← Chapters

အခန်း (၃၁)

Vol. 4 Ch. 31

အခန်း (၃၁)

Vol. 4 Ch. 31

တုပိုင် အကြပ်ရိုက်သွားသည်။ အဂ္ဂိရတ်ပညာသည် အလွန်ပျင်းစရာကောင်းသော အလုပ်ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်များသည် လောကီအရေးကို စိတ်မဝင်စားကြဘဲ အာဏာစက်ဝန်းနှင့် လုံးဝကင်းကွာနေကြသည်။

တုပိုင်၏ ရည်မှန်းချက်မှာ ဓာတ်ခွဲခန်းထဲတွင် အောင်းနေသည့် အဂ္ဂိရတ်ပညာရှင် ဖြစ်ရန်မဟုတ်ဘဲ အရှေ့ဘက်ကွပ်ကဲရေးရုံးရှိ တန်ခိုးအာဏာကြီးမားသော မိန်းမစိုးတစ်ဦး ဖြစ်လာရန်ဖြစ်သည်။

အရေးအကြီးဆုံးမှာ သူသည် အိပ်မက်စနစ်၏ သတ်ဖြတ်ခြင်းမခံရစေရန် ဘွဲ့ယူစာမေးပွဲတွင် ပထမရပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးသို့ ဝင်ရောက်ရမည်ဖြစ်သည်။

“ဘာလဲ။ မင်း သဘောမတူဘူးလား။” ဇော့မင်က အေးစက်စွာ ပြောလိုက်သည်။ “မင်း ငါ့နောက်လိုက်ရင် အလွန်ဆုံး ၁၀ နှစ်အတွင်း ငါ့နေရာကို ဆက်ခံနိုင်ပြီး အကယ်ဒမီရဲ့ အဂ္ဂိရတ်ဌာနမှူး ဖြစ်လာလိမ့်မယ်။”

“အဲ့ဒီရာထူးက ဒုတိယကျောင်းအုပ်ကြီးနဲ့ တန်းတူအခွင့်အရေး ရမှာကွ။ ဒီလောက် ဂုဏ်ရှိတဲ့ အဆင့်အတန်းကို ဘာလို့ ငြင်းချင်ရတာလဲ။”

‘ငါ့လိုလူက ဒီလောက် ပျင်းစရာကောင်းတဲ့ ရာထူးကို ယူရမှာလား။ လီးပဲ။ ငါက အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝင်ပြီး ပါဝါအပြည့်နဲ့ ရမ်းကားချင်တာကွ။ ငါ့ကိုများ အထင်သေးလို့။’

သို့သော် သူသည် စဉ်းစားဟန်ပြုလိုက်ပြီး ပြောလိုက်သည်။

“တောင်းပန်ပါတယ် ဆရာကြီးဇော့။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က မိန်းမစိုးဂိုဏ်းနဲ့ အင်ပါယာကို ပြန်လည်နိုးထလာအောင် လုပ်ဖို့ပါ။ ဆရာကြီးကို စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်။”

“ဟမ့်။ နားထောင်လို့တော့ ကောင်းသားပဲ။ ဒါပေမဲ့ မင်းက အာဏာမက်နေတဲ့ ကောင်ပဲ။” အဂ္ဂိရတ်ပညာရှင် ဇော့မင်က ပြောလိုက်သည်။ “မင်း သဘောမတူမှတော့ ဘာမှဆက်ပြောစရာ မရှိတော့ဘူး။ မင်းနို့ထိန်းအမေ သေတာကိုပဲ ထိုင်ကြည့်နေလိုက်တော့။ ငါ့မျက်စိရှေ့က အခုချက်ချင်း ထွက်သွားစမ်း။”

တုပိုင်က ခဏတာလောက် တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။

“ခင်ဗျားဆီမှာ ခေါင်းဖြူဆေးလုံးရှိလား။ ကျုပ်ဝယ်မယ်။”

ဇော့မင်က မဲ့ရွဲ့ကာ ပြောလိုက်၏။

“ဝယ်မယ်ဟုတ်လား။ မင်းမှာ ပိုက်ဆံရှိလို့လား။”

“ဘယ်လောက်လဲ။”

တုပိုင် မေးလိုက်သည်။

“ငွေတုံး တစ်ရာ။”

ဇော့မင်က ပြန်ဖြေသည်။

“ဗျာ။”

တုပိုင်တစ်ယောက် သူ၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ ဤအဘိုးကြီးက မတန်တဆစျေး တောင်းနေခြင်းပင်။

ခေါင်းဖြူဆေးလုံး၏ တန်ဖိုးက အတော်ကြီးသော်လည်း ငွေတုံး တစ်ရာအထိတော့ မရှိချေ။ ဆယ်တုံးအောက်သာ ကျသင့်ခြင်းဖြစ်သည်။

ဤကမ္ဘာတွင် လူငါးယောက်ပါဝင်သော မိသားစုတစ်စုသည် စားဝတ်နေရေးအတွက် တစ်လလျှင် ငွေတစ်တုံးသာ ကုန်ကျလေသည်။ မိသားစုအများစုသည် သူတို့၏ တစ်သက်တာလုံးတွင် ငွေအပြား တစ်ရာကိုပင် စုဆောင်းနိုင်ခြင်း မရှိကြပေ။

ဇော့မင်က လှောင်ပြောင်လိုက်သည်။

“ငွေတုံးတစ်ရာပဲ။ ယူမလား။ ထားခဲ့မလား။”

‘တောက်။ နို့ထိန်းအတွက် အချိန်သိပ်မကျန်တော့ဘူး။’

တုပိုင်အနေဖြင့် ခေါင်းဖြူဆေးလုံးကို ဒုတိယမြောက်လူဆီကနေ ဝယ်ယူရန် နည်းလမ်းမရှိတော့ပေ။

“ကောင်းပြီလေ။ ကျုပ်ဝယ်မယ်။”

တုပိုင် ပြောလိုက်သည်။

“ပိုက်ဆံပေး။”

ဇော့မင်က တောင်းလိုက်သည်။

တုပိုင့်ဆီတွင် ထိုမျှလောက် ငွေအမြောက်အမြား မရှိသည်မှာ သေချာသလို ငွေတစ်ပြားတစ်ချပ်မှပင် ကပ်ပါမလာချေ။

“ကျုပ် အကြွေးစာချုပ် ရေးပေးလို့ရမလား။”

တုပိုင် မေးလိုက်သည်။

ဇော့မင်က ပြောသည်။ “အကြွေးစာချုပ်ဟုတ်လား။ မင်းတစ်ကိုယ်လုံးကို ရောင်းစားရင်တောင် ငွေအပြား ၂၀ မတန်ဘူး။ မင်းက ငွေ ၁၀၀ ကို အကြွေးလိုချင်တာလား။ အိပ်မက်မက်နေလိုက်။”

တုပိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်နာမည်က ငွေ ၁၀၀ မတန်ပေမဲ့ ကွပ်ကဲရေးရုံးမှူး လီဝမ်ဟွေ့ရဲ့ မွေးစားသားနာမည်က ငွေ ၁၀၀ မတန်ဘူးလား။”

“မင်းက ဟုတ်။ မဟုတ် ဘယ်သူသိမှာလဲ။” ဇော့မင်က ပြန်ပက်သည်။

တုပိုင်က ဆက်ပြောသည်။ “တကယ်လို့ ကျုပ် ဒီပိုက်ဆံကို ပြန်မဆပ်နိုင်ရင် ခင်ဗျားဆီမှာ တစ်သက်လုံး လက်ထောက်လုပ်ပေးမယ်။ ဘယ်လိုလဲ။”

“သဘောတူတယ်။” ဇော့မင်က ပြောပြီးနောက် သူ့ဘေးနားရှိ အလှပဂေးလေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “စာရွက်နဲ့ စုတ်တံ သွားယူချည်။ ဒီကောင်လေးကို အကြွေးစာချုပ် ရေးခိုင်းရမယ်။”

“ဟုတ်ကဲ့ပါရှင်။”

အလှပဂေးလေးသည် ကျက်သရေရှိစွာဖြင့် အခန်းထဲသို့ ဝင်သွားလေသည်။

အသက် ၃၀ မပြည့်သေးသော ထိုကဲ့သို့ လှပသည့် အမျိုးသမီးတစ်ဦးသည် ရုပ်ဆိုးအကျည်းတန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော မိန်းမစိုးအဘိုးကြီး၏ မယားငယ်အဖြစ် ပြုစုနေရရှာသည်။ ဤသည်က နွားချေးပုံမှာ စိုက်ထားသည့် ပန်းပွင့်လေးတစ်ပွင့်လိုပင် နှမြောစရာကောင်းလှ၏။

မယားငယ်လေးက စာရွက်နှင့် စုတ်တံကို ယူလာပေးပြီးနောက် တုပိုင်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်သောနှုန်းဖြင့် ငွေတုံး ၁၀၀ တန် အကြွေးစာချုပ်ကို ရေးချလိုက်သည်။

“တစ်လကို အတိုး ၅ ရာခိုင်နှုန်းပေးရမယ်။ တစ်လအတွင်း ပြန်မဆပ်နိုင်ရင် မင်း ငါ့ဆီမှာ တစ်သက်လုံး လက်ထောက်လုပ်ရမယ်။”

မိန်းမစိုးအဘိုးကြီး ဇော့မင်က ပြောလိုက်သည်။

လစဉ် အတိုးနှုန်း ၅ ရာခိုင်နှုန်းဆိုသည်မှာ အတိုးကြီးစားခြင်းထက်ပင် ပိုမို ရက်စက်လွန်းလှသည်။

တုပိုင်သည် သွားကိုတင်းတင်းစေ့ကာ အကြွေးစာချုပ်နှင့် သဘောတူညီချက်ကို ရေးသားပြီးနောက် လက်မှတ်ထိုးကာ လက်ဗွေနှိပ်လိုက်သည်။

“မင်းလက်ရေးက တော်တော်လှတာပဲ။”

ဇော့မင်သည် အကြွေးစာချုပ်ကို သိမ်းဆည်းလိုက်ပြီးနောက် တုပိုင်အတွက် ခေါင်းဖြူဆေးလုံးယူရန် အတွင်းခန်းထဲသို့ ဝင်သွားလေသည်။

ဆေးလုံးများသည် သူ့အတွက် ရတနာများဖြစ်ပြီး အံဆွဲတိုင်းကို သော့ခတ်ထားသဖြင့် သူ့မယားငယ်ကိုပင် ယူခိုင်းလေ့မရှိပေ။

ဇော့မင် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် တုပိုင်သည် မယားငယ်လေးကို ဆွဲယူကာ သူမ၏ ပန်းနုရောင်နှုတ်ခမ်းလွှာများကို နမ်းရှိုက်လိုက်လေတော့သည်။

ဇော့မင်၏ မယားငယ်မှာ လန့်ဖျပ်သွားပြီး ရုန်းကန်ဖို့ပင် မေ့သွားရှာသည်။

“အဲ့ဒီအဘိုးကြီးက ငါ့ဆီက ပိုက်ဆံတွေ ညှစ်ယူသွားတာဆိုတော့ ငါက မင်းဆီကနေ အတိုးပြန်ကောက်လိုက်တာ။”

တုပိုင်က ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

အလှပဂေးလေးမှာ အသံပင်မထွက်ရဲတော့ဘဲ မျက်နှာတစ်ခုလုံး နီရဲသွားကာ မျက်ဝန်းများထဲတွင် ရှက်ရွံ့မှုများနှင့် မျက်ရည်များ ပြည့်နှက်သွားလေသည်။

တုပိုင်သည် မိန်းမစိုးတစ်ယောက် ဖြစ်သော်လည်းပဲ ရုပ်ရည်ချောမောသည့် လူငယ်တစ်ယောက်ဖြစ်ပြီး ထိုအဘိုးကြီး ဇော့မင်ထက်တော့ အဆပေါင်းများစွာ သာလွန်ပေသည်။ မထင်မှတ်ဘဲ အနမ်းခံလိုက်ရသဖြင့် ထိုအမျိုးသမီးမှာ ဘာလုပ်ရမှန်းမသိ ရှုပ်ထွေးသွားရသည်။

“တော်ပါတော့။ တစ်ယောက်ယောက် မြင်သွားရင် ကျွန်မ သေလိမ့်မယ်။”

သူမက တီးတိုးရေရွတ်ရင်း တုပိုင်၏ လက်ထဲမှ ရုန်းထွက်ကာ အခြားလက်ဖက်ရည်ခန်းတစ်ခုသို့ ထွက်ပြေးသွားလေတော့သည်။

ဇော့မင် ပြန်ထွက်လာသည့်အချိန်တွင် တုပိုင်၏ပုံစံမှာ စောစောက လူရှုပ်လူပွေပုံစံနှင့် လုံးဝကွဲပြားခြားနားနေပြီး ရှေ့ကိုသာ ကြည့်လျက် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ဖြူစင်မြင့်မြတ်ဟန်ဆောင်နေသည်။

“ဆေးလုံးရဲ့ ဆယ်ပုံတစ်ပုံကိုယူ။ ရေနွေးနဲ့ ဖျော်လိုက်။ နာရီဝက်အတွင်း အဆိပ်ပြေသွားလိမ့်မယ်။” ဇော့မင်သည် ခေါင်းဖြူဆေးလုံးကို ကောက်ရိုးစက္ကူဖြင့် ထုပ်ကာ တုပိုင်အား ပေးလိုက်ပြီး ပြောလိုက်သည်။ “အခု ငါ့အိမ်ကနေ ထွက်သွားတော့။”

သူသည် ရုပ်ရည်ချောမောသော လူငယ်များ သူ့အိမ်သို့ လာသည်ကို မုန်းတီးပြီး သူ့မယားငယ်များ၏ မျက်လုံးထဲတွင် သူ့ကိုသာ မြင်စေချင်သူဖြစ်သည်။

“ဟုတ်ကဲ့။”

တုပိုင်၏ အမူအရာက လွန်စွာ ရိုသေလေးစားဟန်ရှိသော်လည်း စိတ်ထဲတွင်တော့ စောစောက အထိအတွေ့ကို ပြန်လည်မြိန်ရည်ရှက်ရည် ခံစားနေမိသည်။

**--**--**--**--**--**--**--**

ဇော့မင်၏ နေအိမ်မှ ထွက်လာပြီးနောက် တုပိုင်သည် အဆောင်သို့ အလျင်အမြန် ပြန်လာခဲ့သည်။ ခေါင်းဖြူဆေးလုံးကို နို့ထိန်း၏ဖခင်ထံ ပေးလိုက်ပြီး အိမ်ပြန်ကာ နို့ထိန်းကို ကုသစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

သို့သော် တုပိုင် အဆောင်သို့ ပြန်ရောက်သည့်အခါ သူ့နို့ထိန်း၏ဖခင် တုကျုံးမှာ မရှိတော့ချေ။ သူက ကျောက်စရစ်ခဲများဖြင့် မြေကြီးပေါ်တွင် စာအချို့ ရေးထားခဲ့သည်။

“သခင်လေး။ ကျွန်တော် စိတ်ပူလို့ အရင်ပြန်နှင့်တော့မယ်။”

သူက အရင်ပြန်ဖို့လောနေသည်လော။ ဆရာဝန်ရှာတွေ့ပြီးလျှင် တုပိုင်ပါ အိမ်သို့လိုက်လာမည်ဟု တွေးထင်ထားပုံရသဖြင့် သူက ဒီမှာ ဆက်စောင့်နေလည်း အလကားပဲဟု ယူဆသွားပုံရသည်။ တုပိုင်အနေဖြင့် အကယ်ဒမီမှ လုံးဝ ထွက်ခွာခွင့်မရှိသည်ကို သူ မသိရှာပေ။

တုပိုင်သာ သူ့နို့ထိန်း၏ဖခင်ကို အကြွင်းမဲ့ မယုံကြည်ခဲ့လျှင် သူ့ထွက်သွားခြင်းက ထောင်ချောက်တစ်ခုဟုပင် ထင်မှတ်မိပေလိမ့်မည်။

‘အခု ငါဘယ်လိုလုပ်ရမလဲ။ ခေါင်းဖြူဆေးလုံး အိမ်ရောက်အောင် ဘယ်လိုပို့ရမလဲ။’

တုပိုင့်အနေဖြင့် သူ့ကို ကူညီမည့်သူကို ရှာမတွေ့နိုင်သလို အချိန်ကလည်း ကုန်ဆုံးနေပြီဖြစ်သည်။ အချိန်ပိုကြာသွားပါက သူ့နို့ထိန်း သေဆုံးသွားလိမ့်မည်ဖြစ်ပြီး ထိုအခါ တုပိုင်သည် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်တော့မည် မဟုတ်ပေ။

သို့သော် အကယ်ဒမီမှ ထွက်ခွာခြင်းက အန္တရာယ်ရှိပြီး ပိုင်ချွမ်း၏ ထောင်ချောက်ထဲသို့ တိုးဝင်မိသလို ဖြစ်သွားနိုင်သည်။ မနေ့ညက အိပ်မက်ဆိုးသည် တကယ်ဖြစ်လာနိုင်သည်။

တုပိုင်သည် စိတ်ကို တည်ငြိမ်အောင်ထားကာ မျက်လုံးများကို မှိတ်ပြီး စဉ်းစားလိုက်သည်။

‘အကယ်၍ ငါသာ နို့ထိန်းကိုကယ်ဖို့ အိမ်မပြန်ဘူးဆိုရင် သူ သေချာပေါက် သေဆုံးသွားလိမ့်မယ်။ အဲ့ဒီအကျိုးဆက်ကို ငါခံနိုင်ရည်ရှိပါ့မလား။’

အဖြေကတော့ မခံနိုင်ရည်ခြင်းပင်။ တုပိုင်သည် ကိုယ်ကျင့်တရား အလွန်ကောင်းမွန်သူ မဟုတ်သော်လည်း မိမိအသက်အန္တရာယ်ရှိမည်ကို ကြောက်ရွံ့ပြီး မိသားစုဝင်များ သေဆုံးသည်ကို လက်ပိုက်ကြည့်နေမည့် တိရစ္ဆာန်အောက်တန်းစားတစ်ကောင်တော့ လုံးဝ မဟုတ်ပေ။

အပိုင်း (၃၁) ပြီး။

All Chapters