← Chapters

နဂါးငွေ့တန်းပြက္ခဒိန်လား...

Vol. 60 Ch. 865

နဂါးငွေ့တန်းပြက္ခဒိန်လား...

Vol. 60 Ch. 865

ယခုအချိန်ထိ လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ အနှစ်သာရကို မသိသေးသော်လည်း ၎င်းက သေချာပေါက် အလွန်မြင့်မားသော စွမ်းအားပုံစံတစ်ခု ဖြစ်ပေလိမ့်မည်။

စကြာဝဠာပျက်ဆီးနေချိန်အတွင်း ထိုသို့သော စွမ်းအားများ ပျံ့နှံ့နေသော်လည်း နောက်ဆုံးတွင ၎င်းက စကြာဝဠာအတွင်းသာ ပျံ့နှံ့နေခြင်းဖြစ်ပြီး နောက်ဆုံးတွင် စကြာဝဠာထဲသို့ ပြန်လည်ပေါင်းစည်းသွားပေလိမ့်မည်။ သို့သော် ယခု စကြာဝဠာပျက်ဆီးချိန်တွင် သူက ထိုစွမ်းအားအားလုံးကို စုပ်ယူခဲ့သည်။

" စကြာဝဠာအတွင်းမှာ နေမှပဲ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားတွေကို စုပ်ယူနိုင်တာ နှမြောစရာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

မကြာသေးမီနှစ်များအတွင်း သူက အနီးနားရှိ ဟင်းလင်းပြင်နယ်မြေများသို့ ကိုယ်ပွားများ စေလွှတ်ခဲ့ပြီး ပျက်စီးနေသော စကြာဝဠာများကို ရှာတွေ့ခဲ့သော်လည်း ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို စုပ်ယူနိုင်ခြင်းမရှိခဲ့ပေ။

ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာ။

လူသားမျိုးနွယ်က ဤနေရာသို့ ရွှေ့ပြောင်းအခြေချခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ အဆင့်မြင့်နည်းပညာများနှင့် တည်ဆောက်ထားသော စာသင်ခန်းတစ်ခုထဲတွင် ကျောင်းသားဆယ်ယောက်ကျော်က ဆရာမ၏ သင်ပြမှုများကို နားထောင်နေကြသည်။

လူသားမျိုးနွယ်၏ လက်ရှိနည်းပညာများဖြင့် ပညာသင်ကြားခြင်းကို VR ကမ္ဘာတွင် လုပ်ဆောင်နိုင်သော်လည်း အချို့ကျောင်းများကတော့ လက်တွေ့သင်ကြားခြင်းကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

စင်ပေါ်တွင် ရပ်နေသော ဆရာမက သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမ၏ အောက်ရှိ ကျောင်းသားများကို ကြည့်နေသည်။ ထိုကျောင်းသားများက လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဤအစိတ်အပိုင်းကမ္ဘာတွင် မွေးဖွားလာကြသူများဖြစ်သည်။ သူတို့က ကြယ်မျက်ရည်၏ ပျိုးထောင်မှုကို ရရှိထားကြသဖြင့် မွေးရာပါပါရမီနှင့် အလားအလာများ ကောင်းမွန်ကြပြီး အနာဂတ်တွင် အားလုံးနီးပါးက ဆင့်ကဲပြောင်းလဲသူများ ဖြစ်လာနိုင်ကြသည်။

" စွန်းမင်။ " သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က မျက်မှောင်ကြုတ်သွားပြီး နောက်ဘက်တွင် ထိုင်နေသော ကျောင်းသားတစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ ထိုကျောင်းသားက အနည်းငယ် ငေးငိုင်နေပြီး သင်ကြားမှုကို စိတ်မရောက်ပေ။

" ဟုတ်ကဲ့ဆရာမ။ " စွန်းမင်က အသိဝင်လာပြီး ချက်ချင်းထရပ်လိုက်သည်။

" နဂါးငွေ့တန်းပြက္ခဒိန်ဆိုတာ ဘာလဲဆိုတာ မင်းပြောပြပါဦး။ " သက်လတ်ပိုင်းအမျိုးသမီးက ပြုံး၍ ပြောလိုက်သည်။

" နဂါးငွေ့တန်းပြက္ခဒိန်လား။ " စွန်းမင်က စိတ်အားတက်ကြွသွားသည်။

အခြားဗဟုသုတများအကြောင်း သူမသိသော်လည်း နဂါးငွေ့တန်းပြက္ခဒိန်ကို သူမသိဘဲနေမည်မဟုတ်ပေ။

" လွန်ခဲ့တဲ့ ၅၆ နှစ်က ကျွန်တော်တို့ နေထိုင်တဲ့ စကြာဝဠာကြီးက ပျက်ဆီးခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘာမှမဖြစ်ခဲ့ရင် ကျွန်တော်တို့ လူသားမျိုးနွယ်က နိုင်ငံသားအများစုက စကြာဝဠာနဲ့အတူ ပျက်စီးသွားရမှာပါ။ "

" ဒါပေမယ့် ကြီးမြတ်သူနဂါးငွေ့တန်းက ထွက်ပေါ်လာခဲ့ပါတယ်။ သူက လူသားမျိုးနွယ်တစ်ခုလုံးကို တစ်ယောက်တည်း ကယ်ထုတ်ပြီး နောက်ဆုံး အမိမြေအသစ်ကို ပြောင်းရွှေ့ပေးခဲ့တယ်။ "

" နောက်ဆုံးမှာ ကြယ်ပင်လယ်ခေတ် ကုန်ဆုံးသွားခဲ့ပြီး နဂါးငွေ့တန်းပြက္ခဒိန်ရဲ့ ပထမဆုံးနှစ်စတင်ခဲ့ပါတယ်။ နဂါးငွေ့တန်းပြက္ခဒိန်လို့ခေါ်တာဟာ အကြီးမြတ်ဆုံးသူရဲကောင်း နဂါးငွေ့တန်းရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို အထိမ်းအမှတ်ပြုပြီး ခေါ်ခဲ့ကြတာပါ။ " စွန်းမင်က တက်ကြွစွာ ပြောလိုက်သည်။

အခြားကျောင်းသားများကလည်း စိတ်လှုပ်ရှားစွာဖြင့် နားထောင်နေကြသည်။ ကြီးမြတ်သးနဂါးငွေ့တန်းက လူသားမျိုးနွယ်၏ နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။

" ကောင်းတယ်။ " ဆရာမက ခေါင်းညိမ့်လိုက်သည်။ သူမက ကြယ်ပင်လတ်ခေတ်၏ နိဂုံးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်သည်။

" ဒါဆို သိုင်းတာအိုအကြောင်း ပြောရအောင်။ " ဆရာမက ဆက်လက်မေးမြန်းလိုက်သည်။

" သိုင်းတာအိုဆိုတာ ကြီးမြတ်သူနဂါးငွေ့တန်းလျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်ပါ။ " စွန်းမင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" နဂါးငွေ့တန်းပြက္ခဒိန် ၄၀ ခုနှစ်မှာ ကြီးမြတ်သူနဂါးငွေ့တန်းက သိုင်းတာအိုကို အခြေခံပြီး အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၆၇၃ခုကို ဖော်ထုတ်ခဲ့ပါတယ်။ အဲ့ဒီလမ်းစဉ်တွေက လမ်းစဉ်အများစုကို လွှမ်းခြုံထားပြီး အားလုံးက အလွှာဆယ့်နှစ်ထိရောက်နိုင်ပါတယ်။ "

" နဂါးငွေ့တန်းပြက္ခဒိန် ၄၅ ခုနှစ်မှာ အရင်ခေတ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အများစုက တဖြည်းဖြည်း ပျောက်ကွယ်သွားကြပါတယ်။ " စွန်းမင်က အလွန်စိတ်လှုပ်ရှားနေပုံရသည်။ သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မကျင့်ကြံရသေးသော်လည်း အနာဂတ်တွင် သူကျင့်ကြံသော လမ်းစဉ်က သိုင်းတာအိုဖြစ်သည်ကို ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာ၏ နက်ရှိုင်းသော နေရာတွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ သိုင်းတာအို၏ လမ်းစဉ်ခွဲများက လူသားမျိုးနွယ်အတွင်း ပျံ့နှံ့နေပြီး ကြယ်ပင်လယ်ခေတ်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအား အစားထိုးနေသည်ကို သူလည်း သတိပြုမိသည်။

လင်းယွမ် ဖော်ထုတ်ခဲ့သော သိုင်းတာအို လမ်းစဉ်ခွဲများက အလားအလာ၊ ကျင့်ကြံမှုအခက်အခဲနှင့် အခြားကဏ္ဍပေါင်းစုံတွင် ကြယ်ပင်လယ်ခေတ်မှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထက် များစွာ သာလွန်နေသည်။

သာမန်လူများမပြောနှင့် လူသားမျိုးနွယ်၏ အလွှာဆယ့်နှစ် ကြီးမြတ်သူကိုးယောက်ပင် သိုင်းတာအိုလမ်းစဉ်ခွဲများကို ပြောင်းလဲကျင့်ကြံရန် ဆုံးဖြတ်ခဲ့ကြသည်။

" အဝေးက ဟင်းလင်းပြင်နယ်မြေမှာတောင် သိုင်းတာအိုကျင့်ကြံသူတွေ ထွက်ပေါ်လာတာကို ငါခံစားမိတယ်။ " လင်းယွမ်က အာရုံခံကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။

ထိုအခြေအနေမှာ လမ်းစဉ်တစ်သောင်းခန်းမက သိုင်းတာအိုလမ်းစဉ်ခွဲများကို ဖြန့်ကျက်ပေးသောကြောင့် ဖြစ်သည်။

" ပျံ့နှံ့မှုနှုန်းက အရမ်းမြန်တယ်။ လက်ရှိကျင့်ကြံသူအရေအတွက်က လူသားမျိုးနွယ်ရဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူအရေအတွက်ထက်တောင် ကျော်လွန်နေပြီ။ "

စကြာဝဠာအတွင်း လူသားမျိုးနွယ်၏ လူဦးရေက ဖရိုဖရဲဟင်းလင်းပြင်နှင့်ယှဉ်လျှင် အလွန်သေးငယ်လှသည်။ ယခု လမ်းစဉ်တစ်သောင်းခန်းမ၏ ဖြန့်ကျက်မှုမှာ အစောပိုင်းအဆင့်တွင်သာ ရှိသေးပြီး အရှိန်အဟုန်နှင့် ပျံ့နှံ့လာသောအခါ သိုင်းတာအိုကျင့်ကြံသူအရေအတွက်က သိသိသာသာ တိုးတက်လာပေလိမ့်မည်။

ရင်းမြစ်ကမ္ဘာ၊ ချင်းဖန်မြို့။

လင်းယွမ်က ခြေချိတ်ထိုင်နေပြီး လီယန်နတ်ခန္ဓာကို အသေးစိတ် လေ့လာနေသည်။ လီယန်ရှေးဟောင်းနိုင်ငံတွင် လီယန်နတ်ခန္ဓာက ပြိုင်ဘက်ကင်းပြီး နိယာမများကို နားလည်ခြင်းနှင့် တိုက်ခိုက်ရေးစွမ်းအား ထုတ်ဖော်ခြင်း စသည့်ကဏ္ဍအားလုံးတွင် ကြီးမားသော အားသာချက်များ ရှိနေသည်။

" ငါ လီယန်မျိုးစေ့တွေကို ဆက်ပြီး စုစည်းရဦးမယ်။ " လင်းယွမ်က လီယန်မျိုးစေ့များ စုစည်းခြင်းကို လက်မလျှော့ခဲ့သော်လည်း ခက်ခဲမှုမှာ အလွန်မြင့်မားလာပြီး လင်းယွမ်အတွက်ပင် တစ်ရက်စုစည်းရန် ရက်အနည်းငယ်ကြာမြင့်သည်။

" အခုအခြေအနေကတော့ " လင်းယွမ်က ကျင့်ကြံခြင်းကို ခဏရပ်ပြီး အပြင်သို့ ကြည့်လိုက်သည်။

လင်းယွမ်၏ ကြားဝင်စွက်ဖက်မှုကြောင့် ဇီမန်နယ်မြေ၏ အစီအစဉ်များ ပျက်ဆီးသွားခဲ့သည်။ ထို့ကြောင့် ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေတို့မှာ အပြန်အလှန် တိုက်ခိုက်မှုများရှိခဲ့ပြီး နယ်စပ်များမှာပင် စစ်တပ်များကို တပ်စွဲထားကြသည်။

ရင်းမြစ်ကမ္ဘာမှ ရှေးဟောင်းနိုင်ငံများ၏ စစ်တပ်များက အစီအရင်များဖြင့် ထွက်ပေါ်ကြခြင်းဖြစ်သည်။ အလွှာဆယ့်တစ် ကျင့်ကြံသူတစ်သိန်းဖြင့် ဖွဲ့စည်းထားသော အစီအရင်တစ်ခုက ကျင့်ကြံသူတစ်သိန်း၏ စွမ်းအားများကို စုစည်းပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေရန် လုံလောက်သည်။

ထိုအချိန်တွင် အရှင်ချင်းဖန်က ပေါ်လာသည်။

" ဇီမန်နယ်မြေရဲ့ လှုပ်ရှားမှုတွေကို စိတ်ဝိညာဉ်ဘုရင်က အမိန့်ပေးနေတာပဲ။ စစ်ပွဲကတော့ ရှောင်လွှဲလို့မရတော့ဘူးထင်တယ်။ စောရင် ရာစုနှစ်အတွင်း နောက်ကျရင် ထောင်စုနှစ်အတွင်း စစ်ဖြစ်လိမ့်မယ်။ " အရှင်ချင်းဖန်က ပွင့်ပွင့်လင်းလင်း မှတ်ချက်ချလိုက်သည်။

" စိတ်ဝိညာဉ်ဘုရင်... " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူကလည်း အသစ်တက်လှမ်းလာသော ထိုဘုရင်အကြောင်းကို ကြားခဲ့ဖူးသည်။ တော်ဝင်မျိုးနွယ်၏ အဆင့်အတန်းဖြင့် ဘုရင်ဘွဲ့အပ်နှင်းခံရခြင်းက ရှားပါးလှသည်။ အကြောင်းမှာ ဘုရင်အများစုက နတ်ဘုရားအရှင်သခင်များဖြစ်ကြသည်။

" ဒါပေမယ့် စစ်ပွဲဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ငါတို့ လီယန်ရှေးဟောင်းနိုင်ငံက မကြောက်ပါဘူး။ " အရှင်ချင်းဖန်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " အခုလောလောဆယ်တော့ ချင်းဖန်မြို့အပြင် မထွက်နဲ့ဦး။ စိတ်ဝိညာဉ်ဘုရင်က မင်းကို ပစ်မှတ်ထားလာနိုင်တယ်။ "

အကယ်၍ လင်းယွမ်သာ မရှိလျှင် စိတ်ဝိညာဉ်ဘုရင်က ချင်းဖန်မြို့နှင့် ချင်းဖန်နယ်မြေကို သိမ်းပိုက်ရန် များစွာလွယ်ကူသွားပေလိမ့်မည်။ ထို့ကြောင့် အရှင်ချင်းဖန်က စိုးရိမ်နေခြင်းဖြစ်သည်။

" စိတ်ချပါ။ ကျွန်တော် သေချာပေါက် အပြင်မထွက်ပါဘူး။ " လင်းယွမ်က ချက်ချင်း ပြန်ဖြေလိုက်သည်။

မဟာအစီအရင်သလင်းကျောက်ကို ရောင်းချထားသောကြောင့် လင်းယွမ်က အချိန်တစ်ခုအထိ အရင်းအမြစ်များ လိုအပ်ဦးမည်မဟုတ်ပေ။ အရင်းအမြစ်များမလို အမွေအနှစ်များမလိုဘဲ လင်းယွမ်က အတင်းအပြင်ထွက်ခိုင်းလျှင်တောင် သူက သွားမည်မဟုတ်ပေ။

" အဲ့ဒါဆို ကောင်းပြီ။ " အရှင်ချင်းဖန်က ခေါင်းညိမ့်ပြီး ပြန်လည်ပျောက်ကွယ်သွားသည်။

အကယ်၍ စစ်ပွဲသာ အမှန်တကယ် စတင်ခဲ့လျှင် ချင်းဖန်နယ်မြေက ကြီးမားသော ဖိအားကို ရင်ဆိုင်ရမည်ဖြစ်သောကြောင့် အရှင်ချင်းဖန်က မကြာသေးမီအချိန်များအတွင်း အလုပ်များနေခဲ့သည်။

အရှင်ချင်းဖန်ထွက်သွားပြီးသောအခါ လင်းယွမ်က ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်သည်။ မည်သည့်အခြေအနေတွင် ဖြစ်စေ ကျင့်ကြံပြီး ပိုမိုသန်မာအောင်လုပ်ခြင်းက အရေးကြီးဆုံးဖြစ်သည်။

အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ထောင်ကြာသွားခဲ့သည်။

အဆုံးမဲ့နေမင်းများ ပြည့်နှက်နေသော အနီရောင်ကမ္ဘာထဲတွင် လင်းယွမ်၏ စိတ်အသိမျှင်တစ်ခုမှ ပေါင်းစပ်ထားသော ကိုယ်ပွားက ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။

All Chapters