← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

ထို့နောက် တုပိုင်သည် ထို အံ့ဖွယ်ဆေး ၏ ပုံပန်းသဏ္ဍာန်နှင့် အနံ့ကို အသေးစိတ် မေးမြန်းလိုက်ရာ ထိုဆေးသည် ဘိန်းဖြင့် ပြုလုပ်ထားကြောင်း ပိုမိုသေချာသွားသည်။ ထို့အပြင် အထူးနည်းလမ်းတစ်ခုကို အသုံးပြုပြီး သန့်စင်ထားသဖြင့် သွေးမယ်တော်ကွမ်ရင်၏ စွဲလမ်းမှု တုံ့ပြန်မှုသည် ဤမျှ ပြင်းထန်နေခြင်း ဖြစ်သည်။

“ဒီဆေးကို ဘိန်း လို့ခေါ်တယ်။” တုပိုင်က ပြောလိုက်သည်။ “ခင်ဗျား ရူးသွပ်လာတဲ့အချိန်၊ ပုံရိပ်တွေ မြင်လာတဲ့အချိန်၊ ပုရွက်ဆိတ်တွေက အရိုးထဲထိ ကိုက်နေသလို ခံစားရတဲ့အချိန်တိုင်း ခင်ဗျား အဲ့ဒီဆေးကို သောက်လိုက်တယ်မလား။”

“ဒီဆေးက ခင်ဗျားရဲ့ နာကျင်မှုကို လုံးဝ မကုသပေးနိုင်ဘူး။ သူက ခင်ဗျားရဲ့ အာရုံကြောတွေကို ထုံသွားအောင်ဖိနှိပ်ထားအောင် လုပ်ပေးပြီး နာကျင်မှုနဲ့ မသက်မသာဖြစ်မှုတွေကို မခံစားရအောင် လုပ်ပေးရုံသက်သက်ပဲ။”

“တကယ်တမ်းကျတော့ နာကျင်မှုက ရှိနေတုန်းပဲ။ ပြီးတော့ ဒီဆေးမှာ ကြောက်စရာကောင်းတဲ့ အကျိုးဆက်တစ်ခု ရှိတယ်။ အဲ့ဒါကတော့ စွဲလမ်းမှုပဲ။ တစ်ခါသောက်ပြီးရင် ရပ်လို့မရတော့ဘူး။ တကယ်လို့ ရပ်လိုက်ရင် သည်းမခံနိုင်တဲ့ နာကျင်မှု၊ မျက်ရည်ကျတာ၊ တစ်ကိုယ်လုံး ပူလောင်တာ၊ အရိုးထဲမှာ ပုရွက်ဆိတ်တွေ တွားသွားသလို ခံစားရတာနဲ့ အမျိုးမျိုးသော သပုံရိပ်တွေ မြင်ယောင်လာတာတွေကို ခံစားရလိမ့်မယ်။”

“ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူဖြစ်ပါစေ သည်းမခံနိုင်သလို ထိန်းချုပ်လို့လည်း မရဘူး။”

သွေးမယ်တော်ကွမ်ရင် အလွန်အံ့သြသွားသည်။

အဘယ်ကြောင့်ဆိုသော် တုပိုင်သည် ဤအချက်များကို အားလုံး မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သောကြောင့်ပင်။ ‘သူဘယ်လိုလုပ် သိတာလဲ။ တကယ့်ကို အံ့သြစရာပဲ။ ‘

ထို့ကြောင့် သွေးမယ်တော်ကွမ်ရင်သည် သူမ၏ မယုံကြည်မှုနှင့် အထင်သေးမှုများကို ဖယ်ရှားလိုက်ပြီး တုပိုင်၏ စကားကို ဂရုတစိုက် နားထောင်လာသည်။

“ဒီအဆိပ်က လုံးဝ အသုံးမဝင်ဘူး။ အကုန်လုံးက လှည့်စားမှုတွေပဲ။ သူက ခင်ဗျားရဲ့ အအေးမိတာကို မပျောက်စေသလို ရာသီလာလို့ ကိုက်ခဲတာကိုလည်း မကုသပေးနိုင်ပါဘူး။” တုပိုင်က သူမကို ထပ်မံ စနောက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် စောစောက သူ ရာသီလာခြင်းအကြောင်း ပြောတုန်းက ရွှဲ့ကွမ်ရင် ဘာမှပြန်မပြောဘဲ နေခဲ့သောကြောင့်ပင်။

နောက်တစ်စက္ကန့်တွင် သွေးမယ်တော်ကွမ်ရင်၏ ဓားမြှောင်သည် တုပိုင်၏ ဝမ်းဗိုက်အောက်ပိုင်းသို့ ရောက်ရှိလာပြီး အေးစက်စွာ ပြောလိုက်သည်။ “နောက်တစ်ခါ ထပ်စနောက်ရဲရင် ရာသီလာတာ ဘယ်လိုမျိုးလဲဆိုတာ ခံစားရအောင် လုပ်ပေးမယ်။”

တုပိုင် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး အမူအရာကို ပိုမိုလေးနက်အောင် ပြောင်းလိုက်ကာ ပြောသည်။ “ကျုပ်မမှားဘူးဆိုရင် ခင်ဗျား ဒီဆေးမသောက်ရတာ အတော်ကြာပြီမလား။”

သွေးမယ်တော်ကွမ်ရင် ခေါင်းညိတ်လိုက်သည်။ တကယ်လည်း လဝက်ကျော်နေပြီ ဖြစ်သည်။

တုပိုင်က ဆက်ပြောသည်။ “တစ်ယောက်ယောက်က ဒီဆေးကို သုံးပြီး ခင်ဗျားကို ထိန်းချုပ်နေတာ။ ခင်ဗျား ပိုပိုပြီး စွဲလမ်းလာတာနဲ့အမျှ သူတို့ ခင်ဗျားကို ကြိုက်သလို ခိုင်းလို့ရသွားလိမ့်မယ်။ အဲ့ဒီထဲမှာ ကျန်းနန်နယ်စားရုံးကို သစ္စာဖောက်တာ ဒါမှမဟုတ် ဒီထက်ပိုဆိုးတဲ့ ကိစ္စတွေ ပါဝင်လာနိုင်တယ်။”

သွေးမယ်တော်ကွမ်ရင် ဘာမှပြန်မပြောသော်လည်း သူမ၏မျက်နှာသည် အလွန်မဲမှောင်နေပြီး လူသတ်ချင်သော အငွေ့အသက်များ မျက်နှာပေါ်မှ လျှံကျနေသလိုပင် ဖြစ်သည်။

“ဘယ်လို ကုရမလဲ။” သွေးမယ်တော်ကွမ်ရင် မေးလိုက်သည်။ သူမအနေဖြင့် ပါဝင်ပတ်သက်နေသော ပူးပေါင်းကြံစည်မှုအကြောင်းကို တုပိုင်အား မပြောပြချင်ပေ။

တုပိုင်က မေးသည်။ “အခု ဘယ်လောက်ကြာကြာ တစ်ခါ ရောဂါဖောက်လဲ။”

“ငါးရက် တစ်ခါ။” သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “နောက်တစ်ခါဖြစ်ဖို့ ၁၉ နာရီ လိုသေးတယ်။”

တုပိုင်က ပြောသည်။ “ကျုပ် ဆေးဖော်ဖို့ အမြန်ပြင်ဆင်ရမယ်။ ဒါမှ ခင်ဗျား ရောဂါဖောက်တဲ့အချိန် သောက်လိုက်ရင် အထိရောက်ဆုံး ဖြစ်မှာ။”

သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “ဆေးနည်း ရေးပေးလိုက်။ ငါ့ဘာသာ ဆေးဖော်လိုက်မယ်။”

တုပိုင်က ပြောသည်။ “မရဘူး။ ဆေးနည်းအတွက် ကျုပ်ကိုယ်တိုင် သုတေသနလုပ်ပြီး စဉ်းစားဖို့ လိုသေးတယ်။”

သွေးမယ်တော်ကွမ်ရင်က တုပိုင်ကို စိုက်ကြည့်ပြီး ပြောသည်။ “ဒါဆို ဒီမှာပဲ စဉ်းစား။ ဘယ်မှ မသွားနဲ့။”

တုပိုင်၏ အသံ ပျော့ပျောင်းသွားပြီး ပြောလိုက်သည်။ “တကယ်လို့ ကျုပ်ပြန်မသွားရင် ကျုပ်နို့ထိန်း ရူးသွားလိမ့်မယ်။ အရေးအကြီးဆုံးက ကျုပ်ရဲ့မွေးစားအဖေ လီဝမ်ဟွေ့က ကျုပ်ကိုရှာဖို့ သူ့အာဏာတွေအကုန် သုံးလိမ့်မယ်။ တကယ်လို့ ကျုပ်ကို ခင်ဗျား ဖမ်းထားတာသိသွားရင် မိန်းမစိုးဂိုဏ်းနဲ့ ကျန်းနန်နယ်စားရုံးတို့ရဲ့ ဆက်ဆံရေး တင်းမာသွားလိမ့်မယ်။”

သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “လီဝမ်ဟွေ့နဲ့ ငါ့ကို လာမခြိမ်းခြောက်နဲ့။ တခြားလူတွေက သူ့ကို ကြောက်ရင်ကြောက်မယ်။ ငါကတော့ မကြောက်ဘူး။ ပြီးတော့ လီဝမ်ဟွေ့ရဲ့ စိတ်ထဲမှာ မင်းက အဲ့လောက် အရေးမပါဘူး။”

တုပိုင်က ပြောသည်။ “တကယ်လို့ နောက်တစ်ကြိမ် ခင်ဗျား ရောဂါဖောက်တဲ့အချိန်မှာ ကျုပ် ထိထိရောက်ရောက် မကုပေးနိုင်ရင် ခင်ဗျား ကျုပ်ကို ကြိုက်သလို သတ်လို့ရတယ်။ ဘယ်လိုလဲ။”

သွေးမယ်တော်ကွမ်ရင် တိတ်ဆိတ်စွာ စဉ်းစားနေသည်။

တုပိုင်က ပြောသည်။ “ကျုပ် ကတိခံဝန်ချက် ရေးပေးမယ်။ တကယ်လို့ ကျုပ် မိန်းမစိုးအကယ်ဒမီထဲမှာ ပုန်းနေပြီး ပြန်မထွက်လာရင် ခင်ဗျား အဲ့ဒီကတိခံဝန်ချက်ကို ယူပြီး လီဝမ်ဟွေ့ဆီ သွားလို့ရတယ်။”

“ခင်ဗျား သူ့အကြောင်း ကောင်းကောင်းသိမှာပါ။ သူက မိန်းမစိုးဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး ကတိတည်တဲ့လူဆိုတာ။ တကယ်လို့ ကျုပ် အကယ်ဒမီထဲ ပုန်းနေရင်တောင် ခင်ဗျားရဲ့ အပြစ်ပေးမှုကို မလွတ်မြောက်နိုင်ပါဘူး။”

သွေးမယ်တော်ကွမ်ရင် ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ကောင်းပြီ။” ထို့နောက် စာရွက်လွတ်တစ်ရွက်ကို တုပိုင်ရှေ့သို့ ချပေးလိုက်သည်။

တုပိုင်သည် ၁၉ နာရီအတွင်း ရွှဲ့ကွမ်ရင်အား ထိရောက်စွာ မကုသနိုင်ပါက သူ့ကို ကြိုက်သလို သတ်ဖြတ်နိုင်ကြောင်း သို့မဟုတ် နှိပ်စက်နိုင်ကြောင်းနှင့် မိန်းမစိုးဂိုဏ်းအနေဖြင့် တားဆီးရန် သို့မဟုတ် လက်တုံ့ပြန်ရန် အကြောင်းပြချက်မရှိကြောင်း ကတိခံဝန်ချက် ရေးသားလိုက်လေသည်။

ကတိခံဝန်ချက် ရေးပြီးနောက် သူသည် လက်မှတ်ထိုးပြီး လက်ဗွေနှိပ်လိုက်သည်။

တုပိုင် အကောင်းဆုံး ကြိုးစားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သွေးမယ်တော်ကွမ်ရင်ကို ကယ်တင်ခြင်း မစ်ရှင်အောင်မြင်ပါက သူ့အား ယန်ချီ ၃ မှတ် တိုးပေးမည်ဖြစ်သောကြောင့်ပင်။

တစ်ညတာ အတူနေခွင့်ရမည့် ဆုကြေးနှင့် ပတ်သက်ပြီးတော့ စံပြမိန်းမစိုးတစ်ယောက်အနေဖြင့် ဘာကိုဆိုလိုမှန်း သူနားမလည်ပေ။

“မင်း သွားလို့ရပြီ။” သွေးမယ်တော်ကွမ်ရင်က ပြောသည်။

တုပိုင်သည် ရွှေထုပ်ကို ကောက်ယူပြီး ထွက်သွားသော်လည်း ခဏအကြာတွင် ပြန်လှည့်လာပြီး ပြောလိုက်သည်။ “ကျုပ်ကို ပြန်လိုက်ပို့ဖို့ လူလွှတ်ပေးပါဦး။ ကျုပ် လမ်းမသိဘူး။ ပြီးတော့ ရွှေတွေအများကြီး သယ်သွားတာ အန္တရာယ်များတယ်။ တစ်ယောက်ယောက်က ကျုပ်ကို ဓားပြတိုက်ရင် ခင်ဗျားလူလွှတ်ပြီး ကာကွယ်ပေးရမယ်။”

‘ဒီကောင်စုတ်လေးက လူပါးဝတာပဲ။’ သွေးမယ်တော်ကွမ်ရင် သွားကိုတင်းတင်းစေ့ကာ သဘောတူလိုက်ရသည်။

“ကျုပ် ၁၀ နာရီလောက်ကြာရင် ဆေးယူပြီး ပြန်လာခဲ့မယ်။” တုပိုင်က ပြောသည်။ “တကယ်လို့ မကုနိုင်ရင် ခင်ဗျားအတွက် ဘာမဆို လုပ်ပေးပါ့မယ်။”

သွေးမယ်တော်ကွမ်ရင်သည် ဤကဲ့သို့ အောက်ခြေသိမ်း မိန်းမစိုးလေးက သူမကို ကုသပေးနိုင်မည်ဟု မယုံကြည်သော်လည်း အခြားရွေးချယ်စရာ မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် အဂ္ဂိရတ်ပညာရှင်များစွာသည် သူမကို မကူညီနိုင်ဘဲ လက်လျော့ခဲ့ကြသောကြောင့်ပင်။

“ငါမင်းကို ကျွန်လို ခိုင်းမှာ မဟုတ်ဘူး။ မင်းကို လှီးဖြတ်ပစ်မှာ။”

တုပိုင်သည် သွေးမယ်တော်ကွမ်ရင်၏ နေရာမှ ထွက်ခွာလာပြီး ကွေ့လင်မြို့ လမ်းမများပေါ်သို့ ပြန်ရောက်လာသောအခါ သက်ပြင်းချလိုက်မိသည်။ အချိန်သိပ်မကြာလိုက်သော်လည်း သူသည် နေ့အလင်းရောင်ကို ပြန်လည်မြင်တွေ့လိုက်ရသကဲ့သို့ ခံစားနေရသည်။

တုပိုင် အိမ်ပြန်ရောက်သောအခါ နို့ထိန်း၏ အခြေအနေမှာ အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ သူ့ကို မြင်လိုက်ရသောအခါ သူမက စိုးရိမ်တကြီး မေးလိုက်သည်။

“ပိုင်အာ... ဘာဖြစ်လာတာလဲ။”

“နို့ထိန်း... မိသားစုက အကြွေးဘယ်လောက်တင်နေလဲ။” တုပိုင် မေးလိုက်သည်။

တုကျုံး၏ မျက်နှာ မဲမှောင်သွားသည်။ အကြွေးပမာဏ အတော်များပုံရသည်။

နို့ထိန်းက ပြောသည်။ “အကယ်ဒမီမှာပဲ အေးဆေးနေပါ။ ပိုက်ဆံကိစ္စ စိတ်မပူနဲ့။”

တုပိုင်က ပြောသည်။ “ပြီးခဲ့တဲ့တခေါက် ချွေ့မိသားစုက မတရားစွပ်စွဲတုန်းက နို့ထိန်းက သူတို့ကို လာဘ်ထိုးဖို့ နေရာတကာကနေ ပိုက်ဆံတွေ လိုက်ချေးခဲ့ရတယ်။ ဒီနေ့ကျတော့ ငွေရောင်အဖုအကျိတ်ပိုးကောင် ကိုက်ခံရလို့ ဆရာဝန်ခေါ်ဖို့ အဖေက ပိုက်ဆံထပ်ချေးရပြန်တယ်။ ပမာဏက မနည်းလောက်ဘူး။ ပြောပါ။ ပိုက်ဆံဘယ်လောက် အကြွေးတင်နေလဲ။”

နို့ထိန်းက ပြောသည်။ “ပိုင်အာ။ သားတကယ် စိတ်ပူစရာမလိုပါဘူး။ သားရဲ့အစ်မ ဖိန်အာ မကြာခင် ပြန်လာတော့မှာ။ သူပြန်လာရင် အမေ ဒီအကြွေးတွေကို ဆပ်ခိုင်းလိုက်မယ်။”

တုပိုင် စကားမပြောနိုင်တော့ပေ။

အပိုင်း (၃၇) ပြီး။

All Chapters