သစ်ပင်တစ်ပင်၏ ကြီးထွားမှု
Vol. 35 Ch. 521
အတိတ်မှ မှတ်ဉာဏ်များသည် ချန်ကျင်၏ စကားများကြောင့် ကောင်းမင်၏ စိတ်ထဲသို့ စီးဝင်လာတော့သည်။ သူသည် ထိုမှတ်ဉာဏ်များကို အာရုံစိုက်ရန် ကြိုးစားလိုက်တိုင်း သူ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ချည်နှောင်ပိတ်လှောင်ထားသည့်အလား ချိန်းကြိုးသံများကို ကြားနေရသည်။
“သူပြောတာတွေက... မှန်နိုင်တယ်”
ချန်ကျင်း လိမ်ပြောနေခြင်းမဟုတ်ဟု ကောင်းမင် ခံစားမိသည်။ သူ တွန့်ဆုတ်သွားသည်။ အကယ်၍ စံအိမ်ပိုင်ရှင်သာ ထွက်ပြေးသွားပါက သူတို့အတွက် အဆုံးသတ်ကောင်း ရှိလိမ့်မည်မဟုတ်ပေ။ ပိုင်ဖုန်းသည် စောင့်ဆိုင်းနေသော်လည်း ကောင်းမင်ထံမှ မည်သည့်တုံ့ပြန်မှုမှ ထွက်မလာပေ။ သူမ၏ မျက်လုံးများထဲတွင် ပြတ်သားမှုနှင့် ထက်ရှမှုများ ထွက်ပေါ်လာသည်။
‘ဒါဆို သူက သေရမှာ ကြောက်နေတုန်းပဲလား၊ သူက အားသာချက် အားနည်းချက်တွေကို တွက်ချက်နေတုန်းပဲ၊ ဒါဆိုရင်တော့ ငါပဲ ဒီခြေလှမ်းကို လှမ်းလိုက်တော့မယ်’
“အလောင်းကို ဖမ်း”
ပိုင်ဖုန်းသည် ကောင်းမင်ကို အော်ဟစ်လိုက်ရင်း တစ်ချိန်တည်း ရှေ့သို့ ပြေးထွက်သွားသည်။ သူမ၏ အရှိန်မှာ သာမန်လူသားထက် သာလွန်နေသည်။ သူမ၏ အရေပြားအောက်မှ သွေးကြောမျှင်များ ပေါက်ထွက်ကုန်ပြီး သူမ၏ပုံစံမှာ သရဲများထက်ပင် ပိုကြောက်စရာကောင်းနေတော့သည်။
ကောင်းမင်မှာ တွန့်ဆုတ်နေရန် အချိန်မရှိတော့ပေ။ ပိုင်ဖုန်း လှုပ်ရှားလိုက်သည်နှင့် သူလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားရသည်။
စံအိမ်ပိုင်ရှင်သည် သူ့အကြောင်းကို တစ်ခုခု သိထားကောင်း သိထားလိမ့်မည်။ သို့သော်လည်း သူသည် သူ့ကို ပြန်ခုခံနိုင်မည့်သူကို မလိုအပ်ပေ။ စံအိမ်ပိုင်ရှင်၏ ကျိုးပဲ့နေသော ဝိညာဉ်ကို သူ့လက်ဖဝါးထဲ ထည့်ထားနိုင်မှသာ သူစိတ်အေးရပေလိမ့်မည်။
နှစ်ယောက်သားသည် ချန်ကျင်းထံသို့ နှစ်ဖက်ညှပ်၍ တိုက်ခိုက်လိုက်ကြသည်။ ကောင်းမင်၏ တုံ့ပြန်မှုသည် ပိုင်ဖုန်းကို စိတ်မပျက်စေခဲ့ပေ။ သူသည် ချန်ကျင်း၏ သေနတ်ကို ဂရုမစိုက်ဘဲ ချန်ကျင်းအပေါ်သို့ ဖိအားအပြည့် ပေးလိုက်သည်။
ညှိနှိုင်းမှုများ ပြီးဆုံးသွားပြီဖြစ်သည်။ စံအိမ်ပိုင်ရှင်သည် အချိန်မဖြုန်းတော့ဘဲ မောင်းတံကို ဆွဲညစ်လိုက်သည်။ အရှေ့ဘက်ရေကန်ပေါ်တွင် သေနတ်သံသည် ဟိန်းထွက်သွားသည်။ ရေကန်အောက်ခြေမှ တစ်စုံတစ်ခုမှာ နိုးထလာလေသည်။ သွေးများသည် နေရာအနှံ့ လွင့်စင်သွားပြီး ရေခဲပြင်ကြီးမှာ နီရဲသွားသည်။ ပိုင်ဖုန်း၏ခန္ဓာကိုယ်က ရှေ့သို့ ကိုင်းကျသွားသည်။ သူမ၏ ရင်ဘတ်သည် ကျည်ဆန်ဒဏ်ကြောင့် ကြေမွသွားသည်။ ကျည်ဆန်သည် သူမ၏ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲသွားပြီး နှလုံးသားကို ဖောက်ထွက်သွားသည်။သူမ၏ကျောဘက်တွင် သွေးပေါက်ကြီးတစ်ခု ပေါ်လာတော့သည်။
“သွား”
သူမ၏ပါးစပ်မှ သွေးများ ထွက်မလာမီ ပိုင်ဖုန်းပြောနိုင်ခဲ့သော နောက်ဆုံးစကားလုံးပင် ဖြစ်သည်။
အိပ်မက်ဆိုးထဲတွင် သေဆုံးသွားပါက မည်သို့ဖြစ်မည်ကို ကောင်းမင် စဉ်းစားနေရန် အချိန်မရှိချေ။ ချန်ကျင်းက ပိုင်ဖုန်းကို ပစ်ခတ်လိုက်သည့်အတွက် ကောင်းမင်အား နှစ်စက္ကန့်မျှ အချိန်ရသွားစေသည်။
ကျည်ခွံသည် မြေပြင်ပေါ်သို့ ကျသွားသည်။ မီးခိုးများထွက်နေသော သေနတ်ပြောင်းမှာ အောက်သို့ ချိန်ရွယ်ထားသည်။ ချန်ကျင်းက သူ၏လက်အိတ်ကို ချွတ်လိုက်သောအခါ လက်ဖဝါးထဲတွင် ဝှက်ထားသော နောက်ကျည်ဆန်တစ်တောင့် ထွက်ပေါ်လာသည်။ ထိုကျည်ဆန်သည် သာမန်နှင့် မတူဘဲ အပြည့်အဝနီရဲနေသည်။ ၎င်းမှာ သန့်စင်သော ဒေါသတရားများဖြင့် တည်ဆောက်ထားသည့်အလားပင်။ သေနတ်ကို ကျည်ပြန်ဖြည့်လိုက်သည်။ နောက်ဆုံးအချိန်တွင် ချန်ကျင်သည် ကောင်းမင်၏လုံးထွေးခြင်းကို ခံလိုက်ရသည်။
နှစ်ဖက်လုံးသည် တစ်ဖက်လူကို သတ်ဖြတ်နိုင်ရန် အစွမ်းကုန် ကြိုးစားကြသည်။ ကြီးမားလှသော ရေကန်ကြီးပေါ်တွင် နှင်းများ တရစပ်ကျဆင်းနေသည်။ ရေကန်အလယ်တွင်တော့ လှေငယ်လေးသည် မတည်မငြိမ် ယိမ်းထိုးနေသည်။ အနက်ရောင်ရေပြင်မှာ နီရဲသော သွေးများနှင့် ရောနှောသွားသည်။
“မင်းက တကယ် သေချင်နေတာပဲ ၊ သူက ငါ့ကို ပိတ်လှောင်ထားဖို့အတွက် မင်းတို့ထဲက တစ်ယောက်မှ ထွက်ခွာခွင့် ပေးမှာမဟုတ်ဘူးကွ ၊ မင်းက ငါ့ကို မိစ္ဆာသရဲလို့ သိပေမဲ့ သူကလည်း အခု သရဲတစ်ကောင် ဖြစ်နေပြီ၊ သူက ငါ့ထက်တောင် ပိုသန်မာပြီး ပိုရက်စက်တဲ့ သရဲပဲ”
ချန်ကျင်းသည် ကောင်းမင်ထက် အားနည်းရမည်ဖြစ်သော်လည်း စံအိမ်ပိုင်ရှင်က တချို့စွမ်းအားကို အသုံးပြု၍ ချန်ကျင်းကို သန်မာအောင် ပြုလုပ်ထားသည်။ သူ၏အရေပြားပေါ်ရှိ သွေးကြောများက ဖောင်းကြွနေသည်။ လှေငယ်မှာ ယိမ်းထိုးနေသဖြင့် ကောင်းမင်မှာ အနိုင်နိုင် ရပ်နေရသည်။ သူသည် ဤအခွင့်အရေး တစ်ကြိမ်တည်းကိုသာ အမိအရဆုပ်ကိုင်ရမည်ဖြစ်ကြောင်း နားလည်သည်။
“အရူးတွေ ၊ မင်းတို့ အားလုံးက အရူးတွေပဲ ၊ လှေသာ မှောက်သွားရင် ငါတို့ အားလုံး သေပြီပဲ”
ချန်ကျင်း၏ လေသံက ပြောင်းလဲသွားသည်။အသံသည် စံအိမ်ပိုင်ရှင်၏အသံနှင့် တူနေလေသည်။ သူသည် အလွန်ပင် ဒေါသထွက်နေသည်။ သူအိပ်မက်ဆိုးထဲမှာ နှစ်အနည်းငယ်လောက် ပိတ်မိနေပြီးနောက်တော့ သာမန်လူသားများက ဘာဖြစ်ကုန်ကြသနည်း။
“ငါတို့ သေရင်တောင် မင်းပါ ငါတို့နဲ့အတူ သေရမှာပဲ”
ပထမဆုံး ယင်းသည် ပိုင်ဖုန်းဖြစ်ပြီး ယခုမှာ ကောင်းမင် ဖြစ်သည်။ သူသည် ယခင်က လူသားများကို အရုပ်သဖွယ် ကစားခဲ့သူ ဖြစ်သော်လည်း ယခုအခါတွင်မူ သူတို့သည် သူ့အား ခွေးရူးများကဲ့သို့ တိုက်ခိုက်နေကြသည်။
လှေငယ်မှာ ပိုပြင်းထန်စွာ လှုပ်ယမ်းလာသည်။ ချန်ကျင်းနှင့် ကောင်းမင်တို့သည် သေနတ်ကို မလွှတ်တမ်း ဆွဲထားကြသည်။ သူတို့သည် လှေယိမ်းထိုးမှုနှင့်အတူ ငါးကြီးများအတွက် ငါးစာများကဲ့သို့ ဖြစ်နေကြသည်။ အနက်ရောင် ရေပြင်အောက်မှ တစ်စုံတစ်ခု ချဉ်းကပ်လာသည်။ သို့သော်လည်း လှေပေါ်ရှိ နှစ်ယောက်မှာမူ ကောင်းမင်က ချန်ကျင်းကို အစွန်းဘက်သို့ တွန်းထုတ်လိုက်သည်အထိ ဂရုမစိုက်မိကြပေ။ ဒဏ်ရာရနေသော ထိုနှစ်ယောက်သည် ရေကန်ထဲသို့ ပြုတ်ကျသွားတော့သည်။
နေရာအနှံ့အပြားမှ အအေးဓာတ်များ စီးဝင်လာတော့သည်။ သူတို့တွင် ပြေးစရာ သို့မဟုတ် ပုန်းစရာ နေရာမရှိပေ။ ကောင်းမင်နှင့် စံအိမ်ပိုင်ရှင်တို့သည် ဓားများ ပြည့်နှက်နေသော ပန်းကန်လုံးတစ်လုံးထဲသို့ နှစ်မြှုပ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ နစ်မြုပ်သွားသည်။ အမှောင်ထဲမှ တစ်စုံတစ်ခုက သူတို့အား ရေအောက်သို့ ဆွဲချနေလေသည်။
ချန်ကျင်း၏ ပါးစပ်နှင့် နှာခေါင်းထဲသို့ ရေများ တိုးဝင်လာသည်။ သူသည် အော်ပင် မအော်နိုင်တော့ပေ။ သူ၏လက်တစ်ဖက်က သေနတ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က လှေအစွန်းကို ဆွဲကိုင်ထားသည်။
တစ်ခုခုပြောရန် အလွန်နောက်ကျသွားပြီဖြစ်သည်။ ရေထဲသို့ ပြုတ်ကျပြီးနောက် ဤရေကန်သည် မည်မျှအန္တရာယ်များကြောင်း ကောင်းမင် သဘောပေါက်သွားသည်။ ရေကန်သည် မည်သည့်နေရာနှင့် ဆက်သွယ်ထားသည်ကို မသိရပေ။ ကြောက်ရွံ့မှုကြောင့် သူ၏နှလုံးခုန်သံမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတော့သည်။ အောက်ဘက်မှ တစ်စုံတစ်ခုသည် သူ့နောက်လိုက်လာနေသည်ကို သူ ခံစားနေရသည်။ ရေကန်ထဲမှ တစ်စုံတစ်ခုက တိုးကပ်လာနေချေပြီ။
“သေစမ်း”
ချန်ကျင်း၏ မျက်လုံးများမှာ အမုန်းတရားများဖြင့် တောက်ပနေလေသည်။ သူသည် ကောင်းမင်ကို အရေခွံခွာပစ်ချင်နေသည်။ သူသည် လှေပေါ်သို့ ပြန်တက်ရန် ကြိုးစားလိုက်သော်လည်း ကောင်းမင်က သေနတ်ကို ကိုင်ထားပြီး မလွှတ်ပေးခဲ့ပေ။ နောက်ဆုံးတွင် လှေငယ်မှာ မှောက်သွားတော့သည်။ လှေပေါ်ရှိ ခေါင်းမပါသော အလောင်းမှာ ရေထဲသို့ ပြုတ်ကျသွားသည်။ ချန်ကျင်းခါးမှ အိတ်မှာလည်း စတင်ဖောင်းကားလာသည်။ ရေကန်မှ ရေများကို စုပ်ယူပြီးနောက် အိပ်မက်ဆိုးပိုင်ရှင်၏ ဦးခေါင်းမှာ စတင်အသက်ဝင်လာပြီး အသက်ရှူနေသည့်အလား ခံစားလိုက်ရသည်။
“ယဇ်ပူဇော်စရာတွေ အားလုံး ဒီမှာရှိနေပြီ...”
ပိုင်ဖုန်း အံကြိတ်လိုက်သည်။ သူမ၏ မေးစေ့မှ သွေးများ စီးကျနေရင်း သူမသည် လှေငယ်ဆီသို့ တွားသွား၍ သွားနေသည်။ သူမ၏အသက်စွမ်းအင်များ ဆုံးရှုံးနေသည်ကို သူမ ခံစားနေရသည်။ အကယ်၍ သူမသည် လက်တွေ့ဘဝသို့ မကြာမီ မပြန်နိုင်ပါက သို့မဟုတ် ပိုမိုနက်ရှိုင်းသော အိပ်မက်ဆိုးထဲသို့ မဝင်နိုင်ပါက သူမသည် ဤအိပ်မက်ဆိုး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။ ထိုအခါမှဆိုလျှင် သူမသည် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
“ကောင်းမင်၊ ချန်ကျင်းရဲ့ အိတ်ကို ဖွင့်လိုက်၊ စာနဲ့ ဓာတ်ပုံကို ပိုင်ရှင်ရဲ့ ခေါင်းထဲကို ထည့်လိုက်စမ်း၊ သူ့ရဲ့ စွဲလမ်းမှုနဲ့ မှတ်ဉာဏ်တွေကို ပြန်ပေးလိုက်”
ပိုင်ဖုန်းက ပြောလိုက်ရင်း မိသားစုဓာတ်ပုံကို ရေထဲသို့ တွန်းပို့လိုက်သည်။
ကိစ္စများသည် ပိုင်ဖုန်းခန့်မှန်းထားသည်ထက် ပိုမြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။ ဓာတ်ပုံ ရေထဲသို့ ကျသွားသည်နှင့် တစ်ခုခု ပြောင်းလဲသွားသည်။ ကောင်းမင်သည် အိတ်ကို ရယူရန်အတွက် ချန်ကျင်းနှင့် တိုက်ခိုက်လိုက်သည်။ သူတို့ တိုက်ခိုက်နေစဉ်မှာပင် ကောင်းမင်၏ အိတ်ကပ်မှာ စုတ်ပြဲသွားသည်။ သူသည် သူ့ရင်ဘတ်ပေါ်ရှိ စကားပြောစက်ကို ကာကွယ်ရန် အာရုံစိုက်နေသဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အသားမျိုးစေ့နှစ်စေ့ကို မေ့လျော့နေခဲ့သည်။
အသားသစ်ပင်၏ ဆင့်ခေါ်မှုမှာ ပိုမိုပြင်းထန်လာသည်။ ကောင်းမင်သည် ပြုတ်ကျနေရင်း လျင်မြန်စွာ ကြီးထွားလာသည့် မျိုးစေ့နှစ်စေ့ကို နောက်ဆုံးတွင် မြင်လိုက်ရသည်။ သူသည် တစ်စေ့ကို အမိအရ ဖမ်းနိုင်ခဲ့သော်လည်း ကျန်တစ်စေ့မှာမူ ရေကန်၏ အနက်ရှိုင်းဆုံးနေရာသို့ ပျောက်ကွယ်သွားသည်။
“အခုတော့ ငါ့မှာ တစ်စေ့ပဲ ကျန်တော့တယ်”
အရှေ့ဘက်ရေကန်၏ နေရာအနှံ့တွင် ငါးကြီးများ ရှိနေကြသည်။ ဤနေရာသည် မျိုးစေ့များ ရှင်သန်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။ ၎င်းသည် နစ်မြုပ်နေစဉ်မှာပင် အပင်ပေါက်ရန် စတင်နေပြီဖြစ်သည်။
“အရှေ့ဘက်ရေကန်ဆိုတာ တံခါးရဲ့ သရုပ်သကန်တစ်ခုပဲ၊ ဒီရေကန်က တခြားအိပ်မက်ဆိုးတွေနဲ့ ဆက်သွယ်ထားတာ၊ အဲဒီမျိုးစေ့သာ လွတ်လွတ်လပ်လပ် ကြီးထွားခွင့် ရသွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ ငါ သိချင်မိတယ်”