ဖရိုဖရဲသစ်ပင်ကို စိုက်ပျိုးခြင်း...
Vol. 60 Ch. 861
လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက အမွေအနှစ်၏ အဓိကအစိတ်အပိုင်းများကို သိပ်ဂရုမစိုက်ပေ။ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမွေအနှစ်၏ အစိတ်အပိုင်းအချို့ ရှိနေလျှင် အမွေအနှစ်တစ်ခုလုံးကို ဖော်ထုတ်နိုင်ပေလိမ့်မည်။
သို့သော် လင်းယွမ်က မဟာသူတောင်စင်တစ်ပါး၏ ကျင့်ကြံခြင်းမှတ်ဉာဏ်များကို စိတ်ဝင်စားခြင်းဖြစ်သည်။ ယခင်က ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့က ထိုကဲ့သို့သော အရာမျိုးကို မချန်ခဲ့ကြပေ။ မဟာသူတော်စင်တစ်ပါး၏ ခံစားချက်များနှင့် ရှုထောင့်များပါးဝင်သော မှတ်ဉာဏ်အစိတ်အပိုင်းများက သာမန်ပုံရိပ်များထက် များစွာတန်ဖိုးရှိလှသည်။
" သဘောတူတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
စိတ်ဝိညာဉ်အစိတ်အပိုင်းက မဟာသူတော်စင်၏ မူလခန္ဓာကိုယ်မဟုတ်သော်လည်း ၎င်း၏ ကျင့်ကြံခြင်းနယ်ပယ်အမြင်မှာ ကျန်ရှိနေဆဲ ဖြစ်သည်။ လင်းယွမ်အနေဖြင့် စိတ်ဝိညာဉ်ရှာဖွေရန် အတင်းအကျပ် လုပ်နိုင်စွမ်းမရှိသောကြောင့် မှတ်ဉာဏ်ကို ဆန္ဒအလျောက် မျှဝေခြင်းကသာ ရွေးချယ်စရာဖြစ်သည်။
" ကောင်းပြီ။ " ကန်ယုလုံက ပြုံးလိုက်သည်။ " ဒါက ကြောင်းကျိုးဝတ်ရုံကို သန့်စင်တဲ့ နည်းလမ်းပဲ။ ကုန်ကြမ်းပစ္စည်းတွေလည်း အဆင်သင့်စုဆောင်းပြီးသားပါ။ "
ကျိုရှန်းအရှင်သခင်၏ ဖမ်းဆီးခြင်းကို မခံရမီ သူက အင်အားကြီးသူတစ်ယောက်ကို ကြောင်းကျိုးဝတ်ရုံ ဖန်တီးပေးရန်အတွက် တောင်းဆိုရန် စီစဉ်ထားခဲ့သည်။
" အင်း။ " လင်းယွမ်က ကုန်ကြမ်းပစ္စည်းများကို ကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။
ကြောင်းကျိုးဝတ်ရုံကို ဖန်တီးသည့် နည်းလမ်းက မရှုပ်ထွေးသော်လည်း ကြောင်းကျိုးနိယာမကို နက်နက်ရှိုင်းရှိုင်း နားလည်ထားရန် လိုအပ်ပြီး အတွင်းစကြာဝဠာ၏ စွမ်းအားကို အသုံးပြု၍ ဝတ်ရုံကို ဖန်တီးခြင်းဖြစ်သည်။ လင်းယွမ်က နေ့တစ်ဝက်အတွင်း ၎င်းကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။
ကန်ယုလုံက ရလဒ်ကို စစ်ဆေးပြီးနောက် သူ၏ မျက်နှာက ကျေနပ်သော အမူအရာက ပေါ်လာသည်။ သူ၏ မူလအစီအစဉ်အရ အခြားအင်အားကြီးသူတစ်ယောက်ကို တောင်းဆိုလျှင် အန္တရာယ်များ ရှိလာနိုင်သည်။
" ဒါက အမွေအနှစ်တွေရဲ့ အဓိကအစိတ်အပိုင်းတွေနဲ့ မူလခန္ဓာကိုယ်ရဲ့ ကျင့်ကြံခြင်းမှတ်ဉာဏ်တွေပဲ။ " ကန်ယုလုံက အချိန်မဆွဲဘဲ ကြည်လင်သော သလင်းကျောက်တစ်ခုကို ပေးလိုက်သည်။
လင်းယွမ်က သလင်းကျောက်ကို ခဏစစ်ဆေးပြီး သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ကျောက်လူသားမျိုးနွယ်များ ပါဝင်သော ကမ္ဘာငယ်ကို ကန်ယုလုံအား လွှဲပြောင်းပေးလိုက်သည်။
သူက ထိုသို့မလုပ်မီ ကမ္ဘာငယ်အတွင်းမှ ကျောက်လူသားမျိုးနွယ်ဝင်တစ်ယောက်ကို ရွေးချယ်ပြီး အတွင်းစကြာဝဠာထဲသို့ ပြောင်းရွှေ့ထားခဲ့သည်။ သူက ကန်ဝေယန်းကို ပေးခဲ့သည့်ကတိအတိုင်း ကျောက်လူသားမျိုးနွယ်ဝင်တစ်ယောက်ကို တပည့်အဖြစ် လက်ခံရမည်ဖြစ်သည်။
" မင်း အနာဂတ်အတွက် ဘာအစီအစဉ်ရှိလဲ။ " လင်းယွမ်က မေးလိုက်သည်။
" ငါ့ရဲ့ မူလခန္ဓာကိုယ် အသက်ရှိစဉ်က ဖရိုဖရဲအရှင်သခင်တစ်ယောက် အုပ်ချုပ်တဲ့ လျို့ဝှက်အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ဖူးတယ်။ သူကို အဲ့ဒီအဖွဲ့အစည်းထဲ ဝင်ခိုင်းဖို့ ငါစီစဉ်ထားတယ်။ " ကန်ယုလုံက ပြန်ဖြေလိုက်သည်။
" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ထပ်မေးလိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် ကန်ယုလုံက အဝေးသို့ ငေးကြည့်နေပြီး သူ၏ အော်ရာက တဖြည်းဖြည်း ဆုတ်ခွာသွားသည်။
" ဘာဖြစ်တာလဲ။ " ကန်ယုလုံက နားမလည်နိုင်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
" ရှာမနေတော့နဲ့။ " ကလေးသံက ထွက်ပေါ်လာသည်။ " မင်းရဲ့ စီနီယာ ထွက်သွားပြီ။ မင်းရဲ့ မျိုးနွယ်ဝင်အားလုံးက အခု အတွင်းစကြာဝဠာထဲမှာ ရှိနေတယ်။ "
" စီနီယာထွက်သွားပြီလား။ စီနီယာက မင်ကို တစ်ခုခုလုပ်ခဲ့သေးလား။ " ကန်ယုလုံက မေးလိုက်သည်။
" လုံးဝမလုပ်ခဲ့ဘူး။ " ကလေးသံက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " မင်းတို့ ကျောက်လူသားမျိုးနွယ်နဲ့ ပက်သက်တဲ့ ဖရိုဖရဲအရှင်သခင်က တကယ်စိတ်နေစိတ်ထား ကောင်းလွန်းတယ်။ မဟုတ်ရင် ငါတို့တော့ သွားပြီပဲ။ "
ထိုကလေးသံက မဟာသူတော်စင်၏ စိတ်ဝိညာဉ်အပိုင်းအစဖြစ်သည်ကို သိရှိပြီးနောက် လင်းယွမ်က တည်ငြိမ်စွာ ရှိနေခဲ့ခြင်းမှာ ချီးကျူးစရာကောင်းလှသည်။ မဟာသူတော်စင်၏ စိတ်ဝိညာဉ်အစိတ်အပိုင်းက အစွမ်းမထက်သော်လည်း မဟာသူတော်စင်၏ မှတ်ဉာဏ်အစိတ်အပိုင်းများ ပါဝင်နေပြီး ဖရိုဖရဲအရှင်သခင်များပင် မက်မောစရာဖြစ်သည်။
" အချိန်ဆွဲမနေနဲ့တော့ ငါပြောတဲ့ ဟင်းလင်းပြင်နယ်မြေကို အခုသွားတော့။ " ကလေးသံက တိုက်တွန်းလိုက်သည်။
" စီနီယာနဲ့ နောက်တစ်ကြိမ် ပြန်ဆုံဖို့ အခွင့်အရေး ရှိဦးမလားမသိဘူး။ " ချန်ယုလုံးက ထွက်ခွာသွားရင်း မေးလိုက်သည်။
" စီနီယာနဲ့ ပြန်တွေ့ဖို့လား။ " ကလေးသံက စဉ်းစားလိုက်သည်။
" ဒီလိုအစွမ်းထက်တဲ့သူနဲ့ ခဏခဏတွေ့ရင် မင်းက အဝတ်ချွတ်ပြီး ပတ်ပြေးနေသလိုဖြစ်နေလိမ့်မယ်။ မင်းတကယ် ပြန်တွေ့ချင်လို့လား။ မင်းသူ့ကို တကယ်ပြန်တွေ့ချင်ရင် အနည်းဆုံး ဖရိုဖရဲအဆင့်ကို ရောက်အောင် တက်လှမ်းရမယ်။ အဲ့ဒီအချိန်မှ သူနဲ့ တွေ့ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်။ "
" ဖရိုဖရဲအဆင့်နဲ့ ငါပေးထားတဲ့ အမွေအနှစ်တွေသာ ရှိရင် မင်းသူ့ကို ပြန်တွေ့ရင်တောင် မင်းကိုမင်း ကာကွယ်နိုင်စွမ်းရှိလိမ့်မယ်။ အဲ့ဒါဆို ငါလည်း စိတ်အေးရပြီ။ " ကလေးအသံက ပြေလိုက်သည်။
" ဖရိုဖရဲအဆင့်လား။ " ကန်ယုလုံက မှင်သက်သွားပြီး သူ၏ စိတ်ထဲတွင် မသေချာမရေရာမှုများ ပြည့်နှက်သွားသည်။
ကုမင်ဖရိုဖရဲကုန်းမြေ၊ ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာ။
လင်းယွမ်က သူရရှိခဲ့သော သလင်းကျောက်ို စတင်လေ့လာနေသည်။ ထိုသလင်းကျောက်ထဲတွင် မဟာသူတော်စင်တစ်ပါး၏ ကျင့်ကြံခြင်းမှတ်ဉာဏ်များပါဝင်နေသည်။ သူက သလင်းကျောက်ကို ခဏလေ့လာပြီး စိတ်အသိမျှင်တစ်ခုကို ၎င်းအတွင်းသို့ ပို့လွှတ်လိုက်သည်။
ခဏအတွင်း လင်းယွမ်၏ စိတ်အသိက ကျယ်ပြောသော ကမ္ဘာတစ်ခုထဲသို့ ကျဆင်းသွားသည်။ ၎င်းက ဖရိုဖရဲဟင်းလင်းပြင်အတွင်းဖြစ်နိုင်ပြီး အဝေးတွင် ဖရိုဖရဲစွမ်းအားများ လွင့်မျောနေသည်။
လင်းယွမ်၏ အမြင်တွင် ကြီးမားသော ပုံရိပ်တစ်ခုက ခြေချိတ်ထိုင်နေသည်။ ထိုပုံရိပ်မှ ထွက်ပေါ်နေသော အော်ရာက အလွန်နက်ရှိုင်းပြီး အပိုင်းအစတစ်ခုကပင် စကြာဝဠာတစ်ခုလုံးကို ချေမှုန်းပစ်နိုင်သည်။
" ဒါက မဟာသူတော်စင်တစ်ပါးရဲ့ စွမ်းအားပေါ့။ " လင်းယွမ်က စိတ်ထဲမှ တုန်လှုပ်သွားသည်။
သူက ပထမဆုံးအကြိမ်အဖြစ် မဟာသူတော်စင်၏ စွမ်းအားအနှစ်သာရကို တိုက်ရိုက်ခံစားမိခြင်းဖြစ်သည်။ ဧကရာဇ်ရွှမ်ဟွမ်ဖြစ်စေ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ဖြစ်စေ သူက အမှတ်အသားများကိုသာ ခံစားမိခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်များ၏ စစ်မှန်သော စွမ်းအားနှင့် ဝေးကွာနေဆဲ ဖြစ်သည်။
ထို့နောက် လင်းယွမ်၏ မျက်စိရှေ့တွင် ထိုပုံရိပ်က စတင်ကျင့်ကြံလေသည်။ အကယ်၍ ထိုပုံရိပ်က ပြန်လည်ပြသခြင်းဆိုခြင်း လင်းယွမ်က စိတ်ဝင်စားမည်မဟုတ်သော်လည်း ယခု သူမြင်တွေ့နေရသည်က အမှန်တကယ် ကျင့်ကြံအားထုတ်နေခြင်းဖြစ်သည်။ ထိုပုံရိပ်၏ ကျင့်ကြံခြင်းအတွေ့အကြုံများက လင်းယွမ်နှင့် ပေါင်းစည်းသွားခဲ့သည်။
" မဟာသူတော်စင်တစ်ပါးရဲ့ မျက်လုံးထဲမှာ ဖရိုဖရဲဟင်းလင်းပြင်ဆိုတာ ဒီလိုကိုး။ " လင်းယွမ်၏ စိတ်ထဲသို့ အသိအမြင်များက ဝင်ရောက်လာသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိတည်ရှိမှု၏ ကျင့်ကြံခြင်းကို စောင့်ကြည့်ပြီး သင်၏ ကျင့်ကြံမှုအသိအမြင်များ တိုးတက်လာပါပြီ။ ]
လင်းယွမ်က မဟာသူတော်စင်၏ ကျင့်ကြံမှုတွင် နစ်မြှုပ်နေခဲ့သည်။
အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာပြီး နောက်ဆုံးတွင် လင်းယွမ်က နိုးထလာခဲ့သည်။
" ဒီကျင့်ကြံခြင်းမှတ်ဉာဏ်က ငါ့အတွက် အရမ်းအကျိုးရှိတာပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
မဟာသူတော်စင်များက သူတို့၏ ကျင့်ကြံမှုမှတ်ဉာဏ်များကို မျှဝေရန် ဆန္ဒမရှိကြပေ။ အကြောင်းမှာ သူတို့၏ မှတ်ဉာဏ်များ ရန်သူလက်ထဲသို့ ကျရောက်သွားလျှင် သူတို့၏ အားနည်းချက်များ ထွက်ပေါ်သွားနိုင်သောကြောင့် ဖြစ်သည်။
အလွှာဆယ့်သုံးသို့ တက်လှမ်းရန် နီးကပ်နေသော မဟာသူတော်စင်များသာ ထိုသို့ ပြုလုပ်ဝံ့ကြသည်။ သူတို့က အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကျရှုံးသွားလျှင် သူတို့၏ အားနည်းချက်များက အရေးမပါတော့ပေ။
အကယ်၍ သူတို့ အလွှာဆယ့်သုံးသို့ တက်လှမ်းနိုင်ခဲ့လျှင် သူတို့၏ အားနည်းချက်များက ဖရိုဖဂဲဟင်းလင်းပြင်တစ်ခုလုံး သိသွားလျှင်တောင် ပြဿနာမရှိပေ။
" အဲ့ဒီအမွေအနှစ်နေရာကို သန့်စင်ပြီးသွားပြီလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
မဟာသူတော်စင်၏ ကျင့်ကြံခြင်းမှတ်ဉာဏ်ကို လေ့လာနေစဉ် လင်းယွမ်က အမွေအနှစ်နေရာကို သန့်စင်နေခဲ့ခြင်းဖြစ်သည်။ ထို့နောက် လင်းယွမ်က သူ၏ စိတ်အသိကို အမွေအနှစ်နေရာသို့ ပို့လွှတ်လိုက်သည်။
" ဖရိုဖရဲသစ်ပင်။ " လင်းယွမ်က အမွေအနှစ်နေရာ၏ အလယ်မှ ဖရိုဖရဲသစ်ပင်ကို အာရုံစိုက်လိုက်သည်။
" ငါ့ရဲ့ အတွင်းစကြာဝဠာထဲမှာ အဲ့ဒါကို စိုက်ပျိုးရမယ်။ " လင်းယွမ်က ဖရိုဖရဲသစ်ပင်ကို ရွှေ့ပြောင်းစိုက်ပျိုးရန် ချက်ချင်း လုပ်ဆောင်လိုက်သည်။
ဝုန်း...
ဖရိုဖရဲသစ်ပင်က ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းပြီး ပြန့်ကားနေသော်လည်း လင်းယွမ်၏ အတွင်းစကြာဝဠာက ပိုမိုကျယ်ပြောပြီး တည်ငြိမ်လှသည်။ မကြာမီ ဖရိုဖရဲသစ်ပင်က လင်းယွမ်၏ အတွင်းစကြာဝဠာအတွင်း အမြစ်တွယ်သွားခဲ့သည်။
ဝုန်း ဝုန်း....
ဖရိုဖရဲသစ်ပင်က အမြစ်တွယ်သွားချိန်တွင် လင်းယွမ်၏ အတွင်းစကြာဝဠာက ကြီးမားစွာ စတင်ပြောင်းလဲလာသည်။ ဖရိုဖရဲသစ်ပင်က အလွှာဆယ့်နှစ် အထွတ်အထိပ်ဖြစ်သောကြောင့် မဟာသူတော်စင်အဆင့် ရတနာဖြစ်သည်။
" ငါ့ရဲ့ အတွင်းစကြာဝဠာက ပြောင်းလဲသွားပြီ။ " လင်းယွမ်က အံ့ဩသွားပြီး အတွင်းစကြာဝဠာ၏ ပြောင်းလဲမှုများကို ချက်ချင်း လေ့လာလိုက်သည်။
ဖရိုဖရဲသစ်ပင်က အတွင်းစကြာဝဠာအပေါ် ကဏ္ဍအမျိုးမျိုးမှ သက်ရောက်နေသည်။ အချိန်လေဟာနယ်တည်ငြိမ်မှုက ပိုမိုအားကောင်းလာပြီး နိယာမလည်ပတ်မှုများက ပိုမိုပြည့်စုံလာသည်။ ထိုပြောင်းလဲမှုများက လင်းယွမ်၏ မျှော်လင့်ချက်အတွင်း ရှိနေသည်။
အဓိကပြောင်းလဲမှုမှာ ဖရိုဖရဲသစ်ပင် အမြစ်တွယ်သွားသည်နှင့် ဖရိုဖရဲဟင်းလင်းပြင်အတွင်းမှ ဖရိုဖရဲစွမ်းအားများက သူ၏ အတွင်းစကြာဝဠာထဲသို့ စိမ့်ဝင်လာပြီး လင်းယွမ်၏ အတွင်းစကြာဝဠာက အသွင်ပြောင်းလဲမှု စတင်တော့သည်။