သူ့ခေါင်းမှာ ဒဏ်ရာသေးသေးလေးတစ်ခုရှိတယ်။
Vol. 15 Ch. 172
မော့ကျုံးယွမ် ငြိမ်သွားတာကိုမြင်တော့ ကျန်တဲ့သူတွေက အိမ်လေးထဲကို ပတ်ကြည့်ဖို့ အချိန်ရသွားခဲ့သည်။
အခန်းက သိပ်မကျယ်ဘူး။ ကုတင်တစ်လုံးမှလွဲ၍ တံခါးထောင့်နားမှာ သံအိုးတစ်လုံးရယ် ပန်းကန်လုံး တစ်စုံနှင့် ထမင်းစားတူများသာ ရှိသည်။
ပဥ္စမအစ်ကို အမဲလိုက်ထားပုံရသည့် ယုန်သေတစ်ကောင်လည်း ဘေးတွင် ရှိနေသည်။
ဤအရာများသည် မော့ကျုံးယွမ် နေ့စဉ် အသုံးပြုသည့်အရာများ ဖြစ်လိမ့်မည်ဟု လူတိုင်း ခန့်မှန်းမိကြသည်။
ဟိုဟိုဒီဒီကြည့်ရှုစစ်ဆေးပြီးနောက် မော့ကျိုးယွီက ပြောလိုက်သည်။
“အဋ္ဌမအစ်ကို၊ အမေနဲ့ မရီးတွေက ကျွန်တော်တို့ဆီက သတင်းကို စောင့်နေကြတုန်းပဲ။ အစ်ကိုကြီး အရင်ပြန်ပြီး အကျိုးအကြောင်းလေး ပြောလိုက်ပါလား။ ပဥ္စမအစ်ကို ပြုစုစောင့်ရှောက်ဖို့ ကျွန်တော်နဲ့ ယန်ယန် ဒီမှာ စောင့်နေလိုက်မယ်။”
ဤနေရာတွင် လူနေထိုင်နိုင်သော အိမ်များ မရှိတော့ချေ။ ယခုအချိန်တွင် အခြားသော မျိုးနွယ်စုနှစ်စု၏ နေရာများတွင် တည်းခိုရန် မဖြစ်နိုင်တော့ပေ။ ကံကောင်းထောက်မစွာဖြင့် လူတိုင်းထံတွင် ရွက်ဖျင်တဲများ ရှိနေကြသဖြင့် အနီးနားတွင် တဲများ ဆောက်ခဲ့ကြသည်။ ရွက်ဖျင်တဲများ၏ အနီးတစ်ဝိုက်တွင် နောက်ထပ် မီးပုံအချို့ကို ပြုလုပ်ခြင်းဖြင့် ညဘက်တွင် အိပ်စက်အနားယူရန် ပြဿနာမရှိပေ။
မော့ချူဟန်သည် အိပ်ပျော်နေပြီဖြစ်သော မော့ကျုံးယွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ဖြေခဲ့သည်၊ “ကောင်းပြီလေ၊ ငါ အရင်ပြန်နှင့်ပြီး စီစဉ်စရာရှိတာတွေကို စီစဉ်လိုက်မယ်။ ပဥ္စမအစ်ကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ မင်းတို့နှစ်ယောက်ကိုပဲ ဒုက္ခပေးရဦးမယ်။”
မော့ချူဟန်၏ ပုံရိပ် ပျောက်ကွယ်သွားသည့်အထိ စောင့်ကြည့်ပြီးနောက် ဟဲကျစ်ယန်သည် အလင်းရောင်အတွက် ယာယီအသုံးပြုရန် နေရာလွတ်ထဲမှ ဓာတ်မီးတစ်လက်ကို ထုတ်ယူလိုက်သည်။
မော့ကျိုးယွီက မေးသည်၊ “ကျစ်ယန်၊ ပဥ္စမအစ်ကိုရဲ့ အဆိပ်အတွက် ဖြေဆေးရှိလား။”
“ကျွန်မ အဆိပ်ဖြေဆေးကို ဖော်စပ်ပေးနိုင်ပေမယ့် အချိန်နည်းနည်းတော့ ကြာလိမ့်မယ်။”
သူမ စကားပြောနေစဉ်မှာပင် နေရာလွတ်ထဲမှ သွေးထုတ်ယူသည့် ကိရိယာအစုံကို ထုတ်ယူလိုက်သည်။ ဟဲကျစ်ယန်သည် မော့ကျုံးယွမ်ထံမှ သွေးအချို့ကို သူမ၏ နေရာလွတ်ထဲသို့ ယူဆောင်သွားခဲ့သည်။
“အခုအချိန်မှာ အဆိပ်ကို လေ့လာဖို့ အဆင်မပြေဘူး။ နောက်မှ လုပ်ရမယ်။”
လက်ရှိတွင် မော့ကျုံးယွမ်၏ အဆိပ်ကို မဖြေပေးနိုင်သေးသော်လည်း သူ့ကို သံကြိုးများဖြင့် ချည်နှောင်ထားသည့် အနေအထားအတိုင်း ဆက်ထားဖို့က မဖြစ်နိုင်ပေ။
ထိုအချိန်တွင် ဟဲကျစ်ယန်၏ ဓာတ်မီးအလင်းရောင်သည် မြေကြီးပေါ်ရှိ သော့တစ်ခုအပေါ်သို့ ကျရောက်သွားခဲ့သည်။
ဟဲကျစ်ယန်သည် သော့ကို ကောက်ယူပြီး သံကြိုးပေါ်ရှိ သော့နှင့် တိုင်းတာကြည့်လိုက်သည်။
မော့ကျိုးယွီက သော့ကိုယူကာ ချိန်းကြိုးကို တိုက်ရိုက်ဖွင့်လိုက်သည်။
ဤသော့ကိုကြည့်ခြင်းအားဖြင့် မော့ကျုံးယွမ်သည် သူ့ဖာသာသူ သော့ခတ်ထားသည်ဟု ကောက်ချက်ချနိုင်သည်။
ဖြစ်နိုင်ခြေအရှိဆုံးအကြောင်းအရင်းမှာ အဆိပ်ထနေချိန်အတွင်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
မော့ကျိုးယွီသည် မော့ကျုံးယွမ်ကို သက်တောင့်သက်သာ အိပ်စက်နိုင်စေရန် ကုတင်ပေါ်သို့ ရွှေ့ပေးလိုက်သည်။
သူ့စိတ်ထဲမှာ မေးခွန်းတွေ ဆက်တိုက်ပေါ်လာခဲ့တယ်။
ပဥ္စမအစ်ကိုက အသက်ရှင်နေသေးရက်သားနဲ့ မိသားစုကို ဘာကြောင့် မဆက်သွယ်ခဲ့တာလဲ။
နောက်ပြီး ပဥ္စမအစ်ကိုက ဘာဖြစ်လို့ ဒီမှာ ရောက်နေတာလဲ။
ပဥ္စမအစ်ကိုကို ဘယ်သူ အဆိပ်ခတ်တာလဲ။
လွန်ခဲ့သော ခြောက်နှစ်က အရင်ဆုံး သေဆုံးခဲ့သည့် မော့မိသားစုဝင်မှာ မော့ကျုံးယွမ် ဖြစ်သည်။
ထိုအချိန်တွင် မော့ကျိုးယွီသည် နန်ချီ၏ စာသင်ဖော်ဖြစ်နေဆဲဖြစ်သည်။
မော့မိသားစုမှ ရရှိသော သတင်းမှာ မော့ကျုံးယွမ်သည် ရန်သူကို လိုက်ဖမ်းရန် တပ်ဖွဲ့ကို ဦးဆောင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ရန်သူ၏ ထောက်ချောက်ထဲသို့ ကျဆင်းသွားခဲ့သည်။
အဲဒီညမှာပဲ အသက်ရှင်ကျန်ရစ်သော စစ်သည်များသည် သူ့အလောင်းနှင့်အတူ ပြန်လာခဲ့ကြသည်။
မော့ကျိုးယွီသည် ဒီအကြောင်းကို ပိုတွေးလေလေ စိတ်ရှုပ်ထွေးလာလေလေ ခံစားရသည်။ သူ့ပဥ္စမအစ်ကို အဆိပ်ခတ်ခံရပြီးနောက် ဘာကြောင့် ဒီနေရာကို ရောက်ရှိနေတာလဲ ဆိုတာကို သူ တွေးကြည့်လို့ မရဘူး။
ပဥ္စမအစ်ကို နိုးလာပြီးမှ ဤအရာအားလုံးကို အဖြေထုတ်နိုင်မည့်ပုံရှိသည်။
မော့ကျုံးယွမ် အသက်ရှင်နေသေးကြောင်း မော့ချူဟန်က မော့မိသားစုမှ အမျိုးသမီးများအား အပြေးအလွှား သွားရောက် အကြောင်းကြားပြီး ဒီကို ရောက်လာဖို့ အနည်းဆုံး ဆယ်မိနစ်ခန့် အချိန်ယူရလိမ့်မည်ဟု ဟဲကျစ်ယန်က တွက်ဆထားခဲ့သည်။
အခုဆို မော့ချူဟန် ထွက်သွားသည်မှာ ငါးမိနစ်လောက် ရှိပြီမို့ ကျန်ဆယ်မိနစ်တွင် မော့ကျုံးယွမ်အား အမြန်စစ်ဆေးကြည့်ဖို့ စီစဉ်ထားသည်။
ဒါကိုတွေးပြီး ဟဲကျစ်ယန်သည် မော့ကျိုးယွီနှင့် မော့ကျုံးယွမ်တို့ကို သူမ၏ နေရာလွတ်ထဲသို့ အတူဆွဲခေါ်သွားခဲ့သည်။
သူမသည် မော့ကျုံးယွမ်၏ ဦးခေါင်းနှင့် နှလုံး၊ အရေးကြီးသော ကိုယ်အင်္ဂါနှစ်ခုကို တတ်နိုင်သမျှ မြန်မြန်စစ်ဆေးရန် သူမ၏ ခွဲစိတ်ခန်းသုံးကိရိယာများကို အသုံးပြုခဲ့သည်။
နောက်မှ ရောက်လာမည့် မော့မိသားစုဝင်တွေ ရှာဖွေတွေ့ရှိနိုင်တဲ့ သဲလွန်စတွေ ကျန်နေရစ်မှာကို ရှောင်ရှားဖို့အတွက် မော့ကျုံးယွမ်ကို စစ်ဆေးပြီးတာနဲ့ သူတို့နှစ်ယောက်ကို သူမ၏ နေရာလွတ်ထဲကနေ ပြန်ခေါ်ထုတ်ခဲ့သည်။
မော့ကျုံးယွမ်ကို ကုတင်ပေါ် ပြန်လှဲပေးပြီးနောက် မော့ကျိုးယွီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ယန်ယန်၊ ပဥ္စမအစ်ကိုရဲ့ ကျန်းမာရေးက ဘယ်လိုလဲ။”
“ပဥ္စမအစ်ကိုက သူ့ခေါင်းနဲ့ ပတ်သက်တဲ့ ပြဿနာတချို့ ရှိပေမယ့် ကျန်တာအားလုံး အဆင်ပြေတယ်။”
မော့ကျိုးယွီက အနည်းငယ် စိတ်ရှုပ်သွားသည်။
“ပဥ္စမအစ်ကိုရဲ့ ခေါင်းက ဘာဖြစ်သွားတာလဲ။”
“သူ့ခေါင်းထဲမှာ သွေးခဲနေတဲ့ ဒဏ်ရာလေးတွေ ရှိတယ်၊ ကြည့်ရတာ ပြင်ပဒဏ်ရာကြောင့် ဖြစ်နိုင်တယ်။”
မော့ကျိုးယွီက သေချာအောင် ထပ်မေးသည်၊ “ဒီသွေးခဲလေးတွေက ပဥ္စမအစ်ကိုကို အသိစိတ် ယိုယွင်းစေနိုင်လား။”
ဟဲကျစ်ယန်က ခေါင်းခါလိုက်သည်၊ “ပဥ္စမအစ်ကိုက မနိုးလာသေးတဲ့အတွက် သူ့မှာ ဘယ်လို ထိခိုက်မှုမျိုး ရှိထားတယ်ဆိုတာ အတိအကျ မသိနိုင်ဘူး။ ဖြစ်နိုင်ခြေအများဆုံးကတော့ ယာယီမျက်စိကွယ်တာ ဒါမှမဟုတ် အကြားအားရုံ ဆုံးရှုံးခြင်းတွေ ဖြစ်နိုင်တယ်။
ခန္ဓာကိုယ်တစ်ခြမ်း လေဖြန်းတာမျိုး၊ အတိတ်မေ့တာမျိုး စတာတွေတောင် ဖြစ်နိုင်တယ်…။”
ဒါကိုကြားတော့ မော့ကျိုးယွီ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
“တကယ်လို့ ပဥ္စမအစ်ကိုမှာ အဲဒီပြဿနာတွေရှိနေမယ်ဆိုရင် မင်း သက်သာပျောက်ကင်းအောင် ကုသပေးနိုင်လောက်လား။”
“ကျွန်မ ဒါကို အတိအကျပြောဖို့ခက်တယ်။ ဒါက သီးခြားအခြေအနေအပေါ် မူတည်တယ်။”
အခန်းထဲတွင် ခေတ္တတိတ်ဆိတ်သွားသည်။
ဟဲကျစ်ယန်သည် မော့ကျုံးယွမ်၏ ဦးခေါင်းထဲရှိ သွေးခဲတွေက မည်သို့ အကျိုးသက်ရောက်မှုရှိမည်ကို တွေးတောနေခဲ့သည်။
ယခုအချိန်တွင် သူမ ဖယ်ထုတ်ထားနိုင်သည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ မော့ကျုံးယွမ်ကို ပထမဆုံးတွေ့ရှိချိန်တွင် သူက မတ်တပ်ရပ်နေသည့်အနေအထားတွင်ရှိပြီး သူ့ခြေနှစ်ဖက်လုံးရှိ ခွန်အားသည် အတော်လေးကို ဟန်ချက်ညီနေပုံရသောကြောင့် ယင်းဖြစ်နိုင်ခြေကို ဖယ်ထုတ်နိုင်ခဲ့သည်။
ကျန်တာတွေကတော့ မော့ကျုံးယွမ် နိုးလာတဲ့အထိ စောင့်ဆိုင်းရပါလိမ့်မည်။
မော့ကျိုးယွီသည် အတော်လေး စိတ်ပူသွားသည်။ ပဥ္စမအစ်ကိုက ခေါင်းမာသော အကျင့်စရိုက် ရှိသည်။ သူ အသိပြန်ဝင်လာချိန်တွင် သူ့ခန္ဓာကိုယ်မှာ ချို့ယွင်းချက်ရှိနေကြောင်း သိလိုက်ရပြီးနောက် ပြင်းထန်စွာ နာကျင်သွားလိမ့်မည်။
နှစ်ယောက်သား ဟိုဟိုဒီဒီ အတွေးများနေစဉ်မှာပင် အပြင်ဘက်တွင် ခပ်မြန်မြန် လှမ်းလျှောက်လာသော ခြေသံများနှင့် အမျိုးသမီးငိုသံတွေကို ကြားလိုက်ရသည်။
ဟဲကျစ်ယန်က ဓာတ်မီးကို သူမ၏ နေရာလွတ်ထဲသို့ အမြန်ထည့်လိုက်သည်။
သခင်မကြီးမော့၏ အသံသည် လူကိုယ်တိုင် မရောက်လာမီ အရင်ရောက်လာခဲ့သည်။
“ချူဟန်၊ မင်းပဥ္စမအစ်ကိုက တကယ် ဒီမှာ ရှိနေတာလား။”
“အမေ၊ ပဥ္စမအစ်ကိုက တကယ်ပဲ ဒီမှာ ရှိနေတယ်။ အမေ သူ့ကို မကြာခင် တွေ့နိုင်တော့မှာပါ။”
မကြာခင်မှာ အပြင်ကနေ တံခါးကို တွန့်ဖွင့်လာပြီး အရင်ဆုံး အပြေးဝင်လာသူကတော့ ပဥ္စမမရီးပါပင်။
သူမသည် ဟဲကျစ်ယန်ဆီသို့ အမြန်ပြေးလာပြီး သူမ၏ လက်ကို လှမ်းဆွဲလိုက်သည်။
“နဝမခယ်မလေး၊ နင့်ပဥ္စမအစ်ကို ဘယ်မှာလဲ။”
မော့ချူဟန်၏ လက်ထဲရှိ မီးတိုင်အလင်းရောင်၏ အကူအညီဖြင့် ဟဲကျစ်ယန်သည် သူမ၏ ပဥ္စမမရီးကို ကုတင်ဘေးသို့ ပို့ဆောင်ပေးခဲ့သည်။
“မရီး အရမ်းစိတ်မလှုပ်ရှားပါနဲ့။ ပဥ္စမအစ်ကိုက မေ့မြောနေတုန်းပဲ။ ဒီမှာနေပြီးတော့ သူ့ကို အရင်ကြည့်ပါဦး။”
ယခုအချိန်တွင် ပဥ္စမမရီးသည် ဟဲကျစ်ယန်၏ အကြံဉာဏ်ကို ဘယ်လိုလုပ်ပြီး နားထောင်နိုင်မည်နည်း။
ပဥ္စမမရီးသည် မော့ကျုံးယွမ်၏ ခန္ဓာကိုပေါ်သို့ ပစ်လှဲချပြီး ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်သည်။
“ယောကျာ်း၊ ရှင် တကယ် အသက်ရှင်နေသေးတယ်။ အရမ်းကောင်းတယ်၊ ရှင် မသေသေးဘူး… ဝူးဝူး…”
ပဥ္စမမရီးသည် မော့ကျုံးယွမ်၏ ခန္ဓာကိုယ်ကို အခုချက်ချင်း နိုးထစေချင်သလို
အရူးကဲ့သို့ လှုပ်ယမ်းလိုက်သည်။
သခင်မကြီးမော့သည်လည်း မော့ဟန်ယွဲ့နှင့် မော့ချူဟန်တို့က တစ်ဖက်တစ်ချက်ကနေ တွဲခေါ်လာပေးပြီး မော့ကျုံးယွမ်ရဲ့ အိပ်ရာဘေးကို ရောက်လာခဲ့သည်။
ဟဲကျစ်ယန်သည် ရှေ့သို့ တိုးလာကာ ပဥ္စမမရီးအား အတင်းဆွဲခွာပေးခဲ့ရသည်။
“မရီး၊ ပဥ္စမအစ်ကိုရဲ့ ကျန်းမာရေးက မကောင်းဘူး။ မရီး သူ့ကို မထိခိုက်စေချင်ဘူးမလား။”
တကယ်တော့ ပဥ္စမမရီး မော့ကျုံးယွမ်ကို အကြိမ် အနည်းငယ် လှုပ်ခါတာဟာ ဘာမှ ထိခိုက်မှု မဖြစ်စေခဲ့ပါဘူး။ ဟဲကျစ်ယန်သည် ယခုအချိန်တွင် ပဥ္စမမရီးက အရမ်းစိတ်လှုပ်ရှားနေမှန်းကို သိသဖြင့် ဒါကသာ သူမအား စိတ်အေးစေရန် အကြံပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်သည်ဟု ဟဲကျစ်ယန်က ယူဆခဲ့သည်။
ခင်ပွန်းဖြစ်သူ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟု ကြားသိရပြီးနောက် ပဥ္စမမရီးက သူ့လုပ်ရပ်တွေကို ချက်ချင်း ရပ်လိုက်သည်။
ပဥ္စမမရီးသည် သူမ၏ မျက်ရည်များကို မကျေမနပ်ဖြင့် သုတ်ဖယ်ကာ မတ်တပ်ထရပ်လိုက်သည်။
“နဝမခယ်မလေး၊ နင့်ပဥ္စမအစ်ကိုကို ကျိန်းသေပေါက် ကယ်တင်ပေးဖို့ ငါနင့်ကို တောင်းပန်ပါတယ်နော်။”
ပဥ္စမမရီးက အားတက်သရော ခေါင်းညိတ်ကာ စကားဆိုသည်၊ “ဟုတ်တယ်၊ နဝမညီမလေးက အစ်မ တွေ့ဖူးသမျှမှာ အစွမ်းထက်ဆုံး သမားတော်ပဲ။ နင့်ပဥ္စမအစ်ကိုကို သေချာပေါက် ကုသပေးနိုင်လိမ့်မယ်။”
ထိုအချိန်တွင် သခင်မကြီးမော့သည် ကုတင်ဘေးနားသို့ ရောက်လာပြီး မီးတိုင်အလင်းရောင်ကိုသုံးပြီး မော့ကျုံးယွမ်၏ အသွင်အပြင်ကို ဂရုတစိုက်ကြည့်နေခဲ့သည်။
“ကျုံးယွမ်၊ အမေ ဒီမှာလေ။ သား မျက်လုံးဖွင့်ပြီး အမေ့ကို ကြည့်ပါဦး…။”
သူမ ပြောနေစဉ်မှာပင် သခင်မကြီးမော့သည် သူမ၏ ခံစားချက်များကို မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ငိုကြွေးခဲ့သည်။
မော့မိသားစုက ဘာအမှားလုပ်ခဲ့မိလို့လဲ။ သားတစ်ယောက် သေရွာမှ အသက်ရှင်ပြီး ပြန်ရောက်လာတာ ကောင်းပါတယ်၊ ဒါပေမယ့် သူတို့အားလုံး ဘာဖြစ်လို့ ဒီလောက်တောင် အဖြစ်ဆိုးနေရတာလဲ။
မော့ဟန်ယွဲ့သည်လည်း ဘေးနားမှာ မရပ်မနား ငိုကြွေးနေခဲ့သည်။ ပဥ္စမမရီးသည် လက်ရှိတွင် သူတောင်းစားနှင့် တူနေသော မော့ကျုံးယွမ်၏ အခြေအနေကိုမြင်တော့ သူမ စိတ်ထိခိုက်သွားမိသည်။
အားလုံးက မော့ကျုံးယွမ်ရဲ့ ဘေးနားမှာ ရှိနေခဲ့ပြီး ဘယ်သူမှ ထွက်သွားဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။
***