ်.သူ့အကွက်တွေအကုန်လုံးကလည်းတူနေတယ်)
၎င်းသည် ကောင်းကင်ကို ဖြတ်သန်းသွားသော ကြယ်တာရာ မြစ်တစ်စင်းကဲ့သို့ ဖြစ်ပြီး ရှေ့မှ နေရာများကို လွှမ်းခြုံသွားလေသည်။
၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မျုးနှင့် မြေသည် မျည်းကြောင်းတစ်ခုခြားလိုက်သည့်ပမာ ကွဲအက်သွားပြီး အချိန်ကြာမြင့်သည်အထိ ပြန်မပိတ်နိုင်တော့ချေ။
"ဖန်ဆင်းခြင်းနယ်ပယ် မရောက်သေးဘဲနဲ့တော့ ဖန်ဆင်းခြင်းနယ်ပယ် ဘယ်လောက် စွမ်းအားကြီးတယ် ဆိုတာကို မင်း ဘယ်တော့မှ သိမှာ မဟုတ်ဘူး..."
လျိုစန်းလန်၏ဆံပင်များ ရူးမိုက်စွာ ကခုန်နေပြီး သူ၏မျက်လုံးများမှာ အရိုးထဲထိ ထိုးဖောက်သွားနိုင်လောက်အောင် အေးစက်နေလေသည်။
သို့သော် သူ တိုက်ခိုက်လေလေ၊ ပို၍ ကြောက်ရွံ့လာလေလေ ဖြစ်နေချေ၏။
ဤလူ၏အင်အားမှာ သူ၏စိတ်ကူးယဉ်နိုင်စွမ်းကို ကျော်လွန်လောက်အောင် စွမ်းအားကြီးမားလွန်းလှပေသည်။
ဤဓားချက်သည် သူ့ကို အန္တရာယ်၏ အရိပ်အယောင် ခံစားမိစေခဲ့လေသည်။
ဘုန်း
ကောင်းကင်ယံတွင် လူနှစ်ဦး၏ပုံရိပ်များ ဖြတ်သန်းသွားလာနေကြပြီး ကြီးမားသော ဖိအားသည် မိုးနှင့်မြေကို တုန်လှုပ်စေလေသည်။
သူတို့ ထိပ်တိုက်တွေ့သည့်အခါ ထူးဆန်းသော ဖြစ်ရပ်ဆန်းများ ပေါ်ပေါက်လာပြီး ကြယ်များ ပြောင်းပြန်လည်ကာ တောင်တန်းများနှင့် မြစ်ချောင်းများ ပျက်စီးသွားကြကုန်၏။
ဤသည်မှာ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူများကြား တိုက်ပွဲဖြစ်ကြောင်း ထင်ရှားလှပေသည်။
တိုက်ပွဲ၏စွမ်းအားသည် မိုင်ထောင်ချီအထိ ပျံ့နှံ့သွားလေသည်။
ကြောက်မက်ဖွယ် လှိုင်းဂယက်များအောက်တွင် မိုနှင့်မြေ၏ ဝိညာဉ်ချီများ ကစဉ့်ကလျား ဖြစ်ကုန်ကြ၏။
ဟင်းလင်းပြင်ကြီးသည် အလွှာလိုက် အလွှာလိုက် ကွဲအက်သွားပြီး ဆက်လက် ပျံ့နှံ့နေဆဲ ဖြစ်ချေသည်။
မဟာပျက်စီးခြင်းနယ်မြေ အပြင် နယ်မြေ၏အတွင်း၏နက်ရှိုင်းသော နေရာများတွင် စွမ်းအားကြီးမားသော အရှိန်အဝါများ နိုးထလာလေသည်။
သူတို့၏မျက်လုံးများ နက်ရှိုင်းနေပြီး အပြင်နယ်မြေသို့ လှမ်းကြည့်လိုက်ကြလေသည်။
သူတို့၏အကြည့်အောက်တွင် ကျယ်ပြောလှသော မြေပြင်နှင့်အဆုံးမဲ့ ဟင်းလင်းပြင်ကြီးသည် လက်တစ်ကမ်း အကွာအဝေး၌သာ ရှိတော့သကဲ့သို့ ဖြစ်နေပေသည်။
ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော လှုပ်ရှားမှုမှာ ကြီးမားလွန်းလှသဖြင့် သူတို့ကို နိုးထစေပြီး အာရုံစိုက်လာစေခဲ့လေသည်။
"အိုး... အဲဒီ အဘိုးကြီးက အရင်တုန်းက တိုက်ခိုက်ခဲ့တဲ့ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရားပဲ"
"ဟိုကောင်လေးက နည်းနည်း ရင်းနှီးနေသလိုပဲ..."
"ဝတ်ရုံဖြူနဲ့လူငယ်လေးက အင်မော်တယ်လမ်း ပေါ် တက်လှမ်းခဲ့တဲ့သူနဲ့ တူနေတယ်..."
"မမှားနိုင်ဘူး... သူက အင်မော်တယ်လမ်းမှာ အင်မော်တယ်အခွင့်အရေးကို ရခဲ့တာပဲ။ အဲဒီနောက်ပိုင်း သူ့ရဲ့ကျင့်ကြံခြင်းက ခုန်ပျံကျော်လွှား တိုးတက်လာပြီး ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတွေကိုတောင် သတ်နိုင်နေပြီ..."
"ကျင့်ကြံခြင်း ဆိုတာ တစ်ရက်တည်းနဲ့ ဖြစ်လာတဲ့ ကိစ္စ မဟုတ်ဘူးကွ။ သူက ကောင်းကင်တာအိုသစ်သီး ကို ရခဲ့ရင်တောင် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူကို ယှဉ်နိုင်ဖို့ မလုံလောက်သေးဘူး..."
ကောင်းကင်ယံတွင် ပုံရိပ်အချို့ အချင်းချင်း ဆက်သွယ်ပြောဆိုနေကြပြီး ရှန်းချန်ကောကို ချက်ချင်း မှတ်မိသွားကြလေသည်။
"အဲဒီနေ့တုန်းက..." တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်လျက် ပြောလိုက်လေသည်။
"သူက ဖန်ဆင်းခြင်းနယ်ပယ် ဖြစ်တည်မှု တစ်ခုကို လွှမ်းမိုးတဲ့ တိုက်ခိုက်မှု တစ်ခုတည်းနဲ့ သတ်ခဲ့တာလေ။လောကကြီးကို ခြိမ်းခြောက်ခဲ့ပြီး မရေမတွက်နိုင်တဲ့ လူတွေကို မဆင်မခြင် မလုပ်ရဲအောင် တားဆီးနိုင်ခဲ့တယ်..."
"အခု ပြန်စဉ်းစားကြည့်တော့... နည်းနည်းတော့ ထူးဆန်းနေတယ်။ သူက တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တယ်။ အဲဒီ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူက ပြန်တိုက်ခိုက်ဖို့ အချိန်တောင် မရလိုက်သလိုပဲ။ ဖန်ဆင်းခြင်းနယ်ပယ်ရဲ့ စွမ်းအားကိုတောင် ထုတ်မပြလိုက်ရဘူး..."
စကားဆုံးသည်နှင့် လူတိုင်း၏မျက်လုံးများ အေးစက်သွားလေသည်။
သူတို့၏မျက်လုံးများသည် ဝတ်ရုံနက်အဖွဲ့အစည်းကို ကြည့်ရင်း ကြောက်မက်ဖွယ် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားချေ၏။
အမှန်တကယ်တွင် သူတို့ ပြောသည့်အတိုင်းပင် ဖြစ်ပေသည်။
မဟာပျက်စီးခြင်းနယ်မြေသည် ကျယ်ပြောပြီး အဆုံးအစမဲ့လှပေသည်။
အပြင်နယ်မြေသာ ဖြစ်သော်လည်း အလွန် ကျယ်ဝန်းနေဆဲပင်။
ထိုနေ့က သူတို့ ကိုယ်တိုင် မလာရောက်ခဲ့ကြသဖြင့် အခြေအနေမှန်ကို သေချာပေါက် မသိရှိခဲ့ကြချေ။
ထိုနေ့က ရှန်းချန်ကောသည် အင်မော်တယ်လမ်းမှ ပြိုင်ဘက်ကင်းသော စွမ်းအားဖြင့် ထွက်ခွာလာခဲ့လေသည်။
သူသည် ဖန်ဆင်းခြင်းကို ဓားချက်တစ်ချက်တည်းဖြင့် ခွဲခြားပစ်ခဲ့သည်။
သူ၏စွမ်းအားမှာ နှိုင်းယှဉ်၍ မရနိုင်အောင် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် မိုးနှင့် မြေကြီးကို တုန်လှုပ်စေခဲ့လေသည်။
မည်သူမျှ မဆင်မခြင် မလှုပ်ရှားရဲခဲ့ကြပေ။
ဖန်ဆင်းခြင်းနယ်ပယ် ရောက်နေသူများပင် ကြောက်ရွံ့ခဲ့ကြပြီး တိုက်ခိုက်ရန် မဝံ့ရဲခဲ့ကြချေ။
ရှန်းချန်ကောသည် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူကို သတ်ဖြတ်ပြီးနောက် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထွက်ခွာသွားပြီး ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ဤအချက်သည် မရေမတွက်နိုင်သော လူများ၏ သံသယကို နှိုးဆွပေးခဲ့လေသည်။
ထို့နောက် လူအများအပြား သတိပြန်ဝင်လာကြလေသည်။
သူတို့သည် ရှန်းချန်ကော၏လှည့်ဖြားခြင်း ခံလိုက်ရပြီး သူ၏ဓားစွမ်းအားကြောင့် ကြောက်ရွံ့သွားမိသည့်အတွက် ဒေါသထွက်နေကြချေ၏။
သူတို့ အလွန် ကြောက်ရွံ့သွားသဖြင့် မတိုက်ခိုက်ရဲခဲ့ကြပေ။
ရှန်းချန်ကော ထွက်ခွာသွားသည့် အချိန်မှစ၍ လူတိုင်း သဘောပေါက်သွားကြလေသည်။
ရှန်းချန်ကောတွင် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကို ယှဉ်နိုင်မည့် အင်အား မရှိနိုင်ပေ။
သို့မဟုတ်ပါက သူ ထွက်ပြေးခဲ့လိမ့်မည် မဟုတ်ချေ။
သူသည် အင်မော်တယ်လမ်းသို့ ဝင်ရောက်ပြီး ကောင်းကင်ဘုံအခွင့်အလမ်းကို ရရှိကာ ပြောင်းလဲသွားခဲ့သော်လည်း ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကို တိုက်ခိုက်ရန် ခက်ခဲနေဦးမည် ဖြစ်ပေသည်။
သူက ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ သူ လှည့်ကွက် တစ်ခုခု သုံးခဲ့ခြင်းကြောင့် သို့မဟုတ် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူက သူ့ကို လျှော့တွက်ခဲ့ခြင်းကြောင့်သာ ဖြစ်တန်ရာ၏။
ထို့နောက် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ သုံးဦး ဦးဆောင်ကာ မရေမတွက်နိုင်သော လူများ မဟာမိတ်ဖွဲ့ပြီး မဟာပျက်စီးခြင်းနယ်မြေ၏ အပြင်ဘက်တွင် ရှန်းချန်ကော၏ခြေရာများကို ရှာဖွေခဲ့ကြသော်လည်း မည်သည့်အရာမျှ မတွေ့ရှိခဲ့ကြချေ။
သူတော်စင်နတ်ဘုရားကျောင်းတော် ပေါ်ထွက်လာပြီး မဟာပျက်စီးခြင်း နယ်မြေကို တုန်လှုပ်စေခဲ့သည့် အချိန်ကျမှသာ ထိုလူများ ရှာဖွေခြင်းကို လက်လျှော့ခဲ့ကြလေသည်။
ယခုအချိန်တွင် ရှန်းချန်ကောနှင့် လျိုစန်းလန်တို့သည် ကောင်းကင်ယံတွင် တိုက်ခိုက်နေကြပြီး သူတို့၏စွမ်းအားသည် ကောင်းကင်ကြီးနှင့် မဟာပျက်စီးခြင်းနယ်မြေ၏အပြင်ဘက် ဧရိယာတစ်ခုလုံးကို တုန်လှုပ်စေလျက် ရှိပေသည်။
မရေမတွက်နိုင်သော လူများ၏အကြည့်များသည် ထိုနေရာသို့ ရောက်ရှိလာကြလေသတည်း။