← Chapters

မီလိလေးကို မိတ်ဆက်ပေးချင်လို့

Vol. 153 Ch. 2252

မီလိလေးကို မိတ်ဆက်ပေးချင်လို့

Vol. 153 Ch. 2252

နှစ်ဦးလုံး တိတ်ဆိတ်သွားခဲ့ကြသည်။ လင်းရီ ဆိုလိုချင်သည့် သဘောကို သူတို့နှစ်ဦးလုံး နားလည်သည်။

ရှုထောင့်တစ်ချို့မှ ကြည့်ရှုမည်ဆိုပါက ကျုံးဝေ့တပ်ဖွဲ့သည် တကယ်လည်း နေလို့ ကောင်းသည့် နေရာမဟုတ်ပေ။

ယနေ့တွင် ကောင်းမွန်စွာ အသက်ရှင်နေပြီး နောက်တစ်နေ့တွင် ကိုယ့်ဈာပနာ ကျင်းပနေရသည်မျိုးလည်း ဖြစ်နေနိုင်သည်။ နေ့မြင်ညပျောက် နေရာမျိုး ဖြစ်သဖြင့် မည်သည့်အရာကိုမျှ တစ်သမှတ်တည်း တွက်လို့ မရချေ။

“ ဟုတ် နားလည်ပြီ အစ်ကိုရီ ….”

အရေးကြီး ကိစ္စများ ပြောဆိုပြီးနောက် သုံးဦးမှာ ကိုယ်စီ လမ်းခွဲသွားခဲ့ကြသည်။

သို့သော် လမ်းမခွဲမီ လင်းရီက သူတို့နှစ်ဦးကို သူ လက်ရှိ ရှိနေသည့် နေရာအကြောင်း လျှို့ဝှက်ထားဖို့ ပြောပြီး ကိုးရီးယားသို့ ရောက်နေသည့်နှယ် ဟန်ဆောင်ဖို့ မှာကြားထားခဲ့၏။

ဟိုတယ်မှ ထွက်ခွာလာပြီး လင်းရီ ဟိန်လုံ ပလာဇာသို့ မောင်းနှင်လာခဲ့သည်။

နှစ်သစ်ကူးက နီးကပ်လာပြီ ဖြစ်သဖြင့် ရန်ကျင်းသို့ ကျိန်းသေပေါက် ခရီးတစ်ခေါက် ထွက်ဖို့ လိုအပ်၏။

ယနေ့ ထွက်ခွာပြီး မနက်ဖြန် ပြန်လာမည်ဆိုပါက တိုင်မင်က ကွက်တိပင်။

မောလ်သို့ ရောက်လာပြီးနောက် လင်းရီ ယွမ် နှစ်သိန်းခန့် သုံးရင်း ခါးပတ်နှင့် မာဖလာ တစ်စုံစီ ဝယ်ယူလိုက်သည်။

မိသားစု နှစ်ခု၏ အနေအထားအရ ဤသို့သော ပစ္စည်းလေးများက အသေးမွှားလေးများပင်။ ထို့ပြင် သူတို့၏ အဆင့်အတန်းတွင် လက်ဆောင်ပေးခြင်းသည် စေတနာကို ကိုယ်စားပြုရုံ သပ်သပ်မျှသာ ဖြစ်၏။ သူတို့ဘက်တွင်လည်း မည်သည့်အရာတို့ကမျှ ချို့တဲ့ မနေပေ။

ယခင် သူ ရွှင်ပျော်ပျော် ကျေးရွာတွင် တောင်ယာစိုက်ပျိုးစဉ်က သူ့ခြံထွက် သီးနှံများကို လက်ဆောင် အဖြစ် လင်းရီ ယူသွားပေးခဲ့ဖူးသည်။ ထိုသို့သော အရာမျိုးကိုလည်း သူတို့ဘက်က ဝမ်းပန်းတသာ လက်ခံကြ၏။

ခေတ္တမျှ ဈေးဝယ်ထွက်ပြီးနောက် နာရီဝက်မပြည့်မီမှာပဲ လင်းရီ မောလ်ထဲက ပြန်ထွက်လာခဲ့သည်။

မောလ်ထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် လျန်ရူရွှယ်၏ နေအိမ်သို့ သွားပြီး ရှိထားသည့် သော့နှင့် ဖွင့်၍ အေးအေးလူလူပဲ အိမ်ထဲသို့ ဝင်လာခဲ့သည်။

အိမ်က အတော်လေး တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိ၏။ ကော်ဖီစားပွဲပေါ်တွင် စာရွက်စာတမ်း မျိုးစုံ ပြန့်ကျဲနေပြီး လျန်ရူရွှယ် ချွတ်ပုံထားသည့် အတွင်းခံများကိုလည်း ဟိုတစ်စ ၊ ဒီတစ်စ မြင်တွေ့နေရသည်။

အိပ်ခန်းထဲ လျှောက်လှမ်းသွားတော့ တိုးဟောက်သံသဲ့သဲ့ကို လင်းရီ ကြားလိုက်ရ၏။

မသိစိတ်အလျောက် လင်းရီ နာရီကို ကြည့်လိုက်သောအခါ မနက် ကိုးနာရီ ကျော်နေလေပြီ။

လျန်ရူရွှယ် အိပ်ရာက မထသေးသည်မှာ မထူးဆန်းပေ။ နောက်ထပ် နာရီ နာရီဝက်ကျော်လောက် အသာလေး အိပ်စက်နိုင်သေးသည်။ သို့သော် သူမ၏ အမူအကျင့်အရ ရုံးတက်စရာ မရှိလျှင် နေ့လည်အထိ အိပ်ဖို့ကလည်း ပြဿနာ မရှိပေ။

တံခါးဝမှ ချောင်းကြည့်ရင်း လျန်ရူရွှယ်က တံခါးဝသို့ မျက်နှာမူလျက် နှစ်ခြိုက်စွာ အိပ်မောကျနေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။

သူမ၏ ညအိပ် ဂါဝန် ကြိုးသိုင်းက ပခုံးအောက်သို့ လျောကျနေပြီး ဖြူဖွေးသည့် အသားစိုင်ထုကြီးကို လှစ်ဟာပြနေလျက် ရှိသည်။

ပန်းနုရောင်သမ်းနေသည့် သူမ၏ မက်မွန်ထိပ်လေးများပင် ကိုယ်နှင့် ဖိထားသည့် ဖိအားကြောင့် ပုံစံ ပြောင်းလဲနေသည်။

လင်းရီ တံခါးဝပေါက်ဝတွင် ရပ်နေရင်း အိပ်မောကြနေသည့် လျန်ရူရွှယ်ကို ခေတ္တစောင့်ကြည့်နေသည့်တိုင် အိပ်ပျော်နေသည့် ကောင်မလေးက နိုးမလာသေးချေ။

သူမ နှုတ်ခမ်းကိုပင် ကိုက်ရင်း လူးလွန့်လျက် အိပ်မက်ထဲ နက်နက်ရှိုင်းရှိုင်း အိပ်မောကျနေဟန် တူသည်။

လင်းရီ လျှောက်လှမ်းလာခဲ့ပြီး လျန်ရူရွှယ် တင်ပါးကို ဖြန်းကနဲ ရိုက်လိုက်သည်။

အလန့်တကြား အိပ်ရာ နိုးလာပြီး သူမ အနောက်တွင် ရောက်နေသည့် လင်းရီကို မြင်တော့ လျန်ရူရွှယ်မှာ အသက်နှင့် ရင်းပြီး တိုက်ခိုက်တော့မည့် ပုံစံ ဖြစ်သွားခဲ့သည်။

“ သေစမ်း မသာကောင် … ရှားရှားပါးပါး ပိတ်ရက်လေး တစ်ရက်ရတာကို လူလာနှောင့်ယှက်နေတယ် …”

“ နင် ငါ့ကို နည်းနည်းလောက်လေး အေးဆေး ပေးမအိပ်နိုင်ဘူးလား …”

“ ငါတို့ ဒီနေ့ ရန်ကျင်း သွားကြမယ် ပြောထားတာ မဟုတ်ဘူးလား … မင်း ဆက်အိပ်မယ်ဆိုလည်း ရတယ်လေ … ငါတို့ သွားစရာ မလိုတော့ဘူးပေါ့ …”

“ အခုမှ ကိုးနာရီတည်း ရှိသေးတာကို ..” လျန်ရူရွှယ် မကျေမချမ်း ပြောလိုက်ပြီး သူမ၏ ဆံပင်တို့ကလည်း ရှုပ်ပွနေသည်။

“ အခု နိုးပြီမလား …. မြန်မြန်ထပြီး မနက်စာစားဖို့လုပ်တော့ …”

လင်းရီ၏ လောဆော်တိုက်တွန်းမှုအောက်တွင် လျန်ရူရွှယ်လည်း အိပ်ရာက မထချင် ထချင်နှင့် အိပ်ရာထဲက ထွက်၍ မျက်နှာသစ်၊ သွားတိုက်လိုက်ရသည်။

သူမ ကြန့်ကြာအောင် မလုပ်ဝံ့ပေ။ မနေ့တုန်းက ဖုန်းထဲတွင် သူမအမေကို နောက်ကျအောင် မအိပ်ဘဲ ရန်ကျင်းသို့ စောစောရောက်လာပြီး နေ့လည်စာ အတူစားကြပါမည်ဟု ကတိပေးထားခဲ့သည်။

ယခုတော့ နေ့လည်စာ အချိန်မီ ရောက်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့သည့်ပုံပင်။

“ ငါတော့ လောစရာ မလိုဘူးလို့ ထင်တာပဲ … ပုံမှန်အတိုင်းလေးပဲ သွားတာ ကောင်းမယ် …”

“ ဘာလို့လဲ … အခုက ဆယ်နာရီတောင် ထိုးတော့မယ်လေ …”

“ မင်း အခုချိန် ထွက်လို့ ဟိုရောက်ရင်လည်း နားနဲ့ မဆံ့အောင် ဩဝါဒ‌ချွေခံရမှာပဲ မလား … အမှန်တရားကို လက်ခံလိုက်စမ်းပါ … မင်း ဘယ်လိုပဲ လုပ်လုပ် ဆူခံရမှာက ဆူခံရမှာပဲ …”

လင်းရီ၏ စကားကို ကြားတော့ လျန်ရူရွှယ်မှာ လုံးလုံးလျားလျား နှုတ်ထွက် အရှုံးပေးလိုက်တော့သည်။

သူမလည်း မတတ်နိုင်ပေ။ ကြည့်ရသည်မှာ ယခု နောက်ပိုင်းတွင် သူမ၏ အိပ်နိုင်စွမ်းက တိုးတက်လာပုံရသည်။

လင်းရီက မလောဖို့ အကြံပေးသော်လည်းပဲ လျန်ရူရွှယ်မှာပဲ အိပ်ရာထ၊ ကိုယ်လက်သန့်စင်၊ မနက်စာစား စသည့် လုပ်ငန်းဆောင်တာများကို တစ်နာရီအတွင်း ပြီးဆုံးအောင် ပြုလုပ်ပြီးနောက် လင်းရီနှင့်အတူ အိမ်က ထွက်ခွာလာခဲ့သည်။

သူတို့တွေ ရန်ကျင်းရောက်တော့ နေ့လည် တစ်နာရီကျော်ပြီဖြစ်၏။

“ အခုက ဘယ်ကို သွားမှာ … ကုမ္ပဏီလား ….”

“ ငါ့အမေက အလုပ် နည်းနည်းများနေတယ်ဆိုတော့ သူနဲ့ ညနေပိုင်းလောက် တွေ့တာက အဆင်ပြေမယ် ..”

“ အဲ့တော့ အခုက ဘယ်သွားကြမှာ …. မင်းနေရာကို သွားပြီး ရေတွင်းတူးကြမလား …” လင်းရီ မေးလိုက်၏။ “ အဲ့တာဆိုရင်တော့ ဟိုတယ်သွားတာက ပိုကောင်းမယ်လို့ ထင်တယ် …”

“ နင့် ခေါင်းကြီးကတော့ ဟိုတယ်သွားဖို့လောက်ပဲ စဉ်းစားနေ …” လျန်ရူရွှယ် မျက်လုံးလှန်လိုက်ပြီး “ ပြီးတော့ ငါ နင့်ကို သတိပေးရဦးမယ် … ငါ့အမေရဲ့ ခွင့်ပြုချက် ရထားတာနဲ့ပဲ ငါတို့နှစ်ယောက်ကြား ကိစ္စက သေချာပြီလို့ တွက်ထားမနေနဲ့ဦး … ငါ့အဖေကို မကျော်ဖြတ်နိုင်ရင် အလကားပဲ …”

“ မဖြစ်နိုင်တာ … ငါ့‌ယောက္ခမကြီးကို အိမ်မှာ မိန်းလို့ ထင်ထားတာလေ …”

“ အဲ့တာ ငါ့အဖေက အမေနဲ့ စကားမများချင်လို့ …” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါ့အဖေသာ ဒေါသထွက်လာခဲ့ရင် ငါ့အမေလည်း တစ်ခွန်းမှ ဝင်ပြောရဲမှာ မဟုတ်ဘူး …”

“ အာ … မင်း အဲ့လိုပြောလာတော့ ကြည့်ရတာ ငါတော့ နေရာမှားပြီး တွန်းနေမိပြီ ထင်တယ် …”

“ လုံးဝမှားတယ်ရယ်လည်း မဟုတ်ပါဘူး … ဆုံးဖြတ်ချက် အများစုက ငါ့အမေရဲ့ သဘောဆန္ဒပဲလေ …”

“ ဒါပေမယ့် ခမည်းခမက်ကြီး ဒေါခီးသွားရင် ယောက္ခမကြီးလည်း ဘာမှမတတ်နိုင်ဘူးမလား ..”

“ အမှန်ပဲ … ဒါပေမယ့် ငါ့အဖေ ဒေါထထွက်တယ်ဆိုတာက ရှားပါတယ် …”

“ မင်း မှတ်မိသလောက်ဆို သူ ဒေါသထွက်တာ ဘယ်နှကြိမ်လောက် မြင်ဖူးလဲ …”

“ အင်း ….. တစ်ခါမှ မမြင်ဖူးဘူး …”

“ သေပြီ … ငါတော့ သေပြီ … အားလုံး သောက်ကျိုးတွေ နည်းကုန်ပြီ …”

“ တော်စမ်း … ငါ့အဖေကို အဲ့လို မပြောနဲ့ …” လျန်ရူရွှယ် အော်ပြောလိုက်ပြီး “ သွားစို့ … ငါ့အဖေရဲ့‌ နေရာဆီ သွားလည်ကြမယ် ….”

ထို့နောက် နှစ်ယောက်သား တက္ကစီငှားပြီး ရန်ကျင်း စစ်တပ်ဇုန်ထဲသို့ ရောက်လာခဲ့ကြသည်။

ဝင်ပေါက်ဝကို ရောက်တော့ လျန်ရူရွှယ်က အစောင့်များထံ ပြုံးရွှင်စွာ လက်ဝှေ့ယမ်းပြလိုက်ပြီး အစောင့်များကလည်း သူမထံသို့ အပြုံးဖြင့် ပြန်လည် တုံ့ပြန်လာသည်။ သူတို့တွေက ဂျူတီကျနေသဖြင့် စကားများများစားစား မဆိုဘဲ ဒီတိုင်း ဖြတ်သန်းခွင့် ပြုလိုက်၏။

လျန်ရူရွှယ်ကဲ့သို့ စစ်တပ်အသိုင်းအဝိုင်းတွင် ကြီးပြင်းလာသူတို့က ကလေးဘဝကတည်းကနေ ဤနေရာသို့ ကြိမ်ဖန်များစွာ ရောက်လာဖူးသည်။

သူတို့ မျက်လုံးထဲတွင် အနှီ လေးနက်ပြီး မြင့်မြတ်ခမ်းနားသည့် နေရာက သာမန် ဥယျာဉ်၊ ပလာဇာတို့နှင့် ထူးမခြားနားပင်။

သို့သော် လင်းရီအတွက်ကတော့ ပထမဆုံးအကြိမ် အဖြစ် ရန်ကျင်း စစ်တပ်ဇုန်ထဲသို့ ဝင်ရောက်ဖူးခြင်း ဖြစ်ပြီး နေရာနှင့် အနည်းငယ် စိမ်းသက်သလို၊ ရင်းနှီးနေသည်ဟု ခံစားနေရသည်။

ဘာကြောင့်ဆိုတော့ ကျုံးဝေ့တပ်ဖွဲ့ အကြီးစား ဗားရှင်းမြင်တွေ့နေရသည်ဟု ခံစားနေရသောကြောင့် ဖြစ်၏။

မည်သို့ပင်ဆိုစေ ဟွာရှ၏ ရာထူးဝါစဉ်အရ ကျုံးဝေ့တပ်ဖွဲ့သည်လည်း စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိသည့် တပ်ဖွဲ့ဖြစ်သည်။

သို့သော်လည်းပဲ အရွယ်အစား ကွဲပြားရုံမျှမက ခံစားရသည့် အငွေ့အသက်နှင့် လေထု အခြေအနေကလည်း ကွာခြားနေသည်။

ဤနေရာက ကျိုးဟိုင် မြို့စောင့်တပ်ဧရိယာနှင့် ကျုံးဝေ့တပ်ဖွဲ့ အခြေစိုက် စခန်းထက်ပင် ပို၍ လေးနက် အုံ့မှိုင်းနေသည်ဟု ခံစားနေရ၏။

ကွင်းပြင်ထဲ ဝင်ရောက်လာတော့ အတွင်းတွင် လေ့ကျင့်နေသည့် စစ်သားများ၏ ညာသံပေး ကြွေးကြော်နေသံများကို ကြားနေရသည်။

လျန်ရူရွှယ် ဖုန်းထုတ်၍ လျန်ချွင်းရှောင်ထံ ဆက်သွယ်လိုက်၏။

“ အဖေ အခု ဘယ်မှာလဲ …”

“ သမီးတို့ ရောက်လာပြီ … အဲ့မှာပဲ စောင့်နေလိုက် …”

ဖုန်းချပြီးနောက် လျန်ရူရွှယ်၏ မျက်နှာအမူအရာက ပို၍ပင် တက်တက်ကြွကြွ ဖြစ်သွားခဲ့၏။

ထိုအရာကိုလည်း နားလည်ပေး၍ရသည်။ မည်သို့ပင်ဆိုစေ သမီးမိန်းကလေးများက သူမတို့၏ ဖခင်တို့နှင့် ပိုပြီး ရင်းနှီးတက်ကြ၏။

လင်းရီ ထိုအကြောင်း တွေးမိရင်း နောင်အနာဂတ်တွင် သမီး မိန်းက‌လေး ယူရင် ကောင်းမလားဟု အတွေးဆက်သွားခဲ့တော့သည်။

တစ်ချိန်တည်းတွင် လျန်ချွင်းရှောင်က လေ့ကျင့်ရေး ကွင်းပြင် တစ်ဖက်ခြမ်းတွင် မတ်တပ်ရပ်နေပြီး အောက်ဘက်တွင် စစ်ရေးလေ့ကျင့်နေသည့် စစ်သားများအား ငုံ့ကြည့်နေသည်။ သူ့ခေါင်းကိုလည်း အချိန်တိုင်းလိုလို တဆတ်ဆတ် ငြိမ့်နေပြီး မျက်နှာထက်တွင်လည်း ရွှင်ပြသည့် အပြုံးတစ်ခု ဆင်မြန်းထား၏။

“ လောင်လျန် … မင်းက ဘာတွေ ပြုံးနေတာ …”

လျန်ချွင်းရှောင်နှင့် ရွယ်တူခန့်ရှိမည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးက ချဉ်းကပ်ပြီး မေးလာသည်။ သို့သော် သူက လျန်ချွင်းရှောင်ထက် အနည်းငယ်ပိုပိန်ပြီး အသားအရည်ကလည်း မည်းသည်။

အမျိုးသား၏ နာမည်က လီတုံးရန်ဖြစ်ပြီး လျန်ချွင်းရှောင်နှင့် တစ်ချိန်က ပြိုင်ဘက် ဖြစ်ခဲ့သူ ဖြစ်၏။

“ ဒီနေ့က နှစ်သစ်ကူးနေ့ မလား … ငါ့သမီး ပြန်လာနေပြီလေ … ခဏဆို ဒီရောက်လာတော့မှာ …”

“ ဘာများလဲလို့ကွာ … မင်းရဲ့ သမီးက ကျိုးဟိုင်မှာတင်ကိုပဲ … မသိရင် ဆယ်နှစ်ဆယ်မိုး မမြင်ရဘဲ အခုမှ တွေ့ရတော့မယ့် ပုံစံနဲ့ …” မာတုံးရန်က အရွှန်းဖောက်သည့် လေသံဖြင့် ဆိုလိုက်ပြီး “ ငါ မှတ်မိသလောက်ဆိုရင် မီလိလေးက အခု အသက် ၃၀ နီးနီး ရှိပါပြီ … အတော်လေး မဆိုးတဲ့ ငါ့ တပည့် တစ်ယောက်ရှိတယ် … မီလိလေးနဲ့ မိတ်ဆက်ပေးရင် ကောင်းမလားလို့ …”

All Chapters