← Chapters

အရှင်မင်းကြီးက ပြောတယ်၊ ငါက လူကို ဆဲတတ်တဲ့လူ မဟုတ်ပါဘူးတဲ့

Vol. 14 Ch. 211

အရှင်မင်းကြီးက ပြောတယ်၊ ငါက လူကို ဆဲတတ်တဲ့လူ မဟုတ်ပါဘူးတဲ့

Vol. 14 Ch. 211

ရွှေခေါင်းလောင်းခန်းမထဲတွင် မိန်းမစိုးတစ်ဦးက ညီလာခံပြီးဆုံးကြောင်း ကြေညာလိုက်သည်။ ခန်းမအပြင်ဘက်တွင် စောင့်နေသော ဖန်းထန်သည် လက်သီးဆုပ်လိုက်ပြီး ရှဲ့အန်းကျီရှိရာသို့ လျှောက်သွားလိုက်သည်။ ကိုယ့်ကိုကိုယ် အနာခံပြီး သူများဆီက အထိုးခံရဖို့ လုပ်ရတာက တော်တော်တုံးတဲ့အလုပ်ဖြစ်ပေမယ့် သူ့စစ်သေနာပတိချုပ်ရဲ့အမိန့်ကို မလွန်ဆန်ရဲပေ။

ရှဲ့အန်းကျီ၏အမူအရာမှာ မကောင်းလှပေ။ သူက ဒီနေ့ မြို့တံခါးကိုးပေါက် တပ်မှူးမဖြစ်ရရင်တောင် တပ်မှူးရုံးထဲကိုတော့ ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ရွှီယိမင်ပြောသလို တပ်မှူးရုံးထဲ ဝင်ခွင့်ရရင် တစ်နေ့ တပ်မှူးဖြစ်လာမှာပဲ။ ဒါပေမဲ့ အခုတော့ တပ်မှူးရုံးထဲကိုတောင် ဝင်ခွင့်မရတော့ပေ။

"အမတ်ချုပ်ကြီး။"

နဉ်ရှောင်ယောင်း ဘေးပေါက်မှ ထွက်သွားပြီးနောက် အမတ်ချုပ်ကြီးဘက်တော်သား တစ်ယောက်က အမတ်ချုပ်ကြီးရှဲ့အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ခေါ်လိုက်သည်။

"ဖေ့ယင်က တပ်မှူးဖြစ်သွားပြီဆိုပေမယ့် ဒုတိယသခင်လေးကိစ္စကို ဒီအတိုင်း ထားလိုက်တော့မှာလား။"

"ဒီအချိန်မှာ လောလို့မရဘူး။"

အမတ်ချုပ်ကြီးရှဲ့သည် မျက်ခုံးနှစ်ခုကြားကို နှိပ်နယ်လိုက်ပြီး တိုတိုတုတ်တုတ် ပြောလိုက်သည်။ ဖေ့ယင်ရဲ့ စိတ်နေသဘောထားကို မသိရသေးခင်မှာ ရှဲ့အန်းကျီကို တပ်မှူးရုံးထဲ ပို့လိုက်လို့မဖြစ်ဘူး။ ဒါက သူ့ရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်ထားလို့ရတဲ့ သားပဲလေ။ အမှားအယွင်း မရှိစေချင်ဘူး။

အမတ်ချုပ်ကြီးဘက်တော်သားများ မျက်နှာပျက်သွားကြသည်။ လောလို့မရဘူး ဟုတ်လား။ တပ်မှူးရုံးနဲ့ မြို့တော်စစ်တပ် အရှင်မင်းကြီးလက်ထဲ ရောက်သွားမှ လောမှာလား။

အမတ်ချုပ်ကြီးရှဲ့သည် သူတို့၏ မျက်နှာထားများကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး စိတ်ဓာတ်ကျနေသော ထောင်စစ်တုန်းကို ကြည့်ကာ ပြောလိုက်သည်။

"အမတ်မင်းထောင်၊ ငါနဲ့အတူ အမတ်ချုပ်အိမ်တော်ကို လိုက်ခဲ့ပါ။ မင်းကို ပြောစရာ ရှိတယ်။"

ထောင်စစ်တုန်း အားယူပြီး ပြန်ထူးလိုက်သည်။ အခုချိန်မှာ ထောင်မိသားစုအနေနဲ့ အမတ်ချုပ်ကြီးနောက် လိုက်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

"သွားကြစို့။"

အမတ်ချုပ်ကြီးရှဲ့က ထိုင်ခုံလက်တန်းကို ပုတ်လိုက်သည်။

မိန်းမစိုးနှစ်ဦး ရောက်လာပြီး ထမ်းစင်ကို ထမ်းလိုက်ကြသည်။ သူတို့က နန်းတော်တံခါးဝအထိ ပို့ပေးပြီးမှ အမတ်ချုပ်အိမ်တော်မှ အစေခံများကို လွှဲပြောင်းပေးရမည်ဖြစ်သည်။

.....

ထိုအချိန်တွင် ဘေးပေါက်မှ ထွက်လာသော နဉ်ရှောင်ယောင်းသည် ခြေလှမ်းရပ်တန့်လိုက်ပြီး အနောက်မှ လိုက်လာသော လိုကျစ်ကွေ့ကို ပြောလိုက်သည်။

"မဖြစ်ဘူး။ ကျွန်မ ရင်ထဲမှာ မကျေနပ်သေးဘူး။"

လိုကျစ်ကွေ့ ပြန်မပြောနိုင်သေးခင် ဟုကော်ကုန်းက တံတွေးမျိုချလိုက်သည်။ စောစောကမှ အရှင်မင်းကြီးက ခန်းမထဲမှာ အမတ်ချုပ်ကြီးရှဲ့နဲ့ ထောင်စစ်တုန်းတို့ကို အနိုင်ယူလိုက်တာ တွေ့လိုက်ရတာလေ။ ဘာကို မကျေနပ်သေးတာလဲ။

"ဘယ်သူက မင်းကို စိတ်ဆိုးအောင် လုပ်လို့လဲ။"

လိုကျစ်ကွေ့ မေးလိုက်သည်။

"စောစောက ခန်းမထဲက ထွက်လာတုန်းက ကျွန်မ ခြိမ်းခြောက်စကားပြောခဲ့တာ သိပ်အားမပါဘူးလို့ ခံစားရတယ်။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"အရှင်မင်းကြီး၊ စောစောက အရှင်မင်းကြီးပုံစံက နတ်ဘုရားတစ်ပါးလိုပါပဲ။"

ယင်းလေက ဝင်ပြောလိုက်သည်။

"နတ်ဘုရား? မိုးထိအောင် မိုက်တယ်လို့ ပြောတာလား။"

"ဟုတ်ပါတယ်။"

ယင်းလေ ခေါင်းညိတ်လိုက်သည်။

"စောင့်ကြည့်နေလိုက်လို့ ပြောတာက ကလေးတွေ ရန်ဖြစ်သလိုဖြစ်နေတယ်။"

နဉ်ရှောင်ယောင်း ပါးဖောင်းလိုက်သည်။

"ယင်းလေ၊ မင်း ရန်သူကို စိန်ခေါ်ရင် 'ဟွန့်... စောင့်ကြည့်နေလိုက်' လို့ ပြောမှာလား။"

ယင်းလေ "..."

အရှင်မင်းကြီး စောစောက 'ဟွန့်' လို့ ပြောလိုက်လို့လား။

လိုကျစ်ကွေ့ နဖူးကို လက်ဖြင့်အုပ်လိုက်သည်။ နဉ်ရှောင်ယောင်း ပြောချင်တာကို သူ သဘောမပေါက်တော့ပေ။

ဟုကော်ကုန်းက ကြောင်တောင်တောင် မေးလိုက်သည်။

"ဒါဆို အရှင်မင်းကြီးက ဘယ်လိုပြောချင်လို့လဲ။"

နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ ကမ္ဘာပျက်ကပ်တုန်းကဆိုရင် ဖုတ်ကောင်တွေတွေ့တာနဲ့ တန်းခုတ်တာပဲ။ စိန်ခေါ်စကား ပြောနေစရာမလိုဘူး။

"လူကို ဆဲတယ်ဆိုတာ အနုပညာတစ်ရပ်ပဲ။ ငါက အဲဒီအနုပညာကို ကောင်းကောင်း မတတ်သေးဘူး။"

နဉ်ရှောင်ယောင်းက သူမ၏အားနည်းချက်ကို ရိုးသားစွာ ဝန်ခံလိုက်သည်။

"ဒါကြောင့် ဒီကိစ္စကို ငါ သေချာ စဉ်းစားရဦးမယ်။"

အားလုံး တိတ်ဆိတ်သွားကြသည်။ အရှင်မင်းကြီးအတွက် ဆဲဆိုခြင်းက အနုပညာတစ်ရပ်တဲ့လား...

နဉ်ရှောင်ယောင်း ခေါင်းငိုက်စိုက်ချပြီး ဆက်လျှောက်သွားသည်။ သူမက မိုးထိအောင်မိုက်တဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရလို့ မပျော်မရွှင်ဖြစ်နေသည်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းဘေးသို့ လျှောက်သွားပြီး သူမ၏မျက်နှာမကောင်းသည်ကို မြင်သောအခါ ချော့မော့လိုက်သည်။

"နေ့လည်စာ ဘာစားချင်လဲ။"

"ဗိုက်ဝရင် ပြီးရော။ ဘာမှ ထွေထွေထူးထူး မတောင်းဆိုပါဘူး။"

နဉ်ရှောင်ယောင်း ပြန်ဖြေလိုက်သည်။

အားလုံး "..."

အရှင်မင်းကြီးရဲ့ စကားက နားထောင်ရတာ စိတ်မကောင်းစရာကြီး။

လိုကျစ်ကွေ့ မနေနိုင်တော့ဘဲ မေးလိုက်သည်။

"မင်း ဘယ်တုန်းက ဗိုက်မဝခဲ့ဖူးလို့လဲ။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို လှည့်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ကမ္ဘာပျက်ကပ်က လူတွေရဲ့ဒုက္ခကို စကားလုံးတွေနဲ့ ဘယ်လိုဖော်ပြရမလဲ။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ မျက်နှာထားကိုကြည့်ပြီး နောက်မှ သေချာမေးကြည့်ရမယ်ဟု ဆုံးဖြတ်လိုက်သည်။ ရှဲ့ဝမ်ယွမ်က ဒီကောင်မလေးကို အရင်တုန်းက နှိပ်စက်ခဲ့ဖူးသလား။

"အား..."

နဉ်ရှောင်ယောင်း ရုတ်တရက် လက်ခုပ်တီးပြီး ထအော်လိုက်ကာ အမူအရာက ပြန်လည်လန်းဆန်းလာပြီး ပြောလိုက်သည်။

"အမတ်ချုပ်ကြီးကို ဘဝပျက်အောင် လုပ်မယ့်နည်းလမ်း တွေ့ပြီ။"

ပြောပြီးသည်နှင့် နဉ်ရှောင်ယောင်း ပြေးထွက်သွားလေသည်။

အားလုံး ကြောင်ငေးနေကြသည်။ နောက်ဆုံးတွင် ဟုကော်ကုန်းက မေးလိုက်သည်။

"အရှင်မင်းကြီးက ရှဲ့ဝမ်ယွမ်ကို ဘယ်လိုလုပ်မှာတဲ့လဲ။"

လိုကျစ်ကွေ့၏ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။

ဟုကော်ကုန်း ကြက်သီးထသွားသည်။

လိုကျစ်ကွေ့သည် ရွှေခေါင်းလောင်းခန်းမဘက်သို့ ပြန်လှည့်ထွက်သွားသည်။

"သူ ဘာဖြစ်သွားတာလဲ။"

ဟုကော်ကုန်း မေးလိုက်သည်။

"သူလည်း အရှင်မင်းကြီး ဘာလုပ်မလဲဆိုတာ မသိလို့ လိုက်သွားကြည့်တာ နေမှာပေါ့။"

ဖေ့ယင်က လှောင်ပြောင်သလို ပြောလိုက်သည်။

ဟုကော်ကုန်း နားမလည်နိုင် ဖြစ်နေသည်။ သူတို့တောင် မသိတာကို လိုကျစ်ကွေ့က ဘာကိစ္စ သူ့ကို အေးစက်စက် လုပ်ပြသွားတာလဲ။

ရွှေခေါင်းလောင်းခန်းမရှေ့တွင် ဖန်းထန်သည် ရှဲ့အန်းကျီ၏ရှေ့တွင် ပိတ်ရပ်လိုက်သည်။

ရှဲ့အန်းကျီသည် ဖန်းထန်ကို တစ်ချက်ကြည့်လိုက်ပြီး စကားမပြောဘဲ ရှောင်ထွက်သွားသည်။

ဖန်းထန် ဘယ်ဘက်သို့ ခြေလှမ်းနှစ်လှမ်း ရွှေ့လိုက်ပြီး ရှဲ့အန်းကျီရှေ့တွင် ထပ်ပိတ်ရပ်လိုက်သည်။

ခန်းမရှေ့ရှိလူများက အခြေအနေမကောင်းမှန်း သတိထားမိလိုက်ကြသည်။ ဖန်းထန်က ပြဿနာရှာတော့မယ်။

"မင်း အခု ပြန်တော့မလို့လား။"

ဖန်းထန် မေးလိုက်သည်။

ရှဲ့အန်းကျီသည် ယနေ့နံနက် ညီလာခံမတက်မီ အမတ်ချုပ်ကြီးရှဲ့၏ မှာကြားချက်ကို သတိရလိုက်သည်။ နန်းတော်ထဲမှာ ကောင်းတာဖြစ်ရင် နှိမ့်ချရမယ်၊ မကောင်းတာဖြစ်ရင် သည်းခံရမယ်။ အခု ဖန်းထန်က သိသိသာသာ ပြဿနာရှာနေတာကို ရှဲ့အန်းကျီ သည်းခံလိုက်သည်။ ဘေးသို့ ရှောင်ထွက်သွားလိုက်သည်။ ဖန်းထန် သူ့ကို ရိုက်ရဲပါ့မလား။

ဖန်းထန် ရှဲ့အန်းကျီ၏လမ်းကို ထပ်ပိတ်လိုက်ပြန်သည်။

"တပ်မှူး မဖြစ်ရလို့ ကြောက်သွားတာလား။ ငါ့ကို မြင်တာနဲ့ ထွက်ပြေးနေတယ်ပေါ့။"

ရှဲ့အန်းကျီ ဖန်းထန်ကို အေးစက်စွာကြည့်လိုက်ပြီး ရှောင်ထွက်ရန် ကြိုးစားပြန်သည်။

ဖန်းထန် စတင်ဆဲဆိုလေတော့သည်။

ရှဲ့အန်းကျီ မျက်နှာ အရောင်ပြောင်းသွားပြီး နဖူးမှ သွေးကြောများ ထောင်ထလာသည်။ သို့သော် သည်းခံနေဆဲပင်။

အမတ်ချုပ်ကြီးရှဲ့သည် ခန်းမထဲမှ ထွက်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်သက်သာရာ ရသွားသည်။ သားလတ်က အရည်အချင်း မရှိပေမယ့် စကားနားထောင်တာတော့ အားရစရာကောင်းသား။

ဖန်းထန်သည် ရှဲ့အန်းကျီ၏ဘိုးဘေးဘီဘင်များအထိ ထည့်ဆဲသော်လည်း ရှဲ့အန်းကျီက ဓားထုတ်ပြီး ပြန်မတိုက်ခိုက်သဖြင့် စိတ်ပျက်လာသည်။ ရှဲ့အန်းကျီ စိတ်ပြောင်းသွားတာလား။ ဒါမှမဟုတ် မနေ့က အသင်းကွပ်ခံလိုက်ရလို့လား။ ထိုသို့တွေးမိပြီး ဖန်းထန် မေးလိုက်သည်။

"ရှဲ့အန်းကျီ၊ မင်းက မိန်းမလိုပဲ ကြောက်နေတာ၊ အသင်းကွပ်ခံထားရလို့လား။"

ရှဲ့အန်းကျီ ရပ်တန့်သွားသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော်လည်း သည်းခံလိုက်သည်။ အဖေ ပြောထားတယ်လေ။ အခုအချိန်မှာ အရှင်မင်းကြီး အပြစ်ရှာစရာမရှိအောင် နေရမယ်တဲ့။ နန်းတော်ထဲမှာ ရန်ဖြစ်တာက ရာဇဝတ်မှုပဲ။

"အရှင်မင်းကြီး ကြွလာပါပြီ။"

အမတ်ချုပ်ကြီးရှဲ့ဘေးမှ အရာရှိတစ်ဦးက ပြေးလာသော နဉ်ရှောင်ယောင်းကိုမြင်ပြီး သတိပေးလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့ ရင်တုန်သွားသည်။

နဉ်ရှောင်ယောင်း တွေးထားတာက အမတ်ချုပ်ကြီးရှဲ့က ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကို သူများမမြင်စေချင်ဘူးဆိုတော့ သူမက အမတ်ချုပ်ကြီးရှဲ့ မျက်နှာပေါ်က ပုဝါကို ဆွဲခွာပြလိုက်ရင် လူတိုင်း မြင်သွားမှာပေါ့။ (ဒါက အမတ်ချုပ်ကြီးကို ဘဝပျက်အောင် လုပ်မယ့် နည်းလမ်းလားဟယ်...)

ခန်းမရှေ့ ရောက်သောအခါ ထမ်းစင်ပေါ်တွင် ထိုင်နေသော အမတ်ချုပ်ကြီးရှဲ့ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် ဖန်းထန်၏ "အသင်းကွပ်ခံထားရလို့လား" ဆိုသော စကားကြောင့် နဉ်ရှောင်ယောင်း၏အာရုံ ပြောင်းသွားသည်။ ဖန်းထန်က ရှဲ့အန်းကျီနဲ့ ရန်ဖြစ်တော့မယ့်ပုံပဲ။ နဉ်ရှောင်ယောင်း နှာခေါင်းပွတ်လိုက်ပြီး ဖန်းထန်ရှိရာသို့ ပြေးသွားလိုက်သည်။ ဒီလိုပွဲမျိုးကို လက်လွတ်ခံလို့ မဖြစ်ဘူးလေ။

လူအများက နဉ်ရှောင်ယောင်း ရောက်လာသည်ကို မြင်သောအခါ ဒူးထောက်ဂါရဝပြုကြသည်။ ရှဲ့အန်းကျီ မကျေနပ်သော်လည်း ဒူးထောက်လိုက်ရသည်။

ဖန်းထန်ဘေးတွင် ရပ်လိုက်ပြီး နဉ်ရှောင်ယောင်းက အမတ်မင်းများကို ထခိုင်းလိုက်ကာ ဖန်းထန်ကို တိုးတိုးလေး မေးလိုက်သည်။

"ဘာဖြစ်တာလဲ။"

ဖန်းထန် ထရပ်လိုက်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"စစ်သေနာပတိချုပ်က ရှဲ့အန်းကျီကို ဒေါသထွက်အောင် လုပ်ခိုင်းလို့ပါ။"

နဉ်ရှောင်ယောင်း နားလည်သွားသည်။

"ဒါကြောင့် မင်း ဆဲနေတာကိုး။"

ဖန်းထန် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ဒီကောင်က ဒေါသမထွက်ဘူး။ ဘယ်လိုလုပ်မလဲ။"

နဉ်ရှောင်ယောင်း ရှဲ့အန်းကျီကို တစ်ချက်ကြည့်လိုက်ပြီး လက်ဖြန့်ပြလိုက်သည်။

"ငါက လူဆဲတတ်တာ မဟုတ်ဘူး။"

ထိုအချိန်တွင် မိန်းမစိုးနှစ်ဦးက အမတ်ချုပ်ကြီးရှဲ့ကို ထမ်းပြီး ရောက်လာကြသည်။

"ညီလာခံ ပြီးသွားပြီပဲ။ မင်းတို့ ဒီမှာ ဘာရပ်လုပ်နေကြတာလဲ။"

အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။

ရှဲ့အန်းကျီ လှည့်ထွက်ရန် ပြင်လိုက်သည်။

"သတ္တိကြောင်လိုက်တာ!"

ဖန်းထန် ထပ်ဆဲလိုက်သည်။

"မင်း တကယ် အသင်းကွပ်ခံထားရတာလား။"

"လျှောက်မပြောနဲ့။"

နဉ်ရှောင်ယောင်းက လေးလေးနက်နက် ဝင်ပြောလိုက်သည်။

"သူ တကယ် အသင်းကွပ်ခံထားရရင် ဒီနေ့ ဘယ်လမ်းလျှောက်နိုင်ပါ့မလဲ။"

ဖန်းထန်က ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

"အရင်ကတည်းက အသင်းကွပ်ခံထားရတာ ဖြစ်နိုင်တာပဲ။"

"မဖြစ်နိုင်ဘူး။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ဒါဆို သူ့သားသမီးတွေက ဘယ်က ရောက်လာတာလဲ။ သူများကလေးတွေကို မွေးစားထားတာလား။"

"အရှင်မင်းကြီး!"

အမတ်ချုပ်ကြီးရှဲ့ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သူက ပေါက်ကရတွေ လျှောက်ပြောနေတာ။"

နဉ်ရှောင်ယောင်းက ဖန်းထန်ကို လက်ညှိုးထိုးပြပြီး အမတ်ချုပ်ကြီးရှဲ့ကို ပြောလိုက်သည်။

"အမတ်ချုပ်ကြီး စိတ်မဆိုးပါနဲ့။ ငါ သူ့ကို ဆုံးမလိုက်ပါ့မယ်။"

လူများ "..."

အရှင်မင်းကြီးက ဖန်းထန်နဲ့ပေါင်းပြီး ဒုတိယသခင်လေးရှဲ့ကို ဝိုင်းဆဲနေတာ မဟုတ်ဘူးလား။

"ဒါဆို သူ ဘာလို့ ကျွန်တော့်ကို စကားမပြောတာလဲ။"

ဖန်းထန် မေးလိုက်သည်။

"သူ စိတ်ညစ်နေလို့ နေမှာပေါ့။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"သူ့အိမ်က ကောင်မလေး ၅၊ ၆ ယောက် ပေါင်းပြီး နောက်ထပ် ကောင်မလေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖို့ ကြံစည်ကြတယ်လေ။"

ဖန်းထန်က တုန်တုန်ယင်ယင်ဖြစ်နေသော ရှဲ့အန်းကျီ၏လက်သီးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အဲဒီကိစ္စ ကျွန်တော်မျိုးလည်း ကြားပါတယ်။"

"သူ့အမေအရင်းက သူ့အစ်ကိုကြီးရဲ့ဇနီးကို သတ်ပစ်လိုက်သေးတယ်။ ဘုရားရေ... ဘယ်လို မိသားစုမျိုးလဲ။ ရှဲ့အန်းကျီ..."

နဉ်ရှောင်ယောင်းက ဒုတိယသခင်လေးရှဲ့ကို ကြည့်ပြီး ပြောလိုက်သည်။

"အခုချိန်မှာ အမေပြောင်းဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ နောက်ကျသွားပြီ။ ဒါပေမဲ့ မင်းရဲ့သမီးတွေကိုတော့ သေချာဆုံးမလိုက်ပါဦး။ သိပ်မရက်စက်ကြဖို့ပေါ့။"

ရှဲ့အန်းကျီ စိတ်ကို မနည်းထိန်းထားပြီး ပြန်လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး၊ အဲဒီကောင်မလေးတွေကို အဖေက ဘုရားခန်းပို့လိုက်ပါပြီ။ တစ်သက်လုံး သီလရှင်ဝတ်ပြီး နေရပါလိမ့်မယ်။"

"ဪ..."

နဉ်ရှောင်ယောင်း နှာခေါင်းပွတ်လိုက်သည်။

"ဒါဆို ဒီပုပ်ထဲက ဒီပဲဆိုတဲ့ စကားပုံ ကြားဖူးလား။"

ဖန်းထန် နဉ်ရှောင်ယောင်းကို ခိုးကြည့်လိုက်သည်။ စောစောက ဘယ်သူကများ လူဆဲတတ်တာ မဟုတ်ဘူးလို့ ပြောလိုက်တာလဲ။ စကားတစ်ခွန်းတည်းနဲ့ ရှဲ့မိသားစု သခင်မလေးတွေကိုပါ ထည့်ဆဲလိုက်တာပဲ။

***

All Chapters