ငါ့ကို မင်းဦးနှောက်ငှားပါဦး
Vol. 35 Ch. 524
ကောင်းမင်နှင့် သစ်ပင်ကြီးသည် တံခါးကို သိမ်းပိုက်လိုက်ကြသည်။ ထိုတံခါးတွင် နှစ်ဖက်ရှိသည်။ တစ်ဖက်မှာ သာမန်တံခါးဖြစ်ပြီး အခြားတစ်ဖက်မှာမူ သွေးကြောများနှင့် အမြစ်များ ဖုံးလွှမ်းနေသည်။ သာမန်တံခါးမှတစ်ဆင့် အိပ်မက်ဆိုးထဲမှ ထွက်ခွာနိုင်သော်လည်း အခြားတစ်ဖက်မှဆိုလျှင် ပိုမိုနက်ရှိုင်းသော အိပ်မက်ဆိုးများထဲသို့ ကျရောက်သွားနိုင်သည်။ ကောင်းမင်အား ရွေးချယ်ခွင့် ပေးထားသဖြင့် သူသည် ထွက်သွားရန် အလောတကြီး မလုပ်ဆောင်ခဲ့ပေ။
“ကျန်းမြောင်မြောင်ရဲ့ အိပ်မက်ဆိုးနဲ့ ယှဉ်ရင် ဒီစံအိမ်အိပ်မက်ဆိုးက တံခါးရှိနေလို့ ပိုပြီး တည်ငြိမ်တယ်၊ ဒါက အသားသစ်ပင်ကို ထောက်ပံ့ပေးဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်၊ ဒါက ငါ့အတွက် အခွင့်အရေးပဲ”
မသေဆေးကုမ္ပဏီ၏ စောင့်ကြည့်မှုအောက်တွင် တစ်ခုခုလုပ်ရန် ခက်ခဲလှသည်။ သို့သော် ဤစံအိမ်အိပ်မက်ဆိုး ပေါ်ပေါက်လာခြင်းက ကောင်းမင်အတွက် ထိုဖြစ်နိုင်ခြေကို ပေးစွမ်းလိုက်သည်။ သူသည် ဤအိပ်မက်ဆိုးကို သူ၏အခြေစိုက်စခန်းအဖြစ် ပြောင်းလဲပြီး တံခါးကို အသုံးပြု၍ အခြားအိပ်မက်ဆိုးများကို ရှာဖွေစူးစမ်းလိုနေသည်။ သူ၏ စွမ်းအားအစစ်အမှန်ကိုလည်း မသေဆေးကုမ္ပဏီထံမှ ဖုံးကွယ်ထားနိုင်မည်ဖြစ်သည်။
မသေဆေး၏ မှတ်တမ်းများတွင် သူသည် အိပ်မက်ဆိုးအလယ်အလွှာ နှစ်ခုသာ ရောက်ဖူးသည်ဟု ရှိသော်လည်း အမှန်တကယ်တွင် သူသည် လူအများစုထက် အတွေ့အကြုံ ပိုများသည်။
“ငါ ကိုယ်ပိုင်အဖွဲ့တောင် ဖွဲ့လို့ရတယ်၊ ဒါပေမဲ့ အဲဒီလူတွေကို ငါ အပြည့်အဝ ယုံကြည်ရဖို့တော့ လိုတာပေါ့”
ကောင်းမင်သည် သစ်ပင်၏ အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။ သစ်ရွက်များဖြင့် ပတ်တီးစီးထားသည့် ဒဏ်ရာရနေသော ပိုင်ဖုန်းကို တွေ့လိုက်ရသည်။
“သူ့ကို အပြင်ကို အမြန်ဆုံး ပို့ပေးမှရမယ်”
အသီးကို စားပြီးနောက် ကောင်းမင်ထံမှ ထည်ဝါသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူသည် အိပ်မက်ဆိုးမှ မွေးဖွားလာသော မိစ္ဆာတစ်ကောင်နှင့် တူနေလေသည်။ သူသည် ဤစံအိမ်အိပ်မက်ဆိုးကို ဆက်ခံရန် မူလပိုင်ရှင်ထက်ပင် ပို၍ သင့်တော်နေသေးသည်။ အိပ်မက်ဆိုးပိုင်ရှင်သည် ကောင်းမင်ကို စိုက်ကြည့်နေစဉ် သူ၏ နှလုံးသားမှာ သေဆုံးသွားသည့်အလား ခံစားနေရသည်။ အသားသစ်ပင်သည် သူ့ထက် များစွာသန်မာနေသဖြင့် သူသည် မည်သည့် ခုခံမှုမှ မလုပ်နိုင်ခဲ့ပေ။
ခဏတာ တွန့်ဆုတ်နေပြီးနောက် သူက ကောင်းမင်ကို မေးလိုက်သည်။
“ကျွန်တော့်ရဲ့ ညီမလေးနဲ့ အမေကို လွှတ်ပေးနိုင်မလား၊ သူတို့က ကျွန်တော့်ကြောင့် အများကြီး ဒုက္ခရောက်ခဲ့ရပြီးပါပြီ၊ ဒီနေရာကို ထိန်းသိမ်းဖို့အတွက် ကျွန်တော် ခင်ဗျားနဲ့ အပြည့်အဝ ပူးပေါင်းပါ့မယ်”
“မင်း တစ်ခုခု နားလည်မှုလွှဲနေပုံပဲ၊ ငါက တံခါးနောက်က အရာတွေနဲ့ မတူဘူး၊ မင်းလိုပဲ ငါက လူသားတစ်ယောက်ပါ”
ကောင်းမင်သည် ထိုသူမျက်နှာပေါ်မှ မျှော်လင့်ချက်မဲ့မှုများကို မြင်သောအခါ ဝမ်းနည်းစွာဖြင့် ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။
“ငါ မင်းတို့ကို ဘာမှထိခိုက်အောင် မလုပ်ပါဘူး၊ ဖြစ်နိုင်ရင် တံခါးထဲမှာ ပျောက်သွားတဲ့ မင်းရဲ့ အဖေကိုလည်း ငါရှာပေးဖို့ ကြိုးစားပါ့မယ်”
အိပ်မက်ဆိုးပိုင်ရှင်သည် ဘာမှ ပြန်မပြောပေ။ သူသည် လိမ်ညာမှုများစွာကို ကြားဖူးနားဝ ရှိနေ၍ ဖြစ်နိုင်သည်။
“ငါက မင်းရဲ့ အိပ်မက်ဆိုးနဲ့ ဦးနှောက်ကို ခဏသုံးမှာပါ၊ ငါ့ကိစ္စတွေ ပြီးသွားရင် မင်းမိသားစုနဲ့ ပြန်ဆုံနိုင်အောင် မင်းကို ငါနှိုးပေးပါ့မယ်”
ကောင်းမင်က စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
“ငါတို့သာ မရှိရင် တံခါးနောက်ကွယ်က အရာက မင်းကို ဆက်ပြီး နှိပ်စက်နေဦးမှာလေ၊ တစ်ဖက်က ကြည့်ရင် မင်း ငါ့ကို ကျေးဇူးတင်သင့်တာ မဟုတ်ဘူးလား”
“ဘာ”
ထိုလူသည် သူ၏ခန္ဓာကိုယ်ပေါ်မှ အမြစ်များနှင့် သွေးကြောများကို ကြည့်လိုက်သည်။ လှောင်ပြောင်သော မျက်လုံးများဖြင့် ဆိုလိုက်သည်။
“ကြောင်သူတော်ကောင်”
“မင်း ငါ့ကို ဘယ်လိုပဲ ထင်ထင် ရပါတယ်၊ စကားတွေထက်စာရင် ငါက လုပ်ရပ်ကိုပဲ ပိုကြိုက်တယ်”
ကောင်းမင် သစ်ပင်ကို ပုတ်လိုက်သည်။သစ်ကိုင်းများက ချန်ကျင်း၏ ကြေမွနေသော ခန္ဓာကိုယ်ကို သူ့ထံသို့ ပို့ပေးလာသည်။ အိပ်မက်ဆိုးပိုင်ရှင်၏ ကိုက်ဖြတ်ခြင်း ခံရပြီးနောက် ချန်ကျင်း၌ ခန္ဓာကိုယ် တစ်ဝက်သာ ကျန်တော့သည်။ စံအိမ်ပိုင်ရှင်၏ ကျန်ရှိနေသော အသိစိတ်မှာ ထိုနေရာတွင် ပုန်းကွယ်နေခြင်း ဖြစ်သည်။
“ဟန်ဆောင်မနေနဲ့တော့၊ မင်း ချန်ကျင်းနဲ့ လူလဲပြီးတော့ သူ့ရဲ့ ဝိညာဉ်ကို ဘယ်မှာ ထားခဲ့တာလဲ”
ကောင်းမင်သည် ချန်ကျင်း၏ ဦးခေါင်းကို ကိုင်၍ လျင်မြန်စွာ ကြီးထွားလာနေသော သစ်မြစ်တစ်ခုကို သူ့မျက်လုံးရှေ့တွင် ထားလိုက်သည်။
“နောက်ဖေးက နှင်းလူရုပ်ထဲမှာ ဝှက်ထားတာပါ”
ချန်ကျင်းက အားနည်းစွာ ပြောလိုက်သည်။ သူ့အသံကို ကြားသောအခါ အိပ်မက်ဆိုးပိုင်ရှင်သည် အလွန် ဒေါသထွက်သွားသည်။ သူ၏ လက်မောင်းများ စုတ်ပြဲသွားလျှင်ပင် သူသည် တစ်ဖက်လူကို သတ်ပစ်ချင်နေသည်။
“သူ့ရဲ့ ခန္ဓာကိုယ်က ပျက်စီးသွားပြီ၊ သူ ဒီအိပ်မက်ဆိုးထဲကနေ ဘယ်တော့မှ ထွက်သွားလို့ မရတော့ဘူး”
“တံခါးနောက်ကွယ်က ကမ္ဘာအကြောင်း မင်း ဘာတွေ သိသေးလဲ”
“ခင်ဗျားက ကျုပ်ကို သေစေချင်နေတာလား”
ချန်ကျင်း၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသော သရဲသည် အိပ်မက်ဆိုးပိုင်ရှင်ကို မကြောက်သော်လည်း ကောင်းမင်ကိုမူ ကြောက်ရွံ့နေသည်။
“တစ်ခါတလေကျရင် အသက်ရှင်နေရတာက သေရတာထက် ပိုနာကျင်ဖို့ ကောင်းပါတယ်၊ မင်းကိုယ်တိုင် ရွေးချယ်ပေါ့”
ကောင်းမင်က ထိုစကားကို အလွယ်တကူ ပြောလိုက်သည်။ ၎င်းသည် ဆရာတစ်ယောက် ပြောသင့်သော စကားမျိုး မဟုတ်ပေ။ အသီးကို စားပြီးနောက် သူသည် သူ၏ပင်ကိုယ်ပုံစံအစစ်သို့ ပြန်လည်ပြောင်းလဲလာခဲ့သည်။
“အနက်ပိုင်းအဆင့် အိပ်မက်ဆိုးတွေ အများကြီး ရှိတယ်၊ ဘယ်အိပ်မက်ဆိုးက တခြားကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းရှိလဲဆိုတာ ဘယ်သူမှ မသိဘူး၊ ဒါပေမဲ့ ခင်ဗျား လိပ်ပြာတံဆိပ်ကို ရှာကြည့်လို့ရတယ်၊ လိပ်ပြာတံဆိပ်ရှိတဲ့ နေရာဆိုရင် အဲဒီအိပ်မက်ဆိုးက တခြားကမ္ဘာနဲ့ ဆက်သွယ်နေဖို့ အခွင့်အရေး အများကြီးရှိတယ်”
ချန်ကျင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။
“ကျုပ် အဲဒီကမ္ဘာထဲကို ဝင်ဖူးတယ်၊ ကျုပ်လမ်းကြောင်းကို သိတယ်၊ ကျုပ် ခင်ဗျားကို လမ်းပြပေးနိုင်တယ်၊ ကျုပ်ကို မသတ်ပါနဲ့၊ ခင်ဗျား ကျုပ်ကို ကြိုက်သလို နှိပ်စက်လို့ရပါတယ်၊ ကျုပ်က ခင်ဗျားအတွက် အရမ်းအသုံးဝင်ပါတယ်”
“အဲဒီလိုနည်းနဲ့ပဲ သူ ကျွန်တော့်ကို လှည့်စားခဲ့တာ၊ ကျွန်တော် သူ့ကို ယုံခဲ့လို့ အခု ဘာဖြစ်သွားလဲ ကြည့်ပါဦး”
အိပ်မက်ဆိုးပိုင်ရှင်က ကောင်းမင်ကို သတိပေးလိုက်သည်။ သူသည် ချန်ကျင်းကို မသတ်ခဲ့မိသည်ကို နောင်တရနေမိသည်။
ကောင်းမင်သည် ချန်ကျင်းကို သစ်ပင်၏ အနက်ရှိုင်းဆုံးနေရာသို့ ပို့လိုက်သည်။ ထို့နောက် အိပ်မက်ဆိုးပိုင်ရှင်ကို လွှတ်ပေးလိုက်ပြီး သူ့အား ရေကန်ကမ်းခြေသို့ ခေါ်ဆောင်သွားလိုက်သည်။
အရှေ့ဘက်ရေကန်၏ ပြောင်းလဲမှုများမှာ ကြီးမားလှသဖြင့် အခြားစမ်းသပ်သူများသည် ၎င်းကို သတိမပြုမိဘဲ မဖြစ်နိုင်ပေ။ သူတို့အား အိပ်မက်ဆိုးထဲ ပိတ်လှောင်ထားရန်မှာလည်း ကောင်းသော အကြံမမဟုတ်ပေ။ မသေဆေးက နောက်ထပ် စမ်းသပ်သူများကိုသာ ထပ်မံစေလွှတ်ပေလိမ့်မည်။
“ငါ လူလုံးထွက်ပြလို့ မဖြစ်ဘူး၊ သစ်ပင်နဲ့ ငါ့ရဲ့ ဆက်သွယ်မှုကို မသိစေတာ အကောင်းဆုံးပဲ”
ကောင်းမင်သည် အိပ်မက်ဆိုးပိုင်ရှင်ကို သယ်ဆောင်လာခဲ့သည်။
“ငါ မင်းရဲ့ မိသားစုနဲ့ မင်းရဲ့ အိပ်မက်ကို ကာကွယ်ပေးနိုင်တယ်၊ ငါ မျှော်လင့်တာကတော့ မင်း...”
“ခင်ဗျားအတွက် အမှန်တရားကို ဖုံးကွယ်ပေးရမှာလား”
အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ပြီးနောက် အိပ်မက်ဆိုးပိုင်ရှင်သည် အတော်ပင် ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။
“ခင်ဗျားသာ တံခါးနောက်က ကမ္ဘာအကြောင်း လိုက်စုံစမ်းနေတာမျိုး မဟုတ်ရင် ခင်ဗျားက အဲဒီနေရာကနေ ထွက်ပြေးလာတဲ့ အပြစ်သားတစ်ယောက်လို့ ကျွန်တော် သံသယဝင်မိလိမ့်မယ်”
ထိုလူက ခေါင်းညိတ်လိုက်သည်။ အိပ်မက်ဆိုးကို မည်သူ ထိန်းချုပ်ထားသည်ကို သူဂရုမစိုက်ပေ။သူသည် သူ့မိသားစုကိုသာ ဂရုစိုက်သည်။
“မင်းကို မင်းရဲ့ မိသားစုဆီ ခေါ်သွားပေးမယ်၊ ကျေးဇူးပြုပြီး ငါနဲ့အတူ ဒီပြပွဲကို အဆုံးသတ်ပေးပါ၊ အခမ်းအနား အောင်မြင်သွားပြီး လူတိုင်းကို မင်းပြန်ပို့ပေးနိုင်သလို သရုပ်ဆောင်ပေးပါ”
ကောင်းမင်က ခပ်တိုးတိုး ပြောလိုက်သည်။
“ချန်ကျင်းကလွဲလို့ ကျန်တဲ့သူတွေအတွက် ကျွန်တော် လုပ်ပေးနိုင်ပါတယ်၊ သူ့ရဲ့ ဝိညာဉ်က အိပ်မက်ဆိုးနဲ့ ချည်နှောင်ခံထားရပြီမို့လို့ပါ”
အိပ်မက်ဆိုးပိုင်ရှင်နှင့် ကောင်းမင်တို့သည် ကမ်းခြေသို့ တဖြည်းဖြည်း ချဉ်းကပ်လာရင်း ဆွေးနွေးလာကြသည်။ သူတို့သည် ဆိပ်ကမ်းသို့ မသွားဘဲ တောအုပ်ထဲသို့ ဦးတည်လိုက်ကြသည်။
ပိုင်ရှင် ရေကန်မှ ထွက်လာသည်နှင့် အရုပ်နှင့် မိခင်ဖြစ်သူတို့က တစ်စုံတစ်ခုကို ခံစားမိလိုက်ကြသည်။ သူတို့သည် နှင်းများကြားတွင် ပြေးလွှားလိုက်ကြသည်။ ပိုင်ရှင်ပင်လျှင် ပထမဆုံးအကြိမ်အဖြစ် အပြုံးတစ်ခု ထုတ်ဖော်လိုက်မိသည်။ ပြန်လည်ဆုံစည်းမှုက လေးလံသော အငွေ့အသက်များကို ပေါ့ပါးသွားစေသည်။ ကောင်းမင်သည် သူတို့ကို ကြည့်နေသော်လည်း အခြားတစ်စုံတစ်ခုကို စဉ်းစားနေခဲ့သည်။
“ငါ့မှာ ငါ့မိဘတွေရဲ့ အမှတ်တရတွေ ရှိတယ်၊ သူတို့က အိပ်မက်ဆိုးထဲမှာ ပိတ်မိနေကြတာလား”
ကောင်းမင်သည် သူတို့၏ အမည် သို့မဟုတ် မျက်နှာများကို မမှတ်မိသော်လည်း သူ့မိဘများက သူ့ကို စောင့်မျှော်နေဆဲဖြစ်ကြောင်း သူသေချာပေါက် သိနေသည်။ မည်သို့ပင်ဖြစ်စေ သူသည် ထိုအရာကို မေ့လိမ့်မည်မဟုတ်ပေ။
“ငါ့မိဘတွေက ငါ့ကို ဒီလောက်အထိ အမှတ်ရစေဖို့အတွက် အံ့သြစရာကောင်းတဲ့ အရာတစ်ခုခုကို လုပ်ခဲ့ကြတာ ဖြစ်ရမယ်”
သူ့တွင် တစ်ချိန်က နွေးထွေးသော မိသားစုဘဝတစ်ခု ရှိခဲ့ဖူးကြောင်း ကောင်းမင် သေချာသည်။ ထိုလှပသော မှတ်ဉာဏ်ကပင် သူ့ကို အိပ်မက်ဆိုး၏ အနက်ရှိုင်းဆုံးနေရာအထိ သွားရောက်ရန် ခွန်အားပေးနေခြင်း ဖြစ်သည်။
“ကျွန်တော် ခင်ဗျားတို့ကို တွေ့အောင် ရှာပါ့မယ်”