အခန်း (၂၂)
Vol. 3 Ch. 22
ထို့နောက် တုပိုင်သည် ၁၂၀ ကျင်းလေးသော ကျောက်တုံးကို တန်းရွေးလိုက်သည်။ အနည်းငယ် အားစိုက်လိုက်ရသော်လည်း အခက်အခဲမရှိ မတင်နိုင်ခဲ့ပြီး တစ်ကိုယ်လုံးလည်း တည်ငြိမ်နေသည်။
နောက်တစ်ဆင့်တွင် သူသည် ၁၃၀ ကျင်းကို မယူလိုက်ရာ ထပ်မံအောင်မြင်ခဲ့သော်လည်း နည်းနည်းတော့ ခက်ခဲလာပြီဖြစ်သည်။ ၁၃၅ ကျင်းကို ဆက်မကြည့်ရာ အောင်မြင်ခဲ့သော်လည်း ဤတစ်ခါတော့ အတော်လေး ခက်ခဲသွားပြီး တစ်ကိုယ်လုံး ယိမ်းထိုးသွားသည်။
ယခုအချိန်တွင် တုပိုင်၏ အမြင့်ဆုံး ပခုံးအလေးမနည်းစနစ်ဖြင့် မနိုင်သည့် ပမာဏမှာ ၁၃၅ ကျင်း ဖြစ်ပြီး မနေ့ကထက် ၅၅ ကျင်း တိုးလာသည်။
တုပိုင်တစ်ယောက် သူ့လက်သူ မယုံနိုင်စွာ ငေးကြည့်နေမိပြန်သည်။ ဤအိပ်မက်စနစ်က တကယ်ကို ကြောက်စရာကောင်းလွန်းသည်။
ပထမနေ့ အိပ်မက်စမ်းသပ်မှုမှာ သူ့ခွန်အား ၄၀ ကျင်း တိုးခဲ့ပြီး ပထမဆုံးအကြိမ်ဖြစ်သည်မို့ အများကြီးတိုးးခဲ့သည်ဟု သူထင်ခဲ့မိသည်။ ဒုတိယနေ့ အိပ်မက်စမ်းသပ်မှုမှာ ၅၅ ကျင်းအထိ တိုးလာလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့မိပေ။ ပထမနေ့ထက်ပင် ပိုများနေသေးသည်။
ပိုင်ချွမ်းနှင့် လောင်းကြေးထပ်ထားသည့် ရက်ပြည့်ရန် ၁၃ ရက်သာ လိုတော့သည်။ ရည်မှန်းချက်ဖြစ်သည့် ၁၉၀ ကျင်း ကို မနိုင်ရန်မှာ ယခုလက်ရှိအခြေအနေအရဆိုလျှင် ထမင်းစားရေသောက်လောက်သာ ရှိတော့သည်။
“ဟားဟားဟားးးး။” တုပိုင် စိတ်ထဲတွင် အရူးတစ်ယောက်လို အော်ဟစ်ရယ်မောလိုက်မိသည်။ အတိုင်းအဆမဲ့ ပျော်ရွှင်မှုများဖြင့် ရယ်မောနေခြင်းဖြစ်သည်။
အိမ်မက်စနစ်က သူ့အား အမှန်တကယ်ပင် စိတ်မပျက်စေခဲ့ချေ။ တုပိုင်၏ ရည်မှန်းချက်မှာ ၁၉၀ ကျင်း ပြည့်မီရုံ သက်သက်မဟုတ်တော့ပေ။
သူ့ထံတွင် ၁၃ ရက် ကျန်သေးသည်။ ရက်တစ်ရက်မှ အလဟဿ အဖြစ်ခံမည် မဟုတ်။ သူ့ခွန်အားကို အကန့်အသတ်အထိ ရောက်အောင် တွန်းပို့ပစ်ရမည်။
ထို့အပြင် ပိုင်ချွမ်းကို တုန်လှုပ်သွားစေပြီး လီဝမ်ဟွေ့ကို ပါးစပ်အဟောင်းသား ဖြစ်သွားအောင် လုပ်ပြရမည်။
“ပိုင်ချွမ်း...။ မနာလိုဝန်တိုတတ်တဲ့ သစ္စာဖောက်ကောင်ခွားမသေး။ မင်းရာထူးပြုတ်ပြီး အောက်ခြေသိမ်း မိန်းမစိုးအဖြစ် လျှောကျသွားမယ့်အချိန်ကိုသာ စောင့်နေလိုက်တော့။” တုပိုင် ထိုအချိန်ရောက်လာမည်ကို မျှော်လင့်နေမိသည်။
**--**--**--**--**--**--**--**
သုံးရက်ကြာပြီးနောက်။
တုပိုင်ဆီ ထမင်းပို့နေကျ မိန်းမစိုးသည် ပိုင်ချွမ်း၏ ရှေ့သို့ ရောက်လာသည်။
“စိတ်မပူပါနဲ့ ဆရာပိုင်။ အဲ့ဒီ အသုံးမကျတဲ့ကောင် တုပိုင်က သေချာပေါက် သွားပါပြီ။” ထမင်းချက်မိန်းမစိုးက အထင်သေးစွာ ပြောလိုက်သည်။ “ကျွန်တော် ထမင်းသွားပို့တိုင်း သူက အိပ်ရာထဲမှာ အကြောသေနေသလို လဲနေတာချည်းပဲ။ နောက်ထပ် ၁၀ ရက်၊ လဝက်လောက်တော့ သူ ထနိုင်မှာ မဟုတ်ဘူး။”
ပိုင်ချွမ်းက ဘာမှပြန်မပြောဘဲ ငွေစတစ်စကို ထုတ်ယူကာ ပစ်ပေးလိုက်သည်။ ဆုချတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာပိုင်။” ထမင်းချက်မိန်းမစိုးက ဦးညွှတ်အရိုအသေပေးပြီး ထွက်သွားလေသည်။
“ဉာဏ်ကြီးရှင် ဟုတ်လား။ ဘာ သောက်ရေးမပါတဲ့ ဉာဏ်ကြီးရှင်လဲ။ အမှိုက်က အမှိုက်ပါပဲကွာ။ ဘာကောင်မှ ဖြစ်လာမှာ မဟုတ်ဘူး။” ပိုင်ချွမ်းက အေးစက်သောအသံဖြင့် ရေရွတ်လိုက်သည်။
သူ ဤလောင်းကြေးကို နိုင်မည်မှာ သေချာသွားပြီဖြစ်သဖြင့် သူ့စိတ်က နောက်ဆုံးတော့ အေးချမ်းသွားလေ၏။
ယခုကစပြီး တုပိုင် ကြိမ်ဒဏ် ၂၀ အရိုက်ခံရမည့် ကိစ္စကို နည်းနည်းလောက် ပြုပြင်ဖို့ လိုကောင်းလိုပေလိမ့်မည်။ သူ့ကို မသေစေချင်သော်လည်း ဒုက္ခိတဖြစ်သွားအောင် လုပ်ဖို့တော့ ဖြစ်နိုင်သည်။
ထို့နောက် ပိုင်ချွမ်းသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် စာသင်ခန်းသို့ ထွက်လာခဲ့သည်။ ထူးဆန်းသည်မှာ သူ့ရင်ထဲမှ မဲမှောင်ဖိစီးနေသော ခံစားချက်များ ချက်ချင်း ပျောက်ကွယ်သွားခြင်းပင်။ တုပိုင်က ဉာဏ်ကြီးရှင် မဟုတ်ဘူးဆိုသည့် အချက်က ပိုင်ချွမ်းကို အလွန်ကျေနပ်စေသည်။
“ဒီလောကကြီးမှာ ဉာဏ်ကြီးရှင်တွေ ဘယ်လောက်များများ ရှိနိုင်မှာမို့လို့လဲ။ အကုန်လုံးက သာမန်ကောင်တွေချည်းပါပဲ။ ငါ့လို ထူးချွန်တဲ့သူတောင် ရှားမှရှားလေ။” ပိုင်ချွမ်း ဆုံးဖြတ်ချက်ချလိုက်ပြီး ခေါင်းခါလိုက်သည်။ “တုပိုင်ကိစ္စ ဘေးဖယ်ထားလိုက်စမ်းပါ။ အဲ့လို အညတရကောင်ကို အာရုံစိုက်နေစရာ မလိုပါဘူး။”
ပိုင်ချွမ်း လမ်းလျှောက်လာသည်ကို လီဝေ မြင်သောအခါ ချက်ချင်းပင် လမ်းကြောင်းပြောင်းပြီး တခြားလမ်းဘက်သို့ လှည့်ထွက်သွားသည်။
ပိုင်ချွမ်းက ခြေလှမ်းကို အရှိန်မြှင့်ပြီး လီဝေကို မီအောင် လိုက်သွားကာ ပြောလိုက်သည်။ “ဘာလဲ နည်းပြလီက ကျွန်တော့်ကို အဲ့လောက်တောင် မတွေ့ချင်တော့တာလား။”
လီဝေက ပိုင်ချွမ်းကို အေးစက်စွာ စိုက်ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။
ပိုင်ချွမ်းက ဟန်ဆောင်ပန်ဆောင်ဖြင့် စိတ်ပူသလို ပြောလိုက်သည်။ “ဒါနဲ့ ကြားမိတာတော့ လွန်ခဲ့တဲ့ ၅ ရက်က တုပိုင် ပထမဆုံး ခွန်အားလေ့ကျင့်ခန်း သင်တန်းဆင်းတော့ ၂၅ ကျင်းအလေးကို ၂ ကြိမ်လောက် စမ်းမပြီးတာနဲ့ အသက်ပျောက်မလို ဖြစ်သွားတယ်ဆို။ အခုထိ အိပ်ရာထဲ လဲနေတုန်းပဲလား။ သူ အဆင်ရောပြေရဲ့လား။ နောက်နောင်ရော လမ်းပြန်လျှောက်နိုင်ပါ့မလား။”
လီဝေက အေးစက်စွာ ပြန်ပြောလိုက်သည်။ “မင်း စိတ်ပူနေစရာ မလိုပါဘူး။ ဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာလေးတော့ ထိန်းပါဦး။”
“ကျွန်တော်က ဘာဖြစ်လို့လဲ။ ကျွန်တော်က သူ့ကို စိတ်ပူပေးနေတာပါ။” ပိုင်ချွမ်းက ပြောလိုက်သည်။ “ဒါ့အပြင် မောက်မာတဲ့ စကားတွေပြောပြီး သူ့ကိုယ်သူ ဉာဏ်ကြီးရှင် လို့ ကြွေးကြော်ခဲ့တာ သူလေ။ ဒီအခြေအနေထိ ရောက်အောင် သူ့ကိုယ်သူ တွန်းပို့ခဲ့တာလည်း သူပဲ။ ကျေးဇူးပြုပြီး တုပိုင်ကို ပြောလိုက်ပါ။ သူ ထမ်းစင်နဲ့ လာရရင်တောင် လောင်းကြေးကိစ္စကတော့ ပြီးပြတ်အောင် ရှင်းရမယ်လို့။”
လီဝေ၏ မျက်လုံးများ အေးစက်သွားပြီး ပြောလိုက်သည်။ “နည်းပြပိုင်။ လူတစ်ယောက်ကို ချောင်ပိတ်ရိုက်ရင်တောင် ထွက်ပေါက်ပေးသင့်တယ်နော်။”
ပိုင်ချွမ်းက ပြောလိုက်သည်။ “ကိုယ့်အထာကိုယ်သိရင် မသေဘူး။ ကိုယ့်အထာကိုယ်မသိရင် သေချာပေါက် သေမှာပဲ။”
ထို့နောက် သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် မကြည်သော အကြည့်များဖြင့် အချင်းချင်းစိုက်ကြည့်လိုက်ကြကာ လမ်းခွဲလိုက်ကြသည်။
**--**--**--**--**--**--**--**
ထိုအချိန်၌ တုပိုင်သည် သူ၏ အိပ်မက်ကမ္ဘာအသစ်ထဲတွင် အသက်ရှင်သန်နိုင်ရန် အသည်းအသန် ကြိုးပမ်းနေရသည်။ ဤသည်မှာ သူ၏ အိပ်မက်စမ်းသပ်မှု ၅ ရက်မြောက်နေ့ ရှိနေပြီဖြစ်သည်။
အိပ်မက်နေရာအသစ်မှာ မြစ်ဝါမြစ်ကြီးထဲတွင် ဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းနေပြီး မြစ်ရေများ ကြီးနေကာ ရေစီးသန်လွန်းလှသဖြင့် မြင်းရိုင်းတစ်သောင်း ဒုန်းစိုင်းပြေးနေသကဲ့သို့ ပြင်းထန်လှသည်။
လူတစ်ယောက် ရေထဲဆင်းဖို့မပြောနှင့် မြစ်ဝါမြစ်ထဲ ကားတစ်စီးကျသွားလျှင်ပင် ချက်ချင်း လွင့်ပါသွားမည့် အခြေအနေမျိုးဖြစ်သည်။
အိပ်မက်ထဲတွင် သူသည် ဟုန်းဟုန်းတောက်နေသော မြစ်ဝါမြစ်ထဲသို့ တိုက်ရိုက်ပစ်ချခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော ရေလွှမ်းမိုးမှုနှင့်အတူ ချက်ချင်းပင် လွင့်ပါသွားတော့သည်။
ရေထဲတွင် သူသည် ကမ်းပေါ်သို့ ရောက်ရှိရန် ရေစီးကို အသည်းအသန် ယက်ကန်ယက်ကန် ဆန်တက်ရသည်။ သူ့ခန္ဓာကိုယ်က ပေါ့လွန်းသဖြင့် ကျောက်တုံးကြီးတစ်တုံးကို ကောက်မလိုက်ပြီး ကမ်းစပ်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းကာ အသက်လုနေရသည်။
ထပ်ခါတလဲလဲ သေဆုံးရပြီး ထပ်ခါတလဲလဲ ရေလှိုင်းများကြား လွင့်ပါသွားရသည်။
ရေခဲမုန်တိုင်းထဲ ဖြတ်သန်းရသည်မှာ ခက်ခဲသည်ဆိုလျှင် ရေကြီးနေချိန် ရေစီးကို ဆန်တက်ရခြင်းက ငရဲခန်းဖြစ်သည်။ ခြေတစ်လှမ်း လှမ်းတိုင်းသည် အသက်အန္တရာယ်နှင့် ရင်းရသည့် စိန်ခေါ်မှုကြီးဖြစ်သည်။
ရေလွှမ်းမိုးမှု၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်သည် ဧရာမသံတူကြီးများဖြင့် ထုနှက်နေသကဲ့သို့ ခန္ဓာကိုယ်ကို အရပ်မျက်နှာအစုံမှ ရက်စက်စွာ ရိုက်ခတ်နေပြီး တုပိုင်၏ အသက်ရှင်ချိန်မှာ ၃ မိနစ်ပင် မပြည့်ချေ။
တုပိုင်သည် ထပ်ခါတလဲလဲ ပြန်လည်ရှင်သန်လာပြီး ထပ်ခါတလဲလဲ စမ်းသပ်ခံနေရသည်။ ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်း၊ အရွတ်တိုင်းနှင့် အရိုးတိုင်းသည် တိုက်ပွဲဝင်နေရသည်။
ရေခဲကမ္ဘာအိပ်မက်သည် တုပိုင်အတွက် တစ်ရက်တည်းဖြင့် ပြီးဆုံးသွားခဲ့သည်။ သို့သော် ဒုတိယမြောက် မြစ်ဝါမြစ်အိပ်မက်ထဲတွင် ၃ ရက်ခန့် ကုန်ဆုံးသွားပြီဖြစ်သော်လည်း သူသည် စမ်းသပ်မှုကို မအောင်မြင်သေးပေ။
သူ ဘယ်နှစ်ကြိမ် သေဆုံးခဲ့ရမှန်းကိုပင် မသိတော့ချေ။ သူ့ခန္ဓာကိုယ်က ပေါ့လွန်းသဖြင့် မြစ်ဝါမြစ်၏ ရေစီးဒဏ်ကို မခံနိုင်ဘဲ ရေမစီးသွားအောင် ကျောက်တုံးကို ဖက်ထားရသည်။ သို့သော် သူ့ခွန်အားမလုံလောက်သေးသဖြင့် သူဖက်ထားသော ကျောက်တုံးမှာ ပေါ့ပါးနေပြီး ရေစီးနှင့်အတူ မျောပါသွားမြဲဖြစ်သည်။
သူ့ခန္ဓာကိုယ် အကန့်အသတ်ရောက်သွားတိုင်း သူပြန်နိုးလာခဲ့ပြီး အိပ်မက်ထဲတွင် အချိန် ၉ နာရီတိတိ ကုန်ဆုံးခဲ့သည်။
ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ လီဝမ်ဟွေ့သည် အရေးကြီးကိစ္စ ရှိသဖြင့် အကယ်ဒမီတွင် မရှိပေ။ လီဝေသည် သုံးကြိမ်လာရောက်ခဲ့ပြီး ကျားသစ်အချင်းဆီအသစ်များ ယူလာပေးကာ တုပိုင်အတွက် ဆေးရည်များ ကျိုချက်ပေးသည်။
သို့သော် လီဝေလာတိုင်း တုပိုင်က အိပ်ပျော်နေသည်ချည်းသာ ဖြစ်သည်။ လီဝေက သူ့ကို မနှိုးရက်သဖြင့် ပို၍ စိတ်မကောင်းဖြစ်ရပြီး နာကျင်ရသည်။
ထမင်းချက်မိန်းမစိုးကတော့ နေ့တိုင်း ထမင်းလာပို့မြဲဖြစ်သည်။ သူလာတိုင်း တုပိုင်က ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်ရသဖြင့် တုပိုင်တစ်ယောက် အကြောသေသွားပြီဟု ပို၍ ယုံကြည်လာသည်။
သူက ပို၍ပင် ဝမ်းသာအားရ ဖြစ်နေသည်။ တစ်ခါကဆိုလျှင် တုပိုင်၏ ကုတင်ပေါ်သို့ ညစ်ပတ်နေသော ရေများဖြင့် လောင်းချခဲ့ပြီး ပိုင်ချွမ်းဆီသို့ ဆုလာဘ်လိုချင်သဖြင့် မျက်နှာသွားလုပ်ခဲ့သေးသည်။
ပိုင်ချွမ်းက သူ့ကို ငွေစတစ်စ ထပ်ပေးလိုက်ပြီး ပြောသည်။ “ဒါ မင်းကို ငွေပေးတာ နောက်ဆုံးအကြိမ်ပဲ။ ဒီကိစ္စပြီးရင် ငါတို့ တစ်ခါမှ မတွေ့ဖူးသလို နေကြရအောင်။”
“နားလည်ပါပြီ။” ထမင်းချက်မိန်းမစိုးက ပြန်ဖြေပြီး ကျွမ်းကျင်စွာဖြင့် ဦးညွှတ်လိုက်သည်။
ပိုင်ချွမ်းက ပြောလိုက်သည်။ “ဒါနဲ့။ နောက် ၃ ရက်နေရင် တုပိုင် ကြိမ်ဒဏ်အပေးခံရတော့မှာ။ မင်းစိတ်ဝင်စားရင် သွားကြည့်လို့ရတယ်။”
“ကြည့်ရမှာပေါ့ဗျာ။” ထမင်းချက်မိန်းမစိုးက ပြောသည်။
“လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက သူ့ဆီ နေ့တိုင်း ထမင်းပို့နေရတာ။ သူ့ကိုယ်သူ ဘယ်သူမှတ်နေလဲ မသိဘူး။ ကျုပ်က သူ့ကို ပြုစုရမယ်များ ထင်နေလား။ သူ အရိုက်ခံရပြီး သေသွားတာကို မြင်ချင်လှပြီ။”
**--**--**--**--**--**--**--**
၁၂ ရက် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး တုပိုင်နှင့် ပိုင်ချွမ်း၏ လောင်းကြေးပြည့်ရန် ၃ ရက်သာ လိုတော့သည်။
တုပိုင်သည် မြစ်ဝါမြစ်အိပ်မက်ထဲတွင် ၉ ရက်ကြာ နှိပ်စက်ခံရပြီး သွေးသားများကို ပုံသွင်းနေသော်လည်း စမ်းသပ်မှုကို မအောင်မြင်သေးပေ။
သူ မ ထားသော ကျောက်တုံးမှာ ပေါ့နေဆဲဖြစ်သဖြင့် ကြောက်မက်ဖွယ်ကောင်းသော ရေစီးနှင့်အတူ လွင့်ပါသွားပြီး သေဆုံးနေရဆဲဖြစ်သည်။
စမ်းသပ်မှု မအောင်မြင်သေးဟု ဆိုသော်လည်း တိုးတက်မှုမရှိဟု မဆိုလိုပေ။ တုပိုင်သည် သူ့ခွန်အားများ တစ်နေ့ထက်တစ်နေ့ တိုးပွားလာသည်ကို ခံစားမိသည်။
အဘယ်ကြောင့်ဆိုသော် အိပ်မက်ထဲတွင် သူ မ ထားသော ကျောက်တုံးသည် တစ်နေ့ထက်တစ်နေ့ ပိုကြီးလာပြီး ပိုလေးလာသောကြောင့်ပင်။ သို့သော် မြစ်ဝါမြစ်အိပ်မက်စမ်းသပ်မှု မအောင်မြင်သေးသဖြင့် သူ့ခွန်အား မည်မျှတိုးတက်လာသည်ကို လက်တွေ့မစမ်းသပ်ချင်သေးပေ။
၁၃ ရက်မြောက်နေ့တွင်လည်း တုပိုင်သည် စမ်းသပ်မှုကို မအောင်မြင်သေးဘဲ ပိုင်ချွမ်းနှင့် လောင်းကြေးအတွက် ၂ ရက်သာ လိုတော့သည်။
၁၄ ရက်မြောက် ညတွင်တော့ ဤသည်မှာ တုပိုင်အတွက် မြစ်ဝါမြစ်အိပ်မက်စမ်းသပ်မှုကို အောင်မြင်ရန် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ နောက်တစ်နေ့မနက်တွင် ပိုင်ချွမ်းနှင့် လောင်းကြေးကို ဖြေရှင်းရတော့မည်။ တုပိုင်သည် ယခုအချိန်တွင် သူ့ခွန်အား မည်မျှရှိသည်ကို မသိချေ။ မြစ်ဝါမြစ်စမ်းသပ်မှုကို မအောင်မြင်မချင်း သူ့ခွန်အားကို ဘယ်တော့မှ မစမ်းသပ်ဟု သူ့ကိုယ်သူ ကတိပေးထားသည်။
လီဝေ ထပ်ရောက်လာပြီး တုပိုင်အတွက် ဆေးရည်အသစ် ကျိုပေးထားသည်။ တုပိုင် နိုးလာချိန်တွင် လီဝေ ပြန်သွားပြီဖြစ်သည်။
တုပိုင်သည် နွေးထွေးသော ဆေးရည်ထဲတွင် သက်သောင့်သက်သာ စိမ်လိုက်ပြီး ခန္ဓာကိုယ်ကို လုံးဝလျှော့ချထားကာ ဆေးရည်များကို ခန္ဓာကိုယ်အတွင်းပိုင်းအထိ စိမ့်ဝင်နိုင်သမျှ စိမ့်ဝင်စေလိုက်သည်။ ၂ နာရီခန့် စိမ်ပြီးနောက် တစ်ကိုယ်လုံးကို ကျားသစ်အချင်းဆီများ လိမ်းကျံလိုက်သည်။
အရာအားလုံး လုပ်ဆောင်ပြီးချိန်တွင် ည ၁၀ နာရီ တိတိ ရှိနေပြီဖြစ်သည်။ သူသည် အရိုးရှင်းဆုံး ဘောင်းဘီတိုကိုသာ ဝတ်ဆင်ထားပြီး အသက်သာဆုံးအနေအထားဖြင့် ကုတင်ပေါ်တွင် လဲလျောင်းကာ အိပ်ပျော်သွားတော့သည်။
ပိုင်ချွမ်းနှင့် ကံကြမ္မာအဆုံးအဖြတ် မပြုလုပ်မီ ဤနောက်ဆုံးစမ်းသပ်မှုကို အောင်မြင်မလားဆိုသည်က ယနေ့ညပေါ်တွင် မူတည်နေသည်။
အပိုင်း ၂၂ ပြီး။