စိတ်ဝိညာဉ်ဘုရင်၏ အကို...
Vol. 60 Ch. 868
ဟုန်ယဲကဲ့သို့ အနည်းစုကပင် ဖရိုဖရဲမီးတောက်အပြင် အခြားလမ်းစဉ်တစ်ခုကိုလည်း နားလည်ထားကြသည်။ ၎င်းက ပုံမှန်ပင်ဖြစ်သည်။ လီယန်ဘိုးဘေး၏ လီယန်မီးတောက် ရှေးဟောင်းနိုင်ငံအတွင်း သက်ရှိအားလုံးအပေါ် ကြီးမားသော သက်ရောက်မှုရှိနေသောကြောင့်ဖြစ်သည်။
ခဏကြာသောအခါ အရှင်ချင်းဖန်၏ ဦးဆောင်မှုဖြင့် မဟာအရှင်သခင်များက ချင်းဖန်နယ်မြေ၏ နယ်စပ်သို့ ရောက်ရှိလာသည်။ ချင်းဖန်မြို့တွင် နယ်စပ်သို့ တိုက်ရိုက်ရောက်ရှိနိုင်သော အချိန်လေဟာနယ်လမ်းကြောင်း ရှိသည်။ ၎င်းမှာ ဇီမန်နယ်မြေက စစ်ပွဲကို ရုတ်တရက် စတင်ခဲ့လျှင် ချင်းဖန်နယ်မြေမှ မဟာအရှင်သခင်များ အချိန်မီ ရောက်ရှိရန် ဖြစ်သည်။
" အဲ့ဒါဘာလဲ။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
သူက ယခင် နယ်စပ်ဒေသသို့ ရောက်ဖူးသော်လည်း ယခု လက်ရှိနယ်စပ်ဒေသက လင်းယွမ်ကို လုံးဝမတူညီသော ခံစားချက်ကို ပေးစွမ်းသည်။ ယခုအချိန်တွင် နယ်စပ်ဒေသက စစ်တပ်များဖြင့် ပြည့်နှက်နေပြီး ကြီးမားသော စစ်နက်လက်များကိုလည်း ပြင်ဆင်ထားကြသည်။
စစ်လက်နက်တစ်ခုချင်းစီတွင် အစီအရင်များ တည်ဆောက်ထားပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့်နှင့် လွှမ်းမိုးခြင်းအဆင့်များ ပါဝင်သည်။ လင်းယွမ်၏ အကြည့်က လွှမ်းမိုးခြင်းအဆင့် ၁၈၈၈ယောက်နှင့် ဖွဲ့စည်းထားသော စစ်လက်နက်တစ်ခုပေါ်သို့ ကျရောက်သွားသည်။
လွှမ်းမိုးခြင်းအဆင့် နှစ်ထောင်နီးပါးက စစ်လက်နက်ကို ထိန်းချုပ်နေကြပြီး သူတို့၏ စွမ်းအားများက ချောမွေ့စွာ ပေါင်းစပ်ကာ အစီအရင်များဖြင့် ထပ်၍မြှင့်တင်ထားကြသည်။ ၎င်း၏ တိုက်ခိုက်မှုကို မဟာအရှင်သခင်တစ်ယောက်ပင် အလေးအနက်ထား၍ ရင်ဆိုင်ရပေလိမ့်မည်။
ထိုစစ်လက်နက်က လွှမ်းမိုးခြင်းအဆင့် နှစ်ထောင်နီးပါးကို လက်ခံထားသောကြောင့် ၎င်းက အလွန်တန်ဖိုးကြီးပေလိမ့်မည်။ လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူများ၏ စွမ်းအားကို ပေါင်းစပ်ပြီး ချက်ချင်းမြှင့်တင်ပေးရန်မှာ မလွယ်ကူသော အလုပ်တစ်ခုဖြစ်သည်။
" ဒါက ရှေးဟောင်းနိုင်ငံရဲ့ အင်အားပဲ။ " လင်းယွမ်က တွေ့လိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် အင်အားကြီးသူက အဓိကဖြစ်၏။ လွှမ်မိုးခြင်းအဆင့် မည်မျှရှိသည်ဖြစ်စေ ဖရိုဖရဲအရှင်သခင်ကို မခြိမ်းခြောက်နိုင်ပေ။ လွှမ်းမိုးခြင်းအဆင့်နှင့် ဖရိုဖရဲအရှင်သခင်ကြား ကွာခြားမှုက ကြီးမားလှပြီး အရေအတွက်က အဓိပ္ပါယ်မရှိပေ။
သို့သော် ရင်းမြစ်ကမ္ဘာတွင် စစ်လက်နက်များကို အသုံးပြုခြင်းဖြင့် အားနည်းသူများ စုပေါင်း၍ အရေအတွက်မှ အရည်အသွေးပြောင်းလဲမှုကို ကူးပြောင်းနိုင်သည်။
" ရှေးဟောင်းနိုင်ငံမှာ မဟာအရှင်သခင်တွေကို လက်ခံနိုင်တဲ့ စစ်လက်နက်တွေရှိသေးတယ်လို့ ပြောကြတယ်။ " လင်းယွမ်က တွေးလိုက်သည်။
မဟာအရှင်သခင်များက ဖရိုဖရဲနိယာမမှ သူတို့၏ ထူးခြားသော စွမ်းအားကို ဆင့်ကဲပြောင်းလဲနိုင်ကြပြီး မတူညီသော စွမ်းအားများကို ပေါင်းစည်းခြင်းက ကောင်းကင်ကို တက်သကဲ့သို့ ခက်ခဲလှသည်။
ထို့ကြောင့် မဟာအရှင်သခင်များကို လက်ခံနိုင်သော စစ်လက်နက်များက ရှေးဟောင်းနိုင်ငံ၏ အခြေခံအုတ်မြစ်များဖြစ်ပြီး နတ်ဘုရားအရှင်သခင်များကို တိုက်ခိုက်ရန် အသုံးပြုကြသည်။ လက်ရှိ ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေတို့ကြား ဖြစ်ပွားမည့် စစ်ပွဲပြင်းထန်မှုအရ ထိုသို့သော စစ်လက်နက်များကို အသုံးပြုရမည့်အဆင့်သို့ မရောက်သေးပေ။
လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူများကို လက်ခံနိုင်သော စစ်လက်နက်ဆယ်ခုကိုပင် အသုံးပြုရမည်မဟုတ်ပေ။ ရှေးဟောင်းနိုင်ငံနှစ်ခု၏ ဧကရာဇ်များက ထိုသို့ ပြင်းထန်သော စစ်ပွဲမျိုးကို အလွယ်တကူ ဖြစ်ခံမည်မဟုတ်ပေ။
ရှေးဟောင်းနိုင်ငံနှစ်ခုကြား အပြည့်အဝ စစ်ဖြစ်ပွားခြငက တည်ထောင်သူဘိုးဘေး၏ အာရုံစိုက်မှုကို ခံရမည်ဖြစ်ပြီး စစ်ရှုံးခဲ့လျှင် ဘိုးဘေးကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။
" အခွင့်အရေးရရင် လေ့လာဖို့အတွက် အဲ့ဒီစစ်လက်နက်တစ်ခုကို ရအောင်ယူရမယ်။ " လင်းယွမ်က စစ်လက်နက်များကို ကြည့်ပြီး တွေးလိုက်သည်။
အခြေခံအားဖြင့် စစ်လက်နက်များက သယ်ဆောင်ရုံသာဖြစ်ပြီး ၎င်းတို့ပေါ်မှ စစ်အစီအရင်များက အဓိကအလုပ်လုပ်ခြင်းဖြစ်သည်။ စစ်အစီအရင်များက ရှေးဟောင်းနိုင်ငံတစ်ခု၏ လျို့ဝှက်ချက်ဖြစ်သည်။ စစ်ပွဲအတွင်း စစ်လက်နက်များက ရန်သူလက်ထဲသို့ ကျရောက်သွားလျှင်တောင် ၎င်းတို့က အလိုအလျောက် ပျက်ဆီးသွားပေလိမ့်မည်။
ထို့ကြောင့် လင်းယွမ်က ရန်သူရှေးဟောင်းနိုင်ငံမှ စစ်လက်နက်များကို ရရှိရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ သို့သော် ရန်သူရှေးဟောင်းနိုင်ငံမှ မရရှိနိုင်သော်လည်း လီယန်ရှေးဟောင်းနိုင်ငံထံမှ သူကြိုးစားကြည့်နိုင်သည်။
စစ်လက်နက်ပေါ်ရှိ စစ်အစီအရင်များကို နားလည်နိုင်လျှင် သူက ၎င်းတို့ကို ဖရိုဖရဲဟင်းလင်းပြင်တွင် ပြန်လည်ဖန်တီးနိုင်ပေလိမ့်မည်။ ထိုနည်းဖြင့် ၎င်းက လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာပေလိမ့်မည်။
လင်းယွမ်က တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး အဝေးသို့ ကြည့်လိုက်သည်။ ဇီမန်နယ်မြေဘက်တွင် ပုံရိပ်များ ပေါ်လာပြီး သူတို့အားလုံးက မဟာအရှင်သခင်များ ဖြစ်ကြသည်။
" ဇီမန်နယ်မြေ၊ စိတ်ဝိညာဉ်ဘုရင်က စစ်ပွဲကို အရင်စလိုက်တာပဲ။ သူက စစ်ရှုံးသွားလို့ အပြစ်ပေးခံရမှာ မစိုးရိမ်ဘူးလား။ " အရှင်ချင်းဖန်က တစ်ဖက်ကို စတင်ဆက်သွယ်လိုက်သည်။
ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေကို ဗဟိုပြုထားသော ဤစစ်ပွဲတွင် ပတ်ဝန်းကျင်ရှိ နယ်မြေဆယ်ခုကျော် ပါဝင်နေပြီး ၎င်းက စိတ်ဝိညာဉ်ဘုရင်၏ အမိန့်ပင်ဖြစ်သည်။
" အဲ့ဒါကို နင်စိတ်ပူစရာမလိုဘူး။ နင့်ရဲ့ ချင်းဖန်နယ်မြေကို ကာကွယ်ဖို့ပဲ စဉ်းစားထားပါ။ " အရှင်ဇီမန်က ပြန်ပြောလိုက်သည်။
သူတို့က တည်ငြိမ်စွာဖြင့် စောင့်ကြည့်နေကြပြီး ပြိုင်ဘက်များကို အကဲခတ်နေကြသည်။ ယခုပေါ်လာသော မဟာအရှင်သခင်များက နှစ်ဖက်လုံး အပေါ်ယံမျှသာဖြစ်သည်။ အစစ်အမှန်များက အရေးကြီးသော အချိန်မှ ထုတ်ဖော်ကြပေလိမ့်မည်။
လီယန်ရှေးဟောင်းနိုင်ငံဖြစ်စေ အခြားရှေးဟောင်းနိုင်ငံဖြစ်စေ ထောက်လှမ်းရေးတွင် ကျွမ်းကျင်သော မဟာအရှင်သခင်များ ရှိနေသဖြင့် အရေးကြီးသော သတင်းအချက်အလက်များကို ရရှိသွားနိုင်သည်။
" မဟာအရှင်သခင် အထွတ်အထိပ် ငါးယောက်ရှိတယ်။ " လင်းယွမ်ကလည်း စောင့်ကြည့်နေခဲ့သည်။
ဇီမန်နယ်မြေဘက်ရှိ မဟာအရှင်သခင် နှစ်ဆယ်နီးပါးတွင် ငါးယောက်က အားကောင်းသော အော်ရာများရှိကြပြီး ချင်းဖန်မြို့စား၏ စွမ်းအားနှင့် နှိုင်းယှဉ်လုနီးပါးရှိကြသည်။
ခဏကြာသောအခါ အရှင်ချင်းဖန်နှင့် မဟာအရှင်သခင်များက မြို့စားစံအိမ်သို့ ပြန်လာခဲ့ကြသည်။ ဇီမန်နယ်မြေမှ မဟာအရှင်သခင်များကလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး နှစ်ဖက်လုံး နားလည်မှုရှိစွာဖြင့် ခဏလေ့လာပြီးနောက် တိုက်ခိုက်မှုမရှိဘဲ ထွက်ခွာသွားကြသည်။
မြို့စားစံအိမ်တွင် မဟာအရှင်သခင် ၁၈ယောက်က ထိုင်နေကြသည်။
" အားလုံးဘယ်လိုထင်လဲ။ " အရှင်ချင်းဖန်က ပြောလိုက်သည်။ " စစ်ပွဲစတာနဲ့ ငါတို့ ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်ချက်ရှိရဲ့လား။ "
" တကယ်လို့ ဇီမန်နယ်မြေက အင်အားကြီးသူတွေက အဲ့လောက်ပဲဆိုရင် လာမယ့်တိုက်ပွဲမှာ ငါတို့ နိုင်ခြေက အတော်လေးများတယ်။ " မဟာအရှင်သခင်ဟုန်ယဲက ပြောလိုက်သည်။
အခြားမဟာအရှင်သခင်များကလည်း ခေါင်းညိမ့်လိုက်ကြသည်။ နှစ်ဖက်လုံး၏ မဟာအရှင်သခင်အရေအတွက်က တူညီနေပြီး တိုက်ခိုက်ကြလျှင် အနိုင်အရှုံးမပေါ်ဘဲ သရေကျရန် အလားအလာပိုများသည်။
" စိတ်ဝိညာဉ်ဘုရင်က စစ်ပွဲကို စရဲတယ်ဆိုကတည်းက သူ့မှာ နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိလို့ပဲ။ အခု ငါတို့မြင်နေရတာက သူတို့လှည့်စားမှုလည်း ဖြစ်နိုင်တယ်။ " မဟာအရှင်သခင်တစ်ယောက်က သံသယနှင့် ပြောလိုက်သည်။
အရှင်ချင်းဖန်က ခေါင်းညိမ့်လိုက်သည်။ သူကလည်း ထိုအကြောင်းကို တွေးမိလေသည်။
" ငါအစိုးရိမ်ဆုံးက စိတ်ဝိညာဉ်ဘုရင်ရဲ့ အကိုပဲ။ " အရှင်ချင်းဖန်က ပြောလိုက်သည်။
" စိတ်ဝိညာဉ်ဘုရင်ရဲ့ အကိုလား။ " မဟာအရှင်သခင်များ၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားသည်။ ဟုန်ယဲပင် မျက်မှောင်ကြုတ်သွားမိသည်။
စိတ်ဝိညာဉ်ဘုရင်ကလည်း တော်ဝင်မျိုးနွယ်ဖြစ်သောကြောင့် သူ၏ အကိုကလည်း တော်ဝင်မျိုးနွယ်သာဖြစ်သည်။ စိတ်ဝိညာဉ်ဘုရင်နှင့်ယှဉ်လျှင် သူ၏ အကိုမှာ ပင်မတော်ဝင်သွေးမျိုးဆက်အဆင့်သို့ လွန်ခဲ့သော အချိန်များကလည်းက ရောက်ရှိခဲ့ပြီးဖြစ်သည်။
သို့သော် ထိုသူက ဧကရာဇ်ဖြစ်လိုသော ရည်ရွယ်ချက်မရှိဘဲ ကျင့်ကြံခြင်းတွင်သာ လုံးဝ နစ်မြှုပ်နေသူဖြစ်သည်။ တော်ဝင်မိသားစုဝင်တိုင်းက ဧကရာဇ်ဖြစ်ချင်ကြသည်တော့ မဟုတ်ပေ။
" တကယ်လို့ စိတ်ဝိညာဉ်ဘုရင်က သူရဲ့ အကိုကိုသာ အကူအညီတောင်းလိုက်ရင် ကိစ္စတွေ ခက်ခဲကုန်လိမ့်မယ်။ " မဟာအရှင်သခင်ဟုန်ယဲက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
တောင်ဝင်မိသားစုဝင်များဖြစ်သကဲ့သို့ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက အဆင့်တူများကို အမြဲတမ်း လွှမ်းမိုးထားနိုင်စွမ်းရှိသည်။ ထို့အပြင် စိတ်ဝိညာဉ်ဘုရင်၏ အကိုကလည်း မဟာအရှင်သခင်အဆင့်တွင် ရှိနေသည်။
ထိုကဲ့သို့ အစွမ်းထက်သူတစ်ယောက် လှုပ်ရှားလာလျှင် လီယန်ရှေးဟောင်းနိုင်ငံဘက်မှ ပင်မသွေးမျိုးဆက် တော်ဝင်မျိုးနွယ် မဟာအရှင်သခင်တစ်ယောက်ကို စေလွှတ်ခြင်း သို့မဟုတ် နတ်ဘုရားအရှင်သခင်တစ်ယောက်ကို စေလွှတ်ခြင်းမပြုလျှင် သူ့ကို တားဆီးရန် ခက်ခဲသွားပေလိမ့်မည်။
" စိတ်ဝိညာဉ်ဘုရင်ရဲ့ အကိုက ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်လို့ လွယ်လွယ်နဲ့တော့ လှုပ်ရှားမှာမဟုတ်ဘူး။ " မဟာအရှင်သခင်တစ်ယောက်က ပြောလိုက်သည်။
ပင်မတော်ဝင်မျိုးဆက် မဟာသူတော်စင်များက ကောင်းကင်အရှင်သခင်များ မဟုတ်ကြသော်လည်း ထိုအဆင့်နီးပါး တူညီနေကြပြီဖြစ်သည်။ ထိုကဲ့သို့သော အဆင့်ရှိသူတစ်ယောက်က စစ်ပွဲ၏ ပြင်းထန်မှုကို မြင့်တက်စေနိုင်သည်။
" ဘာပဲဖြစ်ဖြစ် အဆိုးရွားဆုံး အခြေအနေကိုတော့ ငါတို့ ကာကွယ်ထားရမယ်။ "
အရှင်ချင်းဖန်က သတိရှိနေဆဲ ဖြစ်ပြီး ရှီစုန်ဘုရင်ကို အကူအညီတောင်းရန် စီစဉ်နေသည်။ ရှီစုန်ဘုရင်က ဤစစ်ပွဲကို ဦးဆောင်ရန် လီယန်ရှေးဟောင်းနိုင်ငံမှ တရားဝင် ခန့်အပ်ထားသော တော်ဝင်မိသားစုဝင်ဖြစ်သည်။
ဤစစ်ပွဲကို အရှင်ချင်းဖန်က မရှုံးနိမ့်လိုပေ။ ချင်းဖန်နယ်မြေသာ ကျဆုံးသွားလျှင် သူ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်များအားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။ ရှေးဟောင်းနိုင်ငံက သူ့ကို အခြားနယ်မြေတစ်ခု ထပ်ပေးလျှင်တောင် သူက အစမှ ပြန်စရမည်ဖြစ်ပြီး ရင်းနှီးရမည့်တန်ဖိုးမှာ အလွန်ကြီးမားလှသည်။