← Chapters

ငါ့ကိုတားတဲ့သူမှန်သမျှ သေရမယ်

Vol. 1 Ch. 416

ငါ့ကိုတားတဲ့သူမှန်သမျှ သေရမယ်

Vol. 1 Ch. 416

ယနေ့ညသည် လပြည့်ည မဟုတ်ချေ။ ထို့ကြောင့် အလင်းရောင်မှာ အလုံအလောက် မရှိဘဲ ဝိုးတစ်ဝါးသာ မြင်နေရသည်။ သို့သော် ဤသို့သော အလင်းရောင်မျိုးသည် ချိန်းတွေ့ရန်အတွက် အကောင်းဆုံးဖြစ်သည်။

လက်ရှိအချိန်တွင် မူလတည်းက မှိန်ဖျော့နေသည့် လရောင်အား ဘာမှန်းမသိသည့် တိမ်မည်းတစ်အုပ်က တဝှီးဝှီးမြည်သံများနှင့်အတူ ဖုံးကွယ်သွားခဲ့သည်။ တိမ်မည်းများသည် လျင်မြန်စွာ ရွေ့လျားလာခဲ့ပြီး စက္ကန့်ဝက်ခန့်အကြာတွင် ကောင်းကင်ထက်မှ အနက်ရောင်မိုးများ ရွာကျလာခဲ့သည်။ ကောင်းကင်တွင် ပြည့်နေသည့် အနက်ရောင်အဆိပ်ဆူးများသည် မြေပြင်သို့ လျင်မြန်စွာ ကျဆင်းလာလေသည်။

"အား..."

အောက်ဘက်မှ အခြေအနေသည် ဖရိုဖရဲပင်။ အလိုလိုက်၍ ပိုးမွေးသလို အမွေးခံထားရသည့် သခင်လေးများသည် ကောင်းကင်မှကျဆင်းလာသည့် အဆိပ်ဆူးများကို မြင်သည့်အခါ မျက်နှာများ ပျက်ယွင်းကုန်ကြပြီး သခင်မလေးများမှာ ထိတ်လန့်တကြား အော်ဟစ်ကြတော့သည်။ အနက်ရောင်နကျယ်ကောင်များသည် အလွန်လျင်မြန်စွာ ချီတက်လာနေကြရာ အနှီသခင်မလေးများသည် ဘေးကင်းရာသို့ ဆုတ်ခွာရန် အချိန်ပင် မရလိုက်ကြချေ။

အတွင်းအားတိုက်ခိုက်မှုများ တစ်ပြိုင်တည်း ထွက်ပေါ်လာကြပြီး ကောင်းကင်တစ်ခွင်သည် အတွင်းအားအရောင်တို့ဖြင့် လင်းလက်သွားခဲ့သည်။ အရောင်စုံသော အတွင်းအားတို့သည် ကျဆင်းလာနေသည့် အဆိပ်ဆူးများဖြင့် တိုက်ရိုက်ထိတွေ့သွားကြသည်။

ဗုန်း...ဗုန်း...ဗုန်း

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး အဆိပ်ဆူးအများစုသည် အမှုန့်များ ဖြစ်သွားကြပြီး ကျန်သောဆူးတို့မှာ နေရာအနှံ့ ပြန့်ကျဲသွားကြသည်။ ကောင်းကင်သို့ ပြန်ကန်တက်သွားသည့် အဆိပ်ဆူးအချို့လည်း ရှိလေသည်။ အချို့သော စွမ်းအားမြင့်သူတို့၏ အတွင်းအားတိုက်ခိုက်မှုများသည် ကျဆင်းလာသော အဆိပ်ဆူးများကို ကျော်ဖြတ်၍ ကောင်းကင်ထက်ရှိ အနက်ရောင် နကျယ်ကောင်များထံတောင် ရောက်သွားနိုင်ကြလေသည်။

"မင်းသမီး...ဝပ်နေပါ"

"သခင်မလေး...အလျင်စလို မပြေးပါနဲ့"

"သခင်လေး...သင်္ဘောခန်းဆီ မြန်မြန်ပြန်ပါတော့"

သင်္ဘောအောက်ဘက်မှ အော်သံများ ထွက်ပေါ်လာနေခဲ့သည်။ သခင်မလေးများ၏ ထိတ်လန့်တကြား အော်ဟစ်သံများ၊ အနက်ရောင် နကျယ်ကောင်များ၏ တဝီဝီအသံများအားလည်း ကြားနေရလေသည်။ ကျန်းရီသည် ကုန်းပတ်ပေါ်တွင် ရပ်၍ သက်ပြင်းအထပ်ထပ် ချလျက်ရှိသည်။ ဂိုဏ်းအသီးသီးမှ သူတို့အား အတွေ့အကြုံရရန် စေလွှတ်လိုက်ခြင်းမှာ အံ့သြစရာ မရှိတော့ပေ။ ဤသို့သော အရည်အချင်းမျိုးနှင့် အနာဂတ်တွင် ဂိုဏ်းများကို သူတို့ မည်သို့အုပ်ချုပ်ကြမည်နည်း။

ဝှစ်...ဝှစ်...

ချမ်ဝမ်ကွမ်အား စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လူတစ်ယောက်မှ သယ်ဆောင်လာခဲ့သည်။ ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းအားလည်း သူတို့၏ သက်တော်စောင့်များက ဝန်းရံ၍ သင်္ဘောထံ ပြန်လာခဲ့ကြသည်။ ကျန့်ဝူရွှမ်းသည် ကျန့်လင်းအာ သင်္ဘောပေါ်တွင်မရှိကြောင်း သတိပြုမိလိုက်သည့်အခါ ထိတ်လန့်သွားခဲ့ပြီး အကြီးအကဲတစ်ယောက်ကို အော်ပြောလိုက်သည်။

"ဖုန်းလောင်...သခင်မလေးကို မြန်မြန်ဒီခေါ်လာခဲ့၊ အနက်ရောင်နကျယ်ကောင်တွေ အများကြီးပဲ။ ငါတို့ လူစုပြီး ဒီနေရာကနေ မြန်မြန်ထွက်သွားမှဖြစ်မယ်"

စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များသည် အတွင်းအားတိုက်ခိုက်မှုများ ဆက်တိုက် ပစ်လွှတ်နေကြသည်။ သို့သော်လည်း အောက်သို့ ဆက်လက်ကျဆင်းလာနေကြပြီး သင်္ဘောခန်းများ၏ အမိုးများကို လာရောက်ထိမှန်သည့် အသံများ ကြားနေရသည်။ သင်္ဘောခန်းများ၏ ခေါင်မိုးများအား အထူး သံနက်ဖြင့် ပြုလုပ်ထားရာ ၎င်းတို့ မထွင်းဖောက်နိုင်ပေ။

"သခင်လေး...ထွက်သွားနှင့်ပါ၊ သခင်လေးလင်းအာကို ကျွန်တော်သွားခေါ်လာပါ့မယ်"

ကျန့်ဂိုဏ်းမှ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် ထိပ်ဆုံးအဆင့် လူတစ်ယောက်သည် အခြားသင်္ဘောတစ်စီးထံ ပြေးသွားရန် ကြိုးစားလိုက်သောအခါ ကျန်းရီသည် ခေါင်းရမ်း၍ ပြောလိုက်သည်။

"ဖုန်းလောင်...မင်းရဲ့ သခင်လေးကိုပဲ ကာကွယ်ထား၊ ညီမလင်းအာကို ငါသွားရှာလိုက်မယ်"

"ကောင်းပါပြီ"

သင်္ဘောခန်း၏ အပြင်ဘက်တွင် အဆိပ်ဆူးပြင်ကြီး ဖြစ်နေခဲ့သည်။ ကျန်းရီ လုပ်ရန် ဆုံးဖြတ်လိုက်ရာ သူငြင်းမနေတော့ပေ။ ကျန်းရီအင်အားကောင်းသည်မှာ သံသယဝင်ရန် မလိုချေ။ သူသာအစွမ်းကုန်သုံး၍ တိုက်ခိုက်ပါက အနက်ရောင်နကျယ်ကောင်များ အားလုံးသာ သေဆုံးသွားလိမ့်မည်။

ဝှစ်...

ကျန်းရီ သင်္ဘောခန်းအတွင်းမှ ပျံသန်းသွားသည်နှင့် သင်္ဘောသည် စတင်ထွက်ခွာခဲ့သည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များသည် ရေပြင်သို့ အတွင်းအားတိုက်ခိုက်မှုများ ထုတ်ဖော်၍ တွန်းကန်အားဖြင့် သင်္ဘောကို မြန်မြန် ရွက်လွင့်ကြရန် ကြိုးစားနေကြသည်။ တစ်ချိန်တည်းတွင် သင်္ဘော၏ ခေါင်းမိုးပေါ်တွင် အလင်းဖျော့ဖျော့အလွှာတစ်ခု ဖြစ်တည်လာခဲ့သည်။ သင်္ဘောအား စတင်တည်ဆောက်ချိန်တည်းက အဆိပ်ဆူးများကို အချိန်တစ်ခုကြာ ကာကွယ်နိုင်သည့် အကာအကွယ် အစီအရင်များ ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။

မကြာခင်တွင် မလှမ်းမကမ်းရှိ သင်္ဘောများသည်လည်း အကာအကွယ်အလင်းလွှာများ လင်းလက်လာနေကြပြီး သက်တော်စောင့်တို့သည် သခင်အသီးသီးကို ခေါ်ဆောင်၍ စတင် ထွက်ခွာကြလေသည်။ အနက်ရောင်နကျယ်ကောင်များ၏ ပမာဏမှာ အလွန်များပြားရာ မည်သူမှ အသေခံ၍ တိုက်ပွဲဝင်မနေရဲပေ။ ထို့ပြင် သက်တော်စောင့်တို့သည် သူတို့၏ သခင်လေး၊ သခင်မလေးများ ထိခိုက်ဒဏ်ရာရသွားမည်ကို စိုးရိမ်နေကြသည်။

"ဟမ်.."

အဆိပ်ဆူးများ ထိမှန်သွားသည့် သက်တော်စောင့်များလည်း ရှိလေသည်။ သူတို့အော်ဟစ်ရုံသာ အော်နိုင်ကျပြီး သေဆုံးသွား၍ မြေပြင်ပေါ်သို့ ပြုတ်ကျလာနေကြသည်။ အဆိပ်ဆူများနှင့် ထိတွေ့မိသည်မှာ သေတတ်သည်ဟူသော ကောလဟာလမှာ ဟာသဟုတ်ပုံမရချေ။

ဝှစ်...

ကျန်းရီသည် လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။ ကောင်းကင်စိတ်အာရုံကို ထုတ်သုံးထားရန် သူ၏အမြင်အာရုံနှင့် အကြားအာရုံမှာ အလွန်ထက်ရှနေလေသည်။ အဆိပ်ဆူးများသည် အခြားသူများအတွက် ကြောက်စရာကောင်းသည့် အမြန်နှုန်းနှင့် ကျဆင်းလာနေကြသော်လည်း သူ့အတွက်မူ ခရုများပမာ နှေးကွေးလွန်းလှသည်။ ၎င်းတို့ သူ့အား ထိမှန်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

သူသည် ကောင်းကင်အဆင့် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး တစ္ဆေတစ်ကောင်ပမာ ရွေ့လျားနေခဲ့သည်။ သူသည် ဘယ်ညာရွှေ့၍ လျင်မြန်စွာ သွားလာနေခဲ့သည်။ သူမရှောင်တိမ်းနိုင်သော အဆိပ်ဆူးများ ရှိလာပါက သူသည် ဓားရှည်သုံး၍ ဖယ်ရှားပစ်သည်။ ထိုနည်းဖြင့် သူသည် အရှေ့ဘက်ရှိ သင်္ဘောကြီးများထံ သွားနေခဲ့သည်။

"မရှိဘူး"

သူသည် သင်္ဘောတစ်စီးအား ဝေ့ကြည့်၍ သေချာအကဲခတ်လိုက်ပြီးနောက် နောက်တစ်စီးဆီသို့ ပျံသန်းသွားကာ ဆက်လက်ရှာဖွေနေခဲ့သည်။

"ဒီမှာလည်း မရှိဘူး"

ကျန့်ဂိုဏ်းနှင့် ယွင်ဂိုဏ်းပိုင်သော သင်္ဘောသုံးစင်းအား လိုက်လံရှာဖွေပြီးသော်လည်း ကျန့်လင်းအာကို သူမတွေ့သေးပေ။ ကျန်းရီသည် စိတ်ပူလာခဲ့ပြီး အနီးအနားရှိ သင်္ဘောများထံ ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့မျက်လုံးများသည် လူအမြောက်အများ ရှိသည့် ဘေးဘက်ရှိ သင်္ဘောတစ်ခုထံ အကြည့်ရောက်သွားခဲ့သည်။ အလံအရဆိုလျှင် ထိုသင်္ဘောမှာ တောက်ဂိုဏ်း၏အပိုင်ဖြစ်ပြီး တောက်ကျန့်၏ သင်္ဘောဖြစ်လေသည်။

ဝှစ်...

သူသည် လက်ရှိသင်္ဘောပေါ်မှ တောက်ဂိုဏ်း၏ သင်္ဘောကုန်းပတ်ပေါ်သို့ အနက်ရောင်လျှပ်စီးတစ်ခုပမာ ပျံသန်းသွားလိုက်သည်။ တောက်ကျန့်၏ သက်တော်စောင့်များသည် အနက်ရောင်နကျယ်ကောင်များကို တိုက်ခိုက်ရင်း ထွက်ခွာရန် ပြင်နေကြသည်။ သူတို့သည် ပျံသန်းလာသော ကျန်းရီအား မြင်သည့်အခါ အကြည့်များ စူးရဲသွားကြပြီး အော်မေးလာကြသည်။

"ဘယ်သူလဲ။ မြန်မြန်ထွက်သွာစမ်း မဟုတ်ရင် သတ်ပစ်ရလိမ့်မယ်"

"ကျွန်တော်က ချမ်တာ့ရယ်ပါ၊ သခင်မလေး လင်းအာ သင်္ဘောပေါ်မှာ ရှိနေပါသလား"

ကျန်းရီသည် အရှိန်ကို လုံးဝမလျှော့ဘဲ တောက်ဂိုဏ်းမှ လူများကို လျစ်လျူရှုကာ သင်္ဘောခန်းထံ ဆက်လက်ပြေးသွားခဲ့သည်။ သူ့ပုံရိပ်သည် ရောင်စဉ်တန်းတစ်ခုအလား စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များကို ဖြတ်ကျော်သွားခဲ့သည်။ သူတို့မှာ သူ့အား တားရန်အချိန်ပင် မရလိုက်ကြချေ။

တောက်ဂိုဏ်းမှ လူများသည် အလင်းလွှာကို အသက်သွင်းရန်ပင် အချိန်မလိုက်ကြပေ။ ကျန်းရီသည် ဇွတ်အတင်းဝင်သွားခဲ့သည်။ သူသည် တောက်ကျန့်ကို လာရောက်လုပ်ကြံသူဖြစ်လျှင် မည်သို့လုပ်မည်နည်း။ သင်္ဘောခန်းအပြင်ဘက်မှ လူများသည် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

"ဘာသခင်မလေး လင်းအာလဲ။ ဒီမှာမရှိဘူး။ ချက်ချင်းထွက်သွား၊ မသွားရင် သေပေတော့"

"အား..."

သင်္ဘောခန်းအတွင်းမှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ကျန့်လင်းအာ၏ အသံဖြစ်ကြောင်း ကြားလိုက်သောအခါ သူ့မျက်လုံးများ အေးစက်သွားခဲ့သည်။ တောက်ကျန့်သည် ကျန့်လင်းအာကို ဖမ်းခေါ်လာခြင်းဖြစ်မည်ဟု သူတွေးလိုက်မိပြီး ချက်ချင်းဒေါသထွက်သွားခဲ့သည်။ သူ့ကိုယ်မှ အရှိန်အဝါများ ပေါ်ထွက်လာခဲ့ပြီး အော်ဟစ်လိုက်သည်။

"သခင်မလေးလင်းအာ...တာ့ရယ် သခင်မလေးကို လာကယ်နေပါပြီ။ မကြောက်ပါနဲ့....တောက်ဂိုဏ်းက ခွေးမသားတွေ....ငါ့ကိုတားတဲ့သူမှန်သမျှ သေစေရမယ်"

ကျန်းရီသည် သင်္ဘောခန်းရှိရာသို့ ကျားတစ်ကောင်အလား ပြေးသွားလိုက်သည်။ သူသည် ဓားရှည်အား တစ်ချက်ဝှေ့ယမ်းရင်း လေပြည်အသင်္ချေ တာအိုတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ ထိုဓားအား စိတ်ဝိဉာဉ် အမှတ်အသားပြုမထား၍ အတွင်းအားအသုံးမပြုနိုင်သော်လည်း သူသည် သင်္ဘောခန်းအဝင်ဝမှ လူသုံးယောက်ထံ ဓားရိပ်ပေါင်းရာချီ၍ ပစ်လွှတ်လိုက်နိုင်သည်။

"မင်းက သေချင်နေတာပဲ"

လူသုံးယောက်သည် ချက်ချင်းဒေါသထွက်သွားကြသည်။ ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် အချိန်အတွင်း ကျန့်လင်းအာကို သူတို့ မမြင်မိကြပေ ယခု ကျန်းရီသည် သင်္ဘောခန်းအတွင်း အတင်းဖောက်ဝင်ရန် ကြိုးစာနေပြန်သည်။ တောက်ကျန့်သည် အထဲတွင် ရှိနေသည်။ ထို့ကြောင့် ကျန်းရီအား သူတို့ဝင်ခွင့်မပြုရဲချေ။ လူတိုင်းသည် လက်နက်အသီးသီးကို မြှောက်လိုက်ကြပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

လူသုံးယောက်ထဲတွင် တစ်ယောက်မှာ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီ၏တိုက်ခိုက်မှုမှာ မလုံလောက်ပေ။ အထူးသဖြင့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်လူ၏ လက်ထဲမှ တုတ်ရှည်သည် မျက်စိကျိန်းမတတ် အလင်းရောင်များ တောက်ပလာခဲ့သည်။ ထိုသည်မှာ မည်သည့်တာအိုတိုက်ကွက်မှန်း သူမသိသော်လည်း သူ့မျက်လုံးများတွင် လူသတ်ငွေ့များ ဖြတ်ပြေးသွားခဲ့သည်။ သူသည် အံကြိတ်၍  သတ်ဖြတ်ခြင်းအင်အားကို ထုတ်လွှင့်လိုက်သည်။

သတ်ဖြတ်ခြင်းအရှိန်အဝါသည် ဖြတ်ခနဲသာ ထွက်ပေါ်လာခဲ့ပြီး ပြန်လည်ကွယ်ပျောက်သွားခဲ့သည်။ သို့သော်လည်း ထိုခဏတွင် လူသုံးယောက်မှာ ချက်ချင်းဖိနှိပ်ခံလိုက်ရသည်။ သုံးယောက်သား၏ တိုက်ခိုက်မှုသည် စက္ကန့်ပိုင်းမျှ နှေးကွေးသွားခဲ့သည်။ သူတို့သည် ထိတ်လန့်မှုကို ခံစားလိုက်ရပြီး သတိပြန်ဝင်လာသည့်ခဏတွင် ကျန်းရီ၏ ဓားရှည်သည် အနက်ရောင်လျှပ်စီးတန်းသဖွယ် သူတို့၏ လည်တိုင်အား ဖြတ်သန်းသွားခဲ့ပြီးဖြစ်သည်။

"အား..."

လူသုံးယောက်သည် သူတို့၏ လည်တိုင်မှ သွေးများ ပန်းထွက်လာသည်ကိုကြည့်ရင်း ခြောက်ခြားစွာ အော်ဟစ်လိုက်ကြသည်။ ထို့နောက် သုံးယောက်လုံး လဲကျသွားခဲ့ကြသည်။ စိတ်ဝိဉာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်လူ မသေခင်တွင် အားတင်း၍ လက်ဆန့်ကာ ကျန်းရီအား လက်ညှိုးထိုးလာခဲ့သည်။ သူသည် စကားပြောရန် ကြိုးစားရုန်းကန်လိုက်သည်။

"မင်း....မင်းက...."

*****

All Chapters