← Chapters

မော့ကျုံးယွမ်

Vol. 15 Ch. 171

မော့ကျုံးယွမ်

Vol. 15 Ch. 171

ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် ရွာလူကြီးချွေ့ ညွှန်ပြသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုအိမ်သည် အရှေ့ဘက်အစွန်းတွင်ရှိပြီး တာဝန်ရှိသူများ သူတို့အား သတိပေးထားခဲ့သည့် သရဲခြောက်သောအိမ်ဖြစ်သည်ဟု ယူဆရသည်။

အဆိုပါ အိမ်သည် အပြင်ဘက်မှ ကြည့်လျှင် ကြည့်ကောင်းသည်။

သို့သော် အကျယ်အဝန်းက အလွန်သေးငယ်ပြီး အခန်း ( ၂ ) ခန်းသာ အများဆုံး ရှိပုံရသည်။

အဆိုပါ နေရာသည် သရဲခြောက်၊ မခြောက် ဆိုတာကိုပင် ဘေးဖယ်ထားလိုက်ပါဦး၊ အခန်းကျဉ်းလေး ( ၂ ) ခုတွင် လူအများကြီးကို မည်သို့ နေရာချနိုင်မည်နည်း။

သူတို့ နေထိုင်နိုင်တဲ့ အိမ်တစ်လုံးကို မြင်လိုက်ရတော့ ရှဲ့ထျန်းဟိုင်က သူ့သားနှစ်ယောက်ကို ထိုနေရာသို့ စိတ်အားထက်သန်စွာ ခေါ်ဆောင်သွားခဲ့သည်။

ရွာလူကြီးချွေ့သည် ထိုနေရာသို့ ဦးတည်လျှောက်သွားသည်ကို မြင်လိုက်သည့်အခါတွင် သူ့မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ချက်ချင်း ပွင့်လန်းလာသည်။

ဒါကိုမြင်တော့ မော့ချူဟန်က ရှဲ့သားအဖတွေကို အမြန်လှမ်းခေါ်လိုက်သည်။

“ဦးလေးရှဲ့၊ ခဏနေပါဦး။ ခဏနေကျရင် ကျွန်တော် ဦးလေးနဲ့ အတူ တစ်ချက် လိုက်ကြည့်ပေးမယ်။”

သရဲခြောက်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်စေခဲ့တဲ့ အိမ်နဲ့ ပတ်သက်ပြီး သံသယဝင်စရာတွေ ရှိနေတာကို သူ မသိဘူး။ ရှဲ့မိသားစု၏ သားအဖတွေက သိုင်းပညာကို မသိတဲ့အတွက် အန္တရာယ်ကြုံရင် သူတို့ကို စောင့်ရှောက်ပေးမယ့်သူ မရှိဘူး။

ရှဲ့ထျန်းဟိုင်သည် မော့မိသားစု၏ စကားကို အမြဲနားထောင်သည်။ မော့ချူဟန်၏ အော်သံကိုကြားတော့ သူက နာခံမှုရှိစွာ ရပ်တန့်ပြီး သူ့သားနှစ်ယောက်ကိုခေါ်ကာ လှည့်ပြန်လာခဲ့သည်။

ရှဲ့မိသားစုပြန်လာတာကိုမြင်တော့ ရွာလူကြီးချွေ့သည် သိသိသာသာ စိတ်ပျက်သွားသော်လည်း သူ့မျက်နှာပေါ်တွင် မည်သည့် အမူအရာကိုမျှ မပြသခဲ့ပေ။

“မင်းတို့ ဒီမှာ ဘယ်အိမ်မဆို ရွေးလို့ ရတယ်။ မင်းတို့ နေချင်တဲ့ နေရာမှာ နေနိုင်တယ်။ မင်းတို့ရဲ့ တောင်းဆိုမှုကို ငါ ဖြည့်ဆည်းပြီးပြီ၊ ဒါကြောင့် ငါ မင်းတို့နဲ့ ဆက်မနေတော့ဘူး၊ အိမ်ပြန်တော့မယ်။”

ထိုသို့ပြောပြီးနောက် သူသည် ချွေ့မင်းလင်းကိုခေါ်ကာ ထွက်ခွာသွားခဲ့သည်။

ချွေ့မိသားစု သားအဖ ထွက်ခွာသွားပြီးနောက် ရှဲ့ထျန်းဟိုင်က ဒေါသတကြီး ညည်းညူတော့သည်၊ “ဒီလိုမျိုး အိမ်တွေမှာ နေခိုင်းမှတော့ ငါတို့ကို အေးခဲပြီး သေစေချင်နေသလားပဲ။”

မော့ကျိုးယွီက သူ့ကို နှစ်သိမ့်ပေးဖို့ ရှေ့တက်လိုက်သည်၊ “ဦးလေးရှဲ့ စိတ်မပူပါနဲ့။ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာ မဆုံးဖြတ်ခင် အရင်ဆုံး တစ်ချက်လောက် စောင့်ကြည့်ကြရအောင်။”

အခုအချိန်မှာတော့ ကောင်းကင်ယံက မှောင်မည်းနေခဲ့ပြီ။ ရှဲ့ချောင်သည် တစ်နေရာမှ သစ်သားတုတ် ခပ်ကြီးကြီး နှစ်ချောင်းကို ရှာတွေ့ခဲ့ပြီး ယာယီမီးတုတ်အဖြစ် အသုံးပြုရန် မီးမွှေးထားခဲ့သည်။

အမျိုးသမီးများ ကြောက်ရွံ့နေမှာကို ထည့်သွင်းစဉ်းစားကာ မော့ကျိုးယွီနှင့် မော့ချူဟန်တို့သည် အနားပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးကြည့်ရန် ဆုံးဖြတ်ခဲ့ကြပြီး ကျန်လူများက လက်ရှိနေရာ၌ စောင့်ဆိုင်းစေခဲ့သည်။

ဟဲကျစ်ယန်သည် ညီအစ်ကိုနှစ်ယောက်၏ အရှေ့ဘက် အစွန်ဆုံးအိမ်အား သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိထားသောကြောင့် သူမသည် ထိုကဲ့သို့သော ကိစ္စရပ်များတွင် မကျန်ရစ်ချင်သည်မှာ သဘာဝပင်ဖြစ်သည်။

သူမ၏ ပြင်းပြသော တောင်းဆိုမှုအရ နောက်ဆုံးတွင် မော့ညီအစ်ကိုက သူမကို လိုက်ပါဖို့ သဘောတူခဲ့ကြသည်။

သူတို့သုံးယောက်သား မီးရှူးတိုင်ကို ကိုင်ဆောင်ကာ ခဏလောက် တည်းခိုနေထိုင်နိုင်သည့် ခြံဝင်းအချို့ကို ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်ဖြင့် အရှေ့ဘက်သို့ လျှောက်သွားခဲ့ကြသည်။

လမ်းတစ်ဝက်ရောက်သောအခါတွင် သူတို့ သုံးယောက်သား အရှေ့ဘက်မှ ဝမ်းနည်းဖွယ် ငိုကြွေးသံကို ယောင်ဝါးဝါး ကြားလိုက်ရသည်။

သူတို့သုံးယောက်သား တစ်ချိန်တည်းမှာ ရပ်သွားခဲ့သည်။

“ညီလေး၊ ဟိုမှာ သံသယဖြစ်စရာ တစ်ခုခု သေချာပေါက် ရှိနေတယ်။”

မော့ကျိုးယွီက အသာအယာ ခေါင်းညိတ်ပြသည်၊ “ဟုတ်တယ်။ ကျွန်တော်တို့တွေ ရန်သူ သတိမထားမိအောင် ခြေလှမ်းကို ခပ်ဖွဖွလေးပဲ လျှောက်ကြရအောင်။”

သရဲတစ္ဆေကောလာဟလနှင့် ပတ်သက်၍ မော့ညီအစ်ကိုများက မယုံကြပေ။

တကယ် သရဲရှိနေရင်တောင် သူတို့ မကြောက်ဘူး။

သူတို့သုံးယောက်သား အရှေ့ဘက်သို့ ခပ်ဖွဖွ လှမ်းလျှောက်လာရင်း အဆိုပါ အသံကို ပိုမို ကြည်လင်စွာ ကြားလာရသည်။ အဆိုပါ အသံကို ပိုမို ရှင်းလင်းစွာ ကြားလာရလေ သံသယဝင်စရာကောင်းတယ်လို့ မော့ကျိုးယွီတစ်ယောက် ခံစားမိလေလေပါပဲ။

မော့ကျိုးယွီ မျက်မှောင်ကြုတ်သွားသည်၊ “အစ်ကိုကြီး၊ ဒီအသံက နည်းနည်း ရင်းနှီးနေတယ်လို့ မထင်ဘူးလား။”

“ညီလေး၊ မင်းလည်း အဲ့လိုပဲ ခံစားမိလား” မော့ချူဟန်က ပြန်မေးလိုက်သည်။

“သွားရအောင်၊ မြန်မြန်လေး လမ်းလျှောက်ကြရအောင်။”

မော့ကျိုးယွီသည် ထိုသို့ပြောပြီးသည်နှင့် ဟဲကျစ်ယန်၏ လက်လေးကို ဆွဲကိုင်ပြီး သူ့ခြေလှမ်းတွေရဲ့ အရှိန်ကို ပိုမြှင့်လိုက်သည်။

သူတို့ နီးကပ်လာသည်နှင့်အမျှ အရှေ့ဘက် အစွန်ဆုံးအိမ်မှ အသံထွက်လာသာ်ကို လူတိုင်း အတည်ပြုနိုင်ခဲ့ကြသည်။

အလွန်အမင်း ဝမ်းနည်းနာကျင်နေသောအသံမှ တစ်ဆင့် သူ့ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်စွမ်းက အလွန်အမင်း နိမ့်ကျနေသော အမျိုးသားတစ်ဦးဖြစ်ကြောင်းကို သူတို့ အတည်ပြုနိုင်ခဲ့ကြသည်။ အကယ်၍ သူသည် ကြီးမားသော နာကျင်မှုကို မခံစားရပါက ထိုကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးနေမှာ မဟုတ်ပေ။

မော့ချူဟန်သည် မော့ကျိုးယွီထံမှ မီးတိုင်ကို ယူလိုက်သည်၊ “ညီလေး၊ မင်းနဲ့ ခယ်မလေးတို့ ဒီမှာ အရင်စောင့်နေဦး။ ငါ အရင်သွားကြည့်လိုက်မယ်။”

ဒီလို မသဲကွဲတဲ့ အခြေအနေမျိုးနဲ့ ကြုံလာရတဲ့အခါ အကူအညီပေးနိုင်ဖို့ အပြင်မှာ လူတစ်ယောက်လောက် စောင့်ခိုင်းတာက အသင့်လျော်ဆုံးဖြစ်သည့်အတွက် မော့ကျိုးယွီက မကန့်ကွက်ပါဘူး။

“ကောင်းပြီ၊ အစ်ကိုကြီး သတိထားသွားနော်။”

မော့ချူဟန်သည် မီးတိုင်ကို ကိုင်ကာ အိမ်ထဲသို့ ဂရုတစိုက် လျှောက်ဝင်သွားသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် မော့ချူဟန်က ကျယ်လောင်စွာ အော်ခေါ်လိုက်သည်၊ “ညီလေး၊ မြန်မြန် ဝင်လာခဲ့။ ဒါက ပဥ္စမအစ်ကိုပဲ။ ပဥ္စမအစ်ကို အသက်ရှင်နေသေးတယ်။”

ဒါကိုကြားတော့ မော့ကျိုးယွီက ဟဲကျစ်ယန်၏ လက်ကို ဆွဲပြီး အိမ်ထဲကို ပြေးဝင်သွားသည်။

မီးတိုင်၏ အလင်းအောက်တွင် အိမ်ပေါက်ဝနှင့် မျက်နှာချင်းဆိုင်နေရာမှာ ဆံပင်များ ရှုပ်ပွပြီး အဝတ်အစားများ ဖိုသီဖတ်သီဖြစ်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

ထိုလူသည် အရိုးပေါ် အရေတင် ပိန်လှီနေ၏။ သူ့လက်တွေကို တစ်ဖက် တစ်ချက်စီမှာ သံကြိုးဖြင့် တင်းကြပ်စွာ ချည်နှောင်ထားလေသည်။

သူ့မျက်လုံးတွေက အာရုံမစူးစိုက်နိုင်ဘဲရှိကာ နာကျင်စွာ ငိုကြွေးနေလေသည်။

မော့ကျိုးယွီသည် မော့ချူဟန်၏ လက်ထဲမှ မီးတိုင်ကို ယူကာ ထိုလူကို အနီးကပ် သေချာ စစ်ဆေးကြည့်ရှုခဲ့သည်။

“တကယ့်ကို ပဥ္စမအစ်ကိုပဲ။ သူ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ။”

ထိုအချိန်တွင် မော့ချူဟန်သည် ရှေ့သို့ လျှောက်လှမ်းကာ သံကြိုးများကို ကိုင်ပြီး သေချာစစ်ဆေးကြည့်ရှုကာ မော့ကျုံးယွမ်အား ကယ်တင်ဖို့ နည်းလမ်းရှာရန် ကြိုးစားနေသည်။

ဟဲကျစ်ယန်က ချက်ချင်းဆိုသလို သူ့ကို တားမြစ်လိုက်သည်။

“အဋ္ဌမအစ်ကို၊ ခဏနေဦး။”

မော့ချူဟန်က သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်၊ “ခယ်မလေး၊ ပဥ္စမအစ်ကိုကို ကြည့်ရတာ အတော်လေး နာကျင်နေပုံပဲ။ တခြားကိစ္စတွေ မလုပ်ဆောင်ခင် ငါတို့ သူ့ကို အရင်ကယ်သင့်တယ်။”

“အဋ္ဌမအစ်ကို၊ ပဥ္စမအစ်ကိုက အဆိပ်ခတ်ခံရတာဖြစ်ဖို့များတယ်။ အစ်ကို သူ့ကို အခု ကယ်တင်ရင် သူ ပိုပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်သွားနိုင်တယ်။”

ဟဲကျစ်ယန်သည် မော့ကျုံးယွမ်၏ အခြေအနေကို အိမ်ထဲကို စဝင်လာကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်သည်။

ပဥ္စမအစ်ကိုရဲ့ မည်းပြာနေသော မျက်ကွင်းများကို ကြည့်၍ သုံးသပ်ကြည့်မယ်ဆိုလျှင် ပဥ္စမအစ်ကိုက အဆိပ်ခတ်ခံရကြောင်း သံသယမရှိဘဲ အတည်ပြုနိုင်ပါသည်။

ဘယ်လိုအဆိပ်မျိုးနဲ့ အဆိပ်ခတ်ခံထားရတယ်ဆိုတာကို မသိခင်မှာ စစ်ဆေးကြည့်ဖို့ လိုအပ်ပါသည်။

အခုအချိန်မှာ အဆိပ်ရဲ့ သက်ရောက်မှုကြောင့် ဝေဒနာ ခံစားနေရတာ ဖြစ်နိုင်သည်။

မော့ကျိုးယွီသည် ဟဲကျစ်ယန်၏ အရည်အချင်းကို နားလည်ပြီး သူမသည် ဘယ်တော့မှ အဓိပ္ပါယ်မရှိသော စကားမျိုးကို မပြောတတ်ကြောင်း သိသည်။

သူ့ပဥ္စမအစ်ကိုအတွက် သူ စိတ်မကောင်းဖြစ်မိသော်လည်း မော့ချူဟန်ကို နားချပြောဆိုပေးခဲ့သည်၊ “အဋ္ဌမအစ်ကို၊ ကျစ်ယန်ပြောတာကို နားထောင်လိုက်ပါ။ သူက ဆေးအကြောင်းကို နားလည်တော့ သေချာပေါက် မမှားနိုင်ဘူး။”

မော့ချူဟန်က သူ့လက်ကို မကျေမနပ် ပြန်ဆုတ်လိုက်သည်။

“နဝမခယ်မလေး၊ အခု ငါတို့ ဘာလုပ်သင့်လဲ။”

ဟဲကျစ်ယန်က ချက်ချင်း ပြန်မဖြေခဲ့ဘူး။ အဲဒီအစား သူမက မော့ကျိုးယွီကို ထိုလူအား ထိန်းထားဖို့ အချက်ပြပြီး မော့ကျုံးယွမ်ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ဖို့ ရှေ့သို့ တိုးသွားခဲ့သည်။

စစ်ဆေးမှုရလဒ်သည် သူမ မှန်းဆထားသည့်အတိုင်း အတိအကျပါပဲ။

ကံကောင်းထောက်မစွာဖြင့် မော့ကျုံးယွမ် မိထားသော အဆိပ်သည် သိပ်မစိမ်းပေ။

ဤအဆိပ်၏ အကျိုးသက်ရောက်မှုသည် ငွေလက်စွပ်မြွေအား အသုံးပြု၍ သူမ ဖော်စပ်ခဲ့သော “စိတ်ဝိညာဉ်ဆုံးရှုံးခြင်း” နှင့် ဆင်တူသည်။

ဤအဆိပ်ကို ဖော်စပ်သူတွေက လူတွေကို ရူးသွပ်သွားစေနိုင်တဲ့ နောက်ထပ် ဆေးဝါး အနည်းငယ်ကို ထပ်ထည့်ထားခဲ့ပေသည်။

“အဋ္ဌမအစ်ကို၊ ခင်ပွန်း၊ ပဥ္စမအစ်ကို အဆိပ်ခတ်ခံထားရတာ အမှန်ပဲ။ သူ မိတဲ့ အဆိပ်က အဆိပ်မိသူတွေကို အသိပျောက်စေပြီး ရူးသွပ်သွားစေနိုင်တယ်။

ဒါပေမယ့် ဒီအဆိပ်က အဆိပ်ထနေချိန်အတွင်းမှာ အပြောင်းအလဲတစ်ခု ကြုံတွေ့သွားပုံရတယ်။ သိပ်မကြာခင် ပဥ္စမအစ်ကို သတိပြန်ရလာလိမ့်မယ်လို့ ကျွန်မ ထင်တယ်။”

“ပဥ္စမအစ်ကို သတိပြန်ရလာဖို့ ဘယ်လောက်ကြာမလဲ” မော့ကျိုးယွီက စိုးရိမ်တကြီး မေးသည်။

“ပဥ္စမအစ်ကိုရဲ့ လက်ရှိအခြေအနေအရတော့ သူ အဆိပ်မိတာ အချိန်အတော်ကြာပြီ။ သူ သတိပြန်ရတာ နှစ်နာရီထက် မပိုလောက်ဘူးလို့ ခန့်မှန်းရတယ်။”

သူ၏ ပဥ္စမအစ်ကိုသည် ထိုကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှုမှ နှစ်နာရီလောက်သာ သက်သာရာရမည်ဟု ကြားသောအခါ မော့ချူဟန်သည် အလွန်အမင်း စိတ်ဆင်းရဲသွားခဲ့သည်။

“ခယ်မလေး၊ ပဥ္စမအစ်ကိုရဲ့ ဝေဒနာကို ခဏလောက် သက်သာရာရစေမယ့် နည်းလမ်းကောင်း ရှိလား။”

နည်းလမ်းကောင်းလား။

အကောင်းဆုံးနည်းလမ်းမှာ မော့ကျုံးယွမ်ထံမှ အဆိပ်ကို အရင်ဆုံး ဖယ်ရှားရန်ပင် ဖြစ်သည်။

ဟဲကျစ်ယန်သည် အဆိပ်ဖြေဆေးကို သူမ ဖော်စပ်နိုင်မည်ဟု ယုံကြည်မှုရှိသော်လည်း ယခုချက်ချင်း ပြီးမြောက်နိုင်သောအရာမဟုတ်ပေ။

လတ်တလောတွင် မော့ကျုံးယွမ် မိထားသော အဆိပ်တွင် မည်သည့်ဆေးဝါးများကို ထည့်သွင်းထားသည်ကို သူမ မသိရသေးပါ။ အဆိပ်ဖြေဆေးကို မဖော်စပ်ခင် ၎င်းကို သေချာစွာ စစ်ဆေးရပေမည်။

၎င်းသည် လုပ်ငန်းစဉ်တစ်ခု လိုအပ်ပြီး အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်ခဲ့ရင်တောင် အချိန်တစ်ခုလောက်တော့ သူမ လိုအပ်ပါသေးသည်။

ဟဲကျစ်ယန်သည် သူမ၏ အင်္ကျီလက်ကို အကာအကွယ်ယူပြီး သူမ၏ နေရာလွတ်ထဲမှ ငွေအပ်များကို ထုတ်ယူကာ မော့ကျုံးယွမ်၏ အပ်စိုက်အမှတ် နေရာများစွာတွင် လျင်မြန်စွာ စိုက်လိုက်သည်။

မော့ကျုံးယွမ်သည် သူ့ရဲ့ ရုန်းကန်လှုပ်ရှားနေမှုများ အလွန်လျင်မြန်စွာ ငြိမ်သက်သွားပြီး သူ့ကြည့်ရတာ အိပ်ပျော်သွားပုံပါပဲ။

***

All Chapters