ဆုံးရှုံးပြီးနောက်မှာ နောင်တရနေလို့ အချည်းနှီးပဲ
Vol. 153 Ch. 2251
လီရုံဂျင်း၏ သတိပေးမှုအောက်တွင် လင်းရီ ဖြစ်နိုင်ချေ တစ်ခုကို တွေးတောမိသွားခဲ့သည်။
ဟွာရှတွင် လီကျန်းချွမ်နှင့် ဗီဇဆေးရည် ကိစ္စ ဆက်နွယ်နေနိုင်သူက တစ်ဦးတည်းသာ ရှိပုံရသည်။ ထိုလူကလည်း ယခင်က သူတို့နှင့် ဗီဇဆေးရည်ကို အပေးအယူ လုပ်ခဲ့ဖူးသူ ဖြစ်ရမည်။ သံသယ ရှိနေစရာ မလိုလောက်အောင်ကိုပဲ ထိုလူက ဟွာရှက ဖြစ်ပြီး အထူးသဖြင့် ကျိုးဟိုင်က ဖြစ်နိုင်သည်။
ထိုလူ မည်သူလဲဆိုတာကို အသေးစိတ် အတိအကျ မရှင်းလင်းသေးရုံမျှသာ ဖြစ်၏။
ယခု ပြဿနာမှာ လီမိသားစုက နာမည်ပျက်သွားခဲ့ပြီး ကျုံးဝေ့တပ်ဖွဲ့၏ ပစ်မှတ် ဖြစ်လာခဲ့၏။ သူတို့တွေ ကျုံးဝေ့တပ်ဖွဲ့ လက်ထဲသို့ ကျရာက်သွားသည်နှင့် ညှင်းပန်းနှိပ်စက်နည်းလမ်း ပေါင်းစုံနှင့် စစ်ဆေးမေးမြန်းခံရမှာ ဖြစ်ပြီး သေဖို့ တောင်းဆိုလျှင်ပင် ဖြစ်နိုင်မှာ မဟုတ်ပေ။ အကယ်၍ သူတို့ဘက်က ဝန်ခံပြီး တစ်ဖက်ကို ဖော်ထုတ်လိုက်မည်ဆိုပါက ၎င်းတို့ဘက်က လီကျန်းချွမ်ကို သုတ်သင်ရှင်းလင်းဖို့ရာအတွက် အကြောင်းအရင်း ရှိသွားလိမ့်မည်။ ပြီးတော့ ဤသည်ကိုလည်း လီကျန်းချွမ်ဘက်က ထည့်သွင်းစဉ်းစားပြီး ဖြစ်၏။
ထို့ကြောင့်ပဲ အနက်ဝတ်နှင့်လူ ရောက်လာချိန်၌ ကျိုးဟိုင်က သူ့ ပါတနာ သူ့အား သတ်ဖြတ်ရန် စေလွှတ်လိုက်ခြင်း ဖြစ်မည်ဟု လီကျန်းချွမ်က သဘာဝအလျောက် တွေးတောမိသွားခဲ့၏။
သို့အတွက်ကြောင့် သေခါနီးဆဲဆဲ အချိန်အခိုက်အတန့်၌ ဤ စကားလုံးကို ရေးသား ချန်ရစ်ခဲ့ပြီး မြင်တွေ့သည့်လူတိုင်း သူ့ကို သတ်သွားသည့် လူသတ်သမားက မည်သူမည်ဝါ ဖြစ်သည်ကို သဲလွန်စ ပေးထားခဲ့ခြင်းပင်။
ဤသတင်းအချက်အလက်ကြောင့် စုံစမ်းစစ်ဆေးဖို့ လိုအပ်သည့် နယ်ပယ်ကလည်း များစွာ ကျဉ်းမြောင်းသွားခဲ့ပြီး တစ်ဖက်လူ၏ အထောက်အထားကို စုံစမ်းဖို့က ထင်သလောက် ခက်ခဲမှာ မဟုတ်တော့ချေ။
ဟင်း ….
ဤအရာများအား တွေးတောရင်း လင်းရီ စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
အနည်းဆုံးတော့ ဖြေရှင်းဖို့ မဖြစ်နိုင်ဟု ထင်ရသည့် ပြဿနာ တစ်ရပ်က သူ့မျက်စိရှေ့တွင် ဖြေရှင်းပြီးလု နီးပါး ဖြစ်သည်ဟု ထင်လာရ၏။ အနည်းငယ်တော့ နှမြောဖို့ ကောင်း၏။ အကယ်၍ လီသားအဖသာ သေဆုံးသွားခဲ့ခြင်း မရှိဘူးဆိုပါက စုန့်ကျန်း ရဲစခန်းထဲတွင် သူလျှိုသွင်းထားသည့်လူက မည်သူ ဖြစ်ကြောင်းကို စစ်ဆေးမေးမြန်းနိုင်လိမ့်ဦးမည်။
ထိုအခါ မာတဲ့ဟုန် သေသွားခဲ့ရသည့် အမှုသည်လည်း ဖြေရှင်းနိုင်သွားမှာ ဖြစ်၏။
သို့သော် နှစ်ဦးလုံးက သေသွားခဲ့ပြီ ဖြစ်ရာ သူလျှိုကို ဖမ်းမိရန်အတွက် ပိုပြီး စုံစမ်းစစ်ဆေးမှုတို့ ပြုလုပ်ဖို့ လိုအပ်လာသည်။
“ အလောင်းတွေကို တစ်ယောက်ယောက် ကိုင်တွယ်ခိုင်းလိုက် … သူတို့က အသုံးမဝင်တော့ဘူး …” လင်းရီ ပြောလိုက်ပြီး အနက်ရောင် သေတ္တာကို ပုတ်ပြလိုက်သည်။
“ မင်းလိုချင်တဲ့ ဒေတာတွေတော့ ငါ မယူပေးနိုင်တော့ဘူး … အခုလိုဖြစ်သွားမှတော့ ဘယ်တတ်နိုင်မှာ … ဒါပေမယ့် ဒီပစ္စည်းကိုတော့ မင်းဖို့ ထားခဲ့ပေးမယ် ….”
“ ဘယ်တတ်နိုင်မှာ … ကံဆိုးတယ်ပဲ မှတ်လိုက်တာပေါ့ ….” လီရုံဂျင်း ပြောလိုက်ပြီး “ ဒါပေမယ့် ဘက်စ်ကျောက်တုံးကို ရနိုင်လိုက်တာကလည်း အမြတ်ပဲလို့ တွက်ရမှာပဲလေ … ဒီလောက်ဆိုရင်ကို လုံလောက်နေပါပြီ …”
“ ပစ္စည်းက မင်းဥစ္စာပဲ … ဒါပေမယ့် ဒီအတွက် ငါ့ဘက်က တစ်ခုတောင်းဆိုချင်တယ် …”
“ ပြော …”
“ ပစ္စည်းကို မင်း သိမ်းထားလို့ရတယ် … ငါ ဘာစကားတစ်ခွန်းမှ ပြောမှာ မဟုတ်ဘူး … ဒါပေမယ့် ကိုးရီးယား အစိုးရလက်ထဲ လက်လွှဲပေးဖို့ စဉ်းစားနေမယ်ဆိုရင်တော့ ငါ ကြိုပြီး တောင်းပန်ထားရတော့မှာပဲ ….”
“ ငါ့ကို ခြိမ်းခြောက်နေတာလား … ဒါက ကိုးရီးယားဆိုတာ မမေ့လိုက်နဲ့ …”
“ မင်း အစ်ကို ဘယ်လိုမျိုး သေသွားပြီး ဒီနေရာကို မင်း ဘယ်လိုမျိုး ရောက်လာလဲဆိုတာရော မေ့သွားပြီလား ….” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ မင်းလက်ထဲက အဲ့ဒီ သေနတ်က …. ကြည့်ရတာ ငါ့ရန်ကို ကာကွယ်ဖို့ ကြိုတင် ပြင်ဆင်ထားတယ် ထင်တယ် … ပြောရမှာ စိတ်မကောင်းပေမယ့် အဲ့ သေနတ်လောက်နဲ့တော့ ငါ မသေနိုင်ဘူး … ဒီတော့ အသုံးမဝင်တဲ့အရာတွေ မလုပ်ချင်နဲ့… ငါ့ စကားနားထောင်လိုက်တာက မင်းအတွက် အကျိုးမယုတ်ပါဘူး ….”
လီရုံဂျင်း ခေတ္တမျှ တိတ်ဆိတ်သွားခဲ့၏။ သူမ လင်းရီကို ဆန့်ကျင်သည့် မည်သည့်အရာတို့မျှ ပြုလုပ်နိုင်ခြင်း မရှိသည်ကိုလည်း သူမကိုယ်သူမ နားလည်သည်။
“ ဒီ ပစ္စည်းတွေကို လီမိသားစု ကိုယ်ပိုင် သီးသန့်အတွက်ပဲ အသုံးချမယ်လို့ ကတိပေးတယ် … တခြား ဘယ်သူ့လက်ထဲမှ မရောက်စေရဘူး ….”
“ ငါကြားချင်တာလည်း အဲ့တာပဲ … ဒီလောက်ဆို လုံလောက်ပြီ ….”
လင်းရီ မတ်တပ်ရပ်ပြီး အဝတ်ပြန်ဝတ်လိုက်သည်။ “ ငါ အခု သွားတော့မယ် … တစ်ခုခု လိုအပ်တာရှိရင် ဆက်သွယ်လိုက် …”
လီရုံဂျင်းလည်း မတ်တပ်ရပ်ပြီး လင်းရီကို တံခါးဝအထိ လိုက်ပို့ပေးသည်။ သို့သော် ထိုမျှအထိပင်။ တံခါးဝတွင် ရပ်တန့်နေရင်း ထွက်ခွာသွားသည့် လင်းရီ၏ နောက်ကျောပုံရိပ်ကို ငေးကြည့်နေခဲ့သည်။
လမ်းမပေါ်ရောက်သည်နှင့် လင်းရီ တက္ကစီ တစ်စင်းငှားပြီး လေဆိပ်ထံ ဦးတည်ဖို့ ဟန်ပြင်လိုက်သည်။ ထို့နောက် ကျန်းချောင်ယွဲ့တို့ထံ ဖုန်းဆက်ပြီး လေဆိပ်တွင် ဆုံတွေ့ဖို့ ပြောလိုက်၏။
…..
တစ်နာရီခန့် ကြာပြီးနောက် သူတို့သုံးဦး လေဆိပ်တွင် တွေ့ဆုံသည်။
“ ဟင် အစ်ကိုရီ … ဘာတွေ ဘယ်လိုဖြစ်ခဲ့တာလဲ …”
လင်းရီ မျက်နှာပေါ်ရှိ အညိုအမည်းဒဏ်ရာများကို မြင်တော့ ကျန်းချောင်ယွဲ့က အံ့အားတကြီး မြည်တမ်းမိလိုက်၏။
“ အင်း ငါပြဿနာ တစ်ခုနဲ့ တိုးခဲ့မိလို့လေ … အဲ့မှာ ငါတို့ တိုက်ခိုက်ကြတယ် … ဒါပေမယ့် အသေးအမွှားလေးပါပဲ … စိတ်ပူဖို့ မလိုပါဘူး …”
“ ဒါက ….”
သူတို့ မျက်လုံးထဲတွင် လင်းရီက ပြိုင်ဘက်ကင်းသူ တစ်ဦးပင်။
တစ်ဦးတစ်ယောက်ချင်း တိုက်ခိုက်သည့် တိုက်ပွဲ၌ သူတို့ အသင်းခေါင်းဆောင်က ပြိုင်ဘက်တိုင်းကို ချေမှုန်းနိုင်သူပင်။
လင်းရီ၏ ယခုလို အခြေအနေကို မြင်တွေ့ရသည်က သူတို့အတွက် လက်ခံနိုင်ဖို့ အနည်းငယ် ခဲယဉ်းလှသည်။
“ ရေးကြီးခွင်ကျယ်တွေ လုပ်မနေစမ်းနဲ့ … ဒဏ်ရာရတယ်ဆိုတာ ပုံမှန်ပဲ မဟုတ်လား … ငါ့ထက် သန်မာတဲ့လူတွေ အများကြီး ရှိတယ် … ရေတွင်းထဲက ဖားသူငယ်လို လုပ်မနေကြနဲ့ …”
“ ဒါဆို အားလုံး ဖြေရှင်းပြီးသွားပြီပေါ့ … လီရုံဂျင်းနဲ့ရော တွေ့ခဲ့သေးလား ….”
“ အင်း … လုံးဝ အမေးဇင်းပဲ … တကယ်လို့ သူသာ C cup လောက်ဆိုရင် ငါနည်းနည်းပါးပါး စဉ်းစားမိမှာ … ဒါပေမယ့် B cup ကတော့ သိပ်သေးလွန်းတယ် …”
လော့ချီ “ …. “
“ အစ်ကိုရီ … ရှင် အဲ့လို မပြောစမ်းနဲ့ … ဆက်ပြောနေရင် ကျွန်မ အသင်း တစ်ထဲ ဝင်နိုင်ခဲ့တာက ဒီ အသားစိုင်ကြီး နှစ်ခုကြောင့်လို့ တကယ်ပဲ ထင်မိတော့မယ် …”
“ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိစမ်းပါ… တကယ်လည်း အဲ့လိုမျိုးပဲလေ …”
“ ချီပဲ … အစ်ကိုရီ … ရှင်… ရှင် မကောင်းတဲ့လူ …”
“ ကဲ … ရပြီ … မင်းတို့နှစ်ယောက် ခဏလောက် နားနားနေနေ နေလိုက်ကြဦး …”
ပြောပြီးနောက် လင်းရီ ဖုန်းထုတ်၍ ချိုးယွီလော့၏ နံပါတ်ကို နှိပ်လိုက်သည်။
“ ဟယ်လို …”
“ မင်း အလုပ်ရှုပ်နေလား … မရှုပ်ဘူးဆို ငါ့ဖို့ သတင်း တစ်ချို့လောက် စုံစမ်းပေးစမ်းပါ ….”
“ ပြောလိုက် … ဆမ်ဆောင်းရဲ့ လီမိသားစု အကြောင်းလား …”
“ မဟုတ်ဘူး … ငါ့ကို လူတစ်ယောက်အကြောင်း ကူပြီး စုံစမ်းပေး ….” လင်းရီ ပြောလိုက်ပြီး “ သူ့ရဲ့ မျိုးရိုးနာမည်က ကျိုး .. ကျိုးဟိုင်ဒေသခံလို့ ထင်ရတာပဲ … အရင်တုန်းက ဟုန်မန်ဂိုဏ်းနဲ့ ဗီဇဆေးရည် အပေးအယူ လုပ်တဲ့ ကိစ္စမှာ ပါဝင်ပတ်သက်နေလောက်တယ် …”
“ ကျိုးမိသားစုလား …”
ချိုးယွီလော့က အံ့အားသင့်သည့် လေသံဖြင့် သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်မိသည်။
“ ဘာလို့ … မင်း အဲ့လူနဲ့ သိလို့လား ….”
“ ကျိုးဟိုင်မှာ တကယ်ပဲ ကျိုးမိသားစု ရှိတယ် … နာမည်က ကျိုးကွမ်းယောင် …. သူ့သားက ကျိုးထျန်းချီ … အရင် အသင်း ၄ ရဲ့ အဖွဲ့ဝင် တစ်ဦးပဲလေ …”
“ အဲ့လိုသာဆိုရင်တော့ ဒီကိစ္စက အတော်လေး အဆင်ပြေသွားပြီပဲ …”
“ ဒါပေမယ့် ငါ ကျိုးမိသားစုအပေါ် စောင့်ကြည့်ထားမိသလောက်ကတော့ အသင်း ၄ ဖျက်သိမ်းပြီးကတည်းက သူတို့တွေ အတော်လေး တိတ်ဆိတ်နေတယ် … ပြောစမှတ်ပြုလောက်စရာ ဘာလှုပ်ရှားမှုမှလည်း မရှိဘူး ….”
လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် တွေးတောလိုက်ပြီး သူ့မျက်လုံးတို့ လှုပ်ခတ်သွားခဲ့သည်။
“ သူတို့အပြင် အသင်း ၄ ထဲမှာ နာမည်’ကျိုး’နဲ့ တခြားတစ်ယောက် ရှိသေးလား ….”
“ တုန်းပေက နောက်တစ်ယောက်ရှိတယ် ..…”
“ တုန်းပေတစ်ယောက်ကတော့ မဖြစ်နိုင်ဘူး … ဆိုတော့ သူတို့ပဲ ဖြစ်ရမယ် …” လင်းရီ ပြောလိုက်ပြီး “ သူတို့က တိတ်ဆိတ်နေတယ်ဆိုပေမယ့် ကုပ်ကမျဉ်းလည်း ဖြစ်နေနိုင်တယ်လေ …”
“ ငါ တစ်ချက် စစ်ဆေးကြည့်လိုက်ရမလား …”
“ လုပ်လိုက် … ငါတော့ သူတို့ဘက်မှာ ပြဿနာ ကြီးကြီးမားမား ရှိနေတယ်လို့ ထင်တယ် … အရင်တစ်ခေါက်က ဟုန်မန်ဂိုဏ်းနဲ့ အပေးအယူ လုပ်တဲ့လူက သူတို့ ဖြစ်နေနိုင်တယ် …” လင်းရီ ပြောလိုက်ပြီး “ ငါ့ဘက်က အသင်း ၁ ကို ကျိုးဟိုင်က အခြေအနေတွေ တစ်ချက် စစ်ဆေးခိုင်းထားမယ် … ပြီးရင် ဒီကိစ္စကို မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းရမယ် …”
“ အိုကေ … ငါနဲ့ အပ်ထားလိုက် …”
ချိုးယွီလော့နှင့် ဖုန်းပြောပြီးနောက် လင်းရီသည် လက်ကို ခေါင်းအုံးလုပ်ပြီး အတွေးနက်သွားခဲ့သည်။
သူ့ဘက်က မှန်ကန်သည့် အမှတ်နေရာကို ထောက်မိပြီဟု ခံစားနေရ၏။
လိုအပ်နေသည့် တစ်ခုတည်းသောအရာက သက်သေ အချက်အလက်ပင်။ မဟုတ်ဘဲ အကြောင်းပြချက် မရှိ လှုပ်ရှားမည်ဆိုပါက ကိုယ့်ဘက်ကိုယ် မီးပြန်လောင်လာနိုင်သည်။
နှစ်နာရီခွဲလောက် ကြာပြီးနောက် လေယာဉ်က ကျိုးဟိုင်လေဆိပ်သို့ ဆင်းသက်လာခဲ့ပြီး အချိန်က မနက် တစ်နာရီကျော် အချိန်သို့ပင် ရောက်ရှိနေလေသည်။
သုံးယောက်သား တက္ကစီစီး၍ ပန်နီဆူလာဟိုတယ်သို့ ရောက်လာခဲ့ကြပြီး ညကို ဤနေရာတွင် အိပ်စက်အနားယူ၍ နောက်တစ်နေ့ ကိစ္စများကို မနက်မိုးလင်းမှပဲ စီစဉ်ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
……
သူတို့တွင် အခြားကိစ္စများ ဆောင်ရွက်စရာ ရှိသဖြင့် နောက်တစ်နေ့ နံနက်ခင်း ခြောက်နာရီတွင် သုံးဦးသားလုံး အိပ်ရာက နိုးလာခဲ့ကြသည်။
ထို့နောက် တတိယလွှာရှိ ဘူဖေးစားသောက်ဆိုင်သို့ ဦးတည်လာသည်။
မနက်စာ စားနေစဉ်တွင် လင်းရီက နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်၏။
“ ဟုန်မန်ဂိုဏ်း ဖြစ်ရပ်မှာ ပါဝင်ပတ်သက်နေတဲ့လူတွေက ကျိုးဟိုင် ကျိုးမိသားစု ဖြစ်ဖို့များတယ် … မင်းတို့နှစ်ယောက်က အသင်း ခေါင်းဆောင်ချိုးနဲ့ ပူးပေါင်းပြီး ဒီကိစ္စ တစ်ချက် စုံစမ်းလိုက် … ပြီးတော့ နှစ်သစ်ကူးကလည်း ရောက်လာတော့မှာ … ဒီတော့ မင်းတို့ရဲ့ အချိန်ဇယားကို သေချာစီစဉ်ပြီး မိသားစုနဲ့ တွေ့ဆုံမယ့် ကိစ္စကိုလည်း မလွဲချော်စေနဲ့ ….”
“ တွေ့တာက ကိစ္စမရှိဘူး .. နေ့တိုင်းလည်း နိုက်ကလပ်မှာ အချိန်ဖြုန်းနေကြပဲ ….”
လော့ချီကလည်း ပခုံးတွန့်ပြလိုက်၏။ “ ကျွန်မလည်း ညီအစ်မကောင်းတွေနဲ့ ခရီးထွက်နေကြ … အားလပ်ရက်ကို အိမ်မှာ အချိန်ဖြုန်းတယ်ဆိုတာ ခပ်ရှားရှားရယ် …”
“ အဲ့တာ အရင်တုန်းက … အခု မင်းတို့မှာ အခွင့်အရေး ရှိတယ်ဆိုရင် ကိုယ့်မိဘတွေနဲ့ အချိန်ပိုဖြုန်းပေး … ကျုံးဝေ့တပ်ဖွဲ့က ကောင်းတဲ့နေရာမဟုတ်ဘူး … မင်းတို့က အခု လူကြီးတွေ ဖြစ်နေကြပြီ … လူတွေက တစ်ချို့အရာရဲ့ တန်ဖိုးကို ဆုံးရှုံးပြီးမှပဲ နားလည်တတ်လာကြတယ် … အဲ့အခါကျရင် နောင်တရနေလို့ အချည်းနှီးပဲ …”