← Chapters

နောက်ထပ် အလှည့်အပြောင်းတစ်ခု

Vol. 5 Ch. 42

နောက်ထပ် အလှည့်အပြောင်းတစ်ခု

Vol. 5 Ch. 42

သားသတ်သမားကျန်း၏ရွှန်းရွှန်းဝေအောင် ပြောဆိုမှုများကြောင့် ကျယ်ပြောလှသော သိုင်းလောကကြီး၏ပုံရိပ်များမှာ ရှန်းယီ၏ စိတ်ထဲတွင် တဖြည်းဖြည်း ပေါ်လွင်လာခဲ့ပေသည်။

ချင်းဖုန်းတောင်မှ သိုင်းသမားတစ်ဦးသည် သူရဲကောင်းစိတ်ဓာတ် အပြည့်ဖြင့် တောင်ကြီးကိုးခု၊ ပင်လယ်ကြီးဆယ်ခုကို ဖြတ်ကျော်ကာ သူချစ်မြတ်နိုးသော ဇနီးချောလေးကို ကယ်တင်ရန် နွားနတ်ဆိုးတစ်ကောင်ကို သုတ်သင်ခဲ့လေသည်။

နောက်ဆုံးတွင် မိသားစုဝင် ၂၀ ကျော်နှင့် ပြန်လည်ဆုံစည်းနိုင်ခဲ့ပြီး အိမ်ထဲမှသုံးရက်သုံးညတိုင်အောင်မထွက်ဘဲ ပြင်းပြင်းထန်ထန် အချစ်စမ်းခဲ့ရာ သူ၏ကျော်ကြားမှုမှာ ချင်ကျိုးတစ်ခွင် ဟိုးဟိုးကျော်သွားခဲ့ချေ၏။

ဖျင်ရှားချိုင့်ဝှမ်းမှ လေဟုန်စီးသူခိုးမှာမူ မင်းသားတစ်ပါး၏စံအိမ်ထဲသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ကာ မင်းသား အမြတ်နိုးဆုံး ဝိုင်ကောင်းများကို အကုန်သောက်ပစ်လိုက်သည်။

ထို့နောက် ခန္ဓာကိုယ်ထဲတွင် အချဉ်ဖောက်ကာ မူလနေရာသို့ပင် ပြန်လည် စွန့်ထုတ်ခဲ့သဖြင့် ချေးငှားပြီးပြန်ဆပ်သူ ဟူသော အမည်ပြောင်ကို ရရှိခဲ့ပေသည်။

ဗာဂျာရာဂိုဏ်းမှ ကျွမ်းကျင်သူမှာမူ အလှူခံထွက်ရင်း ကလူမြူဆွယ်နေသော မိန်းမပျိုပုံတူ ပန်းချီကားနှစ်ချပ်ကို ရရှိခဲ့ရာ ၎င်းတို့ကို ဗုဒ္ဓရုပ်ပွားတော်၏ဘေးတစ်ဖက်တစ်ချက်တွင် တိတ်တဆိတ် ချိတ်ဆွဲထားခဲ့သဖြင့် အမွှေးတိုင်လာထွန်းသော မြို့စားမင်းမှာ အကြီးအကျယ် ထိတ်လန့်သွားခဲ့ရလေသည်။

ထို့နောက်တွင် သူသည် ကျောင်းထိုင်ဆရာတော်၏ကြိမ်လုံးဖြင့် အရိုက်ခံရကာ ချင်ကျိုးမှ နှင်ထုတ်ခံရသဖြင့် ဘိုင်ယွင်ခရိုင်သို့ ထွက်ပြေးလာခဲ့ရချေ၏။

ရှန်းယီ၏မျက်နှာပေးမှာ ထူးဆန်းသွားပေသည်။

သားသတ်သမားကျန်းက နှုတ်ခမ်းကို သပ်လိုက်ရင်း "ဘာပဲဖြစ်ဖြစ်၊ ငါက လူတွေကို အမှားလုပ်မိလို့ သူတို့က ငါ့ရဲ့ဆေးဝါးဝေစုကို ဖြတ်ထားတာဆိုတော့၊ငါ မထွက်သွားခင်မှာ သူတို့ကို တစ်ခုခုနဲ့ စိတ်အနှောင့်အယှက် ပေးခဲ့တာပေါ့"

"ဟုတ်တာပေါ့"

ရှန်းယီသည် ဝင်းတံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။

တစ်မနက်လုံးတွင် ရုံးတော်သို့ ပြင်ပလူ တစ်ဦးတစ်ယောက်မျှ လာရောက်ခြင်း မရှိပေ။

အရေးယူခံရမည်ကို သူ မကြောက်သော်လည်း စာရေးကြီးလျိုကို သတ်ခဲ့သည့်ကိစ္စမှာ ဤမျှ တိတ်ဆိတ်နေသည်ကိုတော့ သူ အနည်းငယ် ကျင့်သားမဖြစ်သေးပေ။

လုပ်စရာ အလုပ်မရှိသဖြင့် သူ ပေါ့ပေါ့ပါးပါးခံစားနေရသည်။

တစ်ခါတစ်ရံ သားသတ်သမားကျန်းနှင့် စကားစမြည်ပြောကာ အားလပ်ချိန်တွင် လက်ရည်စမ်းကြလေသည်။

တစ်ဖက်လူမှာလည်း သိုင်းရူးတစ်ယောက် ဖြစ်ရာ ရှန်းယီက မိမိထက် များစွာ အစွမ်းထက်မှန်း သိသော်လည်း တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်ချေ၏။

ရှန်းယီသည် တိမ်ခွင်းလက်သီး နှင့် မြွေနဂါးခြေလှမ်းရှစ်လှမ်း ကိုသာ သုံး၍ လက်ရည်စမ်းခဲ့သော်လည်း ရရှိလာသော အကျိုးကျေးဇူးမှာ များပြားလှကြောင်း ဝန်ခံရပေမည်။

သိုင်းပညာ ကျွမ်းကျင်မှုနှင့် လက်တွေ့တိုက်ပွဲ အတွေ့အကြုံမှာ ထပ်တူမကျပေ။

မိမိ၏သိုင်းကွက်များကို မည်သို့သုံးရမည်ကို သိရုံသာမက ရန်သူ၏တုံ့ပြန်မှုကိုလည်း တွက်ဆတတ်ရန် လိုအပ်ပေသည်။

နတ်ဆိုးများကို သုတ်သင်၍ ရရှိသော နတ်ဆိုးသက်တမ်းကဲ့သို့ တိုးတက်မှု မမြန်သော်လည်း ဘိုင်ယွင်ခရိုင် ပတ်ဝန်းကျင်တွင် စောင့်ကြည့်မှုများ ရှိနေသဖြင့် မည်သည့်နတ်ဆိုးမှ ကျူးကျော်ဝင်ရောက်ရန် မဝံ့ရဲကြချေ။

ရှန်းယီ သိသလောက်ဆိုလျှင် နတ်ဆိုးအခြေစိုက်ရယ နှစ်ခုသာ ရှိသည်။

၎င်းတို့မှာ ချင်းလင်မယ်တော် နှင့် မြောက်ဘက်ကျောက်ကမ်းမှ မြေခွေးနတ်ဆိုး တို့ ဖြစ်ကြ၏။

ထိုအထဲတွင် ချင်းလင်မယ်တော်မှာ ကျောက်စိမ်းအဆင့်ရှိ ကျော်ကြားသော နတ်ဆိုးတစ်ကောင် ဖြစ်ရာ သူ မြို့ပြင်သို့ တစ်ကိုယ်တည်း ထွက်သွားပါက သက်တမ်း တိုးလာမည်လား၊ သို့မဟုတ် အသက်ပျောက်သွားမည်လား ဆိုသည်မှာ ပြောရန် ခက်ပေသည်။

သူသည် သားသတ်သမားကျန်းကို အရပ်ထဲတွင် ပုန်းအောင်းနေသည့် နတ်ဆိုးအငယ်စားလေးများ ရှိ၊ မရှိ မေးကြည့်ခဲ့သေးသည်။

တစ်ဖက်လူက သူ့ကို ထူးဆန်းသလို ကြည့်ကာ "မြို့ထဲက လူမိုက်တွေတောင် ဂိုဏ်းဖွဲ့ပြီး နယ်မြေခွဲထားကြတာပဲ၊ မဟုတ်ရင် ပိုက်ဆံလုလို့ မရဘူးလေ။ မင်းသာ နတ်ဆိုးဆိုရင် မင်းနယ်မြေထဲမှာ တခြားနတ်ဆိုးတွေ လာအစာရှာတာကို ခွင့်ပြုမလား။ ဒါမှမဟုတ် ကိုယ့်လက်အောက်ထဲ သွတ်သွင်းမလား၊ ဒါမှမဟုတ် အလွယ်တကူပဲ ချေမှုန်းပစ်မလား"

"ဒီလိုအခြေအနေမျိုးမှာ တစ်ကိုယ်တည်း ရှင်သန်နိုင်တဲ့သူက ဘယ်လိုလုပ် အမည်မသိ နတ်ဆိုးအငယ်စားလေး ဖြစ်နိုင်ပါ့မလဲ"

"..."

ရှန်းယီ ထိုအတွေးကို ခေတ္တ လက်လျှော့လိုက်ရသည်။

တစ်ခါတစ်ရံ စိတ်ထဲတွင် အတွေးတစ်ခုခု ပေါ်လာပါက သူသည် ရေသောက်သည့် အကြောင်းပြချက်ဖြင့် အခန်းထဲသို့ ပြန်ဝင်ကာ ဘောင်ကွက်ကို သုံး၍ သိုင်းပညာကို အနည်းငယ် တွေးခေါ်ဆင်ခြင်လေသည်။

ရုံးဆင်းချိန်တွင်မူ ချန်ကျိဝယ်ပေးထားသော ဟင်းသီးဟင်းရွက်နှင့် အသားစိမ်းများကို အိမ်သို့ သယ်ဆောင်သွားလေ့ရှိသည်။

ဤကဲ့သို့ သံသရာလည်နေသည်မှာ ငါးရက်တိုင်တိုင် ရှိခဲ့လေပြီ။

ဤကာလအတွင်း ရုံးတော်တစ်ခုလုံးမှာ လူသူကင်းမဲ့နေသဖြင့် လူတိုင်းက မေ့လျော့နေကြသယောင် ထင်ရပြီး ချန်ကျိကိုပင် စိတ်မသက်မသာ ဖြစ်စေပေသည်။

သားသတ်သမားကျန်းကမူ အလွန် ပျော်ရွှင်နေ၏။ မည်သူမှ လာမခေါက်ခြင်းမှာ နတ်ဆိုးကပ်ဘေး မရှိခြင်းကြောင့်ပင် မဟုတ်ပါလော။

သူသည် နှိမ်နှင်းရေးမှူးအချို့ကို လမ်းမများတွင် လုံ့လစိုက်၍ ကင်းလှည့်ခိုင်းပြီး ကျေးလက်ဒေသများသို့လည်း အမှားအယွင်း မရှိစေရန် စစ်ဆေးခိုင်းထားလေသည်။

"ဒီနေ့တော့ ဝါးမျှစ်နဲ့ ဆလတ်ရွက်ပဲ။ ခင်းဗျားမှာတဲ့အတိုင်း သားသည်ဆီက သိုးနံရိုး နှစ်ပိဿာ ဖယ်ခိုင်းထားတယ်။ ဒါက ကျန်တဲ့ ပိုက်ဆံပါ"

ချန်ကျိသည် ကင်းလှည့်ရာမှ ပြန်လာပြီး လက်ထဲမှ ပစ္စည်းများကို စားပွဲပေါ် တင်လိုက်သည်။

"ကောင်းပြီ ပြန်တော့လေ။ ဒီနေ့တော့ ငါပဲ ပိတ်လိုက်တော့မယ်"

ရှန်းယီသည် အကြွေစေ့များကို သိမ်းဆည်းလိုက်ပြီး ဘောင်ကွက်ပေါ်မှ အသိပေးချက်ကို ကြည့်ကာ အနည်းငယ် ဝမ်းသာသွားသည်။

လွန်ခဲ့သည့်ရက်များက တိုးတက်မှုသည် လေးပါးညီမျှခြင်းမူလစွမ်းအင် နှင့် မနှိုင်းယှဉ်နိုင်သော်လည်း ကုန်ဆုံးသွားသော နတ်ဆိုးသက်တမ်းမှာလည်း မများလှပေ။

ပထမဦးစွာ မြွေနဂါးခြေလှမ်းရှစ်လှမ်း ကို မျောက်၀ံနှလုံးသား နှင့် ပေါင်းစပ်ကာ ခြေလှမ်းသိုင်းအသစ်တစ်ခု ဖန်တီးခဲ့ပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရန် စုစုပေါင်း ၃၇ နှစ်သာ ကုန်ဆုံးခဲ့ပေသည်။

【အခြေခံအဆင့် - မြွေနဂါးနှင့်မျောက်၀ံဖြူကခုန်ခြင်း (ပြီးပြည့်စုံခြင်းအဆင့်)】

မြွေနဂါးခြေရှစ်လှမ်းနှင့် နှိုင်းယှဉ်ပါက ဤသိုင်းပညာအသစ်မှာ ပိုမိုမြန်ဆန်ရုံသာမက တိုတောင်းသော လက်နက်များကို သုံးရာတွင်လည်း အထောက်အကူပြုသဖြင့် သူ့အတွက် အလွန်သင့်တော်သော အခြေခံအဆင့် သိုင်းပညာတစ်ခု ဖြစ်လာချေ၏။

အမှန်စင်စစ် ရှန်းယီ အမျှော်လင့်ဆုံးအရာမှာ သွေးနတ်ဆိုးဓားသိုင်းပင် ဖြစ်သည်။

၎င်းကို ၅၀ နှစ်ကျော် ရင်းနှီးမြှုပ်နှံပြီးနောက် နောက်ဆုံးတွင် တုံ့ပြန်မှုတစ်ခု ပြသလာခဲ့ပေပြီ။

【၅၄ နှစ်မြောက်တွင် သင်သည် သွေးနတိုးကို နတ်ဆိုးချီအဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့သည်။ ဤအဆင့်မှာ အလွန်အန္တရာယ်များသော်လည်း ကံကောင်းထောက်မစွာဖြင့် သင့်တွင် ပြီးပြည့်စုံသော မူလချီနည်းစနစ်တစ်ခု ရှိနေခဲ့သည်။ ၎င်းကို ကိုးကား၍ သင်သည် ထိုတံခါးဝကို မှေးမှေးလေး ထိတွေ့နိုင်ခဲ့ပြီ ဖြစ်သည်။】

အကယ်၍ ဆင်ခြင်မှုအောင်မြင်ခဲ့ပါက သူသည် နှစ်ပေါင်းများစွာ လေ့ကျင့်ထားပြီး မိမိနှင့် လုံးဝ ကိုက်ညီသော ကျောက်စိမ်းအဆင့် သိုင်းပညာတစ်ခုကို ကိုယ်တိုင်ဖန်တီးနိုင်မည် ဖြစ်ပေသည်။

ကံမကောင်းစွာဖြင့် နတ်ဆိုးသက်တမ်း များများစားစား မကျန်တော့ပေ။

ရှန်းယီ သက်ပြင်းချလိုက်ပြီး လေပြင်းလျှပ်စီး နတ်ဆိုးဖိနှိပ်ခြင်းအစစ်မှန်ကျင့်စဉ် ကို ကြည့်လိုက်သည်။

ပြဿနာမှာ လေပြင်းလျှပ်စီး နတ်ဆိုးဖိနှိပ်ခြင်းအစစ်မှန်ကျင့်စဉ် ကြောင့်ပင် ဖြစ်ရမည်။

သူသည် အထက်ပိုင်းကိုသာ ရရှိခဲ့ပြီးနောက် မိမိကိုယ်ကိုယ် နာကျင်စေသော နည်းလမ်းဖြင့် လွဲမှားသော လမ်းကြောင်းသို့ အတင်းတွန်းပို့ကာ အခြေခံအဆင့်ကို ဖောက်ထွက်ခဲ့မိသည်။

ထို့ကြောင့်ပင် ဤလွဲမှားသော လမ်းကြောင်းပေါ်တွင် ပို၍ ပို၍ ဝေးကွာသွားရချေ၏။

ဤအရာက တကယ်ပင် မိုက်မဲလွန်းလှပေသည်။ နှစ်ပေါင်းတစ်ရာ သက်တမ်း ထည့်သွင်းပေးခဲ့သော်လည်း ရရှိလာသည်မှာ မိုးနှင့်မြေထံမှ စုပ်ယူခြင်း ဟူသော စကားလုံးများသာ ဖြစ်နေဆဲပင်။

သူသည် မိုးမြေ၏စွမ်းအင်ကုန်ခန်းသွားမှာပင် ကြောက်ပုံမရသလိုပင်။

【လက်ကျန် နတ်ဆိုးသက်တမ်း - ၁၈၅ နှစ်】

"ဒီနေ့ညတော့ ထပ်စမ်းကြည့်ဦးမယ်၊ အရေးပေါ်အခြေအနေအတွက် နှစ်တစ်ရာလောက်တော့ ချန်ထားရမယ်"

ရှန်းယီသည် ဘောင်ကွက်ကို ပိတ်လိုက်ပြီး သိုးနံရိုးများကို သယ်ကာ ရုံးတော်မှ ထွက်လာခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် မြိန်ရည်ရှက်ဖွယ်အသားဟင်းမျိုးစုံကို မြည်းစမ်းခဲ့ရသဖြင့် သူ၏လျှာမှာပင် အစားအသောက် ရွေးတတ်လာခဲ့ချေပြီ။

လင်းပိုင်ဝေ့၏ချက်ပြုတ်မှုအပေါ် သူ၏အကဲဖြတ်ချက်မှာလည်း ပိုမိုမြင့်မားလာသဖြင့် အသားကောင်းများအတွက် ငွေသုံးရန် သူ ဝန်မလေးတော့ပေ။

ချန်ကျိ နေ့လယ်စာအတွက် ဝယ်လာပေးသော အသားပေါက်စီမှာပင် သူ့အတွက် ဆွဲဆောင်မှု မရှိတော့ပေ။

နေ့တိုင်း အိမ်တွင် စားရသော ထမင်းပူပူ၊ ဟင်းပူပူနှင့် နှိုင်းယှဉ်ပါက ထိုပေါက်စီမှာ မျိုရခက်ပြီး အသားမှာလည်း ငန်လွန်းလှပေသည်။

"ဇိမ်ခံတတ်သွားရင် ဆင်းရဲဒဏ်ကို ခံနိုင်ဖို့ ခက်တာပဲ"

ဤသို့ တွေးမိရင်း ရှန်းယီသည် မိမိကိုယ်ကိုယ် အနည်းငယ် အပြစ်တင်လိုက်မိပြီး ခြေလှမ်းကို အနည်းငယ် မြှင့်လိုက်သည်။

အိမ်တံခါးဝသို့ ရောက်သောအခါ သူသည် ပေါ့ပေါ့ပါးပါးပင် တွန်းဖွင့်လိုက်လေသည်။

နောက်ဖေးတံခါးနားတွင် အမြဲတွေ့နေကျ ပုံရိပ်ကို မတွေ့ရပေ။

ရှန်းယီ ဇဝေဇဝါဖြင့် အထဲသို့ ဝင်လာခဲ့သည်။

ရုတ်တရက် လက်နှစ်ဖက်မှာ သူ့ခါးနောက်မှ ရစ်ပတ်လာပြီး လက်ချောင်းများက ဗိုက်အောက်နားတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပေသည်။

ရင်းနှီးနေသော အင်္ကျီလက်ဖြူဖြူ၊ နူးညံ့သော လက်ကောက်ဝတ်နှင့် ကိုယ်သင်းရနံ့လေးမှာ နောက်ဘက်မှ လွင့်ပျံ့လာခဲ့ပေသည်။

"ဘာလို့ အခုမှ ပြန်လာတာလဲ"

နူးညံ့သော မျက်နှာလေးမှာ ပျင်းရိနေသော ကြောင်ကလေးတစ်ကောင်ကဲ့သို့ ရှန်းယီကို ဖိကပ်ထားသည်။

သူမ၏စိုစွတ်သော မျက်ဝန်းများထဲတွင် စနောက်လိုသောအရိပ်များ ရှိနေပြီး၊ နှုတ်ခမ်းနီနီလေးမှာ အနည်းငယ် ပွင့်ဟနေသည်။

သူမ၏အသက်ရှူသံမှာ သစ်ခွပန်းနံ့ကဲ့သို့ မွှေးပျံ့နေပြီး၊ သူမ၏အသံမှာ ခြင်သံလောက်သာ ရှိသော်လည်း နူးညံ့ကာ ဆွဲဆောင်မှု ရှိလှပေသည်။

"ကျွန်မ ရှင့်ကို လွမ်းနေတာ"

ရှန်းယီသည် တိတ်ဆိတ်စွာ မျက်လွှာချလိုက်ပြီး လက်ထဲမှ သိုးနံရိုးများကို အနည်းငယ် မြှောက်ပြလိုက်သည်။

လင်းပိုင်ဝေ့သည် သူမ၏လေးလံသော ရင်အုပ်ဖြင့် သူ၏ကျောပြင်ကို တင်းကြပ်စွာဖိကပ်ထားပြီး သိုးနံရိုးကို တစ်ချက်မျှ လှည့်မကြည့်ပေ။

သူမသည် ရှန်းယီ၏မျက်လုံးများကိုသာ စိုက်ကြည့်နေလေသည်။

"ဘာလို့ ဘာမှမပြောတာလဲ။ ဘာတွေ တွေးနေတာလဲ"

ထိုစကားကို ကြားသောအခါ ရှန်းယီသည် သိုးနံရိုးများကို ကြမ်းပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးချလိုက်ရင်း သူ့အသံမှာ စိတ်ပျက်ဟန် သန်းနေလေသည်။

"တကယ်တော့ ငါ မင်းနဲ့အတူ လိုက်ကစားပေးချင်ပေမဲ့၊ မင်းရဲ့သရုပ်ဆောင်စွမ်းရည်က တကယ်ကို ညံ့လွန်းတယ်။ငါသာ ဘာမှမသိသလို ဆက်ဟန်ဆောင်နေရင် ငါက တကယ့် လူအ ဖြစ်နေတော့မှာပေါ့"

"ဒါ့အပြင်..."

"ဒါ့အပြင် ဘာဖြစ်လဲ"

လင်းပိုင်ဝေ့က မျက်လုံးလေးတွေ ဝိုင်းသွားပြီး ပြုံးလျက် မော့ကြည့်လိုက်ပေသည်။

ရှန်းယီ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်လေ၏။

"မင်းဆီက မြေခွေးနံ့က ငါ့ကို စိတ်အနှောင့်အယှက် ပေးနေတယ်"

ပြောပြောဆိုဆိုပင် သူ၏လက်ငါးချောင်းသည် ခါးရှိ ဓားနက်ကြီး၏လက်ကိုင်ဆီသို့ ရောက်သွားပြီး အနက်ရောင် တောက်ပနေသော ဓားသွားမှာ ချက်ချင်းပင် ဓားအိမ်မှ ထွက်လာခဲ့လေသည်။

ပြင်းထန်သော သွေးနတ်ဆိုးအရှိန်အဝါများသည် ဓားနှင့်အတူ စီးထွက်လာခဲ့ချေပြီ။

ဓား၏မြည်ဟည်းသံမှာ နာကျည်းနေသော ဝိညာဉ်တစ်ခု၏ငိုကြွေးသံကဲ့သို့ပင် ရင်တစ်ခုလုံးကိုအေးစက်သွားစေပေသည်။

ထိုမိန်းမ၏မျက်ဆန်များ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူမ၏လက်မောင်းများကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်သည်။

သို့သော် သူမ၏တုံ့ပြန်မှု မည်မျှပင် မြန်စေကာမူ ထိုဓားနက်ကြီးကိုတော့ မမှီနိုင်ပေ။

တစ်ခဏအတွင်းမှာပင် ထက်ရှသော ဓားချီများက သူမ၏အင်္ကျီလက်ကို ဆွဲဖြဲလိုက်ပြီး ဖြူဝင်းသော အသားအရေကို ပွတ်တိုက်သွားလေသည်။

ဤပြင်းထန်လှသော ဓားချက်မှာ သူမ၏နူးညံ့သော ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။

အခန်းထဲတွင် ကြည်လင်သော အသံတစ်ခု ပဲ့တင်ထပ်သွားသည်အထိပင်။

လှုပ်ယမ်းနေသော ကြေးခေါင်းလောင်းလေး နှစ်လုံးမှာ ရှန်းယီ၏မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

ခေါင်းလောင်းလေးများ အသာအယာ မြည်သွားသည်နှင့်အမျှ ထိုဓားနက်ကြီးမှာ ရွှံ့နွံထဲသို့ ကျဆင်းသွားသကဲ့သို့ ဖြစ်သွားပြီး လေထဲတွင် တောင့်တင်းသွားလေတော့သတည်း။

All Chapters