ငါအရှုံးပေးတယ်...
Vol. 60 Ch. 858
ကန်ယုလုံက စကားပြောရန် ပြင်လိုက်သော်လည်း လင်းယွမ်က သူ၏ ညာလက်အား မြှောက်လိုက်သည်ကို မြင်လိုက်ရသည်။ သူက လက်ငါးချောင်းလုံးကို ဖြန့်ပြီး ကျိုရှန်းလျို့ဝှက်နယ်မြေဆီသို့ အသာအယာ ကုတ်ဆွဲလိုက်သည်။
ဝုန်း...
အလွန်နက်ရှိုင်းပြီး ကြီးမားသော အက်ကြောင်းကြီးငါးခုက ကန်ယုလုံရှေ့တွင် လျှပ်တပြတ် ပေါ်လာပြီး ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ထိုအက်ကြောင်းငါးခုကို မြင်လိုက်ရုံနှင့် ကန်ယုလုံက စိတ်ကူးမယဉ်နိုင်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ကျိုရှန်းလျို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် ကျိုရှန်းအရှင်သခင်က လင်းယွမ်ကို ဖိနှိပ်ရန် ပြင်ဆင်နေစဉ် သူက ကောင်းကင်နှင့် အရာအားလုံးကို ဆုတ်ဖြဲလိုက်သော လက်တစ်ဖက်ကို မြင်လိုက်ရပြီး သူ၏ သူငယ်အိမ်များက ကျုံ့ဝင်သွားသည်။ ထိုကုတ်ဆွဲချက်က အချိန်လေဟာနယ်ကို ထိုးဖောက်သွားပြီး ကျိုရှန်းအရှင်သခင်ဆီသို့ ဦးတည်သွားသည်။
" ဒါက ဘာလဲ။ " ကျိုရှန်းအရှင်သခင်က ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
လွန်ခဲ့သော အလင်းနှစ်သန်းပေါင်းများစွာ ပျက်ဆီးမှုနှင့် ရင်ဆိုင်ခဲ့ရစဉ်ကပင် ကျိုရှန်းအရှင်သခင်က ယခုကဲ့သို့ စိတ်ဝိညာဉ်ကို ထိုးဖောက်လာသည့် ထိတ်လန့်မှုကို မခံစားခဲ့ရပေ။ ၎င်းက သူ့ကို အပိုင်းအစများဖြစ်အောင် ဆုတ်ဖြဲပစ်ပေလိမ့်မည်။
ထိုအတွေးများက ကျိုရှန်းအရှင်သခင်၏ စိတ်ထဲတွင် လှိုင်းထန်နေသည်။ မကြာမီ သူက စိတ်ရှုပ်ထွေးသွားသည်။ သူ့ကို ဘယ်သူတိုက်ခိုက်တာလဲ။ ထိုအချိန်တွင် သူက ထိုတိုက်ခိုက်မှုမှ ကြောင်းကျိုးဆက်နွယ်မှုတစ်ခုကို ခံစားလိုက်ရပြီး မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
အချိန်လေဟာနယ်အလွှာများစွာ ဝေးကွာသော နေရာတွင် လူငယ်တစ်ယောက်က သူ၏ညာလက်ကို ပြန်ချလိုက်ပြီး ကောင်းကင်ဆုတ်ဖြဲခြင်း၏ အဆုံးစွန်သော စွမ်းအားငါးခုက ဟင်းလင်းပြင်ထဲတွင် ကျန်နေခဲ့သည်။
ထိုလူငယ်၏ ဘေးတွင် ကန်ယုလုံက ရပ်နေပြီး သူက လူငယ်ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။ ကျိုရှန်းအရှင်သခင်က ကန်ယုလုံကို ဂရုမစိုက်ပေ။ သူက ကြောင်းကျိုးဆက်နွယ်မှုမှတစ်ဆင့် လူငယ်ကို စိုက်ကြည့်နေသည်။
" မင်းပဲလား။ " ကျိုရှန်းအရှင်သခင်က သူ့ကို တိုက်ခိုက်လာသူမှာ လင်းယွမ်ဖြစ်သည်ကို သိလိုက်သည်။ အကြောင်းမှာ သူတို့နှစ်ယောက်၏ ကြောင်းကျိုးဆက်နွယ်မှုက တစ်ခုတည်းမှ လာခြင်းဖြစ်သောကြောင့် ဖြစ်သည်။
" ဒါဆို ငါနဲ့ တိုက်နေတာ မင်းရဲ့ မူလခန္ဓာကိုယ်မဟုတ်ဘူးပေါ့။ " ကျိုရှန်းအရှင်သခင်က မယုံကြည်နိုင်ဖြစ်နေသည်။
ကန်ယုလုံ၏ ဘေးတွင် ရပ်နေသော လူငယ်က ရုပ်ခန္ဓာဖြစ်စေ စိတ်ဝိညာဉ်ဖြစ်စေ ထိုက်ကျိစိတ်ဝိညာဉ်ထက် လုံးဝ သာလွန်နေခဲ့သည်။ ထိုခဏတွင် ကောင်းကင်ဆုတ်ဖြဲခြင်း စွမ်းအားက ဆင်းသက်လာသည်။
အကြွင်းမဲ့စွမ်းအား၏ အောက်တွင် ကျိုရှန်းအရှင်သခင်ကို ဝန်းရံထားသော အချိန်လေဟာနယ်အတားအဆီးကို အလွယ်တကူ ဆုတ်ဖြဲသွားပြီး သူ၏ ရုပ်ခန္ဓာနှင့် အတွင်းစကြာဝဠာကိုပင် ဖြတ်သန်းသွားခဲ့သည်။ ကျိုရှန်းအရှင်သခင်၏ အရာအားလုံး ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအား အားလုံးက ထိုစွမ်းအားအောက်တွင် အစိတ်အပိုင်းများ ဖြစ်သွားခဲ့သည်။ ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ ပျက်ဆီးမှုကိုပင် နှောင့်နှေးအောင်ပင် မလုပ်နိုင်ခဲ့ပေ။
ဝုန်း....
သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရသည့်အချိန်တွင် ကျိုရှန်းအရှင်သခင်၏ ခန္ဓာကိုယ်ထဲမှ အဆုံးမရှိ သက်စွမ်းအားများ ပေါက်ကွဲလာပြီး သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်လည်တည်ဆောက်ရန် ကြိုးစားနေသည်။
သို့သော် အစိတ်အပိုင်းတစ်ခု ပြန်ကောင်းလာတိုင်း ကောင်းကင်ဆုတ်ဖြဲခြင်းစွမ်းအားကြောင့် ထပ်မံပျက်ဆီးသွားပြီး ထိုသံသရာက အဆုံးမရှိလည်ပတ်နေသည်။ ကျိုရှန်းအရှင်သခင်က မျှော်လင့်ချက်မဲ့မှု၊ မကျေနပ်မှုများကြားတွင် သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းစကြာဝဠာတို့မှာ လုံးဝဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။
မနီးမဝေးတွင် ထိုက်ကျိမူလစိတ်ဝိညာဉ်က ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။
" ကောင်းကင်ဆုတ်ဖြဲခြင်းစွမ်းအားက ကမ္ဘာနတ်စွမ်းရည်ကို ဖောက်ခွဲတာထက် တကယ်သာလွန်တာပဲ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
ကမ္ဘာနတ်စွမ်းရည်နှင့် ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်တို့က တိုက်ခိုက်ရေးစွမ်းရည်များ ဖြစ်ကြသော်လည်း ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်က ပို၍ စစ်မှန်ပြီး ပို၍ ပြင်းထန်သည်။ ထို့အပြင် ကမ္ဘာနတ်စွမ်းရည်ကို ဖောက်ခွဲလိုက်သောအခါ ဖျက်ဆီးခြင်းစွမ်းအားက အလင်းနှစ်သန်းပေါင်းများစွာ ပျံ့နှံ့သွားပြီး ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်က တစ်နေရာတည်းတွင် စုစည်းသွားခြင်းဖြစ်သည်။
ဝုန်း.....
ကျိုရှန်းအရှင်သခင် ဖျက်ဆီးခံရပြီးနောက် အနီးမှ အော်ရာကိုးခု ထွက်ပေါ်လာပြီး ကျိုရှန်းအရှင်သခင်အဖြစ် ပြန်လည်စုစည်းသွားသည်။ သို့သော် ယခင်နှင့်ယှဉ်လျှင် သူ၏ အော်ရာနှင့် စွမ်းအားက သိသိသာသာ ကျဆင်းသွားခဲ့သည်။
" မသေဘူးလား။ " လင်းယွမ်က မျက်ခုံးများပင့်သွားသော်လည်း အံ့အားသင့်ခြင်းတော့မရှိပေ။
ဖရိုဖရဲအရှင်သခင်များ၏ အသက်ကယ်နည်းစနစ်များက အလွန်သန်မာကြသည်။ ထို့အပြင် လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာ ဖြစ်ပြီး ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်က ဖရိုဖရဲအရှင်သခင်တစ်ယောက်ကို ဒဏ်ရာရအောင်သာ လုပ်နိုင်သည်။
သတ်ပစ်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ယခုမှ ဖရိုဖရဲအဆင့်သို့ တက်လှမ်းလာသော ကျိုရှန်းအရှင်သခင်လည်း အတူတူပင် ဖြစ်သည်။ အကယ်၍ လင်းယွမ်က ဖရိုဖရဲအဆင့်သို့ တက်လှမ်းပြီး တူညီသောအဆင့်တွင် ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်ကို အသုံးပြုလျှင် ကျိုရှန်းအရှင်သခင်မပြောနှင့် ဖရိုဖရဲအဆင့် အထွတ်အထိပ်များပင် သေဆုံးရပေလိမ့်မည်။
" ဒါဆို နောက်တစ်ခါ ထပ်လုပ်ကြတာပေါ့။ " လင်းယွမ်၏ ထိုက်ကျိမူလစိတ်ဝိညာဉ်က ရှေ့သို့ တိုးလိုက်သည်။ သူက ခဏအနားယူပြီးနောက် ကမ္ဘာစွမ်းရည်ကို ဖောက်ခွဲခဲ့သော အားနည်းမှုက ပြန်လည်ကောင်းမွန်လာပြီး တိုက်ခိုက်ရေးစွမ်းအားက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။
" မင်း..." ကျိုရှန်းအရှင်သခင်၏ အော်ရာက အားနည်းနေပြီး မျက်နှာက ဖြူဖျော့နေသည်။ " ဆကပြီး ယှဉ်ပြိုင်ဖို့မလိုတော့ဘူး။ ငါအရှုံးပေးတယ်။ "
ယခုအချိန်တွင် ကျိုရှန်းအရှင်သခင်က ဒဏ်ရာအပြင်းအထန် ရနေပြီဖြစ်သည်။ ဆက်လက်တိုက်ခိုက်နေလျှင် ယှဉ်ပြိုင်မှုမဟုတ်တော့ဘဲ သေခြင်းရှင်ခြင်းတိုက်ပွဲဖြစ်သွားပေလိမ့်မည်။ ထိုအခါ သူ၏ ဝှက်ဖဲများနှင့် နည်းစနစ်များအားလုံး ထုတ်သုံးရပေလိမ့်မည်။
ကျိုရှန်းအရှင်သခင်က သေခြင်းရှင်ခြင်းတိုက်ပွဲကို တိုက်ခိုက်ရလျှင်တောင် သူအနိုင်ရရှိနိုင်ခြေက အခွင့်အရေးအလွန်နည်းသည်။ သူက လင်းယွမ်၏ ထိုက်ကျိမူလစိတ်ဝိညာဉ်တစ်ခုတည်းကိုသာ အစွမ်းကုန်ထုတ်သုံးအောင် လုပ်နိုင်ခဲ့သည်။ ထို့အပြင် ယခု မူလစိတ်ဝိညာဉ်ကလည်း တိုက်ခိုက်ရန် အချိန်မရွေး အသင့်ဖြစ်နေသည်။
သူက အသက်ကယ်နည်းလမ်းများကို ပြင်ဆင်ထားသောကြောင့် သေခြင်းရှင်းခြင်းတိုက်ပွဲတွင် ရှုံးနိမ့်သွားလျှင်တောင် လုံးဝ ပျောက်ကွယ်သွားမည်မဟုတ်သော်လည်း ဤရုပ်ခန္ဓာတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ရတနာများအားလုံးက ပြန်မရနိုင်အောင် ဆုံးရှုံးသွားပေလိမ့်မည်။
" အရှုံးပေးတာလား။ " လင်းယွမ်က ရပ်တန့်လိုက်သည်။ သူကလည်း ကျိုရှန်းအရှင်သခင်ကို ဖိအားပေးရန် ရည်ရွယ်ချက်မရှိပေ။
ထို့အပြင် အနန္တပုံရိပ်ယောင် ဟင်းလင်းနယ်မြေမှ အခြားဖရိုဖရဲအရှင်သခင်များကလည်း သူတို့၏ တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ သူတို့ထဲတွင် ကျိုရှန်းအရှင်သခင်၏ မိတ်ဆွေများလည်း ရှိနေနိုင်သည်။ အကယ်၍ သူတို့၏ ပြိုင်ပွဲက သေခြင်းရှင်ခြင်းတိုက်ပွဲအဖြစ် ပြောင်းလဲသွားလျှင် သူတို့က ဝင်ရောက်တိုက်ခိုက်နိုင်သည်။
" အရှုံးပေးလိုက်ပြီလား။ " အချိန်လေဟာနယ်အလွှာများမှ လင်းယွမ်၏ မူလခန္ဓာကိုယ်က တိုက်ရိုက်ဆုတ်ခွာသွားသည်။
တန်ဖိုးကြီးသော အလွှာဆယ့်နှစ် ဖရိုဖရဲသစ်ပင်နှင့် မဟာသူတော်စင်၏ အမွေအနှစ်နေရာတို့ကို ရရှိရန် လင်းယွမ်က ထိုက်ကျိမူလစိတ်ဝိညာဉ်တစ်ခုတည်းအပေါ် မှီခိုခြင်းက မလုံလောက်သည်ကို နားလည်ခဲ့သည်။ ထို့ကြောင့် သူ၏ မူလခန္ဓာကိုယ်ကလည်း လိုက်ပါလာပြီး အရိပ်ထဲတွင် ပုန်းကွယ်နေခဲ့ခြင်းဖြစ်သည်။
မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့ တစ်ပြိုင်နက် တိုက်ခိုက်ခြင်းက စွန့်စားမှုပိုများသော်လည်း အမွေအနှစ်နေရာ၏ တန်ဖိုးကို အတည်ပြုပြီးနောက် လင်းယွမ်က လှုပ်ရှားရကျိုးနပ်သည်ဟု ယူဆခဲ့သည်။ ယခုအခါ ယှဉ်ပြိုင်မှုပြီးဆုံးသွားပြီဖြစ်သောကြောင့် မူလခန္ဓာကိုယ်က ထိုနေရာတွင် ဆက်နေစရာ အကြောင်းမရှိတော့ပေ။
" စိတ်ဝင်စားစရာပဲ။ " လင်းယွမ်က ကန်ယုလုံကို တစ်ချက်ကြည့်လိုက်သည်။ မူလခန္ဓာကိုယ်ဖြစ်သဖြင့် သူက ကန်ယုလုံ၏ ခန္ဓာကိုယ်အတွင်းမှ စိတ်အသိကို အတည်ပြုနိုင်ခဲ့သည်။
" အဲ့ဒါက မဟာသူတော်စင်တစ်ယောက် ပြင်ဆင်ထားတဲ့ အရေးပေါ်အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလား။ " လင်းယွမ်က လျို့ဝှက်နေရာမှ မဟာသူတော်စင်၏ သဲလွန်စများနှင့် ဆက်စပ်တွေးလိုက်သည်။
ကန်ယုလုံက အတွင်းသို့ တစ်ကြိမ်ဝင်ရောက်ဖူးသောကြောင့် အခွင့်အလမ်းတစ်ခုခုရရှိခဲ့ခြင်းဖြစ်န်ုင်သည်။ လင်းယွမ်၏ မူလခန္ဓာကိုယ်ပျောက်ကွယ်သွားမှသာ ကန်ယုလုံက အသက်ဝဝရှူနိုင်တော့သည်။
" သူကလည်း စီနီယာပဲလား။ " ကန်ယုလုံက သူ၏ စိတ်ကို ထိန်းချုပ်ပြီး မေးလိုက်သည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က ကန်ယုလုံအပေါ် ကြီးမားသော ဖိအားကို ခံစားစေခဲ့ရပြီး အထူးသဖြင့် ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်ကြောင့်ဖြစ်သည်။ ၎င်း၏ စွမ်းအားက ကန်ယုလုံကို ပစ်မှတ်ထားခြင်းမဟုတ်သော်လည်း သူ၏ စိတ်ဝိညာဉ်က တုန်လှုပ်နေရဆဲ ဖြစ်သည်။ ၎င်းကို မြင်တွေ့ရုံမျှဖြင့် သူ၏ တည်ရှိမှုတစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
" အရူး..." ကလေးသံက နောက်ဆုံးတွင် ပြန်ပေါ်လာခဲ့သည်။ " ကောင်လေး မင်းတို့ ကျောက်လူသားမျိုးနွယ်က ဒီလိုအင်အားကြီးပုဂ္ဂိုလ်တစ်ယောက်နဲ့ ပက်သက်မှုရှိတာ တကယ် စိတ်ကူးမယဉ်နိုင်တဲ့ ကံကောင်းမှုပဲ။ "
ထိုကလေးသံလေးက အလွန်စိတ်လှုပ်ရှားနေပုံရသည်။ သူက လင်းယွမ်၏ အာရုံစိုက်မှုကို ခံရမည်စိုးသောကြောင့် ယခင် စကားမပြောခဲ့ခြင်းဖြစ်သည်။ သို့သော် ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်က သူ့ကိုပင် အံ့အားသင့်သွားစေခဲ့သည်။
" ဒီတိုက်ကွက်က သာမန်နည်းစနစ်တစ်ခုမဟုတ်ဘဲ မွေးရာပါနတ်စွမ်းရည်နဲ့ ပိုတူတယ်။ ဒီအင်အားကြီးပုဂ္ဂိုလ်က ဖရိုဖရဲဟင်းလင်းပြင်ကနေ ဒီလိုကြောက်စရာကောင်းတဲ့ စွမ်းရည်မျိုးကို ထုတ်ဖော်နိုင်တာ အထူးသက်ရှိများဖြစ်နိုင်မလား။ " ထိုကလေးသံက ခန့်မှန်းနေသည်။