← Chapters

တပည့်ကို အသားယူခွင့် မပေးနဲ့နော်

Vol. 13 Ch. 129

တပည့်ကို အသားယူခွင့် မပေးနဲ့နော်

Vol. 13 Ch. 129

သိပ်မကြာခင်က ကျောင်းလင်ပိုင်နက်၏ ယုံလီမြို့တွင်…

နေဝင်သွားသည့်တိုင်အောင် မြို့လမ်းမများသည် လူသွားလူလာများဖြင့် ရှုပ်ထွေးနေရင်း မီးအိမ်များကြောင့် တောက်ပစွာ လင်းလက်နေ၏။

လမ်းထောင့်ရှိ စားသောက်ဆိုင်တစ်ခုသည် လှုပ်ရှားမှုများဖြင့် အသက်ဝင်နေတော့သည်။ သေးငယ်သော ဧည့်သည်အစုအဝေးများစွာကြောင့် ခန်းမတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေပြီး အရက်ခွက်အချင်းချင်း တိုက်ခတ်သံ၊ စကားပြောသံများဖြင့် ပတ်ဝန်းကျင်သည် ဆူညံနေသည်။

အသက်ဝင်လာသော လေထုအကြားမှာ အရက်နံ့သည် ပျံ့နှံ့နေရင်း အနည်းငယ်မူးဝေနေဟန်ရသော ယောက်ျားတစ်ဦးက အရက်ခွက်ကို စားပွဲပေါ်ပြန်ချလိုက်ကာ ရေရွတ်လိုက်သည်။

"ဒီရက်ပိုင်း လီယွမ်သန့်စင်နယ်မြေ အပြင်ဘက်ကမြို့မှာ သတင်းကြီးတစ်ချို့ရှိတယ်၊ မင်းတို့ ကြားပြီးကြပြီလား"

"သတင်းကြီးဟုတ်လား"

စားပွဲဝိုင်းရှိ အလုပ်များနေသော လူများအားလုံး နားထောင်လာကြကာ စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

"ညီအကိုယွမ်၊ မင်းရဲ့အကိုက လီယွမ်သန့်စင်နယ်မြေရဲ့ အပြင်တပည့်တစ်ယောက်ဆို၊ ဒါဆိုရင် အတွင်းသတင်းတွေအားလုံးကို မင်းသိမှာပဲ၊ အဲဒီနေရာမှာ ဘာသတင်းကြီး ဖြစ်ခဲ့တာလဲ ပြောပါဦး၊ ငါတို့ညီအကိုတွေလည်း အမြင်ကျယ်သွားတာပေါ့"

စားပွဲဝိုင်းရှိ တစ်ခြားသော အဖော်နှစ်ယောက်သည်လည်း ချက်ချင်းပင် သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။

"ဝေ့လည်ကြောင်ပတ် လုပ်မနေပါနဲ့ဗျာ၊ ပြောလိုက်တော့"

ထိုစကားသံများကြောင့် အနီးအနားရှိ စားပွဲဝိုင်းက ဧည့်သည်များအားလုံး အာရုံစိုက်လာကြကာ မသိမသာ လှည့်ကြည့်လိုက်ကြသည်။

အစောပိုင်းက စကားစလိုက်သောသူသည် အနည်းငယ် ရယ်သွမ်းလိုက်ရင်း ခပ်မဲ့မဲ့ ပြောလိုက်၏။

"လီယွမ်သန့်စင်နယ်မြေရဲ့ ကျောက်စိမ်းသူတော်စင်မလို့ ခေါ်တဲ့ ချင်လင်ရှူးလေ၊ သူမရဲ့ ဓားသိုင်းပညာက ကြောက်ဖို့ကောင်းလောက်အောင် ထူးချွန်ရုံတင်မကဘူး၊ နှစ်တစ်သောင်းမှာ တစ်ခါပဲ တွေ့ရတတ်တဲ့ ပါရမီရှင်မျိုးလို့တောင် အကြီးအကဲတွေက တင်စားကြတယ်၊ ဓားသိုင်းပညာတင်မကဘူး၊ သူမရဲ့ အလှတရားကလည်း တုနှိုင်းမမှီဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ ရှားပါးမြင်ကွင်းမျိုးပဲ၊ သူမရဲ့အလှက လင်လုံသန့်စင်နယ်မြေရဲ့ သူတော်စင်မထက် နည်းနည်းတောင် မနိမ့်ကျတာမလို့ သူမကိုလည်း သန့်စင်လမ်းစဉ်ရဲ့ အလှပဆုံး မိန်းကလေးလို့ တင်စားကြတယ်"

ထိုစကားသံဆုံးသည်နှင့် စိတ်ပျက်လက်ပျက် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

"ကျွတ်၊ အမလေး သတင်းကြီးဆိုလို့ နားထောင်လိုက်ရတာ၊ ဒီကိစ္စကို ဘယ်သူက မသိလို့လဲ"

"မင်း အမူးလွန်နေပြီထင်တယ်၊ အရေးမပါတာတွေ ပြောနေတာ ရပ်လိုက်တော့"

ထိုလူအုပ်က ခေါင်းများခါယမ်းရင်း လှောင်ပြောင်လိုက်ကြသည်။ သို့သော်ငြား စကားစလိုက်သူသည် တည်ငြိမ်နေသော မျက်နှာထားဖြင့် ဆက်ပြောလာ၏။

"ဒီလိုမျိုး မျက်စိကျိန်းလောက်အောင် လှပတဲ့ အလှလေးက ငယ်ဘဝတုန်းက လက်ထပ်ထားတဲ့ သတို့သားလောင်းရှိတာ ခင်ဗျားတို့ သိကြလား"

"ပြီးတော့ လွန်ခဲ့တဲ့ နှစ်ရက်တုန်းကပဲ သူမရဲ့ သတို့သားလောင်းက လီယွမ်သန့်စင်နယ်မြေကို ရုတ်တရက် ရောက်လာပြီးတော့ စေ့စပ်လမ်းကြောင်း ဖျက်သိမ်းတဲ့ စာစောင်ကို ထားသွားခဲ့တယ်၊သူနဲ့ ချင်လင်ရှူးရဲ့ကြားက စေ့စပ်ပွဲကို အပြီးအပိုင် ဖျက်သိမ်းလိုက်တာပဲ"

ထိုစကားလုံးများက ခန်းမအတွင်းတွင် ဆူညံသံများကို နိုးကြားစေလိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။

"တစ်ကယ်ပြောနေတာလား"

"မဖြစ်နိုင်တာ၊ နတ်သမီးချင်နဲ့ စေ့စပ်လမ်းကြောင်းကို ဖျက်သိမ်းဖို့ သတ္တိကို ဘယ်သူအဲ့ကောင်ကို ပေးလိုက်လို့လဲ"

"ငါ့မှာသာ နတ်သမီးချင်လိုမျိုး သတို့သမီးလောင်း ရှိလို့ကတော့ အိပ်နေရင်းနဲ့တောင် ထရယ်နေဦးမယ်၊ ငါ့ဘဝသက်တမ်း အနှစ် ၅၀ လုံးကို စိတ်လိုလက်ရ ပေးပစ်လိုက်မှာပဲ၊ အဲ့ဒီကောင် ရူးသွားပြီလား"

ဆွေးနွေးဝေဖန်သံများဖြင့် လေထုသည် ပြည့်နှက်လာသလို အကုန်လုံး၏ မျက်နှာသည်လည်း မယုံကြည်နိုင်မှုများ ဖြစ်လာ၏။

အာရုံစိုက်မှု အလယ်သို့ ရောက်ရှိလာသောကြောင့် ယွမ်မျိုးရိုးသည် ပိုမိုစိတ်လှုပ်ရှားလာတော့သည်။ သူ၏ဦးခေါင်းကို အနောက်ဘက်သို့ အနည်းငယ် ဆောင်းလိုက်ကာ အရက်ခွက်အား တစ်ထိုင်တည်း မော့ချလိုက်ရင်း တံတွေးတစ်ချက် ထွေးလိုက်ပြီးမှ ပြောလိုက်၏။

"ငါ့ရဲ့အကိုပြောတာ အဲ့ဒီကောင်လေးက သေးငယ်တဲ့ မိသားစုက သာမန်ကောင်လေး တစ်ယောက်တဲ့၊ အရည်အချင်းပိုင်းကို ပြောရမယ်ဆိုရင် အသုံးမကျတဲ့ ဝိညာဉ်သွေးကြောနဲ့ ကျင့်ကြံမှုလမ်းစ မရှိတဲ့သူပဲ၊ သူက နတ်သမီးချင်နဲ့ မထိုက်တန်ဘူးလို့ ခံစားရတဲ့အတွက် အရှက်ကွဲမှုကနေ သက်သာအောင်လို့ ဦးအောင် စေ့စပ်လမ်းကြောင်း ဖျက်သိမ်းလိုက်တာတဲ့"

"ငါသိပြီ၊ ဪ ဒီကောင်လေးကလည်း သူ့ဟာနဲ့သူတော့ သတိရှိသေးသားပဲ"

များစွာသော ဧည့်သည်များသည် နားလည်စွာဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။

"ဟုတ်တယ်၊ ရတနာတစ်ခုကို ပိုင်ဆိုင်တာက ပြဿနာတွေကို ဆွဲဆောင်နိုင်တယ်ဆိုတဲ့ လူကြီးတွေ ပြောစကားကို ဒီကောင်လေး နားလည်တာပဲ၊ သူသာ စိတ်ဆန္ဒအလျောက် နောက်ဆုတ်မပေးခဲ့ဘူးဆိုရင် နတ်သမီးချင်ရဲ့ နောက်ကိုလိုက်နေတဲ့ ကျင့်ကြံသူအများကြီးက ဒီလိုဘာမဟုတ်တဲ့ ကောင်လေးကို အပိုင်းပိုင်း စုတ်ဖြဲပစ်လိုက်မှာပေါ့"

"သူ့ရဲ့အသက်နဲ့ နှိုင်းယှဉ်လိုက်ရမယ်ဆိုရင် အရာအားလုံးကို လစ်လျူရှုလို့ ရတာပဲ"

ယွမ်မျိုးရိုးက ပြုံးလိုက်လေကာ..

"ပြောကြတာတော့ လီယွမ်သန့်စင်နယ်မြေရဲ့ အကြီးအကဲတွေက အဲ့ဒီကောင်လေးရဲ့ ဆုံးဖြတ်ချက်ကို တော်တော်လေး ကျေနပ်နေကြတယ်တဲ့၊ သန့်စင်နယ်မြေရဲ့ ဓားဘိုးဘေးကိုယ်တိုင် အဲ့ဒီကောင်လေးကို ဓားချောက်နက်ထဲ တစ်ကြိမ်ဝင်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့ ကြားတယ်"

"လီယွမ်သန့်စင်နယ်မြေရဲ့ ဓားချောက်နက်ထဲမှာ မရေမတွက်နိုင်တဲ့ ဓားကောင်းတွေ အများကြီးရှိတယ်၊ စည်းမျဉ်းအရဆိုရင် ဓားချောက်နက်ထဲကို ဝင်လိုက်တဲ့ ဘယ်သူမဆို ပျံသန်းနိုင်တဲ့ဓားတစ်ခုက သူတို့ကို ဆရာသခင်အဖြစ် သတ်မှတ်သရွေ့ ချွင်းချက်မရှိ ဓားကို အပိုင်ယူလို့ရတယ်၊ အဲ့ဒီသူက ဘယ်သူပဲဖြစ်နေပါစေ ဓားကသာ အသိအမှတ်ပြုနေမယ်ဆိုရင် ဓားက သူ့အပိုင်ပဲ၊ဘယ်သူကမှ တားမြစ်နိုင်မှာ မဟုတ်ဘူး"

ထိုအချိန်မှာပဲ ကောင်းကင်တေးသံတစ်ခုလိုမျိုး သာယာသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။

"ရှင်တို့အခုပြောနေတဲ့သူရဲ့ နာမည်က ဘယ်သူလဲ"

ထိုအသံကို ကြားသောကြောင့် ခန်းမအတွင်းရှိ လေထုသည် ချက်ချင်းပဲ ရပ်တန့်သွားလေရဲ့။

အသံလာရာကို လှည့်ကြည့်လိုက်သည်နှင့် သိပ်မဝေးသော စားပွဲဝိုင်းတွင် ထိုင်နေသည့် ခရမ်းရောင်ဝတ်စုံနှင့် အလွန်လှပသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ၏ ဖီးနစ်ငှက်လိုမျိုး စူးရှသော မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းနေရင်း ယွမ်မျိုးရိုးအား တည်ငြိမ်စွာ စိုက်ကြည့်နေလေ၏။

ထိုမိန်းကလေးသည် ထိုင်နေသော်ငြား ပတ်ဝန်းကျင်နှင့် ပြီးပြည့်စုံစွာ လိုက်လျောညီထွေ ဖြစ်နေသည်။ သူမ စကားမပြောသရွေ့ ဘယ်သူကမှ သတိမထားမိခဲ့ကြချေ။

အခန်းအတွင်းရှိ လူအားလုံးသည် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြရင်း မျက်လုံးထဲတွင် အလွန်ကြောက်ရွံ့မှုများ ပြည့်နှက်လာတော့သည်။

မျက်စိကျိန်းလောက်အောင် လှပသော မိန်းကလေးက ဘေးဝိုင်းတွင် ထိုင်နေသည့်တိုင်အောင် ဘယ်သူကမှ သတိမထားမိခဲ့ကြချေ။ အကယ်၍ သူမအနေဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်ပါက ဘယ်သူမှမသိလိုက်ဘဲ အကုန်လုံး သေဆုံးရမည်ဖြစ်သည်။

ဤနေရာတွင် ရှိနေသော လူအများစုသည် အလွတ်တန်း ကျင့်ကြံသူများဖြစ်ပြီး နေ့စဉ်ရက်ဆက် အန္တရာယ်များအားလုံးကို ရင်ဆိုင်နေရလေရာ သတိထားမှု အလိုအလျောက် မြင့်တက်ကြသည်။ ထိုမိန်းကလေးကို စကားမဟခင်အထိ ဘယ်သူကမှ သတိမထားမိသည့်အတွက် ထိုမိန်းကလေး၏ ရှိန်လောက်စရာ စွမ်းအင်ကို တစ်ပြိုင်နက်တည်း နားလည်လိုက်ကြသည်။

ယွမ်မျိုးရိုးသည်လည်း ထိတ်လန့်သွားကာ ချက်ချင်းပင် အမူးပြေသွားတော့သည်။ လျင်မြန်စွာ အရှေ့တိုးလိုက်ရင်း စပ်ဖြဲဖြဲ ပြုံးပြလိုက်၏။

"သခင်မလေး၊ အဲ့ဒီလူရဲ့ နာမည်က ချီပါ၊ ဟုတ်တယ်၊ သူ့ရဲ့နာမည်က ချီယွမ်..ချီယွမ်ပဲ၊ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်အသစ်နဲ့ နာမည်တူတယ်"

[ချီယွမ် ဟုတ်လား၊ သူအဲ့ဒီနေရာကို ရောက်နေတာများလား]

ကျိချန်အာ အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။ သူမ၏ လှပသော မျက်လုံးအတွင်း၌ သံသယတစ်ချို့ ဝင်ရောက်လာ၏။

ချင်းယွမ်မြို့တွင် ချီယွမ်၏ အုတ်ဂူအထိ ခြေရာခံပြီးနောက်တွင် သူမအနေနဲ့ သဲလွန်စ ကုန်ဆုံးသွားခဲ့သည်။ ဆက်လက်စုံစမ်းရန်အတွက် ချင်လင်ရှူးမှ စတင်ရတော့မည်ပင်။

ချီမိသားစုကို သတ်ဖြတ်ခဲ့သော လူသတ်သမားသည် ချင်လင်ရှူး၏ နောက်လိုက်များထဲမှ တစ်ယောက်ဖြစ်မည်ဟု သူမ ယူဆထားသည်။

လီယွမ်သန့်စင်နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းသည် အန္တရာယ်များသည် ဆိုသော်ငြား သူမက မကြာခင်ကမှ ပုံရိပ်ယောင်နတ်ဘုရားကိုးပါးဆေးလုံးအား သန့်စင်နိုင်ထားသည်။ သူမ၏ ပုံရိပ်တစ်ထောင်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်နှင့် အပြည့်အဝ သန်မာထားသော ကျင့်ကြံမှုကြောင့် လီယွမ်သန့်စင်နယ်မြေ၏ တပည့်ဓားသမားများထံမှ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ချက် ရှိပါသည်။

ပုံရိပ်တစ်ထောင်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်၏ ခန့်မှန်း၍မရနိုင်ကာ ပြောင်းလဲတတ်သော စွမ်းရည်များကြောင့် သူမအနေနှင့် လီယွမ်သန့်စင်နယ်မြေ၏ ပင်မနေရာသို့ မဝင်ရောက်ပါက ချင်လင်ရှူး၏ နှင်းဓားနှင့် ရင်ဆိုင်ရလျှင်တောင် လုံခြုံစွာ လွတ်မြောက်နိုင်မည်ဟု ယုံကြည်သည်။

ယင်ရှဂိုဏ်း၏ လက်ရွေးစင်တပည့်တစ်ယောက်ဖြစ်သော ကျိချန်အာသည် မောက်မာသော ဗီဇနှင့် ရဲတင်းသော လုပ်ရပ်ကြောင့် လူသိများသည်။ ကိစ္စတစ်ခုအား စုံစမ်းရာတွင် ယခုကဲ့သို့ သေးငယ်သော စွန့်စားမှုအား မေးခွန်းထုတ်နေလိမ့်မည် မဟုတ်ချေ။

[ဒီအချိန်မှာ အရေးကြီးဆုံးက လီယွမ်သန့်စင်နယ်မြေကို ရောက်နေတဲ့ ချီယွမ်ဆိုတဲ့ကောင်က ချီယွမ်အစစ်လား၊ အတုလားဆိုတာပဲ]

ထိုအတွေးကြောင့် ကျိချန်အာ၏ ပုံရိပ်သည် ခပ်ဖြည်းဖြည်း ပျောက်ကွယ်သွားရင်း အဆုံးမှာ မြူခိုးအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။

ထိုအချိန်တွင် လင်လုံသန့်စင်နယ်မြေ၏ ပင်မခန်းမ၌..

ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိသည် မည်းမှောင်နေသော မျက်နှာထားဖြင့် ကြီးမားသော ပလ္လင်တွင် ထိုင်နေကာ ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။

"အဲ့ဒီအကောင်စုတ် ချီယွမ်က မဟာဘိုးဘေး ဖေးဟွမ်ကို ဘယ်လို ယုတ်ညံ့တဲ့ဆေးလုံးမျိုး တိုက်လိုက်တာများလဲ၊ မဟာဘိုးဘေးက သူ့ကိုပဲ ကာကွယ်နေတယ်၊ ပြီးတော့ ဂုဏ်ပုဒ်တစ်ခုတောင် ပေးလိုက်သေးတယ်။ ဘာတဲ့၊ မွန်မြတ်တဲ့ ဧည့်သည်တော် အကြီးအကဲ ဟုတ်လား၊ အခုဆိုရင် အဲ့ဒီကောင်က လင်လုံသန့်စင်နယ်မြေအတွင်းမှာ စိတ်တိုင်းကျ အမိန့်ပေးလို့ ရနေပြီ၊ဒါက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စပဲ"

ထိုင်ခုံအောက်တွင် ရပ်နေသော သူတော်စင်မ ရှောင်ယွဲ့နင်လည်း ဦးခေါင်းတစ်ခုလုံး ဗလာဖြစ်နေရင်း သေးသွယ်သော လက်ချောင်းများက အင်္ကျီစကို အတင်းအကြပ် ဆုပ်ချေနေလေရာ မကြာမီမှာ အင်္ကျီစပင် စုတ်ပြဲသွားနိုင်ခြေရှိ၏။

ဆရာသခင်၏ စကားလုံးများကြောင့် သူမ ခါးသက်စွာ နှုတ်ခမ်းကိုက်လိုက်ရင်း အလွန်ရှုပ်ထွေးနေသော ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

"မဟာဘိုးဘေး ချန်ဖေးဟွမ်က တပည့်ကို ချီယွမ်ရဲ့ မိန်းမဖြစ်ဖို့တောင် ပြောခဲ့သေးတယ်၊ သန့်စင်နယ်မြေရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ ကျွန်မက ဆရာ့ရဲ့အမိန့်ကို မနာခံဘဲတောင် မနေနိုင်တာ.. အခုက ဘိုးဘေးရဲ့အမိန့်ဆိုတော့... ဒါပေမဲ့ ဒါကြီးက အရမ်းရှက်ဖို့ကောင်းတာပဲ"

"ဆရာ၊ တပည့် ဘာလုပ်ရတော့မလဲ၊ တပည့် တစ်ကယ်ကြီး သူနဲ့..."

"မဖြစ်နိုင်တာ"

ရှောင်ရွှမ်ကျိ၏ မျက်နှာသည် ပိုမိုခက်ထန်သွားလေတော့၏။ သူမက နက်ရှိုင်းစွာဖြင့် ပြောကြားလိုက်သည်။

"ဒီကိစ္စက လုံးဝ မရိုးရှင်းဘူး၊ မဟာဘိုးဘေး ချန်ဖေးဟွမ်က အမြဲတမ်း အဆင့်အတန်း မြင့်မားတဲ့အတွက် လေးစားမှု ခံခဲ့ရတယ်၊ ဆရာတို့ရဲ့ လင်လုံသန့်စင်နယ်မြေအတွင်းမှာရှိတဲ့ လူတိုင်းက သူမကို နတ်တစ်ပါးလိုမျိုး ဆက်ဆံကြရတယ်၊ သူမကို ဆန့်ကျင်တာက အရမ်းကို မလေးမစား ပြုမူလိုက်တာပဲ၊ အဲ့ဒီဉာဏ်များတဲ့ ကောင်လေးက လှည့်ကွက်တွေ သုံးထားမယ်လို့ ဆရာ သံသယရှိတယ်၊ မဟုတ်ရင် မဟာဘိုးဘေးရဲ့ အရမ်းအမျှော်အမြင်ကြီးမားတဲ့ ပုံစံအရ ဒီလိုမျိုး ရူးနှမ်းတဲ့ ဆုံးဖြတ်ချက်ကို ဘာကြောင့် ချမှတ်ရမှာလဲ"

ရှောင်ယွဲ့နင်၏ ကျောက်စိမ်းလိုမျိုး မျက်နှာက ချက်ချင်းပင် မော့ကြည့်လာကာ ဝမ်းနည်းပန်းနည်းဟန်ပန်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဒါဆိုရင် ဆရာက တပည့်ကို အမိန့်မနာခံဖို့ ပြောချင်နေတာလား"

"ယွဲ့နင်…"

ရှောင်ရွှမ်ကျိသည် အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံးမှ သက်ပြင်းချလိုက်ကာ အားနည်းစွာဖြင့် ဦးခေါင်းကို ခါယမ်းလိုက်တော့သည်။

"မဟုတ်ဘူး၊ မဟာဘိုးဘေး ချန်ဖေးဟွမ်က လင်လုံသန့်စင်နယ်မြေပေါ်မှာ ကြီးမားတဲ့ ကျေးဇူးတရား ရှိတယ်၊ အငယ်တွေဖြစ်တဲ့ ဆရာတို့က ကိုယ်ပိုင်ခံစားချက်တစ်ချို့အတွက်နဲ့ သူမရဲ့အမိန့်ကို မနာခံလို့ မရဘူး၊ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဆရာတို့ရဲ့ လက်အောက်က ထောင်ချီ သောင်းချီတဲ့ တပည့်တွေကို ဘယ်လို မျက်နှာချင်းဆိုင်ရမှာလဲ"

ထိုစကားကြောင့် ရှောင်ယွဲ့နင်၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားကာ တုန်ရီနေသော လေသံဖြင့် ပြောလိုက်တော့သည်။

"ဒါဆိုရင် ဆရာပြောချင်တာက တပည့် သူ့ကို သဘောတူလိုက်ရမှာလား"

ရှောင်ရွှမ်ကျိ လက်တစ်ဖက်မြှောက်ကာ မျက်ခုံးအား ကုတ်ခြစ်လိုက်ရင်း နက်ရှိုင်းစွာဖြင့် သက်ပြင်းချလိုက်သည်။

"မဟာဘိုးဘေးရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲအောင်တော့ ကြိုးစားရမယ်၊ ဒါပေမဲ့ ဒီကြားထဲမှာ တပည့် အများကြီး ခံစားရမှာပဲ ဆရာ စိုးရိမ်မိတယ်"

ထို့နောက်တွင် သူမ၏ မျက်နှာထားက အလွန်တည်ငြိမ်သွားခဲ့ပြီး တစ်လုံးချင်း ပြောလိုက်သည်။

"တပည့်၊ ဒီကိစ္စက အရမ်းကို အရေးကြီးတယ်၊ လင်လုံသန့်စင်နယ်မြေရဲ့ အခြေခံနဲ့ သက်ဆိုင်နေတယ်၊ အဲ့ဒီ ချီယွမ်နဲ့ ရင်းရင်းနီးနီးနေပြီးတော့ မဟာဘိုးဘေး ချန်ဖေးဟွမ် တစ်ကယ်ပဲ ဘာဖြစ်သွားတာလဲ ဆိုတာကို တပည့် ရှာဖွေရမယ်၊ သေချာပေါက် ဟန်ပြပဲ လုပ်ရမှာနော်၊ တပည့်ကို အခွင့်အရေးယူခွင့် ပေးလို့မဖြစ်ဘူး"

"အခု တပည့်ရဲ့ ကျင့်ကြံမှုက ဝိညာဉ်အခြေတည်နယ်ပယ် ထိပ်ဆုံးအဆင့်ကို ရောက်နေပြီ၊ သူကတော့ အလယ်အဆင့်ပဲ ရှိသေးတယ်၊ တပည့်သာ သေချာ ဂရုတစိုက်နဲ့ ကိုင်တွယ်မယ်ဆိုရင် ဒီကောင်လေး အသားယူလို့ရမှာမဟုတ်ဘူး”

All Chapters