လူတိုင်းက ကျုပ်ကို ကွေ့ဟွားလို့ခေါ်တယ်။
Vol. 15 Ch. 178
တစ်ဖက်လူထံမှ သူမ၏ ကလေးကို ဆေးကုသပေးနိုင်ကြောင်း ကြားလိုက်ရသဖြင့် အမျိုးသမီး၏ ကြောက်ရွံ့မှုမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။
အမျိုးသမီးက ဟဲကျစ်ယန်ရှေ့မှာ ဒူးထောက်ပြီး “သခင်မလေး ကျွန်မသမီးလေးကို ကယ်ပေးပါဦး။” ဟု တောင်းဆိုခဲ့သည်။
ဟဲကျစ်ယန်သည် ထိုအမျိုးသမီးကို အမြန်ထရပ်ဖို့ ကူညီပေးခဲ့သည်။
“မရီးက ကျွန်မရဲ့ မေးခွန်းတွေကို ဖြေပေးဖို့ ဆန္ဒရှိနေသရွေ့ မရီးရဲ့ ကလေးကို ကယ်တင်ဖို့က ပြဿနာမရှိဘူး။”
အမျိုးသမီးက အားတက်သရော ခေါင်းညိတ်ပြသည်။
“ကောင်းပြီ၊ မေးပါ။”
“ကျိုးမိသားစု၊ ကျောက်မိသားစုနဲ့ ချွေ့မိသားစုကြားက ဆက်ဆံရေးက ဘယ်လိုလဲမသိဘူး။”
ဒီမေးခွန်းကိုကြားတော့ အမျိုးသမီးက အနည်းငယ် တုန်လှုပ်သွားပုံရသည်။
အမျိုးသမီးက ဘေးဘီဝဲယာကို ခဏလောက် လှည့်ကြည့်ပြီးနောက် တိုးတိုးလေး ပြောသည်။
“သခင်မလေး၊ မင်းတို့ မနေ့က ရှီလင်ကျေးရွာကို ရောက်ရောက်ချင်းမှာပဲ ရွာလူကြီးချွေ့ကို စော်ကားမိသွားပြီ။ မနေ့ညက ကျောက်မိသားစုနဲ့ ကျိုးမိသားစုတို့ကို မင်းတို့နဲ့ အဆက်အဆံ မလုပ်ဖို့ ရွာလူကြီးက လူလွှတ်အကြောင်းကြားထားတယ်။”
ဟဲကျစ်ယန် မျက်မှောင်ကြုတ်သွားသည်၊ “တစ်ယောက်ယောက်က ကျွန်မတို့နဲ့ အဆက်အဆံလုပ်ရင် သူ ဘာလုပ်မှာတဲ့လဲ။”
ထိုအမျိုးသမီးက သက်ပြင်းချသည်၊ “လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါတို့မျိုးနွယ်စုရဲ့ ဦးလေးတစ်ယောက်က အစိုးရက ဒီမှာ နေရာချပေးတဲ့လူတွေကို သနားပြီး ရိက္ခာတွေ လျှို့ဝှက်ပေးခဲ့တယ်။ ရွာလူကြီးချွေ့က လူတစ်ခုကို ခေါ်လာပြီး ဦးလေးရဲ့ ခြေထောက်တွေကို ကျိုးလုမတတ် ရိုက်ချိုးသွားခဲ့တယ်။”
ထိုစကားကိုကြားပြီးနောက် ဟဲကျစ်ယန် ရင်မောသွားသည်။
“ရွာလူကြီးချွေ့က အရမ်းကြီးစိုးခြယ်လှယ်လွန်းတယ်။ သူက လူတွေကို သိမ်းကျုံး အနိုင်ကျင့်နေတာပဲ။ ရှင်တို့တွေ ပြန်မတိုက်ကြဘူးလား။” ဟဲကျစ်ယန်က မယုံကြည်နိုင်စွာ မေးလိုက်မိသည်။
အမျိုးသမီးက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်၊ “ချွေ့မိသားစုမှာ ခရိုင်တရားသူကြီးမင်းဆိုတဲ့ ဆွေမျိုးတစ်ယောက် ရှိတယ်။ ငါတို့လို သာမာန်လူတွေက သူ့ကို ဘယ်လိုလုပ်ပြီး စော်ကားဝံ့မှာလဲ။”
ဟဲကျစ်ယန်က ထပ်မေးလိုက်ပြန်သည်၊ “ဒါဆို ကျောက်မိသားစု၊ ကျိုးမိသားစုနဲ့ ချွေ့မိသားစုကြားက ဆက်ဆံရေးက ဘယ်လိုလဲ။”
“အပေါ်ယံမှာတော့ ကျောက်မိသားစုနဲ့ ကျိုးမိသားစုတွေဟာ ချွေ့မိသားစုနဲ့ လိုက်လျောညီထွေရှိပုံပေါ်ပေမယ့် နောက်ကွယ်မှာ ချွေ့မိသားစုကို ငါတို့အားလုံး အရမ်းမုန်းတယ်။” ဟု အမျိုးသမီးက မကျေမနပ် ပြောပြလာခဲ့သည်။
ထိုအမျိုးသမီး၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ဟဲကျစ်ယန်သည် ကျောက်မိသားစုနှင့် ကျိုးမိသားစုများ၏ အိမ်များကို ငှားရမ်းလိုပါက ရွာလူကြီးချွေ့ကို ခြိမ်းခြောက်ရန် ပထမဆုံး လုပ်ရမည်ဟု ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လိုက်သည်။ မဟုတ်ရင် ဒီမိသားစုနှစ်စုက သူတို့အိမ်တွေကို ငှားရမ်းဖို့ သတ္တိရှိမှာ မဟုတ်ဘူး။
သူမ သိချင်တာ မှန်သမျှကို မေးမြန်းပြီးနောက် ဟဲကျစ်ယန်သည် ကလေးကို ကုသပေးမည်ဟု ကတိပေးခဲ့သည်။
သူမသည် ကလေး၏ နဖူးကို အရင်ဆုံး စမ်းသပ်ကြည့်လိုက်ပြီးနောက် ကလေး၏ ကိုယ်အပူချိန်မှာ အနည်းဆုံး ၃၉ ဒီဂရီစင်တီဂရိတ်ကျော်ရှိသည်ဟု သူမ၏ အတွေ့အကြုံအရ ကောက်ချက်ချခဲ့သည်။
ဟဲကျစ်ယန်သည် ကလေး၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက်တွင် အအေးမိဖျားနာတာဖြစ်ကြောင်း သေချာသွားခဲ့သည်။
ကလေးလေးဟာ အဖျားကြီးနေတာကြာပြီဖြစ်နိုင်တာကြောင့် လောလောဆယ်မှာတော့ အားအင်တွေ မရှိတော့ဘူး။ ဟဲကျစ်ယန်သည် သူမ၏ အေးစက်သော လက်ဖြင့် ကလေး၏ နဖူးကို ထိလိုက်သည့်တိုင် တုံ့ပြန်မှု သိပ်မရှိပေ။
ဤအခြေအနေတွင် အကြောဆေးသွင်းခြင်းကသာ အကောင်းဆုံး ကုသမှု ဖြစ်သည်။
သို့သော်လည်း ဟဲကျစ်ယန်သည် ဆေးကုသမှုအတွက် ထိုးဆေးများကို ပွင့်ပွင့်လင်းလင်း မသုံးစွဲနိုင်ပေ။
ဒုတိယရွေးချယ်မှုအနေဖြင့် ဆေးဝါးကုသမှုသည် တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်သည်။
ဟဲကျစ်ယန်သည် သူမ၏ အသိစိတ်ကို နေရာလပ်နယ်မြေထဲသို့ ဝင်ရောက်သွားစေသည်။ ဆေးရုံဆေးပေးခန်းရှိ အအေးမိဖျားနာအတွက် သင့်လျော်သော ကလေးအထူးကုဆေးဝါးများကို ရွေးချယ်ကာ ဆီစိမ်စက္ကူဖြင့် ပြောင်းလဲထုပ်ပိုးခဲ့သည်။ ထို့နောက် သူမ၏ အင်္ကျီလက်အကာအကွယ်ကို အသုံးပြုကာ သူမ၏ နေရာလပ်နယ်မြေထဲမှ ၎င်းတို့ကို ထုတ်ယူလိုက်သည်။
သူမသည် အမျိုသမီးအား ဆေးထုပ်များစွာကို ပေးကာ အသုံးပြုနည်းကို သေသေချာချာ ရှင်းပြပေးသည်။
“မရီး၊ ဒါက အဖျားကျဆေးပါ။ အိမ်ပြန်ရောက်တာနဲ့ ကလေးကို တိုက်လိုက်ပါ။ နောက်ပြီး ဒီဟာက ကလေးက အအေးမိဖျားနာတာကြောင့် လည်ချောင်းနာတာကို ကုသပေးတဲ့ ဆေးပါ။ ဒါကတော့ အအေးမိတုပ်ကွေးပျောက်ဆေးဝါးပါ။ အဖျားကျဆေးနဲ့ နာရီဝက်လောက်ခြားပြီးမှ အအေးမိတုပ်ကွေးပျောက်ဆေးကို တိုက်ပါ။ နောက်ပြီး ကျွန်မတို့ တောင်ခြေမှာ ခေတ္တအခြေချနေထိုင်နေတယ်။ ကလေးရဲ့ အခြေအနေ ပိုဆိုးရွားလာရင် မရီး ကျွန်မကို လာရှာလို့ ရတယ်။”
အမျိုးသမီးသည် သူမ၏ လက်ထဲက ဆေးအိတ်တွေကို ဆုပ်ကိုင်လိုက်ပြီး ဟဲကျစ်ယန်ဆီကို ဒူးထောင်လိုက်ပြန်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်၊ သမားတော်ကြီး။ ဒီအမျိုးသမီးရဲ့ မျိုးရိုးက ကျိုးပါ။ ကျောက်မိသားစုက လူနဲ့ အိမ်ထောင်ကျပြီး လူတိုင်းက ကျုပ်ကို ကွေ့ဟွားလို့ခေါ်တယ်။”
ဟဲကျစ်ယန်က သူမကို လျင်မြန်စွာ ဆွဲထူခဲ့သည်၊ “အစ်မကွေ့ဟွား၊ ဒီလိုမျိုး အရိုအသေပေးစရာ မလိုပါဘူး။ အခုချိန်ကစပြီး ကျွန်မတို့အားလုံးက တစ်ရွာတည်းသားတွေဖြစ်နေပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အကူအညီပေးတာ သဘာဝပါပဲ။”
ဟဲကျစ်ယန်ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုပြီးနောက်၊ ကွေ့ဟွားသည် နောက်ဆုံးတွင် သူမ၏ ကလေးကို ပွေ့ချီကာ အိမ်သို့ အမြန်ပြန်သွားခဲ့သည်။
မော့ကျိုးယွီတို့သည်လည်း အမျိုးသမီးနှစ်ဦးကြား အပြန်အလှန် စကားပြောဆိုမှု တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ကြသဖြင့် ဟဲကျစ်ယန်၏ ဆုံးဖြတ်ချက်ကို သဘောတူညီခဲ့ကြသည်။
လက်ရှိအခြေအနေအရ ချွေ့မိသားစု၏ မောက်မာမှုကို မနှိမ်နင်းပါက ကျိုးမိသားစု သို့မဟုတ် ကျောက်မိသားစုများမှ အိမ်များကို ငှားရမ်းရန် အခွင့်အရေးရှိမည်မဟုတ်ပေ။
“တူမလေး၊ ငါ အခုပဲ သူတို့နဲ့ ငြင်းခုံဖို့ ချွေ့မိသားစုအိမ်ကို သွားလိုက်ဦးမယ်။”
ဟဲကျစ်ယန်က သူတို့ကို မတားပေမယ့် သူမ သူတို့နဲ့ မလိုက်သွားချင်ဘူး။
အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ ချွေ့မိသားစုသည် ယမန်နေ့က သူတို့လက်ချက်ဖြင့် ဒုက္ခရောက်ခဲ့သည်။ ရွာလူကြီးချွေ့သည် ဒီအကြောင်းကို တရားသူကြီးမင်းချွေ့အား တိုင်ကြားရန် မနက်စောစောတွင် အပြေးအလွှား မြို့တက်သွားမှာ သေချာသည်။ အခု ချွေ့မိသားစုဆီကို သွားရင်တောင် ရွာလူကြီးချွေ့ကို တွေ့နိုင်မှာ မဟုတ်ဘူး။
ရွာလူကြီးချွေ့ကို မတွေ့ရပေမယ့် သူတို့ကို ပြဿနာ နည်းနည်း ရှာပြီး စိတ်ဒုက္ခပေးတာကလည်း သိပ်မဆိုးပါဘူး။
“ဦးလေးတို့၊ ချွေ့မိသားစုမှာ မိသားစုဝင်တွေ အများကြီး ရှိပြီး အင်အားကောင်းတယ်။ ဦးလေးတို့နှစ်ယောက်ပဲ သွားမယ်ဆိုရင် ဦးလေးတို့ ရှုံးနိမ့်သွားနိုင်တယ်။ ဦးလေးတို့နဲ့ လိုက်ဖို့ လူနည်းနည်းလောက် ပြန်ခေါ်တာက ပိုကောင်းလိမ့်မယ်။”
ထိုစကားကိုကြားတော့ ရှဲ့ထျန်းဟိုင် အနည်းငယ် အံ့အားသင့်သွားသည်၊ “တူလေးတို့က ဦးလေးတို့နောက်ကို လိုက်ဖို့ အစီအစဉ်မရှိဘူးလား။”
မော့ကျိုးယွီက ကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်သည်။
“ကျွန်တော်တို့ဇနီးမောင်နှံက ဒီနေ့ မြို့တက်ပြီး ဆေးဖက်ဝင်ပစ္စည်းတွေ ဝယ်ဖို့ စီစဉ်ထားတယ်။ အိမ်ရှာဖို့ အချိန်သိပ်မကြာဘူးလို့ ထင်တဲ့အတွက် ဦးလေးတို့နောက်ကို လိုက်လာခဲ့တာ။ ကျွန်တော်တို့ ချွေ့မိသားစုနဲ့ ငြင်းခုန်ရန်ဖြစ်ဖို့ဆိုရင် အချိန် အတော်လင့်သွားလိမ့်မယ်။ အဲဒီအခါကျရင် မြို့ထဲကို သွားဖို့ အချိန်မလောက်တော့ဘူး။”
ရှဲ့ထျန်းဟိုင်က ခေါင်းညိတ်လိုက်သည်၊ “တူလေးနဲ့ တူမလေးတို့ လုပ်စရာရှိတာ သွားပြီး လုပ်ကြ။ ဒီကိစ္စကို ဖြေရှင်းဖို့ ဦးလေးတို့ မိသားစုဝင်တွေကို ခေါ်ပြီး ချွေ့မိသားစုဆီ အကြောင်းပြချက် သွားတောင်းလိုက်မယ်။”
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့က ရွာလူကြီးချွေ့ အိမ်မှာ မရှိရင်တောင် သွားပြီး ပြဿနာရှာတာက ကောင်းတာပဲဟု တွေးမိကြသည်။ အနည်းဆုံးတော့ ချွေ့မိသားစုက သူတို့ကို အနိုင်ကျင့်ဖို့ မလွယ်ကူကြောင်းကို သိသွားစေလိမ့်မည်။
ထမင်းလုံးလေး၏ နောက်တစ်ကြိမ် အနှောင့်အယှက်ပေးခြင်းမှ ဟန့်တားရန်အတွက် ဟဲကျစ်ယန်သည် ထိုနေရာတွင် ထိုင်စောင့်နေဖို့ ရွေးချယ်ခဲ့သည်။ မော့ကျိုးယွီသည် နွားလှည်းယူရန် တစ်ယောက်တည်း ပြန်သွားခဲ့သည်။
မကြာမီ သူသည် နွားလှည်းကို ပြန်မောင်းလာခဲ့ကာ ဟဲကျစ်ယန် ဝင်ထိုင်ပြီးသည်နှင့် နွားလှည်းကို ခပ်မြန်မြန် မောင်းထွက်လာခဲ့သည်။
မြို့သို့ သွားသည့် ခရီးလမ်းက သိပ်မနီးဘူး။ ရှီလင်ကျေးရွာမှ ရွာသားများသည် မြို့တက်ရန် ချွေ့မိသားစု၏ နွားလှည်းများကို စီးလေ့ရှိကြသည်။
သို့သော်လည်း ယနေ့တွင် ရွာအဝင်ပေါက်မှာ ခရီးသည်များကို ကြိုဆိုဖို့ နွားလှည်းများ စောင့်ဆိုင်းနေခြင်း မရှိပေ။
အကြောင်းပြချက်က ရိုးရှင်းပါတယ်။ အရုဏ်တက်ချိန်တွင် ရွာလူကြီးချွေ့သည် တရားသူကြီးမင်းချွေ့ထံ တိုင်တန်းဖို့ သူ့ကို နွားလှည်းဖြင့် လိုက်ပို့ပေးရန် ညွှန်ကြားခဲ့သည်။
ရွာသားများ ညည်းတွားနေကြစဉ် အဝေးမှ မောင်းနှင်လာတဲ့ နွားလှည်းကို ရုတ်တရက် မြင်လိုက်ကြသည်။
ရွာသားတွေက နွားလှည်းပိုင်ရှင် ဘယ်သူလဲဆိုတာကို မသိကြဘဲ ချွေ့မိသားစုထဲမှ တစ်ယောက်ယောက်က နွားလှည်းကို ထပ်ဝယ်လိုက်တယ်လို့ပဲ ထင်နေကြသည်။
ရွာသားတစ်ယောက်သည် ရှေ့သို့ လျှောက်သွားကာ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့၏ လမ်းကို ပိတ်ဆို့လိုက်သည်။
နွားလှည်းကို ရပ်ခိုင်းပြီးမှ လှည်းမောင်းသူသည် သူစိမ်းဖြစ်ကြောင်း ရွာသားများက ရှင်းရှင်းလင်းလင်း သိမြင်လာကြသည်။
ကျောက်မိသားစုနှင့် ကျိုးမိသားစုများမှ လူများသည် သူတို့စုံတွဲကို ဘယ်သူတွေမှန်း မသိသော်လည်း အစိုးရက ယမန်နေ့က ပြည်နှင်ဒဏ်ပေးခံရတဲ့ အဖွဲ့ တစ်ဖွဲ့ကို သူတို့ရွာမှာ နေရာချပေးလိုက်ကြောင်းကိုတော့ သူတို့ ကြားသိခဲ့ကြသည်။
ဒါကိုတွေးကြည့်ရင် သူတို့နှစ်ယောက်ရဲ့ အထောက်အထားတွေကို အကြမ်းဖျင်း ခန့်မှန်းလို့ ရပါသည်။
ကျောက်မိသားစုနှင့် ကျိုးမိသားစုများသည် သူတို့နှစ်ယောက်အား ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကို ရှောင်နေသကဲ့သို့ အမြန်ပြန်ဆုတ်သွားကြသည်။
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် ကွေ့ဟွားထံမှ ယေဘုယျ အခြေအနေများကို သိရှိထားသောကြောင့် ဤထူးဆန်းမှုကို နားလည်သဘောပေါက်ကြသည်။
ရွာသားတွေ နောက်ပြန်ဆုတ်သွားတာကို မြင်တော့ မော့ကျိုးယွီက သူတို့ကို လျစ်လျူရှုပြီး ဆက်သွားဖို့ ရည်ရွယ်ကာ နွားလှည်းကို ရှေ့ဆက်မောင်းနှင်ခဲ့သည်။
ထိုအချိန်တွင် လူအုပ်ထဲမှ ရွာသားတစ်ဦး ပြေးထွက်လာခဲ့သည်။
ထိုလူသည် စာသင်သားကဲ့သို့ ဝတ်ဆင်ထားပြီး ဖျင်စကြမ်းနှင့် လုပ်ထားသည့် ကျောင်းလွယ်အိတ်ကို ကိုင်ထားသည်။
သူက အနည်းငယ် ရှက်ရွံ့ပုံရကာ မော့ကျိုးယွီကို လက်ဖဝါးကို လက်သီးဆုပ်ဖြင့် ထိကပ်ကာ အရိုအသေပေးလိုက်သည်။
“အစ်ကိုကြီး၊ ကျွန်တော် ကျောင်းတက်ဖို့ အလျင်လိုနေလို့ပါ။ အစ်ကိုကြီး ကျွန်တော့်ကို တင်ခေါ်သွားလို့ အဆင်ပြေနိုင်မလား။”
စာသင်သားက ထိုသို့ ပြောပြီးသည်နှင့် တစ်စုံတစ်ယောက်က သူ့ကို အမြန်ဖမ်းခေါ်သွားသည်။
“ကျစ်ချွမ်း၊ ဒီကို ပြန်လာခဲ့။”
ကျောက်ကျစ်ချွမ်းသည် နောက်ကို ပြန်လှည့်ကြည့်လိုက်သည်၊ “အစ်ကိုကြီး၊ မင်းက ချွေ့မိသားစုကို ကြောက်ပေမယ့် ကျွန်တော် မကြောက်ဘူး။ ကျွန်တော်တို့အားလုံးက ရွာသားတွေပဲ။ ချွေ့မိသားစုက ကျွန်တော်တို့အပေါ် လွှမ်းမိုးတာကို ဘာဖြစ်လို့ လက်ခံရမှာလဲ။”
***