← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

ထိုစာအုပ်များက အခန်းဆက် ရေးသားထုတ်ဝေခြင်း ပုံစံမျိုး ဖြစ်သည်။

ပုံမှန် အီးဘွတ် များကဲ့သို့ပင် အီလက်ထရွန်နစ်စနစ်ဖြင့်သာ ထွက်ရှိခြင်း ဖြစ်သော်လည်း၊ ‘စာအုပ်တစ်အုပ်’ လုံးကို တစ်ခါတည်း တင်ပေးသည့် အီးဘွတ်မျိုးနှင့် မတူဘဲ၊ အခန်းဆက် ထုတ်ဝေမှုတွင် တစ်ပိုင်းလျှင် စာလုံးရေ ၅၀၀၀ မှ ၆၀၀၀ ခန့်အထိသာ ပါဝင်သည်။ ထို့ကြောင့် စာအုပ်တစ်အုပ်စာအတွက် အပိုင်းပေါင်း ၂၀ မှ ၂၅ ပိုင်းခန့်အထိ အပိုင်းခွဲ၍ ထုတ်ဝေရသည်။

ဂျယ်ဂန်းသည် သူ၏ စာအုပ်အသစ်အတွက် ဤနည်းလမ်းကိုအသုံးပြုရန် စီစဉ်ထားသည်။

သူသည် စက္ကူစာအုပ်ထုတ်ဝေရန် အိပ်မက်ကို ဖြည့်ဆည်းပြီးနောက် ယခုအချိန်တွင်မူ ပိုက်ဆံရရှိရန်မှာ အဓိက ဖြစ်လာသည်။

စာအုပ်တစ်အုပ်လျှင် ၁၀ ဆင့် ခန့် ရှိပြီး၊ ဝက်ဘ်ဆိုဒ် ဝန်ဆောင်မှုကြေးနှင့် စီမံခန့်ခွဲမှုစရိတ်များ နုတ်လိုက်ပါက စာရေးဆရာသည် ၅ ဆင့် ခန့် ရရှိသည်။ အကယ်၍ ဖတ်ရှုသူ အရေအတွက် ၁၀၀၀ ခန့်ရှိပါက အမြတ်ငွေသည် ဒေါ်လာ ၅၀ ခန့် ရရှိမည် ဖြစ်သည်။

“ဒီနားမှာပဲ ရပ်ပေးပါ။”

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။”

ဂျယ်ဂန်းသည် တက္ကစီပေါ်မှ ဆင်းကာ မြေအောက်ရထားဘူတာဆီသို့ ဦးတည်လိုက်သည်။

သူသည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ လမ်းလျှောက်ရင်း သူ၏ နောက်ဆက်တွဲ ဝတ္ထုအသစ်တွင် ဘာအကြောင်း ရေးရမလဲဆိုသည်ကို စဉ်းစားနေမိသည်။

‘ဘာမှ စဉ်းစားလို့ မရဘူးဖြစ်နေတယ်...’

သူ့ဖခင်နှင့် ဖြစ်ပွားခဲ့သည့် ပြဿနာများကြောင့် ဖြစ်နိုင်သလို၊ စာတွေ အများကြီး ရေးခဲ့ရ၍ ပင်ပန်းနေသောကြောင့်လည်း ဖြစ်နိုင်သည်။

သူ့ခေါင်းထဲတွင် ဘာအတွေးမှ ဝင်မလာပေ။ သူ စာရေးရမည်မှန်း သိသော်လည်း ဘာရေးရမည်ကို စဉ်းစားမရ ဖြစ်နေသည်။

ဓားလက်နက်များနှင့် မှော်ပညာများ ပါဝင်သော ဖန်တီးမှုစိတ်ကူးယဉ်ကမ္ဘာ ဖြစ်စေ၊ ရန်သူများကို လိုက်ရှာနေသော သိုင်းဆရာတစ်ဦး၏ သိုင်းအထုပ္ပတ္တိ ဖြစ်စေ၊ အားလုံးက အတူတူပင်။ မြေအောက်ရထား စီးနေစဉ်အတွင်း သူ ဘာတစ်ခုမှ စဉ်းစား၍မရခဲ့ပါ။

ဂျယ်ဂန်းသည် မြေအောက်ရထား၏ လူကြီးသူမများအတွက် သီးသန့်ပေးထားသောနေရာနားတွင် မှီရပ်ရင်း(ထိုင်ခုံဘေးကတိုင်မှာနေမယ်) မှတ်စုစာအုပ်နှင့် ဘောပင်တစ်ချောင်းကို ထုတ်လိုက်သည်။

၎င်းမှာ သူ ရေးသားစရာ အချက်အလက်များကို နေရာတိုင်းတွင် မှတ်သားတတ်သည့် အလေ့အကျင့်တစ်ခု ဖြစ်သည်။ ၎င်းသည် ဖုန်းထဲတွင် မှတ်သားရသည်နှင့် မတူပေ။ ဇာတ်ကောင်များ၊ ဇာတ်အိမ်အပြင်အဆင်နှင့် နောက်ခံများကို ဘောပင်ဖြင့် ရေးသားနေချိန်တွင် ဇာတ်လမ်းတစ်ပုဒ်သည် တစ်ခါတစ်ရံ၌ မှော်ဆန်စွာ ပေါ်ထွက်လာတတ်သည်။

‘အာ... ဘာဖြစ်လို့လဲ...’

ဘောပင်သည် မင်ကုန်နေသကဲ့သို့ စာရေး၍ မရတော့ပေ။

ဂျယ်ဂန်းသည် သက်ပြင်းချရင်း မှတ်စုစာအုပ်ကို ပြန်သိမ်းလိုက်သည်။ သူ၏အိမ်သို့ ရောက်မှသာ ဆက်လက်စဉ်းစားရန် ဆုံးဖြတ်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းများကိုသာ ငေးကြည့်နေလိုက်တော့သည်။

...

“မြောင်... မြောင်...”

“အာ... ရီခါ၊ အဲ့ဒီလို မဆိုးနဲ့လေ။”

“မင်း ဘာလုပ်နေတာလဲ၊ ငါ အိပ်ချင်သေးတယ်။ ကျေးဇူးပြုပြီး ငါ့ကို အိပ်ခွင့်ပေးပါ။”

ဂျယ်ဂန်းက ပင်ပန်းနေသော အသံဖြင့် တောင်းပန်ကာ တစ်ဖက်သို့ လှည့်အိပ်လိုက်သည်။ သို့သော် ရီခါ က ဂရုမစိုက်ပါ။ သူမသည် အဆက်မပြတ်အော်မြည်နေရင်း ဂျယ်ဂန်း၏ ကျောကို သူမ၏ လက်သည်းများဖြင့် ကုတ်နေခဲ့သည်။

ဗီ... ဗီ... !

အိပ်ရာဘေးမှ ဖုန်းတုန်ခါသံကို ကြားလိုက်ရသဖြင့် အိပ်ရာမှ နိုးလာသည်။ ဂျယ်ဂန်း ဖုန်းကို ဆွဲယူလိုက်ရင်း ရေရွတ်လိုက်သည်။

“အာ... ဖုန်းကိုင်ဖို့အတွက် ငါ့ကို နှိုးလိုက်တာလား။ ငါ ဘယ်ဖုန်းမှ မကိုင်ချင်ဘူး။ T-T”

၎င်းမှာ သူ မသိသော ဖုန်းနံပါတ်တစ်ခု ဖြစ်သည်။

ရီခါသည် ဖုန်းကို လွှင့်ပစ်တော့မည့် ဂျယ်ဂန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူမသည် သူ့ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ကြောင်း ဖော်ပြနေသည့် အကြည့်မျိုး ဖြစ်သည်။

ဂျယ်ဂန်းသည် ထိုအကြည့်ကို မြင်သောအခါ ဖုန်းကို နားနားသို့ ကပ်လိုက်သည်။

“ဟယ်လို...”

-ဟယ်လို၊ စာရေးဆရာ ဟာဂျယ်ဂန်း ပါလားခင်ဗျာ။

အမျိုးသားတစ်ဦး၏ အသံက ဖုန်း၏အခြားတစ်ဖက်မှမေးမြန်းလိုက်သည်။

ဂျယ်ဂန်းသည် ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး ပြန်ထူးလိုက်သည်။

“ဟုတ်ကဲ့၊ ပြောပါ။”

-အားနာပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ ရှာဖွေရေး ဝက်ဘ်ဆိုဒ် နာဗင် ရဲ့ စာပေဝန်ဆောင်မှု စီမံကိန်းတာဝန်ခံ အန်ထက်ဂွန် ပါ။

“အာ... ဟုတ်ကဲ့၊ မင်္ဂလာပါဗျာ။”

ဂျယ်ဂန်းသည် အိပ်ရာပေါ်မှ ခြေထောက်ချကာ ထရပ်လိုက်သည်။

ဒီဂျစ်တယ် စာပေပြိုင်ပွဲ တာဝန်ခံထံမှ ကြားခဲ့ရသည့် စကားများက သူ့ခေါင်းထဲသို့ ဝင်လာသည်။

အင်တာဗျူးရန် ကမ်းလှမ်းမည့်နေရာများ ရှိလာလိမ့်မည်ဟု ပြောခဲ့ရာတွင် နာဗင် ဟူသောအမည်သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

-စာရေးဆရာ ဟာဂျယ်ဂန်းရဲ့ စာရေးသားမှု အလေ့အထတွေနဲ့ ဆရာ့ဘဝအကြောင်းတွေကို အင်တာဗျူးချင်လို့ပါ။ ဒီအင်တာဗျူးကို အဓိကကဏ္ဍဖြစ်တဲ့ ‘လစဉ်စာအုပ်’ နေရာမှာလည်း ဖော်ပြပေးသွားမှာပါ။

ဂျယ်ဂန်း၏ အိပ်ငိုက်နေမှုများ လုံးဝ ပျောက်ကွယ်သွားသည်။

နာဗင် သည် နိုင်ငံ၏ အကြီးမားဆုံး ရှာဖွေရေး ဝက်ဘ်ဆိုဒ်ကို လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး ဖြစ်သည်။

၎င်းသည် စတင်တည်ထောင်ခဲ့သည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်သည်။ နေ့စဉ် အသုံးပြုသူ ၁၈ သန်း၊ အသုံးပြုသူ စုစုပေါင်း သန်း ၄၀၊ ကမ္ဘာတစ်ဝန်း အဖွဲ့ဝင် မှတ်ပုံတင်ထားသူ သန်း ၅၀၀ ကျော်ရှိသဖြင့် နိုင်ငံအတွင်း အကြီးမားဆုံး ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်သည်။

ဤသို့သော နာဗင် က သူ၏ အင်တာဗျူးကို ပင်မစာမျက်နှာ၏ ထင်ရှားသော နေရာတွင် ဖော်ပြပေးမည် ဖြစ်သည်။

ထိုသို့ကြုံလာသောအခါ ဂျယ်ဂန်းသည်လည်း လူသားတစ်ယောက်ဖြစ်သဖြင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါ။ သူသည် ရုပ်ရှင်များထဲကသို့ ပျော်၍ခုန်ပေါက်နေခြင်းမျိုး မဟုတ်သော်လည်း သူ၏ ရင်ခုန်သံများကတော့ ကျိန်းသေပေါက် မြန်ဆန်နေပြီ ဖြစ်သည်။

-ကုမ္ပဏီကို လာခဲ့လို့လည်း ရသလို ဆရာ အဆင်ပြေမယ့်နေရာကို ရွေးလို့လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အမြင်ကို ပြောရရင်တော့ ဆရာ့ရဲ့ စာရေးတဲ့ ပတ်ဝန်းကျင်မှာပဲ အင်တာဗျူးချင်တာမို့ အဲ့ဒီလိုကော အဆင်ပြေနိုင်မလားခင်ဗျာ။

“ကျွန်တော့်ရဲ့ စာရေးတဲ့နေရာမှာလား။”

ဂျယ်ဂန်းက ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရင်း မေးလိုက်သည်။

ဒီအခန်းလေးက သူ စာရေးဖို့ရှိတဲ့ တစ်ခုတည်းသော နေရာဖြစ်သည်။ စာရေးဖို့နဲ့ နေထိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံပစ္စည်းလေးတွေနဲ့ပဲ ပြည့်နှက်နေတာပါ။

-ဟုတ်ကဲ့ ဆရာ၊ အဲ့ဒါ အဆင်မပြေလို့များလားခင်ဗျာ။

ဂျယ်ဂန်း ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

ဒီနေရာလေးက သူ အခုထိ စာတွေတစိုက်မတ်မတ် ရေးသားခဲ့တဲ့ အရေးကြီးတဲ့ နေရာတစ်ခုပဲ မဟုတ်လား။

ခမ်းနားထည်ဝါမှု မရှိပေမဲ့ ရှက်စရာလည်း မဟုတ်ပါဘူး။ စာရေးဆရာတစ်ယောက်က သူ စာရေးတဲ့နေရာ စုတ်ပြတ်နေလို့ ရှက်နေရမယ်ဆိုတာ အမှားတစ်ခုပဲလို့ သူတွေးလိုက်သည်။ ထိုအတွေးနှင့်အတူ ဂျယ်ဂန်း ချက်ချင်း ပြန်ပြောလိုက်သည်။

“ကျွန်တော့်အိမ်ကို လာမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ကျွန်တော် ရပါတယ်။”

-ကျေးဇူးတင်ပါတယ်ခင်ဗျ။ ဒါဆို ချိန်းဆိုမှုလေး တစ်ခုလုပ်ကြရအောင်။ ဆရာ ဘယ်နေ့ တွေ့ချင်သလဲဆိုတာ ပြောပြပေးပါ။

“အင်း... ကြာသပတေးနေ့ဆိုရင် ဘယ်လိုလဲ။”

-ဟုတ်ကဲ့ ရပါတယ်။ မတွေ့ခင် တစ်ရက်အလိုမှာ ကျွန်တော် ဖုန်းပြန်ဆက်ပါ့မယ်။ အင်တာဗျူးရဲ့ အကြမ်းဖျင်း အချက်အလက်တွေကိုလည်း ဆရာ့ရဲ့ အီးမေးလ်ထဲ ပို့ပေးထားမှာမို့ တစ်ချက်လောက် ကြိုပြီးကြည့်ထားပေးပါဦးနော်။

“ကောင်းပါပြီ။”

-ဟုတ်ကဲ့၊ ဒါဆို ကောင်းကောင်း အနားယူလိုက်ပါဦး။

ဂျယ်ဂန်းက ကုတင်ပေါ်မှာ ထိုင်နေတဲ့ ရီခါကို ကြည့်လိုက်သည်။ သူ့အကြည့်ကို ခံစားမိတာကြောင့် ရီခါက ပြန်လှဲချလိုက်ပြီး ဟိုဟိုဒီဒီ လူးလိမ့်နေသည်။

“နာဗင် က ဖုန်းဆက်မှာမို့လို့ မင်း ငါ့ကို နှိုးလိုက်တာပေါ့။ ဟုတ်လား။”

“မြောင်...”

“အေးပါ၊ မင်းက ငါ့ရဲ့ မန်နေဂျာပဲ။ ဒါပေမဲ့ အရင်စားကြစို့။ မင်းလည်း ဗိုက်ဆာနေပြီ၊ ငါလည်း... ဝါး၊ ဒါက ဘာတွေလဲ။ မနေ့က ငါ ဒီလောက်တောင် သောက်လိုက်တာလား။”

ကြမ်းပြင်ပေါ်မှာ ဘီယာဘူးခွံ ၁၀ ဘူးလောက် ရှိနေသည်။ ဇာတ်လမ်းစဉ်းစားမရခဲ့လို့ သောက်ထားသဖြင့် အခန်းကလည်း ရှုပ်ပွနေတာပါ။(သောက်ချင်လို့သောက်တယ်ပေါ့ ဇာတ်လမ်းကိုလွှဲချနေတာ) ဂျယ်ဂန်း ခါးကုန်းပြီး အမှိုက်တွေကို လိုက်ကောက်လိုက်သည်။

ဗီ... !

သူ သန့်ရှင်းရေးလုပ်ခါနီးမှာပဲ ဖုန်းပြန်မြည်လာသည်။

အယ်ဒီတာ ဂွမ်တဲဝမ် ဆီကဖြစ်သည်။ ဂျယ်ဂန်းက ဆိုမီနဲ့ ဖုန်းပြောထားသည်ကို သတိရပြီး ဖုန်းကိုင်လိုက်သည်။

“ဟုတ်ကဲ့၊ အယ်ဒီတာ။”

-စာရေးဆရာ ဟာ၊ ဆရာက နောက်ဆက်တွဲ ဝတ္ထုထုတ်ချင်တယ်ဆို။ ဆိုမီ့ဆီက ကြားကြားချင်း ကျွန်တော် ဖုန်းဆက်လိုက်တာ။ ကျွန်တော့်ကို ချက်ချင်း ပြောရမှာပေါ့ဗျာ။

“ဟားဟား၊ ဆိုမီက ကျွန်တော့်ကို တာဝန်ယူထားတာဆိုတော့လေ။ ပြီးတော့ အယ်ဒီတာက တခြားစာရေးဆရာတွေနဲ့ အလုပ်များနေမယ် ထင်လို့ပါ။”

ဂျယ်ဂန်းရဲ့ စကားမှာ လိမ်ညာမှု မပါပါဘူး။ တဲဝမ်က အမြဲ အလုပ်များနေတတ်သူပါ။ သူ အလုပ်များနေတဲ့ကြားက ကြယ်ပွင့်စာပေ ရဲ့ စာရေးဆရာ အားလုံးကို သူ့ရဲ့ စရိုက်နဲ့ ခွန်အားတွေနဲ့ ဂရုတစိုက် ကိုင်တွယ်နိုင်တာကို ကြည့်ပြီး ဂျယ်ဂန်း အံ့ဩနေမိသည်။

-ဘာရေးမလဲဆိုတာရော စဉ်းစားပြီးပြီလား။

“အာ... အယ်ဒီတာ၊ ကျွန်တော် အခန်းဆက်တွေကိုပဲ ဆက်ရေးရမယ်လို့ ခံစားနေရတယ်။”

-ဆက်ရေးမယ်? ခေတ်သစ်စီးရီး ကိုလား။

“ဟုတ်ကဲ့။”

ဂျယ်ဂန်း ပြန်ဖြေလိုက်သည်။

အရင်က အောင်မြင်ခဲ့တဲ့ အခန်းဆက်တွေကို ပြန်ဆက်ဖို့ ဆုံးဖြတ်လိုက်ခြင်းပါ။ ဒါက သူ မနေ့က ချခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်သည်။ ရေးဖို့ ဇာတ်လမ်းအသစ် မရှိပေမဲ့ တစ်ခုခုကို အမြန်ထုတ်ဝေချင်တာကြောင့် သဘာဝကျကျပဲ ဒီလမ်းကို ရွေးဖြစ်သွားသည်။

သိုင်းပညာအဆင့်များနဲ့ ခေတ်သစ်အဆင့်များ၏ ဇာတ်လိုက်နှစ်ယောက်က မတူညီတဲ့ စရိုက်တွေ ရှိကြသည်။ ဒါပေမဲ့ သူတို့က တူညီတဲ့ မူလအစကနေ စွမ်းအားတွေ ရခဲ့တာပါ။ အဲ့ဒီ စွမ်းအားရဲ့ မူလအစကို နောက်ခံထားပြီးတော့ ဒီဇာတ်လိုက်နှစ်ယောက် ထိပ်တိုက်တွေ့မယ့် ဇာတ်လမ်းကို တတိယမြောက် ဝတ္ထုအနေနဲ့ ရေးဖို့ သူ စီစဉ်လိုက်သည်။

“အယ်ဒီတာ ဘယ်လိုထင်လဲ။”

ဂျယ်ဂန်းက ဇာတ်လမ်းအကျဉ်းကို ပြောပြရင်း မေးလိုက်သည်။

တဲဝမ် ချက်ချင်း အဖြေမပေးနိုင်ပါ။ နောက်ဆုံးတော့ သူက ဂရုတစိုက်ပဲ ပြန်ဖြေသည်။

-မဆိုးပါဘူး။ အရင်က ထွက်ခဲ့တဲ့ ဝတ္ထုနှစ်ခုစလုံးကလည်း ရောင်းအားကောင်းခဲ့တာပဲ။ ဒါပေမဲ့ ပြဿနာက ဇာတ်လိုက်က နှစ်ယောက် ဖြစ်နေတာပဲ။ ဇာတ်လိုက်နှစ်ယောက် ပါတဲ့ ဇာတ်လမ်းမျိုးကို စာဖတ်သူတွေက သိပ်မကြိုက်ကြဘူး။

“ဟုတ်ကဲ့၊ အဲ့ဒါကို ကျွန်တော် စဉ်းစားထားပါတယ်။”

-ပြီးတော့ အခန်းဆက် ထုတ်ဝေမှုပုံစံ ကလည်း စိတ်ပူစရာပဲ။ အရင်လက်ရာတွေက စာအုပ်(ဖစ်စစ်ကယ်ဘွတ်) အနေနဲ့ပဲ ထွက်ခဲ့တာဆိုတော့၊ အရင်လက်ရာရဲ့ နောက်ဆက်တွဲကိုမှ အခန်းဆက် ထုတ်ဝေမှုပုံစံ ပြောင်းလိုက်တာက နည်းနည်း များသွားမလားလို့။ စာအုပ်ဝယ်ဖတ်တဲ့သူတွေ အားလုံးက အခန်းဆက် ထုတ်ဝေတဲ့ဆီကို လိုက်လာမယ်လို့လည်း ယုံကြည်ချက် မရှိဘူးလေ။

“ဒါဆိုရင် စာအုပ်အနေနဲ့ပဲ ထုတ်ပါ့မယ်။”

ဂျယ်ဂန်းက သူ့စိတ်ထဲမှာတော့ ‘ဒါ နောက်ဆုံးအကြိမ်ပဲ’ လို့ ထည့်တွေးလိုက်သည်။

ဖုန်းရဲ့ တခြားတစ်ဖက်မှာ တဲဝမ်က သူ့အင်္ကျီတွေကို ပြင်ဝတ်နေသလို ခံစားရသည်။

-ဟုတ်ကဲ့ ဆရာဟာ။ ကျွန်တော်တို့ ခနနေ တွေ့ကြရအောင်။ ဘယ်အချိန် အဆင်ပြေမလဲ။ ကျွန်တော်ကတော့ ဒီနေ့ ဘယ်အချိန်မဆို ရပါတယ်။

“ဒါဆို ဒီနေ့ပဲ တွေ့ကြရအောင်။ ကျွန်တော်လည်း အပြင်ထွက်ပြီး လေညင်းခံချင်တာနဲ့ ဂူရိုဘက်ကို လာခဲ့ပါ့မယ်။ ညဘက် တွေ့ကြမလား။”

-ဒါဆို ညစာ အတူတူစားကြတာပေါ့။ ဒီနေ့ ညနေ ၇ နာရီလောက်ပေါ့ ဆရာ။

“ဟုတ်ကဲ့၊ ခဏနေ တွေ့ကြပါမယ်။”

ဂျယ်ဂန်း အမြန် သန့်ရှင်းရေးလုပ်ပြီး ကွန်ပျူတာဆီ သွားလိုက်သည်။ မျက်နှာကို ခပ်သွက်သွက် သစ်လိုက်ပြီး စာရေးသည့်ဆော့ဖ်ဝဲလ် ကို ဖွင့်လိုက်သည်။

“ဖူး... ၇ နာရီအထိဆိုရင် ၆ နာရီလောက် လိုသေးတာပဲ။ အချိန်တွေ အများကြီး ရှိပါသေးတယ်။”

သူသည် အဆင့်များ စီးရီး၏ နောက်ဆုံးဇာတ်လမ်းအတွက် အနည်းဆုံးတော့ ဇာတ်လမ်းအကျဉ်းတစ်ခုကို ရေးရန် လိုအပ်နေသေးသည်။

ဂျယ်ဂန်းသည် ဇာတ်ကွက်ကို စတင်ရိုက်နှိပ်တော့သည်။ ဇာတ်လမ်းအသစ်တစ်ခုကို အစကနေ ဖန်တီးရသည်ထက် အဆုံးသတ်ပြီးသား ဇာတ်လမ်းတစ်ခုပေါ်မှာ အခြေခံပြီး ရေးရသည်မှာ ကျိန်းသေပေါက် ပို၍လွယ်ကူသည်။

သူ အာရုံစိုက်ခါစရှိသေး...

ဒေါင်ဒေါင်!

မြည်ဟိတ်းလာသော လူခေါ်ဘဲလ်သံက ဂျယ်ဂန်း၏ အလုပ်ကို ရပ်တန့်စေခဲ့သည်။ ဂျယ်ဂန်း၏ အိမ်မှာ ဘဲလ်သံက မြည်ခဲလှသဖြင့် သူသည် တုန်လှုပ်သွားပြီး ထရပ်လိုက်သည်။

“ဘယ်သူများလဲမသိဘူး?”

“ကျွန်တော်ပါ ဆရာ၊ မာဂျောင်ဂု ပါ။”

“... ဗျာ?”

ဂျယ်ဂန်းသည် ထိတ်ပြားသွားသော မျက်နှာဖြင့် တံခါးကို ဖွင့်လိုက်သည်။ အမျိုးသားနှစ်ဦးသည် အပြင်ဘက်တွင် အလွန်တောက်ပစွာ ပြုံးနေကြသည်။ ၎င်းတို့မှာ ဟီတဲမီဒီယာ မှ အထွေထွေမန်နေဂျာ မာဂျောင်ဂု နှင့် လက်ထောက်မန်နေဂျာ ပတ်ဂျောင်ဆူ တို့ ဖြစ်ကြသည်။ နှစ်ယောက်စလုံး၏ လက်ထဲတွင် သေတ္တာအကြီးကြီး တစ်လုံးစီ ပါလာသည်။ (မိုက်တာကွာ လာတိုင်းသေတ္တာတွေနဲ့)

“မန်နေဂျာကြီးနဲ့ လက်ထောက်မန်နေဂျာ... ဘာသတိပေးချက်မှ မရှိဘဲ ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။”

“ဆရာ့ကို ပေးစရာ လက်ဆောင်ရှိလို့ လာခဲ့တာပါ။”

“အာ... ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အိမ်မှာ မရှိရင် ဘယ်လိုလုပ်မလဲ။”

“ဟားဟားဟား၊ အဲ့ဒီလောက်အထိ ကျွန်တော် မစဉ်းစားမိဘူး။ မရှိရင်လည်း နောက်မှ ပြန်လာတာဖြစ်ဖြစ်၊ ဖုန်းဆက်တာဖြစ်ဖြစ် လုပ်လို့ရတာပဲလေ။”

ဂျောင်ဂုက ရယ်မောရင်း ပြန်ဖြေသည်။

ဂျယ်ဂန်းမှာ စိတ်တောင် မဆိုးနိုင်တော့ပေ၊ အခြေအနေက တကယ်ကို ရယ်စရာကောင်းလွန်းသောကြောင့် ဖြစ်သည်။ ၎င်းမှာ မုန်တိုင်းတစ်ခုလို အတင်းတိုးဝင်လာသည့် ပုံစံမျိုးပင်။ ဒါက ဟီတဲမီဒီယာ ရဲ့ အလုပ်လုပ်ပုံစံပဲလား။

“အဲ... အထဲဝင်ခဲ့ကြပါဦး။”

“အာ... ဆရာ တစ်ခုခု ရေးနေတာလား။”

ထိုသို့ပြောနေစဉ်မှာပင် ဂျောင်ဂုက သူ၏ ဖိနပ်ကို ချွတ်နေပြီးသား ဖြစ်သည်။ ဂျယ်ဂန်းက ဘေးကို ဖယ်ပေးလိုက်ရာ ဂျောင်ဂုနှင့် ဂျောင်ဆူတို့ အထဲဝင်လာပြီး သေတ္တာများကို ချလိုက်ကြသည်။

“ဒါတွေက ဘာတွေများလဲ။”

“ဒါတွေက သမင်ချိုတွေပါ။ သမင်ချိုဆိုပေမဲ့ သာမန်သမင်ချိုတွေ မဟုတ်ဘဲ တကယ့် အကောင်းစားတွေပါ။ အနည်းဆုံးတော့ အနှစ်ဝက်လောက် စားလို့ရလိမ့်မယ်။ ဆရာက အရမ်းပိန်လွန်းတယ်။ ဆရာ ကျန်းကျန်းမာမာနဲ့ ဝတ္ထုကောင်းတွေ ရေးနိုင်ဖို့အတွက် ဒါက ဟီတဲမီဒီယာ ရဲ့ မျှော်လင့်ချက် လက်ဆောင်ပါ။”

ဂျောင်ဂု၏ စကားလုံးများက ကြိုတင်လေ့ကျင့်ထားသကဲ့သို့ပင် ထွက်လာသည်။ ဂျယ်ဂန်းသည် အံ့ဩသော မျက်နှာဖြင့် ကျေးဇူးတင်စကား ပြောပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်သူကော်ဖီနှစ်ခွက် ဖျော်ပြီး ချပေးလိုက်သည်။

“ကော်ဖီ သောက်ကြပါဦး။”

“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်။”

“ကျွန်တော် ခဏလောက် သန့်စင်ခန်း သွားလိုက်ဦးမယ်။”

အနည်းဆုံးတော့ လူပီသအောင် သွားတိုက်၊ မျက်နှာသစ်ဖို့ လိုအပ်သည်ဟု သူ ခံစားလိုက်ရသည်။ သူသည် မျက်နှာသုတ်ပဝါကို လည်ပင်းမှာ ပတ်လိုက်ပြီး သန့်စင်ခန်းထဲဝင်ကာ တံခါးပိတ်လိုက်သည်။

ဂျယ်ဂန်း ထွက်သွားသည်နှင့် ဂျောင်ဂုက ဂျောင်ဆူ၏ နားထဲကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

“အချိန်တန်ရင် မင်း ပြောမှာလား။”

“ဒီနေ့တော့ လက်ဆောင်ပေးရုံပဲ ပေးတာက ပိုမကောင်းဘူးလား။ အတင်းကြီး ဖြစ်နေသလိုပဲ။ ရက်နည်းနည်းလောက် စောင့်ဦးမလားလို့...”

ဂျောင်ဂုက မကျေနပ်သလို လျှာသပ်လိုက်သည်။

“ဒီကောင်ကတော့ အခုထိ ဒီလို စကားတွေ ပြောနေတုန်းပဲ။ အခုခေတ်မှာ စာရေးဆရာတွေကို အမြန်မချိတ်နိုင်ရင် အကုန်ဆုံးရှုံးမှာပဲ။ ပြီးတော့ ဆရာဟာက တကယ်ကို နာမည်ကြီးလာမှာ။ ငါတို့က အချိန်ဆွဲနေလို့ လက်လွတ်လိုက်ရရင် မင်း တာဝန်ယူမှာလား။ ဥက္ကဋ္ဌ ဆူတာကို မင်း ခံချင်လို့လား။”

“ဟင်း...” ဂျောင်ဆူ ပြန်မဖြေနိုင်တော့ပေ။

ဂျောင်ဂု၏ မျက်လုံးက လက်တော့ပ် စခရင်ကို လှမ်းမြင်သွားသည်။ သူသည် တစ်ခုခုက ဆွဲခေါ်လိုက်သလိုပင် စခရင်နားကို သွားကြည့်လိုက်ရာ မျက်လုံးအဝိုင်းသား ဖြစ်သွားသည်။

“ဒီမှာကြည့်စမ်း။ ဆရာဟာက ကြယ်ပွင့်စာပေ က အဆင့်များ စီးရီးကို ဆက်ရေးဖို့တောင် လုပ်နေပြီ မဟုတ်လား။”

ဂျောင်ဆူလည်း ထိုအရာကို မြင်သောအခါ မျက်လုံးပြူးသွားသည်။

“အာ... ဟုတ်ပုံရတယ်။”

“ဟုတ်ပုံရတယ် ဟုတ်လား? မင်း ဒီအရူးကောင်! ကြည့်စမ်း။ ငါတို့က အတင်းကြီး ဖြစ်နေမှာစိုးလို့ အချိန်ဆွဲနေရင် ဘယ်သူက တာဝန်ယူမှာလဲ...”

ဂျိမ်း!

သန့်စင်ခန်း တံခါးပွင့်လာသည်။ ဂျောင်ဂုနှင့် ဂျောင်ဆူ နှစ်ယောက်စလုံး ချက်ချင်းပင် ဆိုဖာပေါ်သို့ ပြန်ထိုင်လိုက်ကြသည်။

ဂျယ်ဂန်း ထွက်လာသည်။ ဂျောင်ဂုက ဘာမှမဖြစ်သလို တည်ငြိမ်ချင်ဟန်ဆောင်ကာ ကော်ဖီကို ငုံလိုက်သော်လည်း အလွန်ပူလွန်းသဖြင့် အော်ဟစ်လိုက်မိသည်။

“အဆင်ပြေရဲ့လား”

“ကျွန်... ကျွန်တော် အဆင်ပြေပါတယ်။ ဆရာဟာ... ကျွန်တော် အဆင်ပြေပါတယ်။”

ဂျောင်ဂုက တစ်ရှူးများကို အလျင်အမြန် ဆွဲထုတ်ကာ ကြမ်းပြင်နှင့် သူ့ပါးစပ်ကို သုတ်ရင်း ပြန်ဖြေသည်။ ဂျယ်ဂန်းက ခပ်ချဉ်ချဉ် ပြုံးရင်း သူတို့ရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“နောက်ဆက်တွဲ ဝတ္ထုအကြောင်း လာမေးတာလား။”

All Chapters