← Chapters

အခန်း (၇၆၃-၇၆၅)

Vol. 64 Ch. 763-765

အခန်း (၇၆၃-၇၆၅)

Vol. 64 Ch. 763-765

အခန်း ၇၆၃ -

ဒီညလူက အရာအားလုံးကို မသိနိုင်ပါဘူး။   

စုရီက သူ့ထိုင်ခုံတွင်လှဲလျောင်းနေပြီး ခြေထောက်များကိုစားပွဲပေါ်တွင် တင်ထားကာ တစ်ခါတစ်ရံ ဝိုင်တစ်ငုံသောက်နေသည်။

ဝဖြိုးသော လိမ္မော်ရောင်ကြောင်သည် သူ့ရင်ခွင်ထဲတွင် ကွေးညွတ်နေပြီး မလှုပ်ဝံချေ။ ဝမ်ချုံးလု၊ ချွယ်ပိုလင်းနှင့် အခြားသူများသည် ပို၍စိတ်ရှုပ်ထွေးလာ၏။

ကောင်းကင်ဓား နတ်ဆိုးဧကရာဇ် ကျန်းပေ့ချီသည် ခန်းမကြီးထံမှထွက်လာသော အခါ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွား သော်လည်း စကားမဆိုဘဲ ထွက်ခွာတော့သည်။ ဤလူငယ်သည် ဇိမ်ကျလွန်းနေချေပြီ။

“ မင်းက လျူချန်ရှန်ကိုသတ်ဖို့လား ... ဒါမှမဟုတ် သူ့ကိုကူညီဖို့အတွက်လား။ ”

သို့သော် သူ ခြံဝင်းတံခါးသို့ ရောက်ရှိသွားချိန်တွင် စုရီမှ ရုတ်တရက် မေးမြန်းလာသည်။ ကျန်းပေ့ချီက ရပ်တန့်ပြီး ခဏမျှတိတ်ဆိတ်သွားကာ၊

“ မင်းရဲ့ကိစ္စကိုပဲ ဂရုစိုက်ပါ။ ”

-ဟု ပြောကြားလိုက်၏။

ထို့နောက် သူသည်တံခါးကို တွန်းဖွင့်ကာ ထွက်သွားခဲ့တော့သည်။ အစမှ အဆုံးတိုင်ပင် စုရီကို လှည့်မကြည့်သွားချေ။

စုရီတစ်ယောက် လိမ္မော်ရောင်ကြောင်၏ ပိုးသားကဲ့သို့ နူးညံ့သောအမွှေးများ ပွတ်သပ်ကာ ပြုံးလိုက်တော့သည်။ ဤကျန်းပေ့ချီသည် ယခင်အတိုင်းပေပင်။

“ တတိယမြောက်ဧည့်သည် ဝင်လို့ရပါပြီ။ ”

စာငှက်၏အသံသည် ခန်းမကြီးထံမှ ထွက်ပေါ်လာပြန်လေသည်။ ဤတစ်ကြိမ်တွင် ချွယ်ပိုလင်းသည် အသက်ပြင်းပြင်းရှူလျက် လှမ်းဝင်သွားတော့၏။

“ တာအိုမိတ်ဆွေ ... ကျန်းပေ့ချီရော ဘာလို့လာတာလဲ ခန့်မှန်းကြည့်ပါဦး။ ”

ငရဲဘုရင်မှ စုရီနှင့် စကားစမြည်ပြောရန် ကြိုးစားလာသည်။ ခြံဝန်းထဲ စုရီ၊ ဝမ်ချုံးလုနှင့် သူမသည်သာ ကျန်ရှိ၏။

ဝမ်ချုံးလုက နားစွန့်ထားသည်။ သူ့အသိစိတ်ထဲတွင် စုရီကိုဂျူနီယာကဲ့သို့ မဆက်ဆံဝံ့တော့ချေ။

“ လျူချန်ရှန်နဲ့ ကျန်းပေ့ချီတို့ နှစ်ယောက်စလုံးက ကျိုးရှင်းဘုံကျောင်းလို့ ခေါ်တဲ့ ဂိုဏ်းတစ်ခုကနေ လာကြတာပါ။ ”

ဤစကားက ဝမ်ချုံးလုနှလုံးသားကို တုန်ခါသွားစေတော့၏။ ဓားရူးလျူချန်ရှန်နှင့် ကောင်းကင်ဓားနတ်ဆိုးဧကရာဇ် ကျန်းပေ့ချီ တို့သည် ဂိုဏ်းတူညီအစ်ကိုများဖြစ်နေကြ လိမ့်မည်ဟု မထင်ထားချေ။

ထိုလျှို့ဝှက်ချက်သည် အံ့သြစရာ ကောင်းလွန်းပြီး ပျံ့နှံ့သွားသော် ကမ္ဘာတစ်ဝှမ်း တုန်လှုပ်စရာဖြစ်လာပေမည်။

လျူချန်ရှန်းဖြစ်စေ၊ ကျန်းပေ့ချီ ဖြစ်စေ နှစ်ယောက်စလုံးသည် ယနေ့ခေတ်ဧကရာဇ်များ အနက် အစွမ်းထက်ဆုံး စာရင်းဝင်သည်။

မရဏကမ္ဘာ၏ နတ်ဆိုးဘုရင် ခြောက်ပါးအတွင်းပါဝင်သော ကျန်းပေ့ချီ၏ ဓားပညာသည် နှစ်ပေါင်းထောင်ချီ လွှမ်းမိုး နိုင်ဆဲဖြစ်သည်။

ဒုတိယတစ်ယောက်သည် နာကျည်းခြင်းပင်လယ် နတ်ဆိုးဘုရင်ခုနစ်ပါးထဲ အထင်ရှားဆုံးနှင့် အလျှို့ဝှက်ဆုံးဖြစ်ချေ၏။

“ ဒါ ... ဒါတကယ်ပဲလား တာအိုမိတ်ဆွေ။ ”

ဝမ်ချုံးလုမှ စိတ်လှုပ်ရှားစွာဖြင့် ဝင်မေးလိုက်သည်။ စုရီတစ်ယောက် ချက်ချင်း ပြန်မဖြေချေ။ လိမ္မော်ရောင်ကြောင်သည်သာ လှောင်ပြောင်လိုသော အရိပ်အယောင်ဖြင့် သူ့ထံမော့ကြည့်၏။

သူ့မေးခွန်းသည် ကြောင်တစ်ကောင် အမြင်၌ မိုက်မဲနေပုံလေရသည်။ ထို့ကြောင့်ပင် ရှက်ရွံ့လာ၏။

သူသည် ဂုဏ်သိက္ခာကြီးမားသော မိုးကြိုးမီးတောက် နတ်ဆိုးဧကရာဇ်ဖြစ်နေခဲ့ သော်လည်း ဤခြံဝင်းထဲလှမ်းဝင်လိုက်ချိန်၌ အရာအားလုံးပြောင်းလဲသွားခဲ့သည်။

ပထမဦးစွာ ချွယ်ပိုလင်မှရှုံးနိမ့်သွားသော ပြိုင်ဘက်အဖြစ် အထင်သေးခံရ၏။ ထို့နောက် ကျန်းပေ့ချီ၏ လျစ်လျူရှုမှုဖြစ်သည်။

ယခု လိမ္မော်ရောင်ကြောင် ဖြစ်၏။ မည်သူသည် ထိုအခြေအနေများအပေါ်တွင် စိတ်မဆိုးဘဲနေမည်နည်း။ တစ်ဖက်တွင် စုရီအပြုအမူမှာ ဆိုဖွယ်မရှိချေ။

သူ့ကို လျစ်လျူရှုကာ အမျိုးသမီးနှင့် စကားစမြည်ပြောလျက် ညလူကိုပင် အမြန် လုပ်ဆောင်ရန် တိုက်တွန်းနေသည်။

( ငါသိခဲ့ရင် ... ဒီနေ့ဒီကိုမလာဘူး။ )

ဝမ်ချုံးလုက နာကျင်စွာဖြင့် ညည်းတွားလိုက်သည်။ ထိုစဉ် စုရီမှပြုံးလိုက်၏။

“ သူတို့က တကယ့်ကို ဂိုဏ်းတူညီအစ်ကိုတွေပါ ဒါပေမယ့် သိတဲ့သူ အရမ်းနည်းသွားပြီ ...

... ကြာမြင့်စွာတည်းက ကျိုးရှင်းဂိုဏ်းမှာ အပြောင်းအလဲကြီး တစ်ခုကြုံတွေ့ခဲ့ပြီး သမိုင်း မှတ်တမ်းတွေထဲကနေ ပျောက်သွားခဲ့တာ ...

... အဲဒီအချိန်ကစလို့ သူတို့နှစ်ဦးက ဆက်ဆံရေးဖြတ်တောက်ပြီး ရန်သူတွေအဖြစ် ရှင်သန်လာခဲ့ကြတယ် ... ဒါကြောင့် လူအများစု ဒီအကြောင်းကို မသိကြတော့ဘူး။ ”

စုရီမှ ရှင်းပြ၏။ သို့မှသာ ဝမ်ချုံးလုက သဘောပေါက်သွားသည်။ အခြားတစ်ဖက်တွင် ငရဲဘုရင်သည် ပြုံးလျက်၊

“ ဒီလူက ဟုန်ယင်းကိုမြင်တာနဲ့ သတ်ဖြတ်ချင်စိတ်ပေါ်လာခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး ... လျူချန်ရှန်အတွက် သူ တကယ်ပဲ လက်စားချေချင်နေပုံရတယ်။ ”

ငရဲဘုရင်၏လှပသော မျက်လုံးများတွင် တစ်စုံတစ်ခုနားလည်သွားသကဲ့သို့ တောက်ပ သွားတော့၏။ စုရီက၊

“ ဟုန်ယင်းလား ... ပထမဆုံး ထွက်လာတဲ့ အနီရောင်ဝတ်လူကို ပြောနေတာလား။ ”

-ဟု ပြန်မေးလိုက်သည်။ ငရဲဘုရင်မှ ခေါင်းညိတ်လျက် မဖုံးကွယ်တော့ဘဲ၊

“ လျူချန်ရှန်က ဟုန်ယင်းရဲ့ အရည်အချင်းရှိတဲ့ ငယ်သားတစ်ယောက်ကို သတ်ပစ်လိုက်တယ် ... ဟုန်ယင်းက ဒီကိစ္စကြောင့် ညလူကိုလာရှာတာပဲ။ ”

-ဟု ပြောပြလိုက်သည်။

စုရီက ခေါင်းညိတ်၏။ ထာဝရညမြို့သို့ သွားရာလမ်းတွင် ဝမ်ချုံးလုမှ လျိုချန်ရှန်သည် တမလွန်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးကို သတ်လိုက်သဖြင့် ရန်ငြိုးထားခံခဲ့ရကြောင်း ပြောပြထားဖူးသည်။

“ မင်း ... မအံ့သြဘူးလား။ ”

ငရဲဘုရင်သည် သူမ၏ဆွဲဆောင်မှုရှိပြီး လှပသောမျက်လုံးများကိုပင့်ပြကာ စုရီထံပါးသို့ စိုက်ကြည့်တော့၏။ စုရီမှပြုံးရယ်လျက်၊

“ ငါဒီအကြောင်းကို သိထားတယ်။ ”

-ဟု ပြန်ပြောလိုက်၏။

“ ဝိုး ... မင်းသိနေတာလား၊ ကြည့်ရတာ တမလွန်ဂိုဏ်းအကြောင်း မင်းတကယ် ဂရုစိုက် နေတယ်ဆိုတာ မြင်နိုင်ပါတယ်။ ”

ထိုအချိန်တွင် ချွယ်ပိုလင်းသည် ခန်းမထဲမှ ထွက်လာသဖြင့်စကားပြတ်သွား၏။ ယခင်နှင့် နှိုင်းယှဉ်လျှင် ဤအဘိုးကြီးသည် မျက်ခုံးများ တွန့်လိမ်ပြီး မှိုင်းညို့နေခဲ့သည်။

“ ဟား ဟား ဟား ... ။ ”

၎င်းကိုမြင်သောအခါ စုရီမှရယ်လိုက်၏။ ယင်းကြောင့် ချွယ်ပိုလင်းမှ အံ့အားသင့်သွားပြီး အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့သည်။

သို့သော် စုရီ၏ ထူးခြားသော အပြုအမူများကိုမြင်တွေ့ခဲ့ပြီး ဖြစ်သောကြောင့် မကျေမနပ်ဖြစ်မှုကို မပြသဝံ့တော့ဘဲ၊

“ မင်း ဘာလို့ရယ်နေတာလဲ၊ တာအိုမိတ်ဆွေ။ ”

- ဟု ခံစားချက်ကို ထိန်းကာမေးလိုက်၏။

ဤအခေါ်အဝေါ်အရ ရှေးဟောင်း ချွယ်မျိုးနွယ်မှဧကရာဇ်သည် စုရီကိုဂျူနီယာ တစ်ဦးအဖြစ် မဆက်ဆံဝံ့တော့ကြောင်း ထင်ရှားနေခဲ့၏။

“ ဒီလောကမှာ သူ့မိသားစုအပြင် စွေ့လုံရှင်းရဲ့ ရှင်သန်မှုနဲ့ သေခြင်းတရားအပေါ် ဂရုအစိုက်ဆုံးလူတွေက သူ့ကိုအမုန်းဆုံး ရန်သူတွေပဲ။ ”

ထို့နောက် စုရီကသူ့ရင်ခွင်ထဲရှိ လိမ္မော်ရောင်ကြောင်ကြီးကို ဖြည်းညှင်းစွာ ပွတ်သပ်လျက်၊

“ ငါပြောတာ မှန်တယ်လို့ မင်းထင်လား။ ”

-ဟု ပြန်မော့ကြည့်ကာ မေးမြန်းလိုက်သည်။

ချွယ်ပိုလင်းတစ်ယောက် မျက်ဝန်းများ ရုတ်တရက်မှေးစင်းသွားပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွား၏။ သည့်နောက် ကိုယ်ဟန်ကို ပြင်ယူလိုက်ကာ၊

“ တာအိုမိတ်ဆွေ ... မင်းရဲ့ လေးစားစရာကောင်းတဲ့ မျိုးရိုးနာမည်ကို ငါမေးလို့ရမလား။ ”

-ဟု မေးမြန်းလာသည်။

“ ငါဘယ်သူလဲဆိုတာ အရေးမကြီးဘူး ... ဒါပေမယ့် မင်းရဲ့မသင့်တော်တဲ့ အတွေးတွေကို ဖျောက်ပြီးပြန်သွားသင့်တယ် ... မကြာခင်မှာ မင်းသိချင်နေတဲ့ စွေ့လုံရှင်း ရှင်နေသလား သေပြီလားဆိုတဲ့ ... အမှန်တရား ထွက်ပေါ်လာလိမ့်မယ်။ ”

အဆုံးတွင်ချွယ်ပိုလင်းသည် ခဏမျှ တိတ်ဆိတ်နေကာ စကားထပ်မဆိုဝံ့တော့ဘဲ လှည့်ထွက်သွားတော့၏။ ငရဲဘုရင်က သက်ပြင်းချကာ၊

“ တာအိုမိတ်ဆွေရဲ့ ထိုးထွင်းသိမြင်မှုက တကယ်ကို အံ့သြစရာကောင်းပါတယ် မင်းက ကျန်းပေ့ချီနဲ့ ချွယ်ပိုလင်းရဲ့ ရည်ရွယ်ချက်ကို မြင်နိုင်နေတာပဲ။ ”

-ဟု ချီးကျူးလိုက်၏။

မဝေးလှသော အရပ်တွင် ရှိနေသည့် ဝမ်ချုံးလုသည်လည်း ထိုမှတ်ချက်အပေါ် သဘောတူလေသည်။

စုရီမရှိသော် လျူချန်ရှန်နှင့် ကျန်းပေ့ချီတို့နှစ်ဦးသည် ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြောင်း သူ မသိနိုင်သလို ချွယ်ပိုလင်းသည် စွေ့လုံရှင်းအကြောင်းမေးမြန်းရန် လာမှန်း မသိနိုင်ချေ။

“ ဒီမရဏကမ္ဘာကြီးအတွင်းမှာ အသက်ရှင်နေဆဲဖြစ်တဲ့ ဘီလူးဟောင်းတွေ အားလုံးအကြောင်းကို ငါနည်းနည်းပါးပါးတော့ သိထားပါတယ် ဘာများ ထူးခြားလို့လဲ။ ”

ချွယ်ပိုလင်းသည် စွေ့လုံရှင်းလက်၌ အကြီးအကျယ်ရှုံးနိမ့်ခဲ့ကာ ကြက်သွေးရောင် ကပ်ဘေးဟုခေါ်သော ရှေးဟောင်း ဓားတစ်လက်ကို ဆုံးရှုံးခဲ့ဖူးသည်။

ထိုဓားသည် တစ္ဆေဌာနကြီး၏ တရားစီရင်ပိုင်ခွင့်အောက်ရှိ အမှောင်တွင်းနက် ထံပါးမှ မွေးဖွားလာသော သဘာဝ ရတနာဖြစ်၏။

မယုံနိုင်လောက်အောင် အံ့ဖွယ်စွမ်းအားများ ပိုင်ဆိုင်ထားလေသည်။ စွေ့လုံရှင်းထံ ထိုဓားကို ဆုံးရှုံးထားသဖြင့် ချွယ်ပိုလင်းသည် ကမ္ဘာမကျေ အမုန်းတရားများ ပေါက်ဖွားလာခဲ့၏။

မီးအိမ်ပွဲတော်ညတွင် စွေ့မိသားစုကို ကိုင်တွယ်ဖြေရှင်းရန် အခြားမျိုးနွယ်စုများနှင့် ပူးပေါင်းရသည့် အကြောင်းရင်းသည် ထိုဓားကြောင့် ဖြစ်၏။ ကံမကောင်းစွာဖြင့် နောက်ဆုံးတွင် သူတို့ မအောင်မြင်ခဲ့ချေ။

ယနေ့တွင် စုယီသည် ချွယ်ပိုလင်းကို မြင်လိုက်ရသည့်အချိန်တွင် ဤအဘိုးကြီးထံမှ ရည်ရွယ်ချက်ကို ခန့်မှန်းပြီးသားဖြစ်၏။

“ လေးယောက်မြောက် ဧည့်သည် ဝင်နိုင်ပါပြီ။ ”

ငရဲဘုရင်မှ ထရပ်လျက် သူမကိုယ်ခန္ဓာကို ပျင်းရိစွာဆန့်ထုတ်ကာ ပြုံးပြီး၊

“ တာအိုမိတ်ဆွေ ... ငါအရင်သွားလိုက်မယ်။ ”

-ဟု ပြောကြားလိုက်သည်။

ထို့နောက် ရှည်လျားသွယ်လျသော ခြေထောက်များကိုမြှောက်ကာ ခြေတစ်လှမ်းနှင့် ခန်းမထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။

စုရီက ကြောင်ကြီးကို ပွတ်သပ်ပြီး အရက်သောက်ကာ တွေးတောနေခဲ့သည်။ ငရဲဘုရင်၏ရည်ရွယ်ချက်သည် မြေအောက် ကမ္ဘာ သင်္ချိုင်းမြေ၏ လျှို့ဝှက်ချက်များကို စုံစမ်းရန် ဖြစ်နိုင်၏။

“ ညောင် ... ။ ”

သူ့ရင်ခွင်ထဲရှိ လိမ္မော်ရောင်ကြောင်သည် တိုးတိုးလေးအော်၏။ ၎င်းသည် ယခင်ကကဲ့သို့ တင်းမာပြီး စိုးရိမ်ပူပန်မှု မရှိတော့ဘဲ စုရီနှင့် ပွတ်သပ်ကာ အရက်တောင်းလေသည်။

ဤလိမ္မော်ရောင်ကြောင်သည် ဝိုင်သောက်ချင်နေသည်မှာ သေချာနေတော့၏။ သို့သော် စုရီမှ လျစ်လျူရှုထားလေသည်။

ထို့ကြောင့် လိမ္မော်ရောင်ကြောင်၏ မျက်လုံးထဲ၌ မကျေနပ်မှုအရိပ်အယောင်များ တိုးဝင်လာခဲ့၏။

ဝမ်ချုံးလုသည် စုရီနှင့်စကားပြောရန် ဤအခွင့်အရေးကို အသုံးချလိုနေသော်လည်း လိမ္မော်ရောင်ကြောင်ကြောင့် အကြံအစည် စွန့်လွှတ်လိုက်ရသည်။

ထိုအရေးမပါပုံရသော ကြောင်သည် ၎င်း၏စွမ်းအားကိုထုတ်လွှတ်ပါက ရွှမ်ယုအဆင့် ဧကရာဇ်ထက်ပင် ကြမ်းကြုတ်ချေလိမ့်မည်။

များမကြာမီ အနည်းငယ်စိတ်ပျက်နေပုံရပြီး မျက်နှာတွင် မကျေနပ်မှုအရိပ်အယောင်များဖြင့် ငရဲဘုရင် ပြန်ထွက်လာ၏။

“ ဒီညလူက အရာအားလုံးကို သိနိုင်လောက်အောင် အရည်အချင်း မရှိသေး ပါဘူး ... ဒီလောက်သိနေရတဲ့ အကြောင်းရင်းက ဒီကမ္ဘာပေါ်က လူအများစုထက် သူက ပိုပြီး ကြာကြာနေထိုင်ခဲ့ရလို့ပါပဲ။ ”

ငရဲဘုရင်မှ အလိုမကျဟန်ဖြင့် မှတ်ချက်ပေးလိုက်သည်။ စုရီက ပြုံးလျက် ခေါင်းညိတ်ပြ၏။

“ မှန်တယ် ... နောက်မှ မင်းနဲ့ စကားပြောဖို့နေရာရှာပြီး ... မင်းသိချင်နေတာ မေးမြန်းနိုင်တယ် ဒါပေမယ့် ... ငါသိလိုတဲ့ မေးခွန်းတွေကို မင်းဖြေပေးရမယ်။ ”

“ ဒါဆို အရမ်းကောင်းမယ်။ ”

“ ကောင်းပြီ၊ ငါလည်း ညစောင့်နဲ့ စကားပြောသင့်ပြီ။ ”

စကာဆုံးသည်နှင့် စုရီတစ်ယောက် လိမ္မော်ရောင်ကြောင်၏ လည်ပတ်ကိုဆွဲယူပြီး ပစ်ချကာထရပ်တော့၏။

လိမ္မော်ရောင်ကြောင်ကြီးခမျာ ပက်လက်လှန်သွားသဖြင့် ချက်ချင်းကိုယ်ဟန် ပြင်ယူကာ ဆင်းသက်လိုက်ရသည်။

တစ်ဆက်တည်းမှာပင် အပြာရောင် မျက်လုံးများတွင် ဒေါသများထွက်ပေါ်နေခဲ့၏။ ဤအဖိုးကြီးသည် ယခင်အတိုင်း ရက်စက် လွန်းချေပြီ။ ယခုပင် ပွတ်သပ်နေခဲ့ကာ မျက်စိတမှိတ်အတွင်း ပစ်ချခဲ့၏။

“ အတူတူ သွားကြရအောင်။ ”

စုရီက ဝမ်ချုံးလုကိုခေါ်ပြီး ခန်းမဆီသို့ ဦးတည်သွား၏။ ဝမ်ချုံးလူတစ်ယောက် အသက် ပြင်းပြင်းရှူလျက် လိုက်ပါသွားလေသည်။

ပုံရိပ်နှစ်ခု ပျောက်ကွယ်သွားချိန်၌ ငရဲဘုရင်သည် တစ်စုံတစ်ရာခံစားမိလာသဖြင့် လိမ္မော်ရောင်ကြောင်ထံ လှည့်ကြည့်လိုက်၏။

ထိုကြောင်သည် ဆာလောင်နေသော အကြည့်များဖြင့် စိုက်ကြည့်နေပြီး နှုတ်ခမ်းကို လျက်ပြနေတော့သည်။

***

အခန်း ၇၆၄ -

ငါက စုရွှမ်ကြွယ်ပါ ... ။

မီးအိမ်တစ်လုံးက မှိန်ပျပျအလင်းများ ဖြန့်ကျက်ထား၏။ ပိန်ချုံးနေသော အဘိုးအို တစ်ယောက် ဝါးကုလားထိုင်ပေါ်တွင်ထိုင်နေပြီး သူ့ဘေး၌ ဝါးခြင်းတောင်းတစ်လုံးရှိသည်။

စာငှက်တစ်ကောင်က အဘိုးကြီ၏ ပခုံးပေါ်တွင်နားနေပြီးနောက် သူ့အမွေးများကို နှုတ်သီးဖြင့် ဖြီးသင်နေ၏။

“ ဝမ်ချုံးလုက စီနီယာကို နှုတ်ဆက်ပါတယ်။ ”

အဘိုးကြီးကိုမြင်ချိန်တွင် ဝမ်ချုံးလုက ရိုသေစွာဦးညွှတ်လိုက်သည်။ ဤအဖိုးအိုသည် နှစ်ပေါင်းများစွာနေထိုင်ခဲ့သော ရှေးဟောင်း ပစ္စည်းတစ်ခုဖြစ်ပြီး နာကျည်းခြင်းပင်လယ်တွင် ရုပ်ကြွင်းများဖြစ်၏။

“ ဒီလောက် ယဉ်ကျေးနေဖို့မလိုပါဘူး ... ထိုင်ပါ။ ”

အဘိုးကြီးက သူ့ဘေးရှိ ထိုင်ခုံတစ်လုံးကို လက်ညှိုးထိုးပြသည်။ ဝမ်ချုံးလုမှ ထိုင်ဖို့ပြင်ကာ ခေါင်းညိတ်၏။ ထိုစဉ် စုရီက အဘိုးကြီးဘေးရှိ ဝါးခြင်းတောင်းဆီ ချဉ်းကပ်သွားပြီး အထဲသို့ ချောင်းကြည့်လိုက်သည်။ ဤမြင်ကွင်းက ဝမ်ချုံးလုအပေါ် တုန်ယင်သွားစေ၏။

သို့သော် ညလူမှ ကန့်ကွက်မှု မရှိခဲ့ချေ။ စုရီက ခုံတစ်လုံးသို့ ပြန်လာကာ ထိုင်ချလိုက်ပြီး၊

“ ဘာလို့ စိတ်ပျက်အားငယ်ခြင်း ခေါင်းလောင်း မရှိရတာလဲ။ ”

စုရီက မော့မကြည့်ဘဲ မေးမြန်းသည်။ ဤမျှရိုးရှင်းလွန်းသော ဝါးခြင်းတောင်းထဲတွင် ညလူ၏ နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ရတနာများကို သိမ်းဆည်းနိုင်သော လျှို့ဝှက်ကမ္ဘာငယ်တစ်ခုရှိသည်။

“ စွေ့လုံရှင်းက ငှားသွားတာ။ ”

အဘိုးကြီးက ခြောက်ကပ်ကပ်အသံဖြင့် ပြန်ဖြေ၏။

“ နားလည်ပြီ ... ။ ”

စုရီမှ ခေါင်းညိတ်ပြီး အခန်းအတွင်း လှည့်ပတ်ကြည့်ကာ သက်ပြင်းချလျက်၊

“ ဒီနေရာက နှင်းမြို့တော်မှာရှိနေတဲ့ ညလူရဲ့ပန်းပဲရုံလိုပဲ ဘာမှ မပြောင်းလဲပါလား အတိတ်ပြန်ရောက်သွားသလို ခံစားရတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

ထိုစကားကိုကြားချိန်တွင် ဝမ်ချုံးလုသည် ရယ်ချင်စိတ်ကို ထိန်းလိုက်ရလေသည်။ အသက် (၁၈)နှစ်အရွယ် ကောင်လေးတစ်ယောက်သည် နှစ်ပေါင်းများစွာ ရှင်သန်နေသော အဖိုးကြီးများ ရှေ့၌ အချိန်တိုက်စားမှုအကြောင်း ပြောကြားနေ၏။

ရယ်စရာပေပင်။ သို့သော် ညလူသည် သူ့အမြင်နှင့် ဆန့်ကျင်ဘက် ပြုံးရယ်လာပြီး၊

“ အသက်ကြီးတဲ့သူတွေက အတိတ်ကို ပိုလွမ်းဆွတ်လာတာနဲ့အမျှ ဘာကိုမှပြောင်းလဲဖို့ ဆန္ဒမရှိတော့သဘာဝပါပဲ မင်းဘယ်လိုထင်လဲ။ ”

“ ဟားဟားဟား ... ။ ”

စုရီမှ ရယ်မောလိုက်ကာ၊

“ အဲဒါက ... စိတ်ဓာတ်ကျနေသူတွေ အတွက် နှစ်သိမ့်မှုတစ်ခုပါပဲ မဟာတာအိုကို လိုက်စားတာက အချိန်ဘယ်လောက်ကုန်မလဲ ဆိုတာနဲ့ မသက်ဆိုင်ပါဘူး ...

... တာအိုနှလုံးသား ပိုမိုခိုင်မာလေ၊ ပြောင်းလဲမှုကိုပိုတောင့်တလေပဲ တစ်စုံတစ်ဦး အနေနဲ့ အကြပ်အတည်းထဲရောက်လာတဲ့အခါ ပြောင်းလဲပစ်ဖို့လိုအပ်ပါတယ် ...

... ဒီလိုပြောင်းလဲမှုကသာ တိုးတက်မှုဆီကိုဦးတည်နိုင်ပါတယ် ... အဲဒီလိုပဲ သဘာဝကြီးက ဖြစ်သင့်တယ် မဟုတ်လား။ ”

ဤတစ်ကြိမ်၌ အဘိုးကြီးက မျက်ဝန်းများ နူးညံ့သွားကာ၊

“ ပြောင်းလဲဖို့လိုလား ... ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ ... မင်းက မင်းရဲ့ဓားလို ထက်မြက်နေပြီး မပြောင်းလဲပါဘူး။ ”

-ဟု ဝေဖန်လိုက်၏။

“ ငါ့ရဲ့ မူလရည်ရွယ်ချက်တွေက မပြောင်းလဲပါဘူး ... ဒါကပြောင်းလဲမှုအမျိုးမျိုး အတွင် ဖြေရှင်းဖို့ လုံလောက်ပါတယ်။ ”

စုရီ၏ဖြေရှင်းချက်ကြောင့် အဘိုးကြီးမှ ပြုံးလိုက်သည်။ ဤလူသည် ထိုစဉ်က လူနှင့် မကွာခြားချေ။

“ ကောင်းပြီ ... သူ့ရဲ့ကိစ္စကို အရင်ပြောရအောင်။ ”

စုရီက ဝမ်ချုံးလုကို လှည့်ကြည့်ကာ သတိပေးလိုက်သည်။ အဘိုးကြီးမှ လှည့်ကြည့် လိုက်ပြီး စဉ်းစားနေပုံရ၏။ အဆုံး၌၊

“ သူက မင်းရဲ့နာမည်ကို မသိဘူးလား။ ”

-ဟု ပြန်မေးသည်။

“ ဒီကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက ညလူတွေမဟုတ်ဘူး ... ကောင်းကင်၊ မြေကြီး၊ နတ်ဘုရားနဲ့ တစ္ဆေတွေကို မြင်နိုင်လွန်းတဲ့ မျက်လုံးမျိုးမရှိကြဘူး။ ”

“ ဟား ဟား ဟား ... ။ ”

စုရီမှ ပြန်ဖြေသည်။ အဘိုးအိုက ပြုံးရယ်လိုက်ပြီး ဝမ်ချုံးလုထံပြန်ကြည့်ကာ၊

“ မင်းဘာကြောင့် ဒီကိုရောက်လာတာလဲပြောပါ။ ”

-ဟု မေးမြန်းလိုက်သည်။ ဝမ်ချုံးလုမှ အသက်ပြင်းပြင်းရှူလျက်၊

“ စီနီယာကို ... မင်းရဲ့စွမ်းအားနဲ့ လျူချန်ရှန်ဆီ သတင်းပို့ချင်ပါတယ် ... သူ့ကို တမလွန်ဂိုဏ်းက သတ်ဖြတ်ဖို့ ကြိုးစားနေပါတယ်။ ”

-ဟု ချက်ချင်း ပြောကြားလိုက်၏။

“ ဒါဆို မင်းလည်း လျူချန်ရှန်အတွက် လာတာလား ... ဒီအကြောင်း ငါသိပြီးသားပါ တခြားဘာရှိသေးလဲ။ ”

ဝမ်ချုံးလုက ခဏလောက် တွန့်ဆုတ်သွားကာ စုရီထံ စောင်းငဲ့ကြည့်လျက်၊

“ ဖြစ်နိုင်ရင် ဒီတာအိုစုရီအကြောင်း စီနီယာကိုမေးချင်ပါတယ် ... သူ ဘယ်သူလဲ။ ”

-ဟု အံကြိတ်မေးမြန်းလိုက်၏။

အဘိုးကြီးက မျက်ခုံးပင့်လျက် ခန်းမကြီးအပြင်ဘက်သို့ လက်ညှိုး ညွှန်ပြ လိုက်ကာ၊

“ အခု ထွက်သွားလို့ရပြီ။ ”

-ဟု မောင်းထုတ်တော့၏။

ဝမ်ချုံးလုခမျာ စိတ်ရှုပ်ထွေးသွား သော်လည်း နောက်ဆုံး၌ ထပြီးထွက်သွားရန် ကြိုးစားလိုက်ရလေသည်။ စာငှက်က သူ့ကို စာနာသနားနေပုံရကာ၊

“ ငါ့သခင်က မင်းကိုမိုးကြိုးမီးတောက် နတ်ဆိုးဘုရင်အဖြစ် စီနီယာတစ်ယောက်လို သဘောထားပေမယ့် မင်းက ကလေးဆန်တဲ့ မေးခွန်းတစ်ခု မေးလိုက်တာပဲ ...

... ဒါက မင်းရဲ့အမြင်တွေမှာ ပြဿနာရှိနေတယ်ဆိုတာ သက်သေပြနေတယ် မင်းဆက်နေရင် မင်းကိုယ်မင်း ပိုပြီး အရှက်ခွဲမိ သွားလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်သည်။

ဝမ်ချုံးလုခမျာ ဆွံ့အသွားလေသည်။ သူ့နှုတ်ခမ်းများ အနည်းငယ်တုန်ခါသွားခဲ့ကာ ရှက်ရွံ့မှုဖြင့် ချက်ချင်းထွက်ခွာသွား၏။

ငရဲဘုရင်က ဝမ်ချုံးလုတစ်ယောက် ဒေါသဖြင့် ခန်းမထဲမှ လှမ်းထွက်လာသည်ကို မြင်လိုက်သောအခါ အနည်းငယ် မျက်ခုံးပင့် သွားချေပြီ။

တစ်ဖက်လူသည် အဘယ့်ကြောင့် ဒေါသထွက်နေခဲ့သည်ကို နားမလည်နိုင်ချေ။ သို့သော် မမေးဘဲ တိတ်ဆိတ်နေလိုက်၏။

ဝမ်ချုံလုက ခဏတာ တွန့်ဆုတ် နေပြီးနောက် အဆုံးတွင် အံကြိတ်လျက်ဖြင့် ခြံဝန်းထဲဆက်နေရန် ဆုံးဖြတ်ခဲ့သည်။

သူ့ဂုဏ်သိက္ခာသည် အကြိမ်ကြိမ် ပျက်စီးခဲ့ရပြီး စုရီနောက်ခံကိုမသိမရမခြင်း ကျေနပ်နိုင်မည် မဟုတ်ချေ။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးနေ၏။ လိမ္မော်ရောင်ကြောင်သည် ပျင်းရိစွာလဲလျောင်း နေပြီး အရသာရှိသော သားကောင်ကဲ့သို့ ငရဲဘုရင်ထံ မကြာမကြာကြည့်သည်။

ငရဲဘုရင်သည် လိမ္မော်ရောင်ကြောင်၏ ထူးဆန်းသောအကြည့်ကို လျစ်လျူရှုထား၏။ ယင်းအစား စုရီနှင့်ညလူတို့ ပြောကြားနေသည့် အရာများထံ အလွန်စိတ်ဝင်စားနေခဲ့သည်။

တစ်ဖက်တွင် ဝမ်ချုံးလုသည် ငြိမ်သက်နေခဲ့ကာ စုရီ၏အချက်အလက်တိုင်း အပေါ် ဂရုတစိုက် ပြန်လည်သုံးသပ်နေ၏။

အဆုံး၌ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာလေသည်။ ယင်းသည် သူ့အတွက် ရယ်စရာကောင်းပုံရသော်လည်း ၎င်းသည် တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်မှု ရှိနေသည့် အဖြေဖြစ်၏။

အချိန်အတော်ကြာပြီးနောက် စုရီ ပြန်ထွက်လာသည်။ လိမ္မော်ရောင်ကြောင်သည် သတိဝီရိယအပြည့်ဖြင့် ဝဝဖြိုးဖြိုးခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်၏။

“ ညလူနဲ့ ... ဘယ်လိုများ မြေကြီးတုန်လှုပ်စေတဲ့ အကြောင်းအရာမျိုး ဆွေးနွေးနေခဲ့ရတာလဲ။ ”

ငရဲဘုရင်စကားကို စုရီမှ ပြုံးပြပြီး ပြန်မဖြေသေးဘဲ ဝမ်ချုံးလုထံအံ့အားသင့်စွာ ဝေ့ကြည့်လျက်၊

“ မင်းထွက်သွားပြီလို့ ငါထင်ခဲ့တာ။ ”

-ဟု ပြောကြားလိုက်သည်။

ဝမ်ချုံးလုက သူ့မျက်လုံးများ ချက်ချင်းသိမ်မွေ့သွားကာ ကျေနပ်အားရစွာ ပြုံးတော့၏။

“ စုရီ၊ မင်းရဲ့ မူလအစကို ငါခန့်မှန်းပြီးပြီထင်တယ်။ ”

“ ဟုတ်လား ပြောပါဦး။ ”

စုရီမှ အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်ကာ အပျော်သဘောဖြင့် မေးမြန်းလိုက်လေသည်။

“ မင်းက စုရွှမ်ကြွယ်ရဲ့ မျိုးဆက်တစ်ယောက်ပဲ ဘယ်လိုလဲ ငါ မမှားဘူး မဟုတ်လား။ ”

ဝမ်ချုံးလုမှ ပြတ်သားစွာ ပြောကြားလာတော့၏။ စုရီတစ်ယောက် ပြောစရာစကားမဲ့သွားသည်။

ငရဲဘုရင်မှပြုံး၏။ လိမ္မော်ရောင် ကြောင်သည်လည်း ပြုံးရယ်လိုက်တော့သည်။ ထိုသို့ လေထုအပြောင်းအလဲကြောင့် ဝမ်ချုံးလုမှ မသက်မသာခံစားလာရ၏။ စုရီကဝမ်ချုံးလုကို သနားကြင်နာစွာ ပြန်ကြည့်ကာ၊

“ မင်း ... ခန့်မှန်းနေစရာ မလိုပါဘူး ... ငါစုရွှမ်ကြွယ်ပါ။ ”

-ဟု ဝန်ခံလိုက်သည်။

ဝမ်ချုံလုခမျာ အကြောအချင်များ ရုတ်တရက် တောင့်တင်းသွား၏။ ဤနာမည်၌ ထူးဆန်းသော မှော်အတတ်တစ်ခုရှိနေပုံရပြီး ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။

အချိန်အတော်ကြာ တိတ်ဆိတ်သွားရာမှ ဝမ်ချုံးလုက လက်နှစ်ဖက်နောက်ပို့ရပ်နေသည့် လူငယ်ထံ ပြန်ကြည့်ပြီး ဒေါသတကြီးဖြင့်၊

“ ကောင်လေး ... မင်းကငါ့ဉာဏ်ရည်ကို စော်ကားနေတာလား ... အရမ်းလွန်လွန်းတယ် မထင်ဘူးလား ... အဲဒီအဖိုးကြီးရွှမ်ကြွယ်က လွန်ခဲ့တဲ့ နှစ်ငါးရာက ကွယ်လွန်သွားခဲ့ပြီ ...

... မင်းရဲ့အရိုးအရွယ်က အများဆုံးရှိ အသက်(၁၈)နှစ်ပဲ ရှိသေးတယ် ဒီလောကမှာ ပြန်လည်ဝင်စားခြင်း ရှိနေရင်တောင် ...

... မင်းဆိုတာ အဖိုးကြီးရွှမ်ကြွယ် ဖြစ်နိုင်စရာမရှိဘူး ... အဖိုးကြီးရွှမ်ကြွယ်အဖြစ် ဟန်ဆောင်ချင်ရင်တော့ မင်းမှာ အရည်အချင်း မပြည့်မီသေးဘူးလို့ပဲ ငါပြောပါရစေ။ ”

ဤတစ်ကြိမ်တွင် လူတိုင်းသည် သူ့ကိုအရူးတစ်ယောက်ကဲ့သို့ ကြည့်လာသဖြင့် ဝမ်ချုံးလု၏ ခိုင်မာသောအကြည့်များတွင် အနည်းငယ် သံသယများဝင်လာသည်။

“ သွားကြရအောင် ... ငါတို့စကားပြောဖို့ နေရာရှာရမယ်။ ”

စုရီက ဝမ်ချုံးလုကို လျစ်လျူရှုလျက် ငရဲဘုရင်ထံလှည့်ကြည့်ပြီးပြော၏။ ငရဲဘုရင်မှ ကျက်သရေရှိစွာပြုံးကာ ထရပ်လာသည်။

ထို့နောက်တွင် နှစ်ယောက်သား ခြံဝင်းအတွင်းမှ ချက်ချင်းထွက်ခွာသွားတော့၏။ ဝမ်ချုံးလုက၊ ‘ငါကော ... ၊’ -ဟုမေးသည်။ စုရီမှ အံ့အားသင့်သွားပြီး၊

“ မင်းနဲ့မဆိုင်ဘူး ... မင်းသွားချင်တဲ့ နေရာကို သွားလို့ရပြီ။ ”

-ဟု ပြန်ဖြေသည်။

ဝမ်ချုံးလုတစ်ယောက် ဒေါသထွက်လွန်းသဖြင့် ကျိန်ဆဲမိတော့မတတ် ပေပင်။ ဤကောင်လေး အရမ်းရက်စက်ချေပြီ။

သူတို့သည် လမ်းခရီး၌ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းနေခဲ့ကာ ကိစ္စများပြီးဆုံးသည့်နောက် အနည်းဆုံးတော့ သူ့ကိုအရက်တိုက်၍ရချေမည်။

“ ဒါနဲ့ ... ။ ”

စုရီက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး၊

“ မင်းက လျိုချန်ရှန်ရဲ့ကျေးဇူးကို ပြန်ဆပ်ချင်နေတာ မဟုတ်လား။ ”

-ဟု ပြန်လှည့်မေးလာ၏။ ဝမ်ချုံးလုမှ ခေါင်းညိတ်ပြလိုက်သည်။

“ ဟုတ်တယ် ... ။ ”

“ ဒါဆိုရင် မင်းဒဏ်ရာတွေကနေ ... မြန်မြန်ပြန်ကောင်းလာဖို့လိုတယ် လျိုချန်ရှန်က အခုထာဝရညမြို့တော်မှာ ရှိနေပေမယ့် ...

... သူ့အခြေအနေက အရမ်းဆိုးတယ် ကျန်းပေ့ချီကို ဆက်သွယ်ပြီး ဒီအခက်အခဲကနေ ကျော်လွှားနိုင်အောင် ကူညီပေးလိုက်ပါ။ ”

စကားဆုံးသည်နှင့် စုရီတစ်ယောက် လှည့်ထွက်သွား၏။ ငရဲဘုရင်သည် နောက်ပါးမှ လိုက်ပါသွားတော့သည်။

“ လျိုချန်ရှန်ရဲ့ အခြေအနေက အရမ်းဆိုးတယ်လား ... ။ ”

ဝမ်ချုံးလုမျက်လုံးများတွင် မရေမရာဖြစ်လာတော့၏။ ခဏအကြာတွင် သူ သည်လည်း ထွက်ခွာသွားလေသည်။

“ ခိုင်ယန်၊ ဆရာက မင်းကို အမှောင်ဈေးကိုသွားဖို့ ညွှန်ကြားလိုက်တယ်။ ”

လူတိုင်းထွက်ခွာသွားပြီးနောက် သစ်ပင်ပေါ်ပြန်ရောက်နေသော လိမ္မော်ရောင် ကြောင်ကြီးအနားပျံဝဲလျက် စာငှက်လေးမှ ပြောကြားလိုက်လေသည်။

“ အမှောင်စျေးကနေ အသက်သုံးပါး ပြန်လည်ဝင်စားခြင်း ကျောက်တုံးတွေကို အားလုံးဝယ်လာခဲ့ပါ။ ”

ထိုအမိန့်ကြောင့် လိမ္မော်ရောင်ကြောင်၏ အပြာရောင်မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး၊

“ သခင်က ဘာအတွက် လိုချင်တာလဲ။ ”

-ဟု ပြန်မေး၏။

“ သခင် မဟုတ်ဘူး ... ဆရာစု။ ”

“ ခွီး ... ။ ”

လိမ္မော်ရောင်ကြောင်ခမျာ ချက်ချင်း ဒေါသတကြီးခုန်ထလျက်၊

“ ဘာလို့ စောစောက မပြောတာလဲ။ ”

-ဟု အော်ဟစ်တော့၏။

“ ခိုင်ယန်၊ သခင်က ... မင်းယူတဲ့အရာတွေအတွက် ပေးချေရမယ်လို့ ပြောတယ် မင်းခိုးယူလာလို့မရဘူး။ ”

စာငှက်က မြန်မြန်သတိပေးလိုက်သည်။

“ ဟမ့် ... အမှောင်ဈေးက အဲဒီမသမာတဲ့ ကုန်သည်တွေက ငါ့ကိုလိုလိုလားလားပေးမယ် ဆိုတာ သေချာတယ်။ ”

လိမ္မော်ရောင်ကြောင်၏ အသံသည်သာ ကျန်ရစ်ခဲ့ပြီး ပြည့်ဖြိုးနေသောခန္ဓာကိုယ်ကြီးမှာ သစ်ကိုင်းပေါ်မှ ချက်ချင်း ပျောက်ကွယ်သွား၏။

စာငှက်မှ သက်ပြင်းချလိုက်လေသည်။ ရဲရင့်ပြီးပွင့်လင်းသောခိုင်ယန်သည် သခင့်အပေါ် မေးခွန်းထုတ်ဝံ့သော်လည်း ဆရာစုမပါချေ။ ဤသည်မှာ ထိုအချိန်က သင်ယူခဲ့ရသည့် သင်ခန်းစာ၏ အကျိုးဆက်ပေပင်။

***

ကောင်းကင်မျှော်စင်။ ဤသည်မှာ ထာဝရညမြို့တော်၏ အမြင့်မားဆုံးသော တည်းခိုခန်းကြီးဖြစ်၏။

အပေါ်ဆုံးအထပ်မှ ရပ်ငေးသော် မီးရောင်စုံလင်းလက်နေသော မြို့တော်ကို မြင်နိုင်ပေမည်။

ငရဲဘုရင်သည် ခေါင်မိုးအပေါ်ထပ်၌ ကျောက်စိမ်းကဲ့သို့ ရှည်သွယ်သောခြေထောက် တစ်စုံကို ချိတ်ကာထိုင်နေ၏။

သူမ၏ အဖြူရောင်ခြေသလုံးများသည် အနက်ရောင်စကတ် အကွဲကြောင်းအောက်ပါးမှ လှပစွာထွက်ပေါ်နေသည်။

လေပြေတစ်ချက် တိုက်ခတ်လာစဉ် ပျော့ပျောင်းသော အပြာရောင်ဆံပင်များသည် လွင့်မျောလျက် ဆွဲဆောင်မှုပိုတိုးစေ၏။

“ ငါတို့ တစ်ယောက်နဲ့တစ်ယောက် စမ်းသပ်စရာ မလိုတော့ပါဘူး ... ရိုးရိုးသားသား ပြောကြရအောင်။ ”

စုရီက တစ်ဖက်ခုံတွင် ဝင်ထိုင်ကာ ပြောကြားလိုက်သည်။ ငရဲဘုရင်မှ ခေါင်းညိတ် သဘောတူ၏။

“ ကောင်းကင်ဘုံကိုးပါးနန်းတော်ရဲ့ အဖွဲ့ဝင်တွေက ဘာအတွက် နာကျည်းခြင်း ပင်လယ်မှာ ရှိနေရတာလဲ ငါသိချင်တယ်။ ”

စုရီထံမှ ထိုမေးခွန်းကို မျှော်လင့်ထားခဲ့ပြီးဖြစ်သော ငရဲဘုရင်သည် ပြုံးရယ်လိုက်ကာ၊

“ ငါ့ရဲ့စိတ်ရင်းကို ပြသဖို့အတွက် ... အဖြေကို တိုက်ရိုက်ပြောပြနိုင်တယ် ဒါပေမယ့် တခြားသိချင်တာ ရှိရင်တော့ လျှို့ဝှက်ချက်နဲ့ လဲလှယ်ရလိမ့်မယ်။ ”

-ဟု တုန့်ပြန်၏။

“ သဘောတူတယ် ... ။ ”

စုရီက ခေါင်းညိတ်သည်။ ငရဲဘုရင်မှ သူမလက်ဖဝါးကို လှန်လိုက်ရာ ဝိုင်တစ်အိုးနှင့် ခွက်နှစ်ခွက်ပေါ်လာ၏။ ဝိုင်ကိုလောင်းငှဲ့လျက်၊

“ ဒီတစ်ခါ ... ငါ့ဂိုဏ်းက လူတွေ ရောက်လာရတဲ့ ရည်ရွယ်ချက်က ပြန်လည် ဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းလေ့လာဖို့ပဲ ...

... သူတို့က မကြာသေးမီက မြေအောက်ကမ္ဘာသင်္ချိုင်းမှာ ပြန်ဝင်စားခြင်းနဲ့ ဆက်စပ်တဲ့ သဲလွန်စတွေရရှိထားခဲ့တယ် ...

... ဒီသတင်း မှန်သလား ... မှားသလားဆိုတာ ပြန်လည်ဝင်စားလာနိုင်ခဲ့တဲ့ မင်းအသိဆုံးဖြစ်မှာပါ ဟုတ်တယ်မလား တာအိုမိတ်ဆွေ။ ”

ငရဲဘုရင်က မျက်ဝန်းများမှေးစင်းပြီး စုရီထံကြည့်၏။ ထို့ကြောင့် စုရီတစ်ယောက် အံ့အားသင့်သွားသည်ကို မြင်လိုက်ရလေသည်။

***

  အခန်း ၇၆၅ -

ငရဲဘုရင်မှ ခွန်အားကိုစမ်းသပ်လာခြင်း။

“ ဟားဟားဟား ... ။ ”

စုရီက အံ့အားသင့်နေရာမှ ရယ်မောလိုက်သည်။ အံ့အားသင့်ခြင်းသည် ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်သည် မြေအောက်ကမ္ဘာတွင်နေသည်ဟု ပြောသည့်စကားအပေါ်ဖြစ်၏။

ရယ်မောခြင်းသည် ငရဲဘုရင်၏ စကားများသည် သူ့မေးခွန်းအတွက် အဖြေဟု ထင်ရသော်လည်း အချက်အလက်များကို ရယူရန်ကြိုးစားနေခြင်းဖြစ်သည်။

“ မြေအောက် ကမ္ဘာသင်္ချိုင်းမှာ ပြန်လည်ဝင်စားခြင်းနဲ့ ဆက်စပ်နေတဲ့ သဲလွန်စတွေ တကယ်ရှိပါတယ်။ ”

စုရီအဖြေကြောင့် ငရဲဘုရင်ခမျာ ကြယ်ရောင်မျက်လုံးများ တောက်ပလာပြီး၊

“ အဲဒါဆိုရင် သဲလွန်စတွေကို ရှာတွေ့နိုင်သရွေ့ ပြန်လည်ဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်တွေကို သိနိုင်တယ်လို့ ဆိုလိုတာလား။ ”

-ဟု ဆက်၍မေး၏။ စုရီက စားပွဲကို ညင်သာစွာ ခေါက်လိုက်ပြီး၊

“ ငါ့မေးခွန်းကို မင်းဖြေနေတာမဟုတ်လား။ ”

-ဟု သတိပေးလိုက်သည်။ ငရဲဘုရင်မှ ပြုံးလိုက်ပြီး ကောင်းကင်ကိုးပါးနန်းတော်၏ အဖွဲ့ဝင်များ ရောက်ရှိလာရသည့်အကြောင်း ပြန်လည်ပြောပြလာသည်။

လွန်ခဲ့သည့်ကိုးနှစ်တုန်းက ကောင်းကင်ကိုးပါးနန်းတော်၏ တတိယအဆင့် ကြယ်အရာရှိမှ ပြန်လည်ဝင်စားခြင်းကိုစုံစမ်းရန် ဟုန်ယင်နှင့် မိုချွမ်တို့ဦးဆောင်သော အဖွဲ့ကို မြေအောက်ကမ္ဘာသို့ စေလွှတ်ခဲ့၏။

စတုတ္ထအဆင့် အာဏာပါးကွက်သား ဖြစ်သောဟုန်ယင်သည် ဂိုဏ်း၏အဖွဲ့ဝင်များကို ဦးဆောင်ကာ နာကျည်းခြင်းပင်လယ်၌ တမလွန်ဂိုဏ်းအဖြစ် အခြေချသည်။

ပဉ္စမမြောက် အာဏာပါးကွက်သား မိုချွမ်သည် မြေအောက်ကမ္ဘာဧကရာဇ်၏ သင်္ချိုင်းတည်နေရာကိုရှာဖွေရန် မှားယွင်းစွာ သေဆုံးခြင်းမြို့သို့ ရောက်ရှိလာသည်။

ဟုန်ယင်တွင် ထောင်မှူးခုနစ်ဦးနှင့် ထောင်စောင့်သုံးဦးရှိသည်။ လျူချန်ရှန်သည် ဝမ်ကျုံးရွှီအမည်ရှိ ထောင်စောင့်တစ်ဦးကို မကြာသေးမီက သတ်ခဲ့၏။

ထိုထောင်စောင့်သည် ကောင်းကင် ကိုးပါးနန်းတော်၏ အထူးချွန်ဆုံးသော တပည့် တစ်ဦးဖြစ်ပြီး သန့်ရှင်းသောသားတော်ရာထူး အတွက် ပြိုင်နိုင်စွမ်းရှိသည်။

သို့သော် လျူချန်ရှန်လက်ချက်ဖြင့် ဝမ်းနည်းဖွယ်သေဆုံးသွားလေရာ ဟုန်ယင် တစ်ယောက် သဘာဝအတိုင်း ဒေါသထွက်လာခြင်းဖြစ်၏။

ဤစကားကိုကြားသောအခါ စုရီသည် ဇာတ်လမ်းတစ်ခုလုံးကို နားလည်သွားခဲ့သည်။ လျူချန်ရှန်သည် ဤကပ်ဘေးကြီးအတွင်းမှ ဒဏ်ရာများဖြင့် လွတ်မြောက်လာခဲ့ကာ ထာဝရညမြို့တော်၌ ခိုလှုံနေခြင်းဖြစ်၏။

ယနေ့တွင် ဟုန်ယင်သည် ညလူထံ လာရောက်ကာ ထာဝရညမြို့မှ လျူချန်ရှန်ကို ပေးအပ်ရန် တောင်းဆိုခဲ့သည်။ သဘာဝအတိုင်း ညလူမှ ငြင်းဆို၏။ သို့သော် ဟုန်ယင်က လက်မလျှော့ခဲ့ချေ။

ညလူကို လျူချန်ရှန် ထာဝရညမြို့ကနေ သုံးရက်အတွင်း မထွက်ခွာသော် ဝင်ရောက်ကာ သတ်ဖြတ်မည်ဟု ပြောကြားလာသည်။

“ ဒီလောက် ရဲရင့်လား။ ”

စုရီမှ ရေရွတ်လိုက်သည်။ ငရဲဘုရင်က ခဏရပ်လိုက်ပြီး ဟုန်ယင်ကို ရည်ညွှန်းနေမှန်း နားလည်လိုက်ကာ၊

“ ဟုန်ယင်က ကောင်းကင်ကိုးပါး နန်းတော်ရဲ့ စတုတ္ထအာဏာပါးကွက်သားပဲ အလယ်အလတ်ရွှမ်ယုအဆင့် ကျင့်ကြံမှု ရှိနေတယ် သူ့ရဲ့ ...

... ကောင်းကင်ဆန္ဒဥပဒေနဲ့ ကျင့်ကြံမှုသာ ပေါင်းစပ်လိုက်ရင် လက်ရှိမရဏကမ္ဘာမှာတော့ သူ့ကိုယှဉ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ဟုတ်ပါတယ် ... ၊ ဒါပေမယ့် တာအိုမိတ်ဆွေ မင်းကတော့ ခြွင်းချက်ပါပဲ။ ”

ကောင်းကင်ဆန္ဒဥပဒေအပေါ် တုန့်ပြန်ထိန်းချုပ်နိုင်သူ တစ်ယောက်သည် ကောင်းကင်ကိုးပါးနန်းတော်၏ အစွမ်းထက် ပုဂ္ဂိုလ်များအားလုံး၏ အားနည်းချက်ကို သိနေခြင်းနှင့်မခြားချေ။

“ မင်းက ကြယ်အရာရှိ မဟုတ်လား မင်းရဲ့ရာထူးနဲ့ ... မင်းရဲ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ။ ”

“ ကြယ်အရာရှိတွေထဲမှာ ... ငါက နောက်ဆုံးအဆင့်ပဲ ... ကျင့်ကြံမှုကတော့ နင့်ရဲ့ အရင်ဘဝထက် နည်းနည်းပဲနိမ့်တယ်။ ”

“ ဒါဆို ... မင်းက ရွှမ်ဟဲဧကရာဇ်ပေါ့ ဘာပဲဖြစ်ဖြစ် အရိုင်းမြေကိုးပါးမှာဆိုရင် မင်းရဲ့ ခွန်အားက ထိပ်ဆုံးမှာရပ်နေနိုင်တယ် ပြီးတော့ မင်းမှာ ကောင်းကင်ဆန္ဒဥပဒေရှိတယ်။ ”

စုရီစကားကြောင့် ငရဲဘုရင်မှ စိတ်ပျက်လက်ပျက် သက်ပြင်းချပြီးနောက်၊

“ ကောင်းကင်ဆန္ဒဥပဒေလား ... အဲဒီတုန်းက ငါဟာမှားယွင်းစွာသေဆုံးခြင်း မြို့မှာ ချုပ်နှောင်ခံရတုန်းမဟုတ်လား။ ”

-ဟု ညည်းတွာလိုက်၏။

စုရီက ပြုံးရယ်လျက်၊

“ ကောင်းကင်ဘုံလွတ်မြောက်သူရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ။ ”

-ဟု အကြောင်းအရာ ပြောင်းလဲလိုက်၏။

သူ့အမြင်အရ ကောင်းကင်ကိုးပါး နန်းတော်၏ ကြယ်အရာရှိ ခုနစ်ယောက်သည် ရွှမ်ဟဲအဆင့်ကို ဖြစ်စေသောကြောင့် ဧကရာဇ် နယ်ပယ်ထက် သာလွန်နေပေမည်။

ဤသည်မှာ သူရှာဖွေနေသော ပြန်လည်ဝင်စားခြင်းခြင်းလမ်း၏ ရည်မှန်းချက် အစစ်အမှန်ပေပင်။

ငရဲဘုရင်မှ ဆွဲဆောင်မှုရှိသော မျက်ဝန်းများမှေးစင်းလျက်၊

“ မင်းသာ ငါနဲ့ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်တွေကို ဆွေးနွေးချင်တယ်ဆိုရင် ကောင်းကင်ကိုးပါးနန်းတော်ရဲ့ ကောင်းကင် လွတ်မြောက်သူအကြောင်း ပြောပြ ပေးနိုင်ပါတယ်။ ”

-ဟု ညှိနှိုင်းမှုပြုလာ၏။

“ ကောင်းပြီ ... ဒီအကြောင်းအရာကို ပြောင်းလိုက်ရအောင် တခြားအကြောင်း ဆက်ပြောပါ။ ”

စုရီစကားကြောင့် ငရဲဘုရင်မှပြုံး၏။

“ ဒီနေ့ မြေအောက်ကမ္ဘာသင်္ချိုင်နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာကိုမေးမြန်းဖို့ ညလူနဲ့ ငါလာတွေ့တာ ဒါပေမယ့် ညလူက ...

... ဟုန်ယင်နဲ့ ငါ့ကို အတူတူပဲလို့ မြင်ပြီးတော့ ငြင်းဆန်လိုက်တယ် ... ဒီအတွက် မင်းငါ့ကို ဉာဏ်အလင်းပေးနိုင်မလားလို့ တွေးမိပါတယ်။ ”

စုရီက ပြုံး၏။

“ ဒါက ဖလှယ်မှုစတင်နေပြီလို့ ဆိုလိုတာလား။ ”

“ မှန်တယ် ... ။ ”

ငရဲဘုရင်မှ ခေါင်းညိတ်ပြလိုက်၏။ စုရီတစ်ယောက် ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူပြီး ငရဲဘုရင်ထံကမ်းပေးသည်။

“ ဒီထဲမှာ မြေအောက်ကမ္ဘာသင်္ချိုင်းကို ဝင်ရောက်ဖို့ နည်းလမ်းနဲ့ ပြင်ဆင်ရမဲ့အချို့အရာ ပါရှိတယ်။ ”

“ တာအိုမိတ်ဆွေ ... ငါနဲ့ညလူကြားက စကားဝိုင်းအကြောင်း မင်းခန့်မှန်းနိုင်တာလား။ ”

“ အဲဒါက ခန့်မှန်းရလွယ်တယ် မဟုတ်လား။ ”

“ တာအိုမိတ်ဆွေ ... မင်းက အရမ်းထက်မြက်လွန်းပါတယ် ငါမင်းအပေါ် ချစ်မိသွားမှာကို တကယ်ပဲ စိုးရိမ်လာပြီ။ ”

“ မင်း စမ်းကြည့်နိုင်ပါတယ်။ ”

စုရီက ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်၏။ တစ်ဖက်တွင် ဤအမျိုးသမီးသည် ကြောက်စရာ ကောင်းမှန်း သိရှိထားသည်။ လက်ရှိခန္ဓာသည် အစစ်အမှန် မဟုတ်သေးသည်မှာ ကံကောင်း၏။

“ အပြန်အလှန်အနေနဲ့ ... အခု မင်းငါ့မေးခွန်းကိုဖြေဖို့ အလှည့်ပဲ။ ”

“ ကောင်းကင်ဘုံ လွတ်မြောက်သူ အကြောင်းမေးချင်နေတာလား။ ”

ငရဲဘုရင်မှ ပြန်မေး၏။ စုရီက ခေါင်းခါပြလိုက်ကာ၊

“ အဲဒီအကြောင်းအရာကို ငါ စိတ်မဝင်စားတော့ဘူး ကောင်းကင်ကိုးပါး နန်းတော်ကို ကာကွယ်ပေးနေတဲ့ ဓားအကြောင်း သိချင်တယ်။ ”

-ဟု ပြန်ဖြေသည်။ ဤတစ်ကြိမ်တွင် ငရဲဘုရင်သည် မျက်ဝန်းများ မှေးစင်းသွားကာ ရုတ်တရက် တိတ်ဆိတ်သွား၏။ ပြီးနောက် စုရီထံ ပြန်ကြည့်ကာ၊

“ အဲဒီဓားရဲ့ မူလကို ကောင်းကင်ကိုးပါး နန်းတော်သခင်ကလွဲလို့ ဘယ်သူမှ မသိနိုင်ဘူး ဂိုဏ်းတစ်ခုလုံးမှာ ခေါင်းဆောင်ကလွဲရင် ဘယ်သူမှ ဒီဓားကို မမြင်ဖူးဘူး။ ”

“ ကောင်းကင်ဘုံ လွတ်မြောက်သူတွေ တောင်မှလား။ ”

စုရီက အံ့အားသင့်သွား၏။

“ ဟုတ်တယ် ... ။ ”

ငရဲဘုရင်မှ ပြတ်ပြတ်သားသား ပြန်ဖြေလေသည်။ စုရီတစ်ယောက် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ ထိုဓားသည် မရိုးရှင်းကြောင်း သူ သိသည်။

“ ဒါဆို မင်းတို့ နန်းတော်သခင်အကြောင်း ပြောပြပေးနိုင်မလား။ ”

ဤတစ်ကြိမ်တွင်လည်း ငရဲဘုရင်၏ မျက်နှာပေါ်တွင်ရှုပ်ထွေးသော အမူအရာတစ်ခု ထွက်ပေါ်လာကာ စိုးရိမ်ပူပန်မှုနှင့် မုန်းတီးမှုများ ပြသလာ၏။ အဆုံး၌ သက်ပြင်းချကာ၊

“ ဂိုဏ်းခေါင်းဆောင်က အရမ်း လျှို့ဝှက်ဆန်းကြယ်တယ် ... လျှို့ဝှက်လွန်းလို့ ကြယ်အရာရှိတစ်ယောက်ဖြစ်တဲ့ ငါတောင်မှ သူ့ရဲ့စစ်မှန်တဲ့မျက်နှာကို မမြင်ဖူးဘူး ...

... ကောင်းကင်ကိုးပါးနန်းတော်မှာ လေ့ကျင့်ခဲ့တဲ့ နှစ်တွေအတွင်း ဂိုဏ်းချုပ်ကို နှစ်ကြိမ်ပဲ တွေ့ဖူးတယ်။ ”

... ပထမအကြိမ်က ... အရင် ပထမကြယ်အရာရှိ သစ္စာဖောက်တဲ့အချိန်ပဲ အဲဒီတုန်းက ဂိုဏ်းချုပ်ကိုယ်တိုင်သွားရောက်ပြီး သုံးရက်အတွင်း ...

... ပထမကြယ်အရာရှိ ဦးခေါင်းနဲ့အတူ နောက်ထပ် ... ပထမကြယ်အရာရှိအသစ်ကို တင်မြှောက်ပေးခဲ့တယ် ...

... ဒုတိယအကြိမ်ကတော့ အသက်လေးနှစ်အရွယ် မိန်းကလေးခေါ်လာပြီး သူ့ရဲ့နောက်ဆုံးတပည့်အဖြစ် ကြေငြာခဲ့တယ် ဒီမိန်းကလေးရဲ့ နောက်ခံကို ဘယ်သူမှ မသိပေမယ့် သူမဟာ ...

... အနာဂတ်ကောင်းတွေ ရှိပြီး ကောင်းကင်ကိုးပါးရဲ့ ဂိုဏ်းခေါင်းဆောင်သစ် ဖြစ်လာနိုင်မယ်ဆိုတာ လူတိုင်းသိတယ် နောက်မကြာမီမှာ တာအိုဘွဲ့အမည်တစ်ခု သူမကိုပေးခဲ့တယ်။ ”

“ ဘာတာအိုဘွဲ့လဲ ... ။ ”

“ ထျန်းချီ ... ။ ”

“ ထျန်းချီ ... ။ ”

ဤသည်မှာ ကောင်းကင်ဆန္ဒဟု အဓိပ္ပါယ်ရ၏။ စုရီတစ်ယောက် အကြည့်များ မှေးစင်းသွားချေပြီ။ ကောင်းကင်ဆန္ဒသည် ကောင်းကင်ကိုးပါးနန်းတော်၏ လျှို့ဝှက်စွမ်းအားဖြစ်၏။

၎င်းတည်နေရာသည် ကောင်းကင်ဆန္ဒနယ်မြေကြီးတွင် ရှိလေသည်။ ထို့ကြောင့် ထျန်းချီဟူသော မိန်းကလေးသည် အနည်းငယ်မရိုးရှင်းနိုင်ချေ။

တစ်နည်းအားဖြင့် ၎င်းနောက်တွင် ကြီးမားသော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ရှိနေရပေမည်။ ထို့နောက်တွင် အခြားသော အကြောင်းအရာအချို့ကို အပြန်အလှန် မေးမြန်းနေခဲ့၏။

ကံမကောင်းစွာဖြင့် ထိုမေးခွန်းများသည် ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်များအပေါ် ရည်ရွယ်သကဲ့သို့ ကောင်းကင်ကိုးပါးနန်းတော် လျှို့ဝှက်ချက်များလည်း ဖြစ်နေသည်။

ယင်းကြောင့် မည်သူမျှ အလွယ်တကူ ထုတ်ဖော်ပြောရန်ဆန္ဒမရှိချေ။ ရလဒ်အနေဖြင့် နှစ်ယောက်စလုံး တိတ်ဆိတ်သွား၏။

စုရီက စိတ်ပျက်မသွားခြင်းမရှိသည်မှာ သဘာဝပေပင်။ လက်ရှိအချိန်တွင်ခွန်အားအရ ကောင်းကင်ကိုးပါးနန်းတော် ကြယ်နယ်မြေမှာ မည်သည့်အရပ်၌ ရှိနေမှန်းပင် မသိသဖြင့် အရာအားလုံးအတွက် အလျင်စလို မရှိချေ။

ငရဲဘုရင်အတွင်မူ သူမစိတ်ထဲ ကသိကအောက် ဖြစ်စေသည်။

“ တာအိုမိတ်ဆွေ ... ၊ မင်းရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် မင်းငါ့ကိုမယှဉ်နိုင်ဘူး ဆိုတာ သေချာပါတယ် ... အခုချိန်မှာညလူက မင်းအတွက် ချက်ချင်းမကူညီနိုင်ဘူး ... ။ ”

... ဒါ့ပြင် ကောင်းကင်ဆန္ဒဥပဒေကို မင်းထိန်းချုပ်နိုင်တယ်ဆိုတာ ငါသိနေတာမို့ အခြားနည်းလမ်းနဲ့ ငါတို့တိုက်ခိုက်မယ်ဆိုရင် အနိုင်ရဖို့အခွင့်အရေး မင်းအတွက် ဘယ်လောက်ရှိမယ်ထင်လဲ။ ”

ပတ်ဝန်းကျင် လေထုတစ်ခုလုံး အနည်းငယ်လေးလံလာ၏။ စုရီမှစဉ်းစားပြီး ပြုံးလိုက်ကာ၊

“ မင်း ... စမ်းကြည့်လိုက်တာ အကောင်းဆုံးပါပဲ ဘာပဲဖြစ်ဖြစ် မင်းက အခု (avatar)တစ်ယောက်မို့ ... နိုင်သည်ဖြစ်စေ ... ရှုံးသည်ဖြစ်စေ မင်းရဲ့စစ်မှန်ခန္ဓာကိုယ်အပေါ် သိပ်သက်ရောက်မှု မရှိပါဘူး။ ”

“ ဒါဆို ... ငါတကယ်ကြိုးစားကြည့်မယ်။ ”

စကားဆုံးသည်နှင့် ညလက်ကိုဆန့်ကာ တံဆိပ်အချို့ရေးဆွဲလိုက်သည်။ လေဟာနယ် အတွင်း အနီရောင်စက်ဝန်းများပေါ်လာ၏။

ဤသည်မှာ မီးတောက်နေသော စက်ဝန်းများပေပင်။ ထိုအချိန်တွင် ကောင်းကင် မြေကြီး သီးခြားဖြစ်ပေါ်လာတော့၏။

အကျိုးဆက်အနေဖြင့် စုရီသည် ကောင်းကင်နှင့်မြေကြီးကြားမှ ကွဲထွက်နေကာ အနီရောင်ကွင်းဆက်များဖြင့် ဖွဲ့စည်းထားသော ကမ္ဘာကြီးအတွင်း ရောက်ရှိသွားလေသည်။ ကြက်သွေးရောင်ဒိုမိန်း ဖြစ်ချေ၏။

ကောင်းကင်ဘုံ အုပ်စိုးရှင်တစ်ပါး၏ စွမ်းအားများအလား နားမလည်နိုင်သောနိယာမ အချို့ ရစ်သိုင်းလာချေပြီ။

****

All Chapters