အရှင်မင်းကြီးက ပြောတယ်... မင်္ဂလာပါ ဦးရီးတော်
Vol. 14 Ch. 224
မီးခိုးရောင်ခိုတစ်ကောင်သည် ထိုက်ဟွာနန်းဆောင် ခြံဝင်းအထက်တွင် ပျံဝဲနေသည်။ အောက်တွင် လူအများအပြားရှိနေသဖြင့် နဉ်ရှောင်ယောင်း၏ခေါင်းပေါ်သို့ မဆင်းရဲဘဲ ပျံဝဲရင်း အော်ပြောလိုက်သည်။
"ရှောင်ယောင်း၊ ရှောင်ယောင်း... မာတျန့်က နင့်ကို ပြောခိုင်းလိုက်တယ်။ ရှဲ့အန်းကျီ မြောက်ဘက်မြို့တံခါးပေါက်ကနေ ထွက်ပြေးတော့မယ်တဲ့။ ကူ... ကူ..."
နဉ်ရှောင်ယောင်း ခိုကလေးကို အဝေးကနေ အနမ်းပေးလိုက်သည်။
"ငါ့နာမည်က အားမုန်။"
ခိုကလေးက မိတ်ဆက်လိုက်သည်။
"မွ... မွ... မွ..."
နဉ်ရှောင်ယောင်း အားမုန်ကို အနမ်းတွေ ထပ်ပေးလိုက်ပြန်သည်။
လူများ "..."
ဒီခိုကလည်း အရှင်မင်းကြီး မွေးထားတာလား။
လောင်တ ကြည့်မရတော့သဖြင့် နဉ်ရှောင်ယောင်းကို လက်သည်းဖြင့် ကုတ်လိုက်သည်။
"ကြောင်ဆိုး!"
အားမုန် လောင်တကို ဆဲပြီး ထွက်ခွာသွားသည်။
နဉ်ရှောင်ယောင်း လောင်တကို မျက်လုံးလှန်ကြည့်လိုက်ပြီး ယင်းဖုန်းနှင့် အဆိပ်ဂိုဏ်းချုပ်ကို ပြောလိုက်သည်။
"သွားမယ်။ မြောက်ဘက်မြို့တံခါးကို သွားမယ်။ ရှဲ့အန်းကျီ အဲဒီကနေ ထွက်ပြေးတော့မယ်။"
"အရှင်မင်းကြီး သေချာလို့လား။"
ဂိုဏ်းချုပ် မေးလိုက်သည်။
"ရိုင်းလိုက်တာ။"
ယင်းဖုန်း ဝင်ဟောက်လိုက်သည်။
"အရှင်မင်းကြီးကို မေးခွန်းထုတ်ရဲတယ်ပေါ့။"
"အဆင်ပြေပါတယ်၊ ရန်မဖြစ်ကြပါနဲ့။"
နဉ်ရှောင်ယောင်း ယင်းဖုန်းကို အနောက်သို့ ဆွဲပို့လိုက်ပြီး ဂိုဏ်းချုပ်ကို ပြောလိုက်သည်။
"ကိုယ့်လူအချင်းချင်း အဆိပ်မခတ်နဲ့နော်။ ငါရှိနေသရွေ့ မင်းရဲ့အဆိပ်က အသုံးဝင်မှာ မဟုတ်ဘူး။"
ဂိုဏ်းချုပ် "..."
ကျွန်တော်မျိုး အဆိပ်ခတ်မလို့ မဟုတ်ရပါဘူး။
"သွားကြစို့။"
နဉ်ရှောင်ယောင်း နဂါးအစောင့်တပ်သားများကို အော်ပြောလိုက်သည်။
လူတစ်စုသည် နေဝင်ချိန်တွင် နန်းတော်မှ ထွက်ခွာပြီး မြောက်ဘက်မြို့တံခါးသို့ မြင်းစီးထွက်ခွာသွားကြသည်။
......
ထိုအချိန်တွင် ရှဲ့အန်းကျီသည် အမတ်ချုပ်အိမ်တော်မှ ထွက်ခွာလာပြီး တံခါးပေါက်တွင် စောင့်နေသော အမတ်ချုပ်ကြီးရှဲ့ကို သုံးကြိမ် ဦးခိုက်ကန်တော့လိုက်သည်။
"ဂရုစိုက်သွားနော်။ ငါ မှာထားတာတွေ မမေ့နဲ့။"
အမတ်ချုပ်ကြီးရှဲ့ မှာကြားလိုက်သည်။
ရှဲ့အန်းကျီ မတ်တတ်ရပ်လိုက်ပြီး သူထွက်သွားရင် သူ့အမေ သခင်မဝမ် တစ်ယောက်တည်း ကျန်ရစ်ခဲ့မှာကို စိုးရိမ်သဖြင့် တိုးတိုးလေး လျှောက်တင်လိုက်သည်။
"အဖေ၊ သား ပြန်လာမယ့်ရက် မသေချာပါဘူး။ အမေ နေမကောင်းဖြစ်နေတာမို့ အဖေ ဂရုစိုက်ပေးပါဦး။"
အမတ်ချုပ်ကြီးရှဲ့ မျက်နှာတည်ထားပြီး ပြောလိုက်သည်။
"အိမ်မှာ လူတွေအများကြီး ရှိတာပဲ။ မင်းအမေ ဒုက္ခရောက်မှာ စိုးရိမ်နေတာလား။"
ရှဲ့အန်းကျီ စကားမပြောနိုင်တော့ဘဲ ရထားလုံးပေါ် တက်လိုက်သည်။
ရှဲ့အန်းကျီ၏ရထားလုံး ထွက်ခွာသွားသည်ကို ကြည့်ပြီး အမတ်ချုပ်ကြီးရှဲ့က ဘေးနားရှိ အိမ်တော်ထိန်းတစ်ဦးကို ပြောလိုက်သည်။
"လူလွှတ်ပြီး နောက်ယောင်ခံလိုက်ခိုင်း။ သူ မြို့တော်ကနေ ဘေးကင်းကင်းနဲ့ ထွက်သွားရင် ပြီးရော။ တကယ်လို့ တစ်ခုခုဖြစ်ရင် ငါ့ကို ချက်ချင်း လာပြော။"
အိမ်တော်ထိန်း အမိန့်နာခံပြီး အစေခံအချို့ကိုခေါ်ကာ မြင်းစီးပြီး လိုက်ပါသွားသည်။
အစေခံနှစ်ဦးသည် အမတ်ချုပ်ကြီးရှဲ့ကို ထမ်းပြီး အိမ်ထဲသို့ ပြန်ဝင်လာစဉ် အမျိုးသမီးမော့သည် အစေခံမလေးနှစ်ဦးနှင့်အတူ လမ်းလျှောက်လာသည်။
"ဘာကိစ္စလဲ။"
အမတ်ချုပ်ကြီးရှဲ့ အေးစက်စွာ မေးလိုက်သည်။
အမျိုးသမီးမော့ ပြုံးလိုက်ပြီး အမတ်ချုပ်ကြီးရှဲ့ဘေးသို့ တိုးကပ်ကာ ဦးညွှတ်ပြီး ပြောလိုက်သည်။
"သခင်မက ဒုတိယသခင်လေး ဝူဒေသကို သွားမယ်ဆိုတာ ကြားလို့ တွေ့ချင်နေပါတယ်။ သခင်ကြီး ခွင့်ပြုပေးပါမလား။"
အမတ်ချုပ်ကြီးရှဲ့ အမျိုးသမီးမော့ကို စိုက်ကြည့်လိုက်သည်။ အမျိုးသမီးမော့၏ အပြုံး တောင့်ခဲသွားမှ ပြောလိုက်သည်။
"အန်းကျီ ထွက်သွားပြီဆိုတာ မင်း မသိဘူးလား။"
"ကျွန်မ..."
"မင်းရဲ့ ဉာဏ်နီဉာဏ်နက်တွေကို သိမ်းထားလိုက်။"
အမတ်ချုပ်ကြီးရှဲ့ အေးစက်စွာ ပြောလိုက်သည်။ ဒီမယားငယ်က သခင်မဝမ် သားကိုတွေ့ချင်တယ်ဆိုပြီး လာတိုင်တောနေတာ။ မိန်းမတွေရဲ့ မနာလိုဝန်တိုမှုတွေကို အမတ်ချုပ်ကြီးရှဲ့ ရွံရှာလှသည်။
အမျိုးသမီးမော့ ရှက်သွားသည်။
"ငါ့အိမ်ကို မငြိမ်မသက်ဖြစ်အောင် လုပ်တဲ့လူကို ငါ သတ်ပစ်မယ်။"
အမတ်ချုပ်ကြီးရှဲ့ ခြိမ်းခြောက်လိုက်သည်။
အမျိုးသမီးမော့ ကြောက်လန့်ပြီး ဒူးထောက်လိုက်သည်။
အမတ်ချုပ်ကြီးရှဲ့နှင့် အစေခံများ ထွက်ခွာသွားကြသည်။
အမတ်ချုပ်ကြီးရှဲ့ ထွက်သွားပြီးမှ အမျိုးသမီးမော့ အစေခံမလေးတစ်ဦး၏အကူအညီဖြင့် ထရပ်လိုက်သည်။
"သခင်မ..."
အခြားအစေခံမလေးတစ်ဦးက တိုးတိုးလေး ခေါ်လိုက်သည်။
"သခင်မဘက်ကို ဘယ်လိုပြန်ပြောမလဲ။"
အမျိုးသမီးမော့ ဆံပင်ကို သပ်တင်လိုက်ပြီး ပြောလိုက်သည်။
"အမှန်အတိုင်း ပြန်ပြောလိုက်မှာပေါ့။ တခြား ဘာလုပ်လို့ရဦးမှာလဲ။"
သခင်မဝမ်သည် ယခုအခါ အမတ်ချုပ်အိမ်တော်၏တောင်ဘက်ရှိ သေးငယ်သော ခြံဝင်းတစ်ခုတွင် နေထိုင်ရသည်။ ခြံဝင်းတံခါးကို သော့မခတ်ထားသော်လည်း သခင်မဝမ်နေသော အခန်းတံခါးကို သော့ခတ်ထားပြီး အမတ်ချုပ်ကြီးရှဲ့ စီစဉ်ပေးထားသော အပျိုတော်ကြီး ၄ ဦးက အလှည့်ကျ စောင့်ကြပ်နေကြသည်။
အမျိုးသမီးမော့ ခြံဝင်းထဲ ဝင်လာပြီး အခန်းတံခါးရှေ့ ရောက်သောအခါ အပျိုတော်ကြီးများက တံခါးမဖွင့်ပေးဘဲ တံခါးပေါက်သေးသေးလေးကိုဖွင့်ပြီး အထဲသို့ လှမ်းပြောလိုက်သည်။
"သခင်မ၊ သခင်မမော့ ရောက်ပါပြီ။"
အခန်းထဲမှ ခြေသံကြားရပြီး သခင်မဝမ်၏မျက်နှာ တံခါးပေါက်တွင် ပေါ်လာသည်။
"ဒုတိယသခင်လေးရော။"
အမျိုးသမီးမော့ ဒူးထောက်ဂါရဝပြုပြီး ပြောလိုက်သည်။
"သခင်မ၊ ဒုတိယသခင်လေး ထွက်သွားပါပြီ။ သခင်မအတွက် စကားလာပြောပေးလို့ ကျွန်မလည်း သခင်ကြီးရဲ့ ဆူငေါက်တာ ခံလိုက်ရပါသေးတယ်။"
သခင်မဝမ် တံခါးကို ထုရိုက်လိုက်သည်။
"ထွက်သွားပြီလား။"
"ကျွန်မလို မယားငယ်ကို သနားပါဦး သခင်မရယ်။ နောက်ဆို အခန်းထဲမှာပဲ အေးအေးဆေးဆေး နားနေလိုက်ပါတော့။"
"နင်..."
သခင်မဝမ် ဒေါသထွက်သွားသည်။
"နင်က ဘာကောင်မမို့လို့လဲ။"
အမျိုးသမီးမော့က အပျိုတော်ကြီးများကို ပြောလိုက်သည်။
"နောက်ဆို သခင်မ ဘာကိစ္စရှိရှိ သခင်ကြီးကိုပဲ သွားပြောတော့။"
ပြောပြီးသည်နှင့် အမျိုးသမီးမော့ လှည့်ထွက်သွားသည်။
"မော့ရှီ... နင် ပြန်လာခဲ့!"
သခင်မဝမ် အော်ဟစ်လိုက်သည်။
အမျိုးသမီးမော့ကတော့ လှည့်ပင်မကြည့်ဘဲ ထွက်ခွာသွားလေသည်။
အပျိုတော်ကြီးနှစ်ဦး သခင်မဝမ်ကို ကြည့်နေကြသည်။ သခင်မဝမ်၏အဝတ်အစားများ သပ်ရပ်နေသော်လည်း ဆံပင်များ ရှုပ်ပွနေပြီး မျက်နှာပေါ်တွင် ဖုန်များ ပေကျံနေသည်။ တံခါးကို အတင်းထုရိုက်ပြီး အမျိုးသမီးမော့ကို ဆဲဆိုနေသော်လည်း နောက်ပိုင်းတွင် ဘာပြောနေမှန်း နားမလည်တော့ပေ။
အပျိုတော်ကြီးများ စိုးရိမ်လာကြသည်။ ဒီအတိုင်း ဆက်ထားရင် သခင်မ ရူးသွားမလား။
"သခင်မ၊ သခင်မကို အဲဒီလိုပြောလိုက်တာ ပြဿနာ မရှိဘူးလား။"
အစေခံမလေးတစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။
အမျိုးသမီးမော့ ပြုံးလိုက်သည်။
"သူက ကံတရားကို လက်ခံမယ့်လူစား မဟုတ်ဘူး။ သူ ဝမ်မိသားစုဆီ အကူအညီတောင်းဖို့ လူလွှတ်လိုက်တာ ငါ မသိဘူးမှတ်လို့လား။"
အစေခံမလေးများ အံ့သြသွားကြသည်။ ဒီအကြောင်း သူတို့ မသိခဲ့ဘူး။
"ဒါဆို ဝမ်မိသားစုက..."
အမျိုးသမီးမော့ ခေါင်းခါလိုက်သည်။
"သူက ကိုယ့်တူမအရင်းကိုတောင် သတ်ခဲ့တဲ့လူလေ။ ဝမ်မိသားစုက သူ့ကို ကယ်ပါ့မလား။ ကယ်ပြီးရင် ကိုယ့်မိသားစုကို ပြန်ဒုက္ခပေးမှာ စိုးရိမ်ရတာပေါ့။"
ရှဲ့အန်းဝမ် သေဆုံးမှုကို ပြန်တွေးမိပြီး အစေခံမလေးများ တိတ်ဆိတ်သွားကြသည်။ သခင်မဝမ် သနားစရာကောင်းတယ်ဆိုပေမယ့် သူလုပ်ခဲ့တဲ့ မကောင်းမှုတွေကလည်း နည်းမှမနည်းတာ။
အမျိုးသမီးမော့ သူ့ခြံဝင်းဘက်သို့ လျှောက်လာသည်။ သခင်မဝမ်က သားသုံးယောက် မွေးခဲ့ပေမယ့် အခု အသုံးမကျဆုံးဖြစ်တဲ့ ရှဲ့အန်းကျီပဲ ကျန်တော့တာ ဘုရားသခင်က မျက်နှာသာပေးတာပဲ။ သူ့သားက တရားဝင်သား မဖြစ်နိုင်ပေမယ့် ရှဲ့အန်းကျီ အသုံးမကျရင် သူ့သားအတွက် အခွင့်အရေး ရလာမှာပဲ။
......
စာကြည့်ဆောင်တွင် ရွှီယိမင်က အမတ်ချုပ်ကြီးရှဲ့ကို ပြောလိုက်သည်။
"သခင်ကြီး၊ စစ်တပ်ထဲကလူကို စီစဉ်ပြီးပါပြီ။ သခင်ကြီး တွေ့ချင်လား။"
"မင်း အကုန် ရှင်းပြပြီးပြီမလား။"
"လမ်းကြောင်း ဖော်ပြပေးရုံပါပဲ။ မခက်ပါဘူး။"
အမတ်ချုပ်ကြီးရှဲ့ ခေါင်းညိတ်လိုက်သည်။ ကျီးတုန်းဒေသမှာ တောင်ကုန်းတောင်တန်းတွေ များတယ်။ သူပုန်တွေက ထောင်ယွီရဲ့စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်လိုက်ရင် ထောင်ယွီ ရှုံးမှာ သေချာတယ်။
"ဒါဆို သခင်ကြီး တွေ့မလား။"
"အန်းကျီ မြို့တော်ကနေ ထွက်သွားပြီးမှ တွေ့မယ်။"
အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။
"အန်းကျီ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်မှ ငါ စိတ်ချလက်ချ လုပ်လို့ရမှာ။"
"သခင်ကြီး စိတ်ပူနေတုန်းလား။"
အမတ်ချုပ်ကြီးရှဲ့ ခါးသက်သက် ပြုံးလိုက်သည်။
"ဒီရက်ပိုင်း မမျှော်လင့်တာတွေ အများကြီး ဖြစ်ခဲ့တယ်။ ဒီတစ်ခါရော ထပ်ဖြစ်ဦးမလားဆိုတာ ငါ မသိဘူး။"
"ဒုတိယသခင်လေး ထွက်သွားတာကို ဘယ်သူမှ မသိပါဘူး။ သခင်မနေတဲ့ ခြံဝင်းရှေ့မှာ သွားကန်တော့တာကို ဘယ်သူမှ မမြင်လိုက်ပါဘူး။ ဒီကိစ္စကို အရှင်မင်းကြီး သိနိုင်မှာ မဟုတ်ပါဘူး။"
အမတ်ချုပ်ကြီးရှဲ့လည်း နဉ်ယွီ သိမှာမဟုတ်ဘူးလို့ ထင်ပေမယ့် လုံးဝ စိတ်မချနိုင်သေးပေ။
......
နာရီဝက်ခန့်အကြာတွင် မြောက်ဘက်မြို့တံခါးအပြင်ဘက် လမ်းမပေါ်၌ နဉ်ရှောင်ယောင်းနှင့်အဖွဲ့သည် ရှဲ့အန်းကျီ၏ရထားလုံးကို ပိတ်ဆို့ထားလိုက်သည်။
"ဟေး..."
နဉ်ရှောင်ယောင်းသည် ပန်းသီးတစ်လုံးကို ကိုက်စားရင်း မေးလိုက်သည်။
"ဘယ်သွားကြမလို့လဲ။"
အမတ်ချုပ်အိမ်တော်မှ လူများသည် နဉ်ရှောင်ယောင်းကို မြင်သောအခါ မျက်နှာဖြူဖျော့သွားကြသည်။ ဒီလူက ဘယ်လိုလုပ် ရောက်လာတာလဲ။
ရှဲ့အန်းကျီ ရထားလုံးပေါ်မှဆင်းလာပြီး နဉ်ရှောင်ယောင်းကို မြင်သောအခါ မျက်လုံးပြာဝေသွားသည်။
"ဟေး..."
နဉ်ရှောင်ယောင်း နှုတ်ဆက်လိုက်သည်။
"ဒါ ရှဲ့အန်းကျီ မဟုတ်လား။ မင်္ဂလာပါ ဦးရီးတော်။" (ဒုတိယဦးလေး)
သောက်ကျိုးနည်း ဦးရီးတော်တဲ့လား!
ရှဲ့အန်းကျီ နဉ်ရှောင်ယောင်းကို ဆဲချင်သော်လည်း သူ့အဖေတောင် မနိုင်တဲ့လူကို သူက ဘယ်လိုနိုင်မှာလဲ။
"အရှင်မင်းကြီးကို မြင်တာတောင် ဒူးမထောက်ကြဘူးလား။"
ယင်းဖုန်း အော်ဟစ်လိုက်သည်။
အမတ်ချုပ်အိမ်တော်မှလူများ ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။
ယန်ဟုန်သည် နဉ်ရှောင်ယောင်းအနောက်သို့ တိုးကပ်လာပြီး တိုးတိုးလေး သတိပေးလိုက်သည်။
"အရှင်မင်းကြီး၊ ဟိုဘက်မှာ သိုင်းပညာရှင်တွေပါတယ်။ သတိထားပါ။"
နဉ်ရှောင်ယောင်း ယန်ဟုန်ကို လှည့်ကြည့်လိုက်သည်။ ယန်ဟုန်က အရပ်ပုသော်လည်း ရင်သားများက ကြီးမားလှသည်။ နဉ်ရှောင်ယောင်း မနာလိုဖြစ်မိသွားသည်။ ဒီမိန်းမက ဘာစားပြီး ကြီးလာတာလဲ။
"မပူပါနဲ့။ ငါ တိုက်တတ်ပါတယ်။"
နဉ်ရှောင်ယောင်း ယန်ဟုန်ကို ပြောလိုက်သည်။
ယန်ဟုန် ပြုံးလိုက်သည်။
"မပြုံးနဲ့လေ။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ငါ့ကို လာမမြှူဆွယ်နဲ့။"
ယန်ဟုန် "..."
"ဒါနဲ့... မင်းရင်သားတွေက ဘယ်လိုလုပ် ကြီးလာတာလဲ။"
နဉ်ရှောင်ယောင်း တိုးတိုးလေး မေးလိုက်သည်။
"ငါ့ကို နည်းလမ်းလေး ပြောပြပါလား။"
အတွေ့အကြုံများသော ယန်ဟုန်သည် နဉ်ရှောင်ယောင်း၏မေးခွန်းကြောင့် မျက်နှာနီရဲသွားသည်။ အရှင်မင်းကြီးက ကလေးလေးလို ထင်ရပေမယ့် နှာဘူးလေးပါလား။
"ပြောပြလို့ မရဘူးလား။"
"သဘာဝအတိုင်း ကြီးလာတာပါ။"
ယန်ဟုန် ဖြေလိုက်သည်။
"သဘာဝအတိုင်း? မဖြစ်နိုင်ဘူး။"
နဉ်ရှောင်ယောင်း ယန်ဟုန်ကို စိုက်ကြည့်လိုက်သည်။
"မွေးကတည်းက ဒီလောက်ကြီးပါ့မလား။ အဲဒါဆို ဘီလူးမ ဖြစ်နေမှာပေါ့။"
ယန်ဟုန် ရယ်မောလိုက်သည်။
"အရှင်မင်းကြီး၊ တဖြည်းဖြည်း ကြီးလာတာကို ပြောတာပါ။ ဒါ သဘာဝအတိုင်းပဲလေ။"
တောက်!
နဉ်ရှောင်ယောင်း မကျေနပ်ပေ။ ဒါ မတရားဘူး!
ယင်းဖုန်းတို့အဖွဲ့ "..."
ဒီအချိန်ကြီး ရင်သားအကြောင်း ဆွေးနွေးနေကြတာလား။ ငါတို့ ဒီကို ဘာလာလုပ်ကြတာလဲ။
***