← Chapters

လူရွှင်တော်

Vol. 153 Ch. 2248

လူရွှင်တော်

Vol. 153 Ch. 2248

လင်းရီ၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအောက်တွင် လီရုံဂျင်း၏ ရပ်တည်မှုတို့က ဖြည်းဖြည်းချင်း ယိုင်နဲ့လာသည်။

သူမ ဒီကိစ္စကို လင်းရီဆီ ဒီအတိုင်းပဲ ဝန်ခံလိုက်သင့်လား …

ဒီလိုနှင့် နှစ်ယောက်မှာ မတိုးသာ မဆုတ်သာ အခြေအနေသို့ ကျရောက်နေလျက် ရှိသည်။

မိနစ်ဝက်မျှကြာသည်အထိ နှစ်ဖက်စလုံး မည်သည့်ဘက်ကမျှ စကားဆိုမလာချေ။

နောက်ဆုံး၌ လီရုံဂျင်းဘက်က အလံဖြူပြလာခဲ့၏။

“ နင် အဲ့သတင်းကို ဘယ်က ရလာလဲ ငါသိချင်တယ် ….”

“ အဲ့ကိစ္စက အရေးမကြီးဘူး ….”

လင်းရီ စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ မှန်ကန်သည့်ဘက်ကို လောင်းကြေးထပ်လိုက်မိခြင်းပင်။

“ ငါ့ကို သုတေသန ကိစ္စ လက်လျှော့ဖို့ တောင်းဆိုနေရင်တော့ လုံးဝ မဖြစ်ဘူးနော် ဒါရိုက်တာလင်း …” လီရုံဂျင်းဘက်က အပြည့်အဝ ပိတ်ပင်ထားသည်။

“ အဲ့လောက်ကြီးလည်း တင်းမာနေဖို့ မလိုပါဘူးကွာ … သုတေသန လုပ်တာ မလုပ်တာက မင်းအပိုင်း … ငါ့ဘက်က ဝင်စွက်ဖက်စရာ အကြောင်းမရှိဘူး …” လင်းရီ လျစ်လျူရှုသည့် လေသံဖြင့် ပြောလိုက်ပြီး “ ငါက ဒီတိုင်း လီကျန်းချွမ်နဲ့ လီယင်ဟုန်ကို သတ်ချင်ရုံပဲ ….”

“ နင်က လီသားအဖကို သတ်ချင်နေတယ် …”

လီရုံဂျင်းမှာ ယုံကြည်နိုင်စရာ မကောင်းသည့် အရာတစ်ခုကို ကြားလိုက်ရသည့်နှယ် လေသံကို မြင့်မိသွားခဲ့၏။

“ အမှန်ပဲ …. ဒီတော့ မင်းဘာမင်း ဘယ်လိုပဲ လုပ်လုပ် သူတို့နှစ်ယောက် သေကိုသေရမယ် …” လင်းရီ ရှင်းပြလိုက်သည်။ “ ငါ မင်းနဲ့ ညှိနှိုင်းချင်လို့ ဖုန်းဆက်လိုက်တာ မဟုတ်ဘူး … ဒီတိုင်း ငါတို့နှစ်ယောက်ရဲ့ ပတ်သက်မှုအရ အသိပေးရုံသပ်သပ်ပဲ …”

“ ဒါဆိုရင်တော့ ငါ့ဘက်ကလည်း အားနာပါတယ်လို့ ပြောရတော့မှာပဲ … နင့်ဘာနင် ဆွေးနွေးချင်တာပဲ ဖြစ်ဖြစ် ၊ အသိပေးချင်တာပဲ ဖြစ်ဖြစ် အဲ့ကိစ္စကိုတော့ ငါ လုံးဝ သဘောမတူနိုင်ဘူး …”

“ ငါတို့ရဲ့ ဆက်ဆံရေးကြောင့်မို့သာ ဒီဖုန်းကို ခေါ်လိုက်တာ … ငါ သွားမယ့်လမ်းကို လာပိတ်မယ်ဆိုရင်တော့ မင်းဆိုရင်လည်း ဖြိုလဲပစ်ရမှာပဲ …..”

“ နင် သိပ်အတင့်ရဲလွန်းတယ် …”

“ ငါက ဘာလို့ မရဲရမှာ …”

လင်းရီ တည်ငြိမ်စွာ ဆိုလိုက်၏။ သူ၏ လေသံက ဘာမဟုတ်သည့် ကိစ္စတစ်ခုကို ပြောဆိုနေသည့်နှယ် အေးဆေးလွန်းလှသည်။

“ ငါ ပြောတာ မမှားရင် မင်းဒီနေ့ မိတ်ကပ်ရောင် ကုတ်နဲ့ အနက်ရောင် စတော်ကင်ကို ဝတ်ထားတယ်မလား … ငါ တခြား ဘာမှတော့ မပြောလိုဘူး … ဒါပေမယ့် တကယ်လို့ ငါသာ ဆန္ဒရှိရင် မင်း ကုမ္ပဏီ အဆောက်အဦးထဲကနေတောင် ထွက်သွားနိုင်မှာ မဟုတ်ဘူး …”

“ နင် … တကယ်ပဲ ---- “

ချက်ချင်းဆိုသလို လီရုံဂျင်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့၏။ ဤလူ၏ ရှေ့မှောက်တွင် သူမမှာ မည်သည့်အခွင့်အရေးမျှ မရှိကြောင်းကို နားလည်သတိပြုမိလိုက်သည်။

လီရုံဂျင်း လေးလံသည့် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ “ ဗီဇဆေးရည် ပရောဂျက်က လီမိသားစု နှစ်တွေ အကြာကြီး တိုးတိုးတိတ်တိတ်နဲ့ ကြိုးစားနေတဲ့ အရာပဲ … ပြီးတော့ ငါတို့ဘက်က လိုအပ်တဲ့ ဒေတာ အချက်အလက်တွေ သူတို့လက်ထဲ ရှိနေတာနဲ့ အံကိုက်ဖြစ်သွားတယ် … နင် သူတို့ သားအဖကို သတ်ချင်ရင်လည်း ရတယ် … ဒါပေမယ့် သူတို့ရဲ့ နည်းပညာကို ရယူဖို့ ငါ့ကို အချိန်နည်းနည်းလောက်တော့ ပေးနိုင်မယ်မလား ….”

“ မဖြစ်နိုင်ဘူး …” လင်းရီ အခိုင်အမာ ဆိုလိုက်ပြီး “ ငါက ရန်ငြိုးတွေကို နေ့မကူးတတ်ဘူး … သူတို့ ရှိနေတဲ့ နေရာကို သိပြီဆိုတော့ ငါအခုချက်ချင်း ကိုးရီးယားကို ရောက်လာမှာပဲ ….”

“ အဲ့တာဆိုရင်လည်း နင် ငါ့ကို တစ်ခုလောက် ကူညီပေးပါလား … သူတို့လက်ထဲက ဒေတာတွေကို ရအောင် ကူညီပေးနိုင်မလား …”

“ ငါ အတတ်နိုင်ဆုံးတော့ ကြိုးစားပေးမယ် ….”

“ နင် ဒီရောက်ရင် ဖုန်းခေါ်လိုက် … လေဆိပ်မှာ လာကြိုပေးမယ် ….”

“ ကောင်းပြီလေ … တွေ့တဲ့အချိန်ကျမှ စကားဆက်ပြောကြတာပေါ့ ….”

ဖုန်းချပြီးနောက် လင်းရီသည် ကျီချင်းရန်ထံသို့ ဖုန်းဆက်၍ ကိုးရီးယားသို့ ခရီးထွက်မည့်အကြောင်း ပြောပြလိုက်သည်။

သူမဘက်က များများစားစား မဆိုချေ။ ပရောဂျက် ကိစ္စ ကိုင်တွယ်သည်ဟုသာ မှတ်ယူသဖြင့် အေးအေးလူလူပဲ ခွင့်ပြုလိုက်၏။

အလျင်အမြန် ပြင်ဆင်ပြီးနောက် လင်းရီသည် လေဆိပ်ထံသို့ မောင်းနှင်လာပြီး သုံးနာရီကြာ လေယာဉ်စီးပြီးနောက်တွင် ဆိုးလ်မြို့သို့ ရောက်ရှိလာခဲ့၏။

ဟွာရှနှင့် ကိုးရီးယားက အချိန်တစ်နာရီ ကွာခြားသဖြင့် သူ လေယာဉ်ပေါ်ကဆင်းပြီး ဆိုးလ်မြို့သို့ ရောက်ရှိချိန်တွင် ညနေခင်း ငါးနာရီကျော်နေပြီ ဖြစ်၏။

လီရုံဂျင်းကလည်း သူမ၏ စကားအတိုင်း လေဆိပ်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး လင်းရီကို ကြိုဆိုသည်။

လီရုံဂျင်းကို မြင်တော့ လင်းရီမှာ ရင်သပ်ရှုမော ဖြစ်မိသွားခဲ့၏။

သေစမ်း … ချောင်ယွဲ့ ပြောတာ မမှားဘူး … တကယ်လည်း ဆွဲဆောင်မှု အပြည့် ဖြစ်နေတာပဲ …”

“ သွားစို့….”

လီရုံဂျင်းက အထင်ကြီးဖို့ ကောင်းစွာဖြင့် ကားကို လေဆိပ်ထဲသို့ မောင်းဝင်လာခဲ့ပြီး လင်းရီကို ကြိုဆိုသည်။

“ အဲ့နှစ်ယောက် အခု ဘယ်မှာလဲ …”

“ လီမိသားစု ဗီလာမှာ …”

“ ဆွေးနွေးနေတာရော ဘယ်လိုဖြစ်သွားပြီလဲ ….”

“ တော်တော်လေးတော့ အထိုင်ကျသွားပါပြီ …” လီရုံဂျင်း ပြောလိုက်ပြီး “ ထုတ်လုပ်ရေး လိုင်းတစ်ခု တည်ဆောက်ဖို့က အနည်းဆုံး ဒေါ်လာ ၁၄ ဘီလီယမ် လိုမယ် … “

“ ဒေါ်လာ ၁၄ ဘီလီယမ် .. သူတို့ မင်းကို ဂျင်းထည့်နေတာများလား ….”

လီရုံဂျင်းက ကျော့ရှင်းမှုရှိရှိ ဆံပင်ကို အနောက်သို့ သပ်လိုက်၏။

“ သုတေသန လုပ်တဲ့အပေါ်ကို ရင်းနှီးလာတာ ဒေါ်လာ ၈ ဘီလီယမ် ရှိနေပြီ … ဒီအထိ ရောက်လာပြီးမှတော့ သူဌေးဖြစ် ခွေးဖြစ် လုပ်ရုံပဲလေ …”

သူမဆိုလိုချင်တာကို လင်းရီ နားလည်သည်။

သူမ၏ အိုင်ဒီယာက ယခုလို ပြုလုပ်ပြီး မစ်ဆူအုပ်စုကို ဖိနှိပ်ဖို့ပင်။ နှစ်ပေါင်းများစွာ ယှဉ်ပြိုင်လာသည့်နောက်တွင် မစ်ဆူမိသားစုက ဗီဇဆေးရည်ဖြင့် အသာစီး ရရှိနေသည်က လီရုံဂျင်းကို အတော်လေး စိုးရိမ်ကြောင့်ကြစေသည်။

ယခုအချိန်တွင် စွန့်စားပြီး ရင်းနှီးမှုပြုသည်က သင့်တင့်လျောက်ပတ်သည့် အကြောင်းပြချက်တစ်ခုပင်။

“ ငါတို့ သဘောတူထားတာကို မမေ့နဲ့ … နင်က စကားတည်တဲ့ လူတစ်ယောက် ဖြစ်မယ်လို့တော့ ထင်ပါတယ် …”

လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ “ မင်း ပြောချင်တာ ဆေးရည်ရဲ့ အဓိက နည်းပညာကိုမလား … ငါနားလည်တယ် …. ငါ့ဘက်က အကောင်းဆုံး ကြိုးစားပေးမယ် ….”

“ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် နင် ငါ့ကို နောက်ကိစ္စတစ်ခုလောက် ထပ်ပြီး ကူညီပေးပါလား ….”

“ နောက်ထပ် ကိစ္စ တစ်ခုလား ….”

လီရုံဂျင်းက လင်းရီကို ကြည့်ပြီး တည်ငြိမ်သည့် မျက်ဝန်းတို့ဖြင့် မေးလာခဲ့၏။ “ ငါ နင့်ကို အပြည့်အဝ ယုံကြည်လို့ရမယ်မလား …”

“ ဒါပေါ့ …” လင်းရီ ပခုံးတွန့်ပြလိုက်ပြီး “ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ ငါကလွဲပြီး မင်း ယုံလို့ ရမယ့်လူ ဘယ်သူ ရှိသေးလို့ ….”

လီရုံဂျင်း နှုတ်ခမ်းကို ခပ်ဖွဖွ ဖိကိုက်ထားပြီး စိတ်ထဲတွင် ကောင်းကျိုးဆိုးပြစ်များကို ချင့်ချိန်နေဟန်ရသည်။

“ သူတို့မှာ ဘက်စ် နှစ်ကီလိုလည်း ပါလာသေးတယ် … နင် ငါ့ကို ကူပြီး ယူပေးပါလား …”

“ ဘက်စ် ကျောက်တုံးလား …”

ဤသည်ကို ကြားတော့ လင်းရီ အတော်လေး အံ့အားသင့်သွားခဲ့သည်။

အဲ့ဒီ သောက်သုံးမကျတဲ့ သားအဖက ဘက်စ်ကျောက်တုံးနဲ့ ထွက်ပြေးလာတယ်တဲ့လား …

တကယ့်ကို မယုံကြည်နိုင်စရာပဲ …

“ အင်း ….” လီရုံဂျင်း ဆက်ပြီးပြောသည်။

“ ငါတို့ ဆွေးနွေးညှိနှိုင်းတာတွေ အများကြီး လုပ်တယ် … ဒါပေမယ့် ကျောက်တုံးနဲ့ ပတ်သက်လို့ ဘယ်တော့မှ သဘောတူညီချက် မရဘူး … နင် ငါ့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် … နင့်အတွက်နင် သိမ်း မထားဘဲနဲ့ပေါ့ ….”

“ ရတယ် … ဒါပေမယ့် အခြေအနေ တစ်ရပ်တော့ ရှိမယ် …” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ လီမိသားစု ကိုယ့်ဘာကိုယ် အသုံးပြုဖို့ဆို ရတယ် …. ဒါပေမယ့် အပေးအယူ လုပ်ဖို့အတွက် သုံးမယ်ဆိုရင်တော့ ငါ သဘောမတူနိုင်ဘူး …”

“ အဲ့ကိစ္စ ပူစရာ မလိုပါဘူး … ဒါက ကိုးရီးယား … ဒီနေရာက ဟွာရှလို မဟုတ်ဘူး ….”

“ ဒါဆိုရင်တော့ ပြဿနာ မရှိတော့ဘူး … ဒါပေမယ့် ငါတစ်ယောက်တည်း ဆိုရင်တော့ နည်းနည်း ခက်ရင် ခက်နိုင်တယ် …” လင်းရီ စဉ်းစားလိုက်ပြီး “ ရှိုးတစ်ခု ဖန်တီးကြတာပေါ့ ….”

….

ဆိုးလ်၊ ဂျင်နန် ဗီလာခရိုင်။

လီကျန်းချွမ်နှင့် လီယင်ဟုန်တို့သည် ကျယ်ပြောသည့် ဧည့်ခန်းထဲတွင် ထိုင်နေလျက် ငြိမ်ချက်သားကောင်းနေကြသည်။

ထိုအချိန် လီယင်ဟုန်က မျက်မှောင်ကြုတ်လျက် “ ကျုံးဝေ့တပ်ဖွဲ့က ဂိုဏ်းကို စပြီး ရှင်းလင်းနေပြီလို့ အခုလေးတင်ပဲ သတင်းရတယ် … အခု ကျန်တော့တာဆိုလို့ အခွံပဲ ရှိတော့တယ် .. ခေါင်းဆောင်အသစ်ကိုလည်း ရန်ကျင်းက ခန့်အပ် ရွေးချယ်ပေးမှာ … ပြီးတော့ ဖရီးမေဆင် ဌာနချုပ်ဘက်ကလည်း ဘာလှုပ်ရှားမှုမှ ရှိမလာဘူး ….”

ထောက် ….

လီကျန်းချွမ်က မီးခြစ် ထုတ်၍ စီးကရက် တစ်လိပ်ကို မီးညှိလိုက်သည်။

“ ငါ ထင်တာ မှန်သွားတာပဲ … ဖရီးမေဆင်က ငါတို့ သေတာ ရှင်တာ စိတ်မဝင်စားဘူး ….”

“ အဲ့အကြောင်းပြောဖို့ နောက်ကျလွန်းနေပြီ … ကျွန်တော်တို့က အခု လီမိသားစုရဲ့ ကာကွယ်ပေးမှုအောက်မှာ ရောက်နေပြီ … နိုင်ငံခြား အဖွဲ့အစည်းတွေကို မပြောသေးနဲ့ … ဖရီးမေဆင်တောင် အရမ်းကာရော လှုပ်ရှားဝံ့မှာ မဟုတ်ဘူး ….”

“ လီရုံဂျင်းဘက်က စိတ်ရင်းအမှန်ကို ပြသထားပြီးပြီ … အခု ဒီကိစ္စကို ဖြေရှင်းရတော့မယ့် အချိန်ပဲ …”

“ ဒါပေမယ့် အဓိက နည်းပညာကိုတော့ ငါတို့ လက်ထဲမှာပဲ ကိုင်ထားရမယ် ….” လီကျန်းချွမ်က စီးကရက်ကို ပြာတစ်ချက် တောက်လိုက်ပြီး “ တကယ်လို့ သူ့ လက်ထဲ ရောက်သွားမယ်ဆိုရင် ငါတို့ရဲ့ အခု အခြေအနေလည်း အန္တရာယ်များလာနိုင်တယ် ….”

အန္တရာယ်က မပြီးဆုံးသေးဘူးဆိုတာကို နှစ်ဦးလုံးက ကောင်းမွန်စွာ သတိပြုမိကြသည်။

လီရုံဂျင်း ၊ ထိုအမျိုးသမီးက အမျိုးသားတွေထက်ပင် ပို၍ ရက်စက်တတ်သေး၏။

သူတို့ကသာ တန်ဖိုးမရှိတော့ဘူးဆိုပါက သေမင်းက အချိန်မရွေး ရောက်လာနိုင်သည်။

“ ကျွန်တော် နားလည်တယ် …” လီယင်ဟုန်က အုံ့မှိုင်းသည့် အမူအရာဖြင့် ပြန်ဖြေလိုက်၏။

သားအဖ နှစ်ယောက် စကားပြောဆိုနေတုန်းမှာပဲ အပြင်ဘက်မှ ထင်မှတ်မထားသည့် ခြေလှမ်းသံများကို ကြားလိုက်ရသည်။

နှစ်ဦးလုံး မသိစိတ်အလျောက် လှည့်ကြည့်လိုက်မိလိုက်တော့ ရုတ်တရက် ဆိုသလို ချွေးအေးတို့က နဖူးထက်မှနေ၍ လှိမ့်ဆင်း စီးကျလာလေသည်။

တစ်ကိုယ်လုံး အနက်ရောင် ဝတ်ထားပြီး လူရွှင်တော် မျက်နှာဖုံးနှင့် လူတစ်ယောက်က သူတို့ရှိရာထံသို့ တစ်လှမ်းချင်းတစ်လှမ်း ချဉ်းကပ်လာနေလျက်ရှိသည်။

All Chapters