← Chapters

ကပ်ဘေးကိုးပါးထောလုံခန္ဓာ...

Vol. 60 Ch. 862

ကပ်ဘေးကိုးပါးထောလုံခန္ဓာ...

Vol. 60 Ch. 862

လင်းယွမ်၏ အတွင်းစကြာဝဠာ အနားသတ်များက လျင်မြန်စွာ စတင်ကျယ်ပြန့်လာသည်။ ယခင် သူ၏ အတွင်းစကြာဝဠာ အဆုံးမဲ့ဟင်းလင်းပြင်ကို ကျွမ်းကျင်ပြီးနောက် အလင်းနှစ် သန်း ၂၀ထိ ရောက်ရှိခဲ့သည်။

၎င်းက လင်းယွမ် အတွင်းစကြာဝဠာ၏ အမြင့်ဆုံး ကန့်သတ်ချက်နှင့် နီးကပ်နေပြီဖြစ်သည်။ ထိုအမှတ်ထက် ကျော်လွန်၍ သိသိသာသာ တိုးတက်ရန် လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းပြီး သူ၏ အသက်အနှစ်သာရကို မြှင့်တင်ရန် လိုအပ်သည်။

သို့သော် ယခု အလင်းနှစ် သန်း၂၀ ရှိသော အတွင်းစကြာဝဠာက ရုတ်တရက် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာသည်။ ၂၁သန်း၊ ၂၃သန်း၊ ၂၅သန်း ခဏအတွင်း အတွင်းစကြာဝဠာက အလင်းနှစ် သန်း ၃၀အထိ ရောက်ရှိသွားခဲ့သည်။

အတွင်းစကြာဝဠာက အလင်းနှစ် ၃၃သန်းနီးပါးသို့ ရောက်လာချိန်တွင် ကျယ်ပြန့်မှုက နောက်ဆုံးတွင် နှေးကွေးသွားခဲ့သည်။ ၎င်းက ဆက်လက်ကျယ်ပြန့်နေဆဲ ဖြစ်သော်လည်း အရှိန်က သိသိသာသာ လျော့ကျသွားပြီး အလင်းနှစ် ၃၃သန်းကို အနည်းငယ် ကျော်လွန်ရုံသာ ရှိပေလိမ့်မည်။

" တကယ် ဖရိုဖရဲသစ်ပင်ဆိုတဲ့ အတိုင်းပဲ။ " လင်းယွမ်၏ မျက်နှာတွင် အံ့ဩမှုများ ပေါ်လာသည်။

ဖရိုဖရဲသစ်ပင်၏ ကျေးဇူးကြောင့် အတွင်းစကြာဝဠာက နှစ်ဆနီးပါး ပိုမိုကျယ်ပြန့်လာခဲ့သည်။ လင်းယွမ်က အတွင်းစကြာဝဠာကို ဤကဲ့သို့ တိုးတက်နိုင်ရန်အတွက် စကြာဝဠာခေတ်များစွာ အချိန်ယူရမည်ဖြစ်ပြီး အဆင့်တက်ခြင်း သို့မဟုတ် အသက်အနှစ်သာရပြောင်းလဲခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။

"ထောလုံမဟာသူတော်စင်က အမွေဆက်ခံသူကို လေ့ကျင့်ပေးဖို့ တကယ်အားစိုက်ခဲ့တာပဲ။ " လင်းယွမ်က တွေးလိုက်သည်။

ထောလုံမဟာသူတော်စင်က ကန်ယုလုံ၏ ခန္ဓာကိုယ်အတွင်းရှိနေသော စိတ်ဝိညာဉ်အစိတ်အပိုင်း၏ မူလခန္ဓာကိုယ်ဖြစ်သည်။ မဟာသူတော်စင်၏ ကျင့်ကြံခြင်းမှတ်ဉာဏ်များကို လေ့လာစဉ် လင်းယွမ်က သူ့ကိုလည်း ခွဲခြားသိမြင်ခဲ့သည်။

မဟာသူတော်စင်တစ်ပါး ရွေးချယ်ထားသော လမ်းစဉ်က အလွနထူးခြားပြီး သူတို့က ဟင်းလင်းပြင်နယ်မြေ အများအပြားသို့ ကျော်ကြားခဲ့သည်။ ထောလုံမဟာသူတော်စင်က ရုပ်ခန္ဓာနယ်ပယ်တွင် ကျွမ်းကျင်သော မဟာသူတော်စင်တစ်ပါးဖြစ်သည်။

တိုက်ခိုက်ရေးစွမ်းအားအရ ပြိုင်ဘက်ကင်းမဟာသူတော်စင်များကို မယှဉ်နိုင်သော်လည်း အရိပ်နတ်ဆိုးနှင့် နဝမဖီးနစ်တို့ကဲ့သို့ အသစ်တက်လှမ်းလာသော မဟာသူတော်စင်များထက် များစွာ အားကောင်းနေဆဲ ဖြစ်သည်။

" နှမြောစရာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ ဖရိုဖရဲသစ်ပင်က နောက်ဆုံးတွင် သူ၏ လက်ထဲသို့ ကျရောက်ခဲ့သည်။

သို့သော် လင်းယွမ်သာ မကူညီခဲ့လျှင် ဖရိုဖရဲသစ်ပင်နှင့် အမွေအနှစ်နေရာတို့ ဆုံးရှုံးရမည့်အပြင် ကန်ယုလုံကိုယ်တိုင်လည်း အသက်ရှင်နိုင်မည်မဟုတ်ပေ။ အကယ်၍ ဖရိုဖရဲသစ်ပင်မရှိခဲ့လျှင်လည်း လင်းယွမ်က ဖရိုဖရဲအရှင်သခင်တစ်ယောက်နှင့် ရန်ငြိုးဖွဲ့မည်မဟုတ်ပေ။

" ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆို ကျိုရှန်းအရှင်သခင်နဲ့ ယှဉ်ပြိုင်ရင် ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်ကို အသုံးပြုဖို့ မလိုတော့ဘူး။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

လင်းယွမ်၏ အတွင်းစကြာဝဠာက ဆက်လက်ကျယ်ပြန့်နေပြီး နိယာမစီးဆင်းမှုများကလည်း ပို၍ တည်ငြိမ်လာစဉ် သူ၏ အတွင်းစကြာဝဠာထဲရှိ ကျောက်စိမ်းဘူးသီးခြောက်က အနည်းငယ် တုန်ခါသွားပြီး ဆံပင်နှစ်ဖက်စီးထားသော အနီရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် ထွက်ပေါ်လာသည်။

" အတွင်းစကြာဝဠာက..." အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အတွင်းစကြာဝဠာကို ဂရုတစိုက် လေ့လာနေသည်။

ကျောက်စိမ်းဘူးသီးခြောက်နှင့် အလွှာဆယ့်သုံး အမွေအနှစ်ဖြစ်သော အဆုံးမဲ့ဟင်းလင်းပြင်၏ ကာကွယ်သူတစ်ယောက်အနေဖြင့် သူမက အတွင်းစကြာဝဠာကို နက်ရှိုင်းစွာ နားလည်ထားသည်။

" ဒါက ဖရိုဖရဲသစ်ပင်လား။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောင်းလဲမှုများ၏ အရင်းအမြစ်ကို ချက်ချင်း ရှာတွေ့သွားသည်။

လင်းယွမ်၏ စိတ်အသိပုံရိပ်က သူမ၏ ဘေးတွင်ပေါ်လာသည်။ အတွင်းစကြာဝဠာ၏ ဖန်တီးသူအနေဖြင့် လင်းယွမ်က သေးငယ်သော ပြောင်းလဲမှုများကိုပင် အာရုံခံနိုင်ပြီး သူမကိုလည်း သတိပြုမိသည်။

" မင်းက ဖရိုဖရဲသစ်ပင်ကို သိတာလား။ " လင်းယွမ်က မေးလိုက်သည်။

" ဖရိုဖရဲသစ်ပင်အကြောင်း ငါသေချာပေါက်သိတာပေါ့။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ဒီလိုအထွတ်အထိပ်ရတနာတွေက ဖရိုဖရဲဟင်းလင်းပြင်ရဲ့ မူလနယ်မြေကနေ ဆင်းသက်လာလေ့ရှိတယ်။ အရမ်းရှားပါးသလို့ အတွင်းစကြာဝဠာကို မြှင့်တင်ပေးရာမှာလည်း အရမ်းသက်ရောက်မှုရှိတယ်။ "

" အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံသူအတွက် ဖရိုဖရဲသစ်ပင်က အံ့ဩစရာကောင်းတဲ့ ရလဒ်ကို ပေးနိုင်တယ်။ "

" ဖရိုဖရဲဟင်းလင်းပြင်ရဲ့မူလနယ်မြေက ကျဆင်းလာတာလား။ " လင်းယွမ်က အနီရောင်ဝတ်စုံနှင့်မိန်းကလေးကို ကြည့်လိုက်သည်။

လင်းယွမ်က အလွှာတစ်ဆယ်၊ ဆယ့်တစ်နှင့် ဆယ့်နှစ်တို့ကို တက်လှမ်းရာတွင် ဖရိုဖရဲဟင်းလင်းပြင်၏ မူလနယ်မြေမှ မူလရင်းမြစ်ကို လက်ခံခဲ့ပြီး ၎င်းတွင်ပါဝင်သော ကျယ်ပြောလှသော အော်ရာကိုလည်း ခံစားမိခဲ့သည်။

" မူလနယ်မြေရဲ့ အပြင်ဘက်မှာ စစ်မှန်တဲ့ ဖရိုဖရဲသစ်ပင်တွေက ရှင်သန်ကြီးထွားနိုင်ခြင်းမရှိဘူး။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ခေါင်းခါပြီး ဆက်ပြောလိုက်သည်။ " ကမ္ဘာသစ်ပင်က ဖရိုဖရဲသစ်ပင်အဖြစ် ပြောင်းလဲနိုင်တယ်လို့ နင်ကြားဖူးရင် ကြားဖူးလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက တကယ်မဖြစ်နိုင်တဲ့ကိစ္စပဲ။ "

" နားလည်ပြီ။ " လင်းယွမ်က သူ၏ အတွင်းစကြာဝဠာ၏ အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် ကြီးမားသော ကမ္ဘာသစ်ပင်က လှုပ်ရမ်းနေသည်။ လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်၏ ပထမအဆင့်ကို ကျွမ်းကျင်ပြီးနောက် အတွင်းစကြာဝဠာက သန်း၂၀ထိ ကျယ်ပြန့်သွားခဲ့ပြီး ကမ္ဘာသစ်ပင်၏ အသုံးဝင်မှုကလည်း လျော့ကျသွားခဲ့သည်။

ကမ္ဘာသစ်ပင်၏ စွမ်းအားက ထိုမျှကျယ်ပြောလှသော အတွင်းစကြာဝဠာကို လွှမ်းခြုံထားနိုင်စွမ်းမရှိပေ။ လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်ကို စတင်ခြေဆန့်ချိန်တွင် ဖရိုဖရဲသစ်ပင်ကို ကမ္ဘာသစ်ပင်အဖြစ် ပြောင်းလဲရန် ရည်မှန်းချက်ထားခဲ့ဖူးသည်။ သို့သော် အကြိမ်ကြိမ် ကြိုးစားပြီးနောက် ၎င်းက ကန့်သတ်ချက်တစ်ခုရှိနေသည်ကို ရှာတွေ့ခဲ့သည်။

" အဲ့ဒါကြောင့် ဖရိုဖရဲသစ်ပင်တစ်ပင်ကို ရရှိတာက သေးငယ်တဲ့ ကံကောင်းမှုတစ်ခု မဟုတ်ဘူး။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောလိုက်သည်။

သူမက ဖရိုဖရဲသစ်ပင်ထက် နက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိသည့် အတွင်းစကြာဝဠာကို ပိုင်ဆိုင်ထားသော လင်းယွမ်နှင့် လိုက်ဖက်ညီမှုကို ပို၍ သဘောကျနေခြင်းဖြစ်သည်။ ဖရိုဖရဲသစ်ပင်၏ အကျိုးသက်ရောက်မှုက အသုံးပြုသူအပေါ်တွင် မူတည်၍ ကွဲပြားသွားသည်။

သာမန်ဖရိုဖရဲအရှင်သခင်တစ်ယောက်အတွက်မူ ၎င်းက အတွင်းစကြာဝဠာကို အနည်းငယ် တည်ငြိမ်စေရုံနှင့် ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် ကြာမြင့်ချိန်ကို လျှော့ချပေးနိုင်ရုံသာ ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းအားက အနည်းငယ် မြှင့်တင်ပေးရုံသာ ရှိပေလိမ့်မည်။

သို့သော် လင်းယွမ်၏ လက်ထဲတွင်မူ အကျိုးသက်ရောက်မှုက ကြောက်စရာကောင်းလှသည်။ အနည်းဆုံးတော့ လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက ဖရိုဖရဲသစ်ပင်ကို မရရှိမီကထက် များစွာ တိုးတက်လာခဲ့သည်။

၎င်းက အစသာ ရှိသေးသည်။ အချိန်ကြာလာသည်နှင့်အမျှ ဖရိုဖရဲသစ်ပင်၏ သက်ရောက်မှုက ပိုမိုအားကောင်းလာပြီး သူ့ကို လွှမ်းမိုးခြင်းအဆင့်နှင့် ဖရိုဖရဲအဆင့်သို့ တက်လှမ်းနိုင်ရန် ပံ့ပိုးပေးပေလိမ့်မည်။

" ကံတရားက ငါ့ကို မျက်နှာသာပေးတဲ့ပုံပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။

အနန္တပုံရိပ်ယောင် ဟင်းလင်းပြင်နယ်မြေသို့ ကိုယ်ပွားတစ်ခု စေလွှတ်ခြင်းက ထိုမျှကံကောင်းမှုမျိုး ရရှိလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

လင်းယွမ်က ဖရိုဖရဲသစ်ပင် အမြစ်တွယ်သွားသည်ကို သေချာသွားပြီးနောက် သူက အမွေအနှစ်နေရာကို အာရုံစိုက်လိုက်သည်။ အမွေအနှစ်နေရာကို ထောလုံမဟာသူတော်စင်က အမွေဆက်ခံသူကို လေ့ကျင့်ပေးရန် ရည်ရွယ်ပြီး ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဖရိုဖရဲသစ်ပင်က တန်ဖိုးအရှိဆုံး ရတနာဖြစ်သော်လည်း အခြားရတနာများလည်း ချန်ထားခဲ့သည်။ ၎င်းတွင် ထောလုံမဟာသူတော်စင်၏ အမွေအနှစ်များလည်း ပါဝင်သည်။ အမွေအနှစ်နေရာတွင် တန်ဖိုးအရှိဆုံးမှာ ဖရိုဖရဲသစ်ပင်မဟုတ်ဘဲ ထောလုံမဟာသူတော်စင်၏ စိတ်ဝိညာဉ်အစိတ်အပိုင်းသာဖြစ်သည်။

ဖရိုဖရဲသစ်ပင်က အတွင်းစကြာဝဠာကို တည်ငြိမ်စေပြီး တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးရုံသာ ဖြစ်သော်လည်း ထောလုံမဟာသူတော်စင်၏ စိတ်ဝိညာဉ်အစိတ်အပိုင်းက ကျင့်ကြံခြင်းလမ်းစဉ်၏ အတားအဆီးများကို ချိုးဖျက်ရန်နှင့် ပိုမိုတိုးတက်စေရန် အဓိကသော့ချက်ဖြစ်သည်။

ဖရိုဖရဲအရှင်သခင်တစ်ယောက်အတွက် မဟာသူတော်စင်၏ စိတ်ဝိညာဉ်အစိတ်အပိုင်းထံမှ အတွေ့အကြုံက မဟာသူတော်စင်အဆင့်သို့ တက်လှမ်းရန် မစွမ်းဆောင်နိုင်လျှင်တောင် ရှေ့ဆက်ရမည့် လမ်းစဉ်ကို ရှင်းလင်းစွာ သိမြင်နိုင်သည်။

သို့သော် လင်းယွမ်က မတူပေ။ မဟာသူတော်စင်၏ စိတ်ဝိညာဉ်အစိတ်အပိုင်းက သူ့အတွက် တန်ဖိုးသိပ်မရှိပေ။ လင်းယွမ်က ကိုယ်ပိုင်လမ်းစဉ်ရှိပြီး ထောလုံမဟာသူတော်စင်၏ လမ်းစဉ်က သူနှင့် ကိုက်ညီမှုမရှိပေ။ အမွေအနှစ်နေရာကို သန့်စင်ပြီးနောက် ၎င်းက လက်ဝါးအရွယ်အစားထိ ကျုံ့သွားပြီး လင်းယွမ်၏ ရှေ့တွင် လွင့်မျောနေသည်။

" ကြည့်လိုက်ရအောင်။ " လင်းယွမ်က ၎င်းကို စတင်လေ့လာလိုက်သည်။ ယခုအချိန်တွင် သူက အမွေအနှစ်နေရာ၏ အရှင်သခင်ဖြစ်ပြီး အရာအားလုံးကို ထိန်းချုပ်နိုင်သည်။

" ကပ်ဘေးကိုးပါးထောလုံခန္ဓာလား။ " လင်းယွမ်က အမွေအနှစ်ကို အသေးစိတ် လေ့လာနေသည်။

ရွှမ်ဟွမ်မူလခန္ဓာနှင့် နတ်ဆိုးကျောက်စိမ်းအင်မော်တယ်ခန္ဓာကဲ့ငို့ ၎င်းက ရုပ်ခန္ဓာသန့်စင်ခြင်းနည်းစနစ်တစ်ခု ဖြစ်သည်။ ထောလုံမဟာသူတော်စင်က ဖရိုဖရဲဟင်းလင်းပြင်မှ မွေးဖွားလာသော အထူးသက်ရှိဖြစ်သည်။ သူက အစွမ်းထက်သော ထောလုံခန္ဓာနှင့် မဟာသူတော်စင်အဆင့်သို့ တက်လှမ်းခဲ့သည်။

ထိုကြောက်စရာကောင်းသော ရုပ်ခန္ဓာစွမ်းအားနှင့် အခြားနည်းစနစ်များကြောင့် ထောလုံမဟာသူတော်စင်က အဆင့်တူမဟာသူတော်စင်များအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ကပ်ဘေးကိုးပါး ထောလုံခန္ဓာက ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အထူးသက်ရှိဖြစ်သော ထောလုံနှင့် ဆင်တူလာစေရန် ရုပ်ခန္ဓာကို သန့်စင်ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်က ကပ်ဘေးကိုးမျိုးကို ခံနိုင်ရည်ရှိရန်လိုအပ်သည်။ ၎င်းတို့အားလုံးကို ဖြတ်ကျော်ပြီးသောအခါ ကျင့်ကြံသူ၏ ရုပ်ခန္ဓာက အထူးသက်ရှိ ထောလုံအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။

All Chapters