ဘယ်တော့မှ လိုက်မီနိုင်မယ့် လူစားမျိုး မဟုတ်ဘူး
Vol. 153 Ch. 2254
“ အင်း … ငါသူ့ကို သိတယ် … မင်းတို့နှစ်ယောက် လျန်ရူရွှယ်ကို မျက်စိကျနေရင် ရပ်တန်းက ရပ်လိုက်တာ ပိုကောင်းလိမ့်မယ် … အဲ့ကလေးက အတော်လေး ဖြုံချင်စရာ ကောင်းတဲ့ကောင်ကွ …”
“ အာ … ဘယ်လောက်ထိတောင် ဖြုံဖို့ကောင်းလို့ ….”
မောက်ရှုချွင်၏ စကားက သူတို့နှစ်ဦးကို အတော်လေး သိချင်စိတ် ပြင်းပြသွားစေခဲ့သည်။ အဘယ်ကြောင့် ယခုလို အကြံပေးစကားမျိုး ဆိုလာရသလဲဆိုတာကို နားမလည်နိုင် ဖြစ်နေသည်။
“ သူ့ သားမက်ရဲ့ အထောက်အထားကို လောင်လျန် မင်းကို ပြောပြခဲ့သေးလား ….”
“ သူ ကျုပ်ကို အသေးစိတ်တော့ မပြောပြဘူး … ဒီတိုင်း ကျိုးဟိုင်မှာ ကုမ္ပဏီ ဖွင့်တယ်လို့ပဲ ပြောတာ ….”
“ သူပြောတာလည်း မှားတော့မမှားပါဘူး … ဒါပေမယ့် ကုမ္ပဏီက အသေးလေးတော့ မဟုတ်ဘူး … မင်းတို့တွေ ကျိုးဟိုင်က လင်းယွင်အုပ်စုအကြောင်း ကြားဖူးကြတယ်မလား … “
….. “ လင်းယွင် အုပ်စု ….”
လင်းယွင် အုပ်စု ဆိုသည့် နာမည်ကို ကြားတော့ တူဝရီး နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ကြသည်။
သူတို့ချင်းက နယ်ပယ်တူများ မဟုတ်ကြသော်လည်းပဲ အင်တာနက်သုံးသည့်အချိန်တိုင်း သတင်းဆောင်းပါးတို့ကို အမြဲတမ်း မြင်တွေ့ရတတ်သဖြင့် နည်းနည်းပါးပါးတော့ တီးမိခေါက်မိ ရှိကြသည်။
မည်သို့ပင်ဆိုစေ ထိုကုမ္ပဏီက ဟွာရှတွင် လီတိုဂရပ်ဖီစက်ကို ဖန်တီး ထုတ်လုပ်နိုင်သည့် ကုမ္ပဏီကြီး တစ်ခု ဖြစ်ပြီး နာမည်ဂုဏ်သတင်းလည်း အင်မတန်ကြီးသည်။
အကယ်၍ လင်းယွင်အုပ်စု၏ ဖန်တီးရှင် ဆိုပါက ကွာဟမှုကလည်း ဘယ်လောက်မှ မကြီးတော့ပေ။
“ အဲ့တာဆိုရင်တော့ အတော်လေး အထင်ကြီးဖို့ ကောင်းသားပဲ …”လီတုံးရန်က ခေါင်းတညိတ်ညိတ်ဖြင့် ဆိုလိုက်သည်။
“ အဲ့တာက ဘာမှ မဟုတ်သေးဘူး …” မောက်ရှုချွင်က ထပ်၍ဆိုလိုက်ပြီး “ သူ့သားမက်က ကျုံးဝေ့တပ်ဖွဲ့ အသင်းခေါင်းဆောင်လည်း ဟုတ်သေးတယ် … သူ့နာမည်နဲ့ ပထမအဆင့် သူရသတ္တိ တံဆိပ်တွေ ရထားတာတွေက မနည်းဘူး …. တကယ်လို့ အသက်သာ သိပ်ငယ်လွန်းမနေရင် အခုချိန်လောက်ဆို ဗိုလ်မှူးကြီး ရာထူးလောက်ကတော့ အသာလေးပဲ ….”
ထိုစကားလုံးတို့က တူဝရီး နှစ်ယောက်၏ နားစည်ဝသို့ နေ့ခင်းကြောင်တောင် မိုးကြိုးပစ်လိုက်သည့်နှယ်ပင်။
လင်းယွင်အုပ်စု၏ တည်ထောင်သူ ဖြစ်သည်ဟူသော အချက်ကပင် အတော်လေး အထင်ကြီးဖို့ ကောင်းနေပြီး ဖြစ်၏။
သို့သော် ကျုံးဝေ့တပ်ဖွဲ့ အသင်းတစ်ခု၏ ခေါင်းဆောင်ဟူသော ရာထူးအဆင့်အတန်းကတော့ သူတို့နှစ်ဦးလုံးကို လုံးဝ တုန်လှုပ်သွားစေခဲ့လေသည်။
ကျုံးဝေ့တပ်ဖွဲ့က မည်သို့သော နေရာမျိုး ဖြစ်ကြောင်းကို သူတို့နှစ်ဦးလုံး ကောင်းစွာ သိရှိထားကြသည်။
ထို့ပြင် ထိုသို့သော နေရာမျိုး၌ အသင်းခေါင်းဆောင် ရာထူးကို ရယူနိုင်နေသည်က ပို၍ပင် အံ့ဩဘနန်း ဖြစ်ဖို့ ကောင်းလှ၏။
“ သူ … သူက တကယ်ပဲ အဲ့လောက် ဖြုံဖို့ ကောင်းတာလား …..”
“ အမှန်ပဲ …. ဒါပေမယ့် ငါကိုယ်တိုင်ကတော့ သူနဲ့ မဆက်သွယ်ဖူးပါဘူး … ဒီအကြောင်းတွေ ခေါင်းဆောင်ဟောင်းကြီး ပြောပြဖူးလို့သာ ငါလည်း သိတာ ….”
မောက်ရှုချွင်က သူ့စကားကို ဆက်ပြော၏။
“ အဲ့ဒီ အောက်ထပ်မှာ လေ့ကျင့်နေတဲ့ အထူးတပ်ဖွဲ့က ဆိုတဲ့ ကောင်တွေကို သူ တစ်ယောက်တည်း ဖြုတ်ရင် ငါးမိနစ်တောင် မလိုဘူး … ဒီလောက်ဆို သူ ဘယ်လောက်ထိ အထင်ကြီးဖို့ကောင်းလဲ မင်းတို့ ကိုယ့်ဘာကိုယ် စဉ်းစားကြည့်တော့ …”
စကားအနည်းငယ် ပြောဆိုပြီးနောက် မောက်ရှုချွင် ထွက်ခွာသွားခဲ့သည်။
သို့သော် တူဝရီးနှစ်ယောက်မှာတော့ နေရာ၌ သစ်ငုတ်တွယ်နေမိသကဲ့သို့ ငေးငိုင်စွာ မတ်တပ်ရပ်နေမိကြပြီး အချိန်အတော်ကြာသည်ထိအောင် လှုပ်ရှားဖို့ မေ့လျော့နေခဲ့ကြသည်။
ကနေဦးတုန်းက လင်းရီသည် သာမန် အသေးစား စီးပွားရေး လုပ်ငန်းရှင်လေး တစ်ဦးမျှသာ ဖြစ်လိမ့်မည်ဟု တွေးထင်ထားခဲ့၏။
လျန်ရူရွှယ် သူနှင့် နီးစပ်ဖို့ ရွေးချယ်ခဲ့သည်က ချောမောသည့် သူ့ရုပ်ရပ်ကြောင့် ဖြစ်လိမ့်မည်။ ကစားလို့ ဝပြီးနောက်တွင် သူမက စွန့်ပစ်လိုက်မှာ ဖြစ်ပြီး သူမနှင့် အဆင့်အတန်းချင်း၊ ဂုဏ်ဒြပ်ခြင်း တူညီသည့် အခြားတစ်ယောက်ကို လက်ထပ်သွားလိမ့်မည်။
သို့သော် ယခု …. ထိုသို့ မဟုတ်သည့်ပုံပင်။
လင်းရီက သူ့ကိုယ်ပိုင် အစွမ်းအစနှင့် သူမကို သိမ်းပိုက်စိုးမိုးနိုင်ခဲ့ခြင်း ဖြစ်၏။
“ ခေါင်းဆောင်ကြီး ပြောသွားတာ မင်း ကြားတယ်မလား … တော်လိုက်တော့ …” လီတုံးရန် မှတ်ချက်ပေးလိုက်ပြီး “ နောင်ကျ တခြားလူတွေကို ပိုပြီး အာရုံစိုက်… မီလိလေးရဲ့ ကောင်လေးကို မင်းကျော်တက်ဖို့ကတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး ….”
လက်မခံလိုသော်ငြားလည်း လီဟောက်ရန်တွင် ခွန်းတုံ့ပြန်နိုင်သည့် အားမာန်တို့ ကင်းမဲ့နေရသည်။ တကယ်လည်း သူက တစ်ဖက်သူ၏ ပြိုင်ဘက် ဟုတ်မနေချေ။
အကြောင်းမူကား ကျုံးဝေ့တပ်ဖွဲ့ ဟူသော နေရာသည် သူ ရောက်ရှိရန် ဆန္ဒရှိပါသော်လည်း မည်သို့မျှ လက်လှမ်းမမီနိုင်သည့် နေရာမျိုး ဖြစ်နေသောကြောင့်ပင်။
ထို့ပြင် တစ်ဖက်လူက အသက် သုံးဆယ့်ပင် မပြည့်မီ အသင်းခေါင်းဆောင် တစ်ယောက် ဖြစ်လို့နေသည်။ ထိုသို့သော လူစားမျိုးကို သူ ဘယ်တော့မှ လိုက်မီနိုင်မှာ မဟုတ်ချေ။
….
တပ်ဧရိယာထဲက ထွက်လာခဲ့ပြီးနောက် သုံးဦးသား ကားထဲသို့ ဝင်၍ ဟွာရန်အုပ်စု အဆောက်အဦးသို့ မောင်းထွက်လာခဲ့ကြသည်။
အချိန်ကြာအောင် မစောင့်ဆိုင်းလိုက်ရဘဲ ရှန်းရှုရီ အဆောက်အဦးထဲက ထွက်လာသည်ကို သူတို့တွေ မြင်တွေ့လိုက်ရ၏။ သူမက အနက်ရောင် trench coat (ခါးပါတ်ပါတဲ့ သားမွေးကုတ်)နှင့် ဒေါက်မြင့်ဖိနပ်ကို စီးနင်းထားပြီး ကားထဲသို့ ကျော့ရှင်းစွာ ဝင်ရောက်လာသည်။ ထို့နောက် ကြိုတင် ဘွတ်ကင်ပေးထားသည့် စားသောက်ဆိုင်သို့ မောင်းထွက်လာခဲ့လိုက်၏။
ဤအတောအတွင်း လင်းရီမှာ ရှန်းရှုရီ၏ ကျက်သရေရှိမှုကို ပြည့်ပြည့်ဝဝ သတိပြုမိသွားခဲ့၏။
လျန်ရူရွှယ်ပင် ယောက္ခမလောင်းကြီး၏ ကိုယ်နေဟန်ပန်ကို လိုက်လို့ မီနိုင်မှာ မဟုတ်ချေ။
လမ်းတွင် လင်းရီနှင့် လျန်ချွင်းရှောင်တို့က စကားအနည်းငယ် ပြောဆိုခဲ့ကြပြီး အကြောင်းအရာကလည်း ကျုံးဝေ့တပ်ဖွဲ့နှင့် ဆက်စပ်သည့် ကိစ္စရပ်များသာ ဖြစ်၏။
လျန်ချွင်းရှောင်က ကျုံးဝေ့တပ်ဖွဲ့ လေ့ကျင့်သည့် နည်းလမ်းကို အတော်လေး စိတ်ဝင်စားနေခဲ့ပြီး စစ်တပ်ထဲတွင်လည်း လက်တွေ့ ကျင့်သုံးချင်နေသည်။ ဤနှစ်များတစ်လျှောက် တိုးတက်မှုတို့ ရှိလာသော်လည်းပဲ ပြောစမှတ်ပြုလောက်စရာတော့ မဟုတ်သေးပေ။ သို့သော် သူ့ဘက်က အရှုံးပေးလိုစိတ် မရှိ။ ဤအပိုင်းတွင် ဆက်ပြီး ကြိုးစား လုပ်ဆောင်နေဆဲပင်။
အမေနှင့် သမီးကလည်း သူတို့နှစ်ဦး၏ စကားဝိုင်းကို နှောင့်ယှက်ခြင်း မပြုပါဘဲ ကားအနောက်ခန်းထဲတွင် ထိုင်၍ သူတို့ကိုယ်ရေးကိုယ်တာ ကိစ္စများအကြောင်းကို ပြောဆိုနေခဲ့ကြသည်။
ညစာ အတွက်ကိုတော့ သူတို့တွေ စီချွမ်ဟင်းလျာများ တည်ခင်းသည့် စားသောက်ဆိုင် တစ်ဆိုင်ကို ရွေးချယ်ထားခဲ့ကြ၏။
ဤသည်က လျန်မိသားစု၏ ရိုးရာအစဉ်အလာ တစ်ရပ်ဖြစ်၏။ နှစ်သစ်ကူး နေ့တွင် စီချွမ် အစားအသောက်များ စားသုံးသည်က ကောင်းမွန်သည့် နှစ်သစ်တစ်ခု၏ သင်္ကေတဖြစ်သည်ဆိုပင်။
စားသောက်နေစဉ်အတောအတွင်း ရှန်းရှုရီနှင့် လျန်ချွင်းရှောင်တို့က လွန်လေပြီးသော အတိတ်က များစွာသော ကိစ္စရပ်များအကြောင်းကို ပြန်ပြောင်းပြောနေခဲ့ကြ၏။
သူ ကောင်းမွန်စွာ တစ်ကြိမ်တစ်ခါမျှ တွေ့ခဲ့ဖူးခြင်း မရှိသေးသည့် သူ့အဖေသည် အတိတ်က အတော်လေး မွှေခဲ့ပုံရ၏။ သို့ပါသော်လည်း လျန်ချွင်းရှောင်၏ လေသံထဲတွင် သူ့အဖေအပေါ် လေးစားမှုနှင့် ရင်းနှီးကျွမ်းဝင်မှုတို့ကို တစ်ချိန်တည်းတွင် ခံစားနေရသည်။
သူ ယခင်က ရန်ကျင်းသို့ ရောက်လာစဉ်တွင် ရှန်းရှုရီ တစ်ခါ ပြောဖူး၏။
မိမိတစ်ယောက်တည်း သာ၍ ထူးချွန်နေသည်က မထူးဆန်း၊ အရေးမပါသည့် ကိစ္စ ဖြစ်၏။ မိမိ၏ အနီးနားပတ်ဝန်းကျင်တွင် အရေးပါ၊ သန်မာသည့် တွဲဖော်တွဲဖက်တို့ ရှိခြင်းကသာ စစ်မှန်သည့် သာလွန်ခြင်း မည်သည်။
ထမင်းစားပွဲဝိုင်းတွင် လျန်ချွင်းရှောင်သည်လည်း ထိုသို့သော စကားအဓိပ္ပာယ်ကို အတိအလင်း မဟုတ်သော်ငြားလည်း သွယ်ဝိုက်ပြီး ဆောင်ကြဉ်းနေခဲ့၏။
သူ၏ ကိုယ်ရေးကိုယ်တာ အကြောင်းအရင်းတို့ကြောင့် ဤကိစ္စရပ်များ ဝေမျှ နေခြင်း ဖြစ်ကြောင်း သိသာလေသည်။ သို့သော်လည်းပဲ သူနှင့် လျန်ရူရွှယ်တို့၏ အခြေအနေ ကိစ္စရပ်အကြောင်းတော့ လျန်ချွင်းရှောင်ဘက်က စကားများများ မဆိုခဲ့ချေ။ တစ်ခွန်း ၊ နှစ်ခွန်း မေးမြန်းပြီးနောက် နောက်တစ်ကြိမ် ထပ်မေးမြန်းမလာတော့ချေ။ သူ့ပုံစံ ကြည့်ရသလောက်ကတော့ အလျင်လိုခြင်း ရှိမနေသည်ကို လင်းရီ ခံစားနေရသည်။
ယင်းကလည်း လျန်ရူရွှယ်၏ အလုပ်နှင့် အဆင့်အတန်း အနေအထားတို့ကြောင့် သူတို့နှစ်ဦးကို လက်ထပ်ဖို့ မလောခြင်း ဖြစ်မည်ဟုလည်း လင်းရီ ခန့်မှန်း မိ၏။
ကျီချင်းရန်နှင့် သူ့မိခင်ကဲ့သို့ သူတို့နှစ်ဦးကို လျင်လျင်မြန်မြန် လက်ထပ်ဖို့ တိုက်တွန်း နှိုးဆော်နေတတ်သူများကဲ့သို့ မဟုတ်ကြပေ။
နယ်ပယ်တွင် နှစ်ပေါင်းများစွာ ကြာအောင် ကျင်လည်လာခဲ့ပြီးနောက် သူတို့၏ ကိစ္စရပ်များအပေါ် ရှုမြင်သည့် အမြင်တစ်ချို့တို့ကလည်း ရှေးရိုးစွဲ ဝါဒ အချုပ်အနှောင်အောက်မှ လွတ်ကင်းနေပြီ ဖြစ်၏။ သူတို့နှစ်ဦးကြား ဆက်ဆံရေးက တည်တံ့ခိုင်မာနေပြီး ရှေ့ဆက်ဖို့ တစ်ဦးကို တစ်ဦး အပြန်အလှန် ထောက်ပံ့ပေးနိုင်သည်ထက် အခြားမည်သည့်အရာတို့ကမျှ အရေးမကြီးပေ။
လင်းရီလည်း ဤသို့သော စီစဉ်မှုကို မငြင်းပယ်ချေ။ သို့ပေမယ့် လျန်ရူရွှယ်မှာတော့ အနည်းငယ် ရှက်ရွံ့နေမိ၏။ သူတို့ချင်းက အတွင်းကျကျ ရင်းနှီးပြီး သူမတွင် ပေါက်ကွဲလွယ်သည့် အကျင့်စရိုက် ရှိပါသော်လည်း ဤသို့သော အသိအမှတ်ပြုမှုက သူမကို အနည်းငယ် မသက်မသာ ဖြစ်စေသည်။
မည်သို့ပင်ဆိုစေကာမူ သူမ၏ မိဘများရှေ့မှောက်တွင် အနည်းငယ် နေသားမကျ ဖြစ်နေသေး၏။
လေးယောက်မှာ အိမ်သို့ အတူပြန်လာခဲ့ကြပြီး ဤနေရာမှာတော့ လျန်မိသားစုအဖို့ သူတို့၏ သီးသန့် ကိုယ်ပိုင် ကမ္ဘာလေးတစ်ခု ဖြစ်နေသကဲ့သို့ပင်။
ထို ခြံဝန်းတံခါးဝ အတွင်းသို့ ဝင်ရောက်သွားသည်နှင့် အထောက်အထားများအားလုံးကို အပြင်မှာပဲ ချန်ရစ်ထားခဲ့ရမှာ ဖြစ်ပြီး အကုန်လုံးက သာမန် မိသားစုဝင်များ ဖြစ်လာသည်။
လျန်ရူရွှယ်နှင့် ရှန်းရှုရီတို့က အသီးများ လှီးဖြတ်ရန်အတွက် မီးဖိုးချောင်ထဲသို့ ထွက်သွားခဲ့ကြ၏။
လင်းရီနှင့် လျန်ချွင်းရှောင်တို့ကတော့ အခါးရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြသည်။
များမကြာမီ အမေနှင့်သမီး နှစ်ဦးတို့က ဧည့်ခန်းထဲသို့ လှီးဖြတ်ထားသည့် သစ်သီးစိပ်ပန်းကန်နှင့်အတူ ရောက်လာခဲ့၏။ ထို့ပြင် ရှန်းရှုရီ၏ လက်တစ်ဖက်က ဖုန်းလည်း ပြောနေသည်။
“ ဟုတ်တယ် နင့်သားက ဒီမှာပဲ … ဒီမှာ တစ်ချက် ကြည့်လိုက် … ငါနင့်သားကို ပစ်မထားပါဘူးဟယ် …”
ရှန်းရှုရီက အပြုံးဖြင့် ပြောလိုက်၏။ ထို့နောက် ကင်မရာကို လင်းရီထံသို့ လှည့်ပြလိုက်ပြီး ချင်ရင်ယွဲ့၏ ညင်သာသည့် အသံက ဖုန်းထဲက တစ်ဆင့် ထွက်ပေါ်လာသည်။
လင်းရီမှာ အံ့အားသင့်သွားခဲ့ခြင်း မရှိပေ။
ဘာကြောင့်ဆိုတော့ အစောပိုင်းတုန်းက သူ့အမေ ၊ ချင်ရင်ယွဲ့က သူ့ကို နှစ်သစ်ကူးတွင် လျန်မိသားစုအိမ်သို့ သွားလည်ဖို့ ပြောပြီး ကျင့်ဝတ်မပျက်ဖို့ အတန်တန် သတိပေးလာခဲ့သောကြောင့်ပင်။
ရှန်းရှုရီနှင့် ချင်ရင်ယွဲ့တို့နှစ်ဦးလည်း စကားခေတ္တပြောပြီး အချင်းချင်း နှစ်သစ် ဆုမွန်ကောင်းများ တောင်းလျက် ဖုန်းချသွားခဲ့ကြ၏။ ပြီးသည့်နောက် လေးဦးသား စတင်စကားပြောဆိုကြတော့သည်။
“ အန်တီရှန်း … ကျွန်တော်တို့ဘက်က သိပ်မကြာခင်တုန်းက ကာဗွန်ချစ်ပ်ကို ထုတ်လုပ်နိုင်နေပြီ … အခု ထုတ်လုပ်ရေးလိုင်းတွေကို တိုးချဲ့ဖို့ ဟန်ပြင်နေသည်။ CITIC အုပ်စုရော ဒီထဲ ပါဝင်ချင်သေးလား …”