← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 23 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 23 Ch. 251-252

အခန်း (၂၅၁)။

အလယ်ပိုင်းပြည်နယ်, ဤအမည်ကို ကြားရုံဖြင့် တော်ဝင်ချန်မင်းဆက်၏ ကောင်းကင်နိုင်ငံ၏ ဗဟိုတွင် တည်ရှိသော ကျယ်ပြောလှသည့် မြေဧရိယာဖြစ်ကြောင်း သိနိုင်ပါသည်။

အလယ်ပိုင်းပြည်နယ်၏ ပြည်နယ်ဆယ့်သုံးခုတွင် ပြည်နယ်တစ်ခုချင်းစီ၏ အုပ်ချုပ်သူများအပြင် အလယ်ပိုင်းကုန်းမြေ၏ အုပ်ချုပ်ရေးမှူးချုပ်တစ်ဦး လည်း ရှိသေးသည်။ သူသည် ပြည်နယ်တစ်ခုလုံး၏ ကျယ်ပြောလှသည့် နယ်မြေကိစ္စများကို တာဝန်ယူရသည်။ သို့သော် အုပ်ချုပ်ရေးမှူးချုပ်သည် အုပ်ချုပ်ရေးမှူးများကို ထိန်းချုပ်နိုင်သော်လည်း၊ သူတို့ကို စိတ်ထင်သလို ခန့်အပ်ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း မပြုနိုင်ပေ။

အုပ်ချုပ်ရေးမှူးအဆင့်ရှိ အရာရှိအားလုံးကို အင်ပါယာတရားရုံးက တိုက်ရိုက် ခန့်အပ်ပြီး ထုတ်ပယ်သည်။ သို့သော် မည်သို့ပင် ဖြစ်စေ၊ ပြည်နယ်တစ်ခု၏ အုပ်ချုပ်ရေးမှူးတစ်ဦးသည် ကြီးမားသော ဩဇာအာဏာ ရှိနေပါသေးသည်။ သူသည် ပြည်နယ်တစ်ခု၏ စစ်မှန်သော အုပ်ချုပ်သူဖြစ်သည်။

အလယ်ပိုင်းပြည်နယ်၏ အခြေအနေသည် တောင်ပိုင်းပြည်နယ်နှင့် ဆင်တူသည်။ သို့သော် အလယ်ပိုင်းပြည်နယ်၏ နယ်မြေတစ်ခုလုံးက အလွန် ကျယ်ပြောလွန်းပြီး အခြေအနေက တောင်ပိုင်းပြည်နယ်ထက် ပိုမို ရှုပ်ထွေးပါသည်။

အလယ်ပိုင်းပြည်နယ်၏ အုပ်ချုပ်ရေးမှူးချုပ်ရုံးသည် အလယ်ပိုင်းကုန်းမြေ၏ မြောက်ဘက်ပိုင်း အနည်းငယ်ကျသော "ထိုက်ခန်ပြည်နယ်"တွင် တည်ရှိပါသည်။

"ထိုက်ခန်ပြည်နယ်"၏ ပြည်နယ်မြို့တော်သည် တော်ဝန်ချန်မင်းဆက် ကောင်းကင်နိုင်ငံတစ်ခုလုံးမှာပင် ထင်ရှားကျော်ကြားသည်။ ထိုပြည်နယ်ကို လူတိုင်း သိရှိကြသည်။ အကြောင်းပြချက်မှာ တစ်ခုတည်းသာ ရှိပြီး၊ ၎င်းမှာ နှစ်ထောင်ပေါင်းများစွာကတည်းက ကျော်ကြားခဲ့ပြီး အမွှေးနံ့သာ မီးပူဇော်မှုများဖြင့် စည်ကား သိုက်မြိုက်ခဲ့သော ဒိုင်ဇင်ဘုရားကျောင်းသည် ထိုက်ခန်ပြည်နယ်၏ ထိုက်ရှီတောင်တန်းပေါ်တွင် တည်ရှိသောကြောင့် ဖြစ်သည်။

ဒိုင်ဇင်ဘုရားကျောင်းသည် ထိုက်ခန်ပြည်နယ်တွင် တည်ရှိသော်လည်း၊ ၎င်း၏နာမည်ဂုဏ်သတင်း သည် ထိုပြည်နယ်နှင့် အလယ်ပိုင်းပြည်နယ် တစ်ခုလုံးထက်ပင် ကျော်လွန်သည်။ အလယ်ပိုင်းပြည်နယ်ကို ပြောသောအခါ၊ ဒေသပြင်ပမှ လူများသည် အလယ်ပိုင်းပြည်နယ်၏ ဒိုင်ဇင်ဘုရားကျောင်းကို ချက်ချင်း သိကြသည်။

သို့သော် လက်ရှိ ဒိုင်ဇင်ဘုရားကျောင်းသည် ပျက်စီးသွားခဲ့ပြီး အပျက်အစီးများသာ ကျန်ရှိတော့သည်။ "ထိုက်ခန်ပြည်နယ်"၏ အလယ်ပိုင်း ပြည်နယ် အုပ်ချုပ်ရေးမှူးချုပ်ရုံးသည် ပြည်နယ်မြို့တော်၏ ဗဟိုတွင် တည်ရှိသည်။ မြင့်မားသော နံရံများကို လမ်းများတစ်လျှောက် တည်ဆောက်ထားပြီး၊ မြင့်မားသော အရာရှိ အဆောက်အအုံ ဒါဇင်များစွာ ရှိသည်။ အဆောက်အအုံများသည် ခန့်ညားထည်ဝါပြီး ချမ်းသာသော တောင်ပိုင်းပြည်နယ်များ၏ အရာရှိ အိမ်တော်များထက် မနိမ့်ကျပေ။

ဤအချိန်တွင် ထိုက်ခန် ပြည်နယ်၏ အုပ်ချုပ်ရေးမှူးချုပ် ရွှဲ့ဟွမ်ကျန်းသည် သူ့စာကြည့်ခန်းတွင် လက်ဖက်ရည် သောက်နေပြီး၊ ပြတင်းပေါက်တွင် ကပ်ထားသည့် ကြည်လင်ပြတ်သားသော မှန်မှတဆင့် နှင်းကျနေသော ရူခင်းများနှင့် အဝေးရှိ ထိုက်ရှီ တောင်တန်းကြီးကို လှမ်းကြည့်နေသည်။ ထိုက်ရှီ တောင်တန်းအတွင်းရှိ ဘုရားကျောင်း၏ အပျက်အစီးများကို မှိန်ဖျော့ဖျော့ မြင်နိုင်သည်။

အုပ်ချုပ်ရေးမှူးချုပ်၏ စာကြည့်ခန်းသည် အလွန် မြင့်မားပြီး ငွေကြိုးမျှင်နန်မူဖြင့် တည်ဆောက်ထားသည်။ ၎င်းသည် တည်ငြိမ်ခိုင်ခံ့ပြီး၊ မြင့်မားသော နေရာမှ အဝေးသို့ ကြည့်နေရသကဲ့သို့ မြို့တစ်ခုလုံးကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။ (နန်မူ - သည် တရုတ်နိုင်ငံမှ မွှေးကြိုင်သော၊ တာရှည်ခံပြီး အစေ့ထုတ်ထားသော သစ်အမျိုးအစား ဖြစ်သည်။ကောင်းမွန်သော ဗိသုကာလက်ရာများ၊ ပရိဘောဂများနှင့် လှေတည်ဆောက်မှုများ အတွက် သမိုင်းတွင် အသုံးပြုခဲ့သည်။)။

မြင့်မားသော အဆောက်အအုံပေါ်တွင် နှင်းများကို ရူစားခြင်း၊ အမွှေးနံ့သာတိုင် မီးထွန်းခြင်း၊ ကိုယ့်စိတ်ကို ကျင့်ကြံခြင်း၊ ကိုယ့်စိတ်နေသဘောထားကို ပြုစုပျိုးထောင်ခြင်း၊ လက်ဖက်ရည် သောက်ခြင်းနှင့် တာအိုကို ဆွေးနွေးခြင်းတို့သည် ဘဝတွင် ကြီးမားသော ပျော်ရွှင်မှုများ ဖြစ်သည်။ ၎င်းတို့သည် ပညာရှင်များနှင့် အရာရှိများစွာ နှစ်သက်သော အရာတစ်ခုလည်း ဖြစ်သည်။

သို့သော် အလယ်ပိုင်းပြည်နယ်၏ အစွမ်းထက်သော အုပ်ချုပ်ရေးမှူးချုပ် ရွှဲ့ဟွမ်ကျန်းသည် နှင်းများကို ရူစားရန် စိတ်မပါပေ။ သူသည် ဝူယွမ်ပြည်နယ်မှ ပေးပို့သော တရားဝင် အစီအရင်ခံများနှင့် စာရွက်စာတမ်းများကို လှန်လှောကြည့်နေသည်။

တစ်ချိန်တည်းမှာပင်၊ သူနှင့် မျက်နှာချင်းဆိုင်တွင် အရပ်မြင့်မြင့်၊ သူ့လက်ထဲတွင် ယင်နားယပ်ကို ကိုင်ထားပြီး ဖြောင့်မတ်စွာ ထိုင်နေသော တာအို ဘုန်းကြီးတစ်ပါး ရှိနေသည်။ သူသည် မျက်နှာဝိုင်းဝိုင်း၊ သူ့ဆံပင်တွင် ကျောက်စိမ်းဆံထိုးနှင့် သူ့လက်ချောင်းတွင် ကျောက်စိမ်း လက်စွပ်တစ်ကွင်း ရှိသည်။ (fly whisk - ယင်နားယပ် - နှင့်ပတ်သက်၍ ယဉ်ကျေးမှုဆိုင်ရာ အသုံးမှာ - အာရှဒေသ၊ အထူးသဖြင့် အိန္ဒိယ၊ တရုတ်နှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများတွင် ယင်နားယပ်ကို ဂုဏ်သိက္ခာ သို့မဟုတ် သန့်ရှင်းစင်ကြယ်ခြင်းကို ကိုယ်စားပြုသည့် ဘာသာရေး အသုံးအဆောင် သို့မဟုတ် ရာထူးအဆင့်တန်း၏ အမှတ်အသား အဖြစ် အသုံးပြုလေ့ရှိပါသည်။)

ဤတာအို ဘုန်းတော်ကြီးသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ချမ်းသာကြွယ်ဝသည့် အငွေ့အသက်များ လွှမ်းခြုံလျက် ရှိသည်။ မျက်စိရှင်သူတိုင်း ဤတာအိုဘုန်းတော်ကြီးသည် မြို့တော်ရှိ တာအိုဘုရားကျောင်းမှ လာကြောင်း မြင်နိုင်သည်။

အကယ်၍, သူသည် မြို့တော်ရှိ တာအိုဘုရားကျောင်းမှ တာအို ဘုန်းတော်ကြီး မဟုတ်ဘဲ မင်းမျိုးမင်းနွယ်များနှင့် ကြာမြင့်စွာ ထိတွေ့ခဲ့ခြင်း မရှိပါက၊ ဤကဲ့သို့သော ချမ်းသာကြွယ်ဝသည့် စိတ်နေသဘောထားမျိုး ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ဤတာအို ဘုန်းကြီးသည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် မည်သည့် ခါးပတ်မျှ ပတ်ထားခြင်း မရှိပေ။ သူသည် အမှန်တရားတာအိုဂိုဏ်း သို့မဟုတ် ဖန်ရှင်းတာအိုဂိုဏ်းမှ မဟုတ်သောကြောင့် သူ မည်သည့် တာအိုဂိုဏ်းမှ လာကြောင်း မည်သူမျှ မပြောနိုင်ပေ။

"ဒီဖန်သားမှန်တွေက ရေလိုစင်ကြယ်တာ မှန်ပေမဲ့ အရမ်းကို ကျိုးလွယ်တယ်။ ရွှဲ့သခင်၊ ဒါက ချန်ပီယံမြို့စားဆီက လက်ဆောင် ဖြစ်ရမယ်။ ဒါက ရှားပါးပစ္စည်းပဲ။" သခင်လန်ဟု ခေါ်သော ဤ ချမ်းသာကြွယ်ဝသည့် တာအို ဘုန်းတော်ကြီးသည် ပြတင်းပေါက်တွင် ကပ်ထားသော ဖန်သားပြင်မှန်ကို ကြည့်သည်။ သူသည် သူ့လက်ဖြင့် ထိကြည့်ပြီး ၎င်းပေါ်ရှိ အငွေ့ကို သုတ်လိုက်သည်။ သူက အံ့ဩစွာဖြင့် နှုတ်ခမ်းကို စုပ်သပ်လိုက်ပါသည်။

"သခင်လန်၊ ချန်ပီယံမြို့စားက အိမ်ရှေ့စံမင်းသားဆီကို မပို့ဘူးလား" ရွှဲ့ဟွမ်ကျန်း၏ မျက်လုံးများက အရောင်လက်သွား၏။

"ဟမ့်၊ သူက ဧကရာဇ်ဆီ အတုံး ၃၀၀၀ ပို့ခဲ့ပြီး၊ ပြည်နယ်တွေရဲ့ အချို့အုပ်ချုပ်ရေးမှူးတွေဆီ ပို့ခဲ့ပေမဲ့ အရှေ့နန်းတော်ရဲ့ အိမ်ရှေ့စံမင်းသားဆီ လုံးဝ မပို့ခဲ့ဘူး။ သူ့ရဲ့ ဒီရည်ရွယ်ချက်ကြောင့် ပြစ်ဒဏ်ပေးသင့်တယ်။" သခင်လန်ဟု ခေါ်သော တာအို ဘုန်းတော်ကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက် သည်။ ထို့နောက် သူသည် ချန်ပီယံမြို့စားအကြောင်းကို စကားပြောရန် လိုလားပုံမပေါ်ချေ။ သူက ပြောသည်။ "သခင်ရွှဲ့၊ ဘာဖြစ်လို့လဲ။ ဝူယွမ်ပြည်နယ်မှာ တစ်ခုခု ဖြစ်ခဲ့လို့လား။ ဝူယွမ်ပြည်နယ်ဆီက လျှို့ဝှက်စာတွေ အများကြီးကို ကျုပ် မြင်နေရတယ်။"

"ဟုတ်တယ်။ ဝူယွမ်ပြည်နယ်က ဟောင်ချင်းချန်ဟာ ပြဿနာ ထပ်ရှာနေပြန်ပြီ။" ရွှဲ့ဟွမ်ကျန်းက ပြောသည်။

"ဒီခွေးကောင်။ ကြည့်ရတာ, ငါတို့ သူ့ကို သတ်ပစ်ရမယ့်ပုံပဲ။" သခင်လန်က အံကြိတ်ကာ ပြောသည်။

"ဟင်း….၊ ဒီလောက် အလျင်စလို မလုပ်ပါနဲ့ဦး။ သူက လမ်းကြောင်းပြောင်းသွားပုံရတယ်။ သူက တပ်ရင်းလေးရင်းကို ခရိုင်အသီးသီးက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ပေးနိုင်ဖို့ စေလွှတ်ခဲ့တယ်။ သူက ခရိုင်ဝန်ကြီးတွေကိုလည်း အသက်မဲ့တာအိုဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ် တာအိုဂိုဏ်းက ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကို အတူတကွ ပေးလုပ်ခိုင်းခဲ့တယ်။ ဒါက တကယ်ကို နားမလည်နိုင်စရာပဲ... သူ သင်ခန်းစာ ရသွားပြီး၊ အိမ်ရှေ့စံမင်းသားဘက်က ရပ်တည်ဖို့ ရည်ရွယ်နေတာလား" ရွှဲ့ဟွမ်ကျန်းသည် ဝေခွဲမရ ဖြစ်သွား သည်။ သူသည် သူ့လက်ထဲရှိ လျှို့ဝှက်စာကို ပုတ်ပြီး ပေါ့ပေါ့ပါးပါး ခါထုတ်လိုက်ပါသည်။ လျှို့ဝှက်စာသည် မြှားတစ်စင်းကဲ့သို့ ပျံတက်သွားပြီး ကြွယ်ဝသော တာအို ဘုန်းတော်ကြီးဆီသို့ လှည့်ပတ်၍ ပျံသွားခဲ့သည်။

သခင်လန်သည် လက်ချောင်းနှစ်ချောင်းကို ဆန့်တန်းပြီး စာကို သူ့လက်ချောင်းများကြားတွင် ဖမ်းလိုက်၏။ သူ့လက်ကောက်ဝတ်က လှုပ်ခါသွားပြီး သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် သူက အော်ပြောလိုက်သည်၊ "ကောင်းလိုက်တာ…။"

"ကောင်းတယ်။ ကမ္ဘာပေါ်က အုပ်ချုပ်ရေးမှူး အားလုံးထဲမှာ အစစ်မှန် စွမ်းရည်အရဆို နတ်လက်ကောင်းကင်ဓား ဝေတိုင်ကန်က အကောင်းဆုံးပဲ။ ဒါပေမယ့် ရွှဲ့သခင်ရဲ့ သိုင်းစွမ်းရည်ကတော့ ဒုတိယ ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။"

"သခင်လန်က အရမ်း ကြင်နာနေပါပြီ။ ကျွန်ုပ်ရဲ့ ဒီသိုင်းစွမ်းရည် နည်းနည်းလေးက ဝေတိုင်ကန်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ။ ချီပြည်နယ်၊ ကျင်းပြည်နယ်၊ ယင်ပြည်နယ်၊ ယွမ်ပြည်နယ်၊ ယန်ပြည်နယ်၊ ရွှဲ့ပြည်နယ်၊ ယင်ပြည်နယ်၊ မန်ပြည်နယ်၊ ရှပြည်နယ်၊ ချင်ပြည်နယ်၊ နျန်ပြည်နယ်နဲ့ ရှန်ပြည်နယ်တို့ရဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ နှိုင်းယှဉ်လျှင်တောင် ကျွန်ုပ်က နောက်ဆုံးအဆင့် သတ်မှတ်ခံရမှာပါ..." (ဤနေရာ၌ ယင်ပြည်နယ်, နှစ်ခု ထပ်နေပါသည်။ ပါသည့်အတိုင်း ထည့်ပြန်လိုက်ပါသည်)။

ရွှဲ့ဟွမ်ကျန်းက ကျိုးနွံစွာ ပြုံးလိုက်သော်လည်း သူ့နှုတ်ခမ်းထောင့်များက အေးစက်သော ခံစားချက်ကို ပေးစွမ်းနေသည်။

"သခင်ရွှဲ့က အရမ်းကို ကျိုးနွံနေပြန်ပါပြီ။ ဒါပေမဲ့ ပြန်ပြောင်းပြောရရင် ဝူယွမ်ပြည်နယ်မှာ ဘာပြဿနာမှ မရှာဘူးဆိုတော့ ငါတို့ သူနဲ့ပတ်သက်ပြီး စိတ်အနှောင့်ယှက် ဖြစ်ခံမနေနဲ့။ ဒါပေမယ့်, အိမ်ရှေ့စံမင်းသားကို အသိပေးထားရင် ပိုကောင်းလိမ့်မယ်။" သခင်လန်က ပြောသည်။

"အိမ်ရှေ့စံမင်းသားက ဒီကိစ္စကို သိပြီးသား ဖြစ်နေမှာတောင် ကျွန်ုပ် စိုးရိမ်တယ်။ ဘာပဲဖြစ်ဖြစ် အလယ်ပိုင်းပြည်နယ်က အရာအားလုံးကို အိမ်ရှေ့စံ မင်းသားက အရင် သိမှာပဲလေ။" ရွှဲ့ဟွမ်ကျန်းက ပြောသည်။

"ဟုတ်ပါတယ်လေ၊ အိမ်ရှေ့စံမင်းသားရဲ့ ဩဇာအာဏာက ခင်ဗျားတို့ ကျုပ်တို့ စိတ်ကူးနိုင်တဲ့အရာ မဟုတ်ဘူး။ သူက သူ့လက်ကို လှန်လိုက်ရုံနဲ့ မိုးနဲ့ တိမ်ကို ဆင့်ခေါ်နိုင်တယ်။ ဒါ့အပြင်, နောက်ဆုံးမှာ အိမ်ရှေ့စံမင်းသားကပဲ ထီးနန်းကို စိုးစံရလိမ့်မယ်။ သခင်ရွှဲ့၊ ခင်ဗျားလည်း ဘယ်ဘက်မှာ ရပ်တည်မလဲဆိုတာ အမြန်ဆုံး ဆုံးဖြတ်ချက်ချသင့်ပြီ။"

သခင်လန်က ပြောသည်။

"ဘယ်လို ဆုံးဖြတ်ချက်ချရဦးမှာလဲ။ အခုလည်း ကျွန်တော်က အိမ်ရှေ့မင်းသားကို နာခံနေတာပဲ မဟုတ်ဘူးလား" ရွှဲ့ဟွမ်ကျန်းက သူ့ကို လှမ်းကြည့်သည်။

"ဟားဟားဟား၊ သခင်ရွှဲ့၊ ခင်ဗျားက အိမ်ရှေ့စံမင်းသားရဲ့ အမိန့်တွေကို နာခံနေပေမဲ့ ခင်ဗျားက စိတ်ပိုင်းဖြတ်ရသေးတာ မဟုတ်ဘူး။ ကျုပ်ကို မေးပါရစေ။ တစ်နေ့ မြို့တော်မှာ အပြောင်းအလဲတွေ ရှိလာခဲ့ရင်၊ မြို့တော်နဲ့ အနီးဆုံးဖြစ်တဲ့ အလယ်ပိုင်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးချုပ် တစ်ဦးအနေနဲ့ ခင်ဗျား ဘာလုပ်မလဲ။ ခင်ဗျားက ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ထိန်းချုပ်ပြီး၊ တပ်တွေကို ထိန်းချုပ်ကာ ဧကရာဇ်ကို ကယ်တင်ဖို့ တပ်တွေ စေလွှတ်မှာလား။"

သခင်လန်က ရုတ်တရက် ပြောသည်။

"ဟုတ်တယ်။ မြို့တော်မှာ အပြောင်းအလဲ ရှိလာခဲ့ရင် အုပ်ချုပ်ရေးမှူးအားလုံးက ဧကရာဇ်ကို ကာကွယ်ဖို့ တပ်တွေ စေလွှတ်ရလိမ့်မယ်။ ဒါက အတိတ် မင်းဆက်အားလုံးက ဝန်ကြီးအားလုံးရဲ့ ဖြောင့်မတ်ခြင်းလမ်းစဉ်ပဲလေ။" ရွှဲ့ဟွမ်ကျန်းက ပြောသည်။

"ဒါဆိုရင် သခင်ရွှဲ့၊ ခင်ဗျားက ဘယ်သူ့ရဲ့ ဧကရာဇ်ကို ကာကွယ်မှာလဲ။ ခင်ဗျားက ကာကွယ်မယ့် ဧကရာဇ်က ဘယ်သူလဲ" သခင်လန်က ဖိအားပေးကာ မေးသည်။

"ကျွန်ုပ်က အိမ်ရှေ့စံမင်းသားကို သေချာပေါက် ကာကွယ်မှာပါ။" ရွှဲ့ဟွမ်ကျန်းက ပြောသည်။

"ကောင်းလိုက်တာ၊ ခင်ဗျားက မှန်ကန်တဲ့ဘက်ကို ရွေးချယ်ပြီးပြီပဲ။" သခင်လန်က အနည်းငယ် ခေါင်းညိတ်ပြီး အဖြေကို အလွန်ကျေနပ်သွားသည်။ "အမှန်အတိုင်း ပြောရရင် အလယ်ပိုင်းပြည်နယ်အပြင် မြောက်ဘက်ရှိ ရွှဲ့ပြည်နယ်၊ အနောက်ဘက်ရှိ နျန်ပြည်နယ်နဲ့ အရှေ့ဘက်ရှိ ယင်ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကလည်း သခင်ရွှဲ့လို အားလုံး တူညီတဲ့အဖြေမျိုး ပေးခဲ့ကြတယ်။"

"အခု အိမ်ရှေ့စံမင်းသားက ကျွန်ုပ်ကို ဘာလုပ်စေချင်တာလဲ" ရွှဲ့ဟွမ်ကျန်းက မေးသည်။

"ခင်ဗျားကို ဘာမှ မလုပ်စေချင်ပါဘူး။ ပြည်နယ်အုပ်ချုပ်ရေးမှူးအသီးသီးကို ထိန်းချုပ်ပြီး၊ သူတို့ကို ချုပ်ကိုင်ထားဖို့ပါ။ ကမ္ဘာကြီးက ပြောင်းလဲနေ တယ်ဆိုတာ ခင်ဗျား သိသင့်တယ်။ အလယ်ပိုင်းပြည်နယ်လို ပြည်နယ်ကြီးတစ်ခုရဲ့ အုပ်ချုပ်ရေးမှူးချုပ်ကတောင် ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ခင်ဗျားက အလယ်ပိုင်းပြည်နယ်မှာ အသက်မဲ့တာအိုဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်ဂိုဏ်းတို့ရဲ့ ကိုးကွယ်မူဆိုင်ရာ ယဇ်ပလ္လင်တွေအတွက် အဆင်ပြေအောင် အစွမ်းကုန် လုပ်ဆောင်သင့်တယ်။ သူတို့ကို နောက်လိုက်တွေ များများ စုဆောင်းခိုင်း ပါ။ နောက်လိုက် များများရှိလေ၊ ပိုကောင်းလေပဲ။" သခင်လန်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"ဒါပေမဲ့ အသက်မဲ့တာအိုဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်ဂိုဏ်းတို့ရဲ့ ကိုးကွယ်မူဆိုင်ရာ ယဇ်ပလ္လင်တွေဆိုတာ မကောင်းဆိုးဝါးဂိုဏ်းတွေပဲလေ။ တကယ်လို့, ထိန်းချုပ်မှုကင်းမဲ့ပြီး အင်ပါယာတရားရုံးက သိသွားရင်၊ ကျွန်ုပ်အနေနဲ့ သေချာပေါက် စွပ်စွဲခံရလိမ့်မယ်။ အမှန်တရားတာအိုဂိုဏ်းရဲ့ ခေါင်းဆောင် ကျီချန်ယွဲ့က အလယ်ပိုင်းပြည်နယ်ကို ဟောပြောဖို့ ရောက်လာခဲ့တယ်ဆိုတာ ခင်ဗျား သိထားသင့်တယ်။ သူက ဧကရာဇ်ဆီကနေ လျှို့ဝှက်အမိန့် ရထားတာ ဖြစ်နိုင်တယ်။ ဒါ့အပြင် အင်ပါယာတရားရုံးမှာ ဧကရာဇ်အကြံပေး စီနီယာဟုန်က တာအိုဝါဒနဲ့ မကောင်းဆိုးဝါး ဂိုဏ်းတွေ ကို အမုန်းဆုံးပဲ။ သူက တိုက်ခိုက်လာရင်ရော..."

ရွှဲ့ဟွမ်ကျန်းက စဉ်းစားပြီး ပြောသည်။

"အိမ်ရှေ့စံမင်းသားက အင်ပါယာတရားရုံးမှာ သူ ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်။ ဧကရာဇ်အကြံပေး စီနီယာဟုန်ဆိုတာကလည်း အိမ်ရှေ့စံ မင်းသားရဲ့ ဆရာတစ်ယောက်ပဲ။ သူက ဧကရာဇ်အပေါ် အလွန်သစ္စာစောင့်သိပေမဲ့၊ သူလည်း မကြာခင် သူ့ကိုယ်သူတောင် စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး။ တိုင်ရှန်တာအိုဂိုဏ်းက သူတော်စင်မိန်းမပျို ဆုမူက ကျောက်စိမ်းမြို့တော်မှာ ရှိနေပြီ။ သူမက သူ့ကို လျှို့ဝှက် ထိန်းချုပ်နေတယ်။ သူ့အနေနဲ့ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ကိစ္စကို မဖြေရှင်းနိုင်မချင်း သူ လှုပ်ရှားနိုင်မှာ မဟုတ်ဘူး။"

သခင်လန်က ပြုံးလိုက်သည်။

"အဲဒီလိုဆိုရင်တော့ ကျွန်ုပ် စိတ်သက်သာရာ ရသွားပါပြီ။ သခင်လန်၊ ပြန်သွားပြီး အိမ်ရှေ့စံမင်းသားကို သတင်းပို့လိုက်ပါ။ ကျွန်ုပ်က အလယ်ပိုင်းကုန်းမြေ ပြည်နယ်အားလုံးရဲ့ အုပ်ချုပ်ရေးမှူးအားလုံးကို အမြန်ဆုံး ထိန်းချုပ်မယ်လို့ ပြောလိုက်ပါ။ မင်းသားယုနဲ့ မင်းသား ဟီဖေးတို့ရဲ့ သြဇာအာဏာကြောင့် ကျွန်ုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးအချို့ ရှိပေမဲ့၊ အိမ်ရှေ့စံမင်းသားကသာ စိတ်ပိုင်းဖြတ်ထားပြီး ပြီဆိုရင်၊ ကျွန်ုပ်အတွက် လုပ်ဆောင်ဖို့ ပိုလွယ်ကူသွားလိမ့်မယ်။ အိမ်ရှေ့စံမင်းသားက အင်ပါယာတရားရုံးမှာ ပြဿနာရှာပြီး ရုန့်ရင်းဆန်ခတ် ဖြစ်စေပြီး ဧကရာဇ်ကို မင်းသားနှစ်ပါးကို တရားဝင် စာထုတ်ပြီး ပြင်းပြင်းထန်ထန် အပြစ်တင်ခိုင်းနိုင်ရင် အကောင်းဆုံးပဲ။ ဒါဆို, တော်ဝင်အမိန့် ရောက်လာတဲ့အခါ လူတွေလည်း ထိတ်လန့်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးတွေလည်း တုန်လှုပ်သွားကြလိမ့်မယ်။ ဒါဆို ကိုင်တွယ်ဖို့ ပိုပြီး လွယ်ကူလိမ့်မယ်။"

ရွှဲ့ဟွမ်ကျန်းသည် ထရပ်ပြီး ပြတင်းပေါက်မှတစ်ဆင့် နှင်းကျနေသော ရူမြင်ကွင်းကို ဆက်လက် ကြည့်ရှုနေသည်။

"ကျွန်ုပ်က အိမ်ရှေ့စံမင်းသားဆီ ဒီသတင်းစကားကို ပေးပို့လိုက်ပါ့မယ်။"

သခင်လန်သည် စက္ကူတစ်ရွက်ကို ထုတ်ယူပြီး စက္ကူကြိုးကြာအဖြစ် ခေါက်လိုက်သည်။ ထို့နောက် သူသည် သူ့လက်မောင်းကို လှုပ်လိုက်ပြီး "ပျံ" ဟု ပြောလိုက်သည်။

စက္ကူကြိုးကြာသည် အမှန်ပင် ကခုန်ပြီး လေထဲသို့ ပျံတက်သွားသည်။ သူ့အတောင်ပံတွေကို ခတ်လိုက်သည်နှင့် တံခါးမှတစ်ဆင့် ကောင်းကင်သို့ ပျံထွက်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ပျောက်ကွယ်သွားခဲ့သည်။

"ကောင်းလိုက်တဲ့ တာအိုပညာ" ရွှဲ့ဟွမ်ကျန်းက ပြောသည်။

"ဒါက သာမန်လှည့်ကွက်လေးတစ်ခုပါပဲ။" သခင်လန်က ပြုံးလိုက်သည်။

"ရှန်ကျင်း နတ်ဘုရားရှစ်ပါး အပ်စိုက်မှတ် ကျင့်ကြံခြင်းနည်းလမ်းက တကယ်ကို အံ့ဩဖွယ်ပဲ။ အထွဋ်အထိပ် အဂ္ဂိရတ်ကျမ်း၊ အမြင့်မြတ်ဆုံး တာအိုဆေးကျမ်း။ ဒီကျမ်းက ကမ္ဘာပေါ်ရှိ နံပါတ်တစ် တာအိုဂိုဏ်းရဲ့ လျှို့ဝှက်ကျမ်း ဖြစ်နေတာ အံ့ဩစရာ မရှိတော့ဘူး။ ဒီရှန်ကျင်း နတ်ဘုရား ရှစ်ပါးဟာ ရှေးခေတ် တာအိုကျမ်းတွေမှာ ဝိုးတဝါး ဖော်ပြထားတဲ့ အရာတွေဆိုတာ သိထားသင့်တယ်။ နတ်ဘုရား ၂၄ ပါးဆိုတဲ့ အသုံးနှုန်းအရ ရှန်ကျင်းနတ်ဘုရားရှစ်ပါးအပြင် အလယ်ပိုင်း နတ်ဘုရား ရှစ်ပါးနဲ့ အောက်ပိုင်း နတ်ဘုရားရှစ်ပါးတို့လည်း ရှိသေးတယ်လို့ ဆိုလိုတယ်။ ဒါပေမဲ့ အဲဒီ အပ်စိုက်မှတ်တွေက ဘယ်လိုပုံပန်းသဏ္ဌာန် ရှိလဲဆိုတာ ငါ မသိဘူး။ ငါတို့အနေနဲ့ အဲဒီအပ်စိုက်မှတ်တွေကို တစ်ခုပြီးတစ်ခု အောင်မြင်စွာ ကျင့်ကြံနိုင်ရင်၊ တစ္ဆေအင်မော်တယ် တာအိုကိုတောင် ကျင့်ကြံချင်တော့မှာ မဟုတ်ဘူး။ ငါ လူသားအင်မော်တယ် သိုင်းတာအိုလမ်းစဉ်ကို လျှောက်လှမ်းပြီး လေဟာနယ်ကို ချိုးဖျက်ချင်တယ်။"

စကြာဝဠာအိတ်ထဲတွင်။

ချန်ယင်းရှာနှင့် ဟုန်ယွိ၏ စိတ်ဝိညာဉ်များသည် တစ်ဦးနှင့်တစ်ဦး သိုင်းကွက်ချင်း ဖလှယ်နေကြသည်။

သူတို့နှစ်ဦးသည် လက်သီး၊ လက်ဖဝါးနှင့် လက်ချောင်းများကို အပြန်အလှန် လှုပ်ရှားနေကြသည်။ သူတို့၏ ကိုယ်နေဟန်ပန်များသည် လှပပြီး ကြမ်းကြုတ်သည့် အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။ သူတို့သည် လက်တွေ့ တိုက်ပွဲဝင်နေခြင်း မဟုတ်ဘဲ သိုင်းပညာဆိုင်ရာ ထိုးထွင်းသိမြင်မှုများကို ဖလှယ်နေခြင်း ဖြစ်သည်မှာ ထင်ရှားသည်။

အမှန်စင်စစ်၊ ချန်ယင်းရှာ၏ သိုင်းပညာ ကျင့်ကြံမှုသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တသားတည်း ပေါင်းစည်းထားသည့် နင်ဂျာဘုန်းတော်ကြီး၊ ဝေတိုင်ကန်၊ သို့မဟုတ် ဝူအိမ်တော်ထိန်းတို့ထက် မသာသော်လည်း၊ သူမသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းထားသည့် မည်သည့် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်ကိုမဆို အနိုင်ယူနိုင်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် သိုင်းပညာအရ၊ သိုင်းပညာရှင်တစ်ဦးသည် မည်မျှပင် ထူးချွန်ပါစေ၊ သိုင်းသူတော်စင်တစ်ဦး မဟုတ်သရွေ့၊ ချန်ယင်းရှာနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ဤအချိန်တွင် သူတို့နှစ်ဦးသည် ရှန်ကျင်း နတ်ဘုရားရှစ်ပါး၏ အပ်စိုက်မှတ်ရှစ်ခု၏ စွမ်းအားနှင့် သူတို့၏ ချီနှင့် သွေးကို ကျင့်ကြံရန် အသုံးပြုပုံတို့ကို လေ့လာနေကြသည်။

ရှန်ကျင်း နတ်ဘုရားရှစ်ပါး၏ ကျင့်ကြံခြင်းနည်းလမ်းကို ရရှိခြင်းသည် ဟုန်ယွိနှင့် ချန်ယင်းရှာတို့အတွက် ကြီးမားသော အကျိုးကျေးဇူး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အကယ်၍, သူတို့နှစ်ဦးသည် သိုင်းပညာအစား တာအိုပညာကို ကျင့်ကြံခဲ့သည်ဆိုလျှင်ပင်၊ သူတို့၏ ခန္ဓာကိုယ် စွမ်းရည်တွင် ကြီးမားသော တိုးတက်မှုက သူတို့၏ စိတ်ဝိညာဉ် စွမ်းအားကိုလည်း များစွာ တိုးမြှင့်ပေးနိုင်ပါသည်။

"ငါ မျောက်ဝံဖြူဘုရင် ဟာကူဇိယွဲ့နဲ့ တွေ့ဆုံတဲ့အချိန်တုန်းက, တဖက်ကမ်းကို ကျော်လွန်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲလို့ ငါ သူ့ကို မေးခဲ့ဖူးတယ်။ သူက သိုင်းတာအိုမှာဆို လေဟာနယ်ကို ချိုးဖျက်နိုင်ပြီး၊ တာအိုပညာက ယန်နတ်ဘုရားအထိ အောင်မြင်အောင် လုပ်ဆောင်ရမယ်လို့ ပြောခဲ့ဖူးတယ်။ ဒီနောက် သူက အသက်မဲ့အနာဂတ်ကျမ်းရဲ့ နည်းလမ်းတွေကို ကျင့်သုံးပြီး မရေမတွက်နိုင်တဲ့ လူပေါင်းများစွာရဲ့ ကိုယ်ကွယ်မူနဲ့ ယုံကြည်ချက်တွေကို စုဆောင်းပြီး၊ အဆုံးမဲ့ စွမ်းအားကို စုဆောင်းဖို့နဲ့ နိဗ္ဗာနနယ်ပယ်ကို ကျော်လွန်ဖို့ လိုအပ်တယ်လို့ ပြောခဲ့တယ်။ သူ့စကားတွေက အနည်းငယ် နက်နဲနေတယ်လို့ ငါ ထင်တယ်။ ယန်နတ်ဘုရားဖြစ်ဖို့ ခက်ခဲသလို၊ လူသားအင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိပြီး၊ လေဟာနယ်ကို ချိုးဖျက်ဖို့လည်း အလွန်ခက်ခဲတယ်။ ဒီနှစ်ခုကို ပေါင်းစပ်ဖို့ဆိုတာ ပိုလို့တောင် ဝေးသေးတယ်။"

ဟုန်ယွိသည် ထရပ်ပြီး ပြောလိုက်ပါသည်။

"ရုပ်ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ဟာ ဆက်စပ်မူ ကြီးကြီးမားမား ရှိနေရမယ်။ ယန်နတ်ဘုရားတစ်ပါး ဖြစ်လာဖို့အတွက် ရုပ်ခန္ဓာကိုယ်ရဲ့ အကူအညီ လိုအပ်တယ်လို့ ငါ ခန့်မှန်းထားတယ်။ လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာကိုယ်ကို လူသားအင်မော်တယ် ဖြစ်လာတဲ့အထိ ကျင့်ကြံပြီး၊ နတ်ဘုရား စိတ်ဝိညာဉ်ကလည်း လျှပ်စီးကပ်ဘေးကို ကိုးကြိမ်တိုင်တိုင် ဖြတ်ကျော်ပြီးမှပဲ ရုပ်ခန္ဓာကိုယ်ရဲ့ ကြီးမားကျယ်ပြန့်တဲ့ ချီနဲ့သွေးကို နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားအဖြစ် ပြောင်းလဲနိုင်မယ်။ ဒီနောက် အဲဒီနှစ်ခုကို ပေါင်းစပ်ကာ ယန်နတ်ဘုရားအဖြစ် အောင်မြင်နိုင်အောင် ကျင့်ကြံနိုင်မယ်။ မဟုတ်ရင် မိုးကြိုးကပ်ဘေးကို ကိုးကြိမ် ကျော်ဖြတ်ပြီးရင်တောင် ယန်နတ်ဘုရား ဖြစ်လာနိုင်မှာ မဟုတ်ဘူး။"

ချန်ယင်းရှာက ရုတ်တရက် ဟုန်ယွိကို ပြောသည်။

"ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲက ဉဒေါင်းဘုရင်နဲ့ ကောင်းကင်မြွေဘုရင်တို့ဟာ အလွန်ရှေးကျကြပြီး၊ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးပြီ။ ဒါပေမဲ့ မျောက်ဝံဖြူဘုရင်က ငါ့ထက် အများကြီး ငယ်ပေမယ့်လည်း သူက အဆင့်သုံး သတ်မှတ်ခံရတယ်။ သူ ပြောခဲ့သည့် စကားတွေက အဓိပ္ပာယ်ရှိတယ်။ သူ့ကျင့်ကြံမှုက ငါ့ထက် ပိုနက်ရှိုင်းပြီး၊ သူက အခု ယွမ်တုနိုင်ငံက ဘိုင်မိသားစုမှာ ပြန်လည်မွေးဖွားတယ်။ ယွမ်တုနိုင်ငံက ဘိုင်မိသားစုဟာ အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းမှာ အလွန်သြဇာအာဏာ ကြီးမားပြီး၊ လက်ရှိ ဂိုဏ်းခေါင်းဆောင်က ဘိုင်ဖေးရှန်ပဲ။ သူက မျောက်ဝံဖြူဘုရင်ရဲ့ အဘိုးလည်း ဖြစ်တယ်။" (ရှေ့မှာတုန်းက ပိုင်ဖေးရှန်ဟု ပြန်ဆိုခဲ့ပါသည်။ စတင်ပြန်ဆိုကလည်း ဘိုင်မိသားစုဟု အသုံးပြုလာသည့်အတွက် ဘိုင်ဟုသာ ပြန်ဆိုပါတော့မည်)။

"အိုး၊ ယွမ်တုနိုင်ငံက ဘိုင်မိသားစုဟာ ကမ္ဘာပေါ်မှာ ကြီးကျယ်ခမ်းနားတဲ့ မြင့်မြတ်နယ်မြေ ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ အစစ်မှန် ခုနှစ်စဉ်ကြယ် ဂိုဏ်းကို ထိန်းချုပ်နေတာလား။ ဟာကူဇိယွဲ့ဟာ သူသေပြီးနောက် ဘိုင်မိသားစုမှာ ပြန်လည်မွေးဖွားတာ အံ့ဩစရာ မရှိပါဘူး။" ဟုန်ယွိသည် ထိတ်လန့်သွားပါသည်။ "ဒါပေမဲ့ အခုနက ယန်နတ်ဘုရားဖြစ်အောင် ကျင့်ကြံဖို့ဆို ရုပ်ခန္ဓာကိုယ်ကို လူသားအင်မော်တယ် နယ်ပယ်အထိ ကျင့်ကြံဖို့ လိုအပ်တယ်လို့ မင်း ပြောလိုက်ပါတယ်။ ဒါက မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းရဲ့ ညွှန်ကြားချက်လား"

"မဟုတ်ဘူး၊ ငါ ဝိုးတဝါး ထင်မြင်မိရုံပါ။" ချန်ယင်းရှာက ပြောသည်။ "နောက်ဆုံးတော့, ယန်နတ်ဘုရားနယ်ပယ်ဆိုတာ နက်နဲတယ်။ မိုးကြိုး နတ်ဘုရားတာအိုဂိုဏ်းရဲ့ ဘိုးဘေးတွေတောင်မှ ကျင့်ကြံနိုင်ခြင်း မရှိခဲ့ဘူး။ ငါက မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းက ဘိုးဘေးတွေရဲ့ အတွေ့အကြုံ တွေကို ပေါင်းစပ်လိုက်ရုံပဲ။ သူတို့ကရော တောက်ပသောမိုးကြိုးကိုယ်ထည် ပညာရပ်ကို ဘာလို့ ဖန်တီးခဲ့ကြတာလဲ။ ဒါ့အပြင် နင်ဂျာဘုန်းတော်ကြီး က မိုနိုဂိုတာရီဟာ ကောင်းကင်အနှစ်သာရဆေးကို နှစ် ၆၀ကြာ သန့်စင်ခဲ့ပြီးမှ သူ့ရုပ်ခန္ဓာကိုယ်ကို လူသားအင်မော်တယ် နယ်ပယ်အထိ တွန်းပို့နိုင်ခဲ့တယ်လို့ ပြောခဲ့တယ်။ ဒါဆို သူကရော ဘာလို့ ဒီလောက်အချိန်ကုန်ခံပြီး အဲဒီဆေးကို သန့်စင်ခဲ့တာလဲ။ ဒါ့အပြင် အနှစ်သာရ နတ်ဘုရားကျောင်း ဝိညာဉ်သီအိုရီနဲ့ ရှေးခေတ် တာအိုပညာရှင်တွေ လက်ဆင့်ကမ်းလာတဲ့ မှတ်တမ်းတွေအရ, လူတစ်ယောက်ရဲ့ စိတ်နေသဘာဝကို ပြုစုပျိုးထောင်ဖို့အတွက် လူတစ်ယောက်ရဲ့ ဘဝကို ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပြီး၊ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ကျင့်ကြံဖို့အတွက်ဆို, လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ကျင့်ကြံဖို့ လိုအပ်တယ်တဲ့။ ငါမမှားဘူးဆိုရင်၊ ယန်နတ်ဘုရားအဖြစ် အောင်မြင်ဖို့၊ မိုးကြိုးကပ်ဘေး ကိုးကြိမ်ကို ကျော်ဖြတ်နိုင်ဖို့အတွက်ဆို စစ်ဆေးရေးဂိတ်တစ်ခု၊ ထောက်ပံ့ပေးနိုင်မယ့် စွမ်းအားတစ်ခု လိုအပ်ပြီး၊ အဲဒီစွမ်းအားကလည်း လူသားအင်မော်တယ် ခန္ဓာကိုယ်ရဲ့ စွမ်းအား ဖြစ်ရမယ်။"

"ယန်နတ်ဘုရား ဖြစ်လာဖို့အတွက် လူသားအင်မော်တယ်နယ်ပယ်အထိ ကျင့်ကြံဖို့ လိုအပ်သလား" ချန်ယင်းရှာ ထိုးထွင်းသိမြင်ခဲ့သည့်အရာကို နားထောင်ရင်း ဟုန်ယွိ၏အသံက အနည်းငယ် တုန်ယင်သွားသည်။ သူ့အလိုလို အသိစိတ်အပေါ် အခြေခံ၍ ချန်ယင်းရှာ၏ ခန့်မှန်းချက်က မှန်သည်ဟု သူ ခံစားရသည်။

သို့သော် အကယ်၍ ဤအနေထားတိုင်းဆိုလျှင်, ယန်နတ်ဘုရားလမ်းစဉ်က ပိုပြီး ရှည်လျားလိမ့်မည်။

"ဒါဆို မိုနိုဂိုတာရီရဲ့ လူသားအင်မော်တယ် ခန္ဓာကိုယ်က ပျက်စီးသွားပြီဆိုတော့, သူ့အနေနဲ့ ယန်နတ်ဘုရားဖြစ်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ဆိုလိုရာ မရောက်ဘူးလား" ဟုန်ယွိက ထပ်မံ မေးသည်။

"ဟုတ်တယ်။ မိုနိုဂိုတာရီဟာ ယန်နတ်ဘုရား မဖြစ်သေးသရွေ့ သူ့ကို ကိုင်တွယ်ဖို့ နည်းလမ်းမျိုးစုံ ရှိကောင်းရှိလိမ့်မယ်။ သူက ဒီကမ္ဘာကြီးမှာ အစစ်မှန် ပြိုင်ဘက်ကင်းပုဂ္ဂိုလ် မဖြစ်နိုင်သေးဘူး။ ဒါက တော်ဝင်ချန် အင်ပါယာတရားရုံဟာ အစီအစဉ်မျိုးစုံအပြီးမှာ အသုံးပြုမယ့် နည်းလမ်း ဖြစ်ရမယ်။" ချန်ယင်းရှာက ပြောပြီးနောက် သူမမျက်ခုံးနှစ်ခုကြားတွင် စိုးရိမ်ပူပန်မှု အရိပ်အမြွက် ပေါ်လာသည်။ "ဒါပေမဲ့ ဝူအိမ်တော်ထိန်းက ကောင်းကင်ဘုံသေမင်းဘီးမှာ အပ်စိုက်မှတ် ၃၆၀ ရှိတယ်လို့ ပြောခဲ့တယ်။ ဒါက တကယ်ကို ထိတ်လန့်စရာပဲ။ တကယ်လို့, ဒီအတိုင်းသာဆိုရင် နင့်အဖေ ဟုန်ရွှမ်ကျိက ဘုန်းတော်ကြီးယန်ယွဲ့ထက် အဆပေါင်းများစွာ ပိုပြီး ကြောက်စရာ ကောင်းနိုင်တယ်။ ဘုန်းတော်ကြီးယန်ယွဲ့က အပ်စိုက်မှတ် ၁၀၈ ခုကိုပဲ ကျင့်ကြံနိုင်ခဲ့တာကို မင်း သိထားသင့်တယ်။"

"အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်းနဲ့ ဖန်ဆင်းခြင်းကျမ်းတို့ကို ပေါင်းစပ်ထားတာဆိုတော့ သဘာဝအတိုင်း အစွမ်းထက်မှာပဲ။ ဒါပေမဲ့ ငါ သူ့ကို မကြောက် ဘူး။ ဒါ့အပြင်, အခု ငါ အသက်မဲ့တာအိုဂိုဏ်း၊ အစစ်မှန် လေဟာနယ်တာအိုဂိုဏ်းနဲ့ အိမ်ရှေ့စံ မင်းသားတို့ကြားက ဆက်ဆံရေးကို သိနေပြီ။ သူက အိမ်ရှေ့စံ မင်းသားရဲ့ ဆရာဖြစ်တဲ့အပြင်, အိမ်ရှေ့စံ မင်းသားအတွက် ဆူးတစ်ချောင်း ဖြစ်နေတယ်ဆိုတာ ငါတို့ သိထားရမယ်။ အခု ငါက ရန်သူကို သတိပေးပြီး အသက်မဲ့တာအိုဂိုဏ်း၊ အစစ်မှန် လေဟာနယ်တာအိုဂိုဏ်းရဲ့ လျှို့ဝှက်ချက်ကြီးနှစ်ခုကို ဖော်ထုတ်လိုက်ပြီ။ ဒါက စကားလုံး လေးလုံးနဲ့ ပြောရရင် - ကျားကိုမောင်းပြီး ဝံပုလွေကို စားခိုင်းတာပဲ။"

"ကျားကို မောင်းပြီး ဝံပုလွေကို စားခိုင်းတာလား" ချန်ယင်းရှာက မေးသည်။

"ဟုတ်တယ်၊ ကျားကိုမောင်းပြီး ဝံပုလွေကို စားခိုင်းတာပဲ။ သူတို့အချင်းချင်း အရင်ဆုံး သူတို့ရဲ့ ခွန်အားတွေကို သုံးစွဲပါစေ။ အခု ငါတို့က ရှန်ကျင်း နတ်ဘုရားရှစ်ပါး အပ်စိုက်မှတ်ရှစ်ခုကို သိပြီ။ ဒီအပ်စိုက်မှတ်တွေကို စုစည်းပြီးရင် ငါတို့ရဲ့ သိုင်းပညာလည်း အများကြီး တိုးတက်လာလိမ့်မယ်။ အခု နွေဦးရောက်လာပြီ။ နွေဦးမိုးကြိုး ထွက်ပေါ်လာတာနဲ့ ငါတို့ ချက်ချင်း မိုးကြိုးကပ်ဘေးဒဏ်ကို ကျော်ဖြတ်နိုင်လိမ့်မယ်။ မိုးကြိုးကပ်ဘေးဒဏ်ကို ကျော်ဖြတ်ပြီးရင်၊ စိတ်ဝိညာဉ် အားနည်းတဲ့ အချိန်က ကာလကြာရှည် ရှိနေမှာ ဖြစ်ပေမဲ့၊ ငါတို့က အတိတ်ကျမ်းကို ကျင့်ကြံထားပြီး၊ နတ်ဆိုးနတ်ဘုရားရဲ့သွေးကိုလည်း သောက်သုံးထားတယ်။ ငါတို့အနေနဲ့ ခန္ဓာကိုယ်ရဲ့ အနှစ်သာရကို စိတ်ဝိညာဉ် ပြန်လည်ကုစားဖို့အတွက် အသုံးပြုနိုင်တယ်။ ဒါကြောင့် အလျင်အမြန် ပြန်ကောင်းလာမယ်လို့ ငါ ထင်တယ်။"

ဟုန်ယွိက ပြတ်သားစွာ ပြောသည်။

"မင်းက စကြာဝဠာအိတ်ထဲမှာ နေပြီး ကျင့်ကြံပါ။ ငါ့စိတ်ဝိညာဉ်က အပြင်ကို ထွက်ပြီး ငါတို့ ခုနက ဆွေးနွေးခဲ့တဲ့ အတွေ့အကြုံအတိုင်း ကျင့်ကြံ မယ်။ နောက်ရက် အနည်းငယ်အတွင်း တိုက်ပွဲကောင်းတစ်ခု ရှိလာမှာတောင် စိုးရတယ်။"

ဟုန်ယွိ စကားပြောနေစဉ်မှာပင် သူ့စိတ်ဝိညာဉ်က အပြင်ကို ထွက်သွားပြီး သူ့ရုပ်ခန္ဓာကိုယ်ဆီကို ပြန်ရောက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က အိပ်ရာပေါ်မှာ ထိုင်နေသည်။ သူ့ပတ်ဝန်းကျင်က မှောင်မိုက်နေပြီ။ ညဉ့်နက်ပိုင်း ဖြစ်နေသည်မှာ ထင်ရှားသည်။

သူ့ချီနှင့် သွေးကို လည်ပတ်စေရင်း ဟုန်ယွိသည် ရှန်ကျင်း နတ်ဘုရားရှစ်ပါး အပ်စိုက်မှတ်ရှစ်ခုနှင့် စိုက်ပျိုးရေးနတ်ဘုရာမ၏ အပ်စိုက်မှတ်တစ်ခုကို စောင့်ကြည့်နေသည်။ ဤအပ်စိုက်မှတ်ကိုးခုသည် တစ်ခုပြီးတစ်ခု လှုပ်ရှားနေပြီး သူ့ခန္ဓာကိုယ်သည် အတွေးမရှိငြိမ်သက်ခြင်း အခြေအနေသို့ တစ်ဖန် ပြန်ဝင်သွားခဲ့သည်။

ဟုန်ယွိသည် အတွေးမရှိငြိမ်သက်ခြင်း အခြေအနေသို့ ဝင်ရောက်သွားသည့် အခိုက်တန့်မှာပင်, သူ့အပ်စိုက်မှတ်ကိုးခုသည် အဝေးရှိ နက်ရှိုင်း ကျယ်ပြန့်သော ကောင်းကင်ယံရှိ ကြယ်တစ်ခုနှင့် အလွန်မင်းသိမ်မွေ့သော၊ မထင်မရှား ဆက်သွယ်မှုတစ်ခု ရှိနေသည်ကို ရုတ်တရက် ခံစားလိုက်မိ သည်။

သို့သော် ထိုခံစားချက်သည် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။

ထို့နောက် ဟုန်ယွိသည် အံ့ဩသည့်အသံ ထွက်သွားပြီး သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် အထူးဂရုစိုက်ပြီး အတွေးမရှိငြိမ်သက်ခြင်း အခြေအနေသို့ တစ်ဖန် ပြန်ဝင်သွားသော်လည်း ထိုဆက်သွယ်မှုက အိပ်မက်တစ်ခုကဲ့သို့ ထပ်မံ မတွေ့နိုင်တော့ပေ။

အခန်း (၂၅၂)။

"ဟင်…၊ ငါ့အပ်စိုက်မှတ်တွေနဲ့ ပဲ့တင်ထပ်နေတဲ့ ကောင်းကင်ယံက မှိန်ဖျော့ဖျော့ ကြယ်စွမ်းအင်ကို ငါ ခံစားမိလိုက်သလိုပဲ။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ဘုန်းတော်ကြီးယင်ယွဲ့ "ဗုဒ္ဓတိုက်ပွဲမှတ်တမ်း" မှာ ဖော်ပြထားတဲ့ အပ်စိုက်မှတ်တွေကို အဆင့်တစ်ခုအထိ ကျင့်ကြံပြီးတဲ့အခါ အလွန် နက်ရှိုင်းတဲ့ နယ်ပယ်ကို ရောက်ရှိမယ်ဆိုတဲ့ အကြောင်းအရာပဲ။ ငါက သိုင်းတာအိုမှာဆို မဟာဆရာသခင်နယ်ပယ်ထဲ ဝင်ရောက်ရုံပဲ ရှိသေး တယ်။ ခြင်ဆီသန့်စင်ခြင်း နယ်ပယ်တောင် မပြီးသေးဘူး။ ဒီလိုနယ်ပယ်မျိုးကို ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ။"

အမှောင်ထဲတွင် ဟုန်ယွိသည် သူ့ခန္ဓာကိုယ်၌ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကို အကြိမ်ကြိမ် ပြန်လည် သတိရနေသည်။

သူသည် ထရပ်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်ပါသည်။ သူသည် အပြင်ဘက်ရှိ မှောင်မိုက်သော ကောင်းကင်နှင့် တဝှီးဝှီး တိုက်ခတ်နေသော လေပြင်းများကို ကြည့်လိုက်သည်။ မည်သည့်ကြယ်ရောင်မှ မရှိပေ။

ယခုအချိန်တွင် နှင်းများ ထူထပ်စွာ ကျခြင်းက ရပ်တန့်သွားပါပြီ။ သို့သော် လေကတော့ ဆက်ပြီး ပြင်းထန်နေတုန်းပင်။ လေပြင်းသည် ပြန့်ကျဲနေ သော နှင်းပွင့်များကို သယ်ဆောင်လာပြီး သူ့မျက်နှာပေါ်ကို ရိုက်ခတ်သည်။ ၎င်းသည် အလွန် နာကျင်စေသည်။ အသက်ရှူထုတ်လိုက်သောအခါ သူ့မျက်ခုံးနှင့် ဆံပင်များသည် ရေခဲစများအဖြစ် အေးခဲသွားလိမ့်မည်။

သို့သော် ဟုန်ယွိ၏ ခန္ဓာကိုယ်သည် လုံးဝ အေးစိမ့်ခြင်းမရှိပေ။ သူ့သိုင်းပညာက မြင့်မားပြီး ခန္ဓာကိုယ်က ကြံ့ခိုင်သန်မာသည့်အပြင်၊ သူ အတွင်းခံ အဖြစ် အသုံးပြုသော စကြာဝဠာအိတ်သည် အမြဲတမ်း နွေးထွေးသော ယန်အငွေ့အသက် ရှိနေလိမ့်မည်။ ၎င်းသည် မည်သည့် သားရဲတိရစ္ဆာန်၏ သားမွေးထက်မဆို ပိုကောင်းသည်။

သူသည် အပ်စိုက်မှတ်များကို သတိထားစောင့်ကြည့်ပြီး၊ သူ့စိတ်ဝိညာဉ်ကို မူလအခြေအနေတွင် ထားရှိကာ ကျင့်ကြံနေစဉ်, သူ့အပ်စိုက်မှတ်များ ကြယ်များနှင့် ပဲ့တင်ထပ်နေရခြင်း၏ အကြောင်းအရင်းကို ဟုန်ယွိ နားမလည်နိုင်ခဲ့ပေ။

အကယ်၍, သာမန်သိုင်းပညာရှင်တစ်ဦးသာ ဖြစ်ခဲ့ပါက၊ သိုင်းပညာ လေ့ကျင့်နေစဉ် ထိုသို့သော အခြေအနေကို လုံးဝ လျစ်လျူရှုပြီး စိတ်ကူးယဉ် သက်သက်ဟုသာ ထင်မိလိမ့်မည်။ သို့သော် ဟုန်ယွိသည် မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ပိုင်းဟု ပြောလို့ရသည့် တစ္ဆေအင်မော်တယ်တစ်ဦး ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်သည် အလွန် အာရုံခံနိုင်စွမ်း မြင့်မားသည်။ သူသည် သေးငယ်သည့် မည်သည့်အတွေးများကိုမဆို ၎င်းတို့၏ ဖြစ်ပေါ်ခြင်းနှင့် ပျက်စီးခြင်းကို ခံစားနိုင်ပါသည်။ သူ့ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများကိုဆိုလျှင်, ပြောစရာပင် မလိုပါချေ။

ယုတ္တိအရ ပြောရလျှင် အပ်စိုက်မှတ်များကို အလွန်မြင့်မားသော နယ်ပယ်အထိ ကျင့်ကြံနိုင်ပြီး၊ လူသားအင်မော်တယ် ဖြစ်ခါနီးတွင် ကောင်းကင်ယံရှိ ကြယ်များနှင့် ပဲ့တင်ထပ်လာလိမ့်မည်။ ၎င်းသည် ကောင်းကင်၊ မြေကြီးနှင့် လူသားတို့ ဝိုးတဝါး ဆက်သွယ်နိုင်သည့် အလွန် နူးညံ့သိမ်မွေ့ပြီး နက်နဲသော နယ်ပယ်တစ်ခု ဖြစ်သည်။

လူ့ခန္ဓာကိုယ်သည် ကမ္ဘာငယ်တစ်ခုဖြစ်ပြီး၊ လူ့ခန္ဓာကိုယ်၏ အပ်စိုက်မှတ်များသည် ကောင်းကင်ရှိ ကြယ်များကဲ့သို့ ဖြစ်သည်။

၎င်းသည် ရုပ်ခန္ဓာကိုယ်ကို ကျော်လွန်နေသည့် သိုင်းတာအို၏ နက်နဲသော သီအိုရီတစ်ခု ဖြစ်သည်။ ထိုအကြောင်းကို ဘုန်းတော်ကြီးယင်ယွဲ့ မှတ်တမ်း ပြုစုထားသည့် သိုင်းကျမ်းများကို ဖတ်ရှုသောအခါ ဟုန်ယွိ နားလည်ခဲ့သည့် အရာတစ်ခု ဖြစ်သည်။

ချန်ယင်းရှာပင် ကျင့်ကြံနေစဉ် ဤကဲ့သို့ ခံစားရခြင်းမျိုး မရှိခဲ့ပေ။ ဟုန်ယွိသည် သူ ဤသို့ ခံစားရလိမ့်မည်ဟု မယုံကြည်ပေ။

ကောင်းကင်ယံရှိ ကြယ်များတွင် စွမ်းအားရှိကြောင်းကိုမူ ဟုန်ယွိ မယုံသင်္ကာ မဖြစ်မိပေ။ နေသည်လည်း ကြယ်တစ်လုံးဖြစ်ပြီး၊ ၎င်းမှ အလင်းများ စုဝေးသောအခါ ပြင်းထန်သော မီးလျှံအဖြစ် ပြောင်းလဲနိုင်သည်။ အခြား ကြယ်များသည် နေကဲ့သို့ စွမ်းအား မရှိသော်လည်း၊ အားနည်းသော စွမ်းအားနှင့် တောက်ပမှုကို အမြဲတမ်း ပေးပို့နေပါသည်။

ဘန်း…၊ ပြတင်းပေါက်များကို ပိတ်လိုက်ပြီး ဟုန်ယွိသည် လေအေးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်လိုက်ပါသည်။ သူသည် အိပ်ရာပေါ်တွင် ပြန်ထိုင်လျက် ထပ်မံ ကျင့်ကြံပြီး၊ သူ့ အတွေးများကို အပ်စိုက်မှတ်များကို စောင့်ကြည့်ရန် ကိုးခု ခွဲထုတ်လိုက်ပါသည်။

"ရှန်ကျင်းနတ်ဘုရားရှစ်ပါးကို ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် ပေါင်းစည်းရမယ်။ ဧကရာဇ်ရွှမ်းမု၊ နတ်ဘုရားငါးပါး တစ်ပါးချင်းစီက ကိုယ်ပိုင် ပုံသဏ္ဌာန်တွေကို ပြသကြ။ ပြောင်းလဲမှုတွေက စစ်မှန်တယ်။ မြင်းစီးသူရဲ ထောင်ပေါင်းများစွာက ဧကရာဇ်လီမင်ဆီ ရွှေ့လျားလာနေကြတယ်။ အဖြူရောင်တိမ်တိုက်တွေမှာ သူရဲကောင်း မရှိ။ တာအိုက ကြီးမြတ်တဲ့ ဧည့်သည်တော်ကို ကျွေးမွေးတယ်။”

သူသည် အပ်စိုက်မှတ်များ၏ မန္တာန်များကို ရွတ်ဆိုပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ခါစေသည်။ သူသည် အပ်စိုက်မှတ်များတွင် နေထိုင်သော နတ်ဘုရားကိုးပါးကို မြင်ယောင်ကာ၊ လှုပ်ရှားရန် အသင့်ဖြစ်နေသည့် နတ်ဘုရားသန္ဓေသားလောင်းများကို ပြုစုပျိုးထောင်ပေးနေသည်။

ထိုအခါမှသာ ဟုန်ယွိသည် အပ်စိုက်မှတ်များတွင် စိတ်ဝိညာဉ်ကို သိုလှောင်ခြင်း၊ အပ်စိုက်မှတ်များကို စောင့်ကြပ်ခြင်းနှင့် ချီနှင့်သွေးကို လည်ပတ်စေ ခြင်းတို့၏ ကျင့်စဉ်နည်းလမ်းသည် တာအိုပညာကို အသုံးပြု၍ စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းနှင့် ဆင်တူကြောင်း သဘောပေါက်သည်။ သို့သော် တာအိုပညာကို အသုံးပြု၍ စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်အမျိုးမျိုးကို မှီခိုရပြီး၊ သိုင်းတာအိုကို ကျင့်ကြံခြင်းက ခန္ဓာကိုယ်၏ အပ်စိုက်မှတ်များအတွင်းရှိ ချီနှင့်သွေးကို အသုံးပြုကာ၊ သွေးကို နတ်ဘုရားတစ်ပါး ပုံစံအဖြစ်သို့ ပြောင်းလဲရခြင်း ဖြစ်ပါသည်။

"သိုင်းတာအိုနဲ့ အင်မော်တယ်တာအိုတို့ကြားမှာ တူညီတဲ့အရာတွေ ရှိနေပုံတယ်။"

ဟုန်ယွိသည် အပ်စိုက်မှတ်ကိုးခုကို စောင့်ကြည့်ပြီး သူ့အတွေးများကို အပ်စိုက်မှတ်များတွင် တည်မြဲစေကာ ချီနှင့်သွေးကို သဟဇာတ ဖြစ်စေ၍ နတ်ဘုရားပုံစံများအဖြစ် စုစည်းစေသည်။ သူသည် ထပ်မံ ထရပ်ပြီး နဂါးနှင့်ဆင်တံဆိပ်၊ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်၏ ခြင်ဆီသန့်စင်ခြင်း လျှို့ဝှက်နည်းလမ်းကို အသက်သွင်းသည်။

တောရိုင်းဒေသမှ ပြန်လာပြီးနောက် ရက်အနည်းငယ်ကြာတွင် ဟုန်ယွိသည် နင်ဂျာဘုန်းတော်ကြီးနှင့် သိုင်းပညာကို ဆွေးနွေးပြီး နောက်ဆုံးတွင် နဂါး - ဆင်တံဆိပ်နှင့် အစစ်မှန် သိုင်းသူတော်စင်ခန္ဓာကိုယ်၏ ခြင်ဆီသန့်စင်ခြင်း လျှို့ဝှက်နည်းလမ်းကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့သည်။

နင်ဂျာဘုန်းတော်ကြီးသည် သိုင်းတာအိုတွင် ဆရာတစ်ဆူ ဖြစ်သည်။ သူ၏ သိုင်းပညာအပေါ် နားလည်မှုက အလွန် နက်ရှိုင်းပြီး ချန်ယင်းရှာထက် အဆပေါင်းများစွာ ကြွယ်ဝသည်။ ထိုကဲ့သို့ အသက်ရှိ ဆရာတစ်ပါးကို ရရှိထားသည့်အတွက် ဟုန်ယွိသည် သူ့ကို မေးခွန်းများ မေးမြန်းပြီး သူ၏ အသိပညာအားလုံးကို တူးဖော်ရယူမည်မှာ သေချာပါသည်။

သူ၏ အင်္ဂါအစိတ်ပိုင်းတွေက တုန်ခါနေကာ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးနေပြီး၊ သူ့နှာခေါင်းနှင့် လည်ချောင်းတို့မှလည်း အသံများ ထွက်ပေါ်လာကာ၊ သူသည် အသံထွက် ရွတ်ဆိုနေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် လိပ်၊ မြွေ၊ နဂါးနှင့် ဆင်ဟူသည့် တိရစ္ဆာန်လေးကောင် ပုန်းအောင်းနေပုံရသည်။

ဟုန်ယွိ လက်သီးထိုးနှက်လိုက်တိုင်း စွမ်းအားသည် ချက်ချင်း သူ့ရိုးတွင်းခြင်ဆီထဲသို့ စိမ့်ဝင်သွားသည်။ ခဏကြာပြီးနောက် သူ့ရိုးတွင်းခြင်ဆီသည် ပိုးလောင်းလေးများ ပတ်ပတ်လည် လှုပ်ရှား တွားသွားနေသကဲ့သို့ နွေးထွေးနေသည်ကိုသာ သူ ခံစားရသည်။ လက်သီးနှင့် ခြေကန်ချက် တစ်ချီ ပြီးနောက် အသံတွေ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် မီးဖိုကဲ့သို့ ပူလောင်နေသည်။ ထင်ရှားသည်မှာ သူ့ရိုးတွင်းခြင်ဆီသည် အသက်ဝင်လာပြီး သူ့ချီနှင့် သွေးတို့ကို ပိုမို လျင်မြန်စွာ လှည့်ပတ်ပေးနေသည်။

"ဟင်၊ ငါ့ခန္ဓာကိုယ်က ဘာလို့ ပိုပြီး ပူလာရတာလဲ။ ဟုတ်ပြီ၊ နတ်ဆိုးနတ်ဘုရားရဲ့ သွေးကြောင့်လား။ ဒါက နတ်ဆိုးနတ်ဘုရားရဲ့ သွေးပဲ။ အံ့ဩစရာ မရှိဘူး။ ငါအပ်စိုက်မှတ်တွေက ကြယ်တွေနဲ့ ပဲ့တင်ထပ်နိုင်တယ်လို့ ခံစားရတာ ဒါကြောင့်ကိုး။ မိုနိုဂိုတာရီဟာ ကောင်းကင်အနှစ်သာရဆေးကို သန့်စင်ဖို့အတွက် အနှစ်သာရနတ်ဘုရားကျောင်းက နတ်ဆိုးနတ်ဘုရားသွေး သုံးစက်ကို လုယူခဲ့တယ်လို့ ကြားဖူးခဲ့တယ်။ နတ်ဆိုးနတ်ဘုရားရဲ့ သွေးမှာ ဒီလိုစွမ်းအားမျိုး ရှိတယ်ဆိုတာ သူ သိထားရမယ်။"

ဤအချိန်တွင် ဟုန်ယွိသည် သူ့ရိုးတွင်းခြင်ဆီကို အသက်သွင်းပြီး၊ သူ့ချီနှင့် သွေးကို လည်ပတ်စေရာ နောက်ဆုံးတွင် သူ လွန်ခဲ့သော ဆယ်ရက်ကျော် က စားသုံးခဲ့သည့် နတ်ဆိုးနတ်ဘုရားသွေး၏ နောက်ဆုံးလက်ကျန်စွမ်းအားကို နှိုးဆွလိုက်မိသည်။

နတ်ဆိုးနတ်ဘုရား၏သွေးသည် မူလကတည်းက အသတ်ခံရသော လူသားအင်မော်တယ် ကျွမ်းကျင်သူတစ်ဦး၏ သွေးအနှစ်သာရမှ ချက်လုပ်ထား သော ဝိုင်ဖြစ်ပုံရသည်။ ၎င်းတွင် ပါရှိသော စိတ်ဆန္ဒသည် ဝိညာဉ်ကို ကျင့်ကြံရန်အတွက်သာမက၊ သွေးထဲတွင် သိုင်းပညာ အတွေ့အကြုံများ၊ ကြယ်များနှင့် ပဲ့တင်ထပ်နိုင်သည့် အပ်စိုက်မှတ် အတွေ့အကြုံများပါ ပါရှိပြီး၊ အပ်စိုက်မှတ်များကို ကျင့်ကြံနေစဉ် လူတစ်ယောက်၏ခန္ဓာကိုယ်အား ကြယ်များနှင့် ပဲ့တင်ထပ်သည့် နယ်ပယ်ကို ခံစားနိုင်စေရန် တွန်းပို့ပေးနိုင်သည်။

ဟုန်ယွိသည် ဤအမှန်တရားကို နောက်ဆုံးတွင် နားလည်သွားခဲ့ပါပြီ။

သူ ထပ်မံ ကျင့်ကြံသောအခါ ကြယ်များနှင့် ပဲ့တင်ထပ်သည့် နယ်ပယ်မျိုး မရှိတော့ပေ။ ၎င်းသည် သွေး၏ အကျိုးသက်ရောက်မှု ကုန်ဆုံးသွားခြင်း ကြောင့် ဖြစ်ရမည်။

"ဝမ်းနည်းစရာပဲ။ တကယ်လို့, ငါ့မှာသာ နတ်ဆိုးနတ်ဘုရားသွေးစက်ပေါင်း လေးဆယ်ကနေ ငါးဆယ်အထိ ရှိခဲ့မယ်ဆိုရင်၊ ငါ လူသားအင်မော်တယ် နယ်ပယ်အထိ တိုက်ရိုက် ကျင့်ကြံနိုင်မှာပဲ။ အနှစ်သာရနတ်ဘုရားကျောင်း တစ်ခုလုံးမှာတောင် ဒီလောက်များတဲ့ နတ်ဆိုးနတ်ဘုရားသွေးစက် ရှိမလား မသိဘူး"

ဟုန်ယွိသည် လှုပ်ရှားခြင်းကို ရပ်လိုက်ပါသည်။ သူသည် သူ့အပြင်အဝတ်များကို ချွတ်ပြီး စကြာဝဠာအိတ်ကို ဖြည်လိုက်သည်။ ထို့နောက် သူ့ ခန္ဓာကိုယ်တစ်ခုလုံးသည် အိတ်ထဲသို့ ဝင်သွားခဲ့သည်။

စကြာဝဠာအိတ်ထဲတွင် အနားယူခြင်းသည် သဘာဝအတိုင်း အလုံခြုံဆုံး ဖြစ်သည်။ နတ်ဘုရား စိတ်ဝိညာဉ်နှင့် စကြာဝဠာအိတ်ကို သန့်စင်ထားသူ တစ်ဦးအနေဖြင့် ဟုန်ယွိသည် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။

ဟုန်ယွိသည် စကြာဝဠာအိတ်ထဲသို့ ဝင်သွားသည်။ မှောင်မိုက်သော အခန်းထဲတွင် စောင်အောက်၌ မည်သူမျှ မရှိ၊ သားရေအိတ်တစ်ခုသာ ရှိသည်။

ငါးရက်ကြာပြီးနောက်။

ထူထပ်စွာကျဆင်းနေသော နှင်းမုန်တိုင်းလည်း ရပ်တန့်သွားပါပြီ။ ရာသီဥတုက အနည်းငယ် သာယာလာပြီ။ နေထွက်လာပြီ၊ ရေခဲနှင့် နှင်းများ စတင် အရည်ပျော်လာသည်။ ဆောင်းရာသီ မကုန်သေးသည့်အတွက် နှင်းထူထပ်စွာ ထပ်ကျနိုင်သေးသော်လည်း၊ နေထွက်လာခြင်းသည် ဆောင်းရာသီ အတွက် မည်သည့်ပြင်ဆင်မှုမှ မရှိသေးသည့် ဆင်းရဲသားများကို မျှော်လင့်ချက်အချို့ ပေးခဲ့သည်။

ဒီနေ့မှာ ဝူယွမ်ပြည်နယ်တစ်ခုလုံး ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအနေဖြင့် စားနပ်ရိက္ခာ အများအပြားကို ဖြန့်ဝေခဲ့သည်။ ရက်ပေါင်းများစွာ နှင်းထူထပ်စွာ ကျပြီးနောက် ဝူယွမ်ပြည်နယ်တစ်ခုလုံးသည် အေးခဲပြီး သေဆုံးသူနှင့် ငတ်မွတ်ပြီး သေဆုံးသူ အရေအတွက်က အနည်းဆုံး ဖြစ်ခဲ့သည်။ ၎င်းကို ကြီးမားသော နိုင်ငံရေး အောင်မြင်မှုအဖြစ် သတ်မှတ်နိုင်သည်။

သို့သော် ပို၍ကြီးမားသည့် နိုင်ငံရေး အောင်မြင်မှုမှာ ဟုန်ယွိ စီစဉ်ခဲ့သည့် အရာအားလုံးက တကယ်ကို အကျိုးသက်ရောက်မှု ရှိနေခဲ့ခြင်း ဖြစ်သည်။ ဝူယွမ်ပြည်နယ်ရှိ အသက်မဲ့တာအိုဂိုဏ်းနှင့် အစစ်မှန် လေဟာနယ်တာအိုဂိုဏ်းတို့၏ ဘာသာရေး ခေါင်းဆောင် နှစ်ဆယ်ကျော်သည် အစိုးရက လျှော့ပေးပြီး သူတို့နှင့် ပူးပေါင်းခဲ့သည်ဟု ထင်ခဲ့ကြသည်။ သူတို့အားလုံးသည် သံသယကင်းစွာ ခရိုင်ဝန်ကြီးများနှင့် ပူးပေါင်းခဲ့ကြသည်။ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံးပြီးနောက် ဟုန်ယွိ၏ လူများသည် ညဘက်တွင် ရုတ်တရက် တိုက်ခိုက်ပြီး သူတို့အားလုံးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် သူတို့ကို အမြန်ဆုံး ဝူယွမ်ပြည်နယ်မြို့တော်သို့ ပို့ခဲ့သည်။

ယခုအချိန်တွင် နေရာအချို့တွင် လူထူအုံကြွမူများ ဖြစ်ပွားခဲ့သော်လည်း၊ နောက်ပိုင်းတွင် ခရိုင်အသီးသီးမှ အစိုးရရုံးများသည် ဝါဂွမ်းကပ်အင်္ကျီနှင့် ငွေကြေးအများအပြားကို ဝေငှပေးခဲ့ပြီး၊ ထိုပစ္စည်းများသည် ဆင်းရဲသားများ၏ လက်ထဲကို အမှန်တကယ် ရောက်ရှိခဲ့သည်။ လူတိုင်း၏ ဝေစုက အနည်းဆုံး ဆောင်းရာသီတစ်ခုလုံး ရှင်သန်ဖို့ လုံလောက်ခဲ့ပြီး၊ လာမည့်နှစ် နွေဦးအစတွင် သူတို့သည် စားစရာရိက္ခာများ ရရှိမည်ဖြစ်ကာ အငတ်ဘေးမှ လွတ်မြောက်ကြမည် ဖြစ်သည်။

ထိုသို့သော သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းက နက်နက်ရှိုင်းရှိုင်း လှည့်ဖြားခြင်း မခံရသေးသော ဆင်းရဲသားများကို ချက်ချင်း ဖြေသိမ့်ပေးနိုင်ခဲ့သည်။

မကောင်းဆိုးဝါးဂိုဏ်းများ၏ အခြား အဓိက အဖွဲ့ဝင်များကိုမူ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းအတွင်း ဟုန်ယွိ၏ လူများနှင့် ဟောင်ချင်းချန်၏ လူများက အခြေအနေကို စုံစမ်းသိရှိထားခဲ့ပြီးဖြစ်ကာ၊ သူတို့အားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။ အဓိက အဖွဲ့ဝင်များ ဆုံးရှုံးပြီးနောက် ဝူယွမ်ပြည်နယ်ရှိ မကောင်းဆိုးဝါးဂိုဏ်း၏ မီးပူဇော်ကိုးကွယ်ရာ ယဇ်ပလ္လင်များစွာကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ဤစစ်ဆင်ရေးသည် အမှန်တကယ် မုန်တိုင်းကဲ့သို့ ပြင်းထန်သော စစ်ဆင်ရေးတစ်ခု ဖြစ်ခဲ့သည်။ မည်သူမျှ တုံ့ပြန်နိုင်ခြင်း မရှိမီ ဝူယွမ်ပြည်နယ် အတွင်းမှာ အပင်ပေါက်ရုံမျှသာ ရှိသေးသည့် အသက်မဲ့တာအိုဂိုဏ်းနှင့် အစစ်မှန် လေဟာနယ်တာအိုဂိုဏ်းတို့သည် အညွှန့်အဖြစ် ရှိနေဆဲမှာပင် ချက်ချင်း ဖယ်ရှားခံခဲ့ရသည်။

ဖမ်းဆီးနေစဉ် ခုခံမှုအချို့ ရှိခဲ့သော်လည်း ဟုန်ယွိ၏ လူများသည် အလွန် အစွမ်းထက်ကြသည်။ အရာဝတ္ထုထိန်းချုပ်ခြင်း နယ်ပယ်မျှပင် မရောက် သေးဘဲ၊ စိတ်ရှုပ်ထွေးစေရန် မကောင်းဆိုးဝါး နည်းလမ်းများကိုသာ အသုံးပြုတတ်ပြီး၊ ညလမ်းလျှောက်ခြင်း၊ နေ့လမ်းလျှောက်ခြင်း နယ်ပယ်မျှသာ ရှိသော တာအိုဝါဒီအချို့ကို ဖယ်ရှားပြီးနောက် အခြေအနေကို လုံးဝ ထိန်းချုပ်နိုင်ခဲ့သည်။

"ကောင်းလိုက်တာ၊ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ။ ကျွန်တော်တို့ မီးပူဇော်ရာ ယဇ်ပလ္လင် ၂၈ ခုကို သိမ်းယူနိုင်ခဲ့တယ်။ စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကလည်း မရေမတွက်နိုင်ဘူး။ ဒီရုပ်တုတွေ၊ ငွေတွေ၊ စားစရာတွေကို ကြည့်! စက္ကူအဆောင်တွေနဲ့ ဟောပြောရေး ကျမ်းတွေလည်း ရှိသေးတယ်။ ဒီအရာအားလုံးကို ဧကရာဇ်မြင်နိုင်ဖို့ မြို့တော်ကို ပို့ရမယ်။"

အုပ်ချုပ်ရေးမှူး စံအိမ်တွင် ဟောင်ချင်းချန်သည် စိတ်လှုပ်ရှားစွာ လှည့်ပတ်သွားလာနေပြီး၊ ခန်းမထဲရှိ တောင်ပုံယာပုံဖြစ်နေသေည့် ရုပ်တုများ၊ စက္ကူအဆောင်များ၊ ဟောပြောရေး ကျမ်းစာအုပ်များ၊ ထွင်းထုထားသော စာအုပ်များနှင့် အခြားပစ္စည်းများကို ကြည့်နေသည်။ လျှို့ဝှက်စာများ၊ နာမည်စာရင်းများနှင့် အခြား သက်သေအထောက်အထားများလည်း ရှိသေးသည်။ သူသည် အမှန်ပင် အပျော်လွန်နေသည်။

"ဒီတစ်ကြိမ်မှာ ညီတော်ဟုန်ရဲ့ လျင်မြန်ပြီး ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေကြောင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးကို နှောင့်နှေးမူ မရှိရုံတင်မကဘူး၊ မကောင်းဆိုးဝါးဂိုဏ်းတွေ အားလုံးကိုပါ သုတ်သင်လိုက်နိုင်တယ်။ ညီတော်ဟုန်မှာ တကယ်ကို အစီအစဉ် ကောင်းတွေ ရှိနေတယ်။"

ဤအချိန်တွင် ဟောင်ချင်းချန်သည်လည်း ဟုန်ယွိကို လုံးဝ သဘောကျသွားခဲ့သည်။

"ဒါက ဘာမှ မဟုတ်ပါဘူး။ သူတို့က လူတစ်စုသာသာပါပဲ။ သမိုင်းကြောင်းအရ နိုင်ငံ ငြိမ်းချမ်း သာယာနေသရွေ့ မကောင်းဆိုးဝါးဂိုဏ်းတွေက အစိုးရကို မတိုက်နိုင်ဘူး။" ဟုန်ယွိက ပြုံးပြီး ပြောသည်။ "ဒါပေမဲ့ ဒီသက်သေ အထောက်အထားတွေက တကယ့် သက်သေအထောက်အထားတွေ မဟုတ်သေးဘူး။ အိမ်ရှေ့စံမင်းသားကို သတ်ဖြတ်ဖို့ မလုံလောက်မှာ စိုးရတယ်။ အခုချိန်မှာ ဒါတွေက လူတွေကို မျှားခေါ်ဖို့ ငါးစာသက်သက်ပဲ။ ပြည်နယ်မြို့တော်ရဲ့ အကျဉ်းထောင်တွေထဲမှာ အဓိက ခေါင်းဆောင် ၃၀ ကျော်ကို သော့ခတ်ထားပြီးသား။ နောက် နှစ်ရက်မှ သုံးရက်အတွင်း သူတို့ကို ကယ်တင်ဖို့ ကျွမ်းကျင်သူတွေ သေချာပေါက် ရောက်လာလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းထားတယ်။ ဒါမှမဟုတ် သူတို့ကို လုပ်ကြံဖို့တောင် ဖြစ်နိုင်တယ်။ ကယ်တင်ဖို့ ရောက်လာတဲ့ ကျွမ်းကျင်သူတွေကို ဖမ်းမိရင် သူတို့က အရေးပါတဲ့လူတွေ ဖြစ်လာလိမ့်မယ်။ အသက်မဲ့တာအိုဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်တာအိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်တွေ ရောက်လာရင် အကောင်းဆုံးပဲ။"

ဟုန်ယွိသည် ယခုတစ်ကြိမ်တွင် ဟောင်ချင်းချန်၏ လှုပ်ရှားမှုတွေက အရမ်း ကြီးမားခဲ့ပြီး၊ အသက်မဲ့ တာအိုဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်တာအို ဂိုဏ်း၏ အထက်ပုဂ္ဂိုလ်တွေကို သေချာပေါက် သတိထားမိမည်ဟု တွက်ချက်ထားခဲ့သည်။

လာမည့်နှစ်ရက်အတွင်း ဂိုဏ်းခေါင်းဆောင်များလည်း ရောက်လာနိုင်သည်။

ဟုန်ယွိသည် ထိုဂိုဏ်းနှစ်ခု၏ ဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးချင်ခဲ့သည်။ သူသည် သူတို့ကို ကျောက်စိမ်းမြို့တော်သို့ တိုက်ရိုက် ခေါ်သွားချင် သည်။

လက်ရှိ သူသည် အရင်ကနှင့် မတူတော့ပေ။ အကယ်၍, သူ လုပ်ချင်သည်ဆိုလျှင်, ကြီးကြီးမားမား လုပ်တော့မည်။

All Chapters