← Chapters

ဒါအဆုံးမဲ့နတ်သားရဲ မဟုတ်ဘူး…အဆုံးမဲ့ ခိုင်းဖက်တစ်ယောက်ပဲ

Vol. 13 Ch. 126

ဒါအဆုံးမဲ့နတ်သားရဲ မဟုတ်ဘူး…အဆုံးမဲ့ ခိုင်းဖက်တစ်ယောက်ပဲ

Vol. 13 Ch. 126

"မဟာဘိုးဘေး၊ ပြုပြင်ဖန်တီးခြင်း ဆေးလုံးအတွက် ပါဝင်ပစ္စည်းတွေကို ကျွန်တော် တစ်ကယ်လိုနေတာဆိုတော့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဂိုဏ်းရဲ့ ရတနာတိုက်ဆီ ခေါ်သွားလို့ရမလား"

ထိုသို့ဖြင့် ချီယွမ်၏ မျက်နှာထက်သို့ အပြုံးတစ်ခု မထိန်းနိုင်စွာ ဝင်ရောက်လာခဲ့သည်။

(ငါတော့ ပွပြီဟေ့)

(လင်လုံ သန့်စင်နယ်မြေရဲ့ ရတနာတိုက်ကို မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းပြီး ထိန်းသိမ်းလာခဲ့တာ။ အဲဒီအထဲမှာ ရတနာတွေ ဘယ်လောက်တောင်မှ စုဝေးနေမလဲ မသိဘူး)

(အခုဆိုရင် လင်လုံ သန့်စင်နယ်မြေရဲ့ နံပါတ်၁ မဟာဘိုးဘေးကြီးက ငါ့ဘက် ရောက်လာခဲ့ပြီ။ ဒါက ရှားပါး အဖိုးတန် အခွင့်အရေး တစ်ခုပဲ။ ဒီအခွင့်အရေးကိုသာ အမိအရ ဖမ်းဆုပ်ပြီး ကောင်းမွန်တဲ့ အကျိုးကျေးဇူး မရယူထားရင် ငါ့ကိုယ်ငါ ဘယ်လိုလုပ် ခွင့်လွှတ်နိုင်ပါ့မလဲ)

သို့သော်ငြား အံ့ဩဖို့ကောင်းစွာပင် ချန်ဖေးဟွမ်သည် ယခင်ကကဲ့သို့ ချက်ချင်း သဘောမတူခဲ့ပေ။ သူမက ခဏမျှ တွန့်ဆုတ်သွားခဲ့ပြီးမှ ဦးခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ရင်း စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

"ဂိုဏ်းရဲ့ လျှို့ဝှက်ရတနာတိုက်ထဲကို မဟာဘိုးဘေးတွေနဲ့ ဂိုဏ်းခေါင်းဆောင်ကလွဲရင် တခြားသူတွေကို ဝင်ခွင့်မပေးဖို့အတွက် လန်လန် တစ်ခါက ပြောထားဖူးတယ်။ မင်းလိုချင်တဲ့ ပါဝင်ပစ္စည်းတွေ ရဖို့အတွက် ငါ့ရဲ့ အမှတ်တွေနဲ့ လဲလှယ်ပြီးတော့ ယူပေးနိုင်တယ်။ ဒါပေမဲ့ အဲဒီထဲကိုတော့ ခေါ်သွားပေးလို့ မရဘူး"

(တစ်ကယ်ကြီး ငါ အငြင်းခံလိုက်ရတာလား)

ချီယွမ် အံ့သြသွားလေတော့သည်။

(အမိန့်ပေး မန္တာန်နဲ့ဆိုရင် ချန်ဖေးဟွမ်ကို စိတ်တိုင်းကျ ထိန်းချုပ်လို့ရပြီ မဟုတ်ဘူးလား။ ဘာလို့ ဒီလိုမျိုး ဖြစ်လာရတာလဲ)

ထိုအချိန်တွင် တစ်ခုခုကို သဘောပေါက်သွားသည့်အတွက် ချီယွမ် သံသယများကို လျင်မြန်စွာ ထိန်းချုပ်လိုက်ရင်း နက်ရှိုင်းသော လေသံဖြင့် မေးလိုက်သည်။

"မဟာဘိုးဘေး ပြောတဲ့ လန်လန်ဆိုတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲ"

ချန်းဖေးဟွမ် တည်ငြိမ်စွာ တုံ့ပြန်လာ၏။

"လန်လန်က လင်လုံ သန့်စင်နယ်မြေကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးပဲ။ သူမက ငါ့ရဲ့ အရင်းနှီးဆုံး ညီအမဆိုလည်း မှန်တယ်။ လန်လန် ပြောသမျှ အရာအားလုံးကို ငါ နာခံမယ်"

ချီယွမ် အံ့အားသင့်သွားခဲ့ပြီး မနေနိုင်စွာဖြင့် မေးလိုက်တော့သည်။

"မဟာဘိုးဘေး ဖေးဟွမ်၊ တစ်ကယ်လို့ ကျွန်တော့်ရဲ့ တောင်းဆိုမှုက အမလန်လန်ရဲ့ အမိန့်ကို ဆန့်ကျင်နေမယ်ဆိုရင် ဘာလုပ်မလဲ"

ချန်းဖေးဟွမ်က ချက်ချင်းပင် တုံ့ပြန်လာ၏။

"သေချာပေါက် အမလန်လန်ကို နာခံမှာပေါ့"

(သြော် ဒီလိုလား)

ချီယွမ် ချက်ချင်းပင် နက်ရှိုင်းစွာ အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ပြဿနာ၏ အဓိကသော့ချက်ကို ရှာတွေ့သွားခဲ့သည်။

ဖန်းလန်....

လင်လုံ သန့်စင်နယ်မြေ၏ တည်ထောင်သူ ဘိုးဘေး...

သူမသည် လွန်ခဲ့သော နှစ်တစ်သောင်း အရင်ကတည်းက မဟာယနနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိပြီးဖြစ်သော ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး သာမန် ကျွမ်းကျင်ကျင့်ကြံသူများနှင့် မတူညီချေ။ ဤနှစ်ပေါင်းများစွာ အတွင်းမှာ မဟာယာန နယ်ပယ်သို့ ရောက်ရှိခဲ့သော ကျင့်ကြံသူများအတွင်းမှ နံပါတ်၁ ကျင့်ကြံသူကို ရွေးချယ်ပါဆိုပါက သူမသည် ထိုသူများထဲမှ ပါဝင်လိမ့်မည်ဖြစ်သည်။

ဖန်းလန်သည် လွန်ခဲ့သော နှစ်ပေါင်း ကိုးထောင်ကျော်ကတည်းက ပျောက်ကွယ်သွားကာ အဆုံးမရှိသော လေဟာနယ်အတွင်းတွင် အမတ ဖြစ်နိုင်သည့် နည်းလမ်းအား ရှာဖွေနေသည့်တိုင်အောင် သူမ၏ ဆန္ဒများက မျိုးဆက်တိုင်းမှာ လက်ဆင့်ကမ်းလာခဲ့ပြီး ဤနှစ်ပေါင်းများစွာအတွင်းမှာ အကောင်းဆုံး အမျိုးသမီး ကျင့်ကြံသူဟူသော ဂုဏ်ထူးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

ချန်းဟွမ်ဖြစ်သော ချန်းဖေးဟွမ်သည် ထိုအချိန်က မဟာယာန နယ်ပယ် ဖန်းလန်နှင့် တွေ့ဆုံခဲ့ပြီး အကြီးအကဲရှီ၏ လိုဏ်ဂူမှ လွှတ်မြောက်ကာ လင်လုံ သန့်စင်နယ်မြေသို့ ခေါ်ဆောင်ခံရခြင်း ဖြစ်နိုင်ပါသည်။

ဖန်းလန်၏ အရည်အချင်းနှင့်ဆိုလျှင် ချန်းဟွမ် ခန္ဓာကိုယ်ပေါ်က မျိုးဆက်တိုင်းအတွက် ကန့်သတ်ထားသော ကန့်သတ်ချက်အား ရှာတွေ့သွားဖို့ ဖြစ်နိုင်ပါသည်။ ထို့အပြင် သူမသည် အကြီးအကဲရှီ ချမှတ်ထားသော ကန့်သတ်ချက်အား ဖယ်ရှားဖို့ ကြိုးစားခဲ့သော်ငြား မအောင်မြင်ခဲ့ဘဲ အကျိုးသက်ရောက်မှုကိုသာ အားနည်းအောင် လုပ်နိုင်ခဲ့ဟန်ရှိသည်။

သို့သော် သူမသည်လည်း သာမန်သူတစ်ဦး မဟုတ်သည့်အတွက် နည်းလမ်းတစ်ချို့ အသုံးပြုရင်း ချန်းဟွမ်အပေါ်တွင် အကြီးအကဲရှီ၏ ကန့်သတ်ချက်ထက် ပြီးပြည်စုံသော လွှမ်းမိုးမှုကို ထားခဲ့နိုင်သွားသည်။

ချန်းဟွမ်သာ သူမဘေး၌ရှိနေပါက အကြီးအကဲရှီ၏ ကန့်သတ်ချက်သည် အသုံးမဝင်တော့ပေ။ ကန့်သတ်ခဲ့သော အကြီးအကဲရှီကိုယ်တိုင် လင်လုံ သန့်စင်နယ်မြေကို ရှာတွေ့ကာ ရောက်လာခဲ့ပြီး နတ်သားရဲကို ခေါ်ထုတ်ဖို့ ကြိုးစားလျှင်တောင်မှ ဖန်းလန်ရှိနေလျှင် အသုံးဝင်တော့မှာ မဟုတ်ဘူး။

ထိုအကြောင်းရင်းကြောင့်ပဲ အကြီးအကဲရှီ၏ အမိန့်ပေး မန္တာန်သည် ကြန့်ကြာခဲ့ခြင်း ဖြစ်နိုင်သည်။

သဘောပေါက်သွားခြင်းကြောင့် ချီယွမ် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။

နှစ်တစ်သောင်းနီးပါး ခြေရာလက်ရာမကျန်အောင် ပျောက်ဆုံးသွားသော ဖန်းလန်သည် သေဆုံးသွားသည်လည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ကံကြမ္မာအား ရှာတွေ့ကာ အမတ နယ်ပယ်သို့ တက်လှမ်းသွားသည်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူမအား မတည်ရှိသကဲ့သို့ ပြုမူ၍ ရနိုင်ပါ၏။

ဖန်းလန် မရှိတော့သည့်အတွက် ချန်းဟွမ်သည် အခုဆိုရင် သူမ ချန်ထားခဲ့သော အမိန့်များနှင့် မဆန့်ကျင်သရွေ့ သူ၏ အမိန့်ကို နာခံလိမ့်မည်။

ထိုအတွေးကြောင့် ချီယွမ် အနည်းငယ် ခေါင်းညိတ်လိုက်ရင်း တွန့်ဆုတ်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။

"မဟာဘိုးဘေး၊ ရတနာတိုက်အတွင်းကို အပြင်လူတွေ ဝင်ခွင့်မပြုတဲ့အပြင် အမလန်လန်က ဘာတွေ ညွှန်ကြားသွားသေးလဲ"

ထိုမေးခွန်းကြောင့် ချန်းဖေးဟွမ်၏ မျက်နှာထားသည် အနည်းငယ် ပျက်ယွင်းသွားရင်း နှေးကွေးစွာ ပြောလာ၏။

"လန်လန် ထွက်မသွားခင်က လင်လုံ သန့်စင်နယ်မြေကို ဒီနေရာမှာ စောင့်ကြပ်ပြီး ခွင့်ပြုချက်မရှိဘဲ ထွက်မသွားဖို့ မှာသွားခဲ့တယ်။ ပြီးတော့ ငါ့ရဲ့ သရုပ်မှန်ကို အပြင်လူတွေကို ပြောမပြဖို့ပါ ပြောသွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ မဟာယာန နယ်ပယ်ကို တက်လှမ်းပြီး သူတို့ရဲ့ ဘဝသက်တမ်းကို ချဲ့ထွင်ဖို့ အခွင့်အရေးရှိတဲ့ ဂိုဏ်းကျင့်ကြံသူတွေကို အတိဒုက္ခ ကျော်ဖြတ်နိုင်ဖို့ ကူညီရင်း အတိဒုက္ခ မိုးကြိုးကြောင့် ဘဝသက်တမ်း ကုန်ဆုံးမသွားဖို့ နောက်ကွယ်ကနေ စောင့်ရှောက်ဖို့လည်း ပြောသွားတယ်”

(ဘုရားရေ။ ဒီဖန်းလန်က တစ်ကယ်ကို နံပါတ်၁ အမျိုးသမီး ကျင့်ကြံသူလို့ ခေါ်ထိုက်တာပဲ။ စကားလုံး အနည်းငယ်နဲ့တင် နတ်သားရဲကို အစွမ်းကုန် ခိုင်းစေနိုင်တယ်)

(ဘာကို အစွမ်းမဲ့ နတ်သားရဲလဲ။ တစ်ကယ်တော့ သူတော်စင်လိုမျိုး အများအကျိုး ထမ်းရွက်နေရတဲ့ အစွမ်းမဲ့ သားရဲတစ်ကောင်ပါလား။ ချန်းဖေးဟွမ်က လင်လုံ သန့်စင်နယ်မြေအတွက် နှစ်တစ်သောင်းကျော် အလုပ်လုပ်ခဲ့တယ်။ ပြီးတော့ ဘာမှလည်း ပြန်မရခဲ့ဘူး။ ပထမအဆင့် မဟာဘိုးဘေးဆိုတဲ့ ဂုဏ်ပုဒ်ကလွဲရင် သူမ ရခဲ့တာ ဘာရှိလို့လဲ။ ဒီနေရာကနေ ထွက်သွားခွင့်တောင် မရှိခဲ့ဘူး။ ဒီလိုမျိုး မမျှတတဲ့ ဂုပ်သွေးစုပ်နေတဲ့ စာချုပ်က အရင်းရှင်တွေရဲ့ လုပ်ရိုးလုပ်နည်းပါလား)

(လင်လုံ သန့်စင်နယ်မြေက ဒီလောက် အမြန်ကြီး တိုးတက်လာတာ မအံ့သြတော့ပါဘူး။ ဒီနတ်သားရဲရဲ့ ကူညီပေးနေမှုနဲ့ဆိုရင် တစ်ခြား သန့်စင်နယ်မြေတွေက ဘယ်လိုလုပ် ယှဥ်ပြိုင်နိုင်တော့မှာလဲ)

ချီယွမ်တစ်ယောက် လေးစားစွာဖြင့် ကျွတ်သပ်လိုက်ပြီး သူ၏ မျက်နှာထားသည်လည်း မနာလိုမှုများ ပြည့်နှက်လာတော့သည်။

(အကောင်းဆုံးဆိုတဲ့ အရာတွေကို ဆက်တိုက် လက်ခံရတဲ့သူတွေ အားလုံးက အရှက်မဲ့ပြီး အရိုင်းဆန်တဲ့သူတွေပဲ။ ငါ သင်ယူစရာတွေ အများကြီး ရှိနေသေးတာပါလား)

(သတင်းဆိုးက ဖန်းလန် ချထားတဲ့ ကန့်သတ်ချက်ကြောင့် ဓားစာခံအဖြစ် ချန်းဟွမ်ကို ပြန်ပေးဆွဲမယ့် အစီအစဉ်ကိုတော့ လက်လျှော့ရတော့မယ်။ သတင်းကောင်းကတော့ အဲ့ဒီကန့်သတ်ချက်တွေကလွဲရင် လင်လုံ သန့်စင်နယ်မြေရဲ့ ပထမအဆင့် မဟာဘိုးဘေးကို ငါ ကြိုက်သလို ခိုင်းစေလို့ရပြီ ဆိုတာပဲ)

(ချန်းဟွမ်ရဲ့ အဖိုးတန်ပြီး ကောင်းမွန်လှတဲ့ လင်လုံ သန့်စင်နယ်မြေအတွင်းက ရာထူးအရဆိုရင် လင်လုံ သန့်စင်နယ်မြေ တစ်ခုလုံးက ငါ့ရဲ့ အနောက်ခြံဝင်း ဖြစ်လာပြီမလား။ မဟာယာန နယ်ပယ် ကျင့်ကြံသူ ၄ဦးနဲ့ အရမ်းကို အစွမ်းထက်ပြီး တပည့် သိန်းချီပြီးရှိတဲ့ လင်လုံ သန့်စင်နယ်မြေက မဟာယာန နယ်ပယ် နတ်သားရဲတစ်ကောင်ထက် ပိုပြီး အဖိုးတန်တယ်လေ ဟဟ)

(ဒါက ရှုံးတာလား မြတ်တာလားဆိုတာ ပြောရခက်တာပဲ)

ထိုအတွေးကြောင့် ချီယွမ်တစ်ယောက် အပြုံးတစ်ခုဖြင့် မေးလိုက်တော့သည်။

“မဟာဘိုးဘေး အခု ဘယ်လိုခံစားချက်ကို ခံစားနေရလဲ"

(ခံစားချက် ဟုတ်လား)

ချန်းဖေးဟွမ် အနည်းငယ် ရှုပ်ထွေးကာ ဝေဝါးသွားသော်ငြား ရိုးသားစွာဖြင့် ဖြေကြားလာခဲ့သည်။

"အမလန်လန်ကလွဲရင် မင်းက ငါ့ရဲ့ ဒုတိယ အရင်းနှီးဆုံးသူပဲ။ ငါ မင်းကို ယုံကြည်ချင်တယ်"

ချီယွမ်တစ်ယောက် ခံစားချက်များ ဝင်ရောက်လာခဲ့ပြီး တည်ငြိမ်စွာဖြင့် ညွှန်ကြားလိုက်တော့သည်။

“မဟာဘိုးဘေး၊ ကျွန်တော်နဲ့ အမလန်လန်ကလွဲလို့ သခင်မကြီးကို အခုလိုမျိုး ခံစားချက်ပေးနိုင်တဲ့ တတိယလူ ပေါ်လာမယ်ဆိုရင် အဲဒီလူကို ချက်ချင်း သတ်ပစ်ရမယ်နော်"

လင်ကျန်း၏ ကျင့်ကြံမှုသည် သတိထားနိုင်လောက်အောင်အထိ မလိုအပ်သေးချေ။ အရမ်းကို နိမ့်ကျသေးသည်ဆိုသော်ငြား အကြီးအကဲရှီဘက်မှ ညွှန်ကြားချက်များ ပြုလုပ်ရင်း နတ်သားရဲထံသို့ လာရောက်ဖို့ အမိန့်ပေးလိုက်ပါက နတ်သားရဲအနေနှင့် နောက်ထပ် အမိန့်ပေးနိုင်သော တတိယသူကို ရှာတွေ့သွားနိုင်သည်။

ချန်းဖေးဟွမ်သည် လင်လုံ သန့်စင်နယ်မြေ၏ နက်ရှိုင်းသော နေရာတွင် နေထိုင်ကာ သာမန်သူများ အလွယ်တကူ တွေ့ခွင့်ရသည့်သူ မဟုတ်ဘဲ အပြင်သူများအား နှစ်ခြိုက်မှု မရှိသော်ငြား သတိထားကာ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားခြင်းသည် ပိုမိုကောင်းမွန်ပါ၏။

ထိုသို့မဟုတ်လျှင် တခြားတစ်ယောက်သည် အမိန့်ပေးနိုင်သော မန္တန်ဖြင့် တံခါးလာခေါက်လာပါက သူ၏ ကြိုးစားမှုများအားလုံး သဲထဲရေသွန် ဖြစ်ရမည်မလား။

မျက်စိရှေ့တွင် ကြီးမားသော အခွင့်အရေးကြီး ရှိနေသည့်အတွက် ထိုအခွင့်အရေးအား တခြားသူထံ ပေးပစ်ဖို့ အကြောင်းအရင်း မရှိပါချေ။

ချန်ဖေးဟွမ်၏ နှစ်သက်မှုရရှိခြင်းကိုလည်း အကြီးအကဲရှီထံမှ တောင်းဆိုရမည့် အကြွေးစာရင်းများနှင့် ချေဖျက်လိုက်မည်ပင်။

"အဲ့ဒီလူကို သတ်ပစ်ရမယ် ဟုတ်လား"

ချန်ဖေးဟွမ်သည် ပထမတော့ အံ့အားသင့်သွားခဲ့ပြီး… နောက်တွင် စာနာစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါပြီ။ အခုလိုခံစားချက် ပေးနိုင်တဲ့ တတိယလူ တွေ့လာမယ်ဆိုရင် အဲ့ဒီလူကို ချက်ချင်းပဲ သတ်ပစ်ပါ့မယ်"

"ဒါမှပေါ့"

ချီယွမ် ပြုံးလိုက်ကာ သန့်စင်ပြီး လှပသော ထိုမိန်းကလေးကို အပေါ်အောက် ကြည့်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ဒါနဲ့ ကျွန်တော် ကြားထားတာက ချန်ဟွမ်းကို တစ်ကြိမ်တက်စီးမယ်ဆိုရင် ဘဝသက်တမ်း နှစ်၂၀၀ ဒါမှမဟုတ် နှစ်၂,၀၀၀ မြင့်တက်နိုင်တယ်တဲ့။ ကျွန်တော် ကြိုးစားကြည့်လို့ရအောင် မူလပုံစံ အမြန်ပြောင်းလိုက်ပါလား"

All Chapters