← Chapters

ချင်ကျိုးပြည်နယ် စစ်သူကြီး

Vol. 5 Ch. 47

ချင်ကျိုးပြည်နယ် စစ်သူကြီး

Vol. 5 Ch. 47

ရှန်းယီသည် ရုံး‌တော်အဆောက်အအုံ၏အပြင်ဘက်သို့ ဖြည်းညင်းစွာ လှမ်းလာခဲ့ပေသည်။

သူ့မျက်လုံးထဲတွင် သားသတ်သမားကျန်းသည် ကျောက်လှေကားထစ်များပေါ်၌ ဆောင့်ကြောင့်ထိုင်လျက် မရပ်မနား သမ်းဝေနေသည်ကို တွေ့လိုက်ရ၏။ ပုံစံမှာ အတော်ပင် စိတ်ဓာတ်ကျနေပုံ ပေါ်ပေသည်။

လူလာသည်ကို မြင်သောအခါ သားသတ်သမားကျန်းသည် မော့ကြည့်လိုက်ပြီး နောက်ပြောင်လိုက်ပေသည်။

"ညီလေးရှန်း... ဘာလို့ ဒီလောက်ကြာနေရသလဲ။ တမင်သက်သက် နောက်ကျမှလာပြီး ဟိုတပ်မှူးတွေကို အံ့ဩသွားအောင် လုပ်ချင်လို့များလား"

ထိုစကားကို ကြားသော် ရှန်းယီ အနည်းငယ် အံ့အားသင့်သွားမိသည်။

သူ့မျက်နှာအမူအရာကို အကဲခတ်မိသော သားသတ်သမားကျန်းသည် ပေါ့ပေါ့ပါးပါးပင် မတ်တပ်ရပ်လိုက်ပြီး နှစ်သိမ့်စကား ဆိုရှာပေသည်။

"ဟဲဟဲ... ငါလည်း ဗာဂျာရာဂိုဏ်းကို စဝင်တုန်းက ဒီလိုပဲ တွေးခဲ့ဖူးတာပါပဲကွာ။ ဒါပေမဲ့ ကံဆိုးချင်တော့ ဒီနတ်ဆိုးနှိမ်နင်းရေးဌာနက အရာရှိတွေက ခရီးအသွားအလာများပြီး အမြင်ကျယ်တဲ့သူတွေဆိုတော့ လူစွမ်းကောင်းတွေကို မြင်ဖူးနေကျမို့ သာမန်လူလောက်နဲ့တော့ အံ့ဩကြမှာ မဟုတ်ဘူး။ သိပ်ပြီး စိတ်ပျက်အားငယ်မနေပါနဲ့ကွာ"

အကယ်၍သာ ရှန်းယီ၏ပါရမီသည် အမှန်တကယ် ထူးကဲနေခဲ့ပါလျှင် သူတို့အနေဖြင့် သူ့ကို တစ်ယောက်တည်း လွှတ်ထားခဲ့မည် မဟုတ်ပေ။

"ခင်ဗျား ဘာတွေပြောနေတာလဲ" ရှန်းယီ ခြေလှမ်းတန့်သွားပေသည်။

"..."

သားသတ်သမားကျန်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လေးနက်သောလေသံဖြင့် ပြောလာ၏။

"မနေ့ညက မောင်းသံနှစ်ချက်တီးတာနဲ့ စစ်မှုထမ်းတွေအကုန်လုံး မြို့အနောက်ဘက်ကို သွားစုကြရတာ။ ခုဆို လူရွေးပွဲလည်း ပြီးလို့ ရုံးတော်မှာတောင် ဩဝါဒပေးနေလောက်ပြီ... ညီလေးရှန်းကိုများ ချန်ထားခဲ့တာလား"

"ဒီကောင်တွေ... လူပါးဝလိုက်တာ။ ကျုပ်က ညီလေးရှန်းနဲ့အတူ ချင်ကျိုးပြည်နယ်ကို လိုက်ပြီး ကျုပ် အချစ်‌ဟောင်းဆီ သွားလည်ရမလားလို့ ကြံနေတာကို"

သားသတ်သမားကျန်းသည် ကျိန်ဆဲရေရွတ်လိုက်ပြီးနောက် ရှန်းယီ၏လက်မောင်းကို ဆွဲကာ ရုံးတော်သို့ အပြေးသွားကြပေတော့သည်။

နတ်ဆိုးနှိမ်နင်းရေးဌာနသည် အမြဲတမ်း စေ့စပ်သေချာစွာ လုပ်ကိုင်တတ်သူများဖြစ်ရာ လူတစ်ယောက်ကို အလွယ်တကူမေ့ခဲ့မည်လော။

ဤသည်မှာ တမင်ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခြင်းသာ ဖြစ်တန်ရာ၏။

ရှန်းယီ၏သိုင်းပညာစွမ်းရည်မှာ ချင်ကျိုးပြည်နယ်၌ ကြီးပြင်းလာသူများနှင့် ယှဉ်လျှင် ပြောပလောက်စရာ မရှိသော်ငြား၊ ဤပိုင်ယွင်ခရိုင်လေးတွင်မူ အလွန်ရှားပါးပြီး တန်ဖိုးရှိလှပေသည်။

အကယ်၍သာ အစိုးရပိုင်းဆိုင်ရာ မျက်နှာစာသာ မခံထားပါက မည်သည့်ဂိုဏ်းကမျှ သူ့ကို ငြင်းပယ်လိမ့်မည် မဟုတ်ပေ။

အဘယ်ကြောင့် သူ့အား ဤမျှ မတရား ဆက်ဆံရပါသနည်း။

ရှန်းယီ၏မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း ဖြစ်သော်လည်း ရင်ထဲ၌မူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိချေသည်။

သူသည် ဖြစ်နိုင်ချေ အမျိုးမျိုးကို တွေးတောခဲ့သော်လည်း ဤသို့ ဖြစ်လာလိမ့်မည်ဟုကား ထင်မှတ်မထားခဲ့ပေ။

ထိုအချိန်၌ ရုံးတော်မှာ တိတ်ဆိတ်လျက်ရှိပြီး စစ်သည်များသာ ကင်းစောင့်နေကြသည်။

သားသတ်သမားကျန်းမှာမူ ဂရုမစိုက်ဘဲ ဝင်သွားပေသည်။

သူ၏သံကိုယ်ကာ သိုင်းပညာဖြင့်ဆိုလျှင် ထိုသာမန်စစ်သည်တို့က သူ့ကို မည်သို့ တားဆီးနိုင်မည်နည်း။

သို့သော် ပင်မဆောင်မကြီး ရှေ့သို့ ရောက်သောအခါ...

ကျောက်စိမ်းခါးပတ် ပတ်ထားသော အနက်ရောင်ဝတ်စုံဝတ် လူငယ်နှစ်ဦးသည် ရင်ဘတ်ကို လက်ပိုက်လျက် ရပ်နေကြသည်။

သူတို့၏ပခုံးပေါ်တွင် ရွှေရောင်ချည်မျှင်များဖြင့် ပုံဖော်ထားသော ရက်စက်ကြမ်းကြုတ်သည့် ဝံပုလွေပုံရိပ်များက သတ်ဖြတ်လိုသော အငွေ့အသက်ကို ဖော်ပြနေသယောင် ရှိပေသည်။

ထိုသူတို့က အေးစက်စွာ ပြောလိုက်ကြ၏။

"ရပ်လိုက်"

သားသတ်သမားကျန်းသည် ရိုးရိုးသားသားပင် ရပ်တန့်လိုက်ပြီး အတင်းဟန်ဆောင် ပြုံးလိုက်ပေသည်။

"တပ်မှူးတို့... ဒီ... ဒီမှာ လူတစ်ယောက် ကျန်နေပါသေးတယ်"

နတ်ဆိုးနှိမ်နင်းရေးဌာနသည် မည်မျှပင် ကြမ်းတမ်းပါစေ၊ အကြောင်းမဲ့သက်သက်တော့ တိုက်ခိုက်မည် မဟုတ်ပေ။

သို့သော် သူတို့၏အနက်ရောင် ဝတ်စုံများကို မြင်လိုက်ရရုံဖြင့် သားသတ်သမားကျန်းမှာ အပြစ်မလုပ်ထားဘဲနှင့်ပင် အနည်းငယ် ကြောက်လန့်မိသွားချေ၏။

သူသည် သတ္တိမွေးလိုက်ပြီး ရှန်းယီကို ပခုံးဖြင့် အသာတွန်းလိုက်သည်။

"ဘာလို့ မှင်သက်ပြီး ရပ်နေတာလဲ။ အထဲ အရင်ဝင်လိုက်ရအောင်"

"ကျွတ်... သူတို့ လူတွေကို ဟောပြောဆုံးမနေတာ ကြည့်ရတာ ဘာများ ကောင်းလို့လဲကွာ"

ထိုစကားသံနှင့်အတူ တပ်မှူးတစ်ဦး၏မျက်နှာပေါ်မှ အေးစက်မှုတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရှန်းယီကို မျက်လုံးလှန်ကြည့်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်ပေသည်။

"အရာရှိရှန်းက အိမ်မှာ အိပ်ရေးဝဝ မအိပ်ဘဲ ဒီကို ဘာလာလုပ်သလဲ။ကျုပ်တို့မှာသာ ပင်ပန်းလိုက်ရတာ... ခုထိ တံခါးစောင့်တောင် လုပ်နေရသေးတယ်၊ တကယ် အားနေတာပဲ"

လျိုကြီးမှာ ယနေ့တွင် သကြားအရုပ်တုတ်တံကို ကိုင်မထားတော့ဘဲ သူ၏ဖာထေးထားသော အဝတ်အစားဟောင်းများကိုလည်း လဲလှယ်ထားပြီး ဖြစ်ပေသည်။

သူသည် လမ်းဖယ်ပေးလိုက်ရင်း ရေရွတ်လိုက်၏။

"ကြည့်ချင်ရင် ကြည့်လေ၊ ဒါပေမဲ့ သိပ်အနားမကပ်နဲ့"

နတ်ဆိုးနှိမ်နင်းရေးတပ်မှူး၏စကားကြောင့် သားသတ်သမားကျန်းမှာ ခေတ္တမျှ ကြောင်အသွားရပေသည်။

သူသည် ဘေးဘက်သို့ အလန့်တကြား ကြည့်လိုက်မိ၏။

ရှန်းယီသည် သူ့နည်းတူ ရိုးရိုးသားသား ရပ်နေပုံရသော်လည်း မျက်ဝန်းထဲတွင်မူ မည်သည့် ထူးခြားသော အရိပ်အယောင်မျှ မတွေ့ရပေ။

'ဒီနှစ်ယောက်က သိနေကြတာလား။'

ပင်မဆောင်မကြီး အတွင်း၌လီရှင်းဟန်သည် ထိပ်ဆုံးခုံတွင် ထိုင်လျက် မျက်လွှာချထားကာ အေးစက်ပြီး မောက်မာသော အမူအရာ ရှိနေပေသည်။

ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းသော လူငယ်ခြောက်ဦးသည် တန်းစီလျက် လက်ကို နောက်ပစ်ကာ ရုံးတော်စစ်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

စစ်သည်ဝတ်စုံ ဝတ်ဆင်ထားသော သူတောင်းစားအမည်ရ တပ်မှူးမှာမူ ယမန်နေ့ကနှင့် လုံးဝ ကွာခြားနေပေသည်။

ရုပ်ရည် သာမန်ဖြစ်သော်လည်း မျက်လုံးများထဲတွင် တက်ကြွသော အရိပ်အယောင်များ ရှိနေ၏။

သူသည် လူငယ်များရှေ့မှ ဖြည်းညင်းစွာ လျှောက်သွားရင်း စိတ်လွင့်နေသော ချန်ကျိအား ရုတ်တရက် ကန်ကျောက်လိုက်ပေသည်။

ဆူပူကြိမ်းမောင်းမည့် စကားလုံးများသည် ပါးစပ်ဖျားအထိ ရောက်လာခဲ့ပြီ ဖြစ်သည်။

သို့သော် မော့ကြည့်လိုက်မိချိန်တွင် တံခါးပေါက်နားမှ ရင်းနှီးသော ပုံရိပ်ကို တွေ့လိုက်ရသဖြင့် ပါးစပ်ဟလျက်သား ဖြစ်သွားကာ ဆက်ပြောလိုစိတ်များ ပျောက်ဆုံးသွားရချေ၏။

သူသည် စိတ်မပါသော လေသံဖြင့်

"သေသေချာချာ ရပ်နေကြစမ်း၊ နေ့ခင်းကြောင်တောင် အိပ်မက်မမက်ကြနဲ့" ဟု ပြောလိုက်ပေသည်။

ထိုအဖြစ်ကို မြင်သောအခါ လျိုကြီးမှာ အားနာပြုံး ပြုံးရုံသာ တတ်နိုင်တော့သည်။

လူသစ်စုဆောင်းသည့် ထုံးစံမှာ နတ်ဆိုးနှိမ်နင်းရေးဌာန၏လျှို့ဝှက်နက်နဲပြီး အာဏာကြီးမားသော ပုံရိပ်ကို သူတို့စိတ်ထဲ စွဲထင်စေရန် ဦးစွာ လုပ်ဆောင်ရပြီး သူတို့၏မာန်မာနကို ရိုက်ချိုးရလေ့ ရှိပေသည်။

သို့သော် ထို သူတောင်းစားမှာ ယမန်နေ့ကမှ အကန်ခံထားရသူ ဖြစ်ရာ ယခု တကယ့်လူစွမ်းကောင်းကြီးကို မြင်လိုက်ရသောအခါ မည်သို့လုပ်၍ ဟိတ်ဟန်ထုတ်နိုင်တော့မည်နည်း။

"စစ်သည် ရှစ်ရာ၊ ရုံးတော်အမှုထမ်း တစ်ရာကျော်ထဲကမှ နောက်ဆုံး ခြောက်ယောက်ပဲ အရွေးခံရတယ်။အဲဒီထဲက တစ်ဝက်လောက်ကလည်း ပြန်လွှတ်ခံရဖို့ များတယ်"

သားသတ်သမားကျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်ပေသည်။

လူတစ်ထောင်နီးပါး ရှိသည်ဟု ဆိုသော်ငြား ထိုသူများမှာ အစိုးရလစာ စားနေသူများဖြစ်၍ တစ်ကြိမ် စိစစ်ပြီးသားသူများ ဖြစ်ကြသည်။

အနည်းဆုံးတော့ သူတို့၏ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အတော်အတန် ကောင်းမွန်ကြပေသည်။

ယခု အခြေအနေမှာ ဘိုင်ယွင်စီရင်စုတစ်ခုလုံးမှ ခြောက်ယောက်သာ ရွေးထုတ်လိုက်ခြင်းနှင့် တူပေသည်။

နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ရောက်သွားလျှင်ပင် ဆေးရည်စိမ်ပြီး လေ့ကျင့်ပေးထားသော လူမိုက်အဆင့်သာ ဖြစ်လာနိုင်ပြီး ထူးချွန်ပြောင်မြောက်ရန် အခွင့်အရေး နည်းပါးလှ၏။

မိမိတို့ရှေ့မှ လက်မောင်းတွင် တိမ်တိုက်ပုံသဏ္ဌာန် ပါရှိသူများမှာမူ ငယ်စဉ်ကတည်းက ရွေးချယ်ခံရပြီး အထူးပြုလေ့ကျင့်ပေးထားသူများ ဖြစ်ရာ သာမန်အဆင့် သိုင်းသမားများထက် များစွာ သာလွန်ပေသည်။

သိုင်းလောကရှိ အခြားဂိုဏ်းများတွင် ထိုကဲ့သို့သော အခြေခံအုတ်မြစ်မျိုး မရှိကြချေ။

လီရှင်းဟန်သည် မျက်လုံးကို ဖွင့်လိုက်ပြီး တည်ငြိမ်စွာ ပြောကြားလိုက်ပေသည်။

"အားလုံးပြန်ပြီး အထုတ်အပိုးပြင်ကြချေ။ မနက်ဖြန် ငါတို့ ချင်ကျိုးပြည်နယ်ကို ထွက်ခွာမယ်။မိသားစုဝင် ဒါမှမဟုတ် အစေခံတစ်ယောက်ပဲ ခေါ်ခွင့်ရှိတယ်။နာမည်စာရင်း ပေးထားခဲ့ကြ၊တစ်ယောက်ယောက်ကစီစဉ်ပေးလိမ့်မယ်။ ကိုယ်ပိုင်ပစ္စည်း ပေါင်ရှစ်ဆယ်ထက်မကျော်စေနဲ့"

ထိုစကားကို ကြားမှသာ လူငယ်ခြောက်ဦး၏ တင်းမာနေသော ခန္ဓာကိုယ်များ အနည်းငယ် လျော့ကျသွားပေသည်။

သူတို့ထဲမှနှစ်ဦးမှာ ရင်းနှီးသောမျက်နှာများဖြစ်ကြသည်။

နျိုတာ့ သည် ပေါင်ကို တိတ်တဆိတ် ကုတ်ရင်း ဗျာများနေရှာသည်။

"တစ်ယောက်တည်းပဲ ခေါ်လို့ရမယ်တဲ့။ ငါ့ညီလေးကိုပဲ လောကအမြင်ကျယ်အောင် ခေါ်သွားရမလား... ဒါမှမဟုတ် မိန်းမကိုပဲ ခေါ်ရမလား... အိမ်မှာကျန်မယ့် အမေအိုကြီးကို ပြုစုမယ့်သူကလည်း မရှိပြန်ဘူး"

ချန်ကျိသည် သုံးနှစ်တိုင်တိုင် ကြိုးစားလေ့ကျင့်ခဲ့ပြီး ယနေ့မှသာ သူ့အရည်အချင်းကို ထုတ်ပြခွင့် ရခဲ့သည်။

သူ၏ဓားသိုင်းနှင့် လက်သီးသိုင်းမှာအတော်အတန် အဆင့်ရောက်နေပြီဖြစ်သလို၊မြွေနဂါးခြေလှမ်း သိုင်းကွက်မှာလည်း အဆင့်မြင့်နေပြီ ဖြစ်သည်။

နတ်ဆိုးနှိမ်နင်းရေးတပ်မှူးအချို့ပင် သူ့ကိုအထူးတလည် ကြည့်ရှုခဲ့ကြပေသည်။

သူ့တွင် ညီမလေးတစ်ယောက်မှလွဲ၍ အခြားဆွေမျိုးမရှိသဖြင့် နျိုတာ့ကဲ့သို့သော ပူပန်မှုမျိုး မရှိပေ။

သို့သော် ချန်ကျိ၏မျက်မှောင်များ ကြုတ်နေဆဲပင်။

တပ်စုမှ သူ့ကိုလာခေါ်ချိန်မှစ၍ ယခုချိန်ထိ အရာရှိရှန်း၏အရိပ်အယောင်ကို မတွေ့ရသေးပေ။

သူပုံမှန်လိုပဲ အိပ်ရာထ နောက်ကျနေတာများလား။

ထိုစဉ် လီရှင်းဟန်သည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပေသည်။

သူသည် တံခါးပေါက်ဆီသို့ လျှောက်လာ၏။

သူ့လှုပ်ရှားမှုတိုင်းတွင် လေးနက်သော အရှိန်အဝါများ ပါဝင်နေပေသည်။

သားသတ်သမားကျန်းမှာ မသိစိတ်ဖြင့် ခြေတစ်လှမ်းခွဲခန့် နောက်ဆုတ်မိသွားပြီး၊စောစောက လျိုလျိုကို ပေးခဲ့သော ဟန်ဆောင်အပြုံးမှာ ယခုအခါ အနည်းငယ် ပို၍ ရိုးသားသွားပုံ ရချေ၏။

လက်မောင်းတွင် တိမ်တိုက်ပုံသုံးခု ပါရှိသူများသည် ကျောက်စိမ်းအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။

တိမ်တိုက်ပုံတစ်ခုချင်းစီသည် မရေမတွက်နိုင်သော နတ်ဆိုးအလောင်းကောင်များကို ကိုယ်စားပြုပေသည်။

ထို့ပြင်တစ်ဖက်လူမှာ အလွန်ငယ်ရွယ်သေးရာ အချိန်တစ်ခု ပေးလိုက်လျှင် နယ်မြေတစ်ခုကိုအုပ်စိုးသော ဒုတိယစစ်သူကြီး ဖြစ်လာမည်မှာ မလွဲဧကန်ပင်။

ထိုသူ၏အကြည့်တစ်ချက် ခံလိုက်ရရုံဖြင့် သားသတ်သမားကျန်း၏ကျောပြင်တွင် ချွေးများစို့လာပေပြီ။

လီရှင်းဟန်၏လက်သည် ခါးဆီသို့ ရောက်သွား၏။

သူသည် ရှေ့မှ ရှန်းယီကို တိတ်ဆိတ်စွာ ကြည့်နေပြီး၊သူ၏အေးစက်သော မျက်နှာအမူအရာသည် တဖြည်းဖြည်း ရှုံ့မဲ့လာကာ မနာလိုစိတ်၊ ဝေခွဲမရဖြစ်ခြင်းနှင့် ရှုပ်ထွေးသော ခံစားချက်များ ရောပြွမ်းနေသည်ကို တွေ့ရပေသည်။

လူတစ်ယောက်၏မျက်နှာပေါ်တွင် ဤမျှများပြားသော ခံစားချက်တို့ကို တစ်ပြိုင်နက်တည်း ဖော်ပြနိုင်လိမ့်မည်ဟု တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။

ခဏအကြာတွင် လီရှင်းဟန်သည် အကြည့်လွှဲလိုက်ပြီး ငွေစက္ကူတစ်ရွက်နှင့် တံဆိပ်တုံးနှိပ်ထားသော စာတစ်စောင်ကို ရှန်းယီလက်ထဲသို့ ထည့်လိုက်ပေသည်။

"ဒီတံဆိပ်တုံးနဲ့ဆိုရင် ချင်ကျိုးပြည်နယ်မှာရှိတဲ့ ဘဏ်ကြီးတွေ အကုန်လုံးမှာ ငွေလဲလို့ ရတယ်"

ထိုစကားကို ပြောပြီးနောက် သူသည် လှည့်မကြည့်ဘဲ ထွက်ခွာသွားပေတော့သည်။

ဘိုင်ယွင်စီရင်စုမှ လူများနှင့် သားသတ်သမားကျန်းတို့သာ ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ကြပေသည်။

ရုံးတော်မှ နတ်ဆိုးနှိမ်နင်းရေးဌာနကို ငွေပေးခြင်းသည် သေလမ်းရှာခြင်းဟု ဆိုနိုင်သော်လည်း နားလည်ပေး၍ ရနိုင်သေးသည်။

သို့သော် နတ်ဆိုးနှိမ်နင်းရေးဌာနမှ ရုံးတော်အမှုထမ်းတစ်ယောက်ကို ငွေပြန်ပေးသည် ဆိုသည်မှာကား ကြားပင်မကြားဖူးသောကိစ္စပင်တည်း။

အခြေအနေကိုသိရှိထားသော တပ်မှူးအနည်းငယ်သာလျှောက်လာကြပြီး လီရှင်းဟန် စိတ်ပျက်သွားသည်ကို မြင်ရ၍ ကျေနပ်နေပုံဖြင့် ပြုံးဖြဲဖြဲ လုပ်နေကြသည်။

လျိုကြီးက ရှန်းယီ၏ပခုံးကို ပုတ်လိုက်ပြီး ပြောပေသည်။

"သူ့ကို ဂရုမစိုက်ပါနဲ့ကွာ။အဲဒါ သူ့ရဲ့စိတ်ကြီးဝင်တဲ့ အကျင့်စရိုက်ပါ၊ မကောင်းတဲ့သဘော မရှိပါဘူး။ အိမ်ပြန်ပြီး ပစ္စည်းတွေ သွားပြင်ဆင်ချေ။ ကျုပ်တို့ အရာရှိရှန်းကို ချင်ကျိုးပြည်နယ်အထိ လိုက်ပို့ပေးပါ့မယ်"

"လိုက်ပို့ပေးမယ် ဟုတ်လား" ရှန်းယီသည် ငွေတစ်ထောင်တန် စက္ကူကို စိုက်ကြည့်ရင်း တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။

သူတောင်းစားအမည်ရ တပ်မှူးသည် နှုတ်ခမ်းကို သပ်လိုက်ပြီး ယမန်နေ့က အရိုက်ခံရသည့် အကြောင်းကို ထည့်မပြောတော့ချေ။

သူက လွမ်းဆွတ်သော လေသံဖြင့် ဆိုပေသည်။

"စစ်သူကြီးရဲ့လက်အောက်ကို တိုက်ရိုက်ဝင်မယ့်လူကိုများ... ကျုပ်တို့က ဘယ်လိုလုပ် လမ်းလျှောက်ပြီးခိုင်းရက်မှာလဲ"

All Chapters