← Chapters

အရာရှိမင်၏ စံအိမ်။

Vol. 1 Ch. 4

အရာရှိမင်၏ စံအိမ်။

Vol. 1 Ch. 4

လူသားကျင့်ကြံသူများ၏ ကျင့်ကြံခြင်း အဆင့်ဆင့်ကို နယ်ပယ် (၃)ခုဖြင့်ခွဲခြားထားပြီး၊ နယ်ပယ်တစ်ခုချင်းစီတွင် အဆင့် (၃)ဆင့်စီသို့ ထပ်မံခွဲခြားထားသည်။

ထိုအထဲတွင် လူသားနယ်ပယ်သည် မိမိကိုယ်ကို ပြုပြင်ပျိုးထောင်ခြင်းကို အလေးပေးပြီး၊ အောက်ပါအဆင့်များ ပါဝင်သည်။

ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်၊ ချီစုစည်းခြင်း အဆင့်နှင့် ဝိညာဉ်အသိအမြင် အဆင့်တို့ ဖြစ်ကြသည်။

ကမ္ဘာမြေနယ်ပယ်တွင်မူ ကျင့်ကြံသူများသည် ရုပ်ခန္ဓာကိုယ်ကို ကျော်လွန်သွားကြပြီး၊ ဤအဆင့်တွင် အောက်ပါအဆင့်များ ပါဝင်သည်။

ရွှေအမြုတေ အဆင့်၊ ဓာတ်ကြီးငါးပါး အဆင့်နှင့် သာလွန် အဆင့်တို့ ဖြစ်ကြသည်။

နောက်ဆုံး ကောင်းကင်နယ်ပယ်သည် မဟာတာအို ကျင့်ကြံခြင်း သဘောတရားများ ပါဝင်ပြီး၊ အောက်ပါအဆင့်များ ရှိလေသည်။

တာအိုသိရှိခြင်း အဆင့်၊ ကောင်းကင်မူလ အဆင့်နှင့် ဆန်းကြယ် အဆင့်တို့ ဖြစ်ကြသည်။

တာအိုဝါဒီ၊ ကွန်ဖြူးရှပ်ဝါဒီနှင့် ဗုဒ္ဓဝါဒီဟူသော အဓိက ကျင့်စဉ်ကြီး (၃)သွယ်အပြင်၊ သိုင်းပညာရှင်များ၊ မိစ္ဆာများနှင့် အခြား ဂိုဏ်းငယ်များ၏ မတူကွဲပြားသော ကျင့်ကြံခြင်း နည်းစနစ်များ ရှိသော်လည်း၊ ၎င်းတို့အားလုံးတွင် အခြေခံတူညီချက်များ ရှိကြပေသည်။

ရှုတောင်ဂိုဏ်းတွင် အဖွဲ့ဝင်များသည် အရင်းအမြစ်များနှင့် လဲလှယ်ရန်အတွက် အလုပ်လုပ်ရသော စနစ်တစ်ခု ရှိသည်။

ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း၊ ၎င်းသည် တပည့်များကို လေ့ကျင့်ပေးရန် နည်းလမ်းတစ်ခု အဖြစ် တည်ထောင်ထားခြင်းသာ ဖြစ်ချေသည်။

အမှန်တကယ်တွင် ဂိုဏ်းသည် မိမိတို့၏ တပည့်များအပေါ် အလွန်အကာအကွယ်ပေးသော သဘောထား ရှိပေသည်။

ဥပမာအားဖြင့်၊ ပထမနှင့် ဒုတိယအဆင့် ကျင့်ကြံသူများကို တောင်ပေါ်မှ ဆင်းသက်ပြီး ပြင်ပတာဝန်များ ထမ်းဆောင်ခွင့်ကို ကန့်သတ်ထားသည်။

သူတို့သည် ဂိုဏ်းအတွင်းရှိ စိတ်ဝိညာဉ်အပင်များ စိုက်ပျိုးခြင်း၊ စိတ်ဝိညာဉ်ငှက်များကို ပြုစုခြင်း၊ ဝင်ပေါက်တံခါးတွင် ကူညီခြင်းနှင့် အခြားသော အသေးအဖွဲ တာဝန်များကိုသာ ထမ်းဆောင်ခွင့် ရှိပေသည်။

ဝိညာဉ်အသိအမြင် အဆင့်ရှိသူများအနေဖြင့်၊ ပြင်ပလောကသို့ သွားရောက်သောအခါ ကျွမ်းကျင်သော ကျင့်ကြံသူများ အဖြစ် သတ်မှတ်ခံရပေသည်။

သို့သော် ရှုတောင်ဂိုဏ်း အတွင်းတွင်မူ၊ သူတို့သည် တောင်ပေါ်မှ ဆင်းသက်ပြီး မိစ္ဆာနှိမ်နင်းရန် လိုအပ်ချက် ပြည့်မီရုံသာ ရှိသေးသည်ဟု ယူဆကြသည်။

လူတိုင်း တောင်ပေါ်မှ ဆင်းသက်ပြီး မိစ္ဆာနှိမ်နင်းကြသော်လည်း၊ တာဝန်များသည် ပုံစံအမျိုးမျိုးနှင့် သိသာထင်ရှားသော ကွာခြားချက်များ ရှိကြသည်။

ထိုအထဲတွင် လူကြိုက်အများဆုံး တာဝန်များမှာ ကြွယ်ဝချမ်းသာသော အိမ်ထောင်စုများမှ ဆန်းကြယ်သော အမှုကိစ္စများသာ ဖြစ်ချေသည်။

ပထမအချက်မှာ မြို့ရိုးအတွင်းတွင် အဆင့်မြင့် မိစ္ဆာများ ခိုအောင်းနေလေ့ မရှိသဖြင့်၊ အန္တရာယ် နည်းပါးသည်။

ဒုတိယအချက်မှာ မြို့ကြီးများသည် သက်ဝင်လှုပ်ရှားနေသော ဗဟိုချက်များ ဖြစ်ပြီး၊ မိစ္ဆာနှိမ်နင်းခြင်းအပြင် အပန်းဖြေခြင်းနှင့် ဖျော်ဖြေရေး အခွင့်အလမ်းများလည်း ရရှိနိုင်သည်။

နောက်ဆုံးအချက်မှာ ကြွယ်ဝချမ်းသာသော အိမ်ထောင်စုများသည် ရက်ရောသော ဆုလာဘ်များ ပေးလေ့ရှိခြင်းကြောင့် ဖြစ်သည်။

ဂိုဏ်းသို့ ပေးသွင်းရသော သတ်မှတ်ကြေးများအပြင်၊ နောက်ဆက်တွဲ ဆုလာဘ်များသည် များပြားလေ့ရှိပြီး မိစ္ဆာနှိမ်နင်းသူထံ တိုက်ရိုက် ရောက်ရှိသဖြင့် အလွန်ပင် အကျိုးအမြတ်များသော လုပ်ငန်းတစ်ခု ဖြစ်လာစေသည်။

ဤသည်မှာ အကြီးအကဲရှန် ချူလျန်အတွက် ရွေးချယ်ပေးခဲ့သော တာဝန်အမျိုးအစားပင် ဖြစ်သည်။

…

"မင်္ဂလာပါ သူရဲကောင်းလေးချူ..." အရာရှိမင်က လောကွတ်ပြုလိုက်သည်။

"မင်္ဂလာပါ အရာရှိမင်..."

"သူရဲကောင်းလေးချူ... အပင်ပန်းခံပြီး လာရောက်ပေးတဲ့အတွက် ကျေးဇူးပါပဲ..."

"ပြည်သူလူထုကို အလုပ်အကျွေး ပြုရတာ ကျွန်တော့်တာဝန်ပါ..."

"..."

“..”

“.”

ချူလျန်သည် ဓားပျံစီးနင်းလျက် ရှင်းကျိုးမြို့ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

ရောက်ရှိသည်နှင့် တပြိုင်နက်၊ သူသည် မြို့ထဲရှိ အရာရှိမင်၏ စံအိမ်သို့ သွားရောက်ပြီး မိတ်ဆက်လိုက်ရာ၊ သူ၏ ရောက်ရှိလာမှုကို နွေးထွေးပျူငှာစွာ ကြိုဆိုကြချေသည်။

အရာရှိမင်သည် သွယ်လျသော လူလတ်ပိုင်း အရွယ်ဖြစ်ပြီး၊ မေးစေ့အောက်တွင် မုတ်ဆိတ်မွေးစစ ရှိသဖြင့် ကြည့်ကောင်းသော အသွင်အပြင် ရှိသည်။

သို့သော်၊ မျက်လုံးအောက်ရှိ မျက်ကွင်းမည်းများနှင့် ပင်ပန်းနွမ်းနယ်နေသော မျက်နှာအမူအရာက သူ အတော်လေး ဒုက္ခရောက်နေကြောင်း ပြသနေသည်။

အရာရှိမင်သည် ချူလျန်ကို မင်မိသားစု၏ ပင်မခန်းမဆောင်သို့ ခေါ်ဆောင်သွားပြီး ထိုင်စေသည်။ ထို့နောက် အစေခံများကို လက်ဖက်ရည် တည်ခင်းဧည့်ခံရန် ညွှန်ကြားလိုက်သည်။

အရာရှိမင်သည် ခံစားချက် အပြည့်ဖြင့် "ရှုတောင်ဂိုဏ်းက သူရဲကောင်းလေး ရောက်လာပြီဆိုတော့... ကျွန်တော်တို့အိမ်လေး ငြိမ်းချမ်းတော့မှာပါ..."

"ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ အကျဉ်းချုပ်လေး တစ်ချက်လောက် ပြောပြပေးပါ့လား..." ချူလျန် အပြုံးဖြင့် မေးလိုက်သည်။

"ဟူး..." အရာရှိမင် သက်ပြင်းချလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

"မင်မိသားစုက ဘိုးစဉ်ဘောင်ဆက် ကုသိုလ်ကောင်းမှုပြုခဲ့တဲ့ မိသားစုပါ... ဘာလို့ ဒီလို ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်ပျက်နေရတာလဲဆိုတာ နားကို မလည်နိုင်တော့ပါဘူးဗျာ.."

"လွန်ခဲ့တဲ့ (၃)ရက်က... အိမ်အပြင်ဘက်မှာ ဝမ်းနည်းကြေကွဲစရာကောင်းပြီး ကျောချမ်းဖွယ်ရာ ကြောင်အော်သံတွေ စပြီး ပဲ့တင်ထပ်လာခဲ့တယ်... လေထုထဲမှာ ဝမ်းနည်းစရာကောင်းတဲ့ ခြောက်လှန့်မှုတွေ ပြည့်နေတော့တာပဲ...

ဒုတိယနေ့ရောက်တော့... အဲဒီ စိတ်မသက်မသာ ဖြစ်စရာ အော်သံတွေက အိမ်ရှေ့ဝင်းထဲထိကို ရောက်လာတယ်... အစေခံတချို့ကဆို အိမ်ထဲမှာ မိစ္ဆာသတ္တဝါတစ်ကောင် တွေ့လိုက်ရတယ်လို့တောင် ပြောကြတယ်... အဲဒီအကောင်က အစွမ်းထက်ပြီး အန္တရာယ်ပေးနိုင်တဲ့ အရှိန်အဝါတွေ ထုတ်လွှတ်နေတယ်တဲ့...

မနေ့ကကျတော့ အဲဒီအသံတွေက အိမ်နောက်ဖေးထိကိုပါ ရောက်လာတယ်... ကျွန်တော့်ဇနီးခမျာ အဲဒီအသံကြောင့် အတော်လေး စိတ်ဒုက္ခရောက်နေရရှာတယ်ဗျာ..."

"သူရဲကောင်းလေး..." အရာရှိမင်သည် ချူလျန်ကို ရိုးသားစွာ စိုက်ကြည့်လိုက်သည်။ "တကယ်လို့ ခင်ဗျားသာ မတားဆီးနိုင်ရင်... ဒီည အဲဒီအကောင် အိမ်ထဲဝင်လာပြီး တစ်ယောက်ယောက်ကို ဒုက္ခပေးမှာတောင် စိုးရိမ်မိတယ်ဗျာ..."

ဆိုရလျှင်၊ အရာရှိမင်တစ်ယောက် လျင်မြန်စွာ လှုပ်ရှားခဲ့သည်။ ဒုတိယနေ့မှာပင် သူသည် မြို့ပြင်ရှိ တာအိုဘုရားကျောင်းတစ်ခုမှ အကူအညီ တောင်းခံခဲ့သည်။

ကိုးကွယ်သူများထံမှ အမွှေးတိုင်များ၊ လှူဒါန်းမှုများဖြင့် စည်ကားသိုက်မြိုက်နေသော တာအိုဘုရားကျောင်းများတွင် ပုံမှန်အားဖြင့် ကျင့်ကြံသူ တပ်ဖွဲ့များ ရှိတတ်သည်၊ သို့မဟုတ် အင်မော်တယ်ဂိုဏ်းတစ်ခုနှင့် ဆက်နွယ်မှု ရှိတတ်ကြသည်။

သို့မဟုတ်ပါက၊ သူတို့သည် ဤမျှ ထင်ရှားကျော်ကြားနေမည် မဟုတ်ပေ။

ရှင်းကျိုးမြို့ပြင်ရှိ တာအိုဘုရားကျောင်းသည် ရှုတောင်ဂိုဏ်းနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသဖြင့်၊ ဤတာဝန်အတွက် တောင်းဆိုမှုကို ရှုတောင်ဂိုဏ်း၏ ဓားလဲလှယ်ရေးခန်းမသို့ ချက်ချင်း ပေးပို့ခဲ့နိုင်ခြင်း ဖြစ်သည်။

"အင်း..." ချူလျန် ခေတ္တမျှ တွေးတောရင်း ရေရွတ်လိုက်သည်။

ညဘက်မှသာ ပေါ်ထွက်လာပြီး တစ်လှမ်းချင်း သတိထား ရှေ့တိုးတတ်သော အကောင်မျိုးသည် မိစ္ဆာနှင့် မတူပေ။

ဝိညာဉ် သို့မဟုတ် သာမန်အားဖြင့် တစ္ဆေဟု ခေါ်ဆိုသော အရာနှင့် ပိုမို တူညီပေသည်။

အဘယ်ကြောင့်ဆိုသော် မိစ္ဆာတစ်ကောင်သည် ကျင့်ကြံခြင်း အဆင့်တစ်ခု ရောက်ရှိပါက၊ ၎င်းတို့၏ ဉာဏ်ရည်သည် လူသားများနှင့် မခြားနားတော့ဘဲ၊ ဤကဲ့သို့ ခန့်မှန်းရခက်သော ပုံစံဖြင့် ပြုမူမည် မဟုတ်သောကြောင့် ဖြစ်သည်။

သေဆုံးပြီးနောက် ဆင်ခြင်တုံတရား ပျောက်ဆုံးသွားသော အဆင့်နိမ့် တစ္ဆေများသာလျှင်...

အတိတ်ဘဝမှ လက်ကျန်အငြိုးအတေးများ၏ တွန်းအားပေးမှုကြောင့် ထူးဆန်းသော အပြုအမူများကို လုပ်ဆောင်တတ်ကြသည်။

‘ဒီကြောင်မိစ္ဆာက အဲဒီလိုမျိုး ဖြစ်လောက်တယ်...’

‘သေဆုံးသွားတဲ့ ကြောင်တစ်ကောင်ရဲ့ ဝိညာဉ် ဖြစ်နိုင်တယ်…’

ချူလျန် ထိုသို့ တွေးတောလိုက်ပြီး မေးလိုက်သည်။

"ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အိမ်ထဲက တစ်ယောက်ယောက်ကများ ကြောင်တစ်ကောင်ကောင်ကို သတ်ခဲ့မိသေးလား..."

"မရှိရပါဘူးဗျာ..." အရာရှိမင် ခေါင်းခါလိုက်သည်။

"ကျွန်တော့်ဇနီးက သိပ်သဘောထားကြီးပြီး တိရစ္ဆာန်တွေကို အမြဲ ကြင်နာတတ်ပါတယ်... အနီးနားက လမ်းဘေးကြောင်.. ခွေးတွေကိုတောင် ဂရုစိုက်ပြီး အစာကျွေးဖို့တောင် လူတွေကို မှာထားသေးတာ..."

...

ချူလျန် မင်မိသားစုအိမ်သို့ ရောက်ရှိချိန်တွင် မွန်းလွဲပိုင်း ဖြစ်နေချေပြီ။ အခြေအနေကို မေးမြန်းပြီး စံအိမ်ကို လှည့်လည်စစ်ဆေးပြီးချိန်တွင် ညနေစောင်းနေပြီ ဖြစ်၏။

အိမ်ရှိ လူများသည် သူတို့၏ ဧည့်ဝတ်ကျေပွန်မှုကို ပြသရန်အတွက် ခမ်းနားသော စားသောက်ပွဲ တစ်ခုကို ချက်ချင်း စီစဉ်လိုက်ကြသည်။

နောက်ကျမှ လုပ်လျှင်၊ ကြောင်မိစ္ဆာ ပေါ်လာနိုင်သည် မဟုတ်ပါလော။

စားပွဲပေါ်တွင် အရသာရှိသော ဟင်းလျာများ ခင်းကျင်းထားသည်မှာ လိုအပ်ချက်မရှိပေ။

အရာရှိမင်နှင့် ချူလျန် ထိုင်နေကြပြီး၊ တစ်ယောက်စီ၏ဘေးတွင် အစေခံတစ်ဦးစီက ပြုစုနေကြသည်။

ဤသည်မှာ ချူလျန်တစ်ယောက် ငွေဓားတောင်ထွတ်တွင် တစ်ခါမှ မကြုံဖူးသော ဆက်ဆံမှုမျိုး ဖြစ်သည်။

သို့သော်၊ ခေတ္တမျှ စောင့်ဆိုင်းပြီးသည့်တိုင် လူစုံသေးပုံ မရ။

ထို့နောက် အစေခံတစ်ဦး လာရောက် သတင်းပို့လေသည်။

"သခင်ကြီး... သခင်မက နေမကောင်းဖြစ်ပြီး အခြေအနေ ပိုဆိုးလာတယ်တဲ့... စားသောက်ပွဲကို မတက်ရောက်နိုင်လို့ သူရဲကောင်းလေးချူနဲ့ သခင်ကြီးကို အပြစ်မယူဖို့ မျှော်လင့်ပါတယ်တဲ့..."

"အိုက်ယား... မဖြစ်သေးပါဘူး..." အရာရှိမင် ချက်ချင်း စိုးရိမ်ပူပန်သွားသည်။

သူ မတ်တပ်ရပ်လိုက်ပြီး ချူလျန်ဘက်သို့ လှည့်ကာ တောင်းပန်လိုက်သည်။ "သူရဲကောင်းလေးချူ... ခွင့်လွှတ်ပါ... ကျွန်တော် ဇနီးသည်ကို သွားကြည့်လိုက်ပါဦးမယ်... ခဏနေရင် ပြန်လာခဲ့ပါ့မယ်..."

ပြောပြီးသည်နှင့် သူသည် အိမ်နောက်ဖေးသို့ အလျင်အမြန် ထွက်ခွာသွားပြီး ချူလျန်ကို ထားရစ်ခဲ့သည်။

ချူလျန် လုံးဝ စိတ်မရှိပေ။

သူ ပြုံးပြီး ရေရွတ်လိုက်မိသည်။ "အရာရှိမင်နဲ့ သူ့ဇနီးက သံယောဇဉ် သိပ်ကြီးကြတာပဲ..."

"ဟုတ်တာပေါ့ရှင်..." အနီးနားရှိ အစေခံတစ်ဦးက အားကျသော လေသံဖြင့် ပြောလိုက်သည်။

"ကျွန်မတို့ သခင်ကြီးနဲ့ သခင်မက လက်ထပ်ထားတာ (၁၀)နှစ်တောင် ရှိပြီ... အခုထိ ကော်နဲ့ကပ်ထားသလား အောက်မေ့ရတယ်... ပြီးခဲ့တဲ့နှစ်အနည်းငယ် သခင်မ နေမကောင်းလို့ ကလေးမရနိုင်တော့တဲ့အခါကဆို... သခင်ကြီးကို မယားငယ်ယူပြီး ကလေးယူဖို့ အကြံပြုခဲ့တာတောင်... သခင်ကြီးက အမြဲတမ်း ငြင်းပယ်ခဲ့တာ..."

အခြား အစေခံတစ်ဦးက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ဟင်း.. ကျွန်မတို့ သခင်မလို လှပပြီး သဘောထားကြီးတဲ့ မိန်းမမျိုးမှပဲ... သခင်ကြီးရဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာစောင့်သိမှုကို ရထိုက်တာပါလေ..."

ခဏအကြာတွင် အရာရှိမင် အလျင်အမြန် ပြန်ရောက်လာသည်။

"ဇနီးသည် အဆင်ပြေရဲ့လား..." ချူလျန် မေးလိုက်သည်။

"စိတ်မပူပါနဲ့... ဒီရက်ပိုင်း မကောင်းဆိုးဝါးတွေ သောင်းကျန်းနေလို့... ကျွန်တော့်ဇနီး စိတ်လက်မအီမသာ ဖြစ်ပြီး နေမကောင်း ဖြစ်နေတာပါ... ဒီမိစ္ဆာသတ္တဝါကို ရှင်းပစ်နိုင်ရင် အားလုံး အဆင်ပြေသွားမှာပါ..." အရာရှိမင် ရှင်းပြလိုက်သည်။

"ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်..." ချူလျန် ပြောလိုက်သည်။

သူတို့ စားသောက်၍ မပြီးမီမှာပင် အပြင်ဘက်မှ လေတိုးသံကို ကြားလိုက်ရသည်။

မိစ္ဆာအရှိန်အဝါများ သယ်ဆောင်လာသော ကြောက်မက်ဖွယ် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး၊ ခန်းမတံခါးများကို အတင်းအကျပ် ဖွင့်ဟစေလိုက်ရာ စားပွဲပေါ်ရှိ ပန်းကန်ခွက်ယောက်များပင် လှုပ်ခါသွားချေသည်။

"အဲဒီ ကြောင်မိစ္ဆာပဲ… သူ ထပ်ရောက်လာပြန်ပြီ.." အရာရှိမင် အသက်ရှူမှားကာ အော်ဟစ်လိုက်သည်။

ချူလျန် တံခါးဝသို့ လျင်မြန်စွာ ပြေးသွားပြီး၊ ထိုသတ္တဝါ၏ အရှိန်အဝါကို ဂရုတစိုက် အာရုံခံလိုက်သည်။

သေခြင်းတရား အရှိန်အဝါ ပြင်းထန်လှသည်။ ဤသည်မှာ တစ္ဆေတစ်ကောင် ရှိနေကြောင်း ပြသနေချေသည်။ သို့သော် လေထဲတွင် ပြင်းထန်သော မိစ္ဆာအငွေ့အသက်များလည်း ရောနှောနေသည်။

ဖြစ်နိုင်တာက...။

"ဒါ နည်းနည်းတော့ ထူးဆန်းနေတယ်... ခင်ဗျားတို့ ပုန်းနေသင့်တယ်..." ချူလျန် နောက်လှည့်ကြည့်လိုက်ပြီး၊ မင်မိသားစုမှ တိုက်ခိုက်ရေး မလုပ်နိုင်သူများကို ပုန်းအောင်းနေဖို့ရာ အကြံပြုတားမြစ်ရန် ပြင်လိုက်သည်။

သူနောက်လှည့်ကြည့်လိုက်သောအခါ၊ စားသောက်ခန်းမကြီး တစ်ခုလုံး ဗလာဖြစ်နေပြီး လူအရိပ်အယောင်ပင် မတွေ့ရတော့။

လေထဲမှတဆင့် အဝေးမှ အရာရှိမင်၏ အသံ ပဲ့တင်ထပ်လာသည်။ "သူရဲကောင်းလေးကိုပဲ အားကိုးပါရစေ..."

သောက်ကျိုးနည်း…

ပြေးချက်က လက်လန်တယ်…။

မူလက သူသည် မင်မိသားစု၏ လုံခြုံရေးအတွက် စိုးရိမ်ခဲ့သော်လည်း၊ ယခုအခါ သူ၏ စိုးရိမ်မှုများသည် လုံးဝ မလိုအပ်ကြောင်း သဘောပေါက်သွားသည်။

သူတို့၏ အပြေးတစ်ပေါက်ကို ထောက်ချင့်ရလျှင်မူ၊ ရှင်းကျိုးမြို့ တစ်ခုလုံး မိစ္ဆာများ တိုက်ခိုက်၍ ပြာဖြစ်သွားသည့်တိုင် မင်မိသားစုသည်မှာမူ သေချာပေါက် လွတ်မြောက်ပေမည်။

"ညောင်..."

သူ စဉ်းစားချိန် မရမီမှာပင်၊ နားကွဲမတတ် စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ တကယ့်ကို ကျောချမ်းဖွယ်ရာ အသံပင် ဖြစ်လေသည်။

"ဟိုင်းယား…” ချူလျန် ကျယ်လောင်စွာ မာန်သွင်းလိုက်သည်။

လက်ကောက်ဝတ်ကို ဝှေ့ယမ်းလိုက်ရာ၊ ဓားပျံလက်ကောက်သည် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူသည် ဓားကို ကိုင်ဆွဲလျက် ခန်းမထဲမှ ထွက်လာခဲ့သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်၊ အပြင်ဘက်ရှိ မိုးထိအောင် မြင့်မားနေသော သွေးဆာနေသည့် အရှိန်အဝါကို သတိပြုမိလိုက်သည်။

ကြောင်မျက်နှာနှင့် မိစ္ဆာတစ်ကောင်သည် ဝင်းထရံပေါ်တွင် ဝပ်နေသည်။

၎င်းတွင် အသက်မဲ့နေသော ကြောက်မက်ဖွယ် မျက်လုံးအဖြူရောင် တစ်စုံ ရှိပြီး၊ မျက်နှာတစ်ခုလုံးကို သွေးများ စွန်းထင်းနေသော အမွှေးနက်များဖြင့် ဖုံးအုပ်ထားချေသည်။ ၎င်းသည် အလွန် သေးငယ်ပြီး ငယ်ရွယ်ပုံ ရသည်။

ဤသတ္တဝါ၏ အထူးဆန်းဆုံး အချက်မှာ...

ကြောင်ခေါင်း ပါရှိသော်လည်း၊ ခန္ဓာကိုယ်မှာမူ လူသားကလေးငယ် တစ်ဦးနှင့် တူနေခြင်းပင် ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဖုံးလွှမ်းနေသည့်တိုင် မည်သည့်အမွှေးအမျှင်မှ မရှိပေ။

‘ရုပ်ဆိုးပြီး ကြောက်စရာ ကောင်းလိုက်တာကွာ..’

ချူလျန် ထိုသတ္တဝါကို မြင်လိုက်ရသောအခါ၊ ကျောရိုးတစ်လျှောက် အေးစက်သွားပြီး၊ မကောင်းသော နိမိတ်တစ်ခု ရင်ထဲသို့ ဝင်ရောက်လာသည်။

ဤသတ္တဝါသည် ကြီးမားသော အငြိုးအတေးများမှ မွေးဖွားလာသည့် ကလဲ့စားဝိညာဉ်နှင့်၊ မွေးဖွားခွင့် မရလိုက်သော ကလေးငယ်တစ်ဦး၏ ဝိညာဉ်ပင် ဖြစ်ချေသည်။

သေဆုံးခဲ့ရသည့် အခြေအနေများကြောင့်၊ ၎င်း၏ ကလဲ့စားချေလိုစိတ်သည် သာမန် ဝိညာဉ်များထက် (၁၀)ဆ ပိုမို ပြင်းထန်သည်။

ထို့အပြင် ဤသတ္တဝါသည် မိစ္ဆာတစ်ကောင် သေဆုံးပြီးနောက် ဖြစ်ပေါ်လာသော မိစ္ဆာဝိညာဉ်လည်း ဖြစ်နေသေးသည်။

ကြောက်စရာ ကောင်းနေသည်မှာ မဆန်းတော့။

ကလဲ့စားဝိညာဉ်၊ ကလေးဝိညာဉ်၊ မိစ္ဆာဝိညာဉ်...

ဤဝိညာဉ် အမျိုးအစား တစ်ခုချင်းစီသည် တစ္ဆေများကြားတွင် ထူးခြားသော ဖြစ်တည်မှုများ အဖြစ် သတ်မှတ်ခံထားရသည်။

သို့သော် ချူလျန်၏ ရှေ့မှောက်တွင် ရှိနေသော သတ္တဝါသည် ထိုအရာအားလုံး ပေါင်းစပ်ထားသော သတ္တဝါ ဖြစ်နေတော့သည်။

All Chapters