← Chapters

ကျွန်မအခုသွားကြည့်မယ်

Vol. 13 Ch. 125

ကျွန်မအခုသွားကြည့်မယ်

Vol. 13 Ch. 125

လင်လုံသန့်စင်နယ်မြေ၏ ဧည့်ခန်းမအတွင်းတွင်..

ချင်လင်ရှူးသည် ဓားကို ဒူးခေါင်းနှင့် တပြေးညီအလျားလိုက်ချထားရင်း ကျောပြင်ကို သစ်သားတိုင်တစ်ခုလို မတ်ထားသည်။ သူမ၏ လင်ရွမ်းဓားဆီမှ အဆတ်မပြတ် ထွက်ပေါ်နေသော ကြီးမားကျယ်ပြန့်သည့် ဓားအရှိန်အဝါများက ပတ်ဝန်းကျင်ကို နှောင့်ယှက်နေလေ၏။

ထိုအချိန်တွင် သူမ၏မျက်နှာထားက တည်ငြိမ်နေပြီး မျက်ဝန်းများအား ခပ်ဖွဖွမှိတ်ထားရင်း ကျင့်ကြံနေလေရာ၊ သူမ၏ပတ်ပတ်လည်မှ ဓားစွမ်းအင်များသည်လည်း ဆက်တိုက်တိုးမြှင့်နေသည်။

သူမ၏ပုံစံက တုနှိုင်းမမှီသော နတ်လက်နက်တစ်ခုနှယ် ကြောက်မက်ဖွယ်ကောင်းပြီး တစ်ချိန်ထဲမှာ ဘယ်သူမှအနိုင်မယူနိုင်သော သန်မာမှုကို ခံစားရစေသည်။ ထို့အတူ သန့်စင်ကာ တစ်သီးတစ်သန့်ဆန်သော သူမ၏အရှိန်အဝါကြောင့် ပတ်ဝန်းကျင်သည်ပင် အချိန်နှင့်အမျှ ပိုမိုခမ်းနားလာ၏။ ထိုအချိန်မှာပဲ ခန်းမဆောင်အပြင်ဘက်မှ လေးစားသောတင်ပြသံတစ်ခုကို ကြားလိုက်ရသည်။

“ ဓားသခင်မငယ်၊ အကြီးအကဲခဲ့က တွေ့ခွင့်တောင်းနေပါတယ် ”

ချင်လင်ရှူး ခပ်ဖြည်းဖြည်းမျက်လုံးဖွင့်လိုက်သည်။ သူမ၏လှပသော မျက်လုံးအတွင်းတွင် မြူခိုးအဖြူရောင်များ ‌ရောနှောသွားကာ အနည်းငယ်နွေးထွေးရိပ်သန်းသွားသည်။ သို့သော်ငြား အေးစက်သော သူမ၏ဟန်ပန်ကတော့ ကပ်ငြိနေဆဲပင်။

သူမက ခဏမျှတိတ်ဆိတ်နေခဲ့ပြီး ဓားအရှိန်အဝါများ လုံလောက်အောင် လျော့ကျသွားသည်အထိ စောင့်ဆိုင်းနေပြီးမှ တည်ငြိမ်စွာဖြင့် တုန့်ပြန်လိုက်သည်။

“ ဝင်ခွင့်ပေးလိုက်ပါ ”

ဖျပ်

မကြာမီမှာပဲ ဓားရှည်တစ်လက် သယ်ဆောင်ထားသည့် အသက်အရွယ်ရနေသော အမျိုးသားတစ်ဦးဝင်လာခဲ့သည်။ ထိုသူ၏ ဆံပင်နှင့် မုတ်ဆိတ်မွှေးက အဖြူရောင်အဖြစ် ပြောင်းလဲနေပြီး ကျောချမ်းဖွယ်အရှိန်အဝါ စူးရှရှကြောင့် ဝိညာဉ်အခြေတည်နယ်ပယ် အင်အားကြီး ဓားကျင့်ကြံသူတစ်ဦးမှန်း သိသာပါ၏။

မျက်စိရှေ့ရှိစားပွဲပေါ်တွင် ထိုင်နေသော မျက်စိကျိန်းလောက်အောင် လှပသောမိန်းကလေးကို ကြည့်လိုက်ရင်း အကြီးအကဲခဲ့၏ မျက်လုံးအတွင်း၌ အံ့ဩမှုများဖြတ်သန်းသွားသည်။

( နေ့တစ်ဝက်ပဲရှိသေးတာကို သူမရဲ့ဓားအရှိန်အဝါက ပိုပြီးသန့်စင်လာတာပဲ။ ဒါဆိုရင် ဝိညာဉ်အခြေတည်နယ်ပယ် အလယ်အဆင့်ကို အချိန်မရွေး အဆင့်တတ်နိုင်တော့မယ်နဲ့တူတယ် )

ချင်လင်ရှူးက ကျင့်ကြံမှုကို အသက်ဆယ့်လေးနှစ်တွင် စတင်ခဲ့ပြီး ခြောက်နှစ်အတွင်းမှာပဲ ဝိညာဉ်အခြေတည်နယ်ပယ်အလယ်အဆင့်ကို ရောက်နိုင်ခဲ့သည်။ ထိုမျှလျင်မြန်မှုသည် ဓားကျင့်ကြံသူတစ်ဦးအတွက် လွန်စွာအံ့ဩဖွယ်ကောင်းပါ၏။

မှော်လက်နက်များအား မကြာမကြာပြောင်းလေ့ရှိသော တစ်ခြားကျင့်ကြံသူများနှင့် မတူညီစွာ ဓားကျင့်ကြံသူများသည် လူတစ်ဦးတွင် ဓားတစ်လက်နှင့် ကျင့်ကြံကြပြီး ထိုဓားနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်လေ့ရှိကြသည်။ ထို့ကြောင့် တာအိုဓားအဖြစ် သတ်မှတ်ထားသော ပျံသန်းနိုင်သည့် ဓားအပေါ်တွင် စွမ်းအင်များအားဖြည့်ပေးရန်အတွက် အချိန်များစွာ ကုန်ဆုံးရသေး၏။

ထို့ကြောင့်ပဲ ဓားကျင့်ကြံသူတစ်ဦးက ဓားသိုင်းတစ်ခုတည်းနှင့် များစွာသော ကျင့်ကြံမှုများအား အဆင့်တတ်နိုင်ကာ ကောင်းမွန်သော တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်နိုင်သော်ငြား နှေးကွေးသော တိုးတက်မှုကိုတော့ လက်ခံထားရသည်။ သူတို့၏ ကျင့်ကြံမှုနှုန်းထားက များသောအားဖြင့် နိမ့်ကျတတ်၏။ ဓားကိုပါ လိုက်လျောညီထွေဖြစ်အောင် တိုးမြှင့်ပေးရသည့်အတွက် အဆင့်ငယ်တစ်ခု တက်ဖို့ပင် သာမန်ကျင့်ကြံသူများထက် ပိုမိုခက်ခဲတတ်ကြသည်။

ထို့ကြောင့် နှင်းမြူခိုးဓား၏ သခင်အဖြစ် သတ်မှတ်ခံထားရသော မကောင်းဆိုးဝါးသဖွယ် ထူးချွန်သည့် ဓားကျင့်ကြံသူ ချင်လင်ရှူးသာ မသေသရွေ့ သူမသည် လီယွမ်သန့်စင်နယ်မြေ၏ အနာဂတ်ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မည်ဟု အကြီးအကဲခဲ့ မှန်းဆထားပြီးသားပင်။

ထို့အတွေးကြောင့် အကြီးအကဲခဲ့၏ မျက်နှာထားသည် ပိုမိုလေးစားဖွယ်ကောင်းသွားခဲ့ပြီး ရှေ့တစ်လှမ်းတိုးကာ အရိုအသေပေးလိုက်သည်။

“ ဒီ‌လက်အောက်ခံက ဓားသခင်မငယ်ကို တွေ့ဆုံပါတယ် ”

ချင်းလင်ရှူး အနည်းငယ်မျှသာ မျက်လုံးပင့်ကြည့်လိုက်သည်။

“ အကြီးအကဲခဲ့ ဘာကြောင့် ဒီနေရာကို ‌ရောက်လာခဲ့တာလဲ ”

အကြီးအကဲခဲ့က ခဏမျှတုန့်ဆုတ်သွားပြီးမှ ဆက်ပြောလာ၏။

“ ဓားသခင်မငယ် လီယွမ်သန့်စင်နယ်မြေဘက်ကနေ သတင်းရလာပါတယ်။ ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်က သခင်မငယ်ရဲ့ သတိုးသားလောင်းဆိုပြီးတော့ တွေ့ခွင့်တောင်းခဲ့ပါတယ်တဲ့ ”

“ ဘာ ”

ထိုစကားကြောင့် ရေခဲကဲ့သို့တည်ငြိမ်တတ်‌သော ချင်းလင်ရှူးပင် မနေနိုင်‌အောင် မျက်နှာထားပြောင်းလဲသွားခဲ့သည်။ ဓားရှည်ကို ကိုင်ထားသော သူမ၏ သေးငယ်သောလက်ချောင်းများက သတိမထားမိစွာ အားထည့်လိုက်မိသလို လေသံသည်လည်း အနည်းငယ် စိတ်လှုပ်ရှားလာတော့သည်။

“ သူ့ရဲ့နာမည်ကို ဘာလို့ပြောလိုက်သလဲ ”

သူမ၏ လှုပ်ရှားသွားပုံကြောင့် အကြီးအကဲခဲ့လည်း ရင်တုန်သွားရင်း အမြန်ပြန်ဖြေလိုက်သည်။

“ အဲ့ဒီလူရဲ့ နာမည်က ချီယွမ်ပါ။ ဝမ်ချူးမြို့ရဲ့ ချီမိသားစုက ရောက်လာတာလို့ပြောပါတယ် ”

“ ချီယွမ် ”

ချင်းလင်ရှူး ချက်ချင်းပင် မတ်တပ်ရပ်လိုက်မိတော့သည်။ သူမ၏ ရှည်လျားသော အဖြူရောင်ဂါဝန်စက လေအဝေ့မှာ လှုပ်ခါသွားသလို လင်ရွှမ်းဓားထံမှပင် ရှင်းလင်းသော တုန့်ပြန်မှုတစ်ခု ထုတ်ပေးလာ၏။

“ မဖြစ်တော့ဘူး လီယွမ်သန့်စင်နယ်မြေကို ပြန်သွားပြီးတော့ အတည်ပြုမှဖြစ်တော့မယ် ”

“ အကြီးအကဲခဲ့ မနက်ဖြန်ကျရင် ကျွန်မအစား ပွဲတော်ကိုတတ်ရောက်ပေးပါ ”

ထိုသို့ဖြင့် ထိုလူအို၏ တုန့်ပြန်မှုကိုတောင် မစောင့်ဆိုင်းတော့ဘဲ သူမက လျင်မြန်စွာ အလင်းအဖြစ်ပျောက်ကွယ်ကာ ကောင်းကင်ထက်သို့ မြှင့်တတ်ရင်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ချင်းလင်ရှူး ထွက်သွားသည်ကို ကြည့်နေရင်း အကြီးအကဲခဲ့ ခေါင်းယမ်းလိုက်ကာ ခါးသက်စွာဖြင့် ပြုံးလိုက်တော့သည်။ ထို့နောက်တွင် ခပ်တိုးတိုးရေရွတ်လိုက်၏။

“ သတင်းတွေကို အမှန်အတိုင်းဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ဓားသခင်မငယ်လိုမျိုး အရည်အချင်းရှိတဲ့ မိန်းကလေးတစ်ယောက်က တစ်ကယ်တော့ သေးငယ်တဲ့မိသားစုရဲ့ အမှိုက်ကောင်ပေါ်မှာ စွဲလမ်းနေတာပါလား။ ငါကဒါကို မဟုတ်မမှန်သတင်းတစ်ခုလိုပဲ ထင်မှတ်နေခဲ့တာ ”

အကြီးအကဲခဲ့က ခဏမျှရပ်တန့်သွားခဲ့ပြီးမှ ဆက်ပြောလာ၏။

“ အဲ့ဒီကောင်လေးက ရောထွေးနေတဲ့ ဝိညာဉ်သွေးကြောရှိတဲ့ အမှိုက်ကောင်တစ်ကောင်ပဲ။ အဲ့ဒီလိုမျိုး ရောထွေးနေတဲ့ဝိညာဉ်သွေးကြော ပိုင်ဆိုင်ထားတဲ့သူတွေက အခြေခံတည်ထောင်ခြင်းနယ်ပယ်ကိုတောင်မှ မအောင်မြင်နိုင်ဘူး။ လီယွမ်သန့်စင်နယ်မြေအထိ ခေါ်လာပေးရင်တောင်မှ နှစ်နှစ်ရာလောက်ပဲ ရှင်သန်နိုင်မှာ။ ပြီးရင် အိုမင်းလာပြီး သေရမှာပဲ.. အင်း ဒါလည်းကောင်းပါတယ်လေ။ ဒီကောင်လေးသေသွားရင် ဓားသခင်မငယ်လည်း စိတ်စွဲလမ်းမှုအားလုံးကို လွှတ်ချနိုင်ပြီး ဓားကျင့်ကြံမှုအပေါ်မှာပဲ အာရုံစိုက်လို့ရသွားမယ်။ ဒါဆိုရင် ပိုမြင့်တဲ့အ‌နေအထားကို ‌ရောက်သွားမှာပဲ”

…….

ချီယွမ်သည် ခံစားချက်များအားလုံးကို တည်ငြိမ်စွာ ထိန်းချုပ်ပြီးနောက်တွင် ဘေးတွင်တိတ်ဆိတ်စွာ ရပ်နေသော ချန်းဖေးဟွမ်ကို ပြောလိုက်သည်။

“ မဟာဘိုးဘေးက ရှေးဟောင်းအပြိုအပျက်နေရာတစ်ခုကနေ မွေးဖွားလာတာလို့ ကျွန်တော်ကြားတယ်။ အဲ့ဒီနေရာရဲ့ တိကျတဲ့တည်နေရာကို မှတ်မိသေးလား ”

ငတုံးစနစ်၏တာဝန်အပြင် ချီယွမ် ဂရုအစိုက်ဆုံးကိစ္စသည် ပြုပြင်ဖန်တီးခြင်းဆေးလုံးသာဖြစ်သည်။ ထိုဆေးလုံးအပေါ်တွင် ကောင်းကင်လမ်းစဉ်ကို လျှောက်လှမ်းနိုင်မလား၊ မလျှောက်လှမ်းနိုင်ဘူးလားက အလုံးစုံ မူတည်နေ၏။ သူ့အနေနှင့် အမတတစ်ယောက် ဖြစ်လာဖို့ အလှမ်းဝေးလွန်းသေးသော်ငြား ကောင်းကင်တာအိုဝိညာဉ်သန္ဓေကို ဖန်တီးပြီးကတည်းက ထူးခြားလာသော အခြေအနေများကို ချီယွမ်ခံစားမိပြီးသားပင်။

ယခုဆိုလျှင် ‌သွေးနတ်ဘုရား၏ သန့်စင်ခြင်းအဆင့်လေးကို အသုံးမပြုလျှင်တောင်မှ နတ်အသွင်ပြောင်းခြင်းအစောပိုင်းအဆင့်သို့ ရောက်နေသော ကျိထျန်ဖန်အား အကွက်တစ်ရာအတွင်းမှာပဲ အနိုင်ယူနိုင်မည်ဟု ချီယွမ် ယုံကြည်ချက်ရှိပါသည်။

ခရမ်းနေမင်း သန့်စင်နယ်မြေ၏ တာအိုသားတော် ကျိထျန်ဖန်သည် ကျင့်ကြံ‌ရေးလောကတွင် ထိပ်သီးပါရမီရှင်တစ်ဦးဖြစ်ပြီး ကောင်းမွန်သော သန်မာမှုကို ပိုင်ဆိုင်ထားသည်။ သာမန်ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ဦးဆိုလျှင် ဘယ်လိုမှ အနိုင်ယူနိုင်မည် မဟုတ်ချေ။ ဝိညာဥ်အခြေတည်နယ်ပယ် အလယ်အဆင့်နှင့် နတ်အသွင်ပြောင်းခြင်း နယ်ပယ် အစောပိုင်းအဆင့်ကြားတွင် အဆင့်နှစ်ဆင့် ​ကွာခြားသည်။ သို့သော် ကောင်းကင်တာအိုဝိညာဥ်သန္ဓေကြောင့် ကျိထျန်ဖန်ကို အနိုင်ယူနိုင်မည်ဟု ချီယွမ် ယုံကြည်ချက်ရှိနေသည်။

အကယ်၍ ပြုပြင်ဖန်တီးခြင်း ဆေးလုံးကိုပါ ရရှိပြီး ကောင်းကင်တာအို အခြေခံတည်ထောင်ခြင်းနယ်ပယ်နှင့် ကောင်းကင်တာအို ရွှေအမြုတေနယ်ပယ်သို့ပါ ပြောင်းလဲ ဖန်တီးလိုက်နိုင်လျှင် ကြောက်မက်ဖွယ် ကောင်းအောင် ခိုင်မာသွားသော အခြေခံကြောင့် သေချာပေါက် ပိုမိုကြမ်းတမ်းလာလိမ့်မည်။ ပြုပြင်ဖန်တီးခြင်းဆေးလုံးကို သောက်သုံးပြီးလျှင် သွေးနတ်ဘုရား၏သန့်စင်မှုလေးမျိုး စွမ်းရည်ကို မသုံးဘဲနှင့် ဗလာသန့်စင်ခြင်းနယ်ပယ် အောက်ပိုင်းက ကျင့်ကြံသူတိုင်းကို အနိုင်ယူနိုင်မည်ဟု ချီယွမ် မှန်းဆထားပြီးသားဖြစ်၏။

ထို့အတူ သွေးနတ်ဘုရား၏သန့်စင်မှုလေးမျိုး ပင်ကိုယ်စွမ်းရည်သည်လည်း အဆင့်တက်လာနိုင်သည်ဟု ဝေဝါးစွာ ခံစားနေရသေးသည်။

(ပြောမရဘူး။ တစ်ကယ်လို့ ငါပိုသန်မာလာရင် သွေးနတ်ဘုရား၏ သန့်စင်ခြင်းလေးမျိုးစွမ်းရည်က အဆင့်လေးမဟုတ်ဘဲ အဆင့်ငါးတို့.. အဆင့်ခြောက်တို့.. ဒါမှမဟုတ် အဆင့်ကိုးအထိ ရရင်လည်းရလာမှာပေါ့ )

( အိုမိုး.. တွေးကြည့်တာနဲ့တင် စိတ်လှုပ်ရှားဖို့​ကောင်းတယ် )

( ဒီကမ္ဘာကြီးမှာ သန်မာမှုက အရေးအပါဆုံးပဲ။ လုံလောက်တဲ့ သန်မာမှု၊ အရင်းအမြစ်၊ အင်အား၊ အလှအပနဲ့ ‌ထောက်ပံ့မှုသာ ရှိနေမယ်ဆိုရင် အမတတစ်ယောက်ဖြစ်လာဖို့က လွယ်ကူတဲ့ချဉ်းကပ်မှု ဖြစ်သွားပြီ )

ထိုက်ရွမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်ဖြစ်သော ချီယွမ်သည် ရာထူးဂုဏ်ပုဒ်မြင့်သော်ငြား ထိုရာထူးသည် သူ၏အနာဂတ်လမ်းစဉ်အတွက်သာ အထောက်အပံ့ဖြစ်ပြီး စစ်မှန်သော သန်မာမှုအတွက် များစွာမပံ့ပိုးပေးနိုင်ချေ။

ဂိုဏ်း၏အနာဂတ်အတွက် ဂိုဏ်းတွေဘက်မှ ပါရမီရှင်များကို အရည်အချင်းများ ပြည့်မှီလာစေရန်အတွက် ထောက်ပံ့မှုများပေးသည်ဆိုသော်ငြား ပြီးပြည့်စုံစွာ အရည်အချင်းမပြည့်ဝသေးသော ပါရမီရှင်ကို စားပွဲဝိုင်းတွင်တောင် ထိုင်ခွင့်ပေးလိမ့်မည်မဟုတ်ချေ။

(နှစ်ဘဝတောင် ရှင်လာပြီးမှတော့ ထိပ်ဆုံးမှာမထိုင်ရရင် ဖြုန်းတီးရာ ကျသွားမှာပေါ့ကွ)

ချီယွမ်၏မေးခွန်းကြောင့် ချန်းဖေးဟွမ် အနည်းငယ်မျက်မှောင်ကြုတ်သွားကာ နက်ရှိုင်းသောလေသံဖြင့် ပြန်မေးလိုက်သည်။

“ မင်းပြောတဲ့ ရှေးဟောင်းအပြိုအပျက်ဆိုတာက ကြီးမားတဲ့ဗလာနေရာတစ်ခုပဲ။ အဲ့ဒီအစိတ်အပိုင်းရဲ့ ပတ်ပတ်လည်မှာ ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းတွေ ပြည့်နှက်နေတာ။ တာအိုစုစည်းခြင်းနယ်ပယ်အထက် သန်မာမှုမရှိရင် အဲ့ဒီနေရာကိုသွားတာက ကိုယ့်ကိုယ်ကိုယ်သတ်သေတာပဲ။ ​ပြီးဒီလောက်နှစ်တွေအကြာကြီး လင်လုံသန့်စင်နယ်မြေက အဲ့ဒီနေရာကို လေ့လာခဲ့တာတောင်မှ အထဲမှာရှိတဲ့ ရတနာတွေကို အခြေခံအားဖြင့်ပဲ မှန်းဆနိုင်ခဲ့တယ်”

(အဖိုးကြီးရှီ ကျွန်တော်ခင်ဗျားကို နည်းနည်းတော့ သတ်ချင်နေပြီ ဟင်းဟင်း)

ချီယွမ်၏မျက်နှာထားက အနည်းငယ်ရုပ်ဆိုးသွားလေတော့သည်။

( အဖိုးကြီး၊ ခင်ဗျားရဲ့ အမိန့်ပေးမန္တာန်ကလည်း အစွမ်းသက်ရောက်မှုနှေးတယ်။ အချိန်မှီအလုပ်ဖြစ်သွားလို့ မဟုတ်ရင် အဲ့မှာတင် သေနေလောက်ပြီ။ ဒါတင်ဘယ်ဟုတ်မလဲ.. ခင်ဗျားပြောတဲ့ အကျိုးကျေးဇူးဆိုတာကလည်း တစ်ကယ်တော့ အဆိပ်သုတ်ထားတဲ့ အချိုပွဲတွေပဲ။ အဲ့ဒီမုန်တိုင်းတွေကနေ လွတ်မြောက်နိုင်ရင်တောင်မှ ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပျက်သတ်နေပြီး အမွှေးလေးတစ်မျှင်တောင် ကျန်အုံးပါ့မလား)

ထိုအတွေးကြောင့် ချီယွမ် ချက်ချင်းပင် စိတ်ပိုင်းဖြတ်လိုက်တော့သည််။

(ရတယ်လေ၊ ဒီလိုဆိုမှတော့ ငါကလည်း ခင်ဗျားကို နတ်သားရဲ ပြန်မပေးနိုင်ဘူး။ ဟိုငတုံးလင်ကျန်းလို လူရိုးလေးများထင်နေလား ငါ့ကို)

(ချီးတောင် ပြန်မပေးဘူးကွ)

( ခင်ဗျားကို ပြန်ပေးရမယ့်အစား ချန်ဟွမ်းကိုပဲ လွှတ်ပေးလိုက်မယ် အဖိုးကြီးရဲ့ )

ခန္ဓာကိုယ်အတွင်း‌က ဆန်တက်လာသော ဒေါသများကို ဖိနှိပ်နိုင်ရန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးမှ ချီယွမ် ခံစားချက်မဲ့စွာ မေးလိုက်တော့သည်။

“ ဒါဆို အဲ့ဒီအပြိုအပျက်နေရာထဲကနေ ပြုပြင်ဖန်တီးခြင်းကောင်းကင်ဆေးလုံးကိုရော ရှာတွေ့ခဲ့လား ”

“ မင်းကတစ်ကယ်ပဲ ပြုပြင်ဖန်တီးခြင်းကောင်းကင်ဆေးလုံးကို သိနေတာလား ”

ချန်ဖေးဟွမ် အံ့အားသင့်စွာ မျက်လုံးတစ်ဖက်ပင့်ပြီး ချီယွမ်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် ခေါင်းညိတ်လိုက်ပြီး…

“ဆေးလုံးမရှိပေမဲ့ ပါဝင်ပစ္စည်းတွေ စုဆောင်းပြီးပြီရယ်.. ဆေးလုံးရဖို့က သူတော်စင်အဆင့် ဆေးဆရာတစ်​ယောက်ရှိမှ ရမှာ။ လင်လုံသန့်စင်နယ်မြေမှာ သူတော်စင်အဆင့်မရှိသေးဘူး။ ကောင်းကင်အဆင့် ဆေးဆရာတွေပဲ ရှိနေတာ။ မင်းလိုချင်ရင် ပါဝင်ပစ္စည်းတွေ ယူသွားလို့ရတယ်။ အသက်ရှင်နေတဲ့ သူတော်စင်အဆင့်ဆေးဆရာကို တွေ့တာနဲ့ ပြုပြင်ဖန်တီးခြင်းကောင်းကင်ဆေးလုံးကို ရမှာပဲ”

( ပါဝင်ပစ္စည်းတွေ ရရင်ကို တော်တော်ကောင်းနေပြီ )

ချီယွမ် စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ကံကောင်းစွာဖြင့် ထိုအဖိုးအိုသည် ပြုပြင်ဖန်တီးခြင်းဆေးလုံးနှင့် ပတ်သက်ပြီးတော့ လိမ်မသွားခဲ့ချေ။ ထိုအပြိုအပျက်နေရာအတွင်းတွင် ကောင်းကင်ပြုပြင်ဖန်တီးခြင်း ဆေးလုံးအတွက် ပါဝင်ပစ္စည်းများ တစ်ကယ်ပဲရှိနေခဲ့သည့်အတွက် နောက်ဆုံးတော့ အကူအညီရသွားခဲ့သည်။ ထိုသို့မဟုတ်လျှင် ချီယွမ်တစ်ယောက် လုံးဝနစ်နာသူဖြစ်တော့မည်ပင်။

All Chapters