← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

တုပိုင်တစ်ယောက် အရက်နာကျနေသော​ကြောင့် ခေါင်းမူးနေလေသည်။ သူသည်ဆက်လက်ပြီး အိပ်ချင်နေဆဲဖြစ်သော်လည်း နားမုဒိန်းကျင့်နေသကဲ့သို့ ကျယ်လောင်လွန်းလှသည့် စူးရှသောအသံများကြောင့် ထလာလိုက်၏။

"ဂွေးဖြတ်ရုံနဲ့ ဆင်းရဲမွဲတေနေတဲ့ မိသားစုတစ်စုလုံးချမ်းသာသွားစေရမယ်။ မိန်းမစိုးဂိုဏ်းအကယ်ဒမီကနေ ဘွဲ့ရတာနဲ့ အလုပ်ရမယ်လို့ ၁၀၀ ရာခိုင်နှုန်းအာမခံတယ်​နော်။"

"သက်တောင့်သက်သာရှိတဲ့ အလုပ်ဖြစ်မယ်။ လစာလည်းကောင်းမယ်နော်။"

"အရပ်ဘက်အရာရှိတွေက စာပညာတတ်တယ်။ စစ်ဘက်ပညာရှိတွေက သိုင်းပညာတတ်တယ်။ ငါတို့မိန်းမစိုးတွေကတော့ စာပညာကော သိုင်းပညာကော နှစ်ခုလုံးတတ်တယ်ကွ။"

"ငါတို့မိန်းမစိုးတွေက မဟာနင်မင်းဆက်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ။ ငါတို့မိန်းမစိုးတွေက အရှင်မင်းမြတ်ကို ကာကွယ်​ပေးမဲ့ မဟာတံတိုင်းကြီးပဲ။"

"ဘာတွေတုန်းဟ။" တုပိုင်တစ်ယောက် ဇဝေဇဝါဖြစ်သွားရသည်။ သူက ခေါင်းအတော်ကိုက်နေသောကြောင့် မျက်မှောင်ကြုတ်ထားရသည်။

တုပိုင်သည် ရှန်ဟိုင်းမြို့တော်မှ အပျော်ကောင်လေးဖြစ်ပြီး မနေ့ညက ဧည့်သည်များကို ဧည့်ခံရင်း အသက်ကြီးပြီဆိုသော်ငြား အရည်အသွေးကောင်းနေဆဲဖြစ်သည့် ဥက္ကထမမတစ်ယောက်ကိုအခန်းထဲသို့ ခေါ်သွားခဲ့သည်။

ဥက္ကထမမလေးနှင့် ဘာညာကိစ္စများပြီးနောက်တွင် အရက်ရှိန်ဖြင့် ခွေးသေကြီးတစ်ကောင်လိုကို အိပ်ကောင်းနေခဲ့သည်။

ယခုအခါ သူပြန်နိုးလာသည့်အချိန်တွင်တော့ အရာအားလုံးက ထူးဆန်းနေ၏။ သူရှိနေသည့်နေရာမှာ အကျဥ်းထောင်ကဲ့သို့နေရာဖြစ်နေပြီး စားပွဲနှင့် ဆီမီးခွက်တို့သည် ရှေးခေတ်က အသုံးအဆောင်အသွင်ရှိနေသလို အပြင်ဘက်ရှိ အစောင့်များအားလုံးသည် ရှေးခေတ်အဝတ်အစားများကို ဝတ်ဆင်ထားလျက်ရှိနေသည်။

အဓိကအချက်မှာတော့ သူဝတ်ထားသည့် အင်္ကျီတွင် အကျဥ်းသားဟူ၍ ရေးသားထားခြင်းပင်ဖြစ်သည်။ အပြင်ဘက်မှ စူးရှရှအသံများကလည်း ထူးဆန်းနေ၏။

မဟာနင်မင်းဆက်ဆိုသည်မှာ မည်သည်နည်း။ မိန်းမစိုးဂိုဏ်းအကယ်ဒမီဆိုသည်ကကော မည်သည်နည်း။ အဘယ်ကြောင့် မိန်းမစိုးများက မဟာနင်မင်းဆက်၏ နောက်ဆုံး​မျှော်လင့်ချက်ဖြစ်သည်ဟူ၍ အော်ဟစ်ကြွေးကြော်ရနေသနည်း။

သမိုင်းကိုပြန်ကြည့်ရလျှင် ဝေကျုံးရှန် အာဏာရစဉ်ကပင် မိန်းမစိုးများ ဤမျှ မောက်မာဝင့်ကြွားကာ အကယ်ဒမီကျောင်းများ ဖွင့်လှစ်သည်အထိ မရှိခဲ့ဖူးပေ။

"ငါ အချိန်ခရီးသွားပြီး အတိတ်ကို ရောက်လာတာများလား။"

မဖြစ်နိုင်ပေ။ အချိန်ခရီးသွားခြင်းဆိုသည်မှာ ဝတ္ထုများထဲတွင်သာ ရှိတတ်ပြီး သူ့လိုလူမျိုး၌ ဖြစ်လာစရာအကြောင်း မရှိချေ။ သို့မဟုတ် တစ်စုံတစ်ယောက်က နောက်ပြောင်နေခြင်းလော။ သူ ရုပ်ရှင်ရိုက်ကွင်းသို့ ရောက်နေခြင်းလော။

သို့မဟုတ် ဥက္ကထမမ၏ ​ယောင်္ကျားရောက်လာပြီး မိမိအား ဖမ်းဆီးကာ ရှေးခေတ်ပုံစံ အကျဉ်းထောင်ထဲထည့်၍ နှိပ်စက်ကစားနေခြင်းလောဟု တွေးမိပြန်ရာ တုပိုင်တစ်ယောက် ကျောချမ်းသွားခဲ့ရသည်။

တုပိုင်သည် အပျော်ကောင်လေးဖြစ်သည်နှင့်အညီ သူဌေးမကြီးတွေ၏ စကားဝိုင်းအကြောင်းကို ကြားရပြီး သာမန်သူများမသိသည့် အရာများစွာအား သိထားသူတစ်ယောက်ဖြစ်သည်။

အကယ်၍သာ သူထိုသူဌေးကြီးများ၏ လက်ထဲတွင် အမှန်တကယ် ဖမ်းဆီးခံထားရခြင်းဖြစ်ပါက နောက်ပိုင်းကြုံတွေ့လာရမည့် ရက်များသည် သေတာထက်ပင် ပိုမိုဆိုးရွားသော ငရဲခန်းဖြစ်လာပေလိမ့်မည်။

တုပိုင်က မတည်ငြိမ်နိုင်တော့ပဲ သံတိုင်တွေနားသို့ အမြန်ပြေးကပ်လိုက်ကာ အစောင့်အား မျက်နှာချိုသွေးသည့် လေသံဖြင့် ခပ်မြန်မြန်ပြောလိုက်သည်။

"အစ်ကိုကြီး။ အစ်ကိုကြီး။ ခင်ဗျားတို့ သူဌေးကို ပြောပေးပါဗျာ။ ကျွန်တော် မနေ့ညက အရမ်းမူးသွားလို့ ဘာမှမသိလိုက်ပါဘူး။ ကျွန်တော်နဲ့ သူ့မိန်းမ ဥက္ကထနင်တို့ကြားမှာ ဘာမှမဖြစ်ခဲ့ပါဘူးဗျာ။"

အစောင့်က လှည့်ကြည့်ပြီး စူးစူးဝါးဝါးအော်ပြောလိုက်သည်။ "သေခါနီးနေတာတောင် ပေါက်ကရတွေ ပြောနေတုန်း။ မင်းကတော့ ကယ်မရတော့ဘူး။"

​တုပိုင်က တောင်းပန်လိုက်သည်။ "ကျေးဇူးပြုပြီး ခင်ဗျားသူဌေးကို ပြောပေးပါဗျာ။ ကျွန်တော့်ကို လာတွေ့ခိုင်းပေးပါ။ ကျွန်တော် အကုန်ရှင်းပြပါ့မယ်။ ပြီးတော့ ကျွန်တော် အပြင်ရောက်ရင် ခင်ဗျားကို ကျေးဇူးဆပ်ပါ့မယ်ဗျာ။"

​"ပြန်ဝင်စမ်း။" အစောင့်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လေထဲသို့ လက်ဝါးရိုက်ချက်တစ်ခု ထုတ်ဖော်လိုက်သည်။

​"ဘုန်းး။"

တုပိုင်မှာ ချက်ချင်းပင် နှစ်မီတာ၊ သုံးမီတာလောက် လွင့်ထွက်သွားတော့သည်။ သူ့ကျောပြင်က အကျဉ်းထောင်နံရံနှင့် အရှိန်ပြင်းစွာ ရိုက်မိသွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကာ မျက်လုံးထဲတွင် ကြယ်တွေလတွေမြင်သွားပြီး ချက်ချင်းပင် သတိလစ်သွားလေတော့သည်။

သတိမလစ်ခင်မှာ တုပိုင်တစ်ယောက် အချက်တစ်ချက်ကို နားလည်လိုက်သည်။ သူအမှန်တကယ် ဝိညာဉ်တကယ်ကြီး ကူးပြောင်းလာ၏။ အဘယ်ကြောင့် ထိုသို့ပြောရသနည်းဆိုသော် ကမ္ဘာမြေပေါ်တွင် ဤမျှလောက်အစွမ်းထက်သည့် သိုင်းပညာမရှိသောကြောင့်ပင်ဖြစ်သည်။

​သူပြန်နိုးလာသည့်အချိန်တွင် မိုးချုပ်နေပြီဖြစ်ပြီး အပြင်ဘက်မှ ကြွေးကြော်သံများကို ကြားနေရပြန်သည်။

​"ဒီနေ့ ငါက မိန်းမစိုးဂိုဏ်းအတွက် ဂုဏ်ယူတယ်။ မနက်ဖြန် မိန်းမစိုးဂိုဏ်းက ငါ့အတွက် ဂုဏ်ယူရမယ်။"

​"ငါတို့မှာ အိမ်တစ်လုံးပဲ ရှိတယ်။ အဲ့ဒါက နန်းတော်ပဲ။ ငါတို့မှာ ကောင်းကင်တစ်ခုပဲ ရှိတယ်။ အဲ့ဒါက အရှင်မင်းမြတ်ပဲ။"

​"ငါတို့ရဲ့ နောက်ဆုံးထွက်သက်အထိ အရှင်မင်းမြတ်အပေါ် သစ္စာစောင့်သိပြီး ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် ပေးဆပ်သွားမယ်။"

'လခွမ်းတဲ့မှ ငါတကယ် အတိတ်ကိုပြန်ရောက်လာတာလား။'

အရိုက်ခံလိုက်ရသော်လည်း တုပိုင်တစ်ယောက် ယုတ္တိမရှိဟု ခံစားနေရဆဲပင်။ သို့သော် ၁၀ နာရီကျော်ကြာ သတိလစ်နေစဉ်အတွင်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ငြိမ်လာခဲ့ပြီးဖြစ်သဖြင့် အမှန်တရားကို လက်ခံလိုက်ရတော့သည်။

​ထို့အပြင် ကမ္ဘာမြေပေါ်တွင် မည်သည့်သံယောဇဉ်မှ မရှိသည့် တုပိုင်အတွက် ဒီလိုရောက်လာတာက မကောင်းတဲ့ကိစ္စတော့ မဟုတ်ပေ။

​တုပိုင်သည် မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာပြီး မိဘဘယ်သူမှန်းမသိခဲ့ပေ။

​သူသည် ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး စာတော်ပေမဲ့ စိတ်အပြောင်းအလဲမြန်သည်။ ငယ်စဉ်က သိပ္ပံပညာကို နှစ်သက်ခဲ့ပြီး အလယ်တန်းတွင် စာပေကို နှစ်သက်ခဲ့သော်လည်း ကြီးပြင်းလာသောအခါ ဒဿနိကဗေဒကို စိတ်ဝင်စားလာသဖြင့် နောက်ဆုံးတွင် နာမည်ကြီးတက္ကသိုလ်တစ်ခု၌ ဒဿနိကဗေဒကို ရွေးချယ်သင်ယူခဲ့သည်။

ဒဿနိကဗေဒဌာနမှ ဘွဲ့ရသည့်သူများသည် များသောအားဖြင့် အလုပ်လက်မဲ့ဖြစ်တတ်သော်လည်း သူသည်တော့ ကံကောင်းပြီး တက္ကသိုလ်မှာ ရာထူးတစ်ခု ရခဲ့သည်။

တုပိုင် မဟာဘွဲ့ရပြီးနောက် တက္ကသိုလ်ဆရာဖြစ်လာပြီး ပါရဂူဘွဲ့ဆက်တက်ဖို့ အစီအစဉ်ရှိခဲ့သည်။ နောက်ဆယ်နှစ်အတွင်း ဒဿနိကဗေဒဌာန၏ ပါမောက္ခဖြစ်လာဖို့အထိပင် တုပိုင်မျှော်မှန်းထားခဲ့သည်။

​သူ့ချစ်သူက ဒဿနိကဗေဒဌာနမှူး၏ သမီးဖြစ်ပြီး တက္ကသိုလ်တစ်ခုတည်းမှ ဂီတဆရာမလည်း ဖြစ်သည်။

တုပိုင်သာ ပေါက်က​ရတွေ မလုပ်လျှင် သူ၏ဘဝက အလွန်ကောင်းမွန်လိမ့်မည်ဖြစ်၏။ တုပိုင်က ရုပ်ရည်ချောမောသော်လည်း ရင့်ကျက်ခြင်းမရှိပဲ စိတ်အပြောင်းအလဲမြန်သူဖြစ်သည်။

သူ့၏ ဉာဏ်များပြီး အပြစ်ကင်းစင်သယောင်ရှိသော မျက်လုံးများက မိန်းကလေးများကို ဆွဲဆောင်နိုင်သည်။ ထို့အပြင် သူက မတူညီသော မိန်းကလေးများကို အလွယ်တကူ စိတ်ဝင်စားတတ်ပြီး အသစ်အဆန်းကို အမြဲရှာဖွေတတ်သည်။

​သူ့ချစ်သူက အရမ်းကောင်းမွန်သည်။ လှပပြီး အရည်အချင်းရှိသည်။ သို့သော် မင်္ဂလာဆောင်ရန် နှစ်လအလိုတွင် တုပိုင်သည် အသစ်အဆန်း၏ ဆွဲဆောင်မှုကို အရှုံးပေးလိုက်ပြီး ဘားတစ်ခုမှ အပျော်မယ်မလေးနှင့် ဖောက်ပြန်ခဲ့သည်။

​သူ့ချစ်သူက စိတ်အားငယ်တတ်သူဖြစ်ပြီး တုပိုင်ဖောက်ပြန်သည့်အခါမှာတော့ သူမသည် ကောင်းကင်ကြီးပြိုကျသလို ခံစားရပြီး အိပ်ဆေးတွေ အများကြီးသောက်ကာ သတ်သေဖို့ ကြိုးစားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် မိနစ်အနည်းငယ်အကြာတွင် ဆေးရုံသို့ အချိန်မီပို့ဆောင်နိုင်ခဲ့ပြီး အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့သည်။

လမ်းခွဲပြီးနောက် တုပိုင်သည် တက္ကသိုလ်မှ အလုပ်ထွက်လိုက်ပြီး သူ့ကိုယ်သူ လုံးဝ လွှတ်ပေးလိုက်တော့သည်။

ဒဿနိကဗေဒမေဂျာများသည် အလုပ်ရရန် မလွယ်ကူသော်လည်း သူက ချောမောသည်။ ဗဟုသုတကြွယ်ဝသည်။ ပညာရှင်များနှင့် အဆင့်မြင့်မြင့် ဆွေးနွေးနိုင်သလို လမ်းသရဲမလေးများနှင့်လည်း အရက်သောက်ပြီး ကျီစယ်တတ်သည်။

သူက ပညာရှင်နှင့်တူသော်လည်း တကယ်တမ်းတွင် လူမိုက်တစ်ယောက်ဖြစ်ပြီး လူမိုက်နှင့်တူသော်လည်း တကယ်တမ်းတွင် ပညာရှင်တစ်ယောက်ဖြစ်သည်။

​ထိုကဲ့သို့သော အရည်အချင်းများကို အလဟဿမဖြစ်စေဘဲ အထူးသဖြင့် သူ့ကဲ့သို့ ချောမောသူအတွက် တုပိုင်သည် ကော်ပိုရေးရှင်းကြီးတစ်ခု၏ ထိပ်တန်း ပြည်သူ့ဆက်ဆံရေးအရာရှိ ဖြစ်လာခဲ့ပြီး အောင်မြင်မှုများစွာရရှိကာ ကော်မရှင်ခတွေ အများကြီး ရရှိခဲ့သည်။

​နောက်ပိုင်းနှစ်တွေမှာ ရှန်ဟိုင်းမှာ အိမ်ကြီးတစ်လုံးနဲ့ ပေါရှေးကားတစ်စီး ဝယ်နိုင်ခဲ့ပြီး နေ့တိုင်း အာဏာရှိသူတွေနှင့် အလှပဂေးတွေများဖြင့် အချိန်ဖြုန်းခဲ့သည်။

သူသည် အလွန်ကောင်းမွန်သည့် ဇိမ်ခံဘဝကို ဖြတ်သန်းခဲ့ပြီး မနက်တိုင်း မျက်လုံးဖွင့်လိုက်တာနဲ့ ပထမဆုံးတွေးမိသည်မှာ ငါ့ဘေးနားက ဒီမိန်းမက ဘယ်သူပါလိမ့် ဆိုတာပင်။

တုပိုင်၏ဘဝသည် အောင်မြင်နေပုံရသော်လည်းပဲ သူမပျော်ရွင်ချေ။ သူ၏ဘဝသည် အထီးကျန်၏။ ဟာတာတာဖြင့် ခံစားရခက်သည်။

ထို့အတွက်ကြောင့် တုပိုင်သည် ဤကမ္ဘာသို့ရောက်လာသော်လည်း ဝမ်းနည်းခြင်းမရှိပေ။ ထိုအစား ပျော်ရွင်နေပြီး အနည်းငယ်ပင် စိတ်လှုပ်ရှားနေမိသည်။

"ကမ္ဘာပြောင်းလာတာလဲ မဆိုးပါဘူး။ ဘာပဲဖြစ်ဖြစ် အရင်ကမ္ဘာမှာလည်း ဘာရည်ရွယ်ချက်မှ မရှိပဲ လျောက်လုပ်နေတာပဲကို။"

တုပိုင်တစ်ယောက် လက်ရှိအခြေအနေကို လက်ခံရန် ကြိုးစားနေစဥ်မှာပင် အတွေးတစ်ခုကြောင့် မျက်လုံးပြူးသွားရသည်။

ဤနေရာက မိန်းမစိုးအကယ်ဒမီဖြစ်သည်ဆိုလျှင် ဤနေရာရှိ သူတွေအကုန်လုံးက မိန်းမစိုးများဖြစ်သည် မဟုတ်လော။

ထိုအ​တွေးကြောင့် တုပိုင်တစ်ယောက် ကျောချမ်းသွားကာ လက်တွေ တစ်ဆက်ဆက်တုန်ယင်သွားမိသည်။

​သူ အလျင်အမြန်ပင် ပေါင်ကြားထဲသို့ လက်နှိုက်စမ်းသပ်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။

​"တော်ပါသေးရဲ့။ တော်ပါသေးရဲ့။ ငါ့ပစ္စည်းလေး ရှိနေသေးတာပဲ။"

​သို့သော် ချက်ချင်းပင် တုပိုင်၏ ကျောပြင်တွင် ချွေးစေးများ ထွက်လာပြီး ယောင်ယမ်းကာ အော်ဟစ်လိုက်မိတော့သည်။

သူ၏ရွှေဂျိုးလေးကရှိသေးသော်လည်းပဲ သူ၏ ဥနှစ်လုံးကတော့ မရှိတော့ပေ။ သင်းကွပ်သည်ဆိုသည်မှာ ရွှေဂျိုးလေးကိုဖြတ်တောက်ခြင်းမဟုတ်ပဲ ဥနှစ်လုံးကိုသာ ထုတ်ပြစ်ခြင်းဖြစ်လေသည်။

ရွှေဂျိုးလေးကိုဖြတ်တောက်လိုက်လျှင် မည်ကဲ့သို့ သေးပေါက်မည်နည်း။

"အို ဘုရားသခင်။ ဘုရားသိပ်ကိုရက်စက်လွန်းတယ်။ ကျုပ်ကို အတိတ်ပြန်ပို့ရ​င်တောင် အနည်းဆုံးတော့ ဘုရင့်ရဲ့ခန္ဓာကိုယ်ထဲကို ဒါမှမဟုတ် စစ်သူကြီးလောက်တော့ ထည့်ပေးသင့်တယ်မလား။"

"လူငယ်တွေကို အထင်မသေးနဲ့။ ကံတရားဆိုတာ အလှည့်အပြောင်းရှိတယ်ကွလို့အော်ပြီး သခင်လေးတွေကိုပါးလိုက်ရိုက်ရရင်လည်း ဘယ်လောက်တောင် စိတ်ကျေနပ်ဖို့ကောင်းလိုက်မလဲ။"

"အခုတော့ ကျုပ်ကို ဥမရှိတဲ့ မိန်းမစိုးကိုယ်ထဲကို ထည့်ပေးလိုက်တယ်ပေါ့။ ဒါဘာသဘောလဲ။ မျှော်လင့်ချက်ရောရှိသေးရဲ့လား။ အနာဂါတ်ကောရှိ​သေးရဲ့လား။"

တုပိုင်၏အသံများကြောင့် အပြင်ဘက်မှ အစောင့်က စူးစူးဝါးဝါး အော်ပြောလိုက်သည်။

​"ဘာတွေ ဆူညံနေတာလဲ။ ပါးစပ်ပိတ်ထားစမ်း။ မင်းက မနက်ဖြန် သွားရတော့မှာဆိုတော့ ဒီတစ်ညတော့ ငြိမ်ငြိမ်သက်သက် နေစမ်းပါ။ တကယ်လို့ မနေနိုင်ဘူးဆိုရင်လည်း မိန်းမစိုးဂိုဏ်းကို အရှက်မခွဲရအောင် ကိုယ့်ဘာသာ အဆုံးစီရင်လိုက်တော့။"

​ထိုအချိန်မှသာ အစောင့်၏ အသံသည်လည်း စူးရှရှဖြစ်နေကြောင်း တုပိုင် သတိထားမိလိုက်သည်။

အစောင့်သည်လည်း သူ့ကဲသို့ဥဖြုတ်ထားသည့် မိန်းမစိုးဖြစ်ကြောင်းသိသာသည်။

​"ဘုရားသခင်။ ကျွန်တော်က မိန်းမတွေအများကြီးနဲ့ အိပ်ခဲ့လို့ အခုလို မိန်းမစိုးဖြစ်အောင် လုပ်ပြီး ဒဏ်ခတ်လိုက်တာလား။ ခင်ဗျား တော်တော်ရက်စက်တာပဲ။" တုပိုင် ဆွံ့အသွားပြီး နှလုံးကွဲကြေမတတ် ဖြစ်သွားရသည်။

မနက်တိုင်းမတူညီသည့် မိန်းမတွေနှင့် ထလာရသည်မှာ ဟာတာတာဖြစ်သော်လည်းပဲ ထိုသည်က ဟန်ဆောင်ပြီး ဟာတာတာဖြစ်နေခြင်းဖြစ်၏။ တုပိုင်သည် အမှန်တကယ်တွင်တော့ ရင်ထဲတွင် ကျေနပ်နေခဲ့လေသည်။

"မိန်းမမရှိဘဲ ငါဘယ်လိုအသက်ရှင်ရမလဲ။"

​သို့သော် တုပိုင်သည် သူ့မှာ ဖြတ်တောက်ထားသော ဒဏ်ရာမရှိသည်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားသည်။ သူ့ဝှေးစေ့အိတ်က ဟာလာဟင်းလင်းဖြစ်နေပြီး ဝှေးစေ့မရှိပေ။

ဤအခြေအနေက ဝှေးစေ့မပါလာသည့်မွေးရာပါရောဂါဖြစ်သည်။ ဤခန္ဓာကိုယ်ပိုင်ရှင်သည် ဝှေးစေ့မရှိတာမဟုတ်ဘဲ မိခင်ဝမ်းဗိုက်ထဲကနေ မပါလာခြင်းဖြစ်သည်။

'ဒီကမ္ဘာမှာ ဆေးပညာမတိုးတက်သေးလို့ မွေးရာပါ မိန်းမစိုးလို့ ထင်ပြီး မိန်းမစိုးအကယ်ဒမီထဲ ခေါ်သွင်းလိုက်တာ ဖြစ်မယ်။' တုပိုင်က တစ်ချက်တွေးလိုက်သည်။

ရုတ်တရက် တုပိုင်တစ်ယောက် မျှော်လင့်ချက်တွေ ပြည့်လာပြန်သည်။

​အနာဂတ်က မသေချာသေးပေမဲ့ ပုံမှန်ယောက်ျားတစ်ယောက် ပြန်ဖြစ်လာဖို့ ၁၀ ပုံ ၁ ပုံလောက် မျှော်လင့်ချက်ရှိရင်တောင် ကြိုးစားရကျိုးနပ်သေးတယ် မဟုတ်လား။

​အလွန်အမင်း ဝမ်းသာမှုနှင့် ဝမ်းနည်းမှုတို့ ရောထွေးသွားပြီး တုပိုင်တစ်ကိုယ်လုံး ချွေးရွှဲသွားသည်။ သူ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ငါ အရှုံးပေးလို့မဖြစ်ဘူး။ ငါ့မှာ အနာဂတ်ရှိသေးတယ်။"

​ထိုအချိန်တွင် အပြင်ဘက်မှ အကျဉ်းထောင်အစောင့်က အေးစက်စက်ပြောလိုက်သည်။ "မဟုတ်ဘူး။ မင်းမှာ အနာဂတ်မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ မင်း မနက်ဖြန် သေရတော့မှာမို့လို့ပဲ။"

​တုပိုင်က ထိတ်လန့်တကြား မေးလိုက်သည်။ "ဘာ။ ဘာဖြစ်သွားတာလဲ။ ဘာလို့ ကျွန်တော့်ကို ထောင်ထဲထည့်ထားတာလဲ။ ဘာလို့ မနက်ဖြန် သေရမှာလဲ။"

​အစောင့်က ပြောသည်။ "တုပိုင်။ မင်းဘာလုပ်ခဲ့လဲ မင်းမသိဘူးလား။ မသိချင်ယောင်ဆောင်နေလို့ အလကားပဲ။ မင်း မနက်ဖြန် သေရတော့မယ်။ ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး။"

​သူကူးပြောင်းရောက်ရှိလာသည့် ခန္ဓာကိုယ်ပိုင်ရှင်၏ နာမည်ကလည်း တုပိုင်ပင် ဖြစ်သည်။

ထို့နောက် အစောင့်က လှောင်ပြောင်လိုက်သည်။ "ဒါပေမဲ့ တုပိုင်။ မင်းကတော့ တကယ့်ကောင်ပဲ။ မင်းက မိန်းမစိုးဖြစ်နေတာတောင် အိမ်ကောင်းယာကောင်းက မိန်းကလေးကို မတော်မတရားလုပ်ဖို့ ကြိုးစားခဲ့သေးတယ်။ အဲ့ဒါကလည်း ရိုးရိုးမိန်းကလေးမဟုတ်ပဲ ချွေ့မိသားစုက သမီးတဲ့ကွာ။ မင်းသေသင့်တာပေါ့။"

'အိမ်ကောင်းယာကောင်းက မိန်းကလေးကို မတော်မတရားလုပ်ဖို့ ကြိုးစားတယ်တဲ့လား။'

'​ဒီကမ္ဘာက တုပိုင်က တော်တော်စွမ်းပါလား။ မိန်းမစိုးဖြစ်တာတောင် ဒီလိုကိစ္စမျိုး လုပ်ရဲသေးတယ်။ ခန္ဓာကိုယ်မသန်စွမ်းပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်သန်မာတာပဲ။'

​'ဒါပေမဲ့ မင်းရဲ့ စွမ်းရည်က တော်တော်ညံ့တာပဲ။ အလှပဂေးကို ဆွဲဆောင်ဖို့ မအောင်မြင်ရုံသာမက အကျဉ်းထောင်ထဲရောက်ပြီး မနက်ဖြန် အသတ်ခံရတော့မယ်။ မင်း ငါ့ဘဝကို ဖျက်စီးလိုက်တာပဲ။'

'​မိန်းမစိုးဖြစ်တာကိုက တော်တော်ဆိုးနေပြီ။ အခု မနက်ဖြန် အသတ်ခံရမယ်ဆိုတော့ ဒီကမ္ဘာမှာ နေရတာ နှစ်ရက်တောင် မပြည့်သေးဘူးလေ။ ဒီလောက်ဆိုးရွားတာမျိုး ရှိသေးလား။ မိအေးနှစ်ခါနာဖြစ်နေပြီ လီးတဲ့မှ။'

​တုပိုင်သည် ဖြစ်ပျက်သွားသည်များကို ပြန်လည်မှတ်မိလာအောင် အပြင်းအထန် ပြန်စဉ်းစားကြည့်လိုက်သည်။

​ထိုအခါ ရုတ်တရက် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်အများအပြား ဝင်ရောက်လာသည်။

​ထိုမှတ်ဉာဏ်တွေကို ဖတ်ပြီးနောက် တုပိုင်၏ခေါင်းထဲတွင် စကားလုံးတစ်လုံးတည်းသာ ရှိတော့သည်။

'​ဒါ အထင်လွဲခံရတာပဲ။'

အပိုင်း (၁) ပြီး၏။

All Chapters