← Chapters

ပိုင်ရှင်

Vol. 35 Ch. 512

ပိုင်ရှင်

Vol. 35 Ch. 512

စံအိမ်ပိုင်ရှင်သည် သူ၏ တည်ငြိမ်မှုများ ပျောက်ဆုံးနေပြီး ပင်ပန်းနွမ်းနယ်နေပုံ ရသည်။ သူသည် ကောင်းမင် ခန့်မှန်းထားသည်ထက် စောစီးစွာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ နောက်ကျိနေသော ရေခဲဆူးချွန်မှာ ညစ်ပတ်သော ရေများအဖြစ် ပြောင်းလဲသွားပြီး ကောင်းမင်၏အဝတ်အစားများကို စိုရွှဲသွားစေသည်။ ပြတင်းပေါက် အပြင်ဘက်မှ တောင်တက်သမားသည် ပိုင်ရှင်ကို မြင်လိုက်ရသောအခါ သူ၏ဦးခေါင်းကို ပြတင်းပေါက်နှင့် ဆောင့်လိုက်သည်။ သူ၏ ဦးခေါင်းခွံသည် ပုံစံပျက်သွားသည်နှင့်အမျှ မှန်ချပ်မှာလည်း အက်ကွဲလာတော့သည်။

ပိုင်ရှင်သည် လိုက်ကာများကို ပိတ်ရန် အခန်းထဲသို့ ပြေးဝင်လာသည်။ သူ၏ အသံမှာ အေးစက်သွားသည်။

“ဘာလို့ လိုက်ကာတွေကို ပြန်ဖွင့်လိုက်တာလဲ၊ ခင်ဗျားသေချင်နေတာလား”

“ကျုပ်ဖွင့်တာ မဟုတ်ပါဘူး၊ ကျုပ်အိပ်နေတုန်းမှာ ရုတ်တရက် အေးစက်သွားတာနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်နှာကြက်က ရေခဲဆူးချွန်ကြီးက ကျုပ်မျက်လုံးကို ချိန်ထားတာ တွေ့လိုက်ရတာ၊ နှင်းလူက ကျုပ်အခန်းထဲ ရောက်နေပြီ၊ သူ ကျုပ်ကို သတ်ချင်နေတာ”

ကောင်းမင်၏ မျက်လုံးများမှာ နီရဲနေပြီး သူ၏လက်များတွင် ညစ်ပတ်သော ရေများ ပေကျံနေသည်။ သူသည် စံအိမ်ပိုင်ရှင်အနားသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်သောအခါ ပိုင်ရှင်က ရိုင်ဖယ်သေနတ်ဖြင့် ကောင်းမင်ကို ချက်ချင်း ချိန်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။

“အဲ့ဒီမှာပဲ ရပ်နေ၊ မလှုပ်နဲ့၊ ထပ်နီးလာရင် ကျုပ်ပစ်လိုက်မယ်”

“နှင်းလူက ဒီမှာပဲ ရှိနေသေးတာဖြစ်မယ်၊ သူ မထွက်ပြေးသေးဘူး”

ကောင်းမင်သည် နောက်တစ်လှမ်း ပြန်ဆုတ်လိုက်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“ကျုပ် သိတယ်”

အခန်းထဲတွင် ငါးညှီနံ့များ ထွက်ပေါ်နေသည်ကို ပိုင်ရှင် ခံစားမိသည်။ အခန်းတစ်ခုလုံးသည် အရှေ့ဘက်ရေကန်ထဲတွင် နစ်မြုပ်နေသကဲ့သို့ ခံစားရသည်။

“မီးဖိုချောင်ကို သွားပြီး မီးအိုးနဲ့ ထင်းတွေ သွားယူပါ”

“သိုလှောင်ရုံထဲမှာ ထင်းတွေ ကုန်သွားပြီ”

“ဒါဆိုရင် အသစ်သွားခုတ်လိုက်”

ကောင်းမင်သည် အခန်းထဲမှ အမြန်ပြေးထွက်လာခဲ့သည်။ သူ ပထမထပ်သို့ မရောက်မီ မီးဖိုချောင်ထဲမှ ထင်းခုတ်သံများကို ကြားလိုက်ရသည်။ ကံကောင်းသည်မှာ ပိုင်ရှင်က အခန်း ၂၀၀၉ တွင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

“ဒီလူက ဒီအခွင့်အရေးကို သုံးပြီး နှင်းလူကို သတ်ဖို့ ကြိုးစားနေတာလား”

ပိုင်ရှင်၏ သေနတ်မှာ အလွန်ထူးခြားသည်။ ထိုသေနတ်နှင့် အပစ်ခံရသော သရဲများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။ သို့သော်လည်း သေနတ်တွင် ကျည်ဆန် အကန့်အသတ်သာ ရှိပေသည်။

ကောင်းမင် မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်။ သစ်သားမှုန့်များမှာ နေရာအနှံ့ ပျံ့လွင့်နေသည်။ ကျိဂဲက သူ၏အပေါ်အင်္ကျီကို ချွတ်ထားပြီး ပုဆိန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။ သူ၏ ကြွက်သားများသည် နှစ်ဆခန့် ဖောင်းကြွနေပြီး ကိုယ်ပေါ်မှ ချွေးများမှာ အငွေ့ပျံနေသဖြင့် သူသည် မြူဖြူဖြူတစ်လွှာဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေသည်။ 'အရူးလေး' သည်လည်း သူ၏ဘေးတွင် ကြိုးစားပမ်းစား လုပ်ကိုင်နေသည်။ သူ၏ ခွန်အားမှာ ကျိဂဲထက် မနည်းပေ။ သူ့ထံမှ အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူတို့နှစ်ယောက် ပူးပေါင်း၍ စက္ကန့်သုံးဆယ်ပင် မပြည့်မီမှာပင် သစ်သားတံခါးကို ရိုက်ချိုးလိုက်ကြသည်။

“အထဲကို မဝင်နဲ့ဦး”

ကောင်းမင်သည် ပိုင်ရှင်ဆီမှ အတုယူ၍ ဆီမီးအိမ်ကို တံခါးအောက်သို့ နှိမ့်ချလိုက်သည်။ အလင်းရောင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ မှောင်မည်းနေသော မြေအောက်ခန်းသည် မိစ္ဆာတစ်ကောင်နှင့် တူနေလေသည်။ အကြိမ်အနည်းငယ် ကြိုးစားကြည့်ပြီးနောက် ဆီမီးအိမ်မှာ ပြန်လည်လင်းထိန်လာသည်။ ကောင်းမင်နှင့် ချန်ကျင်းတို့ အောက်သို့ ခုန်ဆင်းလိုက်ကြသည်။ မြေအောက်ခန်းမှာ L ပုံသဏ္ဌာန်ရှိပြီး သူတို့ ထင်ထားသည်ထက် ပို၍ ကျယ်ဝန်းသည်။ အပြင်ဘက် ပတ်လည်တွင် ဆားရည်စိမ်ထားသော မုန်လာဥနီများ၊ဂေါ်ဖီထုပ်များဖြင့် ပြည့်နေသည်။ စည်ပိုင်းများထဲမှ ထူးဆန်းသော အနံ့အသက်များ ထွက်ပေါ်နေသည်။ အတွင်းထဲသို့ ပို၍ နက်နက်ဝင်လေ အပူချိန်မှာ ပိုကျဆင်းလေ ဖြစ်သည်။ ၎င်းသည် ကောင်းမင်အပေါ် သိပ်သက်ရောက်မှု မရှိသော်လည်း ချန်ကျင်းမှာမူ အနည်းငယ်မူးဝေပြီး ပျို့အန်ချင်သလို ခံစားရသည်။

“မြန်မြန်လုပ်ကြ”

ယောင်ယောင်က အပေါ်မှနေ၍ လောဆော်နေသည်။ ချန်ကျင်းသည် ကောင်းမင်ကို ကျော်ဖြတ်ကာ လျှောက်သွားလိုက်ပြီး ဂူနံရံများကို စမ်းကြည့်လိုက်သည်။ ဆီမီးအိမ်၏ အလင်းရောင်ကို အသုံးပြု၍ ရှေ့သို့ မီတာအနည်းငယ် ထပ်တိုးလိုက်သည်။ ထိုလမ်းကြောင်းသည် စံအိမ်၏အောက်ခြေကို ဖြတ်၍ တူးထားခြင်း ဖြစ်သည်။ အနက်ရှိုင်းဆုံး အပိုင်းတွင် ထူးဆန်းသော အနံ့တစ်ခု ရှိနေသည်။

“ဒီအနံ့ကို ဖုံးကွယ်ဖို့အတွက် ဆားရည်စိမ်တာကို သုံးထားတာပဲ”

ချန်ကျင်းသည် ဆီမီးအိမ်ကို မြှောက်လိုက်ပြီး စည်ပိုင်းကြီးတစ်ခု၏အဖုံးကို မလိုက်သည်။ ပုပ်အဲ့အဲ့အနံ့တစ်ခုသည် သူ၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။ စည်ပိုင်းထဲတွင် သိုးပေါက်တစ်ကောင်၏ အလောင်းကို ထည့်ထားသည်ကို သူမြင်လိုက်ရသည်။ အသားများကို လှီးဖြတ်၍ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆားများဖြင့် စိမ်ထားခြင်း ဖြစ်သည်။

“မြေအောက်မှာ အသားတွေကို သိုလှောင်လို့ ရလို့လား”

ချန်ကျင်းသည် ထိုအကြောင်းကို မကြားဖူးပေ။ သူက တခြားစည်ပိုင်းများကို ဆက်ဖွင့်ကြည့်လိုက်သည်။ အနံ့ဆိုးမှာ ပို၍ ပြင်းထန်လာသည်။ သူ နှာခေါင်းကို ပိတ်လိုက်ပြီး နောက်ဆုတ်ရန် ပြင်နေစဉ် ကောင်းမင်က နောက်ဆုံးစည်ပိုင်းကို ဖွင့်လိုက်သည်။ လေထုမှာ အေးစက်သွားသည်။ ကောင်းမင်နှင့် ချန်ကျင်းတို့ စည်ပိုင်းထဲသို့ ငုံ့ကြည့်လိုက်သောအခါ သူတို့၏ ကျောရိုးများမှာ စိမ့်တက်သွားတော့သည်။

ထိုစည်ပိုင်းထဲတွင် တိရစ္ဆာန်အသားကို စိမ်ထားခြင်း မဟုတ်ဘဲ ခေါင်းမရှိသော အမျိုးသား အလောင်းတစ်ခုကို စိမ်ထားခြင်း ဖြစ်သည်။ အလောင်းမှာ ပိန်လှီပြီး သေးငယ်နေသည်။ သူသည် အသက် ၂၀ ခန့်သာ ရှိဦးမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများအရ ထိုအလောင်းမှာ မသေဆေး ကုမ္ပဏီ၏ မြေအောက်ဓာတ်ခွဲခန်းရှိ ကုတင်ပေါ်တွင် လဲလျောင်းနေသော အိပ်မက်ဆိုး ပိုင်ရှင်နှင့် ဆင်တူနေသည်။

“သူက အိပ်မက်ဆိုးရဲ့ပိုင်ရှင်အစစ်ပဲ”

ယခင်အိပ်မက်ဆိုးတွင် မိန်းကလေးသည် သူမ၏ အိမ်ထဲတွင် ပိတ်မိနေခဲ့သည်။ ဤအိပ်မက်ဆိုး၏ ပိုင်ရှင်မှာမူ ထိုထက် ပိုဆိုးရွားသော ကံကြမ္မာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ကောင်းမင်သည် သူ့မျက်နှာကိုပင် မမြင်ဖူးသေးပေ။

“နှင်းလူက ဒီခန္ဓာကိုယ်ကို ရှာနေတာလား”

ကောင်းမင်သည် ရေခဲထဲရှိ နောက်ကျိနေသော မျက်နှာကို မြင်ယောင်လိုက်သည်။ ထိုမျက်နှာမှာ ညီငယ်လေး၏ မျက်နှာနှင့် ဆင်တူသည်။

“အစ်ကိုဖြစ်သူက အပိုင်းပိုင်း ဖြတ်ခံလိုက်ရတယ်၊ ခန္ဓာကိုယ်ကို မြေအောက်ခန်းထဲမှာ ထည့်ထားပြီး ခေါင်းကိုတော့ နှင်းလူထဲမှာ ထည့်ထားတယ်၊ ဒါက အမှန်တရားလား”

“အခု ကျုပ်တို့ ဘာလုပ်ကြမလဲ”

ချန်ကျင်းက စိတ်ပျက်သွားသည်။ သူတို့ သုံးယောက်သည် အိပ်မက်ဆိုးထဲမှ ထွက်ခွာမည့်လမ်းကို ရှာဖွေရန် တံခါးကို ဖွင့်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် အိပ်မက်ဆိုးနောက်ကွယ်မှ ပုံပြင်ကို စိတ်မဝင်စားကြပေ။ သူတို့သည် အိပ်မက်ဆိုးထဲမှ ထွက်ခွာပြီး မသေဆေးကုမ္ပဏီထံမှ ပိုက်ဆံရချင်ရုံသာဖြစ်သည်။ သူတို့မှာ ကျွမ်းကျင်သော အိပ်မက်ဆိုး မုဆိုးများ မဟုတ်ပါလား။

ကောင်းမင်သည် စည်ပိုင်းထဲသို့ လက်လှမ်းလိုက်ပြီး ခေါင်းမရှိသော အလောင်းကို ဆွဲထုတ်လိုက်သည်။

“အဲ့ဒါကို ဖုံးဖို့ အဝတ်တစ်ခုခု ရှာပေးဦး၊ ဒါကို တခြားနေရာ ရွှေ့ရမယ်”

“ခင်ဗျား ရူးသွားပြီလား”

ချန်ကျင်းသည် ကောင်းမင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ကောင်းမင်သည် အလောင်းတစ်လောင်းကို သယ်ဆောင်ရခြင်းအား မည်သည့် စိတ်မသက်သာမှုကိုမျှ မခံစားရပေ။

“အချိန်မဖြုန်းနဲ့”

သူတို့ နှစ်ယောက်သား ပူးပေါင်း၍ အလောင်းကို လမ်းကြောင်းထဲမှ အပြင်သို့ ထုတ်လိုက်ကြသည်။ ကောင်းမင်၏ကိုယ်မှ အလောင်းနံ့များ နံစော်နေလေသည်။ သူသည် စံအိမ်ပိုင်ရှင်ထံသို့ မီးအိုး သွားပို့ပေးရန် မဖြစ်နိုင်တော့ပေ။

“ယောင်ယောင်၊ ပိုင်ရှင်က အခန်း ၂၀၀၉ မှာ နှင်းလူကို စောင့်နေတယ်၊ သူက မီးအိုးနဲ့ ထင်းတွေ လိုနေတာ၊ ဒါတွေကို သူ့ဆီ သွားပို့ပေးပါဦး”

ကောင်းမင်သည် သူမကို ငြင်းပယ်ခွင့် မပေးပေ။

“ကျုပ်ဆီမှာ အလောင်းနံ့တွေ ထွက်နေတာ၊ ကျုပ်သွားရင် ပိုင်ရှင်က ကျုပ်တို့ မြေအောက်ခန်းထဲ ဝင်ခဲ့တာကို သိသွားလိမ့်မယ်”

ယောင်ယောင်မှာ စိတ်မပါသော်လည်း ပစ္စည်းများကို ယူ၍ လှေကားပေါ်သို့ တက်သွားသည်။ အရူးလေးသည် အဝတ်ဖြင့် ထုပ်ထားသော အလောင်းကိုမကာ အပြင်သို့ သယ်ရန် ပြင်လိုက်သည်။ လူတိုင်း အံ့အားသင့်သွားရသည်မှာ စံအိမ်ပိုင်ရှင်သည် ဒုတိယထပ် ကော်ရစ်ဒါတွင် ပေါ်လာခြင်းဖြစ်သည်။ သူ၏ အေးစက်သော မျက်လုံးများသည် ကောင်းမင်အား ရှာဖွေနေလေသည်။

“မီးအိုးနဲ့ ထင်းတွေ ရပါပြီ”

ယောင်ယောင်က ပိုင်ရှင်ကို ရွံရှာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“မင်းရဲ့ သူငယ်ချင်းတွေ ဘယ်မှာလဲ”

ပိုင်ရှင်၏ ရိုင်ဖယ်သေနတ်မှာ မိစ္ဆာတစ်ကောင်နှင့် တူနေလေသည်။

“သူတို့ ပထမထပ်က အခန်းတစ်ခန်းထဲမှာ ပုန်းနေကြတာပါ”

“အဲလိုလား ၊ ငါနဲ့အတူ အခန်းထဲကို လိုက်ခဲ့၊ မီးအိုးကို မီးညှိထားလိုက်၊ ငါ မင်းတို့ကို လက်ခံထားပြီး အစားအစာတွေ ကျွေးထားတယ်၊ အခုက မင်းတို့ ကျေးဇူးဆပ်ရမယ့် အချိန်ပဲ”

ထိုလူက ယောင်ယောင်အား အခန်း ၂၀၀၉ ထဲသို့ တွန်းပို့လိုက်သည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူ ဘာကြံစည်နေသည်မှန်း မည်သူမျှ မသိနိုင်ပေ။

မီးကို ထွန်းညှိလိုက်သည်။ ယောင်ယောင်သည် မီးတောက်ဘေးတွင် ရပ်နေသည်။ ထိုလူက သူမကို သူ့မိခင်ဖြစ်သူ၏ အဝတ်အစားများဖြင့် အဓမ္မလဲခိုင်းလိုက်သည်။ ထို့နောက် သူမကို ထူးဆန်းသော သီချင်းအချို့ ဆိုခိုင်းလိုက်သည်။

ထူးဆန်းသော တေးသွားမှာ စံအိမ်ကြီးတစ်ခုလုံး လွင့်ပျံ့လာသည်။ အခန်း ၂၀၀၉ ၏ အက်ကွဲနေသော နံရံများမှ ရေများ ယိုစိမ့်လာလေသည်။ ရေကွက်မှာ လူပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။

ထိုသီချင်းသံမှာ ဆောင်းည၏ အမှောင်ထုထဲသို့ နက်ရှိုင်းစွာ စီးဝင်သွားသည်။ စွန့်ပစ်ထားသော စတုတ္ထထပ်တွင် တစ်စုံတစ်ခု ပြောင်းလဲလာသည်။ ကြီးမားသော အားတစ်ခုက သံတိုင်များကို တိုက်ခိုက်လိုက်သည်။ ရှည်လျားလှသော လက်နှစ်ဖက်က အမှောင်ထုထဲတွင် ဝှေ့ယမ်းနေသည်။ အနီရောင် ဂါဝန်မှာ ဖုန်ထူသော ကြမ်းပြင်တစ်လျှောက် တရွတ်တိုက်ပါလာသည်။ ပုံပျက်နေသော ခန္ဓာကိုယ်သည် သံတိုင်များကြားမှ ထွက်နိုင်ရန် အစွမ်းကုန် ကြိုးစားနေလေသည်။

All Chapters