ဒဏ်ရာပြန်ကောင်းသွားတော့ နာကျင်မှုကို မေ့သွားပြီလား
Vol. 1 Ch. 414
အဲ့ဒါကို တစ်ကြိမ်လုပ်မယ်...
ထိုစကားတွင် အဓိပ္ပါယ်များစွာ ပါဝင်လေသည်။ လင်းယွဲ့သည် ပြန်၍ မတုံ့ပြန်ခဲ့ပေ။ သူမလို တော်ဝင်မိသားစုတွင် မွေးဖွားခဲ့သူသည် ထိုသို့ကြမ်းတမ်းရိုင်းစိုင်းသည့် စကားမျိုးကို မည်သို့နားလည်နိုင်ပါမည်နည်း။
သို့သော်လည်း လင်းယွဲ့သည် အလွန်ဉာဏ်ကောင်းလေသည်။ သူမသည် ကျန်းရီ၏လေသံနှင့် အမူအရာမှတစ်ဆင့် အဓိပ္ပါယ်ကို ချက်ချင်းမှန်းဆမိလိုက်သည်။ သူမသည် ရှက်လွန်း၍ ဒေါသထွက်လာခဲ့သည်။ ထို့နောက် သူမ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ် တောက်ပသွားခဲ့ပြီး လင်းလက်နေသည့် အဖြူရောင် ဓားရှည်တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ သူမသည် ကျန်းရီရှိရာသို့ ဓားနှင့် ထိုးချလိုက်ပြီး ခပ်အုပ်အုပ် အော်ဟစ်လိုက်သည်။
"ရှင်...တဏှာရူးကောင်...ဒီမင်းသမီးက ရှင့်ကို သတ်မယ်"
ဝှစ်...
လင်းယွဲ့၏ဓားသည် ကျန်းရီကို မည်သို့ ထိုးစိုက်နိုင်ပါမည်နည်း။ သူသည် ကိုယ်ကိုယ်လှည့်၍ လင်းယွဲ့၏ လက်ကောက်ဝတ်ကို လျှပ်စီးအလျင်နှင့် ဖမ်းကိုင်လိုက်သည်။ ထို့နောက် သူသည် သူမ၏လက်ကောက်ဝတ်အား လိမ်လိုက်ရာ နာကျင်မှုကြောင့် သူမ၏ ဓားရှည်မှာ အောက်သို့လွတ်ကျသွားခဲ့သည်။ လင်းယွဲ့၏ကိုယ်သည် ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။
ကျန်းရီသည် အခွင့်အရေးယူ၍ ရှေ့သို့ ခြေနှစ်လှမ်းတိုးသွားကာ သူမ၏ ခါးအား အခြားလက်တစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။ သူသည် စဉ်းလဲစွာပြုံး၍ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ...ကျွန်တော်သာ အင်ပါယာအတွက် အမှုထမ်းချင်စိတ်ရှိရင် မင်းသမီးကိုရမယ်လို့ မင်းသမီးလင်းယွဲ့ပဲ ပြောခဲ့တာ မဟုတ်လား။ အခုကျွန်တော် အင်ပါယာအတွက် အမှုထမ်းချင်စိတ် ရှိလာပြီလေ။ မင်းသမီးက ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းတော့ မလို့လား"
လင်းယွဲ့၏ လက်ကောက်ဝတ်မှာ သံညှပ်တစ်ခုဖြင့် အညှပ်ခံထားရသည့်အလား ခံစားနေရချိန်တွင် သူမ၏ခါးအား သန်မာသော လက်တစ်ဖက်က ပွေ့ဖက်ထားခဲ့သည်။ သူမ၏ကိုယ်သည် ကျန်းရီ၏ ကိုယ်နှင့် တစ်ထပ်တည်း ဖြစ်နေခဲ့သည်။ သူမသည် ယောက်ျားတစ်ယောက်၏ ကိုယ်နှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်းဖြစ်သည်။ သူမ၏စိတ်ထဲတွင် မိုးကြိုးပစ်ချခံရသကဲ့သို့ ခံစားလိုက်ရပြီး အစွမ်းကုန်အော်ဟစ်၍ အကူအညီတောင်းရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုခဏတွင် ကျန်းရီ၏ လက်သည် သူမ၏ ဝတ်စုံနောက်ကျောဘက်ကို ဆွဲဖြဲလိုက်လေသည်။ ကျန်းရီသည် အလွန်တရာ အေးစက်လှသည့် လေသံနှင့် ပြောလိုက်သည်။
"မင်းသမီး မအော်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ မင်းသမီးရဲ့ အဝတ်အစားတွေ အကုန်လုံးကို ကျွန်တော်ဆွဲဖြဲလိုက်မယ်။ ဒါဆိုရင် မင်းသမီးအော်လိုက်တာနဲ့ အားလုံးပြေးလာကြပြီး မင်းသမီးရဲ့ ကျောက်စိမ်းကိုယ်လုံးကို မြင်သွားကြလိမ့်မယ်။ ဒါကမင်းသမီးရဲ့ ဂုဏ်သတင်းအပေါ် အတော်လေး သက်ရောက်မှုရှိလိမ့်မယ် ထင်တယ်။ အနာဂတ်မှာ မင်းသမီးကို လက်ထပ်ချင်တဲ့သူ ရှိလာမှာ မဟုတ်ဘူးလို့တောင် ကျွန်တော်ထင်တယ်"
လင်းယွဲ့သည် အော်ဟစ်ချင်ပါသော်လည်း ချက်ချင်းရပ်တန့်လိုက်သည်။ သူမသည် သူမ၏ အဝတ်အစား မပါသည့်ကိုယ်ကို လူတိုင်းမြင်သွားကြသည့် မြင်ကွင်းအား တွေးမိသောအခါ သူမ၏ မျက်ဝန်းများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်လာခဲ့သည်။ သူမ ဘယ်လို မျက်နှာပြရဲပါတော့မည်နည်း။ အနာဂတ်တွင် သူမ မည်သို့ လက်ထပ်ရမည်နည်း။ သူမသည် နန်းတော်ထဲတွင် အိုမင်းသည်အထိ တစ်ဦးတည်း နေသွားရနိုင်သည်။ သူမသည် ထိုအချက်အား သူမအသတ်ခံရမည်ထက် ပို၍ ကြောက်ရွံ့လေသည်။ ထို့ကြောင့် သူမသည် အကူအညီတောင်းရန် မအော်ဟစ်ရဲတော့ပေ။
"လိမ္မာတယ်"
ကျန်းရီသည် စဉ်းလဲစွာ ရယ်မောလိုက်ပြီး သူမ၏ ဗလာဖြစ်နေသည့် ကျောပြင်ကို လက်တစ်ဖက်ဖြင့် ထိတွေ့လိုက်သည်။ ထို့နောက် သူသည် လျှာသပ်ရင်း ပြောလိုက်သည်။
"မင်းသမီးရဲ့ အသားအရေက တကယ်ကောင်းတာပဲ။ ကျောက်စိမ်းဖြူလိုမျိုးပဲ...နန်းတော်ထဲမှာ ကြီးပြင်းတဲ့ မိန်းမတစ်ယောက်က ဒီလောက်တောင် ထူးခြားတယ်လား...ဟမ်"
"ချမ်တာ့ရယ်...ဒီမင်းသမီးက ရှင့်ကို မသတ်ရရင် ကိုယ့်ကိုကိုယ် တစ်သက်လုံး ခွင့်မလွှတ်ဘူးလို့ ကျိန်ဆိုတယ်"
လင်းယွဲ့၏ မျက်လုံးများတွင် အရှက်ရသည့် အရိပ်အယောင်များ ပြည့်နေသော်လည်း သူမသည် မငိုမိစေရန် ထိန်းချုပ်ထားခဲ့သည်။ သူမသည် ကိုယ်ကို တွန့်လိမ်၍ ရုန်းကန်နေခဲ့သည်။ ထို့နောက် ကျန်းရီအား အငြိုးတကြီး စိုက်ကြည့်ကာ ပြောလာခဲ့သည်။
"ရှင်ကျွန်မကို ဒီနေ့ ဒီလိုမျိုးအရှက်ခွဲတာကို ကျွန်မရဲ့အစ်မဆီ ပြန်တိုင်မယ်။ ရှင့်ကို...မဟုတ်ဘူး...ရှင်တို့ချမ်ဂိုဏ်းတစ်ခုလုံးကို ကျွန်မသတ်ခိုင်းပစ်မယ်။ ရှင်တို့တစ်ဂိုဏ်းလုံး မျိုးပြုတ်အောင် ကျွန်မသတ်မယ်"
"ဟားဟား"
ကျန်းရီသည် ရယ်ချလိုက်သည်။ သူ့မျက်ဝန်းများတွင် သနားရိပ်များပြည့်နေပြီး အရူးတစ်ယောက်ကို ကြည့်သည့်အလား လင်းယွဲ့ကို ကြည့်လိုက်သည်။ သူမသည် သူ့လက်ခုပ်ထဲ ရောက်နေပါလျက် သူ့အား ခြိမ်းခြောက်ရဲသည်။ သူမသည် ချမ်ဂိုဏ်းတစ်ခုလုံးကိုတောင် သတ်ချင်နေသေးသည်။ မည်မျှရက်စက်သော မိန်းမပေနည်း။
ထိုခဏတွင် သူ့ရင်ထဲမှ စိတ်ရိုင်းများအားလုံး အုံကြွလာခဲ့ပြီး သူအချိန်မရွေး စိတ်လွတ်သွားတော့မည့်အလား ခံစားလာရလေသည်။ သူ၏လက်တစ်ဖက်သည် လင်းယွဲ့၏ နောက်ကျောတစ်ခြမ်းလုံးမှ အဝတ်အစားများ အကုန်လုံးကို ဆွဲဖြဲပစ်လိုက်သည်။ သူမ၏ ခြေထောက်သွယ်သွယ်တစ်စုံနှင့် လုံးဝန်းသောတင်ပါးတို့မှာ လေနှင့်ထိတွေ့လာခဲ့သည်။
သူသည် ဆက်လက်၍ လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
"မင်းမှာ သတ္တိရှိရင် တစ်ယောက်ယောက်ကိုခေါ်ပြီး ငါ့ကို အခုချက်ချင်း သတ်ခိုင်းလိုက်လေ။ အော်လိုက်စမ်းပါ...ငါတို့မင်းသမီးရဲ့ အောက်ပိုင်းအလှကို လူတွေအကုန်လုံး မြင်ဖူးသွားတာပေါ့"
"ရှင်..."
လင်းယွဲ့သည် ဒေါသထွက်လွန်း၍ ရူးသွားမတတ်ပင်။ သူမကိုယ်ရှိ မိန်းမတစ်ယောက်၏ အရေးအကြီးဆုံး အစိတ်အပိုင်းအား ယောက်ျားတစ်ယောက်မှ မြင်သွားခဲ့သည်။ သူမ၏ကျောပြင်အား လေတိုးမှုကြောင့် အေးစက်စက်ခံစားချက်ကို သူမခံစားနေရသည်။ သူမသည် မေ့လဲသွားတော့မတတ်ပင်။
သူမသည် အော်ဟစ်ချင်သည်၊ ကျန်းရီအား တစ်စစီလုပ်ပစ်ချင်နေသော်လည်း သူမ၏ဦးနှောက်မှာ အလုပ်လုပ်နေသေးသည်။ သူမသည် နှုတ်ခမ်းကိုက်၍ အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။
"ချမ်တာ့ရယ်...အခုရပ်လိုက်၊ ရှင်နောက်ပြန်လှည့်လို့ ရသေးတယ်။ ဒီမင်းသမီးအော်လိုက်ရင် အလွန်ဆုံးရှိမှ နှစ်ဦးနှစ်ဖက်လုံး နစ်နာကြရုံပဲ။ ဒီကိစ္စသာ ပေါက်ကြားသွားမယ်ဆိုရင် ရှင်တို့ချမ်ဂိုဏ်း သွားစရာနေရာ ရှိတော့မှာ မဟုတ်ဘူး"
"ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတုန်းလား"
ကျန်းရီ၏ မျက်လုံးများ ပိုမိုအေးစက်လာခဲ့သည်။ သူသည် ခြိမ်းခြောက်ခံရခြင်းကို အမုန်းဆုံးဖြစ်ပြီး မိုးပြာနဂါးအင်ပါယာမှာလည်း သူ့ရန်သူဖြစ်သည်။ သို့ဖြစ်ရာ မိုးပြာနဂါးအင်ပါယာကို သူဆန့်ကျင်လျှင်ရော ဘာဖြစ်သနည်း။ သူတို့ သူ့အား ရန်စလာလျှင် သူတို့လွှတ်လိုက်သော လူတိုင်းကို သူသတ်ပစ်လိုက်သည်။
ချမ်ဂိုဏ်းအတွက်လည်း သူစိတ်ပူရန် မလိုချေ။ အလွန်ဆုံးရှိမှ ချမ်ဂိုဏ်းကို ရှန်မိနိုင်ငံသို့ ပြောင်းရွှေ့ရရုံသာ ရှိလိမ့်မည်။ ချမ်ဂိုဏ်းသည် နယ်မြေတစ်ခုလုံးတွင် စီးပွားရေးလုပ်ငန်းများ ဖြန့်ကျက်ထားသည်။ အခြားတစ်နိုင်ငံသို့ ပြောင်းရွှေ့လိုက်၍ ဘာမှထူးခြားသွားမည် မဟုတ်ချေ။
ထို့ကြောင့် ကျန်းရီသည် စိတ်ထိန်းမထားတော့ဘဲ လင်းယွဲ့၏ ရင်ဘတ်မှ အဝတ်အစားများကို ဆွဲဖြဲပစ်လိုက်သည်။ ထို့နောက် သူသည် အဖြူရောင်ဝတ်စုံကို တစ်စစီဖြစ်အောင် ဆုတ်ဖြဲပစ်ရင်း ဒေါသတကြီး ပြောလိုက်သည်။
"မင်းက နှစ်ဖက်လုံး နစ်နာသွားစေချင်တယ်ပေါ့ ဟုတ်လား။ ကောင်းပြီလေ...ငါချမ်တာ့ရယ်မှာ အသက်တစ်ချောင်းပဲရှိတယ်။ ငါသေသွားရင်တောင် ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ မင်းရဲ့ အဖိုးတန် ခန္ဓာကိုယ်ကို သူများတွေ မြင်သွားရင် မင်းရှက်လွန်းလို့ အသက်ဆက်ရှင်နိုင်မှာတောင် မဟုတ်တော့ဘူး။ ငါ့အသက်နဲ့ မင်းရဲ့အသက်နဲ့ လဲရတာ တန်ပါတယ်။ အော်လိုက်လေ...မြန်မြန်အော်လိုက်စမ်းပါ။ မင်းအော်မှာလား...မင်းမအော်ရင် ငါမင်းအတွက် အော်ပေးရမလား"
လင်းယွဲ့၏စိတ်သည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ထိတ်လန့်သွားခဲ့သည်။ သူမသည် ကိုယ့်အသက်ကိုယ် တန်ဖိုးမထားသည့် ဤမျှကြမ်းတမ်းသည့် လူမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
ယခု သူမ၏ ဝတ်စုံသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေပြီဖြစ်ပြီး သူမကိုယ်ပေါ်တွင် အဝတ်ပိုင်းအနည်းငယ်သာ ကျန်ရစ်တော့သည်။ သူမအော်လိုက်၍ ဂိုဏ်းအသီးသီးမှ အစေခံများ အားလုံး အပြေးရောက်လာကြပြီး သူမ၏အဝတ်အစားမဲ့နေသည့်ကိုယ်ကို မြင်သွားပါလျှင် သူမ အသက်ဆက်ရှင်နိုင်တော့မည် မဟုတ်ပေ။
သူမသည် ကျန်းရီပါးစပ်ဟ၍ အော်ဟစ်တော့မည်အား မြင်လိုက်သောအခါ တုန်လှုပ်သွားခဲ့ပြီး ချက်ချင်း တောင်းပန်လိုက်သည်။
"မအော်ပါနဲ့၊ မအော်ပါနဲ့။ ရှင်ကျွန်မကို လွှတ်ပေးသရွေ့ ဘာမှမဖြစ်ခဲ့သလို ကျွန်မသဘောထားပေးမယ်။ ရှင့်ရဲ့ချမ်ဂိုဏ်းကိုလည်း ကျွန်မ ပြဿနာမရှာတော့ပါဘူး။ ကျွန်မကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမဆို ကျွန်မသဘောတူပါ့မယ်"
"ဟမ့်"
ကျန်းရီသည် တကယ်အော်မည် မဟုတ်ပေ။ သူသည် လင်းယွဲ့၏စရိုက်အား ဖောက်ထွင်း၍ မြင်ပြီးဖြစ်သည်။ မိခင်တစ်ဦးတည်းမှ မွေးလာသော သူမနှင့်လင်းရွှယ်မှာ တခြားစီဖြစ်သည်။ ယနေ့ သူမနေရာတွင်သာ လင်းရွှယ်ဆိုပါက ဂုဏ်သိက္ခာအတွက် အဆုံးစီရင် သွားလောက်သည်။ လင်းယွဲ့နှင့် အခြားအင်ပါယာမင်းသား၊ မင်းသမီးများသည် နတ်ဆိုးသားရဲများ လာရောက်တိုက်ခိုက်ကြစဉ်က ထွက်ပြေးသွားသည်ကို ကြည့်ခြင်းအားဖြင့် သေရမည်ကို သူမမည်မျှကြောက်မှန်း ကျန်းရီသိပြီးသားဖြစ်သည်။
"ဒီလိုဖြစ်လိမ့်မယ်မှန်းသိရင် မင်းဘာလို့လာစလဲ"
ကျန်းရီသည် လက်များကိုဖယ်၍ သူမအား လွှတ်ပေးလိုက်သည်။ သူသည် နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"ကမ္ဘာကြီးက မျှတပါတယ်။ မင်းက ငါ့ကိုလာဘ်ထိုးပြီး မင်းတို့ဂိုဏ်းအတွက် ငါ့အသက်ကို ရောင်းစေချင်တယ်ဆိုရင် တစ်ခုခုကို စတေးဖို့ မင်းပြင်ဆင်ထားသင့်တာပေါ့။ မင်းငါ့ကို စည်းရုံးချင်မှတော့ ဘာလို့ ရင်းနှီးမြှုပ်နှံချင်စိတ် မရှိတာလဲ။ စကားလုံးတွေနဲ့ပဲ ငါက ငါ့အသက်ကို ပျော်ပျော်ကြီး စတေးလိုက်မယ်လို့ မင်းထင်နေတာလား။ ကမ္ဘာပေါ်မှာ အဲ့ဒါမျိုး အလကားရတာ ရှိလု့ိလား။ မင်းသမီးက တခြားသူတွေရဲ့ မျက်လုံးထဲမှာ ပြိုင်ဘက်ကင်းအောင် မြင့်မြတ်နေရင် နေလိမ့်မယ်။ ဒီချမ်တာ့ရယ်ရဲ့ မျက်လုံးထဲမှာတော့ မင်းက ခွေးချေးသာသာပဲ ရှိတယ်။ ထွက်သွားတော့...မင်းစောစောက ပြောတာတွေကို မှတ်သွား..."
ကျန်းရီ ရုတ်တရက်ကြီး လွှတ်ပေးသည့်အခါ လင်းယွဲ့မှာ ဆွံ့အနေခဲ့သည်။ ကျန်းရီသည် သူမကို အခွင့်အရေးယူ၍ အဓမ္မကျင့်လိမ့်မည်ဟု သူမထင်နေခဲ့သည်။ ဤသို့သော အခြေအနေမျိုးတွင် သူ သူမကို အဓမ္မကျင့်လိုက်လျှင်တောင် သူမအနေဖြင့် ထုတ်ပြောရဲမည် မဟုတ်ပေ။
သူမသည် ကျားပါးစပ်မှ လွတ်မြောက်လာရာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ချင်သေးသည်။ သူမသည် ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲမှ ဝတ်စုံတစ်ခု ထုတ်ယူလိုက်ပြီး အလောတကြီး ဝတ်ဆင်လိုက်သည်။ သူမသည် အဝတ်အစား ဝတ်ဆင်ပြီးသည်နှင့် ဖရိုဖရဲဖြစ်နေသော ဆံပင်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် သူမသည် ပါးစပ်ဟ၍ သူမ၏နောက်လိုက်များကို အော်ခေါ်ရန် ပြင်လိုက်သည်။
ဝှစ်...
အရိပ်တစ်ခုသည် တစ္ဆေတစ်ကောင်အလား သူမအနီးသို့ ချက်ချင်းရောက်လာခဲ့ပြီး သူမ၏လည်ပင်းကို ချုပ်ကိုင်လာခဲ့သည်။ လေတိုးသံများအကြားတွင် အေးစက်စက် လေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မင်းသမီးလင်းယွဲ့...ဒဏ်ရာပြန်ကောင်းသွားတော့ နာကျင်တာကို မေ့သွားပြီလား။ စောစောက ပြောထားသမျှက အရေးမပါတဲ့ဟာတွေပေါ့ ဟုတ်လား။ ငါမင်းကို အဓမ္မမကျင့်ရဲဘူးလို့ မင်းထင်နေတာလား။ မင်းက ခွေးမတစ်ကောင်ဆိုတော့လည်း ခွေးမဖြစ်ရခြင်းရဲ့ နောက်ဆက်တွဲကို ခံစားသင့်တာပေါ့"
ဗြီး...
အဝတ်အစား စုတ်ပြဲသံတို့ ထွက်ပေါ်လာခဲ့ပြီး လင်းယွဲ့၏ ဝတ်စုံမှာ တစ်စစီ ဖြစ်သွားခဲ့ပြန်သည်။ သူမ၏ တစ်ကိုယ်လုံးသည် ညလေညှင်းတို့နှင့် ထိတွေ့သွားခဲ့ပြီး သူမ၏ ဖြူဖွေးသော အသားအရေမှာ လရောင်၏ရောင်ပြန်ဟပ်မှုကြောင့် အလွန်အမင်း ညှို့ငင်နိုင်စွမ်းရှိနေခဲ့သည်။
*****