အခန်း (၇၆၀-၇၆၂)
Vol. 64 Ch. 760-762
အခန်း ၇၆၀ -
တံခါးခေါက်ပါ ... ။
ထာဝရညမြို့တော်။ ထိုမြို့သည် မရဏကမ္ဘာတွင် ခေတ်အဆက်ဆက် နာမည် ကြီးသော ရှေးဟောင်းမြို့တစ်မြို့ ပေပင်။
မြို့တည်ဆောက်ခဲ့သော ကျွန်းသည်ပင် တစ်ချိန်က လိပ်နဂါးတစ်ကောင်၏ရုပ်ကြွင်း ဖြစ်ချေ၏။ ကျွန်း၏ အချင်းသည် မိုင် (၃၀၀)ရှည်သည်။
မြို့သည် တစ်နှစ်ပတ်လုံး မှောင်မိုက်နေကာ ကျွန်းတဝိုက် ပင်လယ်ပြင်သည်ပင် မိုးတိမ်များ ထူထပ်နေ၏။ အလင်းရောင် မမြင်ရချေ။
ထို့ကြောင့် မြို့အနှံ့အပြား မီးအိမ်များ ထွန်းညှိထားသည်။ တောက်လောင်နေသော အလင်းများက နဂါးတစ်ကောင်ကဲ့သို့ မြို့၏ အမှောင်ထုကို ဖယ်ရှားပေး၏။
နှစ်ရက်အကြာတွင်၊ ဝမ်ချုံလုသည် ရှေးဟောင်းမြို့တော်ကို မြင်လိုက်ရသဖြင့် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ခေတ်အဆက်ဆက် ထာဝရည မြို့တော်သည် အဆုံးမရှိသော နာကျည်းခြင်း ပင်လယ်ထဲရှိ တစ်ခုတည်းသော ဘေးကင်းရာအရပ်ဖြစ်၏။
နာကျည်းခြင်းပင်လယ်ကို စူးစမ်းလေ့လာနေစဉ် မည်သည့်အန္တရာယ် များနှင့် ကြုံတွေ့ရပါစေ ထာဝရညမြို့တော်သို့ ရောက်ရှိနေသရွေ့ ၎င်း၏ကာကွယ်မှုကို ရရှိမည်ဖြစ်သည်။
အလားတူပင် တစ်စုံတစ်ယောက်က ရက်စက်ကြမ်းကြုတ်ပြီး မကောင်းကြံနေပါစေ မြို့တွင်း ပြဿနာရှာဝံ့ခြင်းမရှိချေ။
အဘယ့်ကြောင့်ဆိုသော် ထိုအမှုကို ကျူးလွန်သူများသည် ရုတ်တရက် ရှင်းမပြနိုင် သည့် အခြေအနေဖြင့် သေဆုံးသွားခဲ့ကြ၏။
ဤအကြောင်းကြောင့်ပင် ခေတ်အဆက်ဆက် ထာဝရညမြို့တော်သည် နာကျည်းခြင်းပင်လယ်တွင် အမှန်တကယ် လုံခြုံသော နေရာအဖြစ် တည်ရှိနေခဲ့သည်။
“ မိတ်ဆွေလေး၊ မြို့ထဲဝင်ပြီးတာနဲ့ ... ညလူဆီသွားလည်ဖို့ စီစဉ်ထားတယ် မင်းရော ဘာတွေ စီစဉ်ထားလဲ။ ”
ဝမ်ချုံးလုက မေးလိုက်၏။ သူ့ဒဏ်ရာ အများစုသည်ပျောက်ကင်းနေပြီး စိတ်ခံစားချက် သည်လည်း ကောင်းမွန်နေသည်။
လမ်းတလျှောက် မာနကြီးလွန်းသော ဂျူနီယာနှင့်အတူ ခရီးသွားရခြင်းသည် သူ့ရင်ကို နာကျင်စေသည်။ ထို့ကြောင့် ၎င်းနှင့်အတူ အချိန်မဖြုန်းလိုတော့ချေ။
အကြိမ်ပေါင်းများစွာ အရှက်ရပြီး အလွန်အမင်း ရိုက်နှက်ချင်စိတ်များပင် ဖြစ်ပေါ် လာခဲ့သည်။ သို့သော် မရိုက်ဝံ့သည်မှာ သဘာဝပေပင်။
“ ငါလည်း သူနဲ့တွေ့စရာရှိတယ်။ ”
စုရီက ပြန်ဖြေသည်။ ဝမ်ချုံလုခမျာ နှုတ်ခမ်းထောင့်များတွန့်ကွေးကာ အံ့အားသင့် သွားတော့၏။ သူ့အမူအရာကြောင့် စုရီမှ ရယ်မောလိုက်လေသည်။
“ ပြီးတော့ အခွင့်အရေးရရင် အမှောင်စျေးထဲမှာ စိတ်ဝင်စားစရာတစ်ခုခု ရှာတွေ့နိုင်မလားဆိုတာ ကြည့်ချင်တယ်။ ”
စကားဆုံးသည်နှင့် စုရီက ကျွန်းပေါ်ဆင်းသက်ကာ ထာဝရလှေငယ်ကို သိမ်းဆည်းလျက် မြို့တော်ဆီသို့ လျှောက်လှမ်း သွားတော့၏။
ထာဝရမြို့၏ မှောင်ခိုဈေးသည် အခြားမြို့များရှိ မှောင်ခိုဈေးများနှင့် အတူတူ ပေပင်။ ကံကောင်းသော် မယုံနိုင်ဖွယ် အဖိုးတန် ရတနာပစ္စည်းများကို တွေ့ရှိနိုင်၏။
မည်သူမဆို ထာဝရညမြို့တော်သို့ ရောက်ရှိသောအခါ မှောင်ခိုဈေး၌အခွင့်အရေး အချို့ ရှာဖွေလေ့ရှိသည်။
စုရီသည်ပင် အတိတ်ဘဝတုန်းက မှောင်ခိုဈေးသို့ သွားရောက်လည်ပတ်ခဲ့ဖူးပြီး အရည်အသွေးကောင်းသည့် ရှားပါး ရတနာများကို ရရှိဖူး၏။
“ အဲဒီမှာ ရပ်မနေနဲ့ ... မြန်မြန်လာ။ ”
ဝမ်ချုံးလုတစ်ယောက် နောက်တွင် ရပ်ကျန်နေသဖြင့် စုရီက သတိတရခေါ်ယူ လိုက်လေသည်။ ယင်းက ဝမ်ချုံးလုကို အံကြိတ်လျက် မကျေမနပ် လိုက်ပါလာစေ၏။
( ဟမ့် ... ငါ့လို မိုးကြိုးမီးတောက် နတ်ဆိုးဘုရင်က ဘယ်တုန်းက ဒီလောက်ထိ နိမ့်ကျသွားတာလဲ ... ဂျူနီယာတစ်ယောက်က အခု ငါ့ကိုအမိန့်ပေးရဲတယ်လား ...
... မေ့လိုက်ပါ ငါသူနဲ့အတူ ညလူဆီ သွားရမယ် ဒီကလေးဘာလိုချင်နေလဲဆိုတာ ငါသိချင်တယ် ပြီးတော့ ညလူရှေ့မှာ သူ အခုလို မာနကြီးဝံ့သေးလား ကြည့်ရအောင်။ )
ဝမ်ချုံလုတစ်ယောက် အသက် ပြင်းပြင်းရှူကာ စိတ်ထဲမှ ကြုံးဝါးလိုက်တော့၏။ ထာဝရည မြို့တော်သည် အတော်ပင် သက်ဝင်လှုပ်ရှားနေခဲ့သည်။
သူတို့ကဲ့သို့ ပင်လယ်ပြင်အနှံ့အပြားမှ ခရီးသွားများသည် အလျင်စလို ရောက်ရှိလာပြီး မြို့ထဲဝင်ရောက်ကုန်၏။ သို့သော် ၎င်းတို့သည် ဝမ်ချုံးလုကိုမြင်ချိန်၌ ခဏရပ်ကာ ပြန်လှည့် ကြည့်လာကြသည်။
“ ဒါ ... မိုးကြိုးမီးတောက်နတ်ဆိုးဘုရင် မဟုတ်ဘူးလား။ ”
“ တကယ်ကို ရှေးဟောင်းနတ်ဆိုးကြီးပဲ။ ”
“ ဟမ့် ... သူ ဘာအတွက် ရောက်လာတယ်ထင်လဲ ... ထူးဆန်းတယ် မိုးကြိုးမီးလျှံနတ်ဆိုးဘုရင်လို ကြောက်စရာ ကောင်းတဲ့လူက ဘာလို့ လူငယ်တစ်ယောက် နောက်ကို လိုက်နေရတာလဲ။ ”
မြို့တံခါးဝတဝိုက် ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သဖြင့် ဝမ်ချုံလုတစ်ယောက် သတ်ဖြတ်လိုစိတ်များ ပွင့်ထွက်လာပြီး ထိုလူအုပ်ကြီထံ ဝေ့ကြည့်၏။
လူအုပ်ကြီးခမျာ ချက်ချင်း ထိတ်လန့် ကြောက်ရွံ့မှုကြောင့် မျက်နှာဖြူဖျော့သွားကာ ဝိညာဉ်များ ထွက်ခွာလုနီးပါးဖြစ်ကုန်ကြသည်။
ထိုအခါမှသာလျှင် ဝမ်ချုံလုသည် အနည်းငယ် စိတ်သက်သာရာရသွားပြီး အဆိုပါ ငါးကလေးများကို လျစ်လျူရှုလိုက်တော့၏။
စုရီက သူ့ရှေ့မှ လျှောက်လှမ်းနေလျက်ဖြင့် ပြုံးမိသည်။ ဤနတ်ဆိုးအိုကြီးသည် အတော်ပင် ပျော်စရာကောင်းသည်။ ကြွားဝါရသည်ကိုသာ နှက်သက်သည် မဟုတ်ချေ။ ဂုဏ်သတင်း အပေါ်လည်း ပိုတန်ဖိုးထားပုံရ၏။
ထာဝရညမြို့တော်သည် မီးအိမ်များဖြင့် ထွန်းလင်းနေပြီး လမ်းသွားလမ်းလာများ ဥဒဟိုလှုပ်ရှားနေ၏။ ဤလူအုပ်ထဲတွင် လူသား မဟုတ်သော သက်ရှိများလည်း မနည်းမနောပါဝင်သည်။
အားအနည်းဆုံးလူသည်ပင် ဝိညာဉ်တာအိုနယ်ပယ်တွင် ရှိ၏။ ထို့ထက်ပို၍ အားနည်းသူများသည် နာကျည်းခြင်း ပင်လယ်၌ ဖြတ်ကျော်ခရီးသွားလာဝံ့ခြင်းမျိုး မရှိချေ။
ဝမ်ချုံးလုကို မှတ်မိသူများသည် လှည့်ကြည့်လာကြ၏။ မိုးကြိုးနတ်ဆိုးဘုရင် ဟူသော အမည်သည် နာကျည်းခြင်းပင်လယ်၌ ဩဇာကြီးမားလှ၏။
အချို့သော မျိုးဆက်ဟောင်း ကျွမ်းကျင်သူများသည် ဝမ်ချုံလုကို မြင်ချိန်တွင် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်လာကြသည်။
ဝမ်ချုံလုက ခေါင်းညိတ်ပြီးသာ တုန့်ပြန်၏။ မည်သို့ပင်ဆိုစေကာမူ လေးစားခံရခြင်းဟူသော ခံစားချက်သည် မျိုသိပ်ထားသော မကျေနပ်မှု များစွာကို လျော့ပါးစေခဲ့သည်။
“ မင်္ဂလာပါ သခင်။ ”
ရုတ်တရက် ကျွမ်းကျင်သူတစ်စု ပေါ်လာပြီးနောက် ဝမ်ချုံလုကို ဦးညွှတ်လိုက် ကြ၏။ လမ်းသွားလမ်းလာများသည် ထိုအဖွဲ့ကို မြင်ချိန်၌ ချက်ချင်း ဆုတ်ခွာပေး၏။
ဤသည်မှာ မိုးကြိုးမီးတောက် နတ်ဆိုးစစ်သူကြီး ဆယ့်သုံးပါးပေပင်။ ဝမ်ချုံးလု လက်အောက်ငယ်သားများဖြစ်၏။
လူတိုင်းသည် ဧကရာဇ်များဖြစ်ပြီး ရက်စက်ကြမ်းကြုတ်ကာ စိတ်မြန်လက်မြန် ရှိသည်။ သူတို့(၁၃)ယောက် စုပေါင်းခြင်းဖြင့် တကယ်ကြောက်စရာကောင်း၏။
ဝမ်ချုံလုမှ ပြုံးပြီး၊
“ နည်းနည်းလေး ထိန်းချုပ်ထားပါ တခြားလူတွေကို မလန့်စေနဲ့ ... ဘာပဲဖြစ်ဖြစ် ဒါက ထာဝရညမြို့ပဲ ... ငါတို့စည်းမျဉ်းတွေကို လိုက်နာရမယ်။ ”
-ဟု သတိပေး၏။
“ နားလည်ပါပြီ ... ။ ”
(၁၃)ယောက်စလုံးက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ ထိုစဉ် ဝမ်ချုံးလုသည် ဝင့်ကြွားစွာဖြင့် စုရီထံ မသိမသာ မျှော်ကြည့်၏။
သို့သော် စုရီမှ ဂရုမစိုက်ဘဲ ရှေ့သို့ ဆက်သွားနေသည်။ ဤအရာက ဝမ်ချုံလုကို ရှင်းပြ၍မရသော ဝမ်းနည်းမှုများခံစားလာရ၏။
“ သခင် ... အဲဒီကောင်လေးနဲ့ ပြဿနာရှိလား။ ”
အနက်ရောင်ဝတ်ထားသူတစ်ဦးက တိုးတိုးလေးမေးသည်။ အခြားသော နတ်ဆိုး စစ်သူကြီးများသည်လည်း ဝမ်ချုံလုထံ ဂရုတစိုက်ကြည့်လာကြ၏။
သူတို့ခေါင်းဆောင်သည် အရှေ့မှ လျှောက်လှမ်းသွားလာနေသော လူငယ်လေးကို အာရုံစိုက်နေကြောင်း သဘောပေါက်ကုန်သည်။ ဝမ်ချုံးလုက လျစ်လျူရှုပြီး လက်ပြလိုက်၏။
“ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး ကောင်းကင်ကျောက်စိမ်းမျှော်စင်မှာ စောင့်နေ ငါ့အလုပ်ပြီးတာနဲ့ လာရှာမယ်။ ”
ထို့နောက် စုရီနောက်လိုက်သွား၏။ နတ်ဆိုးစစ်သူကြီး(၁၃)ယောက်က အချင်းချင်း ပြန်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
သခင်သည် ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အလေးအနက်ထား နေသည်မှာ သေချာနေ၏။
အနီးအနားရှိ စားသောက်ဆိုင် တစ်ဆိုင်အတွင်း ဆံပင်ဖြူဖြူနှင့်လူငယ်တစ်ဦးမှ ထိုမြင်ကွင်းအပေါ် ကြည့်နေခဲ့သည်။
“ တမလွန်ဂိုဏ်းသားတွေက ပစ်မှတ်ထားနေပေမယ့် ... ဒီနတ်ဆိုးအိုကြီးက အသက်ရှင်လျက် ပြန်လာနိုင်တယ် တကယ်ပဲ မမျှော်လင့်ထားဘူး။ ”
ဆံပင်ဖြူလူငယ်မှ ရေရွတ်လိုက်၏။ သူ့အသွင်အပြင်အရ ငယ်ရွယ်ပုံရသော်လည်း မျက်လုံးများသည် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရကြောင်း ပြသနေသည်။
သူ့လက်ထဲတွင် ရက်ကန်းသမား၏ လွန်းပုံစံသွေးနီရောင် ဓားပါးလေးကိုကိုင်ကာ ပွတ်သပ်ကစားနေ၏။
“ သခင် ... ငါတို့အဲဒီနတ်ဆိုးအိုကြီးနဲ့ စကားပြောပြီး ... သူ့ကိုအသုံးချလို့ရမလား ကြည့်ရအောင်။ ”
ထိုဓားပျံက မိန်းကလေးအသံဖြင့် အကြံပြုလာသည်။ ဆံပင်ဖြူဖြူလူငယ်သည် ခေါင်းခါပြလိုက်၏။
“ တမလွန်ဂိုဏ်းသားတွေရဲ့ ပစ်မှတ်ထားခံရသူတိုင်း ဘယ်မဆို မကြာခင် ကံဆိုးမိုးမှောင်ကျလိမ့်မယ် ဒီလိုအရှုပ်အထွေး ထဲမှာ ပါဝင်ပတ်သက်ဖို့ မစဉ်းစားနဲ့ ...
... တကယ်တော့ ဝမ်ချုံလုလိုက်နေတဲ့ လူငယ်လေးကသာ ငါ့အတွက် နည်းနည်းလေး စိတ်ဝင်စားစရာကောင်းပါတယ်။ ”
“ သခင် အဲဒီကောင်လေးနဲ့ ပြဿနာရှိလား။ ”
ဆံပင်ဖြူလူငယ်၏ အကြည့်များသည် ရုတ်တရက် အဝေးသို့ ရောက်သွားပြီး တည်ငြိမ် သွားတော့၏။
“ အခုပဲ ... အဲဒီကောင်လေးဆီကနေ ရင်းနှီးတဲ့ ရနံ့တစ်ခုရလိုက်တယ် တကယ်ကို ထူးဆန်းတယ်။ ”
ထိုအဖြေကြောင့် မိန်းကလေးအသံသည် အတော်ပင်အံ့အားသင့်သွားကာ၊
“ သခင် ... သူနဲ့စကားပြောဖို့ အခွင့်အရေးတစ်ခု ရှာကြည့်ရအောင်။ ”
“ မေ့လိုက်ပါ ... မြေအောက်သင်္ချိုင်းကို စစ်ဆေးဖို့ ငါတို့ရောက်လာတာ ... မဟုတ်လား အာရုံပျံ့လွင့်သွားဖို့ မသင့်ပါဘူး။ ”
ထို့နောက် သူ့လက်ကို လှုပ်ကာ ဓားပါးလေးကို သိမ်းဆည်းလိုက်တော့၏။
***
မြို့၏ အရှေ့တောင်ဘက်ထောင့်တွင် ထူထပ်သော အဆောက်အအုံတန်းတစ်ခု ရှိနေသည်။
ထိုအဆောက်အအုံတန်း ထောင့်တစ်နေရာတွင် ဟောင်းနွမ်းနေတဲ့ ခြံဝင်းတစ်ခုရှိ၏။
၎င်းသည် ရှေးကျပြီး အိုမင်းနေသည်။ နံရံများယိုယွင်းကာ တံခါးရွက်များသည်လည်း သံချေးတက်နေ၏။
ဧရာမသစ်ပင်ကြီးတစ်ပင်၏ အကိုင်းအခက်များသည် တံခါးနောက်ဘက်ရှိ နံရံများကိုဖုံးအုပ်ထားသည်။
“ တံခါးခေါက်ပါ ... ။ ”
စုရီက တင်းကျပ်စွာပိတ်ထားသော တံခါးများရှေ့တွင် ရပ်လိုက်ကာ ဝမ်ချုံးလုကို ပေါ့ပေါ့တန်တန်ပြောလိုက်သည်။
ဤအမိန့်ကြောင့် ဝမ်ချုံလု နဖူးရှိ သွေးကြောများ ဖောင်းကားလာသော်လည်း ပြန်ထိန်းထားလိုက်၏။
“ ကောင်လေး... ဒါက ထာဝရညမြို့ဖြစ်တယ်ဆိုတာ မင်းသတိပြုပါ မဟုတ်ရင် ကျေးဇူးရှင်ဖြစ်စေ ... မဖြစ်စေ စီနီယာတွေအပေါ် မလေးစားတဲ့ သူတွေရဲ့ ရလာဒ်က ကောင်းနိုင်မှာ မဟုတ်ဘူး။ ”
ထို့နောက် စုရီ၏တုန့်ပြန်မှုကို မစောင့်တော့ဘဲ အဝတ်အစားများသပ်ရပ်စေပြီး ခြံတံခါးသို့ချဉ်းကပ်ကာ တံခါးခေါက် လိုက်တော့သည်။
“ ဒေါက် ... ဒေါက် ... ဒေါက် ... ။ ”
သုံးချက်သာ တံခါးခေါက်ခြင်းဖြစ်၏။ သို့သော် သူ့ကိုယ်သူ ခရီးအဝေးကြီး နှင်လာရ သကဲ့သို့ အများကြီး ပင်ပန်းသွားပုံပြသည်။
သူ့လက်ကို ပြချလိုက်သောအခါ အသက်ပြင်းပြင်းရှူလျက် နဖူးမှ ချွေးများကို သုတ်လိုက်ရ၏။ ဤသည်မှာ သာမန်ပေပင်။
ခြံတံခါးသည် အနည်းဆုံး ရွှမ်ယုအဆင့် ဧကရာဇ်များသာ ခေါက်နိုင်မည်။ ကျန်သူများအတွက်မူ အားလုံးကို ပေးလျှင်ပင် တံခါးဝမှ လှည့်ပြန်ရပေမည်။
သည့်ပြင် အတင်းအကြပ် ဝင်ရောက်ရန် ကြိုးစားသူများသည် ခြွင်းချက်မရှိ မရဏကမ္ဘာမှ ပျောက်ကွယ်သွားမည်ဖြစ်၏။
***
အခန်း ၇၆၁ -
တာအိုမိတ်ဆွေ ... ။
“ ကျွီ ... ။ ”
ကြည်လင်ပြတ်သားသော တံခါးဖွင့်သံနှင့်အတူ တင်းကျပ်စွာပိတ်ထား ခဲ့သည့် တံခါးရွက်များသည် တကျွီကျွီမြည်ကာ ပွင့်လာတော့၏။
“ ဧည့်သည်တော်များ၊ ခြံဝင်းထဲမှာ စောင့်ပေးကြပါ။ ”
ယင်းသည် စကားသံတစ်ခုမျှသာ ဖြစ်ပြီး ကြိုဆိုသူထွက်မလာချေ။ သို့တိုင် ဝမ်ချုံလုခမျာ ရိုသေလေးစားအသွင်ဖြင့် ခြံဝင်းထဲလှမ်းဝင်၏။ ထို့နောက် စုရီထံ လှည့်ကြည့်ကာ အဓိပ္ပာယ် ပါသောအကြည့်ဖြင့်၊
“ ကောင်လေး၊ ငါတို့ကို ခုနက ဘယ်သူကြိုဆိုလိုက်တာလဲ မင်းသိလား။ ”
-ဟု မေးမြန်းသည်။
“ အဲဒါ ငှက်တစ်ကောင်ပဲ။ ”
စုရီက အရူးတစ်ယောက်ကို မြင်လိုင်ရသကဲ့သို့ ဝမ်ချုံးလုထံ ပြန်ကြည့်ပြီး ခြံဝင်းထဲ လျှောက်လှမ်းသွားသည်။ ယင်းက ဝမ်ချုံးလုအပေါ် ကသိကအောက်ဖြစ်စေကာ ရှက်ရွံ့သွားစေ၏။
ဤသည်မှာ ညလူ၏ နေအိမ်ပေပင်။ ထာဝရညမြို့တော်၌ပင် ဤခြံဝင်းကိုသိရှိနေသူ အနည်းငယ်သာရှိသည်။ ထို့ကြောင့် ဤအရပ်၌ သူ၏အသိပညာမြင့်မားမှုကို ပြသနိုင်ရန် မျှော်လင့်ထားခဲ့၏။
သို့သော် စုရီသည် ထိုအရာအားလုံးကို သိပြီးသားဖြစ်နေလိမ့်မည်ဟု မထင်ထားချေ။ အနည်းငယ် ရှက်စရာပေပင်။
ဤကောင်လေးသည် ယခင်အချိန်၌ သည်ခြံဝင်းအတွင်း ရောက်ခဲ့ဖူးပုံရ၏။ ခြံဝင်း၏ ထောင့်လေးထောင့်တွင် မီးအိမ်လေးခု ချိတ်ဆွဲထားသည်။
ခြံဝင်းအလယ်တွင် ဧရာမရှေးဟောင်း သစ်ပင်ကြီးတစ်ပင် ပေါက်ရောက်နေခဲ့သည်။ ၎င်း၏အခေါက်သည် နဂါးအကြေးခွံများကဲ့သို့ ထူထဲကာ အကိုင်းအခက်များသည် ကွေးညွှတ်နေ၏။
ကြီးမားပြီး ဝဖြိုးသော လိမ္မော်ရောင် ကြောင်တစ်ကောင်သည် အကိုင်းအခက်တစ်ခု ပေါ်တွင် လဲလျောင်းလျက် မျက်လုံးများ မှိတ်ကာ အိပ်မောကျနေသည်။
ထိုသစ်ပင်အောက်တွင် စားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်လုံး ချထား၏။ ထိုင်ခုံတစ်လုံးသည် အလွတ်ဖြစ်နေပြီး လူနှစ်ယောက်သည် အခြားတစ်ဖက်၌ ရပ်နေသည်။
တစ်ယောက်သည် နက်ပြာရောင်ဝတ် ဂုဏ်သိက္ခာရှိသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။
ခရမ်းရွှေရောင်သရဖူကို ဆောင်းထား ပြီးနောက် ဘုရင်တစ်ပါး၏ခမ်းနားထည်ဝါသော အသွင်အပြင်မျိုးရှိ၏။ သူသည် ခြံဝင်း၏အဓိက ခန်းမကြီးအပြင်ဘက်တွင် မတ်တပ်ရပ်ကာ လူအုပ်နှင့် မျက်နှာချင်းဆိုင်ထိုင်နေသည်။
အခြားတစ်ယောက်သည် မျက်နှာသွယ်သွယ်ဖြင့် မုတ်ဆိတ်မွှေးများ ရှုပ်ပွ နေကာ ဓားထည့်ထားသောအိတ်ကိုကျော၌ လွယ်ထား၏။
၎င်းကထောင့်တစ်နေရာတွင်ထိုင်ကာ လက်နှစ်ဖက်ကျောတွင်ပို့ထားပြီး မီးအိမ်ထံ စိုက်ကြည့်နေသည်။
ကျန်ထိုင်ခုံတစ်လုံးတွင် အံ့သြစရာ ကောင်းလောက်အောင် ချောမောလှပသော အမျိုးသမီးတစ်ယောက်ထိုင်နေ၏။
သူမသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စားပွဲခုံပေါ် ခြေထောက်များကို ချိတ်တင်ထားသည်။
နှင်းလိုဖြူဖွေးသော အသားအရေနှင့် ယှဉ်နိုင်စရာမရှိသည့် ခန္ဓာကိုယ်အချိုးအစားက လူအများကို ဆွဲဆောင်နိုင်သည်။
ဤသုံးယောက်ထဲတွင် ပေါ့ပေါ့ပါးပါး အနိုင်ဆုံးနှင့် သူမ၏ဖြောင့်စင်းသွယ်လျသော ပေါင်တံကို ပေါ်လွင်အောင်ချိတ်ထား၏။
ဝတ်ရုံအောက်မှ ကျောက်စိမ်း လွယ်ချသောခြေကျင်းဝတ်များ မြင်နိုင်ချေပြီ။ သူမအသွင်အပြင်သည် ပျင်းရိငြီးငွေ့ဖွယ် ကောင်းသည့် ဆွဲဆောင်မှုဖြစ်စေသည်။
ဝမ်ချုံလုသည် သူမနှင့် မျက်လုံးချင်း ဆုံလိုက်ချိန်၌ ရှင်းမပြနိုင်သော အေးစက်မှုများ ခံစားရကာ ဖိအားများ ဖြစ်ပေါ်လာတော့၏။ ထို့ကြောင့် အကြည့်များလွှဲလိုက်ရသည်။
သူမသည် ပြိုင်ဘက်ကင်း အလှတရားတစ်ပါးပေပင်။ တည်ရှိနေခြင်းမှာ နတ်ဘုရားတစ်ပါးကဲ့သို့ ခမ်းနားထည်ဝါသော ဘုန်းအာနုဘော်ကို ပိုင်ဆိုင်ထား၏။
ကျန်ဧည့်သည်နှစ်ယောက်အနက် ခရမ်းရွှေရောင်သရဖူဆောင်းထားသည့် လူသည် နတ်ဆိုးဘုရင်ခုနစ်ပါးအနက်မှ တစ်ပါးဖြစ်သည့် နတ်ဆိုးဓားဧကရာဇ် ကျန်းပေ့ချီဖြစ်သည်။
နာကျည်းခြင်းပင်လယ်ရှိ နတ်ဆိုးခုနစ်ကောင်၏ လျှို့ဝှက်ဆန်းကြယ်ဆုံး တည်ရှိမှုပေပင်။ ကြောက်စရာ ကောင်းလွန်းပြီး မရဏကမ္ဘာတစ်ခုလုံးရှိ ကျင့်ကြံသူများကို ကောင်းစွာတုန်လှုပ်စေမည်။
ဝမ်ချုံလုဟူသော သူသည်ပင် ချွယ်ပေ့ချီနှင့်ယှဉ်နိုင်စရာ မရှိချေ။ ထိုစဉ်က လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပြီး အခြား ကမ္ဘာတစ်ခုသို့ သွားခဲ့ကြောင်း ကောလာဟလ ထွက်ပေါ်လာခဲ့ဖူးသည်။
ကျန်တစ်ယောက်သည် သွေးစွန်းသော ဆိတ်သုဉ်းခြင်း မရဏကမ္ဘာဘုရင် ချွယ်ပိုလင်း ဖြစ်၏။ ငရဲအိပ်မက်ဆိုး နိယာမကို ထိန်းချုပ်နိုင်သည်။
အရေးအကြီးဆုံးမှာ မကြာသေးခင်မှ ထိုလူအိုသည် သူ့ကိုသတ်ရန်ရည်ရွယ်ချက်ဖြင့် နာကျည်းခြင်းပင်လယ်အတွင်း ခေါင်ဖျားသော အရပ်များတွင် လိုက်လံဖမ်းဆီးခဲ့သည်။
ယင်းကြောင့် ဤနတ်ဆိုးကြီးနှင့် ပြန်လည်ဆုံတွေ့ရခြင်းသည် လုံးဝမသက်မသာ ဖြစ်စေ၏။ ကံကောင်းစေသည်မှာ ထာဝရည မြို့၏ ညလူခြံဝင်းအတွင်း ရှိနေခြင်းပေပင်။
ချွယ်ပိုလင်သည်သာ ဤအရပ်တွင် ရှိနေမှန်းသိခဲ့သော် လုံးဝလာမည် မဟုတ်ချေ။ တစ်ဖက်တွင် ခြံဝင်းထဲရှိအခြေအနေသည် အနည်းငယ်ထူးဆန်းနေသည်ကို ခံစားမိသဖြင့် အတွေးများဖယ်ရှားလျက်၊
“ ကောင်လေး ... မင်းသတိထားရမယ် ဘာလုပ်လုပ်အလျင်စလိုမလုပ်နဲ့ ဒီသုံးယောက် ထဲက ဘယ်သူ့ကိုမှ ရန်စလို့မရဘူး။ ”
ဝမ်ချုံးလုသည် လမ်းတလျှောက် စုရီ၏စိတ်နေစိတ်ထားကို ကောင်းစွာသိရှိထား ခဲ့သည်။ တစ်ဖက်လူသည် စည်းမျဉ်းများ ဥပဒေများကို မကြောက်ချေ။
ထိုသို့သော စရိုက်လက္ခဏာသည် ဘေးအန္တရာယ်များကို အလွယ်တကူ ဆောင်ယူ လာနိုင်မည်။ ယင်းသည် သူ မဖြေရှင်းနိုင်သော အကျပ်အတည်းဖြစ်သော် ခက်ပေမည်။
သို့တိုင် စုရီသည်ပြုံးလျက် သူ့စကားများကို လျစ်လျူရှုထားသည်။ ထို့ကြောင့် ပြောကြားရန် ပြင်နေစဉ်၊
“ ဒါဆို ငါ့ကိုရှုံးခဲ့တဲ့လူပဲ ... ။ ”
-ဟု ပြောကြားသံထွက်ပေါ်လာ၏။
တစ်ဆက်တည်းမှာပင် ချွယ်ပိုလင်း၏ အကြည့်များသည် သူ့ထံစိုက်ရောက်နေသည်ကို ခံစားလိုက်ရသဖြင့် ဝမ်ချုံးလုနှလုံးသားများ တုန်ခါသွားသည်။ အသက် ပြင်းပြင်းရှူလျက် တည်ငြိမ်ဟန်ဆောင်ကာ၊
“ ငါတို့နောက်ဆုံးတွေ့တာ နှစ်တွေကြာနေပြီနော် တာအိုချွယ် ... မင်းက အရင်လိုပဲ ကြီးစိုးနေတုန်းပဲ။ ”
“ စိတ်အေးအေးထားပါ ... မင်းလိုအဆင့်မှာရှိနေတဲ့သူကို အနိုင်ကျင့်ဖို့ ငါစိတ်မဝင်စားတော့ပါဘူး။ ”
ထို့နောက် မျက်နှာလွှဲကာ မီးခွက်ပေါ် အာရုံပြန်စိုက်လိုက်ပြီး တိတ်ဆိတ်သွားသည်။ ဝမ်ချုံးလုတစ်ယောက် မျက်နှာပျက်ယွင်းလျက် နှလုံးသားအတွင်း ဒေါသများ ပြည့်နှက်လာ၏။
ချွယ်ပိုလင် စကားများသည် ဖုံးကွယ်မထားသော မထီမဲ့မြင်ပြုမှုများနှင့် ပြည့်နှက်နေချေပြီ။ တစ်ဖက်တွင် နတ်ဆိုး ဧကရာဇ် ကျန်းပေ့ချီသည် သူတို့အပေါ် သတိမထားမိသလိုပေပင်။
တစ်ချိန်တည်းမှာပင် စုရီသည် ခြံဝင်းအတွင်းအကြည့်များ ဝေ့ကြည့်လိုက်ပြီး သစ်ပင်ကြီးအောက် တည့်တည့်သွားကာ ထိုင်ခုံအလွတ်တွင် ထိုင်ချလိုက်သည်။
ထိုမြင်ကွင်းက ဝမ်ချုံးလူနှလုံးသားကို ချက်ချင်းလှုပ်ရှားသွားစေပြီး ယခင်ကထက် ပို၍ အေးစက်လာစေသည်။
ဤခြံဝင်းထဲရှိလူများအတွင်း သူ အကြောက်ဆုံးသည် ကျန်းပေ့ချီမဟုတ်သလို ချွယ်ပိုလင်းလည်း မဟုတ်ချေ။ ပျင်းရိစွာ ထိုင်နေသော ဤမိန်းကလေးပေပင်။
သို့သော် စုရီသည် သူမ မည်မျှ အစွမ်းထက်နေသည်ကို မြင်ပုံမရချေ။ သူမ၏ ဘေးသို့ တန်းသွားကာ ထိုင်ချလိုက်၏။
ထိုလူငယ်အစား သူသည်ပင် ချွေးများထွက်လာတော့၏။ သို့သော် စုရီသည် သက်တောင့်သက်သာဖြင့် သူ့ထိုင်ခုံတွင် ထိုင်နေပြီဖြစ်သည်။
ထို့နောက် ဘေးကုလားထိုင်တွင် ထိုင်နေသောဆွဲဆောင်မှုရှိသည့် အမျိုးသမီးကို ကြည့်ကာ၊
“ ခြေထောက် နည်းနည်းရွှေ့လိုက်။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားသံသည် ပေါ့ပါးပြီး ရိုးရှင်းလွန်းသဖြင့် ခြံဝင်းအတွင်းလေထုသည် တိတ်ဆိတ်ကာ လေးလံလာ၏။ လေထုအေးခဲ သကဲ့သို့ အသက်ရှူရ ခက်ခဲသွားချေပြီ။
နတ်ဆိုးဧကရာဇ်က ထိုမြင်ကွင်းမှ မျက်နှာလွှဲထားသော်လည်း သူ့မျက်ခုံးများပင် မသိမသာ မြင့်တက်သွားသည်။
မီးအိမ်ကို လှမ်းကြည့်နေသော ချွယ်ပိုလင်း၏အကြည့်များသည် ထူးဆန်းသည့် အလင်းရောင်များ လင်းလက်လာ၏။
ဝမ်ချုံးလုတစ်ယောက် ဤမျှမိုက်မဲပြီး မသိနားမလည်လွန်းသော လူငယ်ကို မည်သို့ ခေါ်ဆောင်လာသည် မသိချေ။
အဆိုးဆုံးမှာ ဝမ်ချုံးလုဖြစ်၏။ မျက်လုံးများပြူးကျယ်သွားကာ နှုတ်ခမ်းထောင့် တွန့်ကွေးသွားပြီး တိတ်တဆိတ် ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။
ဤသို့ဖြစ်လာမှန်း သိသော် ဤကောင်လေးနှင့် လိုက်လာမိမည် မထင်ချေ။ ပြဿနာရှာသူဖြစ်မှန်း သိသာထင်ရှားနေ၏။
သို့သော် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် စွဲမက်ဖွယ်ကောင်းလွန်းနေသည့် ဤအလှတရားသည် အလွန်ပျော်ရွှင်ဖွယ် စကားများ ကြားလိုက်ရသကဲ့သို့ ပြုံး၏။
သူမ ပြုံးလိုက်သောအခါ ကမ္ဘာလောကကြီးတစ်ခုလုံး နွေဦးရာသီ ကျရောက်သကဲ့သို့ ခံစားလိုက်ရသည်။
လူတိုင်း၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် အမျိုးသမီးသည် သူမ၏ခြေထောက်များကို ဘေးသို့ ရွှေ့ပေးလိုက်တော့၏။
“ တာအိုစု ... ငါတို့ဒီမှာ ပြန်တွေ့ ရလိမ့်မယ်လို့ မမျှော်လင့်ဘူး ကောင်းကင်ဘုံက ငါ့ကိုမျက်နှာသာပေးခဲ့တာပဲ။ ”
သိမ်မွေ့ပြီးဆွဲဆောင်မှုရှိသော အသံသည် ခြံဝင်း၏တင်းမာနေသော လေထုကို အသက်ဝင် လာစေသည်။
တာအိုမိတ်ဆွေဟူသည် သာမန်နာမ်စားတစ်ခုမျှသာ ဖြစ်သော်လည်း တူညီသောနယ်ပယ် ကျင့်ကြံသူများတွင်သာ အသုံးပြုကြ၏။
ယခုမူ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းသော အမျိုးသမီးသည် စုရီကဲ့သို့ ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ဦး အပေါ် ဤသို့ရည်ညွှန်းနေ၏။ အဆိုပါအရာ၏ အကျိုးဆက်သည် ခြံဝင်းထဲရှိ လူတိုင်းကို အံ့အားသင့်သွားစေသည်။
ဆိုလိုသည်မှာ တစ်စုံတစ်ယောက်ကို တာအိုမိတ်ဆွေဟု ခေါ်ဆိုသောအခါ ထိုသူသည် အကြင်သူနှင့် နောက်ခံရာထူးတူညီကြောင်း အဓိပ္ပါယ်ရချေပြီ။
စုရီကတော့ ထိုအခေါ်အဝေါ်ကို စိတ်မဝင်စားဘဲ စားပွဲပေါ်ခြေထောက်တင်ကာ လှဲလျောက်းလိုက်သည်။
“ ကောင်းကင်က ဒါကိုစီစဉ်မပေးနိုင်ဘူး ဒီမှာငါတို့တွေ တွေ့ဆုံမှုက မင်းရဲ့ အကြံအစည် တစိတ်တပိုင်းမဟုတ်လား။ ”
“ ဟားဟားဟား ... ငါ မင်းထက် အရင်ရောက်နေတာပါ အကြံအစည်အရဆိုရင် နောက်မှ ရောက်လာတဲ့ မင်းသာ ဖြစ်လိမ့်မယ် တာအိုမိတ်ဆွေ။ ”
“ ငါ့မှာ ... ဘာမှမရှိပါဘူး ငါမင်းကို မေးချင်တာတစ်ခုရှိတယ်။ ”
“ ဒီနေရာက ဆွေးနွေးဖို့ အဆင်ပြေတဲ့ နေရာတော့ မဟုတ်ဘူး ငါတို့ထွက်သွားပြီးရင် သီးသန့်စကားပြောဖို့ နေရာတစ်ခု ရှာမယ်။ ”
အမျိုးသမီးက သူမအမူအရာတိုင်း မျက်မှောင်ကြုတ်လျက်အပြုံးဖြင့် လူအများကို ဆွဲဆောင်နိုင်လောက်အောင် ဆွဲဆောင်မှု အပြည့်ရှိနေချေပြီ။
ဤသည်မှာ ကောင်းကင်ဘုံကိုးပါး နန်းတော်၏ ကြယ်အရာရှိ ငရဲဘုရင်ဖြစ်ချေပြီ။ ဝမ်ချုံးလု၊ ချွယ်ပိုလင်းနှင့် ကျန်းပေ့ချီတို့ခမျာ စကားဝိုင်းကို တိတ်ဆိတ်စွာနားထောင်ပြီး စိတ်ရှုပ်ထွေးလာတော့၏။
သူတို့အမြင်တွင် ဤမိန်းကလေးသည် အလွန်အမင်းလှပသော်လည်း အန္တရာယ်အရှိဆုံး တစ်စုံတစ်ယောက်ဖြစ်ချေသည်။ ယခုမူ လူငယ် တစ်ယောက်သည် သူမနှင့်အတူ ထိုင်နေကာ အရက်သောက်ပြီး စကားပြောနေတော့၏။
***
အခန်း ၇၆၂ -
မင်းက ပိုပိုပြီး ကြောင်ပါးဝလာနေပြီ ... ။
ခြံဝင်းအတွင်း၌ မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ထူးဆန်းသော လေထုကို ဖန်တီးပေးလေသည်။
ရှေးဟောင်း သစ်ပင်အောက်တွင် ထိုင်နေသောစုရီနှင့် အနက်ဝတ်မိန်းကလေးက သက်တောင့်သက်သာရှိနေ၏။
ဤမြင်ကွင်းကြောင့် အခြားအဘိုးကြီးသုံးဦးသည် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။
“ မင်းဘာအတွက် ဒီကိုရောက်လာတာလဲ တာအိုမိတ်ဆွေ။ ”
ငရဲဘုရင်မှ သူမလက်ပေါ်တွင် မေးတင်လိုက်ကာ ခေါင်းကိုငဲ့စောင်းလျက် ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် မေးမြန်းလာ၏။
“ အကြောင်းအရာ တစ်ခုခုကို ဖလှယ်ဖို့နဲ့ တစ်ချို့အရာတွေအကြောင်း မေးမြန်းဖို့အတွက် မင်းရော ... ။ ”
“ ငါလည်း မင်းလိုပါပဲ တစ်ချို့အရာတွေအကြောင်း မေးမြန်းစရာ ရှိနေတယ် တာအိုမိတ်ဆွေ။ ”
“ တမလွန်ဂိုဏ်းအကြောင်းနဲ့ ဆက်စပ်နေလား။ ”
ထိုအမည်ကြောင့် ချွယ်ပိုလင်းနှင့် ကျန်းပေ့ချီတို့၏ အမူအရာများအနည်းငယ် ပြောင်းလဲသွားလေသည်။
ဝမ်ချုံးလုသည် တစ်စုံတစ်ရာ မှားယွင်းနေသည်ကြောင်း ခံစားလိုက်ရသဖြင့် အံ့အားသင့်လာတော့၏။
စုရီသည် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းသော ဤအမျိုးသမီးကို စမ်းသပ်ရန် တမလွန်ဂိုဏ်းအမည်ဖြင့် ကြိုးစားနေပုံပေပင်။ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်သည်။
တစ်ဖက်တွင် ငရဲဘုရင်၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး အံ့အားသင့် စွာဖြင့်၊
“ ဟမ့် ... မင်းက ထာဝရညမြို့တော်ဆီ ဒီနေ့မှရောက်လာပေမယ့် ဒီဂိုဏ်းအကြောင်းကို ကြားဖူးနေတာလား တကယ်အံ့သြစရာပါပဲ။ ”
-ဟု မှတ်ချက်ပေးသည်။ စုရီက ပြုံးပြီး၊
“ ဒါက ငါမင်းနဲ့ဆွေးနွေးချင်နေတဲ့ အကောာင်းအရာပါပဲ ... ဟုတ်တယ် ငါတို့ ဒီနေရာက ထွက်သွားပြီးရင် နှစ်ယောက်တည်း ဆက်ပြောရအောင်။ ”
“ ကောင်းပြီ ... ။ ”
ငရဲဘုရင်မှ ခေါင်းညိတ်လိုက်စဉ် ခန်းမအတွင်းမှ ရုတ်တရက် ပုံရိပ်တစ်ရိပ် လှမ်းထွက်လာလေသည်။
ဤသည်မှာ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖြူဖျော့ဖျော့အသားအရေနှင့် ကြည့်ကောင်းသော လူတစ်ယောက်ဖြစ်၏။
သူ့မျက်လုံးများတွင် ဆိုးရွားသော အငွေ့အသက်များဖြင့် ပြည့်နှက်နေချေပြီ။ သူ ထွက်လာသည်နှင့် ကျန်းပေ့ချီထံမှ ထက်ရှသော အငွေ့အသက်တစ်ခု ထွက်လာသည်။
ချွယ်ပိုလင်းမျက်နှာက လေးနက်သွား တော့သည်။ အနီရောင်ဝတ်ရုံဝတ်ထားသည့် ဤလူသည် အန္တရာယ်ပေးနိုင်ကြောင်း ခံစားနိုင်၏။
လျှို့ဝှက်ဆန်းကြယ်လွန်းသည့် နောက်ခံနှင့် ချောက်ကမ်းပါးလိုနက်နဲပြီး နားမလည်နိုင်သော အရှိန်အဝါတစ်ခုရှိနေသည်။
ထိုလူထံမှ ထွက်လာသော အရှိန်အဝါကို ခံစားမိချိန်၌ ဝမ်ချုံးလုမှ အရမ်းအံ့အားသင့်ကာ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
ထိုလူ၏အရှိန်အဝါသည် တမလွန်ဂိုဏ်း၏ အဖွဲ့သားများနှင့် တစ်ထပ်တည်းကျနေခဲ့ချေပြီ။ တိတိပပဆိုရသော် ဤလူအရှိန်အဝါသည် ပို၍ပင်ကြောက်စရာကောင်းနေ၏။
“ ဒါက ထာဝရညမြို့ပါ ... မင်းတိုက်ခိုက်ချင်ရင် မြို့တော်ကနေ ထွက်သွားတဲ့အထိ စောင့်ပါ။ ”
အနီရောင်ဝတ်ရုံဝတ်ထားသည် လူက ကျန်းပေ့ချီထံလှမ်းကြည့်ပြီး ပြောကြားကာ သစ်ပင်ထံ လျှောက်လှမ်းလာ၏။
ထိုနောက်တွင် သစ်ပင်အောက်တွင် ထိုင်နေသော ငရဲဘုရင်ရှေ့သို့ရပ်ကာ ဦးညွှတ် လိုက်သည်။ ကျန်းပေချီသည် ထက်မြက်သော သူ့အရှိန်အဝါကိုဖိနှိပ်ပြီး တိတ်ဆိတ်စွာဖြင့် ထိုမြင်ကွင်းထံ ကြည့်နေခဲ့၏။
တစ်ဖက်တွင် အနီရောင်ဝတ်လူသည် အနည်းငယ်ဦးညွှတ်ပြီး အနက်ဝတ်အမျိုးသမီး ထံပါးသို့ လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြကာ၊
“ သခင် ... ငါအခုထွက်သွားသင့်ပြီ ... ဒီထက်ပိုပြီးကြာနေရင် ... ညလူက ကိုယ်တိုင် လိုက်ပို့ပေးမှာ ကြောက်မိတယ်။ ”
-ဟု နှုတ်ဆက်တော့သည်။
“ မင်းရဲ့ကိစ္စတွေကို ငါစိတ်မဝင်စားဘူး ... မင်းငါ့ကို ဒါတွေပြောပြနေစရာ မလိုပါဘူး။ ”
ငရဲဘုရင်က ညင်သာစွာ တုန့်ပြန်သည်။ သူမ၏နူးညံ့သိမ်မွေ့နေသော အကြည့်များသည် တစ်ဖက်တွင်ထိုင်နေသည့် စုရီထံ၌သာရှိနေ၏။ အနီရောင်ဝတ်အမျိုးသားကို လုံးဝလျစ်လျူရှု ထားချေပြီ။
သို့သော် အနီရောင်ဝတ်ရုံဝတ်ထားသော အမျိုးသားမှာမူ ဤအရာများကို ကျင့်သားရ နေပုံပေါ်ပြီး ဂရုမစိုက်ခဲ့ချေ။
ထို့ကြောင့် ထွက်ခွာသွားရန် ပြန်လှည့်လိုက်သောအခါ သူ့မျက်ဝန်းများသည် စုရီထံသို့ ဖြတ်ကျော်သွားပြီး အနည်းငယ် ထူးဆန်းသော ခံစားချက်ရရှိသွား၏။
“ ဒုတိယဧည့်သည် ဝင်လာပါ။”
သူ့ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် ခြံဝင်းအတွင်း ထင်ရှားသောအသံတစ်သံ ပဲ့တင်ထပ်လာသည်။
ကျန်းပေ့ချီသည် ခန်းဆောင်ထဲသို့ ချက်ချင်းလှမ်းဝင်သွား၏။ ခန်းဆောင်တံခါးများ ပွင့်နေသော်လည်း စွမ်းအားတစ်ခုမှ မြင်ကွင်း များကို ပိတ်ဆို့ထားဆဲဖြစ်၏။
ထို့ကြောင့် ပြင်ပကမ္ဘာနှင့် အတွင်းခန်းတို့သည် သီးခြားခွဲထားပြီး အထဲတွင် ရှိနေသောအရာများကို မည်သူမျှ မမြင်နိုင်ခဲ့ချေ။
ဓားအိတ်ကိုင်ဆောင်ထားသော ချွယ်ပိုလင်းသည် ရုတ်တရက် ရှေ့သို့တိုးလာပြီး ကျန်းပေ့ချီရပ်နေသည့်နေရာတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်၏။ ထိုချိန်တွင် စုရီက မျက်မှောင်ကြုတ်လိုက်ကာ သည်းမခံနိုင်တော့ဟန်ဖြင့်၊
“ ရှောင်ချွဲ ... မင်းသခင်ရဲ့ စည်းမျဉ်းတွေကိုငါသိပါတယ် ဒါပေမယ့် သူ့ကို မြန်မြန်လုပ်ပါလို့ ပြောလိုက် ... ငါစောင့်ရတာ စိတ်ရှည်မှုသိပ်မရှိဘူး။ ”
-ဟု ပြောကြားလိုက်၏။
ဝမ်ချုံလုနှင့် ချွယ်ပိုလင်းတို့သည် မျက်ခုံးပင့်လျက် အံ့အားသင့်သွားကြလေသည်။ စုရီပြောသော ရှောင်ချွဲဆိုသူကို ခန့်မှန်းနိုင်ခြင်း မရှိသော်လည်း ဤအရာသည် ညလူအပေါ် တိုက်တွန်းနေမှန်း နားလည်၏။
ဘဝ၏ အပြောင်းအလဲများစွာကို မြင်တွေ့ခဲ့ရသော အတွေ့အကြုံ ရင့်သန်သည့် သူတို့ကဲ့သို့အဖိုးကြီးနှစ်ယောက်၏ နှလုံးသား သည်ပင် လှုပ်ခတ်သွားလေသည်။
ဝိညာဉ် တာအို နယ်ပယ်လူငယ် တစ်ယောက်သည် သူ့ကိုယ်ပိုင်ခြံဝင်းထဲတွင် ရှိနေသည့်အလား သက်တောင့်သက်သာ နိုင်လွန်းနေ၏။
တစ်ဖက်တွင် သူတို့အားလုံးသည် ညလူအပေါ်အလွန်လေးစားပြီး နည်းနည်းမျှပင် မာနမကြီးဝံ့ကြချေ။
ငရဲဘုရင်က ပြုံး၏။ စုရီ၏ နောက်ခံလက္ခဏာအရ ဤသို့ပြောခြင်းသည် သဘာဝအတိုင်း သာမန်ပေပင်။ ခဏအကြာ၌ အစိမ်းရောင် အလင်းတန်းတစ်ခု ခန်းမကြီးမှ ပျံထွက်လာသည်။
ထို့နောက်တွင် မြစိမ်းရောင် အမွေးအတောင်များနှင့် အနီရောင်နှုတ်သီးမျိုး ပါရှိသော ငှက်တစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး စုရီအနားရောက်ရှိလာ၏။
“ ငါ့သခင်က လက်ဖက်ရည်တစ်ခွက် အရင်သောက်ပါလို့ ပြောလိုပ်ပါတယ်။ ”
ထိုငှက်က တောင်ပံများကို ခတ်လျက်ကြည်လင်သောအသံဖြင့် ပြောကြား လိုက်လေသည်။
စုရီရှေ့စားပွဲပေါ်တွင် အငွေ့ တထောင်းထောင်းထနေသော လက်ဖက်ရည် တစ်ခွက် ပေါ်လာတော့၏။
“ ငါ လက်ဖက်ရည်မသောက်ဘူး ... ဝိုင်ယူလာခဲ့ မင်းရဲ့သခင်မှာ ဝိုင်ကောင်းကောင်း အများကြီး ဝှက်ထားတတ်တာ ငါသိတယ်။ ”
စာငှက်ခမျာ လေထဲရပ်တန့်သွားပြီး ထိုသို့တောင်းဆိုဝံ့သော ဧည့်သည်တစ်ဦးအပေါ် ပထမဆုံးအကြိမ် ကြုံတွေ့ရသကဲ့သို့ ပြန်ကြည့်နေခဲ့၏။
အချိန်အတော်ကြာ ငြိမ်သက်သွားပြီး၊ ‘ခဏစောင့်ပါဦး ငါ့သခင်ကို သွားမေးလိုက်မယ်၊’ -ဟု ပြောကြားလိုက်သည်။
ထို့စာငှက်သည် လေထဲ ပျောက်ကွယ်သွားပြီးနောက် များမကြာမီ ပြန်ထွက်လာကာ စားပွဲပေါ်တွင် ဝိုင်ပုလင်း တစ်လုံး ပေါ်လာခဲ့၏။
“ ဆရာ ... ငါ့သခင်က ဒါကို သူနှစ်ပေါင်းများစွာ တန်ဖိုးထားပြီး သိမ်းထားတဲ့ အဆတစ်ထောင်ဝိုင်လို့ အမည်ပေးထားပါတယ် သဘောကျမယ်လို့ ယုံကြည်ပါတယ်။ ”
သူ စကားပြောကြားနေစဉ် ကျောက်မျက်တစ်စုံကဲ့သို့ မျက်လုံးများသည် မယုံကြည်နိုင်ဖွယ် အရိပ်အယောင်များဖြင့် စုရီထံအကဲခတ်နေခဲ့သည်။
သူ့သခင်သည် ဝိညာဉ်တာအိုနယ်ပယ် လူငယ်တစ်ယောက်၏ တောင်းဆိုမှုများအပေါ် အမှန်တကယ် လိုက်လျောပေးနေသည်မှာ အဓိပ္ပါယ်မရှိချေ။
သူကိုယ်တိုင်ပင် သောက်သုံးခြင်းမရှိသော အဆတစ်ထောင်ဝိုင်ကို ချက်ချင်း ထုတ်ပေး၏။ တစ်ဖက်တွင် စုရီသည် ဝိုင်အမည်ကြားချိန်၌၊
“ ဒီဝိုင်က အရမ်းကောင်းတယ်။ ”
-ဟု ခေါင်းညိတ်ပြလိုက်သည်။
အတိတ်ဘဝ၌ ခေါင်းတလားထမ်း သရဲအိုကြီးနှင့်အတူ ဤဝိုင်မျိုးကိုသောက်သုံး ခဲ့ဖူး၏။ ယခုမူ အချိန်များစွာ ကုန်လွန်သွားပြီး ဖြစ်လေသည်။
“ တစ်သက်လုံး မကျေမနပ် ဖြစ်နေရတာတစ်ခုက ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ငါနဲ့အတူသောက်ဖို့ မထိုက်တန်တာကိုပဲ။ ”
စုရီမှ ခပ်တိုးတိုးသက်ပြင်းချပြီး ဝိုင်အိုးကိုကောက်ယူကာ အားရပါးရ သောက်ချ ပစ်လိုက်သည်။
ချွယ်ပိုလင်းနှင့် ဝမ်ချုံးလုသည် တစ်စုံတစ်ခုကို ပြောလိုစိတ်ဖြင့် စိတ်လှုပ်ရှားနေ သော်လည်း နောက်ဆုံးတွင် ဘီလူးအိုကြီး ပါးစပ်ပိတ်ထားရန် ရွေးချယ်လိုက်၏။
ဤစုရီသည် ခြံဝင်းထဲ ဝင်လာသည့် အချိန်မှစပြီး သူတို့အမြင်၌ ပုံမှန်မဟုတ်ချေ။ အပြုအမူများနှင့် စကားအသုံးအနှုန်းများသည် သူတို့အတွက် နားမလည်နိုင်စရာပေပင်။
ထို့ကြောင့် ဤလူငယ်၏နောက်ခံသည် အမှန်ပင် ထူးခြားနိုင်၏။ ညလူနှင့် ဆက်စပ်မှု တစ်ခုခုရှိနေနိုင်မည်။ မဟုတ်သော် ဤသို့သော ပေါ့ပေါ့ပါးပါး ဖြစ်နေမည်မဟုတ်ချေ။
“ မင်း ... ငါနဲ့အရက်သောက်ချင်လား။ ”
ငရဲဘုရင်မှ အပြုံးဖြင့် မေးလိုက်သည်။ စုရီစကားတွင် ပေါ်လွင်နေသောအထီးကျန်မှု၊ ဝမ်းနည်းကြေကွဲမှုတို့ကို သူမခံစားနိုင်၏။
လူတစ်ယောက် ကျင့်ကြံမှုမြင့်မားလေ နားလည်မှု နက်ရှိုင်းလေဖြစ်သည်။ ထိုအချိန်၌ တစ်စုံတစ်ယောက်နှင့် တစ်ယောက် ပခုံးခြင်း ယှဉ်ရပ်နိုင်သူ ရှားပါးပြီး ဝေးကွာကုန်၏။
“ မင်း ... ဒီအဆတစ်ထောင်ဝိုင်ကို စမ်းကြည့်ချင်နတာလား။ ”
စုရီက ပြုံးပြီး ပြန်မေးသည်။
“ ဘာလို့မစမ်းဝံ့ရမှာလဲ။ ”
ငရဲဘုရင်က တောက်ပပြီး ဆွဲဆောင်မှုရှိသော ကြယ်ရောင်မျက်လုံးများနှင့် ပြန်ဖြေလိုက်သည်။
“ ဒီဝိုင်အိုးကို ငါမော့သောက်ပြီးပြီ။ ”
“ ဟားဟားဟား ... ။ ”
စုရီက ကောင်းမွန်သောဝိုင်ကို မျှဝေရန် တွန့်ဆုတ်နေခဲ့၏။ ငရဲဘုရင်မှ ကျယ်လောင်စွာ အော်ဟစ် ရယ်မောလျက် တောက်ပစွာပြုံးပြီး၊
“ ကိစ္စမရှိဘူး ... ။ ”
-ဟု တုန့်ပြန်၏။
ထို့နောက် သူမကလက်လှမ်းပြီး စုရီလက်ထဲရှိ ဝိုင်အိုးကိုဆွဲယူကာ ခေါင်းမော့ သောက်ချလိုက်သည်။
ရဲရင့်ပြီး ထိန်းမနိုင်သိမ်းမရ ထိုအမူအရာသည် သူမကို ပို၍ဆွဲဆောင်မှု ရှိစေ၏။ စုရီမှ စိုးရိမ်တကြီးဖြင့် ဝိုင်အိုးကိုပြန်လုယူကာ၊
“ ဖြည့်ဖြည်းနဲ့ နည်းနည်းသောက် ... မင်းဝိုင်နင်သွားမှာ မကြောက်ဘူးလား။ ”
-ဟု မေးလိုက်သည်။
ထိုမြင်ကွင်းက ဝမ်ချုံလုနှင့် ချွယ်ပိုလင်းတို့ကို မျက်လုံးများပြူးကျယ်သွား စေတော့၏။ သည်မျှ ကြောက်စရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်လွန်းသော အမျိုးသမီးသည် စုရီကဲ့သို့သော လူငယ်လေးထံပါးမှ ဝိုင်အိုးကို အမှန်တကယ် လုသောက်နေချေပြီ။
ထိုအချိန်မှာပင် မြင့်မားလှသော အကိုင်းအခက်ပေါ်တွင် လဲလျောင်းနေသည့် ဝဖြိုးနေသော လိမ္မော်ရောင်ကြောင်ကြီးသည် ရုတ်တရက်ထထိုင်တော့၏။
“ ဖွီး ... ။ ”
ထို့နောက် မီးရှူးတိုင်လိုနက်ရှိုင်းသော အပြာရောင်မျက်ဝန်းတစ်စုံက စုရီ၏ဝိုင်အိုးကို ငုံ့ကြည့်လိုက်သည်။ အလွန်လေးလံသော ရောင်ဝါများ ပွင့်ထွက်လာ၏။
ပြိုင်ဘက်ကင်း နတ်ဆိုးနတ်ဘုရား တစ်ပါးသည် အိပ်စက်နေမှ နိုးထလာသကဲ့သို့ ပေပင်။ ကြောက်စရာကောင်းချေ၏။
ငရဲဘုရင်ပင် အံ့အားသင့်သွားသည်။ သာမန်လိမ္မော်ရောင် ကြောင်တစ်ကောင်တွင် အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ရှိနေချေ၏။
ဝမ်ချုံလုခမျာ ကျောရိုးတစ်လျှောက် အေးစက်လာပြီး ကြောင်ဝါကြီးထံ သတိဖြင့် ပြန်ကြည့်မိ၏။
သူ့ကဲ့သို့ ကြမ်းကြုတ်လွန်းသော လိပ်နဂါးကြီးသည်ပင် တစ်ဖက်သတ္တဝါထံမှ အလွန်အမင်း အန္တရာယ်ပေးနိုင်ကြောင်း ချက်ချင်းခံစားလိုက်ရသည်။
အမှန်စင်စစ် ဤခြံဝင်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်ရုံသာမက အိမ်မွေးတိရစ္ဆာန်နှစ်ကောင်ဖြစ်သော ငှက်နှင့် ကြောင်သည်ပင် သာမန်မဟုတ်ခဲ့ချေ။
“ ဝှစ် ... ။ ”
လူတိုင်း၏မျက်စိရှေ့တွင် မှုန်ဝါးဝါးဖြစ်သွားပြီး လိမ္မော်ရောင်ကြောင်သည် သစ်ကိုင်းပေါ်မှ ခုန်ဆင်းကာ စုရီလက်ထဲမှ ဝိုင်အိုးဆီသို့ ခုန်ပေါက် ပျံသန်းလာ၏။
“ မောက်မာမနေနဲ့ အဲဒီတုန်းက သင်ခန်းစာက မလုံလောက်သေးဘူးလား။ ”
သို့သော် ခန်းဆောင်အတွင်းမှ အသက်ကြီးသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
လိမ္မော်ရောင်ကြောင်ခမျာ ထိုအသံကြောင့်တစ်စုံတစ်ခု သတိရသွားသလို ချက်ချင်းလေထုအလယ်တောင့်တင်းသွား၏။
၎င်း၏ဝဝဖြိုးဖြိုးခန္ဓာကိုယ်သည် အမွှေးများပွယောင်းလာကာ အမြီးသည်လည်း ဖြောင့်တန်းသွားတော့သည်။
“ ညောင် ... ။ ”
တုန့်ဆိုင်းခြင်းမရှိ အော်ဟစ်ပြီး ပြန်လှည့်ပြေးရန် ကြိုးစားလိုက်သော်လည်း လည်ပင်းကို ဖမ်းဆွဲခံလိုက်ရ၏။
“ မင်းက ... ယုတ်မာတဲ့ ကောင်လေးပဲ ပိုပိုပြီးကြောင်ပါးဝလာနေပြီ ဒီကာလတွေမှာ အစွမ်းထက်တဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေ အများကြီးစားခဲ့ပုံရတယ်။ ”
“ ညောင် ... ။ ”
လိမ္မော်ရောင်ကြောင်၏ နက်ရှိုင်းသော အပြာရောင်မျက်လုံးများသည် အကူအညီမဲ့မှု၊ သနားကြင်နာမှုနှင့် အားနည်းမှုများဖြင့် ပြည့်နှက်ကာ တုန်လှုပ်သွားသည်။
စုရီကက ပြုံးလိုက်ပြီး လိမ္မော်ရောင်ကြောင်ကို သူ့ရင်ခွင်ထဲထည့်ကာ ဖောင်းကြွနေသောကျောထံ ပွတ်သပ်၏။
အံ့သြစရာကောင်းလောက်အောင်ပင် ကောင်းမွန်သောနူးညံ့မှုကို ခံစားလိုက်ရသည်။ သို့သော် လိမ္မော်ရောင်ကြောင်မှာမူ သတိဖြင့် ကွေးညွှတ်လျက် မလှုပ်ဝံတော့ချေ။
“ ဘာတွေဖြစ်နေတာလဲ။ ”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ချုံးလုနှင့် ချွယ်ပိုလင်းသာမက ငရဲဘုရင်ပင် အံ့အားသင့်သွားသည်။
ပြိုင်ဘက်ကင်းသော နတ်ဘုရားတစ်ပါး ကဲ့သို့ လိမ္မော်ရောင်ကြောင်သည် စုရီထံပါးတွင် အလွန်ကြောက်ရွံ့နေခဲ့ချေပြီ။
***