← Chapters

ချင်ကျိုး၏သိုင်းလောက

Vol. 5 Ch. 41

ချင်ကျိုး၏သိုင်းလောက

Vol. 5 Ch. 41

ကုတင်ပေါ်တွင် လှဲလျက် ရှန်းယီသည် နက်နဲဆန်းကြယ်သော လမ်းကြောင်းအတိုင်း သူ၏အတွင်းအားကို လှည့်ပတ်ရန် ကြိုးစားကြည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံးရှိ စွမ်းအင်များကို အကုန်စုပ်ထုတ်ခံလိုက်ရသကဲ့သို့ ပြင်းထန်သော ခံစားမှုကြီး ဝင်ရောက်လာလေသည်။

ဝေလငါးကြီးက သမုဒ္ဒရာရေကို မျိုချလိုက်သကဲ့သို့ ဖြစ်သော်လည်း သူ့တွင် ရှိသည်မှာ ရေကန်ငယ်လေး တစ်ကန်စာ... မဟုတ်သေး၊ ရေတစ်ခွက်စာ ပမာဏမျှသာ ဖြစ်ချေသည်။

ထိုခံစားချက်က အလွန် ထိတ်လန့်ဖွယ် ကောင်းလှသဖြင့် ရှန်းယီသည် စွမ်းအင်လှည့်ပတ်ခြင်းကို အလျင်အမြန် ရပ်တန့်လိုက်ရပေသည်။

နောက်ဆုံးတွင်မူ သူသည် သိုင်းပညာကို ဆင်ခြင်တွေးခေါ်စဉ်က ခံစားခဲ့ရသော မတတ်နိုင်သည့်အဆုံးအစွန်ခံစားချက်ကို လက်တွေ့ကြုံလိုက်ရပြီ ဖြစ်သည်။

ကနဦးအဆင့် သိုင်းသမားများမှာ မိုးမြေ၏ စွမ်းအင်ကို စုပ်ယူရာတွင် အလွန်နှေးကွေးလှ၏။

အဓိက မရီဒျန်ကြီး (၁၂) ခု အတွင်းရှိ အတွင်းအားများသည် ချေးယူထားသော အရင်းအနှီးငွေနှင့် တူပေသည်။

ပုံမှန်အားဖြင့် ကနဦးသိုင်းပညာများကို အသုံးပြုရန်အတွက် ထိုအတိုးနှုန်းလောက်ကိုသာ ထုတ်သုံးရန် လိုအပ်ပေသည်။

အလွန် အစွမ်းထက်လှသော ကနဦးအဆင့် သိုင်းပညာဖြစ်သည့် သွေးနတ်ဆိုးဓားသိုင်း ပင်လျှင် အတွင်းအား ကုန်ဆုံးမှု အလွန်နည်းပါးလှသည်။

သို့သော် ဆုံးရှုံးမှုများပြားသွားသည်နှင့် တစ်ပြိုင်နက် ၎င်းသည် အခြေခံအုတ်မြစ်ကို ထိခိုက်စေသည်နှင့် တူပြီး ပြန်လည် ဖြည့်ဆည်းရန် အချိန်များစွာ ပေးရလေ့ရှိသည်။

ယခု ဆင်ခြင်ထားမှုအရ သူသည် ဤ လေးပါးညီမျှခြင်းမူလစွမ်းအင်ကို ထုတ်သုံးလိုက်တိုင်း ပြန်လည်စုဆောင်းရန် နှစ်ပေါင်းများစွာ အချိန်ဖြုန်းရမည် ဖြစ်ရာ သာမန်သိုင်းသမားများအတွက်မူ လူမဆန်သော နှိပ်စက်မှုကြီးတစ်ခုပင် ဖြစ်ချေတော့သည်။

ရှန်းယီသည် အစောပိုင်းက အတွင်းအားများ ကျောက်စိမ်းနှင်းစက်အဖြစ် ပြောင်းလဲသွားသည်ကို ပြန်လည် သတိရလိုက်သည်။

သဘာဝစွမ်းအင်များကို အရည်အဖြစ် ပြောင်းလဲသိပ်သည်းစေရန် လိုအပ်သည်မှာ မဆန်းပေ။

သို့မဟုတ်ပါက ဤမျှကြီးမားသော ဝန်ကို မည်သို့

ခံနိုင်ရည်ရှိမည်နည်း။

"ဒါဆို ငါက ဒီပညာကို ကျင့်ကြံပြီးရင်တောင် မသုံးဘဲ အသက်အန္တရာယ် ကြုံမှထုတ်သုံးရမယ့် လူသတ်ဝှက်ဖဲအနေနဲ့ပဲ ထားရတော့မှာလား။ သုံးပြီးရင်လည်း သေဖို့ပဲ စောင့်ရတော့မှာလား"

ရှန်းယီ မျက်မှောင်အနည်းငယ်ကြုတ်သွားပြီးမှ တစ်စုံတစ်ခုကို သတိရလိုက်သည်။

သူသည် စနစ်ဘောင်ထဲရှိ လေပြင်းလျှပ်စီး နတ်ဆိုးဖိနှိပ်ခြင်းအစစ်မှန်ကျင့်စဉ် ကို ကြည့်လိုက်သည်။

ဤအရာသည် ဆင်ခြင်မှုတွင် မည်သည့်ရလဒ်မှ မထွက်ပေါ်ခဲ့ဖူးပေ။

နတ်ဆိုးသက်တမ်း ဘယ်မျှပင်ထည့်စေ တုံ့ပြန်မှု မရှိဘဲ ပေါက်နေသော်လည်း ပျောက်နေသောထီလက်မှတ်လိုပင်။

၎င်းတတ်နိုင်သည်မှာ မိုးနှင့်မြေ၏စွမ်းအင်များကို နှေးကွေးလေးလံစွာ တောင်းဆိုနေခြင်းသာ ဖြစ်သည်။

ဤအချက်ကို တွေးမိသည်နှင့် ရှန်းယီ၏ မျက်မှောင်များ ပြေလျော့သွားတော့သည်။

ဤအရာ တိုက်ဆိုင်မှုမဟုတ်ပေဘူးလား။ ၎င်းသည် သူ့စွမ်းအင်ကုန်ဆုံးမှုကို ပြန်လည်ဖြည့်တင်းပေးနိုင်သလို အသစ်အဆန်းများကိုလည်း ဆင်ခြင်ရှာဖွေနိုင်ပေသည်။

ပစ္စည်းတစ်ခုဝယ်လျှင် နှစ်ခုရသည့် သဘောပင်။

ယခင် အတွေ့အကြုံအရ အဓိက မရီဒျန် (၁၂) ခုကို ပြည့်မီအောင် ပြန်ဖြည့်ရန် ၅ နှစ်ခန့် ကြာမြင့်တတ်သည်။

မိမိ၏ကိုယ်ပိုင်သက်တမ်းကို အသုံးပြုပါက တွက်ခြေကိုက်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကနဦးအဆင့်ကို ဝင်ရောက်ပြီးနောက် သူ့တွင် လက်ကျန်သက်တမ်း ၄၆ နှစ်သာ ရောက်ရှိလာတော့သောကြောင့် ဖြစ်သည်။

သို့သော် နတ်ဆိုးသက်တမ်းကို အသုံးပြုပြီး လက်ရှိပြဿနာကို ဖြေရှင်းကာ တိုးတက်မည့် လမ်းစရှာဖွေခြင်းကတော့ ဖြစ်နိုင်ချေ ရှိပေသည်။

[လက်ကျန် နတ်ဆိုးသက်တမ်း - ၃၉၁ နှစ်]

ရှန်းယီသည် အပြင်ထွက်ပြီး စမ်းသပ်ချင်စိတ်ကို ထိန်းချုပ်လိုက်ကာ မျက်လုံးများကို အတင်းမှိတ်လိုက်သည်။

တိုက်ကွက်များ၏အစွမ်းထက်မှုကို သေချာသိရှိရန် အရေးကြီးသော်လည်း ညဉ့်နက်သန်းခေါင်တွင် လူအများ၏အိပ်စက်ချိန်ကို အနှောင့်အယှက် ပေးစရာ မလိုပေ။

ထိုသို့ပြုလုပ်ခြင်းသည် ကိုယ်ကျင့်တရား ကင်းမဲ့ရာ ရောက်ပေလိမ့်မည်။

မနေ့ညက အိပ်ရေးပျက်ထားသောကြောင့် ယနေ့တွင် သူ အလွယ်တကူပင် အိပ်ပျော်သွားလေသည်။

ထိုနေရာတွင် ပန်ကိတ်မုန့်များက နွေးထွေးသည်၊ အသားခြောက်က ဝါး၍ကောင်းသည်၊ ကုတင်ပျဉ်ပြားက မာကျောပြီး မိန်းမပျိုလေးက နူးညံ့သည်... အရာအားလုံးက တကယ့်လက်တွေ့ဘဝနှင့် တူလှသည်။

အပိုင်းပိုင်းအစစဖြစ်နေသော အလောင်းကောင်များနှင့် လူသားများကို ဝါးမြိုနေသော နတ်ဆိုးပုံရိပ်များ သူ့ခေါင်းထဲတွင် ဖြတ်ပြေးသွားသည်။

ရှန်းယီသည် သတိမထားမိဘဲ လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

ယခု သူ၏လက်ထဲတွင် သိုင်းပညာများစွာ ရှိနေပြီဖြစ်ရာ ဒီဘဝက ခဏတာ လာငှားနေရတာပါဟူသော အတွေးဖြင့် ကိုယ့်ကိုယ်ကိုယ် ထုံထိုင်းအောင် လုပ်နေစရာ မလိုတော့ပေ။

နတ်ဆိုးများကို ဓားဆွဲထုတ်၍ ရင်ဆိုင်ရန် သတ္တိလည်း ရှိလာခဲ့ပြီ ဖြစ်သည်။

ကျန်ရှိသော အချိန်နည်းပါးခြင်းကို အကြောင်းပြချက် လုပ်ကာခက်ထန်ကြမ်းတမ်းစွာ တိုက်ခိုက်ခြင်းသည် ထိရောက်သော်လည်း ရေရှည်အတွက်မူ မကောင်းလှပေ။

နောက်ထပ် ဘဝတစ်ခု ရှင်သန်ရခြင်းသည် အိပ်မက်မက်ရာမှ နိုးထလာရခြင်းနှင့် တူလေသည်။

ကြက်တွန်သံ ကြားသည်နှင့် ရှန်းယီသည် အချိန်ကိုက် မျက်လုံးဖွင့်လိုက်သည်။ မနက်ခင်း လေညှင်းများကို ရှူရှိုက်ရန် အပြင်သို့ ထွက်လိုက်သောအခါ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးနေသည်ကို ခံစားလိုက်ရသည်။

"ဒီနေ့ စောလှချည်လား"

လင်းပိုင်ဝေ့သည် အကြောဆန့်ရင်း နောက်ဖေးမှ အိမ်ထဲသို့ ဝင်လာကာ အပြင်ဘက်သို့ စူးစမ်းစွာ ကြည့်လိုက်သည်။

"စောတယ်လား"

ရှန်းယီ ပြန်လှည့်ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် ရှားပါးသော အပြုံးရိပ်တစ်ခု သန်းနေသည်။

"ပိုက်ဆံကောက်ရလို့လား၊ ဘာလား" လင်းပိုင်ဝေ့က သံသယဖြင့် ခေါင်းခါလိုက်သည်။

"ဒီတိုင်းပါပဲ"

ရှန်းယီသည် အကြည့်ကို လွှဲလိုက်ပြီး သန့်ရှင်းသော အဝတ်အစားများ လဲလှယ်ရန် အိမ်ထဲသို့ ဝင်သွားလေသည်။

ရက်များကို ရေတွက်ကြည့်လျှင် နတ်ဆိုးနှိမ်နင်းရေးဌာန၏စစ်ဆေးရေး ရောက်လာရန် ရက်ပေါင်း ၂၀ ကျော် လိုသေးသည်။

ဤအချိန်ကို အသုံးပြု၍ လိုအပ်ချက်များကို ဖြည့်ဆည်းပြီး ကောင်းမွန်သော ရာထူးတာဝန်တစ်ခု ရယူနိုင်ရန်မှာ ပြဿနာ မရှိနိုင်ပေ။

သူ့လက်ရှိ အင်အားသည် ဘိုင်ယွင်ခရိုင်တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သော်လည်း မည်သည့်အရာမဆို ဖြစ်ပျက်သွားနိုင်သည်။

ဥပမာအားဖြင့် ကျောက်စိမ်းအဆင့် သိုင်းပညာများကို ပေါ့ပေါ့ပါးပါး ကူးရေးနေနိုင်သော လင်းပိုင်ဝေ့ကို ကြည့်လိုက်ပါ။ ဤသည်မှာ သိုင်းကျမ်းတစ်စောင်ကို ထုတ်ပေးလိုက်ရုံနှင့် မတူပေ။

သူမကိုယ်တိုင် ထိုပညာများကို လေ့ကျင့်ခဲ့ဖူးကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

သူမ၏မရီဒျန်များ မပိတ်ဆို့ခံရမီက သူမသည် ယခု မိမိထက် များစွာ ပိုမိုအစွမ်းထက်ခဲ့လိမ့်မည် ဖြစ်ပေသည်။

သူကတော့ ကံဆိုးချင်သည့်အချိန်တွင် ကံဆိုးနေဆဲပင်။

မျက်စိရှေ့မှောက်တွင် အမြဲတစေ သတိပေးချက် ရှိနေသကဲ့သို့ ဖြစ်နေသဖြင့် ရှန်းယီသည် ပေါ့ဆ၍ မဖြစ်ပေ။

ယခုလိုရှုပ်ထွေးသောခေတ်ကာလတွင် အသက်ရှင်ရပ်တည်နိုင်ရန် သင့်တော်သော အင်အားစုတစ်ခုနှင့် ပူးပေါင်းခြင်းသည် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

သိုင်းပညာနှင့် အရင်းအမြစ်များပါ အာမခံချက် ရှိလာမည် မဟုတ်ပါလား။

တစ်နေ့နေ့တွင် သူ နတ်ဆိုးတစ်ကောင်၏ဖမ်းဆီးခြင်းကို ခံရလျှင်ပင် တစ်ဖက်လူက သူ့နောက်ခံကို တွေးပြီး ညှာတာစဉ်းစားပေးနိုင်ပေသည်။

ရှန်းယီ အပြင်ထွက်ပြီး မနက်စာ နှစ်ပွဲ ဝယ်လာခဲ့သည်။

အနည်းငယ် စားသောက်ပြီးနောက် ရုံးတော်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

လမ်းပေါ်တွင် လျှောက်လာရင်း ရှန်းယီ၏ ခြေလှမ်းများ ရုတ်တရက် နှေးကွေးသွားပြီး လမ်းဘေးတစ်ဖက်ကို လှမ်းကြည့်လိုက်မိသည်။

သကြားအရုပ်တံကိုကိုင်ထားသော လူငယ်လေးက မျက်လွှာချလျက် တောင်းပန်သော အပြုံးဖြင့် ဆိုလေသည်။

"လူကြီးမင်း... ဒီသကြားလုံးကို ကြိုက်လား။ နှစ်ချောင်းလောက် ယူပြီး မြည်းစမ်းကြည့်ပါလား"

ရှန်းယီ ခေါင်းခါလိုက်ပြီး ခြေလှမ်းကိုပြန်မှန်လိုက်သည်။ "တောင်းပန်ပါတယ်... ကျုပ်မှာ ငွေမပါခဲ့ဘူး"

သိုင်းလောကသား တစ်ယောက် ရောင်းသော သကြားရုပ်ကို သူ မစားရဲပေ။

တစ်ဖက်လူက ဘိုင်ယွင်ခရိုင်တွင် အဘယ်ကြောင့် ထွက်ပေါ်သည်ကိုတော့ ရှန်းယီ အများကြီး မမေးချင်ပေ။

သူသည် နတ်ဆိုးကိစ္စများကို တာဝန်ယူရသော နှိမ်နှင်းရေးမှူးသာ ဖြစ်ပြီး စီရင်စုမင်း မဟုတ်ပေ။

လမ်းသွားလမ်းလာများပြားလှရာ နေ့စဉ် ထူးဆန်းသော လူအနည်းငယ်ကို တွေ့ရတတ်သည်မှာ သဘာဝပင်။

အရင်တုန်းက သူ့မျက်လုံး အားမကောင်းသဖြင့် သတိမထားမိခဲ့ခြင်းသာ ဖြစ်လိမ့်မည်။

ရုံးတော်ထဲသို့ အချိန်မှန်ဝင်ရောက်လာသောအခါ သားသတ်သမားကျန်းက လူအချို့ကို မနက်စောစော လေ့ကျင့်ပေးနေသည်ကို တွေ့လိုက်ရသည်။

ကျန်းတာ့ဟွာသည် ခါးကို ပွတ်ရင်း ဓားကို ကပျာကယာ ကောက်ကိုင်ကာ ပြေးလွှားနေသည်။

"ငါ... ငါ... လမ်းကင်း လှည့်ရဦးမယ်..."

သားသတ်သမားကျန်းက ထိုလူပျင်းကို အခက်တွေ့အောင် မလုပ်တော့ပေ။

"သူက အသက်ကြီးနေပြီ၊ အနာဂတ်လည်း မရှိတော့ဘူး။ မင်းတို့ သုံးယောက်... အပျင်းမကြီးနဲ့... ဟ... ငါ့ကိုတောင် ပြန်ကြည့်ရဲသေးတယ်ပေါ့။ ကျေးဇူးကန်းတဲ့ ကောင်တွေ၊ မင်းတို့သာ နတ်ဆိုးနှိမ်နင်းရေးဌာနကို ဝင်ခွင့်ရရင် မင်းတို့မိဘတွေက ငါ့ကို အသားခြောက်တွေနဲ့ လာကန်တော့ကြမှာကွ"

ပြောရင်းဆိုရင်းနှင့် သူသည် နျိုညီနောင်တို့၏ခါးကို နှစ်ချက်ဆင့် ကန်လိုက်သည်။

"လက်ကို မြှောက်ထားစမ်း။ နတ်ဆိုးဖိနှိပ်ခြင်း ဓားသိုင်း က ကောင်းပါတယ်၊ မင်းတို့ကောင်တွေ ကစားနေတာက ဇာတ်ခုံပေါ်က ဇာတ်ကနေသလို ဖြစ်နေတယ်"

"ကျွန်တော်က နှိမ်နှင်းရေးမှူး လုပ်ရတာ အဆင်ပြေပါတယ်။ရာထူးကြီးကြီးတွေ မလိုချင်ပါဘူး။ နတ်ဆိုးတွေနဲ့ ပက်သက်ရတာ အသက်အန္တရာယ် များလွန်းတယ်" နျိုအာ့ က သွားဖြဲကာ ညည်းတွားလိုက်သည်။

"မင်းတို့ကောင်တွေ အချောင်နေအချောင်စားနေကြတာကိုး"

သားသတ်သမားကျန်းက မဲ့ကာပြုံးလိုက်သည်။

"လွန်ခဲ့တဲ့ ငါးလလောက်တုန်းက ကျန်းဆွေစီရင်စုကို နတ်ဆိုးနှိမ်နင်းရေးဌာနက တာဝန်ယူလိုက်တယ်။ဒုတိယဗိုလ်မှူး ဆယ်ယောက်ကျော်လောက် တပ်စွဲပြီး သုံးရက်အတွင်း နတ်ဆိုးတောင်ကို ရှင်းလင်းလိုက်တာ စစ်သည် ၂၀၀ ကျော်နဲ့ နတ်ဆိုး ၈၀ ကျော် သေဆုံးခဲ့တယ်။ သာမန်ပြည်သူတွေ မသေခင် နှိမ်နှင်းရေးမှူးတွေ အရင်သေရတဲ့ ဒီလိုနေရာမျိုးလို့ ထင်နေလား"

"အသက်လျော်ကြေးက ငွေတုံး ၄၀ ပဲ ရတယ်ဆိုပေမဲ့ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ဂုဏ်ပုဒ်သာ ရှိရင်၊အရန်အဖွဲ့ဝင်ပဲ ဖြစ်ပါစေ... အဲဒီငွေပမာဏက မင်းတို့ရဲ့ နှစ်လစာ ထောက်ပံ့ကြေးပဲ ရှိသေးတယ်"

ထိုစကားကို ကြားသောအခါ နျိုညီနောင်တို့ စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်လိုက်ကြပြီး သူတို့၏ ဓားကိုင်သော လက်များ တဖြည်းဖြည်း ပိုမိုအားပါလာတော့သည်။

"သူတို့က သာမန် နှိမ်နှင်းရေးမှူးတွေကိုလည်း ခေါ်လား" ရှန်းယီ ဝင်းထဲသို့ ဝင်လာရင်း စူးစမ်းစွာ မေးလိုက်သည်။

"မခေါ်ရင် သူတို့က နတ်ဆိုးဖိနှိပ်ခြင်း သိုင်းကွက် (၃) ကွက် ကို ဘာလို့ ‌ချပေးထားမှာလဲ" သားသတ်သမားကျန်းက သူ့ကို မြင်သောအခါ ပြုံးလိုက်သည်။

"သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ဒီသုံးမျိုးလုံးကို သေးငယ်သောအောင်မြင်မှု အဆင့် ဒါမှမဟုတ် တစ်မျိုးထဲကို ကြီးမားသောအောင်မြင်မှု အဆင့် ရောက်အောင် ကျင့်နိုင်ရင် ရွေးချယ်ခံရဖို့ အခွင့်အရေး ရှိတယ်။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက်အတွင်း ဆေးရည်စိမ်ပြီး သူတို့တွေကို ကနဦးအဆင့်ရောက်အောင် အတင်းဆွဲတင်ပေးတယ်လေ"

"ကနဦးအဆင့် သိုင်းသမားတွေ ပေါင်းပင်တွေလို တပြုံတမကြီးရှိနေတာက ဘယ်လောက် ကြောက်စရာကောင်းလဲ မင်း သိလား"

သားသတ်သမားကျန်း ပြောလေလေ မျက်လုံးများ နီရဲလာလေလေ ဖြစ်ပြီး နတ်ဆိုးနှိမ်နင်းရေးဌာန၏ ဖြုန်းတီးမှုကို အလွန် မကျေမနပ် ဖြစ်နေပုံရသည်။

"လူတွေ အဲဒီလောက် အများကြီး ရှိတာတောင် ဘာလို့ လူအင်အား မလုံလောက်သလို ဖြစ်နေရတာလဲ"

ရှန်းယီ မျက်ခုံးပင့်လိုက်သည်။ သိပ်တော့ မယုံကြည်နိုင်ပေ။

"မင်း စပါးမရိတ်ဖူးဘူးလား။တစ်စုတစ်ပြုံကြီး ပေါက်လာသလို တစ်စုတစ်ပြုံကြီး ပြန်လဲကျတာပဲလေ"

သားသတ်သမားကျန်းက မျက်လုံးလှန်ကြည့်ကာ လက်ဖြင့် လည်ပင်းဖြတ်သလို အမူအရာ နှစ်ကြိမ် လုပ်ပြပြီး ဆက်ပြောသည်။

"တကယ်လို့ ပါရမီ ပိုထူးချွန်တဲ့ သူဆိုရင်... ဥပမာ - လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ချင်ကျိုးပြည်နယ် နတ်ဆိုးနှိမ်နင်းရေးဌာန ဗိုလ်ချုပ်ကြီး ကိုယ်တိုင် တပည့်အဖြစ် မွေးစားခဲ့တဲ့ နတ်ဆိုးနှိမ်နှင်းသူဆိုရင်... ၁၀ နှစ်တည်းနော်၊ ငါ့တုန်းက မြင်းချေးကျုံးပြီး ရေထမ်းနေရတုန်း ရှိသေးတယ်ကွ၊ အဲဒီတစ်ယောက်က အဖိုးတန်ဆေးဝါးတွေကို ရေသောက်သလိုသုံးပြီး ကျောက်စိမ်းအဆင့်ရဲ့ပြီးပြည့်စုံခြင်းကို ရောက်သွားတယ်။ ပြီးတော့ ချီစွမ်းအင်နဲ့ ဓားဖွဲ့စည်းပြီး နတ်ဆိုးတွေကို ဝက်တွေခွေးတွေလို သတ်ပစ်တာ"

"ဟူး... တရားမဝင်ရထားတဲ့ သားသမီးလား" တည်ငြိမ်လှသော ရှန်းယီပင်လျှင် မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

"တရားမဝင်သားသမီးဆိုရင်တောင် တော်သေးတာပေါ့ကွာ" သားသတ်သမားကျန်း ရုတ်တရက် မျက်နှာညှိုးသွားပြီး လက်ကာပြလိုက်သည်။

"နတ်ဆိုးနှိမ်နှင်းသူတွေအကြောင်း မင်း နားမလည်ပါဘူး။ အကောင်းဆုံးတွေ စားရသလို အဆိုးရွားဆုံး အရိုက်ခံရတာတွေလည်း ရှိတယ်။ ပါရမီ အရမ်းမြင့်ဖို့ လိုအပ်တာရယ်အပြင် တည်ငြိမ်တဲ့ စိတ်နေသဘောထား၊ အထီးကျန်မှုနဲ့ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိမှုတွေလည်း လိုအပ်သေးတယ်"

"သူတို့က နတ်ဆိုးတွေကို ရှာဖွေဖို့နဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းဖို့ မိုင်ပေါင်းထောင်ချီ တစ်ကိုယ်တည်း ခရီးနှင်ကြရတယ်။ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ မျက်စိနဲ့ နားတွေပေါ့။ မဟာချန်အင်ပါယာရဲ့ နတ်ဆိုးနှိမ်နင်းရေးအမိန့်ထက်ဝက်လောက်ကို သူတို့ကပဲ အကောင်အထည် ဖော်ကြတာ"

All Chapters