သားရဲတစ်ကောင်ထက် ဆိုးဝါးသည်
Vol. 1 Ch. 415
"အု...အု..."
လင်းယွဲ့သည် အော်ဟစ်၍ အကူအညီ တောင်းချင်နေခဲ့သည်။ သို့သော်လည်း သူမလည်ပင်းမှာ အညှစ်ခံထားရပြီး အသက်ပင်ဝဝမရှူနိုင်ပေ။ သူမမည်သို့ အော်ဟစ်နိုင်ပါမည်နည်း။ ကျန်းရီသည် သတ်ဖြတ်ခြင်းအင်အားကို ထုတ်မသုံးထားသော်လည်း သူဒေါသထွက်လာသည့်အခါတွင် သူ့ကိုယ်မှ လူသတ်ငွေ့တို့သည် လင်းယွဲ့အား အေးခဲသွားစေရန် လုံလောက်လေသည်။ သူသည် လူများစွာအား သတ်ထားခဲ့သည်။ သူ၏လူသတ်ငွေ့မှာ ရန်သူများကို သတ်ဖူးကြသည့် ကျင့်ကြံသူများကိုတောင် ထိတ်လန့်သွားစေနိုင်ရန် လုံလောက်သည်။ နန်းတော်ထဲတွင် ကြီးပြင်းခဲ့သည့် လင်းယွဲ့လို မိန်းကလေးမျိုးဆိုလျှင် ပြောနေရန်ပင် မလိုချေ။
ကျန်းရီသည် အမှန်တကယ် ဒေါသထွက်နေခဲ့သည်။ အနှီလင်းယွဲ့သည့် သူ့အား စည်းရုံချင်ပြီး အရင်လာစခဲ့သည်။ အငြင်းခံရပြီးနောက်တွင် သူမသည် သူ့အား လိမ်လည်ရန်တောင် ကြိုးစားလိုက်သေးသည်။ သူမကို အနည်းငယ် ပြန်စသည်မှာ သူ့အလွန်မဟုတ်ချေ။ သူသည် သူမအား အကြမ်းဖက်ရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ပေ။ နောက်ဆုံးအချိန် သူလွှတ်ပေးလိုက်သည့်အခါတွင်လည်း သူမသည် သူ့အား သတ်ပစ်ရန် လူခေါ်၍ အကူအညီတောင်းရန် ကြိုးစားခဲ့သည်။
သူသည် သူ့သရုပ်မှန် ပေါ်သွားမည်ကို မစိုးရိမ်ပေ။ သို့သော်လည်း ပေါ်သွားသည်နှင့် ရတနာရှာဖွေသည့် ခရီးစဉ်ကို ရပ်လိုက်ကြလိမ့်မည်။ သူရှိနေလျှင် မည်သူက အနက်ရောင်နကျယ်ကောင်များကို ဆက်ရှာဖွေရဲပါတော့မည်နည်း။ သူတို့သည် နောက်ကွယ်မှ ဝင်နှောင့်ယှက်ရန် ဗာဂျရာအဆင့်တစ်ယောက်ယောက်ကိုပင် အကူအညီတောင်းလိုက်နိုင်သေးသည်။ ထို့ကြောင့် မဖြစ်မနေလိုအပ်ခြင်း မဟုတ်ပါက သူ့သရုပ်မှန်အား ပေါ်မသွားစေချင်ပေ။
သို့ဖြစ်ရာ သူ့တွင် ရွေးချယ်စရာ နှစ်ခုသာ ကျန်ရစ်သည်။ ပထမတစ်ခုသည် လင်းယွဲ့အားသတ်၍ သူမ၏ကိုယ်အား ပင်လယ်ထဲသို့ ပစ်ချလိုက်ပြီး ပင်လယ်နတ်ဆိုးသားရဲများကို ကျွေးပစ်ရန် ဖြစ်သည်။ သို့သော်လည်း ထိုရွေးချယ်စရာမှာ အန္တရာယ်များလေသည်။ လင်းဂိုဏ်းမှ လူများသည် လင်းယွဲ့ သူ့အားလာရှာခြင်းဖြစ်ကြောင်း သိကြလောက်သည်။
ဒုတိယတစ်ခုမှာ လင်းယွဲ့အား အကူအညီမတောင်းရဲရန်နှင့် ယနေ့ကိစ္စကို လူသိရှင်ကြား ထုတ်မပြောရဲစေရန် သူမအား ခြောက်လှန့်ပစ်၍ အပြီးတိုင် နှုတ်ပိတ်ပစ်ခြင်းဖြစ်သည်။
ကျန်းရီသည် ဒုတိယတစ်ခုကို ရွေးချယ်လိုက်သည်။ သူ၏လူသတ်ငွေ့များသည် လင်းယွဲ့အား လွှမ်းခြုံသွားခဲ့ပြီး သူမအား တုန်ယင်လာစေခဲ့သည်။ သူမသည် ကျန်းရီ သူမအား သတ်လျှင်သတ်၊ မသတ်လျှင် အဓမ္မကျင့်တော့မည်ဟု ထင်လိုက်သည်။ သူမ၏နောက်ကျောသည် ဗလာဖြစ်နေပြီး ကျန်းရီမှ အကုန်မြင်နေရသည် မဟုတ်ပါလော။
ဖြန်း...ဖြန်း...
ကျန်းရီသည် လျှာသပ်၍ လင်းယွဲ့၏ တင်ပါးလုံးလုံးအား ရိုက်ချလိုက်သည်။ လင်းယွဲ့၏ ကိုယ်သည် တစ်ချက်အရိုက်ခံလိုက်ရတိုင်း တုန်ယင်သွားခဲ့လေသည်။ သူမ၏ တင်ပါးထက်တွင် လက်ဝါးရာကြီးများ ထင်လာခဲ့သည်။
ကျန်းရီသည် လက်တစ်ဖက်ဖြင့် လင်းယွဲ့၏ လည်ပင်းအား ညှစ်ထားခဲ့ပြီး အခြားလက်တစ်ဖက်သည် သူမ၏တင်ပါးအား စည်းချက်ညီညီ ရိုက်နေခဲ့သည်။ သူသည် ဘာမှမပြောဘဲ တစ်ခါတစ်ရံတွင် လျှာသပ်လေ့ရှိသည်။ ထိုအပြုအမူမှာ သူ့အား တဏှာရူးနတ်ဆိုးကြီးအလား ထင်ရစေ၍ လင်းယွဲ့၏စိတ်အင်အားများမှာ လဲပြိုကုန်သည်။
"ဟီးဟီး"
ကျန်းရီ၏လက်သည် ရှေ့သို့ ဆက်တိုးသွားခဲ့ပြီး လင်းယွဲ့အား ခါးကိုင်းစေလိုက်သည်။ ထို့နောက် သူသည် လင်းယွဲ့၏ တင်ပါးများအား ကြည့်နေလိုက်သည်။ သူမ၏ နောက်ကျောတစ်ခုလုံးမှာ သူ့မြင်ကွင်းအတွင်း ရှိလေသည်။
"အာ့..."
လင်းယွဲ့သည် မလှုပ်ရှားနိုင်၍ အနောက်ဘက်တွင် ဘာဖြစ်နေမှန်း မမြင်နိုင်သော်လည်း သူမအား စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံကို ခံစားမိလေသည်။ သူမ၏တင်ပါးသို့ တစ်ချက်တစ်ချက် လာရောက်ရိုက်ခတ်သည့် ကျန်းရီ၏ ထွက်သက်နွေးနွေးကိုလည်း ခံစားမိသည်။ ကျန်းရီ ဘာကိုစိုက်ကြည့်နေမှန်း သူမမျက်လုံးကန်းနေလျှင်တောင် အတပ်ပြောနိုင်လေသည်။
သူမ၏ အရေးကြီးဆုံး အစိတ်အပိုင်းမှာ မျက်ဝန်းတစ်စုံ၏ ပစ်မှားခြင်းခံနေရကြောင်း သူမတွေးမိသည့်အခါ လင်းယွဲ့သည် သေချင်စိတ်များပင် ပေါက်လာခဲ့သည်။ သူမသည် အရှက်ရမှု၊ ဒေါသ၊ ကြောက်လန့်မှု၊ ကူကယ်ရာမဲ့မှု စသည့် ခံသားချက်မျိုးစုံကို တစ်ပြိုင်တည်း ခံစားနေရလေသည်။ လင်းယွဲ့၏ မျက်လုံးထဲတွင် ကျန်းရီသည် ကြမ်းတမ်း ရက်စက်လှသော နတ်ဆိုးတစ်ကောင် ဖြစ်နေခဲ့သည်။
ကျွတ်စ်...ကျွတ်စ်
ကျန်းရီ၏ လျှာသပ်သံသည် တစ်ချက်တစ်ချက် ထွက်ပေါ်လာတတ်သည်။ သူသည် ဘာမှမလုပ်ဘဲ လင်းယွဲ့၏ တင်ပါးများကိုသာ အကြည့်မလွှဲတမ်း စိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ဆယ့်ငါးမိနစ်ခန့်ကြာသွားသောအခါတွင် လင်းယွဲ့၏ ကိုယ်မှာ ပျော့ခွေသွားခဲ့သည်။ သူမ၏ စိတ်ဓာတ်တို့သည် ပြိုလဲလုနီးပါးပင်။ ထိုအခါမှ ကျန်းရီသည် သူမအားလွှတ်၍ မြေပြင်ပေါ် ချပေးလိုက်သည်။ ထို့နောက် သူသည် သူမအား လှောင်ပြောင်သည့် အကြည့်များဖြင့်ကြည့်ကာ ပြောလိုက်သည်။
"မင်းသမီး...အော်ပြီး အကူအညီတောင်းဦးမှာလား...ကျွန်တော့်ကိုရော သတ်ချင်သေးလား"
"ဟင့်အင်း...မအော်တော့ဘူး၊ သတ်လည်းမသတ်တော့ပါဘူး။ ကျွန်မကို သွားခွင့်ပေးပါ...ကျွန်မမှားသွားပါတယ်"
လင်းယွဲ့၏ကိုယ်သည် ကွေးနေခဲ့ပြီး လှုပ်ပင်မလှုပ်ရှားရဲတော့ချေ။ သူမ၏ မျက်နှာထက်တွင် မျက်ရည်စများ ဖုံးလွှမ်းနေခဲ့ပြီး တုန်လှုပ်ခြောက်ခြားစွာ ပြောလာခဲ့သည်။
"ကျွန်မကို သွားခွင့်ပေးပါ...ကျေးဇူးပြုပြီး...ကျွန်မ ဘာမှမလုပ်ရဲတော့ပါဘူး...ရှင်နဲ့ နောက်ထပ် အပေးအယူလည်း မလုပ်တော့ပါဘူး"
"လိမ္မာတယ်"
ကျန်းရီသည် လက်ဆန့်ထုတ်၍ လင်းယွဲ့၏ မျက်နှာအား ပွတ်သပ်ပေးလိုက်သည်။ သူသည် ပြုံးရင်းဖြင့် ပြောလိုက်သည်။
"ကောင်းပြီ...မင်းရဲ့ အဝတ်အစားတွေ အရင်ဝတ်လိုက်ဦး။ ငါက ကျိုးကြောင်းဆီလျော်တဲ့သူပါ၊ မင်းငါ့ကို ရန်လာမစသရွေ့ ငါမင်းကို ပြဿနာလာရှာမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းက ငါနဲ့ဆက်ကစားချင်သေးတယ်ဆိုရင် မင်းအသက်ရှင်နေလျက်နဲ့ သေဖို့ကို ဆုတောင်းနေစေရမယ်လို့ ငါအာမခံတယ်"
"အင်း...အင်း"
လင်းယွဲ့သည် ကြက်ကလေး အစာကောက်သည့်အလား ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ ကျန်းရီသည် ပြုံးနေသော်လည်း သူသည် နတ်ဆိုးတစ်ကောင်ထက်ပို၍ ကြောက်စရာကောင်းသည်ဟု သူမခံစားနေရသည်။ ယနေ့ည သူမခံစားခဲ့ရသည့် အကြောက်တရားအား သူမတစ်သက် ဖယ်ရှား၍ မရတော့သည်အထိတောင် ဖြစ်သွားနိုင်သည်။ သူမသည် နောက်ထပ်နန်းတွင်းဝတ်စုံတစ်စုံကို အလျင်အမြန် လဲလှယ်လိုက်ပြီးနောက် ချက်ချင်းတောင် ထွက်မပြေးရဲခဲ့ပေ။ သူမသည် သူ့ထံမှ အမိန့်ကို စောင့်ဆိုင်းနေသည့်အလား ကျန်းရီအား ထိတ်လန့်စွာ ကြည့်နေခဲ့သည်။
"သွားတော့...မှတ်ထားဦး၊ အနာဂတ်မှာ မင်းရဲ့ မင်းသမီးဆိုတဲ့ အဆင့်အတန်းကိုသုံးပြီး တခြားသူတွေကို ဖိနှိပ်ဖို့ မကြိုးစားနဲ့။ ဒီကမ္ဘာမှာ ဘာကိုမှ မကြောက်တဲ့သူတွေ ရှိတယ်ဆိုတာ မင်းသိထားရမယ်"
ကျန်းရီသည် ပြုံး၍ သူငယ်ချင်းကောင်းတစ်ယောက်ကို နှုတ်ဆက်သည့် မျက်နှာအမူအရာဖြင့် တာ့တာပြနေခဲ့သည်။ လင်းယွဲ့ လှည့်ထွက်သွားတော့မည့်အချိန်တွင် သူသည် ခပ်တိုးတိုး ထပြောလိုက်သည်။
"မင်းသမီးလင်းယွဲ့...ဒီညကိစ္စကို မင်းရယ်၊ ငါရယ်၊ ကောင်းကင်နဲ့မြေကြီးရယ်ပဲ သိဖို့ ငါမျှော်လင့်တယ်။ ဘယ်သူ့ကိုမှ မပြောဘူးလို့ ငါအာမခံတာမို့ မင်းလည်း အလားတူပဲ ဖြစ်ပါစေ။ မင်းငါ့ကို လက်စားချေချင်တယ်ဆိုရင် မင်းရဲ့အစီအစဉ် ကျရှုံးသွားရင် သဲလွန်စမကျန်ခဲ့တာက ကောင်းလိမ့်မယ်။ ငါမသေခဲ့ဘူးဆိုရင် ဒီညဖြစ်ခဲ့တာကို တစ်လောကလုံးသိအောင် ငါပြောလိုက်မယ်။...အင်း...ဒါနဲ့ မင်းသမီးရဲ့ ဘယ်ဘက်တင်ပါးပေါ်က မှဲ့သုံးခုက တကယ်လှတယ်"
ဖုတ်...
မင်းသမီးလင်းယွဲ့၏ ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ် ထိုင်လျက်သား ပြုတ်ကျသွားခဲ့သည်။ သူမကိုယ်တွင် မတ်တပ်ရပ်ရန်ပင် အားမရှိတော့ချေ။ သူမသည် ငိုချင်နေသော်လည်း မငိုနိုင်ဖြစ်နေခဲ့သည်။ သူမ၏ ဘယ်ဘက်တင်ပါးတွင် အမှန်ပင် မှဲ့သုံးလုံး ရှိလေသည်။ ထိုကိစ္စသာ ပေါက်ကြားသွားပါက သူမအသက်ဆက်ရှင်ရန် မျက်နှာပင် ရှိတော့မည်မဟုတ်။ ဤတစ်သက်တွင် သူမလက်ထပ်ရန်လည်း ဖြစ်နိုင်တော့မည် မဟုတ်ချေ။
သူမသည် သူမ၏ မင်္ဂလာဦးညအကြောင်း တွေးမိလိုက်သည်။ သူမ၏ခင်ပွန်းသည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ဝတ်စုံကို ဖယ်ရှားလိုက်ချိန်တွင် အနှီမှဲ့သုံးခုကို မြင်လိုက်ရပြီး ကောလဟာလများကို အမှတ်ရသွားပါက မင်္ဂလာဦးညပင် ရှေ့ဆက်နိုင်တော့မည် မဟုတ်တော့ချေ။
ဟူး...
လင်းယွဲ့သည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် မျက်နှာပေါ်မှ မျက်ရည်စများကို သုတ်လိုက်သည်။ သူမသည် ကျန်းရီအား နောက်ပြန်လှည့်ကြည့်၍ အံကြိတ်လိုက်ပြီးနောက် ဝေးရာသို့ လျှောက်သွားခဲ့လိုက်သည်။ လက်ရှိအချိန်တွင် သူမသည် မအော်ရဲသလို လက်စားချေရန်လည်း စိတ်မကူးရဲခဲ့ပေ။ သူမသည် အနှီနတ်ဆိုးနှင့် တတ်နိုင်သမျှ ဝေးဝေးသို့သာ မြန်မြန်ရောက်သွားချင်နေသည်။ သူမသည် သူ့အား တစ်သက်လုံး မမြင်ချင်တော့ပေ။ ယနေ့ညသည် သူမ၏ တစ်သက်တာ အိပ်မက်ဆိုးတောင် ဖြစ်လာနိုင်လေသည်။
"ငါတအားနတ်ဆိုးဆန်သွားလား"
အဝေးတွင် ပျောက်ကွယ်သွားသည့် လင်းယွဲ့၏ ကျောပြင်အားကြည့်ရင်း ကျန်းရီနှာခေါင်းပွတ်လိုက်မိသည်။ လင်းယွဲ့သည် သူ၏ရန်သူဖြစ်ပြီး သူမကိုယ်တိုင် ဒုက္ခလာရှာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူသည် မသက်မသာ ခံစားနေရဆဲဖြစ်သည်။
သူ၏ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းသည် အမြဲကောင်းခဲ့သည်။ သူ့နေရာတွင် အခြားတစ်ယောက်ဆိုပါက ထိုမင်းသမီးကို လုပ်ပြီးလောက်ပေပြီ။ မင်းသမီးတစ်ပါးကို ဖိနှိပ်နိုင်ခြင်းသည် စိတ်ကျေနပ်စရာ ကောင်းလေ၏။
ကျန်းရီသည် သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဟု မထင်သော်လည်း သူ့တွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိလေသည်။ ကျန်းယွင်ဟိုင် သူ့ကို လူတစ်ယောက်၏ စရိုက်သည် ဆိုးဝါး၍ရသော်လည်း အတိုင်းအတာတစ်ခုတော့ ရှိသင့်သည်ဟု သင်ပေးခဲ့ဖူးသည်။ မဟုတ်ပါက ထိုသူသည် လူသားမဟုတ်ဘဲ သားရဲတစ်ကောင်သာဖြစ်သည်။
"ငါ့ရဲ့ဒီည အပြုအမူက သားရဲတစ်ကောင်လို့ ယူဆနိုင်တယ်မလား"
ကျန်းရီသည် နှာခေါင်းကို ရှက်ရွံစွာပွတ်၍ ထပ်ပြောလိုက်သည်။
"မှားတယ်...ဝမ်ကွမ်ရဲ့ စကားအရဆိုရင် ငါက သားရဲတစ်ကောင်ထက်တောင် ဆိုးဝါးနေလောက်တယ်"
ကျန်းရီသည် ဟိုဟိုသည်သည် လျှောက်တွေးနေပြီးနောက် သင်္ဘောထံ တိတ်ဆိတ်စွာ ပြန်သွားလိုက်သည်။ ကျန့်လင်းအာ၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူမ သွားအိပ်နေပြီဖြစ်ကြောင်း ထင်ရှားလေသည်။ ကမ်းခြေမှ မီးပုံသည် လင်းထိန်နေဆဲဖြစ်သည်။ ရယ်သံများမှာလည်း ထွက်ပေါ်နေဆဲပင်။ မီးပုံပွဲသည် ပိုမိုကြာရှည်ဦးမည့်အသွင် ရှိလေသည်။
"အိပ်မယ်"
ကျန်းရီသည် ပတ်ဝန်းကျင်သို့ မျက်လုံးကစားကြည့်လိုက်ပြီးနောက် သူ့အခန်းဆီ ပြန်သွားရန်ပြင်လိုက်သည်။ သင်္ဘောခန်း၏ အဝင်ဝသို့ အရောက်တွင် သူ့နှလုံးခုန်သံများ ရုတ်တရက် မြန်ဆန်လာခဲ့သည်။ သူသည် ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက် ချက်ချင်း မျက်နှာပျက်ယွင်းသွားခဲ့သည်။
"ဝူး...ဝူး"
စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် လူအချို့သည်လည်း သတိအနေအထား ဖြစ်ကုန်ကြသည်။ သူတို့အားလုံးသည် မြောက်ဘက်အရပ်သို့ လှမ်းကြည့်လိုက်ပြီးနောက် အော်ဟစ်လိုက်ကြသည်။
"သခင်လေးတွေ၊ သခင်မလေးတွေကို ကာကွယ်ကြ...အနက်ရောင်နကျယ်ကောင် အုပ်လိုက်ကြီး လာနေတယ်။ အားလုံးပဲ တိုက်ခိုက်ဖို့ အသင့်ပြင်ကြတော့"
****