လီကျန်းချွမ်၏ သဲလွန်၏
Vol. 153 Ch. 2246
“ မင်း ဆိုလိုချင်တဲ့သဘောက ဖရီးမေဆင်က သူတို့ သားအဖကို အလွှတ်မပေးလောက်ဘူး ထင်လို့လား ….”
“ ဗီဇဆေးရည်ကို သူ့ထက်ငါ အပြိုင်အဆိုင် ထုတ်ဖို့ ကြိုးစားနေကြတာက ဖရီးမေဆင်တင် မကဘူး … တစ်ကမ္ဘာလုံးပဲ …”
အာယာနဲ မစ်ဆူ ပြောလိုက်ပြီး “ ဒီသတင်း ပျံ့သွားတာနဲ့ လီကျန်းချွမ်ကို တစ်ကမ္ဘာလုံးက ပစ်မှတ်ထားပြီး လုပ်ကြံလာကြမှာပဲ … ဒီအတွက်ဆိုရင် သူတို့ဘက်က တစ်နေရာမှာ ခိုလှုံခွင့် ရဖို့ လိုတယ် …”
“ လက်ရှိ ကမ္ဘာကြီးမှာ အဖွဲ့အစည်းကြီးတွေက အများကြီးပဲကို … သူတို့ထဲ အနည်းဆုံး လေးငါးခုလောက်ကတော့ အဲ့လို လုပ်ပေးနိုင်တဲ့ အစွမ်းအစရှိမှာပါ …” လင်းရီ ပြောလိုက်သည်။
“ သူတို့ကို ခိုလှုံခွင့်ပေးနိုင်တဲ့ အစွမ်းအစ ရှိတာ မှန်တယ် … ဒါပေမယ့် သူတို့ကို လုံးဝ လက်ခံမယ်ဆိုတော့ သဘောတော့ ဘယ်ဟုတ်မှာ …”
လင်းရီ ခေတ္တ တုံ့ဆိုင်းသွားပြီး အာယာနဲ မစ်ဆူကို ကြည့်လိုက်သည်။
“ လက်ခံတယ် ဆိုတာက ဘာကို ပြောချင်တာ …”
“ လီသားအဖမှာက အပေးအယူလုပ်ဖို့ နည်းပညာရှိတယ် .. သူတို့ကို လက်ခံဖို့ဆိုရင် ကိုယ့်ဘက်က သုတေသနနဲ့ ဖွံ့ဖြိုးမှုပိုင်းအတွက် လုပ်ဆောင်နိုင်မယ့် အစွမ်းအစလည်း ရှိဖို့လိုသေးတယ် …” အာယာနဲ မစ်ဆူ ပြောလိုက်ပြီး “ ဗီဇဆေးရည်ကို ထုတ်လုပ်ရတာက အကုန်အကျ အင်မတန် များတယ် … ချစ်ပ်ထုတ်လုပ်တာလောက် ဈေးမသက်သာဘူး … သုတေသန လုပ်ငန်းကနေ ထုတ်လုပ်ရေးပိုင်း အထိ အနည်းဆုံး ကန်ဒေါ်လာ ၁၀ ဘီလီယမ်လောက် လိုတယ် … သာမန် အဖွဲ့အစည်းကြီးတွေမှာ အဲ့လောက်ကြီးမားတဲ့ ဘဏ္ဍာရေး အင်အားမျိုး မရှိဘူး … တကယ်လို့ သူတို့မှာ ရှိခဲ့ရင်တောင် လက်နက်တွေ ဝယ်ဖို့ သုံးပြီး နေလောက်ပြီ … လီကျန်းချွမ်လည်း အဲ့အကြောင်း မစဉ်းစားမိဘဲ မနေလောက်ဘူး …”
အာယာနဲ မစ်ဆူ၏ စကားလုံးတို့က လင်းရီ၏ ဦးနှောက်ကို ဖျတ်ခနဲ လင်းလက်သွားစေခဲ့သည်။
အကယ်၍ ဤသည်သာ မှန်ကန်ခဲ့မည်ဆိုပါက သူ စုံစမ်း စစ်ဆေးရမည့် နယ်ပယ်ကိုလည်း အများအပြား အကျဉ်းချုံ့နိုင်သွားလိမ့်မည်။ မျက်စိရှေ့တွင် ပိတ်စို့နေသည့် မြူထုက ဖြည်းဖြည်းချင်း ရှင်းလင်းသည်ထက် ရှင်းလင်းလာပြီ ဖြစ်၏။
“ ရှင့်ဘက်က စဉ်းစားမိပြီ ထင်တယ် …” အာယာနဲ မစ်ဆူ ပြောလိုက်ပြီး “ အခု လက်ရှိ ကမ္ဘာမှာ လီကျန်းချွမ်ကို လက်ခံပြီး သူတို့ကို ကာကွယ်ပေးပြီး သုတေသန လုပ်ငန်းတွေ လုပ်ဆောင်နိုင်မယ့် အင်အားစုတွေက အာရပ် တော်ဝင်မိသားစု ၊ ဆော်ဒီအာရေးဗီးရား ၊ တောင်ကိုးရီးယားရဲ့ ဆမ်ဆောင်း မိသားစုတွေပဲ ရှိတယ် … ကျန်တာတွေက သိပ်မဖြစ်နိုင်ဘူး …”
“ ပြီးတော့ အာရပ်တော်ဝင်မိသားစုနဲ့ ဆော်ဒီအာရေးဗီးယားက ကမ္ဘာရဲ့ အရှေ့အလယ်ပိုင်းမှာ ရှိတယ် … သူတို့ ခန္ဓာဖွဲ့စည်းမှု စနစ်ပုံစံတွေက အာရှနဲ့ မတူဘူး … ဒီတော့ ဟုန်မန်ဂိုဏ်း သုတေသန လုပ်ထားတဲ့ ဗီဇဆေးရည်က သူတို့ဒေသနဲ့ အပ်စပ်ကိုက်ညီမှာ မဟုတ်ဘူး … တကယ်လို့ သူတို့ရဲ့ အစီအစဉ်ကို ပြောင်းလဲပြီး ဆေးရည်ကို ဖန်တီးမယ်ဆိုရင်တောင် ကုန်ကျစရိတ်မက နည်းနည်းနောနောမှ မဟုတ်ဘဲ …. အဲ့လောက် ပိန်းတဲ့ လုပ်ရပ်မျိုး သူတို့ လုပ်လိမ့်မယ်လို့ ကျွန်မတော့ မထင်ဘူး … ဒီတော့ အဖြစ်နိုင်ဆုံးက ဆမ်ဆောင်းပဲ …”
အာယာနဲ မစ်ဆူ၏ စကားကို နားထောင်ပြီးနောက် လင်းရီ၏ မျက်ခုံးတို့ တင်းကြုတ်သွားခဲ့သည်။ ယင်းက သူ့ကို လှုပ်နိုးလိုက်သလိုပင်။
အစောပိုင်း သူ လီရုံဂျင်းနှင့် ဖုန်းပြောစဉ်အခါက ကုမ္ပဏီ၏ ဘဏ္ဍာရေးထောက်ပံ့မှုပိုင်းတွင် ကြပ်တည်းနေသည်ဟု ဆိုခဲ့သည်။
ဆောက်လုပ်ရေး ကုန်ကျစရိတ်အတွက် ၁၈ ဘီလီယမ်ကို နှစ်ဝက်လောက် ဆိုင်းထားပြီးမှ ပေးချင်သည်။
ထိုအချင်းအရာက သံသယ ဖြစ်ဖို့ မကောင်းသော်ငြားလည်း ယခုလို အချိန်အခိုက်အတန့်မျိုး၌ အတော်လေး သံသယဝင်ဖို့ ကောင်းနေတော့၏။
အာယာနဲ မစ်ဆူ၏ ပြောစကားတို့အရ …
အကယ်၍ လီမိသားစုက ဆေးရည်ကို သုတေသန ပြုလုပ်လိုလျှင် ငွေပမာဏ အများကြီးကို ပုံအော လောင်းချဖို့ လိုအပ်သည်။
တစ်ချိန်တည်းတွင် အခြားသော ပရောဂျက်များကို ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နိုင်ရန်အတွက် ငွေပမာဏ အများအပြား လိုသည်။ ယင်းက ဆမ်ဆောင်း အုပ်စုကြီးကို ငွေကြေး ကြပ်တည်းမှုသို့ ဆိုက်ရောက်သွားစေခဲ့သည်။
‘ ဒီလိုဆိုရင်တော့ ဒါတွေ အကုန် အဓိပ္ပာယ် ရှိသွားပြီ .. လီကျန်းချွမ်ကလည်း တကယ့်ကို မြင်တတ်တဲ့ မြေခွေးအိုကြီးပဲ …’
“ ဆိုတော့ …. မင်း ဒီနေ့ လာလည်ရတဲ့ အကြောင်းအရင်း အစစ်အမှန်က ဘာလဲ …” လင်းရီ မေးမြန်းလိုက်သည်။
အာယာနဲ မစ်ဆူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး လင်းရီအပေါ်ကို ခွထိုင်၍ “ ဒီရဲ့ သုံးဦး မဟာမိတ်ကို ဦးဆောင်နေတဲ့သူက ရှင်လေ … လီရုံဂျင်းနားကနေ သတင်းတွေ နှိုက်ထုတ်ပြီး အခြေအနေ ဘယ်လိုရှိလဲ စုံစမ်းရင်း ရှင့်ကို ကူညီပေးချင်လို့ … သူတို့ရဲ့ သုတေသနတွေ အောင်မြင်သွားရင် ရှင့်ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာမှာ မကြောက်ဘူးလား ….”
“ အတိုင်းအတာ တစ်ခုထိအောင်တော့ …. အင်း ကြောက်တယ် ….”
အာယာနဲ မစ်ဆူက သူမ၏ ရည်ရွယ်ချက်များကို ကွယ်ဝှက်မထားခဲ့ချေ။ လင်းရီရှေ့မှောက်တွင် သူမက အမြဲတစေ ရိုးသား၏။
“ တကယ်တော့ ဘယ်လို အရာမျိုးမဆို သင့်တင့်လျောက်ပတ်တဲ့ အတိုင်းအတာအတွင်းမှာ ရှိတာပဲ ကောင်းတယ် … နောက်ပြီးတော့ လူတိုင်းက ဗီဇဆေးရည်ကို သုတေသန လုပ်ပြီး ထုတ်လုပ်နိုင်နေရင် အပြိုင်အဆိုင်တွေ များလာပြီး ဈေးကလည်း နိမ့်ပါးသွားမယ်… အဲ့တာက ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး …”
အာယာနဲ မစ်ဆူက သူမ၏ ကိုယ်နေဟန်ထားကို ချိန်ညှိ၍ 'နေရာ'က အံကိုက်ဖြစ်တော့ သူမ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အောက်သို့ နိမ့်ဆင်းလိုက်သည်။ ညင်သာသည့် ညည်းညူသံတစ်ချက် ပြုပြီးနောက် ဖြည်းညင်းစွာ ပြောလာသည်။
“ ရေတိုကြည့်ရင်တော့ ကျွန်မတို့ရဲ့ အကျိုးအမြတ်က ခြိမ်းခြောက်ခံရနေရတာ … ဒါပေမယ့် ရေရှည်ကို မြင်ကြည့်မယ်ဆိုရင် ဗီဇဆေးရည်ကို ထုတ်လုပ်လာနိုင်တဲ့ လူတွေ များလာလေလေ … သာမန်လူတွေရဲ့ ဘဝအသက်အန္တရာယ်က ပိုပြီးတော့ အန္တရာယ် များလာလေလေပဲ … တစ်နေ့ကျရင် သူတို့က လူသားမျိုးနွယ်ကို ဘေးဒုက္ခရောက်စေတဲ့အထိ ဖြစ်လာနိုင်တယ် …”
အကယ်၍ အခြား တစ်စုံတစ်ယောက်ကသာ ဤသို့သော စကားမျိုး ပြောလာခဲ့မည်ဆိုပါက ဤလူ လေကြီးနေသည်ဟု လင်းရီတွေးမိမည်မှာ အမှန်ပင်။
သို့သော်လည်းပဲ အာယာနဲ မစ်ဆူ၏ နှုတ်ခမ်းပါးထက်က ထွက်ဆိုလာသည့် အခါတွင်တော့ ထိုသို့ မခံစားရတော့ချေ။
သူမ၏ အမြင်က သာမန်လူများစွာထက်ကို ကျော်လွန်နေသည့် အမျိုးသမီး တစ်ယောက်ဖြစ်၏။ တစ်ချိန်တည်းတွင် လင်းရီ တိလိရာ့ ကျွန်းအကြောင်း ရုတ်ချည်း တွေးမိသွားခဲ့သည်။
အင်မတန် အဆင့်အတန်း မြင့်မားလှပါသည်ဆိုသည့် လူအဖွဲ့အစည်းကြီး ….
ယနေ့ကဲ့သို့ အတိတ်သမိုင်း စာမျက်နှာတွင်သာ ကျန်ရစ်နိုင်တော့ခြင်းက ထိုသို့သော အကြောင်းအရင်းတို့ အနည်းနှင့် အများပါဝင်ဆက်စပ်နေလိမ့်မည်ဟု လင်းရီ တွေးတောမိလိုက်၏။
“ ဒီကိစ္စ ငါ ဂရုစိုက်လိုက်မယ် … သူတို့လည်း အသက်ရှည်ရှည် မနေနိုင်ပါဘူး ….”
“ ရှင့်ဘက်က ပြောလာပြီဆိုမှတော့ ကျွန်မ စိတ်ချလိုက်တော့မယ် … ဒါပေမယ့် အရမ်း ရက်စက်ဖို့တော့ မလိုပါဘူး … ဘာပဲဆိုဆို စီးပွားရေး လုပ်နေတဲ့သူ အချင်းချင်းပဲလေ …” အာယာနဲ မစ်ဆူ ပြောလိုက်၏။
“ အဓိကက ငါတို့ချင်းလည်း ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှိထားလို့ … အဲ့တာတွေလည်း ရှင်းဖို့လိုတယ် …” လင်းရီ ညှင်သာစွာ ပြောလိုက်သည်။
“ အဲ့တာဆိုရင်တော့ ကျွန်မ ဝင်မပါတော့ဘူး …”
ထိုသို့ ပြောပြီးသည့်နောက် အာယာနဲ မစ်ဆူက သူမ၏ ခါးကို နိမ့်ချည်မြင့်ချည် ကစားရင်း လင်းရီ၏ ပေါင်ပေါ်တွင် တက်ကြွစွာ လှုပ်ရှားနေတော့၏။
ဒုတိယအကျော့ ပြီးတော့ အချိန်က ညနေခင်း ခုနစ်နာရီအချိန်သို့ပင် ရောက်ရှိနေချေပြီ။
လင်းရီ ဟိုတယ်ထဲက ထွက်ခွာလာ၍ ဆေးရုံသို့ ရောက်လာခဲ့သည်။
ကားပါကင်နေရာကို ရောက်တော့ လင်းရီ ကားကို ပါကင်ထိုးပြီး မိနစ် အနည်းငယ်ကြာမျှ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်။
ယခု လီကျန်းချွမ် ကိစ္စအကြောင်း သဲလွန်စရပြီ ဖြစ်သဖြင့် ကျိုးဟိုင်ရှိ သူတို့၏ ဝယ်လက်အကြောင်းကို စုံစမ်းရန်သာ လိုအပ်တော့၏။
ပြီးလျှင် ဤကိစ္စလည်း ပြီးဆုံးသည်ဟု သတ်မှတ်နိုင်သည်။
လူနာခန်းထဲတွင် ယွီစီယင်နှင့် ရှောင်ပင်းတို့နှစ်ဦးလုံး သက်သက်သာသာနှင့် ရှိနေကြ၏။
သူတို့၏ ပြန်လည်သက်သာလာနိုင်စွမ်းကလည်း သာမန်လူတို့ထက်ကို ပိုသည်။
“ နေရထိုင်ရ အဆင်ပြေတယ်မလား ….”
“ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်သရွေ့တော့ အဆင်ပြေပါတယ် … “ ရှောင်းပင်းက အပြုံးဖြင့် ပြောလိုက်၏။
“ စင်ဂယ်နှစ်ယောက်က ဘာပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်စရာ လိုလို့လဲ ဟုတ်တယ်မလား ….” လင်းရီ ရယ်မောရင်း ပြောလိုက်ပြီး “ သက်သာလာဖို့ပဲ အာရုံစိုက်စမ်းပါ …”
“ ဟွန့် … အဲ့တာကတော့ လူကို အထင်သေးလွန်းတာ ဖြစ်သွားပြီ …”
အခန်းထဲရှိ လူတိုင်း ရယ်မောလိုက်ကြသည်။ အရာအားလုံးကလည်း ကောင်းမွန်သည့် ဦးတည်ရာဘက်ခြမ်းသို့သာ ဦးတည်နေလေသည်။
သူတို့၏ ဒဏ်ရာများကို စစ်ဆေးပြီးနောက် လင်းရီသည် ကျန်းချောင်ယွဲ့နှင့် လော့ချီတိုကို အပြင်သို့ ခေါ်သွားလိုက်သည်။
“ အစ်ကိုရီ … မစ်ရှင်ရှိလို့လား …” လော့ချီ မေးလိုက်၏။
“ ကိုးရီးယားကို သွားပြီး ဆမ်ဆောင်းရဲ့ လီရုံဂျင်းကို စောင့်ကြည့်ထားပေး … အသေးစိတ်ကိုတော့ အသင်းခေါင်းဆောင်ချိုးက မင်းကို ပို့ပေးလိမ့်မယ် …” လင်းရီ ပြောလိုက်သည်။ “ သူ့နောက်ကို ဒီတိုင်းလေးပဲ လိုက်ပြီး စောင့်ကြည့် … တခြား ဘာမှ လုပ်ဖို့ မလိုဘူး …”
နှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ “ ကျွန်မတို့ တခြား သတင်းတွေကိုရော စုံစမ်းဖို့ ရှိသေးလား … ဒါမှမဟုတ် ဒီတိုင်း လိုက်ပြီး စောင့်ကြည့်ရုံသပ်သပ်ပဲလား …”
“ ငါ့စိတ်ထဲ လီကျန်းချွမ်တို့ သားအဖက ကိုးရီးယားကို ထွက်ပြေးသွားတယ်လို့ ထင်တယ် … အဲ့ဒီအပိုင်းကို တစ်ချက် သေချာအာရုံစိုက်ပေး ….” ပြောပြီးနောက် လင်းရီ သူ့နာရီကို တစ်ချက် ကြည့်လိုက်သည်။ “ တကယ်လို့ တခြားကိစ္စတွေ မရှိဘူးဆိုရင် ဒီနေ့ပဲ သွားတော့ …”
“ အိုကေ …”
နှစ်ယောက်မှာ လိုအပ်သည်များ ပြင်ဆင်ပြီးနောက် ဆေးရုံခန်းထဲက ထွက်သွားခဲ့ကြသည်။ ကိုးရီးယားသို့ ဦးတည်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။
တာဝန်များကို ခွဲဝေပြီးနောက် လင်းရီသည် လီချူးဟန်ကို ဖုန်းဆက်လိုက်၍ သူမထံသို့ သွားရောက်လည်ပတ်ဖို့ စိတ်ကူးထား၏။ သို့ပါသော်လည်း သူမက ယနေ့ ဂျူတီမရှိသဖြင့် သူမ၏ အိမ်သို့သာ ထွက်လာခဲ့လိုက်သည်။
နောက်တစ်နေ့ နံနက်ခင်း ၊ လင်းရီ ရှင်းရှန်းရုံးခန်းကို ရောက်တော့ မနက် ဆယ်နာရီ ကျော်နေချေပြီ။
ထိုင်ခုံသို့ ဝင်ထိုင်စ ပြုပြီးသည့်အချိန်မှာပဲ ဝမ်ကျားမေထံက ဖုန်းဝင်လာခဲ့သည်။
“ အရာရှိလင်း …. ဓာတ်ခွဲခန်း ရလဒ်က ထွက်လာပြီ …” ဝမ်ကျားမေ ပြောလိုက်ပြီး “ ငါ ဒီတိုင်းတစ်ချက် ကြည့်လိုက်တာတော့ ဘာပြဿနာမှ မမြင်မိဘူးပဲ …”