အခန်း (၂၅)
Vol. 3 Ch. 25
“ကြိုဆိုပါတယ် စာရေးဆရာ ဟာဂျယ်ဂန်း”
ဆိုမီပျော်ရွင်စွာပဲ နှုတ်ဆက်လိုက်သည်။
စာရေးဆရာအတော်များများက ကြယ်ပွင့်စာပေနှင့်အလုပ်တွဲလုပ်နေသည်မှာကြာပြီဖြစ်သော်လည်း ဟာဂျယ်ဂန်း ဆိုသော ထိုနာမည်ကို အရင်ကတစ်ကြိမ်တစ်ခါမျှမကြားဖူးကြပါ။
“ဟာဂျယ်ဂန်း? မင်းသူ့ကိုသိလား?”
“ဟင့်အင်း ငါမသိဘူး သူ့ကလောင်နာမည်ကဘာလည်း?”
စားပွဲဝိုင်းတစ်ခု၏အလယ်တွင်ထိုင်ပြီး စကားပြောနေသောမြောင်ဟွန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဖျော့တော့သောမဲ့ပြုံးတစ်ခုက သူ၏နှုတ်ခမ်းထက်တွင် ပေါ်လာပြီး ခနအတွင်းပုံမှန်ပြန်ဖြစ် သွားသည်။
‘သူရောက်လာပြီ’
မြောင်ဟွန်း ဂျယ်ဂန်းဒီပွဲကိုလာမည်ဆိုတာ ကြိုခန့်မှန်းမိသည်။ ထို့ကြောင့်အစက တက်ရောက်ရန် အစီအစဉ်မရှိသော်လည်း အချိန်ဇယားပြောင်းကာ ပွဲချိန်ကိုတက်ရောက်ခြင်းဖြစ်သည်။
“ဗိုက်ဆာနေပြီမလား ဆရာ ဟာ, စာရေးဆရာဟာ လာတာနည်းနည်းနောက်ကျတော့ ထိုင်စရာက ဟိုဘက်ထောင့်က တစ်နေရာပဲကျန်တော့တယ်။”
ဆိုမီဆက်တိုက်ပြောပြီးနောက် ဘေးပတ်လည်သို့ကြည့်လိုက်ကာ တစ်နေရာသို့ညွှန်ပြလိုက်သည်။
ဂျယ်ဂန်း၏ မျက်လုံးများက သူမညွှန်ပြရာနေရာအစား ဆိုမီ၏ နေရာဆီသို့သာ အကြည့်ရောက်သွားသည်။ ထိုနေရာသည် စားသောက်ဆိုင်ဝန်ထမ်းများ၏နေရာနှင့် အတူတူဖြစ်သည်။ အယ်ဒီတာတစ်ယောက်အနေဖြင့် ထိုနေရာတွင်ဘာကြောင့်များနေရာပေးခံထားရလည်းဆိုသည်မှာ တကယ်အံ့ဩဖို့ကောင်းသည်။
“ဖိနပ်တွေချွတ်ပြီးရင်ဝင်သွားလို့ရပါပြီ”
“ဟုတ်ကဲ့ ကျေးဇူးပါ”
ဂျယ်ဂန်းဘာမှမပြောတော့ပဲ သူမပြောသလိုပဲ ဖိနပ်များကိုချွတ်လိုက်သည်။
သူဘေးပတ်လည်ကို ကြည့်လိုက်သော်လည်း တဲဝမ်ကို မည်သည့်နေရာမှာမှမတွေ့ရပါ။
‘သူက အယ်ဒီတာချုပ်ဆိုတော့ ဒီလိုနေ့တွေမှာ အလုပ်ရှုပ်နေတာဖြစ်မယ်’
ဂျယ်ဂန်း တွေးလိုက်ပြီးနောက်ဆက်ပြီးမရှာဖွေတော့ပဲ ထောင့်သို့သာသွားလိုက်သည်။ နောက်ကျမှ ဝင်လာသောဂျယ်ဂန်းကို အာရုံစိုက်သောစာရေးဆရာများသိပ်မရှိပါ။ အခြားစာရေးဆရာ များကသူ့အစုနှင့်သူ စကားပြောနေကြသည်။
လူတစ်ယောက်သာ (သူစိမ်းတစ်ယောက်ပါ xD)
မြောင်ဟွန်းစကားပြောနေရင်း အာရုံကတော့ ဂျယ်ဂန်းကိုသာပေးထားသည်။
ဂျယ်ဂန်းသူရဲ့ တည်ရှိမှုကို ဂရုမပြုမိသလိုခံစားနေရသည်။ သူ့ရဲ့ မာနက သူ့ကိုအရင်ဆုံးသွားပြီးစကားပြောဖို့ခွင့်မပြုသောကြောင့် ဒီတိုင်းသာမသိမသာ အာရုံစိုက်ထားသည်။
“တစ်ဆိတ်လောက်”
ဂျယ်ဂန်း သူ၏ခုံဘေးတွင်ထိုင်နေသော စာရေးဆရာတစ်ယောက်ကို ဂရုတစ်စိုက်မေးလိုက်သည်။
ထိုစာရေးဆရာသည် အသက် သုံးဆယ်ခန့်ရှိပြီး အရပ်ပုကာ ဘေးပတ်လည်တွင် အုံမိုင်းနေပြီး စိတ်ဝင်စားဖွယ် ခံစားချက်တစ်ခုကဝန်းရံထားသည်။
“ကျွန်တော်ဒီမှာထိုင်လို့ရမလား?”
“အာ, ဟုတ်ကဲ့ ထိုင်ပါ ထိုင်ပါ”
ထိုလူက သူ့ကိုယ်သူထောင့်ထားသို့ပို၍ကပ်လိုက်ပြီး နေရာအနည်းငယ်လုပ်ပေးလိုက်သည်။ ဂျယ်ဂန်းယဉ်ကျေးစွာပဲခေါင်းညိတ်ပြလိုက်ပြီး ထိုင်လိုက်သည်။
“ခင်ဗျားလည်း စာရေးဆရာတစ်ယောက်ပဲမလား?”
ထိုလူကသူ့ကို သိချင်စိတ်ဖြင့်မေးသည်။
ဂျယ်ဂန်းထိုလူဘက်သို့ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျားလည်း စာရေးဆရာတစ်ယောက်ပဲထင်တယ်”
“ဟားဟား ဟုတ်တယ် အဲ့လိုပြောလို့ရပါတယ်။ စာရေးဆရာလို့ခေါ်ခံရတာက…”
ဂျယ်ဂန်းတည်ငြိမ်စွာပဲပြုံးလိုက်ရင်း အကြော်တစ်ခုကို ကောက်စားလိုက်သည်။ သူက အဖြေတစ်ခုရဖို့ ဖိအားပေးတတ်သောလူတစ်ယောက်မဟုတ်ပါ။
တစ်ခြားတစ်ယောက်ကို သူကိုယ်တိုင်ပြောရန်အတွက် စောင့်ဆိုင်းခြင်းကပိုကောင်းသည်။ အခြားတစ်ဖက်သား စိတ်သက်သာရာရစေဖို့ကိုသာ သူကြိုးစားပေးလေ့ရှိသည်။ ထို့ကြောင့်ပဲ အရာများစွာကို သူ သို့မဟုတ် သူမက လွယ်လင့်တစ်ကူ ထုတ်ပြောနိုင်သည်။
‘စာရေးဆရာကဘာလည်းမသိသလို ဘယ်ပရောဂျက်ကိုဦးတည်နေလည်းဆိုတာလည်း မရေရာဘူး’
ဂျယ်ဂန်းသူ၏အတိတ်ကို ပြန်တွေးလိုက်ခြင်းဖြစ်သည်။
အကယ်၍ သူက ရောင်းအားကောင်းသောစာအုပ်ကိုမရေးနိုင်ပဲ စားဝတ်နေရေးအတွက် ရုန်းကန်နေရချိန် ဘာပရောဂျက်ကို ရေးသားနေသလည်းဟုအမေးခံရပါက သူ့အတွက် တကယ်ကို စိတ်ဓါတ်ကျစေနိုင်သည်။
“ဝိုး, ဒါကတကယ်ကောင်းတာပဲ”
ဂျယ်ဂန်း အကြော်ကိုဝါးလိုက်ရင်း ပုံမှန်ထက်လွန်ကဲစွာပြုမှုပြောဆိုလိုက်သည်။ စားပွဲ၏ မျက်နှာချင်းဆိုင်တွင်ထိုင်နေသောစာရေးဆရာက ရယ်လိုက်ပြီး ဂျယ်ဂန်း၏ နေရာနှင့်အနည်းငယ်လှမ်းသော အကြော်ပန်းကန်ကို ဂျယ်ဂန်းမှီအောင်ရွှေ့ပေးလိုက်သည်။
“ဒါကိုလည်းစားကြည့်လိုက်ပါ ဘာတွေနဲ့လုပ်ထားလည်းမသိပေမယ့် တကယ်မိုက်တယ်”
“ကူညီပေးတဲ့အတွက်ကျေးဇူးပါ ကောင်းကောင်းစားပါ့မယ်”
“မင်းသောက်တတ်လား?”
“အာ, ဟုတ်သား တောင်းပန်တဲ့အနေနဲ့ တစ်ခွက်လောက်အရင်သောက်ပါရစေ။ ကျွန်တော့်ကို ပုလင်းကမ်းပေးပါဦး”
“မဟုတ်တာ ရပါတယ်”
ထိုလူနှင့် ဂျယ်ဂန်းအတူသောက်လိုက်ကြသည်။
နူးညံ့ပြီးအေးဆက်သော ဆိုဂျူးက လည်ချောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ဂျယ်ဂန်းတစ်ခွက်သောက်ပြီးနောက် အသက်ဝဝ တစ်ချက်ရှိုက်လိုက်သည်။ လက်ရှိရရှိထားသော အောင်မြင်မှုများကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်သည် ဆိုဂျူးကယခုခဲ့သို့ အရသာမရှိတာ အတော်ကြာခဲ့ပြီဖြစ်သည်။
“စာရေးဆရာများတွေ့ဆုံပွဲကိုတက်တာ ဒါကပထမဆုံးအချိန်လား?”
ထိုလူက ဆိုဂျူးပုလင်းကိုမယူလိုက်ပြီးနောက် မေးလိုက်သည်။
ဂျယ်ဂန်း ယဉ်ကျေးစွာဖြင့် လက်နှစ်ဖက်ဖြင့်ခွက်ကိုမြောက်ကာ ထိုလူထည့်ပေးလာသော ဆိုဂျူးကိုသောက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“ဟိုးအရင်အတော်အကြာတုန်းကလည်း တစ်ကြိမ်လာခဲ့ဘူးပါတယ်”
“အော်, ဒါကကျွန်တော့်အတွက်တော့ ပထမဆုံးတက်ရောက်ဖူးတာပဲ ဒါနဲ့ အချိန်အတော်အကြာတုန်းက လာဖူးတယ်ဆိုရင် ခင်ဗျားရဲ့ ပွဲဦးထွက်ပွဲက အချိန်အတော်ကြာခဲ့ပြီထင်တယ်။”
“ဟုတ်တယ်”
ဂျယ်ဂန်းကောထိုလူပါဒုတိယအကြိမ် အတူတူသောက်လိုက်သည်။ ဂျယ်ဂန်း အစာမရှိသော သူ၏အစာအိမ်ကြောင့် ခန္ဓာကိုယ်က ပူလာသလိုခံစားလိုက်ရသည်။
ထို့နောက်စကားဝိုင်းက အချိန်အနည်းငယ်ခန့်တိတ်ဆိတ်သွားသည်။
ဆိုဂျူးပုလင်းများကုန်ဆုံးလာသည်နှင့်အမျှ ပတ်ဝန်းကျင်ကလည်း ပိုပြီးဆူညံကာ တက်ကြွလာကြသည်။
“အာ ဆောရီး ခုမှမိတ်ဆက်ရတာနည်းနည်းတောင်နောက်ကျနေပြီ ကျွန်တော်က ကန်မင်ဟို လို့ခေါ်ပါတယ်”
အသံကျယ်ကျယ်နှင့် ထိုလူက သူ၏နာမည်ကို မာန်အပြည့်ဖြင့်ပြောသည်။
ထို့နောက် ချက်ချင်းဆိုသလို ဂျယ်ဂန်းပြန်ပြောလိုက်သည်။
“ဟုတ်သား ကျွန်တော်လည်းတောင်းပန်ပါတယ်။ ကျွန်တော့်နာမည်က ဟာဂျယ်ဂန်းပါ။”
“အမ်, ဟုတ်ကဲ့ ခင်ဗျားမှာ ကလောင်နာမည်ရှိလားမသိဘူး”
သူတို့လက်ဆွဲနှုတ်ဆက်နေရင်း မင်ဟိုကမေးလိုက်ခြင်းဖြစ်သည်။
ဂျယ်ဂန်းရှက်ရွံ့စွာပြုံလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မင်ဟိုက
“အာ သိပြီ ကျွန်တော်က နာမည်ရင်းပဲသုံးလိုက်တာ”
“အာာ ဟုတ်”
ဂျယ်ဂန်း၏ နည်းငယ်စဉ်းစားလိုက်သော်လည်း သူ့တွင် ကန်မင်ဟိုဟူသောနာမည်ဖြင့် ပတ်သက်သော မှတ်ဉာဏ်မရှိပါ။
မင်ဟိုက ဂျယ်ဂန်းကိုနားလည်နေသကဲ့သို့ ကိစ္စမရှိပါဘူးဟူသော ပုံစံဖြင့် လက်ယမ်းပြလိုက်ပြီး။
“ဒါကအဆင်ပြေပါတယ်။ ဒီနာမည်ကိုသိမယ့်လူကသိပ်ရှိမှာမဟုတ်ဘူး ပြီးတော့ စာအုပ်စီးရီးကလည်း ခြောက်အုပ်ပဲထုတ်ပြီး ဆက်မထုတ်ဝေဖြစ်ဘူးလေ။ ပြီးတော့ အဲ့စာအုပ် စီးရီး ပရောဂျက်တစ်ခုပဲ လုပ်ရသေးတာ”
“ပရောဂျက်နာမည်များသိလို့ရမလား?”
“ကျွန်တော်က စိတ်ကူးယဉ်အမျိုးအစားရေးတာ စာအုပ်နာမည်ကို ကြမ်းတမ်းသောနယ်မြေ၏ မိစ္ဆာဘုရင် လို့….”
မင်ဟိုက သိပ်ပြီး ယုံကြည်ချက်မရှိစွာပြောလိုက်သည်။ ဂျယ်ဂန်းသိမှာမဟုတ်တာ သေချာနေသောကြောင့် တကယ်ကို အရမ်းရှက်နေသည်။
သို့သော်ဂျယ်ဂန်းက မျက်လုံးများပြူကျယ်စွာဖြင့် သူ့ကိုပြန်မေးလာသည်။
“ဒါက ကြမ်းတမ်းတဲ့နယ်မြေက မိစ္ဆာဘုရင်အကြောင်းမလား? အဲ့စာအုပ်ထဲမှာ စိတ်ကူးယဉ် မှော်ကမ္ဘာက မိစ္ဆာဘုရင်က လက်ရှိကမ္ဘာကိုရောက်လာပြီး စတိုးဆိုင်မှာ အလုပ်လုပ်ပြီးပိုက်ဆံရှာရင်း ကုမ္ပဏီထောင်တဲ့အကြောင်းလေ?”
“ဖတ်ဘူးတယ်လား?”
“ဒါပေါ့ အတော်လေးကို ကောင်းကောင်းဖတ်ဘူးတာ မှော်ကမ္ဘာကိုအုပ်စိုးခဲ့ပေမယ့်လည်း ကိုရီးယားစကားမပြောတတ်တော့ အသက်မသေအောင်လို့ မနည်းရုန်းကန်ရတဲ့ဇာတ်ကြောင်းတွေက တကယ်ကိုရယ်စရာကောင်းတယ်”
ဂျယ်ဂန်း ကြယ်ပွင့်စာပေမှ စာအုပ်အမျိုးအစားတော်တော်များများကို ဖတ်ဖူးသည်။
ဒါက လူကြိုက်များတဲ့ စာအုပ်တွေရေးနိုင်အောင် ရှာဖွေပြီးလေ့လာဖို့အတွက် အကျင့်ကောင်းတစ်ခုဖြစ်သည်။
သူ့အနေဖြင့် စာရေးဆရာ ကန်မင်ဟို၏နာမည်ကို မေ့နေသော်လည်း စာအုပ်၏နာမည်ကိုတော့ လုံးဝ မှတ်မိသည်။
“အိုးး ဒါကတကယ်ကို ရှက်စရာပဲ သောက်ကြရအောင်”
ရင်ထဲတွင်အတော်လေး နေလို့ကောင်းသွားသောမင်ဟိုက ဂျယ်ဂန်းနှင့်အတူ နောက်တစ်ခွက် ချီးယားလိုက်သည်။ ဂျယ်ဂန်းမငြင်းပဲ ခွက်ခြင်းတိုက်လိုက်သည်။ ထို့နောက် မင်ဟိုကို နောက်တစ်ခွက် ထည့်ပေးလိုက်သည်။
“ဒါနဲ့ စာရေးဆရာ ဟာဂျယ်ဂန်းရဲ့ ကလောင်နာမည်ကဘာလည်း?”
“အာ ဟုတ်သားပဲ ကျွန်တော့်ကလောင်နာမည်က ပျမ်ချွမ်ယုပါ”
သူထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်မှ ဆူညံသံများချက်ခြင်းရပ်တန့်သွားသည်။
အနည်းငယ်လှမ်းသောနေရာတွင်တော့ ဆူညံနေသေးသည်။ သို့ပေမည့် အနီးအနားရှိ စာရေးဆရာများအားလုံးကတော့ တိတ်ဆိတ်လျက် ဂျယ်ဂန်းဆီသို့ ကြည့်လိုက်ကြသည်။
“ပျမ်ချွမ်ယု? ခေတ်သစ်အဆင့်များစီးရီးရဲ့ ပဲ့ကိုင်ရှင် ပျမ်ချွမ်ယုလား?”
အံဩတကြီးအမူအရာဖြင့် မင်ဟိုက သေချာအောင် ထပ်မေးလိုက်သည်။
ဂျယ်ဂန်း ရုတ်တရက်ရောက်ရှိလာသော ဘေးပတ်လည်ရှိအခြားသူများ၏အကြည့်အောက်မှာပဲ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် အဲ့တာပါပဲ”
ဂျယ်ဂန်းပြန်ဖြေပြီးနောက် အခြားစာရေးဆရာများက ပုလင်းများကိုင်ကာ သူ့ဆီသို့ ကပ်လာရင်း ချီးယားလာလုပ်ကြသည်။
“စာရေးဆရာ ပျမ်ချွမ်ယုလား တွေ့ရတာဝမ်းသာပါတယ် ကျွန်တော့်ကလောင်နာမည်က မစ္စတာ အိတ်ခ် ပါ”
“အာ ဟုတ်ကဲ့ ခင်ဗျားက ဘောလုံးဝတ္ထု ပါရမီရှာဖွေသူရဲ့ စာရေးဆရာမလား? ကျွန်တော် အဲ့စာအုပ်ကို အတော်လေးဖတ်ဘူးတယ်”
“ကျွန်တော်နဲ့လည်းခွက်ချင်းတိုက်ကြရအောင် ကျွန်တော့်ကလောင်နာမည်က စစ်ပြေးပါ”
“အာ အမှတ်သုညမြေပြင် ရဲ့စာရေးဆရာများလား? ခင်ဗျားတို့နှစ်ယောက်လုံးက အားကစားနဲ့ပတ်သက်တဲ့ စိတ်ကူးယဉ်ဝတ္ထုစာပေတွေရေးတဲ့သူတွေပဲ ကျွန်တော်အဲ့လိုမျိုးစာပေတွေ သေချာမသိလို့ ကျွန်တော့်အနေနဲ့ ရေးဖို့အတော်ခက်ခဲတယ်။ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ”
ပတ်ဝန်းကျင်တစ်ခုလုံးက ချက်ချင်းဆိုသလိုပဲ ပြောင်းလဲသွားသည်။
မသိမြင်နိုင်သော သန်မာအားကောင်းသော အရာတစ်ခုက ဂျယ်ဂန်းကို ဝန်းရံနေသည်။
တစ်ယောက် နှစ်ယောက် သုံးယောက် … စိတ်ကူးယဉ်ဝတ္ထုစာပေများရေးသော စာရေးဆရာများက ဂျယ်ဂန်းကို လာရောက်နှုတ်ဆက်ကြသည်။
“ခေတ်သစ်အဆင့်များစီးရီးက ဖတ်ရတာပျော်ဖို့ကောင်းတယ်။ ပြီးတော့ စာရေးဆရာဟာက ပွဲဦးထွက်ခဲ့တာ အတော်ကြာပြီဆိုတော့ ကျွန်တော်က အတော်လေးအသက်ကြီးမယ်ထင်ထားတာ အတော်လေးငယ်သေးတဲ့ လူချောလေးပဲ”
“ဒါက စာရေးဆရာ တစ်ယောက်ရဲ့ ရှုထောင့်ကနေဖတ်ရင်တောင် အတော်လေးကို ပျော်ဖို့ကောင်းတုန်းပဲ။ စာရေးဆရာဟာ စာရေးရင်ဘယ်လိုမျိုး စိတ်အခြေအနေနဲ့ ရေးလည်းသိလို့ရမလား? စာအုပ်ကို ဇာတ်သိမ်းတဲ့အခါကျရင်ကော ဇာတ်သိမ်ကို မှီပြီးမှ ဇာတ်အိမ်ပြန်ဖွဲ့တာများလား?”
“အာ ကျွန်တော်စာရေးတဲ့အခြေအနေက ဘယ်လိုပြောရ…”
ဂျယ်ဂန်း သူ၏ ဘေးပတ်လည်ရှိ စာရေးဆရာများ၏ အမေးများကို ပြန်ဖြေရလွန်း၍ ချွေးပြန်နေသည်။
ဒီအခြေအနေက သူ့ကို ပျော်ရွင်ပြီးကျေနပ်စေသော်လည်း ဒီလောက်အထိဖြစ်မည်ဟုတော့ မမျော်မှန်းထား၍ အံ့အားသင့်စေသည်။ သူ့အနေဖြင့် စာရေးဆရာအများအပြား၏ လာရောက်နှုတ်ဆက်ခြင်းကို ခံရမည်ဟုလည်း မမျော်လင့်ထားပါ။
“ဘာလို့ သူ့ရဲ့အနားမှာလူတွေအုံနေလာလည်း? သူကဘာရေးတဲ့စာရေးဆရာလည်းသိကြလား?”
ဂျယ်ဂန်း၏ထိုင်နေသောနေရာနှင့်ဆန့်ကျင်ဘက်
မြောင်ဟွန်းနှင့် သူ၏အနားရှိ အမျိုးသမီးစာရေးဆရာများက လည်းစတင်ပြီး သတိထားမိလာပြီဖြစ်သည်။ သူ၏ အောင်မြင်သောဖန်တီးမှုများအကြောင်းပြောနေသော မြောင်ဟွန်းလည်း စကားဖြတ်ခံလိုက်ရသောကြောင့် စိတ်ခုသွားသည်။
“စာရေးဆရာ လီယောင်းအာ, အစောက ကျွန်တော်ပြောတာဘယ်ရောသွားပြီလည်းမသိဘူး?”
မြောင်ဟွန်းသူ၏ မကျေနပ်ချက်ကို မထုတ်ပြပဲ အသာမေးလိုက်သည်။
လီယောင်းအာဟုခေါသော စာရေးဆရာက ဂျယ်ဂန်းဆီမှအကြည့်လွှဲလိုက်ပြီး ပါးနှစ်ဖက်ကို ဖောင်းလိုက်ကာ ခေါင်းကိုငုံ့လိုက်သည်။
“ဟုတ်ကဲ့ အာ ဟုတ်သား ဘယ်နေရာ ရောက်နေတာပါလိမ့် ကျွန်မသေချာမမှတ်မိဘူးဖြစ်နေတယ်”
သူမအတော်လေး ပေါ့ပေါ့ပါးပါးနားထောင်နေသည်မှာ အသေချာပင်။ သူပြောသောအရာများကို တစ်ဖက်နားကဝင်ပြီး တစ်ဖက်က ပြန်ထွက်ကာ ဂျယ်ဂန်းဘက်သို့ကြည့်ရင်းသာ အလုပ်များနေတာ ဖြစ်သည်။
မြောင်ဟွန်း၏ နဖူးသွေးကြောများလှုပ်ခါသွားသည်။
သူ၏ အခြေအနေကို ဒေါသမပေါက်ကွဲသွားအောင်မနည်းထိန်းနေရသည်။ သူသာ ဒီအခြေအနေကို မရပ်တန့်နိုင်ဘူးဆို ထိန်းထားဖို့တောင် မသေချာတော့ပါ။
မြောင်ဟွန်းရှေ့ရှိ အမျိုးသမီးစာရေးဆရာ နှစ်ယောက်ကထရပ်လိုက်သည်။
“ပြောရတာအားနာပါတယ် ကျွန်မအဲ့ဘက်ကို သွားလိုက်ပါဦးမယ် အခုတလော စိတ်ကူးယဉ်ဝတ္ထုဖက်ကို စိတ်ဝင်စားနေတာ”
“ကျွန်မကောပဲ ကျွန်မလည်း အချစ်ဝတ္ထုကို စိတ်ကူးယဉ်ဆန်ဆန်ဇာတ်ကွက်တွေနဲ့ ပေါင်းရေးကြည့်ချင်နေတာ ဒါကြောင့် အကြံတစ်ချို့သွားယူပြီး ပြန်လာခဲ့မယ်နော်”
“ဟားဟား ဒါပေါ့ သွားလို့ရပါတယ်ဗျာ”
မြောင်ဟွန်းသူ၏ ဒေါသများကို ရင်ထဲတွင်သာသိမ်းထားလိုက်ပြီး အပြုံးဖြင့် ထိုနှစ်ယောက်ကိုထွက်သွားခွင့်ပေးလိုက်သည်။ တစ်ယောက်မှသူ့ကိုအာရုံမစိုက်တုန်း ဆိုဂျူးကိုခွက်ပြည့်ထည့်လိုက်ပြီး မော့သောက်ချလိုက်သည်။ ပေါက်ကွက်လုမတတ်ဖြစ်နေသော ဒေါသကြောင့် ဆိုဂျူးခွက်အနည်းငယ်က သူ့ကို မူးသွားအောင် မတတ်နိုင်ပါ။
‘ဝိုး စာရေးဆရာဟာက အတော်လေးနာမည်ကြီးနေတာပဲ’
ဆိုမီးအဝေးမှ စာရေးဆရာများဝိုင်းအုံနေသော ဂျယ်းဂန်းကို ကြည့်ပြီးပြုံးလိုက်မိသည်။ ဒါက သူတာဝန်ယူထားရသော စာရေးဆရာဖြစ်သောကြောင့် သူမ၏စိတ်ထဲတွင် အတော်လေးနေလို့ကောင်းနေသည်။
“ဂျောင်ဆိုမီ, မင်းအဲ့မှာဘာရပ်လုပ်နေတာလည်း? ဟိုးဘက်က စာရေးဆရာတွေမှာ သောက်စရာတွေကုန်နေတာ သတိမထားမိဘူးလား?”
လက်ထောက်မန်နေဂျာဂိုကပြောလိုက်သည်။
“အာတောင်းပန်ပါတယ် ကျွန်မအခုပဲသွားယူလိုက်မယ်”
ဆိုမီလန့်သွားပြီးချက်ချင်းပြန်ဖြေလိုက်ကာ ရေခဲသေတ္တာဆီသို့ထွက်လာလိုက်သည်။ ဝန်ထန်းအချို့က အပန်းဖြေခရီးထွက်သွားသောကြောင့် သူမလို အယ်ဒီတာတစ်ယောက်ကတောင် ဧည့်ခံရေးဆားဗစ် ဝင်ပြီးပေးနေရသည်။
“မင်းဘာလုပ်နေတာလည်း?”
သူမရေခဲသေတ္တာကိုဖွင့်ကာ ပုလင်းများယူနေတုန်း သူမ၏ နောက်ဘက်ဆီမှ အသံတစ်သံထွက်လာသည်။ ပတ်ဝန်းကျင်မှဆူညံသံများကြောင့် သူမ မကြားလိုက်ပါ။
“မင်းဘာလုပ်နေတာလည်း?”
နောက်ဆုံးတွင်သူမ ထိုအသံကိုကြားလိုက်ရပြီး လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများက အနည်းငယ် ဝိုင်းစက်သွားသည်။
“စာ- စာရေးဆရာ ဟာ ?”
သူမ၏နောက်တွင် ဂျယ်ဂန်းက မျက်နှာသေဖြင့်ရပ်နေသည်။
အစောပိုင်းမိနစ်က စာရေးဆရာများ၏ ဝန်းရံခံနေရသောဂျယ်ဂန်းက ယခု သူမကို ကာကွယ်ရန်ရောက်လာခြင်းဖြစ်သည်။