အသေခံချင်နေသော မင်းသားဖူ
Vol. 14 Ch. 218
"စစ်သူကြီးထောင်က ဦးရီးတော်ကိုခေါ်ပြီး ခရီးထွက်ဖို့ ပြင်ဆင်နေတယ်။ စစ်သေနာပတိချုပ်က စစ်တပ်ရွှေ့ပြောင်းရေးကိစ္စ စီစဉ်နေတယ်။"
နဉ်ရှောင်ယောင်းက လက်ဖြန့်ပြပြီး အကြီးအကဲလီကို ပြောလိုက်သည်။
"တွေ့လား၊ အမတ်ချုပ်ကြီး လိုမှမလိုတာ။"
အကြီးအကဲလီက မေးလိုက်သည်။
"စစ်တပ်မသွားခင် ရိက္ခာအရင်သွားရမယ်။ အရှင်မင်းကြီး၊ ရိက္ခာကိစ္စကို ဘယ်လိုစီစဉ်မှာလဲ။"
နဉ်ရှောင်ယောင်း မင်းသားဖူကို ကြည့်လိုက်သည်။
မင်းသားဖူ ဒေါသထွက်လွန်းလို့ အော်ဟစ်လိုက်သည်။
"ငါ့အိမ်တွေ လယ်တွေတောင် ခွဲဝေပေးလိုက်ပြီလေ။ အရှင်မင်းကြီးက ဘာလိုချင်သေးလဲ။"
မင်းသားဖူအထင်တော့ သူ ဒီလောက်အထိ အနစ်နာခံပေးလိုက်ပြီဆိုတော့ နဉ်ရှောင်ယောင်းအနေနဲ့ နောက်ထပ်တောင်းဆိုတာတွေ မလုပ်သင့်တော့ဘူး။ ဒါပေမဲ့ နဉ်ရှောင်ယောင်းကတော့ အရှက်မရှိတဲ့လူဆိုတော့ မင်းသားဖူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။
"ကျွန်တော့်မှာ ငွေမရှိဘူးလေ။"
နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။
မင်းသားဖူ "..."
"ဦးရီးတော်ရဲ့ ဇနီးနဲ့ ကလေးတွေက ဖုန်းလင်မြို့မှာ ရှိနေတာ။"
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။
"ဘယ်လိုလုပ်ကြမလဲ။ အမတ်ချုပ်ကြီးမှာတော့ ငွေရှိတယ်။ ဦးရီးတော် အမတ်ချုပ်ကြီးနဲ့ သွားဆွေးနွေးကြည့်ပါလား။"
မင်းသားဖူ အခုချိန်မှာ နဉ်ရှောင်ယောင်းကို အသေသတ်ချင်နေသည်။ ဒုတိယအနေနဲ့ အမတ်ချုပ်ကြီးရှဲ့ကို သတ်ချင်နေသည်။
"ငါ့မှာ ငွေမရှိဘူး!"
မင်းသားဖူ တစ်လုံးချင်းစီ အော်ဟစ်ပြောလိုက်သည်။
"ဒီလိုပဲ လုပ်ကြမယ်။"
နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့နှင့် ထောင်ယွီကို ပြောလိုက်သည်။
"စစ်သူကြီးထောင် မနက်ဖြန် ခရီးထွက်မယ်။"
ထောင်ယွီသည် မင်းသားဖူ၏တုံ့ပြန်မှုကို မစောင့်ဘဲ ဒူးထောက်လိုက်သည်။
"အမိန့်တော် နာခံပါ့မယ်။"
"ထတော့။"
နဉ်ရှောင်ယောင်းကို လိုကျစ်ကွေ့က ဆွဲထားသဖြင့် ထောင်ယွီကို သွားမထူနိုင်ဘဲ လက်ကာပြလိုက်သည်။
"မြို့တော်စစ်တပ်ကို ပြန်သွားလိုက်။"
လိုကျစ်ကွေ့က ထောင်ယွီကို ပြောလိုက်သည်။
"မြို့တော်စစ်တပ်ထဲက မင်းရဲ့ လက်အောက်ငယ်သားတွေကို စုစည်းပြီး ကျီးတုန်းဒေသကို ခေါ်သွား။"
ထောင်ယွီ နဉ်ရှောင်ယောင်းကို လှမ်းကြည့်လိုက်သည်။ သူက မြို့တော်စစ်တပ်က သူ့လူတွေကို ခေါ်သွားလို့ ရတာလား။
နဉ်ရှောင်ယောင်း စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"အင်း... ခေါ်သွားလိုက်။ ရန်ဖြစ်တဲ့အခါ ကိုယ့်လူတွေ ကိုယ့်ဘေးမှာရှိနေရင် ငါလည်း စိတ်ချရတာပေါ့။"
နဉ်ရှောင်ယောင်း၏စကားကြောင့် ထောင်ယွီ မျက်ရည်ဝဲသွားသည်။
"အရှင်မင်းကြီး..."
"ငါ့မှာ အတွေ့အကြုံ ရှိပါတယ်။"
နဉ်ရှောင်ယောင်းက လေးလေးနက်နက် ပြောလိုက်သည်။
"ငါက ခဏခဏ ရန်ဖြစ်ဖူးတယ်လေ။"
လိုကျစ်ကွေ့က စစ်တိုက်တာနဲ့ ရန်ဖြစ်တာ မတူဘူးလို့ပြောချင်ပေမယ့် ထောင်ယွီက နဉ်ရှောင်ယောင်းကို သဘောကျနေပုံရသဖြင့် နှုတ်ပိတ်နေလိုက်သည်။
"သွားတော့။"
နဉ်ရှောင်ယောင်း ထောင်ယွီ၏ပခုံးကို ပုတ်ပေးချင်သော်လည်း လိုကျစ်ကွေ့ ဆွဲထားပြန်သဖြင့် ပြုံးပြရုံသာ တတ်နိုင်လိုက်သည်။
"အရှင်မင်းကြီးက ဒီည စစ်တပ်ရွှေ့ပြောင်းရေးအမိန့်တော်နဲ့ ကျားတံဆိပ်တုံးကို ပြင်ဆင်ပေးလိမ့်မယ်။"
လိုကျစ်ကွေ့က ထောင်ယွီကို ပြောလိုက်သည်။
"မင်း အရင်သွားနှင့်လိုက်တော့။"
ထောင်ယွီ ခေါင်းညိတ်လိုက်ပြီး နဉ်ရှောင်ယောင်းကို သုံးကြိမ်ဦးညွှတ်ဂါရဝပြုကာ ထွက်ခွာသွားလေသည်။
"ယောက်ျားပီသလိုက်တာ။"
နဉ်ရှောင်ယောင်း ထောင်ယွီကို လက်ညှိုးထိုးပြပြီး လိုကျစ်ကွေ့ကို ပြောလိုက်သည်။
လိုကျစ်ကွေ့ ပြုံးလိုက်သည်။
"အရှင်မင်းကြီးက ကိုယ့်လူကို ကိုယ်ယုံကြည်တာ ကောင်းပါတယ်။"
"အရှင်မင်းကြီး၊ ကျွန်တော်မျိုး သဘောမတူသေးဘူးနော်။"
မင်းသားဖူ ဝင်ပြောလိုက်သည်။
နဉ်ရှောင်ယောင်း မင်းသားဖူကို ကြည့်လိုက်သည်။ မင်းသားဖူ မျက်နှာ မည်းမှောင်နေသည်။
နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်ကာ "ဦးရီးတော် သဘောတူတူ၊ မတူတူ လုပ်ရမှာပဲ။"
မင်းသားဖူ နောက်ဆုတ်လိုက်ပြီး ဒေါသတကြီး မေးလိုက်သည်။
"မင်းက မတရားလုပ်ချင်နေတာလား။"
"ဟဲဟဲ..."
နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။
"ဦးရီးတော်က ကျီးတုန်းဒေသက ရိက္ခာတွေအကုန် သိမ်းပိုက်တုန်းကရော တရားမျှတခဲ့လို့လား။"
"အဲဒါ... အဲဒါက နှောင်းဧကရာဇ် သိတယ်။ သူက ငါ့ကို မလုပ်ရဘူးလို့ မပြောခဲ့ဘူး။"
မင်းသားဖူ ဆင်ခြေပေးလိုက်သည်။
"အခု ရှင်ဘုရင်က ဘယ်သူလဲ။ ကျွန်တော်လေ။"
နဉ်ရှောင်ယောင်း ပြန်ပြောလိုက်သည်။
မင်းသားဖူ "..."
"ဦးရီးတော်ဆီမှာ ငွေရှိတာ သေချာတယ်။"
နဉ်ရှောင်ယောင်း မင်းသားဖူကို တစ်ပတ်ပတ်ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်တော့်အဖေရဲ့အဖေ လက်ထက်ကတည်းက ဦးရီးတော်က မင်းသားဖြစ်နေတာ။ အခု ကျွန်တော့်အဖေ သေသွားပြီ။ ဦးရီးတော်က မင်းသား ဖြစ်နေတုန်းပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး ရိက္ခာရောင်းပြီး ငွေ ဘယ်လောက်တောင် ရထားမလဲ။"
"မင်းအဖေရဲ့ အဖေက ဘယ်သူလဲ။"
မင်းသားဖူ ခေါင်းစဉ်လွှဲလိုက်သည်။
"အဲဒါ အရေးမကြီးဘူး။"
နဉ်ရှောင်ယောင်း အလိမ်မခံပေ။
"အခု အရေးကြီးတာက ငွေနဲ့ရိက္ခာပဲ။"
မင်းသားဖူ တိတ်ဆိတ်သွားသည်။
"ဟော... နှုတ်ဆိတ်ပြီး ဆန္ဒပြချင်တာလား။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ဦးရီးတော်က တကယ့်ကို သွေးအေးရက်စက်တဲ့ လူယုတ်မာပဲ။ မယားကြီး၊ မယားငယ်၊ သားကြီး၊ သမီးငယ်တွေက အသက်ကယ်ဖို့ စောင့်နေတာကို၊ ဦးရီးတော်က အကျင့်ပျက်ခြစားထားတဲ့ ငွေတွေကို နှမြောနေသေးတယ်ပေါ့။"
"အဲဒါ... အဲဒါ အကျင့်ပျက်ခြစားတာ မဟုတ်ဘူး..."
မင်းသားဖူ အသံတိုးသွားသည်။
"ဟဲဟဲ..."
"ငါက သွေးအေးရက်စက်တာ မဟုတ်ဘူး..."
"ဟဲဟဲ..."
"မင်း..."မင်းသားဖူ ဒေါသထွက်လာသည်။ "မင်းလည်း တစ်ပြားမှ မစိုက်ဘဲ နေလို့မရဘူးလေ။"
"ဟဲဟဲ..."
"ဟဲဟဲ မလုပ်နဲ့တော့!"
"ဟဲဟဲ..."
"ငါ မင်းရဲ့ ဘိုးဘေးဘီဘင်တွေကို..."
မင်းသားဖူ သည်းမခံနိုင်တော့ဘဲ ဆဲလိုက်သည်။
အကြီးအကဲလီနှင့် လိုကျစ်ကွေ့ ဝင်မပြောရသေးခင် နဉ်ရှောင်ယောင်းက နှုတ်ခမ်းမဲ့ပြီး ပြောလိုက်သည်။
"ဟေး... ဦးရီးတော်၊ ကျွန်တော်တို့ ဘိုးဘေးဘီဘင်က အတူတူပဲလေ။ ဦးရီးတော်က ဘယ်သူ့ကို..."
"အား..."
မင်းသားဖူ ခေါင်းကို ကုတ်ပြီး အော်ဟစ်လိုက်သည်။
"မကုတ်နဲ့တော့။"
ဟုကော်ကုန်း စိုးရိမ်တကြီး ပြောလိုက်သည်။
"ခေါင်းကွဲတော့မယ်။"
မင်းသားဖူ ရပ်လိုက်သည်။ ခေါင်းကွဲပြီး သွေးထွက်နေသလို ခံစားရသည်။ နဉ်ရှောင်ယောင်းကို ကြည့်ပြီး တွေးလိုက်မိသည်။ ဒီကောင်လေးနဲ့အတူ သေလိုက်ရမလား။
နဉ်ရှောင်ယောင်း လက်သီးဆုပ်ပြလိုက်သည်။
"သတိပေးလိုက်မယ်။ ဦးရီးတော် ကျွန်တော့်ကို မနိုင်ဘူးနော်။"
ဟုကော်ကုန်း မင်းသားဖူကို သနားသွားသည်။ အရှင်မင်းကြီးက ရက်စက်လိုက်တာ။
"ပြီးတော့ ကျွန်တော် တစ်ပြားမှ မစိုက်ဘူးလို့ ဘယ်သူပြောလဲ။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"စစ်တပ်က ဘယ်သူ့စစ်တပ်လဲ။ စစ်သားတွေကို လစာပေးတာ ဘယ်သူလဲ။ စစ်တိုက်ရင် လူသေမလား။ ဒဏ်ရာရမလား။ ကျွန်တော်က တိုင်းပြည်ရဲ့ သားကောင်းတွေကို စတေးခံလိုက်ရတာ။ ဦးရီးတော် တွက်ကြည့်လေ။ လူ့အသက်က ဘယ်လောက် တန်ဖိုးရှိလဲ။"
မင်းသားဖူက စစ်သားအသက်ဆိုတာ တန်ဖိုးမရှိဘူးလို့ ပြောချင်ပေမယ့် နဉ်ရှောင်ယောင်း၏လက်သီးကို ကြည့်ပြီး မပြောရဲတော့ပေ။
"အရှက်ရှိစမ်းပါဦး။"
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။
"တိုင်းပြည်မှာ အမတ်ချုပ်ကြီးလို အရှက်မရှိတဲ့လူရှိနေတာနဲ့တင် လုံလောက်နေပါပြီ။ ဦးရီးတော်ကပါ အရှက်မရှိရင် ဘယ်ဖြစ်မလဲ။ ဦးရီးတော်ကြောင့်သာ မဟုတ်ရင် ကျီးတုန်းဒေသက ဒီလိုဖြစ်မလား။ ပြည်သူ့ဆန္ဒ..."
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို မေးလိုက်သည်။
"ဘာခေါ်လဲ။"
"ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုတာ။"
"ဦးရီးတော် ကျွန်တော်နဲ့ ဘဝအကြောင်း ဆက်ဆွေးနွေးချင်သေးလား။"
မင်းသားဖူ မျက်နှာပူလာသည်။ ဒါပေမဲ့ သူပိုင်သမျှ အကုန်ထုတ်ပေးလိုက်ရင် သူပုန်တွေ ထွက်သွားတဲ့အခါ သူ ဘယ်လို ဆက်နေရမလဲ။ အခုတောင် နဉ်ယွီက သူ့ကို ဖမ်းချင်ဖမ်း၊ ခြိမ်းခြောက်ချင် ခြိမ်းခြောက် လုပ်နေတာ။ သူသာ ဆင်းရဲသွားရင် နဉ်ယွီက သူ့ကို သတ်ချင်တိုင်း သတ်တော့မှာပေါ့။
"ငါ့ငွေတွေက ဖုန်းလင်မြို့မှာလေ။"
မင်းသားဖူ နောက်ဆုံး ခုခံကာကွယ်လိုက်သည်။
"ငါ အခု ငွေနဲ့ ရိက္ခာ ထုတ်ပေးလို့ မရဘူး။"
"ယုန်တောင် တွင်းသုံးတွင်း တူးထားသေးတာပဲ။ ဦးရီးတော်က ငွေတွေကို ဖုန်းလင်မြို့တစ်နေရာတည်းမှာပဲ သိမ်းထားမယ် ထင်လား။"
နဉ်ရှောင်ယောင်း မင်းသားဖူကို စိုက်ကြည့်လိုက်သည်။
"ဦးရီးတော် နောက်ထပ် ဆင်ခြေပေးနေရင် ဖုန်းလင်မြို့ကို စစ်မတိုက်တော့ဘူး။ ဘာဖြစ်ဖြစ် ဖြစ်ပါစေတော့။"
"မင်း..."
မင်းသားဖူ လက်ညှိုးထိုးပြလိုက်သည်။
"မြောင်!"
လောင်တ အော်ဟစ်လိုက်သည်။
မင်းသားဖူ လိုကျစ်ကွေ့ခြေရင်းမှ ကြောင်နက်ကြီးကိုကြည့်ပြီး လက်ညှိုးပြန်ရုတ်သိမ်းလိုက်သည်။
"အမတ်မင်းဖေ့။"
နဉ်ရှောင်ယောင်း ဖေ့ယင်ကို ခေါ်လိုက်သည်။
"အမိန့်ရှိပါ။"
ဖေ့ယင် ဦးညွှတ်လိုက်သည်။
"ဦးရီးတော်နဲ့လိုက်သွားပြီး မြို့တော်ထဲက ငွေတိုက်တွေမှာအပ်ထားတဲ့ ဦးရီးတော်ရဲ့ငွေတွေ အကုန်ထုတ်ခဲ့။ ပြီးတော့ ဦးရီးတော်နဲ့ တော်ဝင်ဆွေမျိုးတွေ ဖွင့်ထားတဲ့ ဆန်ဆိုင်တွေကိုပါ သိမ်းခဲ့။"
"ငါ မြို့တော်မှာ ဆန်ဆိုင်မဖွင့်ထားပါဘူး!"
မင်းသားဖူ အော်ဟစ်လိုက်သည်။
"ဒါဆိုရင် ငွေစုထားတာ ရှိမှာပေါ့။"
နဉ်ရှောင်ယောင်း မျက်စောင်းထိုးကြည့်လိုက်သည်။
"ငွေရှိရင် ဆိုင်ရှိမှာပဲ။ ဦးရီးတော်တို့ လောဘကြီးတာ ကျွန်တော် မသိဘူး မထင်နဲ့။ ငွေကနေ ငွေပွားချင်နေကြတာ။"
မင်းသားဖူ၏နဖူးမှ ချွေးများ စီးကျလာသည်။ ဒီအရှက်မရှိတဲ့ကောင်လေးက နတ်ဝင်နေတာလား။
နဉ်ရှောင်ယောင်း လောင်တကို လက်မထောင်ပြလိုက်သည်။ သူမမှာ တိရိစ္ဆာန်သူငယ်ချင်းတွေ အများကြီး ရှိတာပဲ။ မသိတာ ဘာရှိလို့လဲ။
"သွားတော့။"
နဉ်ရှောင်ယောင်း တံခါးပေါက်ကို လက်ညှိုးထိုးပြလိုက်သည်။
"အရှင်မင်းကြီး။"
ဖေ့ယင်က မေးလိုက်သည်။
"တခြား တော်ဝင်ဆွေမျိုးတွေရဲ့ ဆိုင်တွေကိုရော သိမ်းရမှာလား။"
"သိမ်းလိုက်။ ဦးရီးတော်က သူတို့ဆီကနေ ချေးလိုက်တယ်လို့ ပြောလိုက်။"
မင်းသားဖူ ခြေမခိုင်တော့ဘဲ ကြမ်းပြင်ပေါ် လဲကျသွားသည်။ နောက်ဆို သူ တော်ဝင်ဆွေမျိုးတွေကြားမှာ ဘယ်လို မျက်နှာပြရတော့မလဲ။ သူတို့ပစ္စည်းတွေ သိမ်းသွားမှတော့ သူ့ကို အရှင်လတ်လတ် ဝါးစားကြတော့မှာပေါ့။
"ဆန်ဆိုင်တင် မကဘူး။"
နဉ်ရှောင်ယောင်း စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ရှိသမျှ အကုန်သိမ်းလိုက်။ သူတို့ ဘယ်လောက်ဆင်းရဲဆင်းရဲ ကျွန်တော့်လောက်တော့ မဆင်းရဲပါဘူး။ လုပ်သာလုပ်လိုက်။"
ဖေ့ယင် မင်းသားဖူကို တစ်ချက်ကြည့်ပြီးနောက် ဒူးထောက်လိုက်သည်။
"အမိန့်တော်အတိုင်းပါ။"
ဟုကော်ကုန်း အိပ်မက်မက်နေသလို ခံစားနေရသည်။ သူ့ညီလေးက အရှင်မင်းကြီးကို ဘယ်တုန်းက ဒီလောက် လေးစားသွားတာလဲ။
"ကုန်းကုန်းတွေကိုခေါ်ပြီး ဦးရီးတော်ကို ထမ်းသွားခိုင်းရမလား။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။
မင်းသားဖူ ကြမ်းပြင်မှ ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး မေးလိုက်သည်။
"တော်ဝင်ဆွေမျိုးတွေက နန်းတော်တံခါးဝမှာ ဒူးထောက်ပြီး အမိန့်တော် ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုကြရင် အရှင်မင်းကြီး မကြောက်ဘူးလား။"
နဉ်ရှောင်ယောင်း ဟဲဟဲတောင် မလုပ်တော့ဘဲ မျက်စောင်းသာ ထိုးလိုက်သည်။
မင်းသားဖူ "..." ငါကတော့ အရှက်မရှိတဲ့လူကို သွားမေးမိလို့ ခံရတာပဲ။
"မင်းသား၊ ကြွပါ။"
ဖေ့ယင်က မင်းသားဖူကို ဖိတ်ခေါ်လိုက်သည်။
"ဒါ မြို့တံခါးကိုးပေါက် တပ်မှူးပဲ။"
နဉ်ရှောင်ယောင်းက မိတ်ဆက်ပေးလိုက်သည်။
"နန်းတွင်းအရာရှိကြီးပဲ။ ဦးရီးတော် သူ့ကို လေးစားပါဦး။"
မင်းသားဖူ လှည့်ထွက်သွားသည်။ သူက မင်းသားလေ။ မြို့တံခါးကိုးပေါက် တပ်မှူးကို လေးစားရမလား။ ဒီတစ်သက် နဉ်ယွီကို နောက်ထပ် မတွေ့ချင်တော့ဘူး။
"သာ့ဖုန်းတို့ကိုပါ ခေါ်သွား။"
နဉ်ရှောင်ယောင်းက ဖေ့ယင်ကို တိုးတိုးလေးပြောလိုက်သည်။
"သူတို့က ပစ္စည်းသိမ်းတာ ကျွမ်းကျင်တယ်။"
ဒုတိယသခင်လေးဖေ့ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ အမတ်ချုပ်ကြီးရှဲ့အိမ်တော်က ပစ္စည်းတွေ သိမ်းတုန်းကရခဲ့တဲ့ အတွေ့အကြုံလား။
ဖေ့ယင်နှင့် မင်းသားဖူ ထွက်သွားသောအခါ နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။
"ဟူး... ပြီးသွားပြီ။"
ဟုကော်ကုန်း ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။
"ပြီးသွားပြီလား။"
"အင်း... စစ်တပ်ရှိပြီ၊ စစ်သူကြီးရှိပြီ၊ စစ်သူကြီးရဲ့လက်ထောက်တွေ ရှိပြီ၊ ငွေရှိပြီ၊ ရိက္ခာရှိပြီ။ ဟုကော်ကုန်း၊ ဘာလိုသေးလဲ။"
ဟုကော်ကုန်း ခေါင်းခါလိုက်သည်။ ဘာမှ မလိုတော့ဘူး။
နဉ်ရှောင်ယောင်း အကြီးအကဲလီကိုကြည့်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။
"အဘိုးကြီး အိမ်ပြန် ထမင်းစားတော့လေ။"
အကြီးအကဲလီ နဉ်ရှောင်ယောင်းကို နားလည်ရခက်သော မျက်လုံးများဖြင့် ကြည့်နေသည်။
နဉ်ရှောင်ယောင်း တောင့်ခဲသွားသည်။ ဒီအဘိုးကြီးက ဘာကိစ္စရှိသေးလို့လဲ။
အကြီးအကဲလီ တွေးနေမိသည်။ ပြီးသွားပြီလား။ အရှင်မင်းကြီးက မင်းသားဖူကို အသုံးချပြီး ဒီပြဿနာကို ဖြေရှင်းလိုက်တာလား။
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့အနောက်သို့ တဖြည်းဖြည်း တိုးကပ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။
"အဘိုးကြီးက ဘာလို့ ကျွန်မကို ဒီလိုကြည့်နေတာလဲ။ ကျွန်မကို ကိုက်သတ်ချင်နေတာလား။ ဘာဖြစ်တာလဲဟင်။"
***